Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​စစ်ကောင်စီဖမ်းသွားသည့် သံတောင်ဒေသခံ ၇ ဦး လွတ်မြောက်လာ
===================

YT
(မဇ္ဈိမ)။ ။ သံတောင်ကြီးမြို့နယ်၊ ကျွဲဖြူတောင်ကျေးရွာတွင် စစ်ကောင်စီ​၏ ဖမ်းဆီးခြင်းခံရသော ဒေသခံ အမျိုးသားခုနစ်ဦးလုံး ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

အသက် ၁၈ နှစ်မှ ၂၅ နှစ်အရွယ် အမျိုးသားခုနှစ်ဦးကို ယမန်နေ့ ဇွန်လ ၅ ရက် နံနက်တွင် စစ်ကောင်စီတပ်​က ဖမ်းဆီးပြီး ဖုန်းအတွင်း နိုင်ငံရေးနှင့်သက်ဆိုင်သည့် ပိုစ့်များရှိသည်ဆိုကာ ၁၃ မိုင်တပ်စခန်းအတွင်း ခေါ်ဆောင်သွားခဲ့ခြင်းဟုသိရသည်။ ယင်းနေ့ညပိုင်းတွင် ခြောက်ဦးလွတ်မြောက်လာပြီး ဇွန်လ ၆ရက် နံနက်ပိုင်းတွင် တစ်ဦး ပြန်လည်လွတ်မြောက်လာသည်ဟု ဒေသခံများကပြောသည်။

" မင်းက ဘာလို့ နိုင်ငံရေးပို့စ်တွေ ရှဲ (share) တာလဲ။ မင်းက အကြမ်းဖက် ထောက်ပို့လား။ မင်း KPay၊ Wave Pay အကောင့်တွေ ဖွင့်ပြစမ်းလို့ပြောပြီး ခေါင်းကိုရိုက်တယ်။ စခန်းထဲရောက်သွားတော့လည်း ရိုက်တယ်လို့ ပြန်ပြောပြတယ်" ဟု ဖမ်းဆီးခံရသူတစ်ဉီးနှင့် နီးစပ်သူက မဇ္ဈိမကိုပြောသည်။

ဖမ်းဆီးခံရသူများ​၏ ကိုယ်ရေးရာဇဝင်များ၊ အလုပ်အကိုင်များ၊ ဖုန်းနံပါတ်၊ အိမ်လိပ်စာ အစရှိသည်များအား မှတ်တမ်းယူထားပြီးမှ ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့ကလည်း သံတောင်မြို့ (၁၃)မိုင်၊ရပ်ကွက်(၁)တွင်နေထိုင်သည့် အမျိုးသား ခုနစ်ဦးအား PDF များနှင့် သက်ဆိုင်သည်ဟုဆိုကာ စစ်ကောင်စီတပ်သားများက လက်ပြန်ကြိုးတုပ် ရိုက်နှက်ဖမ်းဆီးခဲ့သည်။ နောက်တ‌စ်နေ့ မေလ၂၀ ရက်နေ့တွင်မှ အားလုံးကို ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် အရပ်သားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်တိုက်ပြုလုပ်နေသည်ဟု ကရင်အရပ်ဘက်အဖွဲ့များက ပြစ်တင်ဝေဖန်သည်။သံတောင်ကြီးမြို့နယ်သည် ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ တပ်မဟာ (၂) နယ်မြေတွင် ပါဝင်သည်။

စာတည်း - မောင်ကြီး

#mizzima
#သံတောင်ကြီးမြို့နယ်
#ကျွဲဖြူတောင်ကျေးရွာ
#စစ်ကောင်စီ​တပ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🔥1😁1
​​လူမျိုးဘာသာစွဲ အတ္တဘာဝနိုင်ငံရေးကို ဟန့်တားပါ
====================

