ခင်ဦးမြို့နယ်တွင် နေအိမ်ပေါင်း ၆,၀၀၀ ဝန်းကျင် မီးရှို့ခံရပြီး စစ်ဘေးသင့်သူ ၃၀,၀၀၀ ကျော်ရှိလာ
==========================
KMN
(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းချိန်မှစ၍ ကျေးရွာပေါင်း ၇၄ ရွာမှ နေအိမ်ပေါင်း ၆,၀၀၀ ဝန်းကျင်ကို စစ်ကောင်စီတပ်များမှ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် တစ်မြို့နယ်လုံးတွင် စစ်ဘေး၊ မီးဘေးသင့်ပြည်သူ ၃၀,၀၀၀ ဦးကျော် ရှိလာပြီဖြစ်ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးမှ ထုတ်ပြန်သည်။
ခင်ဦးမြို့နယ်၊ ကံသစ်ကျေးရွာအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဇွန်လ ၄ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ပြီးနောက် လူနေ အိမ်များအား မီးရှို့ဖျက်ဆီခဲ့မှုကြောင့် နေအိမ် ၆၅ လုံး မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။
အိမ်ခြေ ၆၀၀ ဝန်းကျင်ရှိ ကံသစ်ကျေးရွာအား အကြမ်းဖက်စစ်ကောင်စီတပ်မှ၂၀၂၂ ခုနှစ် ဇွန်လတွင် ပထမအကြိမ်၊ နိုဝင်ဘာလတွင် ဒုတိယအကြိမ်၊၂၀၂၃ ခုနှစ်မေလတွင် တတိအကြိမ်၊ ယခုဇွန်တွင်လ စတုတ္ထအကြိမ် မီးရှို့ခဲ့ခြင်းကြောင့် စုစုပေါင်း ၃၂၈ အိမ် ဆုံးရှုံးခဲ့သည်။
"စစ်ကောင်စီတပ်တွေက နယ်မြေရှင်းလင်းရေး အကြောင်းပြပြီး မကြာခဏမီးရှို့နေတာပါ။ စစ်ကြောင်းက တရစပ်ထိုးနေတာပေါ့။ ပြည်သူလူထုကို နှိပ်စက်အကြမ်းဖက်နေတာပါ" ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူက ပြောသည်။
ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ကျော်မှ ဇွန်လ ၁ ရက် နေ့မှစ၍ တရစပ်စစ်ကြောင်းထိုးဝင်ရောက်လာပြီး မရမ်းအင်း၊ သာဂရ၊ ဂွေးကုန်းနှင့် ကံသစ်ကျေးရွာတို့ကို မီးရှို့ဖျက်ဆီးနေသည်။
ခင်ဦးမြို့နယ်အတွင်းသို့ ဇွန်လ ၁ ရက်နေ့မှစတင်ကာ တစ်ကျော့ပြန်ဝင်ရောက်နေသည့် စစ်ကောင်စီတပ် စစ်ကြောင်းသည် ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်းတွင် မူးသာကျေးရွာ၌ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးကို မီးရှို့သတ်ဖြတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
ဇွန်လ ၄ ရက်နေ့ နံနက်ပိုင်းကလည်း စစ်ကောင်စီတပ်စစ်ကြောင်းဝင်ရောက်လာမှုကြောင့် ထွက်ပြေးတိမ်းရှောင်ကြစဉ် မရမ်းအင်းကျေးရွာမှ အသက် ၆၆ နှစ်အရွယ် အဖွားအိုတစ်ဦး စစ်ရှောင်ရင်း အမောဖောက် သေဆုံးခဲ့ပြီး စစ်ရှောင်သည့်နေရာမှာပင် သင်္ဂြိုဟ်ခဲ့ရကြောင်း သိရသည်။
ခင်ဦးမြို့နယ်တွင်ဝင်ရောက်နေသည့် စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ကံသစ်ရွာအပါအဝင် အနီးနားကျေးရွာများမှ ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အကူအညီများ လိုအပ်နေကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးမှထုတ်ပြန်ထားသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
