This media is not supported in your browser
VIEW IN TELEGRAM
ဘင်္ဂလားဒေ့ရှ်မှာ ဆယ်စုနှစ်တွေအတွင်း အရှည်ကြာဆုံးအပူလှိုင်းကြောင့် ကျောင်းတွေပိတ်ထားရ
https://www.facebook.com/reel/285145500580459
#International #MizzimaTV #Reels #shorts

👍6🔥2😁1
အာဏာသိမ်းကာလအတွင်း သံဃာတော် ၇ပါး သတ်ဖြတ်ခံရကာ ၁၀၆ ပါး ဖမ်းဆီးခံရ
=====================
ဂျူချန်း
(မဇ္ဈိမ)။ ။ အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဇွန်လ ၇ ရက်နေ့အထိ သံဃာတော် ခုနစ်ပါး သတ်ဖြတ်ခံရကာ ၁၀၆ ပါးကို စစ်ကောင်စီမှ ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်အထိ ၈၉ ပါးအား ထိန်းသိမ်းထားဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ကောက်ယူရရှိထားသည့် စာရင်းများအရ သိရသည်။
အာဏာသိမ်းကာလအတွင်း စစ်ကောင်စီလက်ချက်ကြောင့် မန္တလေးတိုင်းမှ သံဃာတော် သုံးပါး၊ မကွေးတိုင်းမှ သံဃာတော် နှစ်ပါး၊ မွန်ပြည်နယ်မှ သံဃာတော် တစ်ပါးနှင့် ကရင်ပြည်နယ်မှ သံဃာတော် တစ်ပါး ပျံလွန်တော်မူခဲ့ရကြောင်း AAPP မှ သိရသည်။
“အားလုံးက စစ်ကောင်စီလက်ချက်နဲ့ကျဆုံးခဲ့ရတဲ့ သံဃာတော်တွေဖြစ်ပါတယ်။ တိုက်ပွဲအတွင်းပျံလွန်တော်မူခဲ့တာမဟုတ်ပါဘူး” ဟု AAPP မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမ ကိုပြောသည်။
သတ်ဖြတ်ခံခဲ့ရသည့် သံဃာတော်များအနက် ဦးခေမာသာရ၊ ဦးဖိုးသိန်း၊ ဦးသောမလောက တို့သည် စစ်ကောင်စီတပ်မှ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခံခဲ့ရပြီး ဦးပညာဝံသ၊ ဦးဂန္ဓသာရ တို့နှစ်ပါးသည် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးလက်ချက်ဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။ ဦးစောထီးထို့ပဝီး နှင့် ဦးဆန်းဝင်းတို့ နှစ်ပါးသည် စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျံလွန်တော်မူခဲ့ရကြောင်း AAPP မှ ဖော်ပြထားသည်။
ယခုနှစ် ၂၀၂၃ ခုနှစ် ဇွန်လ ၂ ရက်နေ့နံနက်ပိုင်းတွင် ကြာအင်းဆိပ်ကြီးမြို့မှ သံဃာတော် တစ်ပါး ပျံလွန်တော်မူခဲ့ရကာ ပြီးခဲ့သည့် မတ်လ ၆ ရက်နေ့တွင်လည်း စစ်ကိုင်းတိုင်းမှ ဦးဂန္ဓသာရသည် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများမှ သတ်ဖြတ်ဖြတ်ခြင်းကို ခံခဲ့ရကြောင်း သိရသည်။ ၂၀၂၂ ခုနှစ်တွင်လည်း စစ်ကောင်စီလက်ချက်ကြောင့် သံဃာတော် ငါးပါး ပျံလွန်တော်မူခဲ့ရသည်။
