လေကြောင်းရန်ကာကွယ်ရေးတပ်မှ ဒုဗိုလ်မှူးကြီးရဲနိုင်ကို PDFက အမြန်လမ်းတွင် ပစ်ခတ်ရာ သေဆုံး၊ အမြန်လမ်းတွင် ၅လအတွင်း ဒုဗိုလ်မှူးကြီး ၂ဦး ပစ်ခတ်ရှင်းလင်းခံရခြင်းဖြစ်
====================
ရွှေနွယ်
(မဇ္ဈိမ)။ ။တောင်ငူမြို့အခြေစိုက်လေကြောင်းရန်ကာကွယ်ရေးတပ်မှ ဒုဗိုလ်မှူးကြီးရဲနိုင်ကို ရန်ကုန်-နေပြည်တော် အမြန်လမ်းတွင် ဆိုင်ကယ်ဖြင့် သွားနေစဉ် ယမန်နေ့ မေလ ၃၁ ရက်နေ့ ညနေတွင် ရေတာရှည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သေဆုံးသွားကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲက အတည်ပြုသတင်းထုတ်ပြန်သည်။
ဒုဗိုလ်မှူးကြီးရဲနိုင်ကို တောင်ငူခရိုင် တပ်ရင်းအမှတ် ၃၅၀၁ တပ်ခွဲ − ၆ ရေတာရှည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယမန်နေ့ မေလ ၃၁ ရက်နေ့ ညနေ ၅ နာရီခန့်တွင် အမြန်လမ်း ၁၅၄ မိုင်၊၈ဖာလုံ၌ ပစ်ခတ်ခဲ့ခြင်းဟု ပဲခူးတိုင်းစစ်ဒေသခွဲ သတင်းထုတ်ပြန်ရေးစာမျက်နှာ Bago Region PDF က ယနေ့ ဇွန် ၁ရက် နေ့လယ်တွင်ထုတ်ပြန်သည်။
" အကြမ်းဖက်စစ်ကောင်စီ၏ အမှတ်(၁၀၁၅) တောင်ငူအခြေစိုက် လေကြောင်းရန်ကာကွယ်ရေးတပ်မှ စစ်ထောက်လှမ်းရေးမှူး ဒုဗိုလ်မှူးကြီးရဲနိုင်သည် တော်လှန် ရေးတပ်ဖွဲ့များ၏ သတင်းကို စုံစမ်းထောက်လှမ်း၍ အရပ်ဝတ်ဖြင့် သွားလာနေစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်" ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ဒုဗိုလ်မှူးကြီးရဲနိုင်၏ဖုန်းနှင့် ဆိုင်ကယ်ကိုပါ သိမ်းဆည်းရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဘေးအန္တရာယ်မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။
" ကျွန်တော်တို့စောင့်ကြည့်နေတာကြာပြီ။ သတင်းတိကျဖို့အတွက်ရော နောက်ပြီးအမြန်လမ်းမှာရှိတဲ့ စစ်ကောင်စီရဲ့ဂိတ်နှစ်ခုကြားထဲမှာဖြစ်နေတဲ့အတွက် ရဲဘော်တွေရဲ့ အန္တရာယ်လည်းကင်းအောင် သေချာအချိန်ယူပြီးတော့မှ ရှင်းလင်းတာဖြစ်ပါတယ်” ဟုတပ်ရင်း ၃၅၀၁ ၏ တာဝန်ရှိသူတစ်ဦးမှ မဇ္ဈိမကိုပြောသည်။
ဒုဗိုလ်မှူးကြီးရဲနိုင်ကို ပစ်ခတ်ခဲ့သည့်နေရာသည် စစ်ကောင်စီဂိတ်ရှိရာနေရာနှစ်ခုဖြစ်သည့် အမြန်လမ်း ၁၅၄ မိုင်နှင့် ၁၅၈ မိုင်ကြားဖြစ်ပြီး လုံခြုံရေးအန္တရာယ်ကြီးမားသည့်ကြားမှ မစ်ရှင်ကိုအကောင်အထည်ဖော်နိုင်ခဲ့ခြင်းဟု ဆိုသည်။
ဒုဗိုလ်မှူးကြီးရဲနိုင်သည် ရန်ကုန်-နေပြည်တော် အမြန်လမ်းတွင် ပစ်ခတ်ရှင်းလင်းခံရသော နှစ်ဦးမြောက် ဒုဗိုလ်မှူးကြီးအဆင့် အရာရှိဖြစ်သည်။ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်နေ့ကလည်း ရန်ကုန်တိုင်း စစ်ကြောရေးတာဝန်ခံ ဒုဗိုလ်မှူးကြီးသန်းထွဋ်ကို တောင်ငူခရိုင်တပ်ရင်း ၃၅၀၁ တပ်ခွဲ ၆ နှင့် တပ်ခွဲ ၃ တို့ပူးပေါင်း၍ ရန်ကုန် - မန္တလေး အမြန် လမ်း မိုင်တိုင် ၁၆၁ အနီးတွင် ပစ်ခတ်ခဲ့ရာ သေဆုံးခဲ့သည်။ ထိုဖြစ်စဉ်တွင် ဒုဗိုလ်မှူးကြီးသန်းထွဋ်နှင့် တပ်ကြပ်ကြီးမြင့်အောင်အပါအဝင် ၎င်းတို့၏ကားပေါ်တွင်လိုက်ပါလာသူ လေးဦးသေဆုံးပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့သည်ဟု Bago Region PDF က သတင်းထုတ်ပြန်ခဲ့သည်။
တောင်ငူခရိုင် တပ်ရင်း ၃၅၀၁ တပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် မတ်လအတွင်းကလည်း ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များနှင့်အတူ တောင်ငူလေတပ်စခန်းဌာနချုပ်ကို ရှော့တိုက်ဒုန်း ၄ လုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား သုံး ဦးသေဆုံးပြီး ရဟတ်ယာဉ်တစ်စင်းပျက်စီးခဲ့သည်ဟု သိရသည်။ ထို့အပြင် ဇန်နဝါရီလ နှင့် ဖေဖော်ဝါရီလအတွင်းကလည်း ရေတာရှည်မြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များကြား တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ အရာရှိ သုံး ဦးအပါအဝင် တပ်သား ၇၀ ကျော်သေဆုံးကာ လက်နက်ခဲယမ်းများလည်းသိမ်းဆည်းရရှိခဲ့ကြောင်း တောင်ငူခရိုင် တပ်ရင်း ၃၅၀၁ က ထုတ်ပြန်ခဲ့သည်။
