Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
UEFA ယူရိုပါလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲရလဒ်
============

ဆီဗီလာ ၁-၁ ရိုးမား

မန်ချီနီ ၅၅' (OG) | ဒီဘားလား ၃၅' ( ပင်နယ်တီအဆုံးအဖြတ်မှာ ဆီဗီလာက ၄-၁ ဂိုးဖြင့် အနိုင်ရပြီး ဗိုလ်ဆွဲ)

ဆီဗီလာဟာ ယူရိုပါလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲတက်ရောက်ခဲ့တဲ့ ၂၀၀၆၊ ၂၀၀၇၊ ၂၀၁၄၊ ၂၀၁၅၊ ၂၀၁၆၊ ၂၀၂၀၊ ၂၀၂၃ (၇)ကြိမ်စလုံးမှာ ချန်ပီယံဖြစ်ခဲ့ပါတယ်။

Photos: EPA
👍15🔥1
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ ဇွန် ၁ ရက်၊ ၂၀၂၃ | VOA On Mizzima
===============

ထိုင်းမှာ တကျော့ပြန်ကူးစက်နေတဲ့ ကိုဗစ်မျိုးကွဲသစ် သတိပေးတားဆီးမှုတွေကြားမှာ မြန်မာတွေလည်း ကူးစက်ခံရ၊ မကြာခင်ကြုံရတော့မယ်ဆိုတဲ့ ယူကရိန်းရဲ့ ရုရှားကို တန်ပြန်ထိုးစစ် အလားအလာ ဘယ်လို သုံးသပ်နေကြပါလဲ၊ နောက် အမျိုးသမီးတွေ အစဥ်အလာအရ ဖိနှိပ်ခံရတဲ့ အိန္ဒိယမှာ ရပ်ကျေးအုပ်ချုပ်ရေးမျာ အမျိုးသမီးတွေ ပါလာရပေမဲ့ အိမ်တွင်းအာဏာကို အမျိုးသားတွေပဲ ချုပ်ကိုင်ဆဲ ဖြစ်ပါတယ်။ စတဲ့ နိုင်ငံတကာ သတင်းဆောင်းပါးတွေအပြင်၊ နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ ဇွန် ၁ ရက်၊ ကြာသပတေးမနက် မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/G7rywcN2RO0

#မဇ္ဈိမအတွက်ဗွီအိုအေ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6🔥2
၂၀၂၃၊ ဇွန်လ ၁ ရက်နေ့ က ဟန်ဂေရီနိုင်ငံ ဘူဒါပက်မြို့မှာ ဆီဗီလာနဲ့ ရိုးမားတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါလိဂ်ဖိုင်နယ်မှာ ဆီဗီလာတို့ အနိုင်ရရှိအပြီး အောင်ပွဲခံစဉ်။ ဆီဗီလာက ပင်နယ်တီအဆုံးအဖြတ်မှာ ၄-၁ နဲ့ အနိုင်ရသွားတာဖြစ်ပါတယ်။ ဓာတ်ပုံ - EPA
👍13🔥2
ဇွန်လ (၁) ရက်၊ ကြာသပတေးနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
===================

ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

ကောလင်းမြို့နယ်မှာ စစ်ကောင်စီတပ်က ပြည်သူတွေရဲ့ နေအိမ်ကို ဝင်ရောက်ဖျက်ဆီးတဲ့ သတင်းနဲ့အတူ ယင်းမာပင်မြို့နယ်မှာ မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့လမ်းကို ပြုပြင်နေချိန် လေကြောင်း တိုက်ခိုက် ခံရတဲ့သတင်းအပါအဝင် တခြား စိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ Spring University က ပေးပို့တဲ့ အစီအစဉ်ကို နားဆင်ရမှာပါ။

သတင်းတွေအပြီးမှာတော့ ရေဒီယိုသတင်းဆောင်းပါးကို ဆက်လက်နားဆင်ရမှာဖြစ်ပါတယ်။

https://youtu.be/cShJRaRmziM

#Mizzimaradio
#Morningradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6🔥1😁1