Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
Project C.U.R.E က မြန်မာနိုင်ငံအတွက် ဆေးနှင့်ဆေးပစ္စည်းများလှူဒါန်းရန် NUG နှင့်ဆွေးနွေး
❤17🥴3👍1
Project C.U.R.E က မြန်မာနိုင်ငံအတွက် ဆေးနှင့်ဆေးပစ္စည်းများလှူဒါန်းရန် NUG နှင့်ဆွေးနွေး
===========================

(မဇ္ဈိမ)။ ။အမေရိကန်နိုင်ငံအခြေစိုက်၊ ကမ္ဘာ့အကြီးဆုံး ကျန်းမာရေးထောက်ပံ့ကူညီမှုအသင်း Project C.U.R.E မှ မြန်မာနိုင်ငံသို့ ဆေးနှင့် ဆေးပစ္စည်းများလှူဒါန်းရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ယနေ့ ဇွန်လ ၈ ရက်နေ့တွင် ထုတ်ပြန် ထားသည်။

အမေရိကန်ပြည်ထောင်စု၊ ကိုလိုရာဒိုပြည်နယ်၊ ဒင်းဗားမြို့တော်ရှိ Project C.U.R.E. အပြည်ပြည်ဆိုင်ရာဌာနချုပ် ရုံး၌ Project C.U.R.E. မှ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Dr. Doug Jackson ၊ ဒုဥက္ကဋ္ဌ များဖြစ်သည့် Kristofer Anderson ၊ Deborah Johns တို့နှင့် ဇွန်လ ၅ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ယခုအချိန်တွင် မြန်မာပြည်ရှိ တိုင်းရင်းသားလူမျိုးနွယ်ပေါင်းစုံ ဒုက္ခဆင်းရဲခြင်း မြောက်မြားစွာကြုံတွေ့ခံစား နေရ သည်ကို နားလည်ကိုယ်ချင်းစာကြောင်းနှင့် Project C.U.R.E. အနေဖြင့် မြန်မာပြည်သူများကို အတတ်နိုင်ဆုံးကူညီ ဆောင်ရွက်မည်ဟု Dr. Doug Jackson က ပြောကြားခဲ့ကြောင်း သိရသည်။

“အစည်းအဝေးတွင် တိုင်ပင်ဆုံးဖြတ်ခဲ့သော လုပ်ငန်းစဉ်များကို ချက်ချင်းအကောင်ထည်ဖော် ဆောင်ရွက်သွား မည်” ဟု NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောကြားသည်။
Project C.U.R.E သည် နိုင်ငံပေါင်း ၁၃၅ နိုင်ငံကျော်တွင် ကန့်သတ်အရင်းအမြစ်ရှိသည့် ဒေသများမှလူနာများ အတွက် ဆေးနှင့်ဆေးပစ္စည်းများကို ကူညီဖြန့်ဖြူးလှူဒါန်းလျက်ရှိသည့် ကမ္ဘာ့အကြီးဆုံးအဖွဲ့အစည်း ဖြစ်သည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ

#ProjectC.U.R.E
#အမေရိန်ကန်
#ဆေးဝါးအကူအညီ
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍25❤2😁2
အညာကစစ်ရှောင်တွေ စိတ်ပိုင်းဆိုင်ရာထိခိုက်မှု ကြုံတွေ့နေရ
=====================

MTO (မဇ္ဈိမ)။ ။အဏာသိမ်းစစ်ကောင်စီတပ်ဟာ သူတို့ကို တော်လှန်နေတဲ့ အညာဒေသကို စစ်အုပ်ချုပ်ရေး ကြေညာပြီး မြေပြင်ကရော၊ ဝေဟင်ကပါတိုက်ခိုက်နေတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ အညာဒေသခံစစ်ရှောင်ဒုက္ခသည်တွေဟာ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေနဲ့ ကြုံတွေ့နေရပါတယ်။

တော်လှန်ရေးအတွင်း သားသမီးတွေ ဆုံးရှုံးခဲ့ရပြီး ကိုယ်တိုင်လည်း စစ်ရှောင်နေရတဲ့ သက်ကြီးရွယ်အို အဖိုး၊ အဖွားတွေမှာ စိတ်ပိုင်းဆိုင်ရာကျဆင်းမှုတွေ အဓိကကြုံနေရတာပါ။

စိတ်ဓာတ်ကျမှုတွေကြောင့် ကျန်းမာရေးထိခိုက်ပြီး စစ်ရှောင်ရင်းသေဆုံးသူတွေလည်း ရှိတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားအဖွဲ့က ကိုနေသူရက မဇ္ဈိမကို ပြောပါတယ်။