ဓာတ်ပုံ - ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး
#Mizzima
#ခင်ဦးမြို့နယ်
#စစ်ဘေးသင့်
#နေအိမ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

Facebook
#mizzima – Explore
explore #mizzima at Facebook
👍13🔥4❤1😁1
မက်ဒရစ်မှ ထွက်ခွာရတာက 'နာကျင်ရတယ်'လို့ ဆော်ဒီအပြောင်းအရွှေ့မတိုင်ခင် ဘန်ဇီမာ ဝန်ခံ
===================
ကာရင် ဘန်ဇီမာက ရီးယဲလ်မက်ဒရစ်ကနေ ထွက်ခွာရတာက "နာကျင်ရတယ်"လို့ ဆော်ဒီအာရေးဗီးယားရဲ့ အလ်-အီတီဟဒ်အသင်းကို မပြောင်းရွှေ့ခင် အင်္ဂါနေ့က နှုတ်ဆက်ပွဲမှာ ပြောပါတယ်။
အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးဟာ လာမယ့် ရာသီကစလို့ သုံးနှစ်စာချုပ်နဲ့ ဂျဒ်ဒါ အခြေစိုက်အသင်းနဲ့ လက်မှတ်ရေးထိုးခဲ့ကြောင်း ဆော်ဒီကလပ်သတင်းရင်းမြစ်တစ်ခုက AFP ကို အင်္ဂါနေ့မှာ ပြောခဲ့ပါတယ်။
"ဒါဟာ အနည်းငယ် ဝမ်းနည်းစရာကောင်းတဲ့ နေ့တစ်နေ့ပါ၊ ကျနော် ဒီအသင်းကနေ ထွက်ခွာတော့မှာ ဖြစ်လို့ နာကျင်ရတယ်။ ကျနော့် ခေါင်းထဲမှာ မက်ဒရစ်အတွက် စာချုပ်ချုပ်ဆိုဖို့နဲ့ မက်ဒရစ်မှာ ပြီးဆုံးဖို့ အိပ်မက်တစ်ခု မက်နေခဲ့တာကြောင့်ပါ။ ဒါပေမယ့် တစ်ခါတစ်လေမှာ ဘဝက ခင်ဗျာကို တခြားအခွင့်အရေးတွေ ပေးစွမ်းနိုင်တယ်"လို့ ဘန်ဇီမာက မက်ဒရစ်ရဲ့ လေ့ကျင့်ရေးကွင်းမှာ သူ့ရဲ့ နှုတ်ဆက်ပွဲအတွင်း ပြောဆိုချက်မှာ ပြောပါတယ်။

😁1
လူကုန်ကူးမှု အကြိမ်ကြိမ် ကျူးလွန်နေသည့် ပြည်သူ့စစ်များကို MNDAA က ထောင်ဒဏ်ချမှတ်
=======================
ဂျူချန်း
(မဇ္ဈိမ) ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ကိုးကန့်တပ်ဖွဲ့ ( MNDAA )၏ နယ်မြေဖြစ်သော အထူးဒေသ (၁)၊ မုံကိုးခရိုင် ပန်းဆိုင်ဒေသတွင် စစ်ကောင်စီလက်အောက်ခံ မုံကိုးပြည်သူ့စစ်တပ်ဖွဲ့ဝင် လီအင်ဖူ ဦးဆောင်သည့် အဖွဲ့သည် လူကုန်ကူးခြင်း အပါအဝင် ပြစ်မှု ၁၃ ခုကို ကျူးလွန်ခဲ့သည်ဟု ဝန်ခံကြောင်း ကိုးကန့်တပ်ဖွဲ့ (MNDAA) က ယနေ့ ဇွန်လ ၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ပြစ်မှုကျူးလွန်ခဲ့သူများမှာ လီအင်ဖူ(၄၁နှစ်)၊ ဟုတ်ချင်ပန်(၂၃နှစ်)၊ ရန်မင်ဟွေ(၂၁နှစ်)၊ အိုက်မောင်(၃၇နှစ်) တို့ဖြစ်ပြီး ၎င်းတို့သည် ပြစ်မှု ၁၃ မှုကျူးလွန်ခဲ့ပြီး တရုတ်လူမျိုး ၁၄ ဦးအား ပြန်ပေးဆွဲကာ အွန်လိုင်းငွေလိမ်သည့် ကုမ္ပဏီသို့ ရောင်းချခဲ့၍ တရုတ်ငွေ ၄၈၀,၀၀၀ ယွမ် နှင့် မြန်မာငွေ ကျပ် သိန်းပေါင်း ၃၈၀ ကိုရရှိခဲ့ကြောင်း The Kokang မှ ဖော်ပြထားသည်။

👍16🔥2👏1
ပြစ်မှုကျူးလွန်သည့် အထဲတွင် လီအင်ဖူ၊ ဟုတ်ချင်ပန်း နှင့် ရန်မင်ဟွေ တို့သည် အာဏာသိမ်းစစ်တပ်လက်အောက်ခံ ပြည်သူ့စစ်များဖြစ်ပြီး အချို့ပြစ်မှုများတွင် စစ်ကောင်စီလက်အောက်ခံ ပန်းဆိုင်ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ကြပြီး ရရှိငွေများအား ခွဲဝေသုံးစွဲခဲ့ကြကြောင်း ဆိုသည်။