မဏိပူရ်သည် ၁၉၄၉ ခုနှစ်တွင် အိန္ဒိယပြည်ထောင်စု၌ ပူးပေါင်းပါဝင်ခဲ့သော်လည်း ၁၉၇၂ ခုနှစ်ကျမှသာလျင် လုံးလုံးလျားလျား ပြည်နယ်တစ်ခု ဖြစ်လာခဲ့သည်။ ၁၉၄၉ နှင့် ၁၉၇၂ အကြား မဏိပူရ်သည် ပြည်ထောင်စုနယ်မြေတစ်ခုအဖြစ် ရှိခဲ့သည်။ မဏိပူရ်ပြည်နယ်ကို မြောက်ဘက်တွင် နာဂလန်းပြည်နယ်၊ တောင်ဘက်တွင် မီဇိုရမ်ပြည်နယ်နှင့် အနောက်ဘက်တွင် အာသံပြည်နယ်တို့က ဝန်းရံထားသည်။ ထို့ပြင် မဏိပူရ်သည် မြန်မာနိုင်ငံ၏ ဒေသနှစ်ခု (အရှေ့ဘက်တွင် စစ်ကိုင်းတိုင်း၊ တောင်ဘက်တွင် ချင်းပြည်နယ်) နှင့် ထိစပ်နေသည့် ကီလိုမီတာ ၄၀၀ ခန့် အရှည်ရှိ နယ်စပ်တစ်ခု ရှိသည်။ မဏိပူရ်သည် အရှေ့တောင်အာရှသို့ တံခါးပေါက် ဖြစ်သလို အိန္ဒိယ၏ အရှေ့မျှော်မူဝါဒအတွက် အလွန်အရေးပါသည်။
❤5👍3🔥1😁1
​​တရုတ်စစ်တပ်ရဲ့ရန်လိုမှုကြောင့် ထိခိုက်သေဆုံးမှုတွေရှိလာနိုင်ကြောင်း အိမ်ဖြူတော်သတိပေး

https://www.facebook.com/reel/237753355623997

#InternationalNews #reels #shorts
👍4😁2
​​အင်းစိန်ထောင်အနီး ဗုံးပေါက်ကွဲမှုဖြစ်ပွား
===========

ဂန္ဒမာ
(မဇ္ဈိမ)။ ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အင်းစိန်အကျဉ်းထောင်(ဗဟို)အနီးတွင် ယမန်နေ့ ဇွန်လ ၆ ရက် ညပိုင်းက ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“ညဘက်တုန်းကပေါက်တာ ထောင်ဂိတ်ကိုတီး(တိုက်ခိုက်မှုပြုလုပ်)တာ နေမယ်။ ‌ဗုံးတွေပေါက်ပြီးတော့ ကွက်သစ်ရပ်ကွက်နဲ့ မုဒိတာအိမ်ရာမွှေခံလိုက်ရတယ်”ဟု အင်းစိန်မြို့‌နယ်နေ ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

ဗုံးပေါက်ကွဲမှုမှာ ည ၈ နာရီနှင့် ၉ နာရီအကြားတွင်ဖြစ်ပြီး သုံးကြိမ်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ပေါက်ကွဲသံ နှစ်ခါကြားရပြီးတော့ သေနတ်ပစ်သံတွေ ကြားရတယ်။ သုံးချက် လေးချက်လောက်ရှိမယ်” ဟု ဒေသခံတဦးကလည်း ပြောသည်။

အဆိုပါဖောက်ခွဲမှုအား မည်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများက လုပ်ဆောင်ခြင်းဖြစ်ကြောင်း မသိရသေး သော်လည်း ဗုံးပေါက်ကွဲမှုများကြောင့် လူထိခိုက်မှုမရှိကြောင်း ဒေသခံများက ပြောသည်။
အင်းစိန်ထောင်အနီး ပေါက်ကွဲမှုများဖြစ်ပွားပြီးနောက် ကွက်သစ်လမ်းနှင့် မုဒိတာအိမ်ရာသို့ စစ်ကောင်စီ တပ်မှဝင်ရောက် စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ယခုနံနက်ပိုင်းတွင်လည်း အင်းစိန် ပေါက်တောဝမှတ်တိုင်မှ မင်းစေတီမှတ်တိုင်အထိ လမ်းပိတ်ဆို့ပြီး စစ် ဆေးမှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#အင်းစိန်ထောင်
#ဗုံးပေါက်ကွဲမှု
#စစ်ကောင်စီတပ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12🔥2
​​June - 7 [4 Pm] Mizzima News Hour

Mizzima Headline News 

#4pmnews #mizzimanewshour #reels #shorts
👍2🍌2😁1
ကားဖြင့်တိုက်မိသည့် ရဟန်းတော်အား ဆေးကုပေးမည်ဟုဆိုကာ ကားပေါ်ခေါ်တင်သွားပြီး ရဟန်းရုပ်ကလာပ်ကို သစ်ပင်အောက်စွန့်ပစ်ခဲ့သူ ဖမ်းမမိသေး
😁2
ကားဖြင့်တိုက်မိသည့် ရဟန်းတော်အား ဆေးကုပေးမည်ဟုဆိုကာ ကားပေါ်ခေါ်တင်သွားပြီး ရဟန်းရုပ်ကလာပ်ကို သစ်ပင်အောက်စွန့်ပစ်ခဲ့သူ ဖမ်းမမိသေး
=====================

007
(မဇ္ဈိမ)။ ။ မန္တလေးမြို့တွင် ယမန်နေ့ ဇွန်လ ၆ ရက်က ကားဖြင့်တိုက်မိသည့် ဆွမ်းခံကြွရဟန်းတစ်ပါးကို ထိုကားဆရာက ဆေးကုပေးမည်ဟုဆိုကာ ကားပေါ်ခေါ်တင်သွားခဲ့သည်။