သတင်း၊ တည်းဖြတ်၊ တင်ဆက် - MTO
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

https://youtu.be/Gd5uE66ZyWk

#အညာ
#စစ်ရှောင်
#စိတ်ပိုင်းဆိုင်ရာ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😢14😁2❤1👍1
အရည်ပျော်နေတဲ့ ဧဝရတ်တောင် | VOA on Mizzima
==================

ကမ္ဘာ့မှာ ဥတုရာသီပြောင်းလဲဖောက်ပြန်မှုအကျိုးဆက်ကြောင့် ကမ္ဘာ့အမြင့်ဆုံး နှင်းတောင်ကြီးတွေကနေ နှင်းတွေအရည်ပျော်ကျတာ တွေ့နေရပါတယ်။ ကမ္ဘာ့အပူချိန်မြင့်တက်တာ၊ ရေခဲလွှာတွေနဲ့ နှင်းထုတွေ အရည်ပျော်တာကြောင့်လည်း ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ပေါ်က ရာသီဥတုအခြေအနေေတွေ ကြိုတင်ခန့်မှန်းဖို့ ပိုပြီးခက်ခဲလာပါတယ်။ ဧဝရက်တောင်ထိပ်ကို လူသားတွေ ပထမဆုံး ခြေချနိုင်ခဲ့တာ အနှစ် (၇၀) ပြည့်ရောက်လာချိန်မှာ ဧဝရတ်တောင်ကြီး ပတ်ဝန်းကျင်ပူနွေးမှုရဲ့ ဒဏ်တွေ ဘယ်လိုခံနေရပါလဲ။ AP သတင်းဆောင်းပါးကို နန်းလောင်ဝ် တင်ပြထားပါတယ်။

https://youtu.be/335P8NboKHI

#voa
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9🔥3
This media is not supported in your browser
VIEW IN TELEGRAM
ဗြိတိန်မှာရှိတဲ့ တရားမဝင်တရုတ်ရဲစခန်းတွေကိုပိတ်သိမ်းဖို့ ဗြိတိန်အမိန့်ထုတ်

https://www.facebook.com/reel/153526327712204

#International #MizzimaTV #China #Reels #shorts
👍14😁2
​​NLD ဝန်ကြီး ၂ ဦး၏ အဂတိမှု အထူးအယူခံကို တရားလွှတ်တော်ချုပ် ပယ်ချ
=====================

001
(မဇ္ဈိမ)။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အစိုးရလက်ထက် နေပြည်တော်မြို့တော်ဝန် ဒေါက်တာ မျိုးအောင်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းတို့၏ အထူးအယူခံအမှုများကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပယ်ချလိုက်ကြောင်း တရားရုံးနှင့်နီးစပ်သူများက မဇ္ဈိမကို ပြောသည်။

အဆိုပါအမှုများကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဇွန်လ ၆ ရက်နေ့ရုံးချိန်းတွင် ပယ်ချလိုက်ခြင်းဖြစ် ကြောင်း သိရသည်။
ဒေါက်တာမျိုးအောင်နှင့် ဦးနိုင်ငံလင်းတို့ အမိန့်ချခံထားရသည့် အဂတိလိုက်စားမှု အမှုခြောက်မှုကို ပထမအကြိမ် အယူခံတက်ရာတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပယ်ချလိုက်သည့်အတွက် အထူးအယူခံဆက်တက် ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အဆိုပါအမှုများကို အထူးအယူခံဝင်ခွင့်မပေး ဘဲ အကျဉ်းနည်းဖြင့် ပလပ်လိုက်ကြောင်းခြင်းဖြစ်သည်ဟု တရားရုံးနှင့် နီးစပ်သူများက ပြောသည်။ “အထူးအယူခံဝင်ခွင့် မပြုတော့ဘူးပေါ့။ အဲဒီလိုဆိုတော့ အထူးအယူခံပြီးရင် ဘာမှလုပ်လို့မရတော့ဘူး” ဟု တရား ရုံးနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

ပလပ်ခံရသည့် အမှုများတွင် ဒေါက်တာမျိုးအောင်အား ရွေးကောက်ပွဲကာလအတွင်း ရွေးကောက်ခံ ကိုယ်စားလှယ် လောင်းများအတွက် အလှူငွေလက်ခံရယူသည်ဟုဆိုကာ အမိန့်ချမှတ်ခဲ့သည့် အဂတိအမှုတစ်မှုလည်း ပါဝင်သည်။ကျန်သည့်ငါးမှုမှာ ဦးနိုင်ငံလင်းအား ပညာရေးဆိုင်ရာအဆောက်အဦးများ ဆောက်လုပ်ရေးတင်ဒါကော်မတီ ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်စဉ်က လုပ်ငန်းရှင်အချို့ထံမှ လာဘ်ယူသည်ဟုဆိုကာ အမိန့်ချမှတ်ခဲ့သည့် အဂတိအမှုငါးမှု ဖြစ် သည်။