၎င်းတို့ကျူးလွန်ခဲ့သည့် ပြစ်မှုများအနက် ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် ပန်းဆိုင်ရဲစခန်းမှ ရဲမှူး ရဲလုံးဇော်နှင့်အတူ ၎င်းတို့လေးဦးသည် တရုတ်လူမျိုးနှစ်ဦးကို ပြန်ပေးဆွဲကာ ရောင်းချခဲ့ပြီး ရရှိငွေအား ရဲစခန်းနှင့်အတူ ခွဲဝေသုံးစွဲခဲ့ကြခြင်းဖြစ်သည်။
အလားတူ ၂၀၂၂ ခုနှစ်အတွင်း နောက်ထပ် တရုတ်လူမျိုး သုံးဦးအား ထပ်မံရောင်းချခဲ့သကဲ့သို့ ၂၀၂၃ ခုနှစ် တရုတ်နှစ်သစ်ကူးညတွင်လည်း ပန်းဆိုင်ရှင်ကျင့်ဟိုတယ်လမ်းခွဲ၌ တရုတ်လူမျိုးတစ်ဦးအား ပြန်ပေးဆွဲကာ နမ်ပါတစ် KTV ထဲတွင် ချုပ်နှောင်ထားပြီး ရောင်းချရန် စောင့်ဆိုင်းနေခဲ့ကြောင်း ဆိုသည်။
ရှမ်းပြည် အထူးဒေသ (၁)၊ အုပ်ချုပ်ရေးအဖွဲ့ ယာယီတရားခုံရုံးမှ ဇွန်လ ၅ ရက်နေ့ တွင် လီအင်ဖူအား ထောင်ဒဏ် ၁၀နှစ်၊ ဟုတ်ချင်ပန်းနှင့် ရန်မင်ဟွေအား ထောင်ဒဏ် ရှစ်နှစ်၊ အိုက်မောင်အား ထောင်ဒဏ် သုံးနှစ် အသီးသီး ချမှတ်ခဲ့ကာ ပိုင်ဆိုင်မှုများကို သိမ်းဆည်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ပြစ်မှုကျူးလွန်သူ လေးဦးအနက် လီအင်ဖူ၊ ဟုတ်ချင်ပန်နှင့် ရန်မင်ဟွေတို့ သုံးဦးသည် တရုတ်လူမျိုးများဖြစ်ပြီး တရုတ်ပြည်ရှိ ရဲတပ်ဖွဲ့မှ ကိုးကန့်တပ်ဖွဲ့ (MNDAA) အား သတင်းပေးသဖြင့် ယခုကဲ့သို့ ဖမ်းမိခြင်းဖြစ်ကြောင်းနှင့် အလားတူဖြစ်ရပ် ရာဂဏန်းနှင့်အထက် ရှိကြောင်း မူဆယ်မြို့ ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။
“အလားတူဖြစ်ရပ်မျိုး မူဆယ်မှာ ရာဂဏန်းရှိတယ်၊ ပသစ(ပြည်သူ့စစ်) နဲ့ ရဲတွေပေါင်းလုပ်တာ၊ ဒါက မိလို့လေ၊ ဖမ်းမမိတာအများကြီး တရုတ်ပြည်ရဲက ကိုးကန့်အဖွဲ့ကိုသတင်းအတိကျပေးလို့ဖမ်းမိတာ၊ မြန်မာပြည်အဖွဲ့က ဘယ်လောက်တိုင်တိုင် မဖမ်းပေးဘူး” ဟု မူဆယ်ဒေသခံက ပြောသည်။
မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ်လည်မှုများအား တရုတ်ရာဇဝတ်ဂိုဏ်းများမှ ဦးဆောင်လုပ်ကိုင်နေကြပြီး မူဆယ်မြို့ရှိ ပြည်သူ့စစ်တပ်ဖွဲ့ဝင် အားလုံးနီးပါးသည် အွန်လိုင်းငွေလိမ်လုပ်ငန်းတွင် ပါဝင်ပတ်သက်နေကာ လူကုန်ကူးမှုများ လုပ်ဆောင်လေ့ရှိကြောင်း မူဆယ်ဒေသခံ နောက်တစ်ဦးကလည်း ပြောသည်။
“တရုတ်နိုင်ငံမှာ ရာဇဝတ်မှုတွေလုပ်ပြီး ထွက်ပြေးလာတဲ့ လူတစ်ယောက်က မူဆယ်ကိုရောက်လာရင် ဘာမှမလုပ်နိုင်ဘူး၊ အဲ့တော့ အာဏာရှိတဲ့ လက်နက်ကိုင် ပသစ(ပြည်သူ့စစ်) တွေနဲ့ ပေါင်းရတယ်။ လူပို့ရင်လည်း ပြည်သူ့စစ်တွေက ကားတွေနဲ့ ယူနီဖောင်းနဲ့ ပို့ချင်ပို့မယ်၊ အရပ်ဝတ်နဲ့ ပို့ချင်ပို့မယ်၊ အဲ့လိုပို့တာကိုလည်း သူတို့က ပေါက်စီပို့တယ်လို့ ခေါ်တယ်၊ ပြည်သူ့စစ်မရှိရင် ဒီတရုတ်တွေလည်း ရပ်တည်လို့မရဘူး” ဟု မူဆယ်မြို့ဒေသခံ တစ်ဦးက မဇ္ဈိမကို ပြောသည်။