ထို့နောက် ကားတိုက်မှုကြောင့် ပျံလွန်တော်မူသွားသည့် ထိုဆွမ်းခံကြွရဟန်း၏ ရုပ်ကလာပ်ကို ကားသမားက မန္တလေးတောင်ခြေအနီးရှိ သစ်ပင်အောက်တွင် စွန့်ပစ်ခဲ့ကြောင်း ဒေသခံထံက သိရသည်။ ထိုကားဆရာကို ယနေ့ ဇွန်လ ၇ ရက်အထိ ဖမ်းမမိသေးကြောင်း သိရသည်။​

ယမန်နေ့ နံနက် ၅ နာရီအချိန်ခန့်က မန္တလေးတောင်အနောက်ဘက်၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးတောင်ဂေါက်ကွင်းအနီးတွင် ကားတိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ ဘုန်းကြီးကိုကားနဲ့တိုက်မိတော့ ကားသမားက ဆေးခန်းပို့ပေးမယ်ဆိုပြီး ကားပေါ်တင်သွားတယ်။ တစ်နေကုန်အဆက်အသွယ်မရလို့ မိသားစုတွေက လိုက်ရှာတော့ တောင်ခြေကသစ်ပင်တစ်ပင်အောက်မှာ အလောင်း(ရုပ်ကလာပ်)တွေ့တာပဲ။ သက်တော် ၉၀ကျော် အရွယ်ကြီးကိုမှ လုပ်ရက်တယ်ဗျာ” ဟု ရဟန်းတော်၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ကားတိုက်ခံရသည့်ရဟန်းတော်သည် သက်တော် ၉၃ နှစ်၊ ဝါတော် ၂၅ ဝါရှိနေပြီဖြစ်ကြောင်း၊ မန္တလေးတောင်ခြေအနီး ကျောင်းတိုက်တစ်ခုတွင် သီတင်းသုံးနေထိုင်ကြောင်း နှင့် အခင်းဖြစ်သည့်အချိန်က အတူနေ ရဟန်းတစ်ပါးနှင့်အတူ ဆွမ်းဖိတ် နေအိမ်တစ်ခုဆီ လမ်းလျှောက်ထွက်လာစဉ် ကားတိုက်ခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

ရဟန်းတော်၏ မိသားစုဝင်တစ်ဦးက ကားတိုက်မှုကျူးလွန်ကာ ရုပ်ကလာပ်စွန့်ပစ်သွားသည့် ကားဆရာအား ကူညီရှာဖွေပေးရန် ၎င်း၏ လူမှုကွန်ရက်တွင် ကားနံပါတ်ကို ရိုက်ယူထားသည့် ဓာတ်ပုံနှင့်တကွ အကူအညီတောင်းခံထားသည်။

“ဘုန်းကြီးကသီလကောင်းတယ်ဗျ။ ဒီအရွယ်ကြီးနဲ့ မန္တလေးတောင် အဆင်း၊ အတက်လုပ်နိုင်သေးတယ်။ ဆွမ်းခံလည်းထွက်တယ် ။ App နဲ့ရိုက်ရှာကြည့်တဲ့အခါကျတော့ ကားက ပြည်ကြီးပျော်ဘွယ်(မန္တလေး ချမ်းအေးသာစံမြို့နယ် ပြည်ကြီးပျော်ဘွယ်ရပ်ကွက်)ထဲကဖြစ်နေတယ်။ App က Update ဖြစ်မဖြစ်တော့မသိဘူး။ နောက်တစ်ခုက နာမည်မပြောင်းဘဲ သက်တမ်းတိုးထားတဲ့ကားတွေမှအများကြီးပဲ။ အကောင်းဆုံးက ကညန မှာ သွားစစ်ပြီး၊ ရဲစခန်းမှာ အမှုဖွင့်တာ အကောင်းဆုံးပဲ” ဟု ရဟန်းတော်၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

ရဟန်းတော်၏ ရုပ်ကလာပ်ကို ယမန်နေ့ နေ့လယ်ပိုင်းက ပြန်လည်ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဈာပနကို ဇွန်လ ၈ ရက် နေ့လယ် ၂ နာရီအချိန်တွင် အေးရိပ်ငြိမ်သုဿန်၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း ကျန်ရစ်သူမိသားစုထံကသိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ရုပ်အလောင်းစွန့်ပစ်
#ကားဖြင့်တိုက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5😢3😁1
​​မြစ်ကြီးနားမြို့က တည်းခိုခန်းမှာ ကေအိုင်အေ အရာရှိ ၂ ဦး အဖမ်းခံရ
====================