ဦးနိုင်ငံလင်းအနေဖြင့် အဆိုပါအမှုငါးမှုအတွက် အလုပ်နှင့်ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံခဲ့ရပြီး ဒေါက်တာ မျိုးအောင် အနေဖြင့်မူ လက်ရှိတွင် စစ်ကောင်စီဘက်က စွပ်စွဲထားသည့်အမှုများအတွက် ထောင်ဒဏ် အနှစ် ၂၀ ကျော် ချမှတ် ခံထားရသည်။၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ် ဇွန်လ ၇ ရက်နေ့အထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၃,၂၈၃ ဦးရှိပြီး ထို အထဲမှ ၁၈,၉၅၃ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ကောက်ယူထားသော မှတ်တမ်းများအရ သိရသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ

#ဒေါက်တာမျိုးအောင်
#ဦးနိုင်ငံလင်း
#mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12🤬6❤1👏1😁1
​​'ကျနော် ဆုံးဖြတ်ပြီးပါပြီ' - အင်တာမိုင်ယာမီကို ပြောင်းရွှေ့မယ်ဆိုတဲ့ မက်ဆီ
==================

ပြင်သစ်ချန်ပီယံ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာပြီးနောက် အသင်းဟောင်း ဘာစီလိုနာနဲ့ ဆော်ဒီကလပ် အလ်-ဟီလာလ်တို့ကို မရွေးချယ်ဘဲ ဒေးဗစ်ဘက်ခမ်း ပူးတွဲပိုင်ဆိုင်တဲ့ အမေရိကန်ကလပ် အင်တာမိုင်ယာမီကို ပြောင်းရွှေ့မယ်လို့ အာဂျင်တီးနား ဂန္တဝင် လီယွန်နယ် မက်ဆီက ဗုဒ္ဓဟူးနေ့မှာ အတည်ပြု ပြောဆိုလိုက်ပါတယ်။

မိုင်ယာမီအသင်းနဲ့ အပြောင်းအရွှေ့သဘောတူညီချက်မှာ Adidas နဲ့ Apple တို့လို အမှတ်တံဆိပ်တွေဆီက ပူးပေါင်းဆောင်ရွက်မှု ပါဝင်ပါတယ်။

အသက် ၃၅ နှစ်ရှိ မက်ဆီဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားအတွက် ဘလွန်းဒီအောဆုကို ခုနစ်ကြိမ်တိုင်တိုင် ဆွတ်ခူးခဲ့ပြီး ကမ္ဘာ့ဖလားအောင်မြင်ပြီးနောက် ဒီနှစ်နှောင်းပိုင်းမှာ ဒီဆုကို ရရှိဖို့ မျှော်လင့်ရပါတယ်။
👍9🥰3😁1
Media is too big
VIEW IN TELEGRAM
အရည်ပျော်နေတဲ့ ဧဝရတ်တောင် | VOA on Mizzima

Watch more detail - https://youtu.be/335P8NboKHI

#VOA #ဧဝရတ်တောင် #အရည်ပျော် #Mizzima #shorts #reels
🔥2👍1🍌1
​​ဇွန်လဒုတိယလပတ်အတွင်း မြန်မာတနိုင်ငံလုံးသို့ အနောက်တောင်မုတ်သုံလေဝင်ရောက်နိုင်၊ ကမ်းရိုး တန်းဒေသများ မိုးကြီးမည့် သတိပေးချက် NUG ထုတ်ပြန်
==================

ဂျူချန်း
(မဇ္ဈိမ)။ ။ဇွန်လ ဒုတိယလပတ်အတွင်း မြန်မာတနိုင်ငံလုံးသို့ အနောက်တောင်မုတ်သုံလေဝင်ရောက်နိုင်ပြီး ကမ်းရိုးတန်းဒေသများဖြစ်သော ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊​တနင်္သာရီတိုင်းနှင့် ရန်ကုန်တိုင်းတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစိီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM)က သတိပေးထားသည်။

ဇွန်လ ၅ရက်မှ ဇွန်လ ၁၁ရက်အတွင်း မိုးလေဝသကြိုတင်ခန့်မှန်းချက်ကို MOHADMက ထုတ်ပြန်ထားရာ အထက်ပါတိုင်းနှင့်ပြည်နယ် လေးခု၌ ယနေ့ ဇွန်လ ၈ရက်နှင့် ဇွန်လ ၁၀ရက်အတွင်း နေရာကွက်၍ မိုးကြီးနိုင်မည့် သတိပေးချက် ပါဝင်နေသည်။
ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ် မြို့နယ်အများစု၌ ယခုရက်ပိုင်း မိုးကောင်းနေသည်ဟု ဒေသခံများကပြောသည်။

