Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ခုနှစ် ဇွန်လ ၇ ရက်ထုတ်လွှင့်မှုများ
==================

https://youtu.be/XSyatBh8YHE


#PVTV
#mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10🤮1🍌1
ကြံခင်းမြို့နယ်တွင် စကြဝတေးမင်းကြီး သပိတ်ကော်မတီမှ (၁၀၅)ကြိမ်မြောက် ဆန္ဒထုတ်ဖော်
=======================

မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ်တွင် ယနေ့ ဇွန်လ ၇ ရက်နေ့ မွန်းလွဲပိုင်းအချိန်က စကြဝတေးမင်းကြီးသပိတ်ကော်မတီမှဦးဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။

"ဘောင်မဝင် တန်းမဝင်(စကစ) ငါတို့ပြည်သူ လူရာမသွင်းဘူး ကိုယ့်နေရာကိုသိ"စာသားပါ ဘန်နာအားကိုင်စွဲကာ ကြံခင်းမြို့ပေါ်တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးက ပြောသည်။

စကြဝတေးမင်းကြီး သပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်များ ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ် ဖော်မှုသည် အဆိုပါသပိတ်ကော်မတီ၏ (၁၀၅)ကြိမ်မြောက်ဆန္ဒထုတ်ဖော်မှုဖြစ်သည်ဟုသိရသည်။

#ဆန္ဒပြ
#Mizzima
👍18❤10🔥1😁1
​​ပီအက်စ်ဂျီကနေ ထွက်ခွာပြီးနောက် လီယွန်နယ် မက်ဆီ အင်တာမိုင်ယာမီကို ပြောင်းရွှေ့တော့မှာဖြစ်
=========================

အာဂျင်တီးနား ဂန္တဝင် လီယွန်နယ် မက်ဆီဟာ ပြင်သစ်ချန်ပီယံ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာပြီးနောက် ဒေးဗစ်ဘက်ခမ်း ပူးတွဲပိုင်ဆိုင်တဲ့ အမေရိကန်ကလပ် အင်တာမိုင်ယာမီကို ပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။

ဘာစီလိုနာတိုက်စစ်မှူးဟောင်းဟာ ဆော်ဒီအာရေးဗီးယားကလပ် အလ်-ဟီလာလ်ထံမှ ပိုမိုအကျိုးရှိတဲ့ ကမ်းလှမ်းမှုကို ပယ်ချဖို့ စီစဉ်ထားပါတယ်။

မိုင်ယာမီအသင်းနဲ့ အပြောင်းအရွှေ့သဘောတူညီချက်မှာ Adidas နဲ့ Apple တို့လို အမှတ်တံဆိပ်တွေဆီက ပူးပေါင်းဆောင်ရွက်မှု ပါဝင်ပါတယ်။
👍7👏2🔥1
​​ယူရိုပါကွန်ဖရင့်လိဂ် ဗိုလ်လုပွဲမတိုင်ခင် ဖီအိုရင်တီးနား ပရိသတ်တွေ ဝက်စ်ဟမ်းပရိတ်သတ်တွေကို တိုက်ခိုက်ခဲ့
==================

ပရာ့ဂ်မှာ ယူရိုပါကွန်ဖရင့်လိဂ် ဗိုလ်လုပွဲမတိုင်ခင် ဝက်စ်ဟမ်းပရိသတ်တွေဟာ ဖီအိုရင်တီးနား ပရိသတ်တွေရဲ့ တိုက်ခိုက်ခံရအပြီးမှာ လူ ၁၆ ဦးကို ချက်ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဝင်တစ်ဦးလည်း အခင်းဖြစ်ပွားချိန်မှာ တိုက်ခိုက်ခံခဲ့ရကြောင်း အတည်ပြုမှုနဲ့အတူ Rytirska လမ်းရှိ ဘားတစ်ခုမှာ လူသုံးဦး ဒဏ်ရာရရှိခဲ့ပါတယ်။ 

အမည်မဖော်လိုတဲ့ ဝက်စ်ဟမ်းပရိသတ်တစ်ဦးက သူ့သူငယ်ချင်းဖြစ်သူမှာ ခေါင်းကို ပြင်းပြင်းထန်ထန် ဖြတ်ရိုက်ခံရကာ တော်တော်လေးနာသွားခဲ့ရကြောင်း PA News ကို ပြောပါတယ်။
🔥4👍2🤬1
ကွန်းဖရန့်လိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲ (ပွဲပြီးရလဒ်)
===============

ဖီအိုရင်တီးနား ၁-၂ ဝက်စ်ဟမ်း
ဘိုနာဗန်ကျူရာ ၆၇' | ဘန်ရာမာ ၆၂' (Pen)၊ ဘိုဝင် ၉၀'