" တော်လှန်ရေးက နှစ်နှစ်ကျော်ကြာလာပြီဖြစ်တဲ့အတွက် ဒီလိုလူတွေဟာ ကိုယ့်လုပ်ရပ်ကိုယ်တာဝန်ယူရမယ့်အချိန်ရောက်လာပါပြီ။ ကျွန်တော်တို့ဘက်ကတော့ ဘယ်နည်းနဲ့မှနောက်ဆုတ်သွားဖို့မရှိပါဘူး" ဟု တောင်ငူခရိုင် တပ်ရင်း ၃၅၀၁၏ တာဝန်ရှိသူက ပြောသည်။
စာတည်း - မောင်ကြီး
#mizzima
#တောင်ငူလေကြောင်းရန်ကာကွယ်ရေးတပ် #ဒုဗိုလ်မှူးကြီးရဲနိုင်
#ရန်ကုန်-နေပြည်တော်အမြန်လမ်း
#ပဲခူးတိုင်းစစ်ဒေသခွဲ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍19👏4❤2🥴2
မြန်မာအပါအဝင် အာရှနိုင်ငံများမှ ကလေးငယ်များ ရာသီဥတုဆိုင်ရာ မြင့်မားသော ဘေးအန္တရာယ်များနှင့် ရင်ဆိုင်နေရဟု ယူနီဆက်ဖ် အစီရင်ခံစာတွင် ဖော်ပြ
========================
မြန်မာ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် အခြားသောအာရှနိုင်ငံများရှိ ကလေးငယ်များသည် ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်သည့် သဘာဝဘေးများမှ လာသော ကြီးထွားလာသည့် အန္တရာယ်များနှင့် ရင်ဆိုင်နေရသည်ဟု ယူနီဆက်ဖ် (UNICEF) အဖွဲ့၏ အစီရင်ခံစာတစ်ရပ်တွင် တွေ့ရှိသည်။ ထို့အတွက်ကြောင့် သက်ရောက်ထိခိုက်မှုများကို နည်းနိုင်သမျှ နည်းစေရေး လျှော့ချရန် အခြေခံအဆောက်အအုံကို ဖွံ့ဖြိုးအောင် လုပ်ဆောင်ရန် လိုအပ်သည်ဟု ယင်းအစီရင်ခံစာတွင် တိုက်တွန်းသည်။

👍6🔥3
ဖမ်းဆီးခံသတင်းထောက်အားလုံး ပြန်လွှတ်ရန် CPJ တောင်းဆို
==================
ထောင်ဒဏ် ၁ဝ နှစ် ထပ်မံချမှတ်ခံလိုက်ရတဲ့ သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်း အပါအဝင် ဖမ်းဆီးခံ သတင်းထောက် အားလုံးကို ပြန်လွှတ်ပေးဖို့ နယူးယောက်အခြေစိုက် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ)က စစ်ကောင်စီကို တောင်းဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့က ထောင်ဒဏ် ၁ဝ နှစ် ထပ်မံချမှတ်ခံလိုက်ရတဲ့ သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းကို ခြွင်းချက်မရှိ ချက်ခြင်းပြန်လွှတ်ပေးဖို့ မေ ၃ဝ ရက်နေ့က ကြေညာချက်ထုတ်ပြန်တောင်းဆိုရာမှာ ဖမ်းဆီးခံထားရတဲ့ သတင်းထောက်အားလုံးကို ပြန်လွှတ်ပေးဖို့ CPJ က ထည့်သွင်းတောင်းဆိုလိုက်တာပါ။
https://youtu.be/VXrJFChTFcU
#Political News
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
ဖမ်းဆီးခံသတင်းထောက်အားလုံး ပြန်လွှတ်ရန် CPJ တောင်းဆို
ထောင်ဒဏ် ၁ဝ နှစ် ထပ်မံချမှတ်ခံလိုက်ရတဲ့ သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်း အပါအဝင် ဖမ်းဆီးခံ သတင်းထောက် အားလုံးကို ပြန်လွှတ်ပေးဖို့ နယူးယောက်အခြေစိုက် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ)က စစ်ကောင်စီကို တောင်းဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၆…
ပြီးခဲ့တဲ့ မေလ ၂၆…
👍9😁3❤2
ဇွန်လ ၁ ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=====================
01:01-စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအတွက် မြန်မာစစ်ကောင်စီနဲ့ တရုတ်ထိပ်တန်း ထောက်လှမ်းရေးအရာရှိတို့ တွေ့ဆုံတဲ့သတင်း
03:00-ရန်ကုန်တိုင်းစစ်ဒေသခွဲရဲ့ ပထမဆုံးတပ်ရင်းဖွဲ့စည်းကြောင်း NUG ထုတ်ပြန်တဲ့သတင်း
03:58-မုံရွာမြို့နယ် မြေနဲကျေးရွာအနီးတိုက်ပွဲမှာ စစ်ကောင်စီဘက်မှ ၇ ဦးသေဆုံးတဲ့သတင်း
06:35-ကိယက်ဗ်ကို တတိယမြောက်နေ့အဖြစ် ရုရှားကတိုက်ခိုက်ခဲ့သလို မော်စကိုမြို့ကအထပ်မြင့်တွေကို ဒရုန်းတွေနဲ့တိုက်ခိုက်တဲ့သတင်း အပါအဝင်တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။
https://youtu.be/Ip78Q2QgIGk
#2pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=====================