အဂမ်
မဇ္ဈိမ။ ။မြစ်ကြီးနားမြို့က တည်းခိုခန်းတစ်ခုတွင် ကချင်လွတ်မြောက်ရေးတပ်မတော်( KIA )အရာရှိ နှစ်ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ မြို့ခံသတင်းရင်းမြစ်များက ဆိုသည်။

မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်က ကချင်ပြည်နယ်လွတ်တော်ရုံးနဲ့ ပေ ၁၀၀ ကျော်သာဝေးသည့် ရွှေလိပ်ပြာတည်းခိုခန်းတွင် ကေအိုင်အေတပ်အရာရှိနှစ်ဦး ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။

မြစ်ကြီးနားခရိုင်ရဲတပ်ဖွဲ့ရုံးက ဦးဆောင်သည့် တပ်နဲ့ ရဲ လှည့်ကင်းအဖွဲ့က ဇွန်လ ၅ ရက်နေ့ ညသန်းခေါင်ယံ အချိန်လောက်တွင် တည်းခိုခန်းသို့လာရောက်ကာ ဧည့်စာရင်းစစ်ရာမှ ကေအိုင်အေအရာရှိ နှစ်ဦး၏ လက်ကိုင်ဖုန်းပါ အချက်အလက်ကြောင့် ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ်က အခုလိုဆိုသည်။

“ ဟုတ်ပါတယ်။ ဧည့်စာရင်းစစ်တဲ့အချိန်မှာ ဖုန်းကိုစစ်တဲ့အချိန် ဖမ်းမိသွားတာပါ။ ရဲနဲ့ စစ်သားတွေပေါင်းထားတဲ့ ပတ်ကင်းအဖွဲ့က ဖမ်းခေါ်သွားတယ်။ ” ဟု သတင်းရင်းမြစ်က ဆိုသည်။

ဖမ်းဆီးခံရသူ နှစ်ဦးမှာ ကေအိုင်အို အုပ်ချုပ်ရေးရုံးမှ အရာရှိနှစ်ဦးဖြစ်ပြီး၊ ကေအိုင်အေ တပ်ရင်း (၁၁) မှ အုပ်ချုပ်ရေးအရာခံဗိုလ် အဒေါင် နှင့် မြစ်ကြီးနားတိုက်နယ် မလိဇုံနယ်ခွဲ (Mali Ginwang daw)မှ အရာခံဗိုလ် အင်ခွမ်လ တို့ ဖြစ်ကြောင်း ကေအိုင်အေတပ်နဲ့ နီးစပ်သည့် သတင်းရင်းမြစ်များက အတည်ပြုသော်လည်း မဇ္ဈိမ၏ မြေပြင်သတင်းအဖွဲ့က သီးခြားအတည်မပြုနိုင်သေးပေ။
ပြီးခဲ့သည့် မေလ ၆ ရက်နေ့ကလည်း တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် KIA တပ်ဖွဲ့ဝင်တစ်ဦးအပါအဝင် အမျိုးသားငါးဦး ဖမ်းဆီးခံရသေးသည်။

မြစ်ကြီးနားမြို့နယ်နှင့် ဖားကန့်မြို့နယ်တို့မှ (KIO/ KIA) အရာရှိများသည် KTVနှင့် တည်းခိုခန်း၊ ဟိုတယ်ခန်းတို့၌ မကြာခဏ ဖမ်းဆီးခံရလေ့ရှိနေသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#မြစ်ကြီးနားမြို့နယ်
#တည်းခိုခန်း
#ဖားကန့်မြို့နယ်
#KIO
#KIA
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9👏1😁1🤬1
​​ဧရာဝတီတိုင်း မြို့နယ် ၃ ခုက စစ်ဆေးရေးဂိတ်များကို စစ်ကောင်စီတပ် ဖြုတ်သိမ်း
=============================

မင်းထက်
(မဇ္စျိမ)။ ။ ဧရာဝတီတိုင်းအတွင်း၊ မြို့နယ် သုံးမြို့နယ်ရှိ မြို့ဝင်၊ မြို့ထွက် စစ်ဆေးရေးဂိတ်များ အားလုံးကို စစ်ကောင်စီတပ်က ပြန်ဖြုတ်သိမ်းသွားကြောင်း ထိုမြို့နယ်များရှိ ဒေသခံများက မဇ္ဈိမကို ပြောသည်။

ယမန်နေ့ ဇွန်လ ၆ ရက်နေ့မှ စတင်ကာ ဖြုတ်သိမ်းနေခြင်းဖြစ်ပြီး မည်သည့်အကြောင်းကြောင့် ဖြုတ်သိမ်းသည်ကို မသိရသေးကြောင်း ဒေသခံများက ဆိုသည်။