၎င်းအရေအတွက်သည် AAPP မှ အချက်အလက်ရရှိထားသည့် အရေအတွက်သာဖြစ်ပြီး မြေပြင်တွင် ယခုအချက်အလက်အထက် အရေအတွက်ပိုများနိုင်ကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီသည် မြန်မာနိုင်ငံအား ဗုဒ္ဓဘာသာထွန်းကားသည့်နိုင်ငံဟု ကြွေးကြော်လေ့ရှိသော်လည်း ဘုရားဟောတရားတော်နှင့် ကိုက်ညီမှုမရှိသည့် လူသတ်ခြင်းကို အကြိမ်ကြိမ်လုပ်ဆောင်နေကာ ရဟန်းတော်များကိုလည်း သတ်ဖြတ်နေခြင်းကြောင့် သရဏဂုံပျက်ကာ ၎င်းတို့သည် မိစ္ဆာဒိဋ္ဌိများသာဖြစ်ကြောင်း နွေဦးတော်လှန်ရေး ဆရာတော် ဦးကေသရ က မိန့်သည်။
“သူတို့ရဲ့ ရင်ထဲနှလုံးသားထဲမှာ သာသနာမရှိဘဲ အပေါ်ယံသာသနာပြု ဟန်ဆောင်မိစ္ဆာဒိဋ္ဌိတွေဖြစ်တဲ့အတွက်ကြောင့် သံဃာတော်တွေကို ဖမ်းဆီးနှိပ်စက် အကြမ်းဖက် သတ်ဖြတ်နေတာဖြစ်ပါတယ်” ဟု နွေဦးတော်လှန်ရေး ဆရာတော်က မိန့်သည်။
စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီအား ဆန့်ကျင်ကာ ဆန္ဒပြခြင်းနှင့် နွေဦးတော်လှန်ရေးတွင် ပါဝင်ခဲ့ကြသည့် သံဃာတော် ၁၀၆ ပါးအား စစ်ကောင်စီမှ မတရားဖမ်းဆီးခဲ့ကြောင်း သိရသည်။ မတရားဖမ်းဆီးခံရသည့် သံဃာတော်များသည် မန္တလေးတိုင်းတွင် အများဆုံးရှိပြီး စစ်ကိုင်းတိုင်းမှ ဒုတိယအများဆုံး ဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးခံရသည့် သံဃာတော် ၁၀၆ ပါးအနက် ၁၇ ပါးသာ လွတ်မြောက်ခဲ့ပြီး ကျန်သည့် ၈၉ ပါးသည် မန္တလေးအကျဉ်းထောင်၊ အင်းစိန်အကျဉ်းထောင်၊ မုံရွာအကျဉ်းထောင်နှင့် စစ်ကြောရေးစခန်းများတွင် ထိန်းသိမ်းခံရဆဲဖြစ်ကာ အချို့သည် သတင်းအစအနမရရှိကြောင်း သိရသည်။
“အဓိကတော့ နွေဦးတော်လှန်ရေးမှာ ပုံစံမျိုးစုံနဲ့ပါဝင်ခဲ့ကြတဲ့အတွက်အကြမ်းဖက်စစ်အုပ်စုက မတရားဖမ်းဆီးထားတာပါ။ ထောင်ထဲမှာကတော့ ကျန်တဲ့သူတွေနဲ့အတူတူပါဘဲ။ သံဃာတော်ဖြစ်လို့ အခွင့်အရေးပေးတာမရှိပါဘူး” ဟု AAPP မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမ ကိုပြောသည်။
မန္တလေးတိုင်းတွင် သံဃာတော် ၄၀ပါး၊ စစ်ကိုင်းတိုင်းတွင်၂၂ ပါး၊ မကွေးတိုင်းတွင် ကိုးပါး၊ တနင်္သာရီတိုင်းတွင် ရှစ်ပါး၊ ပဲခူးတိုင်းတွင် သုံးပါး၊ ရန်ကုန်တိုင်းတွင် နှစ်ပါး၊ ဧရာဝတီတိုင်းတွင် နှစ်ပါး၊ ရှမ်း၊ ကရင် နှင့် ကချင်ပြည်နယ်တို့တွင် သံဃာတော်တစ်ပါးစီနှင့် နေရာအတိအကျ မဖော်ပြနိုင်သည့် သံဃာတစ်ပါးအပါအဝင် စုစုပေါင်း သံဃာတော် ၈၉ ပါးအာ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း AAPP မှ ပြုစုထားသည့် အချက်အလက်များအရ သိရသည်။
စာတည်း- သန့်ဇော်(သန်လျင်)
#mizzima
#အာဏာသိမ်းကာလ
#သံဃာတော်