01:01-စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအတွက် မြန်မာစစ်ကောင်စီနဲ့ တရုတ်ထိပ်တန်း ထောက်လှမ်းရေးအရာရှိတို့ တွေ့ဆုံတဲ့သတင်း
03:00-ရန်ကုန်တိုင်းစစ်ဒေသခွဲရဲ့ ပထမဆုံးတပ်ရင်းဖွဲ့စည်းကြောင်း NUG ထုတ်ပြန်တဲ့သတင်း
03:58-မုံရွာမြို့နယ် မြေနဲကျေးရွာအနီးတိုက်ပွဲမှာ စစ်ကောင်စီဘက်မှ ၇ ဦးသေဆုံးတဲ့သတင်း
06:35-ကိယက်ဗ်ကို တတိယမြောက်နေ့အဖြစ် ရုရှားကတိုက်ခိုက်ခဲ့သလို မော်စကိုမြို့ကအထပ်မြင့်တွေကို ဒရုန်းတွေနဲ့တိုက်ခိုက်တဲ့သတင်း အပါအဝင်တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။
https://youtu.be/Ip78Q2QgIGk
#2pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ဇွန်လ ၁ ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:01-စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအတွက် မြန်မာစစ်ကောင်စီနဲ့ တရုတ်ထိပ်တန်း ထောက်လှမ်းရေးအရာရှိတို့ တွေ့ဆုံတဲ့သတင်း
03:00-ရန်ကုန်တိုင်းစစ်ဒေသခွဲရဲ့ ပထမဆုံးတပ်ရင်းဖွဲ့စည်းကြောင်း NUG ထုတ်ပြန်တဲ့သတင်း
03:58-မုံရွာမြို့နယ် မြေနဲကျေးရွာအနီးတိုက်ပွဲမှာ…

👍5😁2
သံတံတား စစ်ကောင်စီတပ်ဂိတ်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွား ၂ ဖက်ထိခိုက်အကျအဆုံးရှိ
=====================
YT
(မဇ္ဈိမ)။ ။ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၁) နယ်မြေ၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်အစပ်ရှိ သံတံတားစစ်ကောင်စီတပ်ဂိတ်စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက် အထိအခိုက် အကျအဆုံးရှိကြောင်း သထုံခရိုင် PDF တာဝန်ခံထံက သိရသည်။
ယမန်နေ့ မေလ ၃၁ ရက်နေ့၊ နံနက် ၅ နာရီ ၄၀ မိနစ်မှစ၍ တပ်မဟာ (၁) KNLA၊ PDF ပါဝင်သော ပူးပေါင်းတပ်ဖွဲ့က သံတံတားဂိတ်ရှိ စစ်ကောင်စီတပ်သားများအား ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲသည် အချိန် ၄၅ မိနစ်နီးပါး ကြာမြင့်ခဲ့သည်။
" မနက် ၅ နာရီ ၄၀ မှာ စတယ်။ ဖြစ်စဉ် ၄၅ မိနစ်လောက်တော့ ကြာသွားတယ်။ ရန်သူ့ဘက်က နှစ်ယောက်နဲ့အထက် ထိပါတယ်။ ကျွန်တော်တို့ ပူးပေါင်းအဖွဲ့ကလည်း နှစ်ယောက် ဒဏ်ရာအနည်းငယ်ရသွားပါတယ်။ မစိုးရိမ်ရပါဘူး" ဟု သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက မဇ္ဈိမကိုပြောသည်။
အဆိုပါထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်တွင် နှစ်ဦးနှင့်အထက် သေဆုံးခဲ့၍ အထိအခိုက်ဒဏ်ရာရသူများခဲ့ကြောင်း၊ KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့မှလည်း ရဲဘော်နှစ်ဦး မစိုးရိမ်ဒဏ်ရာ ရခဲ့ကြောင်း ကိုအေးမင်းထွန်းက ဆိုသည်။
ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက်တွင် တပ်မ(၄၄)လက်အောက်ခံ အမတ(၆၀၂)မှ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့ပြီး ထိုလက်နက်ကြီးကျည်တစ်လုံးသည် ကျိုက်ထိုမြို့နယ်၊ လှည်းလမ်းကူးကျေးရွာအတွင်းရှိ ဦးစောထွန်း၏ နေအိမ်အတွင်း ကျရောက်ပေါက်ကွဲခဲ့၍ ခြောက်နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် မိသားစုခြောက်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
" ပြီးတော့ အမြောက်တပ်(၆၀၂)ကနေ လက်နက်ကြီးတွေနဲ့ တောက်လျှောက် ပစ်တယ်။ ရွာတွေကိုကျတယ်။ လှည်းလမ်းကူးရွာထဲကိုကျတော့ ဒေသခံခြောက်ဦး ထိခိုက်ဒဏ်ရာရပါတယ်။ အိမ်ထဲကိုကျတော့ အိမ်ထဲက ပြည်သူတွေကို ထိတာပေါ့" ဟု သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက ဆက်လက်ပြောဆိုသည်။
ထိခိုက်ဒဏ်ရာရသူများမှာ အသက် ၃၀ နှစ်ကျော်အရွယ်ရှိကြသည့် ဦးစောထွန်း၊ ဒေါ်ဝင်းစန္ဒာမြင့်၊ ဦးထွန်းလင်း၊ ဦးစောထွန်း၏ သား အသက် ၁၅ နှစ်အရွယ်ရှိ မောင်သိမ်းပိုက်စိုးစံ၊ ဦးထွန်းလင်း၏ သားနှင့်သမီးဖြစ်သူ အသက် ၁၃ နှစ်အရွယ်ရှိ မောင်မြင့်မြတ်လင်းနှင့် အသက်ခြောက်နှစ်အရွယ်ရှိ မယွန်းရတီထွန်းတို့ဖြစ်ပြီး ဦးစောထွန်းနှင့် မောင်မြင့်မြတ်လင်းတို့မှာ စိုးရိမ်ဒဏ်ရာဖြင့် ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။