အာဏာသိမ်းပြီးနောက်ပိုင်း မူဆယ်မြို့တွင် လက်နက်ကိုင်ခွင့်ရသည့် ပြည်သူ့စစ်များ အာဏာရလာသည်နှင့်အမျှ အွန်လိုင်းငွေလိမ်ခြင်းလုပ်ငန်းနှင့်အတူ လူကုန်ကူးခြင်းနှင့် ဒုစရိုက်လုပ်ငန်းများ ပိုမိုပေါများလာကြောင်း ၎င်းက ဆက်ပြောသည်။
မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင် အွန်လိုင်းငွေလိမ်ခြင်းလုပ်ငန်းများအား တွင်ကျယ်စွာ ပြုလုပ်နေပြီး မြန်မာနိုင်ငံတွင် မလေးရှားနိုင်ငံသားများ ပါဝင်ပတ်သက်နေသည့် အလုပ်အကိုင်လိမ်လည်ခြင်း၊ လူကုန်ကူး ဂိုဏ်းများနှင့် ပတ်သက်သည်များကို ကုလသမဂ္ဂက ကြားဝင်ဆောင်ရွက်ပေးရန် မလေးရှား နိုင်ငံတကာ လူသားချင်းစာနာမှုအဖွဲ့အစည်း (MHO) နှင့် မလေးရှား လူမှုအသိုက်အဝန်း ရာဇဝတ်မှု စောင့်ကြည့်ရေးအဖွဲ့ (MCCC) တို့က ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် သတိပေးစာပေးပို့ကာ တောင်းဆိုခဲ့သေးသည်။
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ရာဇဝတ်မှုကျူးလွန်သူများကို မကြာခဏ ဖမ်းဆီးကာ ပြစ်ဒဏ်ချမှတ် စီရင်လေ့ရှိရာ ပြီးခဲ့သည့် မေလ ၂ ရက်နေ့တွင်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်းတွင် လူသတ်၊ ဓားပြတိုက်၊ ပြန်ပေးဆွဲမှု ၂၅ ခု ကျူးလွန်ခဲ့သူ လေးဦးကို ကိုးကန့်တပ်ဖွဲ့ (MNDAA) က သေဒဏ်ချမှတ်ကာ တရားစီရင်ခဲ့သေးသည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#ကိုးကန့်
#MNDAA
#ပန်းဆိုင်တရားစီရင်
#လူကုန်ကူး

#ကိုးကန့် – Explore
explore #ကိုးကန့် at Facebook
👍19🔥1😁1
White House on Chinese military 'intercepts', war in Ukraine and DC sonic boom
==================
https://youtu.be/WaJFHxmuuk4
==================
https://youtu.be/WaJFHxmuuk4
YouTube
White House on Chinese military 'intercepts', war in Ukraine and DC sonic boom
The White House warns that Chinese military "aggressiveness" responsible for near collisions with US forces at sea and in the air may soon lead to casualties. "It won't be long before somebody gets hurt," National Security Council spokesman John Kirby tells…
😁1
ကောလင်းတိုက်ပွဲ စစ်ကောင်စီကလေကြောင်းရော လက်နက်ကြီးပါ အသုံးပြုတိုက်ခိုက်ဟု ဆို
🔥2🤬2👏1

================
ကိုခင်မောင်
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အရှေ့ဘက်ခြမ်းတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များ တိုက်ပွဲအပြင်းအထန်ဖြစ်နေပြီး စစ်ကောင်စီကလေကြောင်းနှင့်လက်နက်ကြီးအသုံးပြုတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
ကောလင်းမြို့နယ်တွင် ဇွန်လဆန်းမှစ၍ စစ်ကောင်စီကစစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ဇွန်လ ၄ရက် နေ့လယ် ၃နာရီခန့်တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ခြင်းဟု ပြည်သူ့ကာကွယ်ရေးရဲဘော်များကပြောသည်။