- ဟမ်းမားတို့ဟာ ၁၉၈၀ အက်ဖ်အေဖလားနောက်ပိုင်း သူတို့ရဲ့ ပထမဆုံးသော အဓိကဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

(Photos: EPA)
#EuropaConferenceLeague
#ECL
👍14🔥1
ဇွန်လ (၈) ရက်၊ ကြာသပတေးနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
====================

ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

ရန်ကုန် PDF တပ်ရင်း (၅၁၀၁) ရဲ့ စစ်ရေးလေ့ကျင့်မှုတွေ ထုတ်ပြန်လာတဲ့သတင်းနဲ့အတူ နတ်သံကွင်းမြို့တိုက်ပွဲမှာ စစ်ကောင်စီပစ်မှတ်နေရာ ငါးခုကို အတိအကျ တိုက်ခိုက်နိုင်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဒေသခွဲက ပြောတဲ့သတင်းအပါအဝင် တခြား စိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ Spring University က ပေးပို့တဲ့ အစီအစဉ်ကို နားဆင်ရမှာပါ။

သတင်းတွေအပြီးမှာတော့ ရေဒီယိုသတင်းဆောင်းပါးကို ဆက်လက်နားဆင်ရမှာဖြစ်ပါတယ်။

https://youtu.be/2xbJUqEoN_Y

#Mizzimaradio
#Morningradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍12😁6
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ (ဇွန်လ ၈ ရက်၊ ၂၀၂၃ ခုနှစ် | VOA On Mizzima)
=====================

ကိုဗစ်ကပ်ဘေးလွန်ကာလ အမေရိကန်က အလုပ်သမားစျေးကွက် အနေအထား၊ ပညာရေးအပိုင်းရော ကိုဗစ်က အထက်တန်းကျောင်းသားတွေကို ဘယ်လို ရိုက်ခတ်မှု ဖြစ်စေခဲ့ပါလဲ၊ နောက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတင်းတပုဒ်မှာတော့ ဥတုရာသီပူနွေးလာမှုက ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်မှာတောင် မြင်သာထင်သာ ရှိနေပါပြီ။ ဒီလို နိုင်ငံတကာ သတင်းဆောင်းပါးတွေအပြင်၊ နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ ဇွန် ၈ ရက်၊ ကြာသပတေးမနက် မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/ydrcNGhZNxk

#voa
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍3🤮1🌭1
ပြည်သူတွေရဲ့ ဒီမိုကရေစီဆာငတ်မှုနဲ့ သတင်းမှန်ရယူလိုမှုကို စစ်ကောင်စီ တားဆီးလို့မရနိုင်
========================

မြန်မာပြည်မှာ အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီက ပြည်သူတွေကို အသုံးပြုခွင့် ကန့်သတ် ထားတဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ သတင်းတွေဖြန့်ချိဖို့ ကြိုးပမ်းပေမယ့် မအောင်မြင်ဘူးလို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက အင်ဒိုနီးရှား နိုင်ငံက သတင်းဌာန တစ်ခုကို ပြောဆိုခဲ့ပါတယ်။

ဒါကို သူက မီဒီယာအနိုင်ကျင့် ခံရတာလို့ သုံးနှုန်းပြောဆိုခဲ့ပြီး လွတ်လပ်တဲ့တခြား သတင်းဌာနတွေကိုတော့ သတင်းမှားတွေတင်တဲ့ မီဒီယာတွေလို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။ လူမှုကွန်ရက်ပေါ်မှာ ရှိနေတဲ့ သတင်းဌာနတွေဟာ သတင်းမှားတွေထုတ်လုပ်နေတဲ့ အတွက် ပြည်သူတွေက သတင်းအမှားတွေကို ယုံနေကြတယ်လို့လည်း ဦးမောင်မောင်အုန်းက ပြောပါသေးတယ်။

https://youtu.be/qf9YCtMrN1U

#politics
#newsfeature
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍19🤮3❤2😁2
အမေရိကန်အလုပ်သမား ရှားပါးလာမှု | VOA on Mizzima
================

အမေရိကန်ပြည်ထောင်စုမှာ ကိုဗစ်ကပ်ဘေးကာလနောက်ပိုင်း အလုပ်အကိုင်အတော်များများမှာ အလုပ်သမားပြတ်လပ်မှုကြုံလာရသလို၊ အလုပ်ရှင်တွေအဖို့ ဝန်ထမ်းအလုပ်သမားရှာဖို့ ပိုပြီးခက်ခဲလာကြပါတယ်။ ဒီအကြောင်း အေပီသတင်းကို ကိုအောင်အောင် တင်ဆက်ထားပါတယ်။

https://youtu.be/DD2MtRyLoEk

#voa
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🔥3👍1😁1