“ဒီရက်အတွင်း နေ့တိုင်းရွာတယ်။ နည်းတဲ့ရက်နည်း၊များတဲ့ရက်များပေါ့။ အခုတော့ မိုးအုံ့နေတယ်။ ရွာရင်တော့ ကြီးကြီးပဲ။ မိုးပေါက်လည်းကြီးတယ်” ဟု မော်လမြိုင်မြို့မှ ဒေသခံတစ်ဦးက မဇ္ဈိမ ကိုပြောသည်။

ရခိုင်ပြည်နယ် မြို့နယ်အများစုတွင်လည်း ယခုရက်ပိုင်း မိုးဆက်တိုက်ရွာနေသည်ဟု ဒေသခံများကပြောသည်။
အနောက်တောင်မုတ်သုံလေသည် ဇွန်လ ၈ ရက်နှင့် ဇွန်လ၁၀ ရက်ဝန်းကျင်တွင် မြန်မာနိုင်ငံတနိုင်ငံလုံးသို့ ဝင်ရောက်နိုင်သည်ဟု MOHADM က ခန့်မှန်းထားသည်။

လတ်တလောတွင် ဘင်္ဂလားပင်လယ်အော်၌ ဖြစ်နေသော လေဖိအားနည်းဆဲလ်အရှိန်ကြောင့် မုတ်သုံလေအားအလွန်ကောင်းနေပြီး တိုင်းနှင့်ပြည်နယ်ကိုးခုတွင် မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ ဇွန်လ ၈ ရက်နေ့ နံနက် ၇နာရီတွင် သတိပေးချက်ထုတ်ပြန်ထားသည်။

တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တွင် ဒေသအလိုက်နှင့် မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ချင်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်တွင် ပုံမှန်ထက်မိုးကြီးပါက မြေပြိုမည့်ဘေးအန္တရာယ်သတိပြုရန် လုပ်အပ်သည်ဟု ဘူမိဗေဒပညာရှင်တစ်ဦးကပြောသည်။ဇွန်လသည် ပုံမှန်အားဖြင့် အနောက်တောင်မုတ်သုံလေ မြန်မာတနိုင်ငံလုံးသို့ဝင်ရောက်လေ့ရှိပြီး ဒေသအများစု မိုးကောင်းလေ့ရှိသည်။

စာတည်း - မောင်ကြီး

#mizzima
#ဇွန်
#အနောက်တောင်မုတ်သုံလေ
#မိုးကြီးမည့်သတိပေးချက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13🔥3❤1🤯1
This media is not supported in your browser
VIEW IN TELEGRAM
June - 8 [2 Pm] Mizzima News Hour

Mizzima Headline News

#2pmnews #mizzimanewshour #reels
#shorts
👍2🍌2😁1
ဇွန်လ ၈ ရက်၊ မွန်းလွဲ ၂ နာရီ၊ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=====================

00:58-ကိုးကန့်မှာ စစ်ကောင်စီနဲ့ MNDAA တို့ကြား တိုက်ပွဲပြင်းထန်နေတဲ့သတင်း

03:43-အညာဒေသက စစ်ဘေးရှောင်တွေ စိတ်ပိုင်းဆိုင်ရာ ကျဆင်းမှုနှင့် ကြုံတွေ့နေရတဲ့သတင်း

06:40-ဗြိတိန်ကျောက်မျက်ကုမ္ပဏီ TJCက မြန်မာ့ရတနာတွေ ရောင်းချမှုရပ်ဆိုင်းတဲ့သတင်း

08:37-ရုရှားကထိန်းချုပ်ထားတဲ့ ယူကရိန်းမြို့မှာ ဆည်ကျိုးပြီး ရေလွှမ်းမိုးနေတဲ့သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။

https://youtu.be/smzRgp9LwH4

#2pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10😁2
​​မတူပီ - မင်းတပ်လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် CDF – Matupi က ခရီးသွားလာခွင့်ယာယီပိတ်
================

ပါခွီး
(မဇ္စျိမ)။ ။ချင်းပြည်နယ်၊ မတူပီ-မင်းတပ်လမ်းပိုင်းတွင် စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ပြည်သူများ အနေဖြင့် ၎င်းလမ်းပိုင်းသို့ ခရီးထွက်ခြင်းများမပြုကြသေးရန် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ) CDF – Matupi က ဇွန်လ ၇ ရက်နေ့တွင် သတိပေးချက် ထုတ်ပြန်ထားသည်။