" အရင်နေ့တွေတုန်းက ချပ်သင်းဘက်မှာ ဖြစ်တယ်။ အဲ့ဒီစစ်ကြောင်းကဥမင်ကုန်းရွာကို ဝင်လာချိန်မှာ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့တာပါ"ဟု ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးကပြောသည်။
အင်အား ၁၂၀ခန့်ပါသော စစ်ကောင်စီစစ်ကြောင်းသည် ဇွန်လ ၄ရက်နေ့ နံနက်ပိုင်းတွင် ကောလင်းမြို့နယ် ကျောက်ပြင်သာတိုက်နယ်၊ အင်ပင်လှရွာသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ဥမင်ကုန်းရွာသို့ ဆက်လက်ဝင်ရောက်ချိန် နေ့လယ် ၃နာရီခန့်တွင် ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဟု ကောလင်းဒေသခံ သတင်းရင်းမြစ်များကပြောသည်။
ယင်းနေ့တိုက်ပွဲတွင် မြေပြင်၌ ပိတ်မိနေသော စစ်ကြောင်းကို ဆွဲထုတ်ရန်အတွက် စစ်ကောင်စီက လေကြောင်းမှ လာရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
" တံတားဦးကတက်လာတဲ့ ဂျက်ဖိုက်တာနဲ့ လာပစ်တယ်။ သူတို့လူကို လုထုတ်တာ။ နေရာမှားပြီး ပစ်လို့ ကျွန်တော်တို့ဘက်က မထိဘူး။ ဝန်းသိုတပ်ကနေလည်း လက်နက်ကြီးတွေနဲ့လှမ်းပစ်တယ်"ဟု ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးကပြောသည်။
အဆိုပါတိုက်ပွဲသည် ယင်းနေ့ ညနေပိုင်းအထိပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ည ၈နာရီခန့်တွင် တိုက်ပွဲဝန်းကျင်ရှိ ကျေးရွာများအား ဂျက်ဖိုက်တာဖြင့် တိုက်ခိုက်ခဲ့သော်လည်း ဒေသခံများ ထိခိုက်မှုမရှိခဲ့ဟု သိရသည်။
“ ၄ရက်နေ့က ဂျက်ဖိုက်တာနဲ့လာပစ်တာ ဥမင်ကုန်းရွာက နွား၁၀ကောင်သေတယ်။ ချောင်းကွေ့ရွာအနောက်ပိုင်း အိမ်လေးအိမ်ထိမှန်တယ်လို့ သိရပါတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။
ကောလင်းမြို့နယ် ကျောက်ပြင်သာတိုက်နယ်ရှိ ဥမင်ကုန်းရွာနှင့် ချောင်းကွေ့ရွာသည် တစ်မိုင်ခန့်သာ ကွာဝေးသော ကျေးရွာများဖြစ်ပြီး ဒေသခံများမှာ ဘေးလွတ်ရွာ တောတောင်အတွင်းသို့ စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုကို အတိအကျမသိရသေးဘဲ တော်လှန်ရေးရဲဘော်များ တိုက်ခိုက်မှုမရှိခဲ့ဟု ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကပြောသည်။
စစ်ကောင်စီတပ်သားများသည် ကိုးတောင်ဘို့ရွာကင်းစခန်းသို့ ညတွင်းချင်းပြန်ခေါက်သွားပြီး ယနေ့ ဇွန်လ ၆ရက်နေ့လယ်တွင် ကောလင်းမြို့နယ်နှင့်ထိစပ်နေသော ကန့်ဘလူမြို့နယ် ချပ်သင်းရွာဘက်သို့ ရောက်ရှိနေကြောင်း သတင်းရရှိသည်။
စာတည်း - မောင်ကြီး
#mizzima
#ကောလင်းမြို့နယ်
#တိုက်ပွဲပြင်းထန်
#လေကြောင်း
#လက်နက်ကြီး

👍13🔥2😁1🤬1
မြဝတီ-မဲဆောက် တံတားဖြတ်သန်းခွင့်ကို မြန်မာဘက်မှယာယီပိတ်တာကြောင့် အလုပ်သမားတွေ အခက်တွေ့
==================
ကိုရွှေမြိတ်