ဧရာဝတီတိုင်းရှိ မအူပင်၊ ဟင်္သာတနှင့် ဘိုကလေးမြို့နယ် သုံးခုက စစ်ဆေးရေးဂိတ်များကို စစ်ကောင်စီတပ်က ဖြုတ်သိမ်းသွားခြင်း ဖြစ်သည်။

ယနေ့ ဇွန်လ ၇ ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါ စစ်ဆေးရေးဂိတ်များ၌ စစ်ကောင်စီတပ်ဖွဲ့များ၊ ရဲများနှင့် စစ်ကောင်စီလက်အောက်ခံများ တစ်ဦးတစ်ယောက်မျှ မတွေ့ရတော့ဘဲ ကင်းတဲအလွတ်များသာ ကျန်ရှိတော့ကြောင်း ဒေသခံများက ပြောသည်။

"ဟင်္သာတမှာ စစ်ဆေးရေး ဂိတ်သုံးခုရှိတယ်။ အဲ့ဒီ သုံးဂိတ်လုံးမှာ စစ်သားနဲ့ ရဲတွေ တစ်ယောက်ဆိုတစ်ယောက်မှ မတွေ့ရတော့ဘူး။ ကင်းတဲတွေပဲ ကျန်ခဲ့တယ်။ မီးစက်ကအစ အကုန်ပြန်သိမ်းသွားကြတာဆိုတော့ စဥ်းစားစရာပဲဗျ။ တပ်ချိန်းတာဆိုရင်လည်း ချိန်းမယ့်တပ် ရောက်လာမှ ဂိတ်က စစ်သားတွေ ပြောင်းရတာ။ အခုက ထူးဆန်းနေတယ်"ဟု ဟင်္သာတမြို့နေ ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

အလားတူ ဘိုကလေးမြို့မှ မော်လမြိုင်ကျွန်းမြို့ဘက်သို့ သွားသောလမ်းတွင်ရှိသည့် သာပေါင်းစစ်ဆေးရေးဂိတ်နှင့် ဘိုကလေးမြို့မှ ရန်ကုန်မြို့ဘက်သို့သွားသည့် နတ်ချောင်းစစ်ဆေးရေးဂိတ်တို့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့များနှင့် ရဲများ မရှိတော့ကြောင်း မြို့ခံများက ပြောသည်။

မအူပင်မြို့ရှိ စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ် သုံးဂိတ်တွင်လည်း လမ်းကြေးကောက်သည့် သူများသာရှိတော့ကြောင်း ဒေသခံများက ဆိုသည်။ မအူပင်မြို့တွင်ရှိသည့် ဂိတ်သုံးဂိတ်အနက် မအူပင်မှ ကျိုက်လတ်ကိုသွားသည့် ဂိတ်သည် အာဏာသိမ်းပြီးနောက်မှ ဖွင့်လာသည့် ဂိတ် ဖြစ်သည်။

ထို့ပြင် ဟင်္သာတမြို့ရှိ ဂိတ်သုံးဂိတ်နှင့် ဘိုကလေးမြို့ရှိ ဂိတ်များအားလုံးသည် အာဏာသိမ်းပြီးနောက်ပိုင်းမှ ဖြစ်ပေါ်လာသော အာဏာသိမ်း စစ်ကောင်စီ၏ စစ်ရေး ဂိတ်များဖြစ်သည်။
ယခုမြို့နယ် သုံးခုအပြင် ဧရာဝတီတိုင်းအတွင်းရှိ အခြားမြို့နယ်များမှ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ မရှိတော့ဘဲ ရဲတပ်ဖွဲ့ဝင် အနည်းငယ်နှင့် ပြည်သူ့စစ်များသာ ရှိတော့ကြောင်း ဒေသခံများက ပြောသည်။

"လပွတ္တာက စစ်ဆေးရေးဂိတ်တွေမှာ စစ်သားတွေ မရှိတော့ဘူး။ ရဲနဲ့ပြည်သူ့စစ်တွေပဲ ရှိတော့တယ်။ လက်နက်တော့ ပေးထားတယ်လို့ သိရတယ်"ဟု လပွတ္တာမြို့နေ ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဂိတ်စခန်း ဖြုတ်သိမ်းနေမှုသည် လှည့်ကွက်ဖြစ်နိုင်ကြောင်းနှင့် တော်လှန်ရေး အင်အားစုများအနေဖြင့် သတိထားသင့်ကြောင်း ဧရာဝတီတိုင်း ဒေသခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တစ်ဦးက မဇ္ဈိမကို ပြောသည်။