#သတ်ဖြတ်
#မန္တလေးတိုင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

😢9🔥5👍3😁1
တနင်္သာရီမြို့နယ်တွင် နေအိမ်သို့ ပြန်လာသည့် စစ်ဘေးရှောင် အချို့ ဖမ်းဆီးခံရ
🤬12🔥1😁1

======================
ကိုရွှေမြိတ်
မဲဆောက် (မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊ မြိတ်ခရိုင် ၊ တနင်္သာရီမြို့နယ် ၊ ဘန်းလမွတ်ကျေးရွာအုပ်စုရှိ ညောင်ပင်ကုန်းရွာမှ ဒေသခံအချို့သည့် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရာမှ ယမန်နေ့ ဇွန်လ ၇ ရက်က နေအိမ်သို့ ခေတ္တ ပြန်လာစဉ် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံလိုက်ရကြောင်း ဒေသခံများနှင့် စစ်ဘေးရှောင်အရေး ကူညီပေးနေသူများထံက သိရသည်။
စစ်ကြောင်းထိုး၀င်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ ဘန်းလမွတ်ကျေးရွာအုပ်စုရှိ ချောင်းညီကိုရွာတွင် ဇွန်လ ၆ ရက်က တိုက်ပွဲဖြစ်ပွားခဲ့၍ အနီးနားရှိ ရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရခြင်း ဖြစ်သည်။
တနင်္သာရီမြို့နယ် အခြေစိုက် စစ်ဘေးရှောင် ကူညီပေးနေသူ တစ်ဦးက“ကျွန်တော်တို့ ကြားသိရတာက အမျိုးသား၊ အမျိုးသမီး အပါဝင် စုစုပေါင်း ကိုးဦး ဖမ်းဆီးခံရတယ်။ အဲ့ဒီ အထဲက အမျိုးသမီး လေးဦးကိုတော့ ပြန်လွှတ်လိုက်တယ်လို့ ကြားရပေမယ့် တိတိကျကျတော့ မသိရသေးဘူး”ဟု ပြောသည်။
လက်ရှိတွင် စစ်ကောင်စီက ဖမ်းဆီးခဲ့သည့် ဒေသခံ ကိုးဦး အနက် အမျိုးသမီး လေးဦးကို ပြန်လည် လွတ်ပေးလိုက်ကြောင်းသိရပြီး ကျန်အမျိုးသားငါးဦးကို တနင်္သာရီ အခြေစိုက် ခမရ (၅၅၆) နှင့် အမြောက်တပ် အမတ (၃၀၆) တို့တွင် ဖမ်းဆီးထားကြောင်း ဒေသခံ သတင်းအရင်းအမြစ်များက ပြောဆိုထားပြီး မဇ္ဈိမက အတည်ပြုနိုင်ခြင်း မရှိသေးပေ။
“သူတို့က မနေ့က တိုက်ပွဲ ငြိမ်နေတော့ စစ်တပ် မရှိဘူး ထင်ပြီး ရွာထဲကို ဆင်းသွားတာပါ ။ အဲ့ချိန်မှာ စစ်တပ်နဲ့ တွေ့ပြီး ဖမ်းဆီးခံရတာ ဖြစ်တယ်”လို့ စစ်ရှောင် ဒုက္ခသည် တစ်ဦးက ပြောသည်။
ဇွန်လ ၆ ရက်က ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ဘန်းလမွတ်၊ ညောင်ပင်ကုန်း၊ ရမ်းဖို၊ ကမ်းတိုးနှင့် ချောင်းညီကို ကျေးရွာမှ ဒေသခံများ စစ်ဘေးရှောင်နေကြရသည်။ ထို့ပြင် ရွာတစ်ချို့တွင် စစ်ကောင်စီ၏ ခွင့်ပြုချက်ဖြင့် နေထိုင်နေသည့် ဒေသခံအချို့ရှိသော်လည်း လက်ရှိတွင် ၎င်းတို့ပါ အခြားဒေသခံများနှင့်အတူ စစ်ရှောင်နေရကြောင်း ၎င်းကဆိုသည်။