ထိုဒေသခံခြောက်ဦး ထိခိုက်ဒဏ်ရာရခြင်းသည် တော်လှန်ရေးအင်အားစုမှ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု စစ်ကော်စီတပ်၏ ပြန်ကြားရေးချန်နယ်များမှ ထုတ်ပြန်ပြောဆိုနေကြပြီး ထိုကိစ္စအပေါ် ကိုအေးမင်းထွန်းက ၎င်းတို့ပြုလုပ်ခဲ့ခြင်းမရှိကြောင်း ငြင်းဆိုသည်။
" ဒါကတော့ ထုံးစံအတိုင်းပါပဲ သူတို့ဘာသာ သူတို့ ရွာထဲပစ်ပြီးရင် တော်လှန်ရေးအင်အားစုတွေအပေါ် မပြစ်ပုံချမယ်။ ဒါကတော့ သူတို့ရဲ့ သီအိုရီလိုဖြစ်နေပြီ။ ပွင့်ပွင့်လင်းလင်းဝန်ခံရရင် ဒီလိုလက်နက်ကြီးတွေဆိုတာ ကျွန်တော့ရဲ့ တပ်ရင်းတွေမှာတောင် ၁၂၀ မမ တို့ ၁၂၂ တို့တွေဆိုတာ မရှိသေးဘူးလေ။ ဘယ်ကပစ်တယ်ဆိုတာ ပြည်သူက သိတာပေါ့။ ရွာကိုမီးရှို့မယ်၊ ရွာထဲ ပစ်ထည့်မယ်၊ သူတို့ကိုယ်တိုင်လည်း အော်ပြောဖူးတယ် ရှေ့တန်းတစ်နေရာမှာပေါ့၊ မင်းတို့ ငါတို့ကိုပစ်ရင် ငါတို့ ရွာထဲပစ်ထည့်မယ်ဆိုပြီး အော်ပြောခဲ့ဖူးတယ်" ဟု သထုံခရိုင် PDF တာဝန်ခံက ဆိုသည်။
ယမန်နေ့ မေလ ၃၁ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ထိတွေ့တိုက်ပွဲကြောင့် ကျိုက်ထိုနှင့် ဘီးလင်းအစပ်၊ ရန်ကုန်- မော်လမြိုင် ကားလမ်းမကြီးပေါ်တွင် ခရီးသွားယာဉ်များစွာ ပိတ်ဆို့မှု ခေတ္တဖြစ်ပေါ်ခဲ့ပြီး နံနက် ၈ နာရီအကျော်တွင်မှ လမ်းပြန်ဖွင့်ပေးခဲ့ကြောင်း ကျိုက်ထိုမြို့ ဒေသခံတစ်ဦးထံက သိရသည်။
သံတံတားစစ်ကောင်စီတပ်ဂိတ်အား KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များမှ မကြာခဏ ဒရုန်း၊ လက်နက်ကြီးများဖြင့် သွားရောက်ပစ်ခတ်လေ့ရှိပြီး စစ်ကောင်စီတပ်ဘက်ကလည်း ထိုသို့ပစ်ခတ်ခံရတိုင်း လူနေကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်လေ့ရှိကြောင်း သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#သံတံတားစစ်ကောင်စီတပ်ဂိတ်
#KNLA
#PDF
#ဘီးလင်းမြို့နယ်
#ကျိုက်ထိုမြို့နယ်

👍12👏3🔥1
ကယန်းပြည်သစ် လုံခြုံရေးဂိတ်စခန်း လေယာဥ်ဖြင့်ဗုံးကြဲခံရ
=================
ကိုဇာနည်
(မဇ္စျိမ) ။ ။ ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကယန်းပြည်သစ်တပ်မတော် (KNLA) ၏ နယ်မြေလုံခြုံရေးဂိတ်တစ်ခုကို ယနေ့ ဇွန်လ ၁ ရက်၊ နံနက် ၄ နာရီဝန်းကျင်အချိန်တွင် စစ်ကောင်စီတပ်မှ လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
" ပထမကျတဲ့တစ်လုံးက လမ်းမကြီးဘေးမှာကျတယ်။ အဲ့မှာနေတဲ့ရဲဘော်တွေက အသံကြားတာနဲ့ပြေးပုန်းကြတယ်။ နောက်တစ်ခေါက်ပြန်လှည့်လာပြီး ထပ်ကြဲတယ်။ ဂိတ်မှာတည့်တည့်ကျသွားတယ်။ လူကိုတော့ထိခိုက်မှုမရှိဘူး" ဟု ဗုံးကြဲတိုက်မှုနှင့်ပတ်သက်၍ အနီးဝန်းကျင်ရှိ ဒေသခံတစ်ဦးကပြောသည်။
ထို့အပြင် နံနက် ၁၀ နာရီခန့်တွင်လည်း ကရင်နီဒေသနှင့် ရှမ်း(တောင်) ဘက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ လေယာဥ် ကိုးစီးသည် စစ်ရေးဟန်ပြသဘောဖြင့် တစ်ပြိုင်နက်ဖြတ်သန်းသွားခဲ့ကြောင်းမိုးဗြဲ PDF မှထုတ်ပြန်ထားသည်။
အလားတူ ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့တို့တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့အကြားမေလအတွင်းတိုက်ပွဲပြင်းထန်ခဲ့ပြီး လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ကလေးငယ်အချို့အပါအဝင် အရပ်သားသေဆုံးမှုလည်း ရှိခဲ့သည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#မိုးဗြဲမြို့
#ကယန်းပြည်သစ်
#လေကြောင်းတိုက်ခိုက်
#ဂိတ်စခန်း

Facebook
#မိုးဗြဲမြို့ – Explore
explore #မိုးဗြဲမြို့ at Facebook
👏3👍1🔥1
မုံရွာမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးစခန်း ဝင်ရောက်စီးနင်းခံရပြီး ကျပ်သိန်း ၃၀၀ နီးပါး ဆုံးရှုံး၊ လူသားဒိုင်းအဖြစ် ဖမ်းဆီးခံထားရသူ အသတ်ခံရ