မတူပီမြို့အခြေစိုက်စစ်ကောင်စီတပ်စန်းမှ အင်အား ၁၂၀ ခန့်ရှိသောစစ်ကြောင်းသည် မင်းတပ် - မတူပီ လမ်းမကြီး အောက်ဘက်ရှိ ရမ်တိန်းကျေးရွာဟောင်းသို့ ဇွန်လ ၆ ရက်၊ နံနက် ၈ နာရီ ၄၀ မိနစ်ခန့်တွင် လက်နက်ကြီးငယ်များ ပစ်ခတ်၍ ရွာအတွင်း စီးနင်းဝင်ရောက်ခဲ့သည်။

ယင်းနောက် အဆိုပါစစ်ကြောင်းကို နံနက် ၉ နာရီခန့်တွင် CDF – Matupi မှ ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီ တပ်သားများ ကျေးရွာအထက် နှစ်မိုင်အကွာသို့ ဆုတ်ခွာစခန်းချခဲ့ကြကြောင်း သိရသည်။

“ တိုက်ပွဲက နာရီဝက်နီးပါးလောက်ရှိမယ်။ အနီးကပ်ထိတွေ့တာတော့ မရှိပါဘူး။ နှစ်ဖက်အကျအဆုံး မရှိပါဘူး” ဟု CDF – Matupi ပြောရေးဆိုခွင့်ရှိသူ နိုင်ဂျွန်ကိမ်းက မဇ္စျိမ ကိုပြောသည်။
ရမ်တိန်းကျေးရွာဟောင်းရှိ ဒေသခံပြည်သူ ၂၀၀ ကျော်မှာလည်း စစ်ကြောင်းမဝင်ရောက်မီကပင် ကြိုတင် တိမ်း ရှောင်နိုင်ခဲ့သဖြင့် အထိအခိုက်မရှိကြောင်း သိရသည်။

တိုက်ပွဲများဆက်လက်ပြင်းထန်နိုင်သောကြောင့် မတူပီ - မင်းတပ်လမ်းတွင် ခရီးသွားလာခြင်းများမပြုလုပ်ကြရန် နှင့် မိဘပြည်သူများအနေဖြင့် ကာကွယ်ရေးတပ်ဖွဲ့မှ ထုတ်ပြန်ချက်နှင့် အသိပေးချက်များကို အလေးအနက်ထား လိုက်နာပေးကြပါရန် CDF – Matupi မှသတိပေးထားသည်။

ဇွန်လ ၈ ရက် ယနေ့နံနက်ပိုင်းအထိ အဆိုပါစစ်ကောင်စီစစ်ကြောင်းမှာ လှုပ်ရှားမှုမရှိသေးကြောင်း မဇ္ဈိမမှ စုံစမ်း သိရှိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#မင်းတပ်
#မတူပီ
#ခရီးသွားလာခွင့်
#ယာယီပိတ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14🔥2
This media is not supported in your browser
VIEW IN TELEGRAM
ဘင်္ဂလားဒေ့ရှ်မှာ ဆယ်စုနှစ်တွေအတွင်း အရှည်ကြာဆုံးအပူလှိုင်းကြောင့် ကျောင်းတွေပိတ်ထားရ

https://www.facebook.com/reel/285145500580459

#International #MizzimaTV #Reels #shorts
👍6🔥2😁1
​​အာဏာသိမ်းကာလအတွင်း သံဃာတော် ၇ပါး သတ်ဖြတ်ခံရကာ ၁၀၆ ပါး ဖမ်းဆီးခံရ
=====================

ဂျူချန်း
(မဇ္ဈိမ)။ ။ အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဇွန်လ ၇ ရက်နေ့အထိ သံဃာတော် ခုနစ်ပါး သတ်ဖြတ်ခံရကာ ၁၀၆ ပါးကို စစ်ကောင်စီမှ ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်အထိ ၈၉ ပါးအား ထိန်းသိမ်းထားဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ကောက်ယူရရှိထားသည့် စာရင်းများအရ သိရသည်။

အာဏာသိမ်းကာလအတွင်း စစ်ကောင်စီလက်ချက်ကြောင့် မန္တလေးတိုင်းမှ သံဃာတော် သုံးပါး၊ မကွေးတိုင်းမှ သံဃာတော် နှစ်ပါး၊ မွန်ပြည်နယ်မှ သံဃာတော် တစ်ပါးနှင့် ကရင်ပြည်နယ်မှ သံဃာတော် တစ်ပါး ပျံလွန်တော်မူခဲ့ရကြောင်း AAPP မှ သိရသည်။
“အားလုံးက စစ်ကောင်စီလက်ချက်နဲ့ကျဆုံးခဲ့ရတဲ့ သံဃာတော်တွေဖြစ်ပါတယ်။ တိုက်ပွဲအတွင်းပျံလွန်တော်မူခဲ့တာမဟုတ်ပါဘူး” ဟု AAPP မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမ ကိုပြောသည်။