ထိုနေ့က ဖြစ်ပွားသည့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၀ ဦး သေဆုံးခဲ့ပြီး ထိခိုက် ဒဏ်ရာ ရရှိသူများလည်း ရှိကြောင်း သိရသည်။ တနင်္သာရီမြို့နယ်သည် စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာထားသော မြို့နယ် ဖြစ်သည်။
(ပုံဟောင်း) စစ်ရှောင် တနင်္သာရီဖက်
စာတည်း ။ ။အောင်ကျော်ဖြိုး
#Mizzima
# စစ်ဘေးရှောင် အချို့ ဖမ်းဆီးခံရ
#ဘန်းလမွတ်ကျေးရွာအုပ်စု

Facebook
#mizzima – Explore
explore #mizzima at Facebook
🤬9🔥4👍2👏2😁1
ကိုးကန့်မှာ စစ်ကောင်စီနဲ့ MNDAA တို့ကြား တိုက်ပွဲပြင်းထန်နေ
======================
ကိုးကန့်ဒေသမှာ ဇွန်လ ၂ ရက်နေ့ကစလို့ ဇွန်လ ၆ ရက်နေ့အထိ စစ်ကောင်စီနဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ MNDAA ဘက်က ထုတ်ပြန်ထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်ကနေ ၄ ရက်အထိဖြစ်ပွားတဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က ၂၀ ကျော်သေဆုံးတယ်လို့ MNDAA ကိုးကန့်တပ်ဘက်က သတင်းထုတ်ပြန်လာပါတယ်။
စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာမရှိသေးပါဘူ။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ ဖြစ်တဲ့ ရက္ခိုင့်တပ်တော် AA၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA၊ ကိုးကန့်တပ်ဖွဲ့ MNDAA တို့ သုံးဖွဲ့နဲ့ စစ်ကောင်စီတို့ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်သွားပြီးနောက် စစ်ကောင်စီက MNDAA ရဲ့ စခန်းတွေကို ထိုးစစ်ဆင်နေတာပါ။
တပ်စခန်းတွေကို ထိုးစစ်ဆင်ရုံသာမက စစ်ကောင်စီတပ်တွေဟာ ဒေသခံအရပ်သားတွေသွားတဲ့ လမ်းကြောင်းတွေကိုပါ ပိတ်ဆို့တားမြစ်နေတယ်လို့လည်း MNDAA ရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဘက်က ထိခိုက်ဒဏ်ရာရသူတွေလည်းရှိပြီး လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းမိခဲ့တယ်လို့ ကိုးကန့်သတင်းက ဖော်ပြပါတယ်။
https://youtu.be/HV4TLiNLE4w
#Political News
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
ကိုးကန့်မှာ စစ်ကောင်စီနဲ့ MNDAA တို့ကြား တိုက်ပွဲပြင်းထန်နေ
ကိုးကန့်ဒေသမှာ ဇွန်လ ၂ ရက်နေ့ကစလို့ ဇွန်လ ၆ ရက်နေ့အထိ စစ်ကောင်စီနဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ MNDAA ဘက်က ထုတ်ပြန်ထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်ကနေ ၄ ရက်အထိဖြစ်ပွားတဲ့တိုက်ပွဲတွေမှာ…

👍16❤1🔥1😁1