======================
ပါခွီး
(မဇ္စျိမ) ။ ။ မုံရွာမြို့နယ် အခြေစိုက် ပြည်သူ့ ကာကွယ်ရေးစခန်းကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ကျပ် ၃၀၀ ခန့် တန်ဖိုးရှိ လက်နက် ၊ ခဲယမ်းများနှင့် ပစ္စည်းများ မီးရှို့ ဖျက်ဆီးသွားကြောင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့ Area 71 က မေလ၃၁ရက်တွင် ထုတ်ပြန်သည်။ ထို့အပြင် စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်လာသူတစ်ဦးအား နားထင်ကို သေနတ်ဖြင့် ပစ်သတ်ကာ ပစ္စည်းများနှင့် အတူ မီးရှို့သွားကြောင်း သိရသည်။
ချောင်းဦးမြို့မှ ခင်မွန်ဘက်စုံခြံ ဘက်သို့ Jammer (တယ်လီဖုန်းလိုင်းနှောက်စက်) တပ်ဆင်ထားသည့်ယာဥ်နှစ်ဆင်း၊ စစ်ကောင်စီတပ် အင်အား ၁၀၀ ခန့်ဖြင့် ထွက်ခွာလာသည့် စစ်ကောင်စီတပ်သည် မုံရွေးရွာ၏ အရှေ့ဘက်တောမှ ကြေးမုံရွာအရှေ့ဘက်သို့ ပိုက်စိတ်တိုက် ရှာဖွေကာ မေလ ၃၁ရက် မနက် ၈နာရီ ၅မိနစ်အချိန်တွင် PDF စခန်းကို စီးနင်းခဲ့ခြင်းဖြစ်သည်။
“ရဲဘော်တွေတစ်ယောက်မှ ဘာမှမဖြစ်တာကိုဝမ်းသာလှပါပြီ ။ ကျနော်တို့ သေနတ်တွေပဲ သယ်နိုင်ခဲ့တာ ၊ ကျန်တာတွေအကုန်လုံး မီးရှို့ဖျက်ဆီးခံလိုက်ရတယ် ။ လမ်းပြအဖြစ် သူတို့ခေါ်လာတဲ့ လူသားဒိုင်း တစ်ဦးရဲ့ အလောင်း ကို စခန်းကို ပြန်ရှင်းလင်းချိန်မှာ တွေ့ရှိရပါတယ် ” ဟု Area 71 PDF တာဝန်ရှိသူကပြောသည်။
သေဆုံးသွားသူသည် ရုပ်မပီပြင်တော့သဖြင့် မည်သူဖြစ်ကြောင်း အတည်မပြုနိုင်သေးကြောင်း ၊ စခန်းအတွင်းရှိ ဆိုင်ကယ်တစ်စီးအပါအဝင် မိုင်း ၊ ယမ်းအိတ်များ ၊ ရိက္ခာများနှင့် အိုးခွက်ပန်းကန်းများ မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ၎င်းက ဆိုသည်။
စစ်ကောင်စီတပ်သည် PDF စခန်း နေရာ အတိအကျကို သိရှိခြင်း မဟုတ်ဘဲ နယ်မြေရှင်းလင်းရာမှ စခန်းကို တွေ့ရှိသွားခြင်းဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အနေဖြင့် ကင်းထောက်များ၏ သတင်းပေးမှုကြောင့် အချိန်မီစခန်းမှ ထွက်ခွာနိုင်ခဲ့သဖြင့် အထိအခိုက်မရှိကြောင်းဆိုသည်။
ထိုဖြစ်ရပ်ကြောင့် စိတ်ပျက်လက်လျော့သွားမည် မဟုတ်ဘဲ တတ်နိုင်သည့်နည်းလမ်းများဖြင့် စစ်ကောင်စီတပ်ကို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ဆက်ပြောသည်။ လက်ရှိတွင် စခန်း ပြန်လည်တည်ဆောက်နိုင်ရေးအတွက် အကူအညီများ လိုလျက်ရှိသောကြောင့် အလှူရှင်များအနေဖြင့် ကူညီပေးကြပါရန် ညှိုးငယ်စွာဖြင့် အကူအညီတောင်းကြောင်း ထိုအဖွဲ့က အသိပေးထားသည်။
Area 71 PDF အဖွဲ့သည် မေလ ၂၈ရက် ည ၉နာရီ ၅မိနစ်အချိန် က စစ်ကိုင်းမှ မုံရွာသို့ထွက်ခွာလာသော ယာဥ် ၁၂စီးပါ စစ်ကောင်စီ ယာဉ်တန်းကို ချောင်းဦး - မုံရွာကားလမ်းမကြီး၏ နေရာလေးခုတွင် ပဒေသာမိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#သိန်း ၃၀၀ နီးပါး ဆုံးရှုံး
#လူသားဒိုင်း
# Area 71

👍7🤬7❤2👏1
Media is too big
VIEW IN TELEGRAM
ဖမ်းဆီးခံသတင်းထောက်အားလုံး ပြန်လွှတ်ရန် CPJ တောင်းဆို
Watch more detail -
https://youtu.be/VXrJFChTFcU
#PoliticalNews #journalist #တောင်းဆို #VideoNews #shorts #reels #Mizzima

👍7😁2
Business Round Up (1 June 2023)
=============
- စစ်ကောင်စီအတွက် ဝင်ငွေရစေတဲ့ မြန်မာ့ကျောက်မျက်တွေမရောင်းချဖို့ ဗြိတိန်ကုမ္ပဏီတွေကို Burma Campaign UK တောင်းဆို
- ပြည်တွင်းဆန်ဈေး ဆက်လက်မြင့်တတ်နေ
- ရွှေဈေးမငြိမ်သေးတာကြောင့် မန္တလေးရွှေဈေးကွက် ဇွန်လ ၃ ရက်အထိ ဆက်ပိတ်ထား
- နိုင်ငံပေါင်း ၂၅ နိုင်ငံက BRICS မဟာမိတ်အုပ်စုထဲပါဝင်ဖို့ ပြင်ဆင်နေ
- တရုတ်နှင့် အမေရိကန်နိုင်ငံအကြား တင်းမာမှုများရှိနေချိန် အီလွန်မတ်စ်က တရုတ်နိုင်ငံသို့ ဒုတိယအကြိမ် ရောက်ရှိလာ
https://youtu.be/I5ZI9hONKe8
#BusinessRoundUp
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=============