(မဲဆောက်)မဇ္ဈိမ ။ ။ထိုင်း-မြန်မာ နယ်စပ်၊ မြ၀တီ-မဲဆောက် ချစ်ကြည်ရေး အမှတ်(၁) တံတားပေါ် ဖြတ်သန်းသွားလာခွင့်ကို မြန်မာဘက်က ယာယီပိတ်တာကြောင့် အလုပ်သမားတွေ အခက်တွေ့နေရပါတယ်။
CI စာအုပ်နဲ့ PJ နိုင်ငံကူးလက်မှတ်စာအုပ် ကိုင်ဆောင်ထားတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ဇွန်လ ၅ ရက်ကစတင်ပြီး စစ်ကောင်စီလက်အောက်ခံ မြန်မာအာဏာပိုင်တွေဘက်က ဖြတ်သန်းခွင့်မပြုတော့ဘဲ ယာယီပိတ်လိုက်တာလို့ဆိုပါတယ်။ အပြည့်အစုံကို သတင်းထောက် ကိုရွှေမြိတ်က တင်ဆက်ထားပါတယ်။
သတင်း၊ ရိုက်ကူး၊ တင်ဆက် - ကိုရွှေမြိတ်
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
https://youtu.be/KBqiYdv3S38

ကိုရွှေမြိတ် (မဲဆောက်)မဇ္ဈိမ ။ ။ထိုင်း-မြန်မာ နယ်စပ်၊ မြ၀တီ-မဲဆောက် ချစ်ကြည်ရေး အမှတ်(၁) တံတားပေါ် ဖြတ်သန်းသွားလာခွင့်ကို မြန်မာဘက်က ယာယီပိတ်တာကြောင့် အလုပ်သမားတွေ အခက်တွေ့နေရပါတယ်။
CI စာအုပ်နဲ့ PJ နိုင်ငံကူးလက်မှတ်စာအုပ် ကိုင်ဆောင်ထားတဲ့ မြန်မာရွှေ့ပြေ…

👍6❤1👏1🤬1
ဆွီဒင်မှာ လိင်ဆက်ဆံခြင်းကို အားကစားအဖြစ်သတ်မှတ်ခြင်း မရှိပါ
=================
ZZ
(မဇ္ဈိမ)။ ။ဆွီဒင်နိုင်ငံတွင် လိင်ဆက်ဆံခြင်းကို တရားဝင်အားကစားအဖြစ် သတ်မှတ်လိုက်ပြီဖြစ်ကြောင်း သတင်းများ ပျံ့နှံ့လျက်ရှိနေသည်။ ယင်းမှာ မှားယွင်းနေသည်။
DAILY KNOWLEDGE ဆိုသည့်ဖေ့စ်ဘုတ်စာမျက်နှာမှ ဇွန်လ ၄ ရက်နေ့တွင် “Sweden နိုင်ငံကတော့ လိင် ဆက်ဆံတာကို အားကစားအဖြစ်ကြေငြာခဲ့ပြီး ဥရောပရဲ့ပထမဆုံးသော “sex championship” ကို ဇွန် လ ၈ ရက်နေ့မှာ စတင်ကျင်းပသွားမှာဖြစ်ပါတယ်” ဟု (မူရင်းအရေးအသားအတိုင်း) ရေးသားကာ ဖြန့်ဝေ ခဲ့သည်။
ယင်းပို့စ်ကို ကြိုက်နှစ်သက်သူ ၃၅,၀၀၀ ကျော်၊ ပြန်လည်မျှဝေသူ ၅,၀၀၀ နီးပါးရှိခဲ့သည်။ အလားတူပင် အခြား ဖေ့စ်ဘုတ်ပေ့ချ်များတွင်လည်း ပြန်လည်ကူးယူဖော်ပြမှုများစွာရှိနေပြီ ဖြစ်သည်။
မဇ္ဈိမ၏ အချက်အလက်စစ်ဆေးသည့်အဖွဲ့က အဆိုပါအကြောင်းအရာတွင် ပါဝင်သော အဓိက စကားလုံး များ ဖြစ်သည့် “Sweden” , “sex championship” စသည့်စကားလုံးများဖြင့် google တွင် ရှာဖွေခဲ့သည်။
တွေ့ရှိချက်များအရ ဆွီဒင်နိုင်ငံ၏ လိင်အကြောင်းဆိုင်ရာအဖွဲ့ချုပ် (Swedish Federation of Sex) ဥက္ကဋ္ဌ ဖြစ်သူက လိင်ဆက်ဆံခြင်းကို အားကစားအဖြစ်သတ်မှတ်ပေးရန် လျှောက်လွှာတင်ခဲ့ပြီး ယခုနှစ်ဧပြီလ တွင် ဆွီဒင်အမျိုးသားအားကစားအဖွဲ့ချုပ်က ယင်းလျှောက်လွှာအား မပြည့်စုံဟုသတ်မှတ်ကာ ပယ်ချခဲ့ ကြောင်း နိုင်ငံတကာသတင်းဌာနဖြစ်သည့် WION နှင့် Hindustan Times သတင်းဝက်ဘ်ဆိုက်များမှ ဇွန် ၅ ရက်နေ့တွင် ဖော်ပြခဲ့ကြသည်။
လင့် - https://bit.ly/43pQ6Mz , https://bit.ly/43o4oxr
ထို့ပြင် အချက်အလက်စစ်ဆေးသည့်အဖွဲ့တစ်ခုဖြစ်သည့် “Boom Myanmar” မှ လည်း ယင်းအကြောင်း အရာနှင့် ပတ်သက်၍ သတင်းအမှားဖြစ်ကြောင်း အချက်အလက်စစ်ဆေးထားသည်ကို တွေ့ရသည်။