"အခုလိုဖြုတ်သိမ်းတယ်ဆိုတာ စစ်တပ်အင်အားနည်းလာလို့ ဖြုတ်သိမ်းတာလည်း ဖြစ်နိုင်သလို အောင်းနေတဲ့ PDF တွေ အပြင်ကိုထွက်လာအောင် လှည့်ကွက်သုံးတာလည်း ဖြစ်နိုင်တယ်၊ တော်လှန်ရေးအဖွဲ့တွေအနေနဲ့ သတိကြီးကြီးထားသင့်သလို Scout(ကင်းထောက်)တွေ များများထားပြီးလည်း စောင့်ကြည့်သင့်ပါတယ်"ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူက သုံးသပ်သည်။
ထိုသို့ စစ်ဆေးရေးဂိတ်များ ဖြုတ်သိမ်းနေသော်လည်း ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အများစုတွင် စစ်ကောင်စီတပ်ဖွဲ့များ၏ လှည့်ကင်းများရှိနေသေးကြောင်း၊ ဟင်္သာတခရိုင်နှင့် ငပုတောမြို့နယ်တို့တွင် စစ်ကောင်စီတပ်ဖွဲ့များ မကြာခဏ စစ်ကြောင်းထိုးနေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

စာတည်း။ ။ နောင်နာင်
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#စစ်ဆေးရေးဂိတ်များဖြုတ်သိမ်း
#ဧရာဝတီတိုင်း
#လက်နက်ကိုင်တော်လှန်ရေး
#စစ်အာဏာရှင်ဖြုတ်ချရေး
#Mizzima
ဓာတ်ပုံ- ယနေ့ ဇွန်လ ၇ ရက်၊ နံနက်ပိုင်းအချိန် ဘိုကလေးမြို့အဝင် စစ်ဆေးရေးဂိတ် မြင်ကွင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11😁3
စစ်ကောင်စီတပ်၀င်ရောက်ခဲ့သည့် စဥ့်ကူးမြို့နယ်အတွင်းရှိ ကျေးရွာများအား ကာကွယ်ရေးတပ်ဖွဲ့ နယ်မြေရှင်းလင်းရေး ပြုလုပ် (ရုပ်သံ)
====================

ရောင်နီ
(မဇ္စျိမ)။ ။မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုး၀င်ရောက်သွားတဲ့ ကျေးရွာတွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဇွန်လ ၁ ရက်နေ့မှာ နယ်မြေရှင်းလင်းရေး ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကောင်စီတပ်က မတ္တရာမြို့နယ်နဲ့ စဥ့်ကူးမြို့နယ်အတွင်းက ကျေးရွာတွေကို မေလ ၂၁ ရက်နေ့က စပြီး စစ်ကြောင်းထိုး၀င်ရောက်ခဲ့တာပါ။

အဲ့ဒီ့နောက်မှာတော့ စဉ့်ကူးမြို့နယ်အတွင်းက ကျေးရွာတွေဖြစ်တဲ့ ကြက်တူရွေး၊ ဟင်္သာမ၊ သဲအင်း၊ ကျွန်းကြီးနဲ့ မြစ်ကမ်းကြီးကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

အဲ့ဒီလို စစ်ကြောင်းထိုး ၀င်ရောက်ခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား မေလ ၂၅ ရက်နေ့က စတင်ကာနှစ်ရက်ကြာ ထိတွေ့တိုက်ပွဲတွေလည်း ဖြစ်ပွားခဲ့ပြီး လေကြောင်းအသုံးပြု တိုက်ခိုက်မှုတွေလည်း ရှိခဲ့ပါတယ်။

ထိတွေ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က ၂၀ ဦးထက်မနည်း သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူတွေလည်း များပြားခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ် ၀င်ရောက်ခဲ့တဲ့ ကျေးရွာတွေဟာ ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ဒေသခံပြည်သူများစွာ ဘေးလွတ်ရာမှာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

https://youtu.be/dovIjRzEMMM

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#စဥ့်ကူးမြို့နယ်
#စစ်ကောင်စီတပ်
#စစ်ကြောင်းထိုး
#မီးရှို့ဖျက်ဆီး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥1😁1😢1
ဇွန်လ (၇)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
==================

01:03 - ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွှေနှင့်ဒေါ်လာအမှု အထူးအယူခံကိုပြည်ထောင်စုတရားလွှတ်တော်ချုပ် လက်ခံတဲ့သတင်း

02:45 - လမိုင်းမှာ စစ်ကောင်စီထောင်ထားတဲ့ မြေမြုပ်မိုင်းပေါက်ကွဲပြီး အရပ်သား ၁ဦး အပြင်းအထန်ဒဏ်ရာရတဲ့သတင်း

04:05 - တနင်္သာရီမြို့နယ် ချောင်းညီကိုရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၁၀ ဦးခန့်သေဆုံးတဲ့သတင်း