- စစ်ကောင်စီအတွက် ဝင်ငွေရစေတဲ့ မြန်မာ့ကျောက်မျက်တွေမရောင်းချဖို့ ဗြိတိန်ကုမ္ပဏီတွေကို Burma Campaign UK တောင်းဆို
- ပြည်တွင်းဆန်ဈေး ဆက်လက်မြင့်တတ်နေ
- ရွှေဈေးမငြိမ်သေးတာကြောင့် မန္တလေးရွှေဈေးကွက် ဇွန်လ ၃ ရက်အထိ ဆက်ပိတ်ထား
- နိုင်ငံပေါင်း ၂၅ နိုင်ငံက BRICS မဟာမိတ်အုပ်စုထဲပါဝင်ဖို့ ပြင်ဆင်နေ
- တရုတ်နှင့် အမေရိကန်နိုင်ငံအကြား တင်းမာမှုများရှိနေချိန် အီလွန်မတ်စ်က တရုတ်နိုင်ငံသို့ ဒုတိယအကြိမ် ရောက်ရှိလာ
https://youtu.be/I5ZI9hONKe8
#BusinessRoundUp
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
Business Round Up (1 June 2023)
- စစ်ကောင်စီအတွက် ဝင်ငွေရစေတဲ့ မြန်မာ့ကျောက်မျက်တွေမရောင်းချဖို့ ဗြိတိန်ကုမ္ပဏီတွေကို Burma Campaign UK တောင်းဆို
- ပြည်တွင်းဆန်ဈေး ဆက်လက်မြင့်တတ်နေ
- ရွှေဈေးမငြိမ်သေးတာကြောင့် မန္တလေးရွှေဈေးကွက် ဇွန်လ ၃ ရက်အထိ ဆက်ပိတ်ထား
- နိုင်ငံပေါင်း ၂၅ နိုင်ငံက BRICS…

👍9😁2❤1
ထိုင်းအနိုင်ရပါတီခေါင်းဆောင်က မီဒီယာကုမ္ပဏီတွင် ရှယ်ယာပိုင်ဆိုင်၍ ဝန်ကြီးချုပ်ဖြစ်ရန် မသင့်တော်ဟု ဆို
=====================
ထိုင်း ဝန်ကြီးချုပ်လောင်းလျာ ပီတာ လင်ဂျာရွန်ရတ်သည် မီဒီယာကုမ္ပဏီတစ်ခု၌ ရှယ်ယာ ပိုင်ဆိုင်ထားသည်ကို တိုင်ကြားခြင်း ခံထားရသဖြင့် ဝန်ကြီးချုပ်ဖြစ်ရန် စည်းကမ်းနှင့် မညီညွတ်နိုင်ကြောင်း ထိုင်းယာယီဒုတိယဝန်ကြီးချုပ် ဝစ်ဆာနုက မေ ၃၁ ရက်တွင် ပြောသည်။

👍6😁3🔥1👏1
This media is not supported in your browser
VIEW IN TELEGRAM
ဆွီဒင်ဟာ နေတိုးအဖွဲ့ဝင်ဖြစ်ဖို့ အချိန်တန်ပြီဖြစ်ကြောင်း ဘလင်ကင်ပြော
https://www.facebook.com/reel/2320913624744108
#internationalnews #reels #shorts

👍7🔥2🥰1
ရေဖြူမြို့နယ်၊ လိန်အောင်မြို့မှ ပြည်သူကို စစ်တပ် ဖမ်းဆီးပစ်သတ်
================
ကိုရွှေမြိတ် (မဲဆောက်)
(မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကလိန်အောင်မြို့မှ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
သတ်ဖြတ်ခံရသူသည် ကလိန်အောင်မြို့၊ အင်းပြား အမှတ် (၄) ရပ်ကွက်နေထိုင်သူ အသက် ၃၅ နှစ်အရွယ် ကိုနိုင်ဦးဆိုသူဖြစ်ကြောင်းသိရသည်။
၎င်းသည် မကြားသေးမီက မွန်ပြည်နယ်၊ ရေးမြို့မှနေ၍ ကလိန်အောင်မြို့သို့ ပြောင်းရွှေ့လာသူ ဖြစ်ကြောင်း ဒေသခံများကဆိုသည်။
“သူက သိပ်ပြီးစိတ်မနှံ့ဘူးလို့ သိရတယ်။ တံတားကို ဆိုင်ကယ်စီးပြီးသွားဖြတ်တဲ့အချိန်မှာ စစ်တပ်က ရပ်နားခိုင်းတာကိုမရပ်ပေးလို့ သေနတ်နဲ့ ပစ်လိုက်တာဖြစ်တယ်” ဟု ကလိန်အောင်မြို့နေ ဒေသခံတစ်ဦးက ပြောသည်။
သေဆုံးသူ ကိုနိုင်ဦးသည် ဇွန်လ ၁ ရက်နေ့တွင် ကလိန်အောင်တံတားပေါ်ဖြတ်သန်းသွားလာစဉ် စစ်ကောင်စီစစ်ဆေးရေးဂိတ်က တားဆီးသည်ကို မရပ်ပေးသောကြောင့်ပစ်ခတ်ရာ ခြေထောက်ကို ကျည်ထိမှန်ပြီး ထွက်ပြေးလွတ်မြောက်ခဲ့သည်။
ယင်းနောက် စစ်ကောင်စီတပ်ဖွဲ့က လိုက်လံရှာဖွေရာမတွေ့ရှိ၍ အင်းပြား အမှတ် (၄) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးကို စစ်ကောင်စီတပ်သားများက အကြောင်းကြားပြီး ထပ်မံလိုက်လံ ရှာဖွေခဲ့သည်။
ယင်းနောက် ကိုနိုင်ဦးကို စစ်ကောင်စီတပ်မှ ဖမ်းဆီးရမိခဲ့ပြီး ခေါ်ဆောင်လာစဉ် လမ်းပိုင်း တစ်နေရာ၍ သေနတ်နှင့် ပစ်သတ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
“သူကို အုပ်ကြီးက ကလိန်မြို့ ဆုတောင်းပြည့် ဆံတော်ရှင်ပေါ်မှာတွေ့ပြီး ခေါ်ဆောင်လာကာ စစ်တပ် လက်ထဲအပ်လိုက်ချိန်မှာ ပစ်သတ်ခံလိုက်ရတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။
သေဆုံးသူ ကိုနိုင်ဦး၏နာရေးကို ယနေ့ ဇွန်လ ၁ ရက်နေ့၊ နေ့လယ်ပိုင်းတွင် မီးသင်္ဂြိုဟ်သွားမည်ဟု ဒေသခံများထံက သိရသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး
#ရေဖြူမြို့
#ကလိန်အောင်တံတား