သတ်ဖြတ်ခံခဲ့ရသည့် သံဃာတော်များအနက် ဦးခေမာသာရ၊ ဦးဖိုးသိန်း၊ ဦးသောမလောက တို့သည် စစ်ကောင်စီတပ်မှ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခံခဲ့ရပြီး ဦးပညာဝံသ၊ ဦးဂန္ဓသာရ တို့နှစ်ပါးသည် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးလက်ချက်ဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။ ဦးစောထီးထို့ပဝီး နှင့် ဦးဆန်းဝင်းတို့ နှစ်ပါးသည် စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျံလွန်တော်မူခဲ့ရကြောင်း AAPP မှ ဖော်ပြထားသည်။

ယခုနှစ် ၂၀၂၃ ခုနှစ် ဇွန်လ ၂ ရက်နေ့နံနက်ပိုင်းတွင် ကြာအင်းဆိပ်ကြီးမြို့မှ သံဃာတော် တစ်ပါး ပျံလွန်တော်မူခဲ့ရကာ ပြီးခဲ့သည့် မတ်လ ၆ ရက်နေ့တွင်လည်း စစ်ကိုင်းတိုင်းမှ ဦးဂန္ဓသာရသည် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများမှ သတ်ဖြတ်ဖြတ်ခြင်းကို ခံခဲ့ရကြောင်း သိရသည်။ ၂၀၂၂ ခုနှစ်တွင်လည်း စစ်ကောင်စီလက်ချက်ကြောင့် သံဃာတော် ငါးပါး ပျံလွန်တော်မူခဲ့ရသည်။

၎င်းအရေအတွက်သည် AAPP မှ အချက်အလက်ရရှိထားသည့် အရေအတွက်သာဖြစ်ပြီး မြေပြင်တွင် ယခုအချက်အလက်အထက် အရေအတွက်ပိုများနိုင်ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီသည် မြန်မာနိုင်ငံအား ဗုဒ္ဓဘာသာထွန်းကားသည့်နိုင်ငံဟု ကြွေးကြော်လေ့ရှိသော်လည်း ဘုရားဟောတရားတော်နှင့် ကိုက်ညီမှုမရှိသည့် လူသတ်ခြင်းကို အကြိမ်ကြိမ်လုပ်ဆောင်နေကာ ရဟန်းတော်များကိုလည်း သတ်ဖြတ်နေခြင်းကြောင့် သရဏဂုံပျက်ကာ ၎င်းတို့သည် မိစ္ဆာဒိဋ္ဌိများသာဖြစ်ကြောင်း နွေဦးတော်လှန်ရေး ဆရာတော် ဦးကေသရ က မိန့်သည်။

“သူတို့ရဲ့ ရင်ထဲနှလုံးသားထဲမှာ သာသနာမရှိဘဲ အပေါ်ယံသာသနာပြု ဟန်ဆောင်မိစ္ဆာဒိဋ္ဌိတွေဖြစ်တဲ့အတွက်ကြောင့် သံဃာတော်တွေကို ဖမ်းဆီးနှိပ်စက် အကြမ်းဖက် သတ်ဖြတ်နေတာဖြစ်ပါတယ်” ဟု နွေဦးတော်လှန်ရေး ဆရာတော်က မိန့်သည်။

စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီအား ဆန့်ကျင်ကာ ဆန္ဒပြခြင်းနှင့် နွေဦးတော်လှန်ရေးတွင် ပါဝင်ခဲ့ကြသည့် သံဃာတော် ၁၀၆ ပါးအား စစ်ကောင်စီမှ မတရားဖမ်းဆီးခဲ့ကြောင်း သိရသည်။ မတရားဖမ်းဆီးခံရသည့် သံဃာတော်များသည် မန္တလေးတိုင်းတွင် အများဆုံးရှိပြီး စစ်ကိုင်းတိုင်းမှ ဒုတိယအများဆုံး ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် သံဃာတော် ၁၀၆ ပါးအနက် ၁၇ ပါးသာ လွတ်မြောက်ခဲ့ပြီး ကျန်သည့် ၈၉ ပါးသည် မန္တလေးအကျဉ်းထောင်၊ အင်းစိန်အကျဉ်းထောင်၊ မုံရွာအကျဉ်းထောင်နှင့် စစ်ကြောရေးစခန်းများတွင် ထိန်းသိမ်းခံရဆဲဖြစ်ကာ အချို့သည် သတင်းအစအနမရရှိကြောင်း သိရသည်။

“အဓိကတော့ နွေဦးတော်လှန်ရေးမှာ ပုံစံမျိုးစုံနဲ့ပါဝင်ခဲ့ကြတဲ့အတွက်အကြမ်းဖက်စစ်အုပ်စုက မတရားဖမ်းဆီးထားတာပါ။ ထောင်ထဲမှာကတော့ ကျန်တဲ့သူတွေနဲ့အတူတူပါဘဲ။ သံဃာတော်ဖြစ်လို့ အခွင့်အရေးပေးတာမရှိပါဘူး” ဟု AAPP မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမ ကိုပြောသည်။