06:00 - ရန်ကုန် PDF တပ်ရင်း (၅၁၀၁) ရဲ့ စစ်ရေးလေ့ကျင့်မှုတွေ ထုတ်ပြန်တဲ့သတင်း အပါအဝင်တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တက်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ။

https://youtu.be/rSNHW1i4XoY

#4pmnews
#Mizzimanewshour
---------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6😁1🤮1
​​ရွှေဘိုတွင် စစ်ကောင်စီတပ်အထိုင်ချထားသည့် ပျူစောထီးရွာကို ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ခိုက်မှု ၁၄ ဦး သေဆုံး
====================

ရောင်နီ
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ် အထိုင်ချတပ်စွဲထားသည့် တည်သီး တော ပျူစောထီးကျေးရွာကို ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း ဗိုလ်ကျားရိုင်း ရွှေဘို LPDF တပ်ဖွဲ့ ပြန်ကြားရေးတာ၀န်ခံက မဇ္စျိမကို ပြောသည်။

စစ်ကောင်စီတပ်မှ အင်အား ၅၀ ခန့်ဖြင့်တပ်စွဲထားပြီး ပျုစောထီးအားကောင်းသည့် တည်သီးတောကျေး ရွာကို ကာကွယ်ရေးမဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက ဇွန်လ ၆ ရက်နေ့ နံနက် ၄ နာရီ ၄၅ မိနစ်တွင် သွားရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ စီးနင်းတိုက်ခိုက်ရာတွင် ကျေးရွာအတွင်းရှိ စစ်ကောင်စီတပ်၊ ပျူစောထီးများနှင့် ကာကွယ်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကြား နှစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ပျူစောထီးရွာထဲမှာရှိတဲ့ စစ်တပ်ဘန်ကာတွေနဲ့ ပျူစခန်းတွေကို စီးနင်းနိုင်ခဲ့တယ်” ဟု ဗိုလ်ကျားရိုင်း ရွှေဘို LPDF တပ်ဖွဲ့ ပြန်ကြားရေးတာ၀န်ခံ ရဲဘော်ဗလကြီးက မဇ္စျိမကို ပြောသည်။
ကာကွယ်ရေးတပ်ဖွဲ့များက ကျေးရွာအတွင်းသို့ ၀င်ရောက်စီးနင်းနိုင်ခဲ့သော်လည်း ရွာအတွင်းရှိ ဆေးရုံ ပေါ်မှ ခုခံပစ်ခတ်သည့် စစ်ကောင်စီတပ်ဖွဲ့၀င်များကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ဆိုသည်။

“ အဲဒီရွာမှာ ဆေးရုံရှိတယ်။ သုံးထပ်ဆောင် အုတ်တိုက်နဲ့ဆောက်ထားတာ။ အဲဒီက ခံပစ်နေတဲ့ စခ ခြောက်ကောင်ကိုတော့ မဖြိုခဲ့နိုင်ဘူး။ ၄၀ မမ တွေ၊ လက်နက်ကြီးတွေပဲပါလို့ အုတ်တိုက်ကို မပေါက်ဘူး။ RPG ပါရင်တော့ ဖြိုနိုင်တယ်။ သူတို့ကိုသာ ဖြိုနိုင်ခဲ့ရင် လက်နက်တွေပါ သိမ်းဆည်ရရှိခဲ့မှာပါ” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ် အထိုင်ချတပ်စွဲထားသည့် တည့်သီးတောပျူရွာကို ကာကွယ်ရေးမဟာမိတ် ပူးပေါင်းတပ် ဖွဲ့များ၏ စီးနင်းတိုက်ခိုက်မှုအတွင်း ယနေ့ ဇွန်လ ၇ ရက်နေ့ မွန်းလွဲပိုင်းအထိ ရရှိထားသည့် သတင်းများ အရ ၁၄ ဦးသေဆုံးကာ ၂၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ထို့ပြင် တိုက်ခိုက်မှုဖြစ်ပွားချိန်အတွင်း ဇီးဖြူကုန်းကျေးရွာမှ စစ်ကူလာရောက်သည့် စစ်ကောင်စီတပ်မှ ယာဥ်တစ်စီးကို ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ရာ လေးဦးသေဆုံးခဲ့သေးကြောင်းလည်း ကာကွယ်ရေးတပ်ဖွဲ့ က ဆိုသည်။