#စစ်ဆေးရေးဂိတ်
#ပစ်သတ်
#အရပ်သား
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
================
ကိုရွှေမြိတ် (မဲဆောက်)
(မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကလိန်အောင်မြို့မှ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
သတ်ဖြတ်ခံရသူသည် ကလိန်အောင်မြို့၊ အင်းပြား အမှတ် (၄) ရပ်ကွက်နေထိုင်သူ အသက် ၃၅ နှစ်အရွယ် ကိုနိုင်ဦးဆိုသူဖြစ်ကြောင်းသိရသည်။
၎င်းသည် မကြားသေးမီက မွန်ပြည်နယ်၊ ရေးမြို့မှနေ၍ ကလိန်အောင်မြို့သို့ ပြောင်းရွှေ့လာသူ ဖြစ်ကြောင်း ဒေသခံများကဆိုသည်။
“သူက သိပ်ပြီးစိတ်မနှံ့ဘူးလို့ သိရတယ်။ တံတားကို ဆိုင်ကယ်စီးပြီးသွားဖြတ်တဲ့အချိန်မှာ စစ်တပ်က ရပ်နားခိုင်းတာကိုမရပ်ပေးလို့ သေနတ်နဲ့ ပစ်လိုက်တာဖြစ်တယ်” ဟု ကလိန်အောင်မြို့နေ ဒေသခံတစ်ဦးက ပြောသည်။
သေဆုံးသူ ကိုနိုင်ဦးသည် ဇွန်လ ၁ ရက်နေ့တွင် ကလိန်အောင်တံတားပေါ်ဖြတ်သန်းသွားလာစဉ် စစ်ကောင်စီစစ်ဆေးရေးဂိတ်က တားဆီးသည်ကို မရပ်ပေးသောကြောင့်ပစ်ခတ်ရာ ခြေထောက်ကို ကျည်ထိမှန်ပြီး ထွက်ပြေးလွတ်မြောက်ခဲ့သည်။
ယင်းနောက် စစ်ကောင်စီတပ်ဖွဲ့က လိုက်လံရှာဖွေရာမတွေ့ရှိ၍ အင်းပြား အမှတ် (၄) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးကို စစ်ကောင်စီတပ်သားများက အကြောင်းကြားပြီး ထပ်မံလိုက်လံ ရှာဖွေခဲ့သည်။
ယင်းနောက် ကိုနိုင်ဦးကို စစ်ကောင်စီတပ်မှ ဖမ်းဆီးရမိခဲ့ပြီး ခေါ်ဆောင်လာစဉ် လမ်းပိုင်း တစ်နေရာ၍ သေနတ်နှင့် ပစ်သတ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
“သူကို အုပ်ကြီးက ကလိန်မြို့ ဆုတောင်းပြည့် ဆံတော်ရှင်ပေါ်မှာတွေ့ပြီး ခေါ်ဆောင်လာကာ စစ်တပ် လက်ထဲအပ်လိုက်ချိန်မှာ ပစ်သတ်ခံလိုက်ရတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။
သေဆုံးသူ ကိုနိုင်ဦး၏နာရေးကို ယနေ့ ဇွန်လ ၁ ရက်နေ့၊ နေ့လယ်ပိုင်းတွင် မီးသင်္ဂြိုဟ်သွားမည်ဟု ဒေသခံများထံက သိရသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး
#ရေဖြူမြို့
#ကလိန်အောင်တံတား
#စစ်ဆေးရေးဂိတ်
#ပစ်သတ်
#အရပ်သား
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6👏2😢2
ဇွန်လ (၁)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
======================
00:54 - ဖမ်းဆီးခံသတင်းထောက်အားလုံး ပြန်လွှတ်ဖို့ CPJ တောင်းဆိုတဲ့သတင်း
03:48 - လေကြောင်းရန်ကာကွယ်ရေးတပ်မှ ဒုဗိုလ်မှူးကြီးရဲနိုင်ကို PDFက အမြန်လမ်းမှာ ပစ်ခတ်ရာ သေဆုံးတဲ့သတင်း
05:31 - ကယန်းပြည်သစ်လုံခြုံရေး ဂိတ်စခန်းလေယာဉ်နဲ့ ဗုံးကြဲခံရတဲ့သတင်း
07:19 - စစ်ကိုင်းဖိုရမ် ကျင်းပပြီးစီးတဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။
https://youtu.be/VhEpx5I_DsE
#4pmnews
#Mizzimanewshour
----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
======================
00:54 - ဖမ်းဆီးခံသတင်းထောက်အားလုံး ပြန်လွှတ်ဖို့ CPJ တောင်းဆိုတဲ့သတင်း
03:48 - လေကြောင်းရန်ကာကွယ်ရေးတပ်မှ ဒုဗိုလ်မှူးကြီးရဲနိုင်ကို PDFက အမြန်လမ်းမှာ ပစ်ခတ်ရာ သေဆုံးတဲ့သတင်း
05:31 - ကယန်းပြည်သစ်လုံခြုံရေး ဂိတ်စခန်းလေယာဉ်နဲ့ ဗုံးကြဲခံရတဲ့သတင်း
07:19 - စစ်ကိုင်းဖိုရမ် ကျင်းပပြီးစီးတဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။
https://youtu.be/VhEpx5I_DsE
#4pmnews
#Mizzimanewshour
----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ဇွန်လ (၁)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
00:54 - ဖမ်းဆီးခံသတင်းထောက်အားလုံး ပြန်လွှတ်ဖို့ CPJ တောင်းဆိုတဲ့သတင်း
03:48 - လေကြောင်းရန်ကာကွယ်ရေးတပ်မှ ဒုဗိုလ်မှူးကြီးရဲနိုင်ကို PDFက အမြန်လမ်းမှာ ပစ်ခတ်ရာ သေဆုံးတဲ့သတင်း
05:31 - ကယန်းပြည်သစ်လုံခြုံရေး ဂိတ်စခန်းလေယာဉ်နဲ့ ဗုံးကြဲခံရတဲ့သတင်း