မန္တလေးတိုင်းတွင် သံဃာတော် ၄၀ပါး၊ စစ်ကိုင်းတိုင်းတွင်၂၂ ပါး၊ မကွေးတိုင်းတွင် ကိုးပါး၊ တနင်္သာရီတိုင်းတွင် ရှစ်ပါး၊​ ပဲခူးတိုင်းတွင် သုံးပါး၊ ရန်ကုန်တိုင်းတွင် နှစ်ပါး၊ ဧရာဝတီတိုင်းတွင် နှစ်ပါး၊ ရှမ်း၊ ကရင် နှင့် ကချင်ပြည်နယ်တို့တွင် သံဃာတော်တစ်ပါးစီနှင့် နေရာအတိအကျ မဖော်ပြနိုင်သည့် သံဃာတစ်ပါးအပါအဝင် စုစုပေါင်း သံဃာတော် ၈၉ ပါးအာ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း AAPP မှ ပြုစုထားသည့် အချက်အလက်များအရ သိရသည်။

စာတည်း- သန့်ဇော်(သန်လျင်)

#mizzima
#အာဏာသိမ်းကာလ
#သံဃာတော်
#သတ်ဖြတ်
#မန္တလေးတိုင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢9🔥5👍3😁1
တနင်္သာရီမြို့နယ်တွင် နေအိမ်သို့ ပြန်လာသည့် စစ်ဘေးရှောင် အချို့ ဖမ်းဆီးခံရ
🤬12🔥1😁1
တနင်္သာရီမြို့နယ်တွင် နေအိမ်သို့ ပြန်လာသည့် စစ်ဘေးရှောင် အချို့ ဖမ်းဆီးခံရ
======================

ကိုရွှေမြိတ်
မဲဆောက် (မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊ မြိတ်ခရိုင် ၊ တနင်္သာရီမြို့နယ် ၊ ဘန်းလမွတ်ကျေးရွာအုပ်စုရှိ ညောင်ပင်ကုန်းရွာမှ ဒေသခံအချို့သည့် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရာမှ ယမန်နေ့ ဇွန်လ ၇ ရက်က နေအိမ်သို့ ခေတ္တ ပြန်လာစဉ် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံလိုက်ရကြောင်း ဒေသခံများနှင့် စစ်ဘေးရှောင်အရေး ကူညီပေးနေသူများထံက သိရသည်။

စစ်ကြောင်းထိုး၀င်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ ဘန်းလမွတ်ကျေးရွာအုပ်စုရှိ ချောင်းညီကိုရွာတွင် ဇွန်လ ၆ ရက်က တိုက်ပွဲဖြစ်ပွားခဲ့၍ အနီးနားရှိ ရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရခြင်း ဖြစ်သည်။

တနင်္သာရီမြို့နယ် အခြေစိုက် စစ်ဘေးရှောင် ကူညီပေးနေသူ တစ်ဦးက“ကျွန်တော်တို့ ကြားသိရတာက အမျိုးသား၊ အမျိုးသမီး အပါဝင် စုစုပေါင်း ကိုးဦး ဖမ်းဆီးခံရတယ်။ အဲ့ဒီ အထဲက အမျိုးသမီး လေးဦးကိုတော့ ပြန်လွှတ်လိုက်တယ်လို့ ကြားရပေမယ့် တိတိကျကျတော့ မသိရသေးဘူး”ဟု ပြောသည်။

လက်ရှိတွင် စစ်ကောင်စီက ဖမ်းဆီးခဲ့သည့် ဒေသခံ ကိုးဦး အနက် အမျိုးသမီး လေးဦးကို ပြန်လည် လွတ်ပေးလိုက်ကြောင်းသိရပြီး ကျန်အမျိုးသားငါးဦးကို တနင်္သာရီ အခြေစိုက် ခမရ (၅၅၆) နှင့် အမြောက်တပ် အမတ (၃၀၆) တို့တွင် ဖမ်းဆီးထားကြောင်း ဒေသခံ သတင်းအရင်းအမြစ်များက ပြောဆိုထားပြီး မဇ္ဈိမက အတည်ပြုနိုင်ခြင်း မရှိသေးပေ။