“ကျွန်တော်တို့ဘက်က အထိအခိုက်မရှိဘူး၊ သူတို့ဘက်က ၁၄ ကောင်သေတယ်။ မျက်မြင်ရယ် နောက် ထပ်သိရတဲ့ သတင်းတွေအရပေါ့။ ဒဏ်ရာရတာ ၂၀ ကျော်တယ်။ အဲဒီအချိန် ဇီးဖြူကုန်းကလာတဲ့ စစ် ကားကို မိုင်းဆွဲတာမှာ လေးကောင်သေတယ်” ဟု ပြန်ကြားရေးတာ၀န်ခံက ပြောသည်။

အာဏာသိမ်းပြီးနောက် ရွှေဘိုမြို့နယ် တည့်သီးတောကျေးရွာ၌ စစ်ကောင်စီတပ်က ပျူစောထီးများနှင့် ပူးပေါင်းကာ တပ်စွဲထားခဲ့ခြင်း ဖြစ်သည်။


စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်းတိုင်း
#ရွှေဘိုမြို့နယ်
#တည်သီးတောကျေးရွာ
#ပျူစောထီး

ပုံစာ - စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င် ရဲဘော်များ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤12👍7🥰3👏2😁2
ကော့ကရိတ်တွင် စစ်ကောင်စီတပ်၏လက်နက်ကြီးကြောင့် ကလေးငယ် သေဆုံး၊ ၂ ဦးဒဏ်ရာရ
👍3🔥2🤬2😁1
ကော့ကရိတ်တွင် စစ်ကောင်စီတပ်၏လက်နက်ကြီးကြောင့် ကလေးငယ် သေဆုံး၊ ၂ ဦးဒဏ်ရာရ
======================

YT
(မဇ္ဈိမ)။ ။ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၆) နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ဟောင်သရောကျေးရာအုပ်စု၊ ရွာတန်းရှည်ကျေးရွာတွင် စစ်ကောင်စီတပ် ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်၍ ကလေးငယ်တစ်ဦးသေဆုံးကာ ဒေသခံနှစ်ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ယနေ့ ဇွန်လ ၇ ရက် နံနက် ၉ နာရီ ၂၀ မိနစ်တွင် ကော့ကရိတ်မြို့နယ်၊ ရေကျော်ကြီးကျေးရွာအုပ်စု၊ လှိုင်ဝကျေးရွာအခြေစိုက် လှိုင်ဝအမြှောက်ကုန်းရှ စစ်ကောင်စီတပ်သားများက ၁၂၀ မမ အမျိုးအစား လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

" ဒီမနက် ထိတာပါ။ ဒေါ်တပိအိမ်ကို ကျတာ။ ဆုံးသွားတာက ဒေါ်တပိသားလေး။ တိုက်ပွဲဖြစ်တာမရှိဘူး။ ဒီလိုပဲ နေ့၊ ည ပစ်နေတာပဲလေ သူတို့က " ဟု ဒေသတွင်း သတင်းအရင်းအမြစ်တစ်ဦးက မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီ ပစ်ခတ်သည့် လက်နက်ကြီးကျည်များအနက် တစ်လုံးသည် ရွာတန်းရှည်ကျေးရွာအတွင်းရှိ ဒေါ်တပိ၏ နေအိမ်အတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်းဟု သိရသည်။

ထို့ကြောင့် ဒေါ်တပိ၏ သားဖြစ်သူ အသက် ၁၂ နှစ်အရွယ်ရှိ စောကျော်သန်းအောင် သေဆုံးခဲ့ရပြီး အသက် ၄၃ နှစ်အရွယ်ရှိဒေါ်တပိနှင့် အသက်လေးနှစ်အရွယ်ရှိ နန်းရေဝတီတို့မှာ ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ်ပါပျက်စီးခဲ့ရကြောင်း ဆိုသည်။

ဇွန်လ ၆ ရက်နေ့၊ နေ့လယ် ၁ နာရီ ၄၀ မိနစ်ကလည်း စစ်ကောင်စီတပ်က လေကြောင်းမှ ဂျက်ဖိုက်တာဖြင့် ကလူစတာဗုံး (Cluster Bomb) ပစ်ချခဲ့၍ ကော့ကရိတ်မြို့နယ်၊ ဆံဖလားကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ထို Cluster Bomb အတွင်း ပါဝင်သော ဗုံးသီးငယ်များ ကျရောက်ပေါက်ကွဲမှုကြောင့် ဆံဖလားကျေးရွာမှ မူလတန်းစာသင်ကျောင်းတစ်ကျောင်းနှင့် ဒေသခံနေအိမ်လေးလုံး ထိမှန်ပျက်စီးခဲ့ပြီး အခြားသောဒေသခံများ၏ စိုက်ပျိုးခြံများလည်းထိမှန်ပျက်စီးမှုရှိကြောင်း ဆိုသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#တပ်မဟာ၆
#ကလေးငယ်
#သေဆုံး
#ဒဏ်ရာရ
#လက်နက်ကြီး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥2😁1🤬1