07:19…
03:48 - လေကြောင်းရန်ကာကွယ်ရေးတပ်မှ ဒုဗိုလ်မှူးကြီးရဲနိုင်ကို PDFက အမြန်လမ်းမှာ ပစ်ခတ်ရာ သေဆုံးတဲ့သတင်း
05:31 - ကယန်းပြည်သစ်လုံခြုံရေး ဂိတ်စခန်းလေယာဉ်နဲ့ ဗုံးကြဲခံရတဲ့သတင်း
07:19…
👍5😁2
This media is not supported in your browser
VIEW IN TELEGRAM
ပိုလန်ရဲ့ ရုရှားလွှမ်းမိုးမှုစုံစမ်းစစ်ဆေးရေးကော်မတီအပေါ် အီးယူနဲ့အမေရိကန်တို့စိုးရိမ်ပူပန်
https://www.facebook.com/reel/195546246779324
#Poland #Russia #internationalnews #reels #shorts

ထိုင်းတွင် မြန်မာရွှေ့ပြောင်းများကို တင်ဆောင်လာသည့် ကား တိမ်းမှောက်၍ ၁ ဦး သေဆုံးပြီး ၁၀ ဦး ဖမ်းဆီးခံရ
=======================
ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ် စန်ခလာဘူရီ ခရိုင်တွင် မေလ ၃၁ ရက် ညပိုင်းက တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို တင်ဆောင်လာသည့် ပစ်ကပ်ထရပ်ကားတစ်စီး တိမ်းမှောက်ပြီးနောက် မြန်မာနိုင်ငံသားတစ်ဦး သေဆုံးပြီး အခြား ၁၀ ဦး ဖမ်းဆီးခံရကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ပုဒ်တွင် ဖော်ပြသည်။ ရွှေ့ပြောင်းလုပ်သားများကို မှောင်ခိုပို့ဆောင်သည့် ပစ်ကပ်ထရပ်ကား သုံးစီးအနက် တစ်စီး၏ ဝင်တိုက်မှုကြောင့် ထိုင်းရဲတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

👍8😢2🔥1👏1
'Unfortunate' that Chinese counterpart declined talks: Austin
===================
https://youtu.be/XewITo4FjhE

Beijing's decision to decline a meeting between US and Chinese defence chiefs is "unfortunate", particularly given recent "provocative" Chinese behaviour, US Defense Secretary Lloyd Austin says in Tokyo.
-----------------------------------------
@MizzimaTV…

👍2🔥1
ရေလယ်ကျွန်းဒေသမှာစကစတပ်က၄ရက်ဆက်စစ်ကြောင်းထိုး၍ရွာ၂၅ရွာမှနေအိမ်၆၀၀ ကျော်ပျက်စီးပြီးအရပ်သား၅ဦးသတ်ခံရ
======================
MTO (မဇ္ဈိမ)။ ။မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသမှာ မေလ ၂၆ ရက်ကနေ ၂၉ ရက်နေ့အထိ စစ်ကောင်စီတပ်က စစ်ကြောင်းသုံးကြောင်း၊ အင်အား ၃၀၀ နီးပါးနဲ့ ရွာစဉ်လှည့်စစ်ကြောင်းထိုးပြီး ကျေး ရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ကျေးရွာ ၂၅ ရွာက နေအိမ် ၆၅၆ လုံး မီးလောင်ပျက်စီးသွားတယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတဦးက ပြောပါတယ်။
https://youtu.be/KcoZXgpax7o
သတင်း MTO
တင်ဆင်/တည်းဖြတ် MTO
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
======================
MTO (မဇ္ဈိမ)။ ။မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသမှာ မေလ ၂၆ ရက်ကနေ ၂၉ ရက်နေ့အထိ စစ်ကောင်စီတပ်က စစ်ကြောင်းသုံးကြောင်း၊ အင်အား ၃၀၀ နီးပါးနဲ့ ရွာစဉ်လှည့်စစ်ကြောင်းထိုးပြီး ကျေး ရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ကျေးရွာ ၂၅ ရွာက နေအိမ် ၆၅၆ လုံး မီးလောင်ပျက်စီးသွားတယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတဦးက ပြောပါတယ်။
https://youtu.be/KcoZXgpax7o
သတင်း MTO
တင်ဆင်/တည်းဖြတ် MTO
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ရေလယ်ကျွန်းဒေသမှာစကစတပ်က၄ရက်ဆက်စစ်ကြောင်းထိုး၍ရွာ၂၅ရွာမှနေအိမ်၆၀၀ ကျော်ပျက်စီးပြီးအရပ်သား၅ဦးသတ်ခံရ
MTO (မဇ္ဈိမ)။ ။မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသမှာ မေလ ၂၆ ရက်ကနေ ၂၉ ရက်နေ့အထိ စစ်ကောင်စီတပ်က စစ်ကြောင်းသုံးကြောင်း၊ အင်အား ၃၀၀ နီးပါးနဲ့ ရွာစဉ်လှည့်စစ်ကြောင်းထိုးပြီး ကျေး ရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ကျေးရွာ ၂၅ ရွာက နေအိမ် ၆၅၆ လုံး…
😢8❤3🔥2👍1😁1