“သူတို့က မနေ့က တိုက်ပွဲ ငြိမ်နေတော့ စစ်တပ် မရှိဘူး ထင်ပြီး ရွာထဲကို ဆင်းသွားတာပါ ။ အဲ့ချိန်မှာ စစ်တပ်နဲ့ တွေ့ပြီး ဖမ်းဆီးခံရတာ ဖြစ်တယ်”လို့ စစ်ရှောင် ဒုက္ခသည် တစ်ဦးက ပြောသည်။
ဇွန်လ ၆ ရက်က ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ဘန်းလမွတ်၊ ညောင်ပင်ကုန်း၊ ရမ်းဖို၊ ကမ်းတိုးနှင့် ချောင်းညီကို ကျေးရွာမှ ဒေသခံများ စစ်ဘေးရှောင်နေကြရသည်။ ထို့ပြင် ရွာတစ်ချို့တွင် စစ်ကောင်စီ၏ ခွင့်ပြုချက်ဖြင့် နေထိုင်နေသည့် ဒေသခံအချို့ရှိသော်လည်း လက်ရှိတွင် ၎င်းတို့ပါ အခြားဒေသခံများနှင့်အတူ စစ်ရှောင်နေရကြောင်း ၎င်းကဆိုသည်။

ထိုနေ့က ဖြစ်ပွားသည့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၀ ဦး သေဆုံးခဲ့ပြီး ထိခိုက် ဒဏ်ရာ ရရှိသူများလည်း ရှိကြောင်း သိရသည်။ တနင်္သာရီမြို့နယ်သည် စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာထားသော မြို့နယ် ဖြစ်သည်။

(ပုံဟောင်း) စစ်ရှောင် တနင်္သာရီဖက်
စာတည်း ။ ။အောင်ကျော်ဖြိုး

#Mizzima
# စစ်ဘေးရှောင် အချို့ ဖမ်းဆီးခံရ
#ဘန်းလမွတ်ကျေးရွာအုပ်စု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬9🔥4👍2👏2😁1
ကိုးကန့်မှာ စစ်ကောင်စီနဲ့ MNDAA တို့ကြား တိုက်ပွဲပြင်းထန်နေ
======================

ကိုးကန့်ဒေသမှာ ဇွန်လ ၂ ရက်နေ့ကစလို့ ဇွန်လ ၆ ရက်နေ့အထိ စစ်ကောင်စီနဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ MNDAA ဘက်က ထုတ်ပြန်ထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်ကနေ ၄ ရက်အထိဖြစ်ပွားတဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က ၂၀ ကျော်သေဆုံးတယ်လို့ MNDAA ကိုးကန့်တပ်ဘက်က သတင်းထုတ်ပြန်လာပါတယ်။

စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာမရှိသေးပါဘူ။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ ဖြစ်တဲ့ ရက္ခိုင့်တပ်တော် AA၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA၊ ကိုးကန့်တပ်ဖွဲ့ MNDAA တို့ သုံးဖွဲ့နဲ့ စစ်ကောင်စီတို့ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်သွားပြီးနောက် စစ်ကောင်စီက MNDAA ရဲ့ စခန်းတွေကို ထိုးစစ်ဆင်နေတာပါ။

တပ်စခန်းတွေကို ထိုးစစ်ဆင်ရုံသာမက စစ်ကောင်စီတပ်တွေဟာ ဒေသခံအရပ်သားတွေသွားတဲ့ လမ်းကြောင်းတွေကိုပါ ပိတ်ဆို့တားမြစ်နေတယ်လို့လည်း MNDAA ရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဘက်က ထိခိုက်ဒဏ်ရာရသူတွေလည်းရှိပြီး လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းမိခဲ့တယ်လို့ ကိုးကန့်သတင်းက ဖော်ပြပါတယ်။

https://youtu.be/HV4TLiNLE4w

#Political News
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍16❤1🔥1😁1
​​မြန်မာစစ်တပ်၏ ဖြိုခွင်းနှိမ်နင်းမှုနှင့်ပတ်သက်၍ ရိုဟင်ဂျာများက အာဂျင်တီးနား တရားရုံး၌ သက်သေထွက်ဆို
====================

ရိုဟင်ဂျာတို့အပေါ် မြန်မာစစ်တပ်က ကျူးလွန်ခဲ့သည်ဆိုသည့် ပြစ်မှုများနှင့်ပတ်သက်ပြီး အာဂျင်တီးနား တရားရေး စုံစမ်းစစ်ဆေးမှုတစ်ရပ်၏ တစ်စိတ်တစ်ဒေသအဖြစ် မြန်မာ၏ ရိုဟင်ဂျာ မွတ်စလင် လူနည်းစုမှ အဖွဲ့ဝင်များသည် ဇွန်လ ၇ ရက်က ဗျူနိုစ် အေးရိစ်၌ ပထမဆုံးအကြိမ်အဖြစ် တရားရုံးတွင် လူကိုယ်တိုင် သက်သေထွက်ဆိုခဲ့သည်ဟု တက်ကြွလှုပ်ရှားသူတစ်ဦးက အေအက်ဖ်ပီကို ပြောသည်။
👍14😁3