လင့်- https://bit.ly/43J9HqN
အိန္ဒိယသတင်းဌာနဖြစ်သည့် NDTV သတင်းဝက်ဘ်ဆိုက်၏ဖော်ပြချက်တွင်လည်း အဆိုပါအကြောင်း အရာနှင့်ပတ်သက်၍ မည်သို့သောလုပ်ပိုင်ခွင့်နှင့် ခွင့်ပြုချက်များကို ဆွီဒင်အာဏာပိုင်များမှ ပေးထားခြင်း မရှိကြောင်း ဖော်ပြထားသည်။
လင့် - https://bit.ly/3MQ83Nu
ထို့ကြောင့် ဆွီဒင်နိုင်ငံတွင် လိင်ဆက်ဆံခြင်းကို တရားဝင်အားကစားအဖြစ်သတ်မှတ်လိုက်ပြီဆိုသော သတင်းမှာ သတင်းအမှားသာဖြစ်သည်။
မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။
စာတည်း။ ။စောဖေ
#Misinformation_Buster
#Fake_News
#Sweden
#sex_championship

👍8😁3🤮1
နတ်သံကွင်းမြို့တိုက်ပွဲ စစ်ကောင်စီပစ်မှတ်နေရာ ငါးခုကို အတိအကျ တိုက်ခိုက်နိင်ခဲ့ဟု ပဲခူးတိုင်းစစ်ဒေသခွဲပြော၊ စစ်ကောင်စီဘက်မှ ၃၀ ဦးထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းယူနိုင်ခဲ့ဟုဆို
======================
YT
(မဇ္ဈိမ) ။ ။ ပဲခူးတိုင်း၊ နတ်သံကွင်းမြို့ ရဲစခန်းအပါအဝင် စစ်ကောင်စစ်ပစ်မှတ်နေရာ ငါးခုကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက တပြိုင်နက် စီးနင်းတိုက်ခိုက်ခဲ့သည့် ယနေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၃၀ ဦးထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းများလည်း သိမ်းယူနိုင်ခဲ့ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲ၊ဒုတိယစစ်ဒေသခွဲမှူး ဦးတင်ဦးက ပြောသည်။
နတ်သံကွင်းမြို့ရှိ စစ်ကောင်စီစခန်းနေရာများကို KNLA နှင့် PDF ပူးပေါင်းတပ်များက ယနေ့ဇွန်လ ၆ရက် နံနက် ၄နာရီမှ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
" မနက် ၄ နာရီမှာ စတိုက်တယ်။ အဓိကရည်ရွယ်ချက်က နတ်သံကွင်းစစ်တောင်းမြစ်ကူးတံတားကို ဖျက်ဆီးဖို့ ဖြစ်ပါတယ်။ စစ်ဆင်ရေးအကောင်အထည်ဖော်ရာမှာတော့ နတ်သံကွင်းရဲစခန်း၊ တံတားအရှေ့ကင်း၊ အနောက်ကင်း၊ ရေတွင်းကုန်းရွားနားနဲ့ဘုံသတောရွာနား စတဲ့ ပစ်မှတ် ငါးခုကို တစ်ပြိုင်တည်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်" ဟု ဒုတိယစစ်ဒေသခွဲမှူး ဦးတင်ဦးက ပြောသည်။
တိုက်ပွဲသည် နံနက် ၄နာရီမှ နံနက် ၇နာရီခန့်အထိ အပြင်းအထန်ဖြစ်ခဲ့ပြီး နံနက်မိုးလင်းချိန်တွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဂျက်ဖိုက်တာသုံးစင်းဖြင့် လာရောက်တိုက်ခိုက်ခဲ့ကြောင်းသတင်းရရှိသည်။ စစ်ကောင်စီက အဓိက အသုံးပြုနေသည့် စစ်တောင်းမြစ်ကူးတံတားကို ချိုးဖျက်နိုင်ခဲ့သည်ဟု ဦးတင်ဦးကပြောသည်။ အဆိုပါတံတားသည် ဒေသခံများ အဓိကအသုံးပြုသည့်တံတားမဟုတ်ဘဲ စစ်ကောင်စီက ရိက္ခာသယ်ခြင်း၊ အင်အားဖြည့်တင်းခြင်းများကို အဓိကအသုံးပြုနေသည့် တံတားဖြစ်၍ စစ်ရေးအရ ပစ်မှတ်ထားဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဟု ၎င်းက ရှင်းပြသည်။
ယနေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၃၀ ဦးထက်မနည်း သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်လေးဦး ကျဆုံးခဲ့သည်ဟု ပဲခူးတိုင်းစစ်ဒေသခွဲက အတည်ပြုသည်။ ထို့အပြင် သေနတ်သုံးလက်နှင့် မိုင်းရှာစက်နှစ်လုံးအပါအဝင် လက်နက်ခဲယမ်းများအပြားကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက သိမ်းယူနိုင်ခဲ့ကြောင်းသိရသည်။
" စစ်မြေပြင်မှာမို့လို့ စာရင်းအတိအကျရဖို့ ခက်ခဲပေမယ့် စစ်ကောင်စီဘက်က ၃၀ထက်မနည်းသေဆုံးပါတယ်။ ကျွန်တော်တို့ဘက်က လေးဦး တိုင်းပြည်အတွက် အသက်ပေးသွားခဲ့ပါတယ်" ဟု ဦးတင်ဦးက ပြောသည်။
အထိနာသည့် စစ်ကောင်စီတပ်ဖွဲ့မှ ဒဏ်ရာရသူများကို ကားများဖြင့် နတ်သံကွင်းဆေးရုံနှင့် ကျောက်ကြီးဆေးရုံသို့ အခါခါ သယ်ယူနေရကြောင်းKNLA သတင်းအရင်းအမြစ်က မဇ္ဈိမကိုပြောသည်။
ထို့အပြင် အဆိုပါ တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်က တိုက်လေယာဉ်သုံးစင်းဖြင့် လေကြောင်းတိုက်ခိုက်မှု ခြောက်က်ြမ် ပြုလုပ်ခဲ့ပြီး လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်ခဲ့သည်ဟု သိရသည်။
ယနေ့နံနက်ဖြစ်ပွားသော တိုက်ပွဲကြောင့် နတ်သံကွင်းမြို့ အရှေ့ဘက်ရှိ ရေတွင်းကုန်းကြီးကျေးရွာ၊ ဘုံသဘောကျေးရွာအပါအဝင် ကျေးရွာများမှ ဒေသခံပြည်သူ ၁၀,၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
" စစ်ကောင်စီဘက်က လေယာဉ်နဲ့ လက်နက်ကြီးနဲ့မြို့ထဲကို တောက်လျောက် ပစ်ခက်နေပါတယ်။ အခုညပိုင်းထိကို ပစ်ခတ်နေတဲ့အတွက် အတွက် စစ်ရှောင်တွေလည်း များနေပါတယ်" ဟု ယနေ့ည အခြေအနေကို ဦးတင်ဦးက ပြောသည်။
နတ်သံကွင်းမြို့သည် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၃) နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း ပါဝင်သည်။
ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့ကလည်း မုန်းမြို့နယ်ရှိ နောင်ကုန်းစခန်း၊ ရန်မျိုးအောင်စခန်း၊ ကျောက်ကြီးမြို့နယ်ရှိ ညောင်ကုန်းစခန်းနှင့် ကျွန်းကုန်းစခန်းတို့အား တပ်မဟာ (၃) KNLA တပ်ပေါင်းစုမှ တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၁ နာရီအတွင်း ညောင်ကုန်းစစ်ကောင်စီစခန်းနှင့် ကျွန်းကုန်းစစ်ကောင်စီစခန်းတို့အားတိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။
စာတည်း - မောင်ကြီး
#mizzima
#ပဲခူးတိုင်း
#နတ်သံကွင်းမြို့
#စစ်ကောင်စစ်ပစ်မှတ်နေရာငါးခု
#စီးနင်းတိုက်ခိုက်
#ပဲခူးတိုင်းစစ်ဒေသခွဲ

👍20👏8🔥2😁1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ခုနှစ် ဇွန်လ ၆ ရက်ထုတ်လွှင့်မှုများ
=================
https://youtu.be/3YJGzEdN6qI
#PVTV
#mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ.…

👍8😁1🤮1