မြန်မာစစ်တပ်၏ ဖြိုခွင်းနှိမ်နင်းမှုနှင့်ပတ်သက်၍ ရိုဟင်ဂျာများက အာဂျင်တီးနား တရားရုံး၌ သက်သေထွက်ဆို
====================
ရိုဟင်ဂျာတို့အပေါ် မြန်မာစစ်တပ်က ကျူးလွန်ခဲ့သည်ဆိုသည့် ပြစ်မှုများနှင့်ပတ်သက်ပြီး အာဂျင်တီးနား တရားရေး စုံစမ်းစစ်ဆေးမှုတစ်ရပ်၏ တစ်စိတ်တစ်ဒေသအဖြစ် မြန်မာ၏ ရိုဟင်ဂျာ မွတ်စလင် လူနည်းစုမှ အဖွဲ့ဝင်များသည် ဇွန်လ ၇ ရက်က ဗျူနိုစ် အေးရိစ်၌ ပထမဆုံးအကြိမ်အဖြစ် တရားရုံးတွင် လူကိုယ်တိုင် သက်သေထွက်ဆိုခဲ့သည်ဟု တက်ကြွလှုပ်ရှားသူတစ်ဦးက အေအက်ဖ်ပီကို ပြောသည်။

👍14😁3
မုံရွာမြို့နယ် ရေကန်စုကျေးရွာကို စစ်ကောင်စီတပ်က ၀င်ရောက်စီးနင်းပြီး ပြည်သူ ၅ ဦးကို သတ်ဖြတ်
====================
ရောင်နီ
(မဇ္စျိမ) ။ ။စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ ရေကန်စုကျေးရွာကို စစ်ကောင်စီတပ်က ၀င်ရောက်စီးနင်းပြီး ပြည်သူ ငါးဦးကို နှိပ်စက်သတ်ဖြတ်သွားကြောင်း ဒေသခံများထံမှ သိရသည်။
ဇွန်လ ၇ ရက်နေ့ နံနက် ၄ နာရီ၀န်းကျင်တွင် အင်အား ၁၀၀ ခန့်ပါသည့်စစ်ကြောင်းသည် ရေကန်စုကျေးရွာအတွင်း သေနတ်ပစ်ဖောက်၀င်ရောက်ကာ စီးနင်းခဲ့ခြင်းဖြစ်သည်။
“မနက် ၄ နာရီထိုးလောက် ရွာကို၀င်စီးတယ်။ အငိုက်ဖမ်းပြီး ရွာထဲ၀င်လာတဲ့သဘောပေါ့။ စစ်တပ်၀င်လာတော့ ရွာထဲကပြည်သူတွေကလည်း ထွက်ပြေးကြတာ။ အဲဒီလို ထွက်ပြေးတဲ့ပြည်သူတွေကို စစ်ကောင်စီတပ်က လိုက်လံ ဖမ်းဆီးတာတွေလုပ်ခဲ့တယ် ” ဟု ဒေသခံသတင်းရင်းမြစ်က မဇ္စျိမကို ပြောသည်။
စစ်ကောင်စီတပ်က ကျေးရွာအတွင်းရှိ ပြည်သူ ၅၀ နီးပါးကို စာသင်ကျောင်းအတွင်းဖမ်းဆီးထားပြီးနောက် ၎င်းတို့အနက်မှ ငါးဦးကို နှိပ်စက်သတ်ဖြတ်သွားခဲ့ကြောင်း ဆိုသည်။
“ စာရင်းအနေနဲ့ကတော့ ခြောက်ယောက်လို့သိထားရတယ်။ မြေပြင်မှာ စုံစမ်းရသလောက်တော့ လောလောဆယ် ငါးယောက်ပါ။ အရှင်လတ်လတ် ခေါင်းဖြတ်သတ်ခံရပြီးမှ မီးပုံရှို့ထားခဲ့တာပါ” ဟု ဒေသခံသတင်းရင်းမြစ်က ဆိုသည်။
စစ်ကောင်စီတပ်က ရေကုန်စုကျေးရွာအတွင်းကို ၀င်ရောက်စီးနင်းပြီး အမျိုးသားသုံးဦးနှင့် အမျိုးသမီးနှစ်ဦးကို အကြမ်းဖက်နှိပ်စက် သတ်ဖြတ်သွားခဲ့ခြင်းဖြစ်သည်။
သတ်ဖြတ်ခံရသူများထဲတွင် ကလေးငယ်တစ်ဦးပါ၀င်ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း မဇ္စျိမအနေ ဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
စစ်ကောင်စီ၀ါဒဖြန့် တယ်လီဂရမ် ချန်နယ်များတွင်လည်း ရေကန်စုကျေးရွာကို ၀င်ရောက်စီးနင်းမှုအတွင်း PDF တပ်ဖွဲ့၀င် ငါးဦးကိုသတ်ဖြတ်ခဲ့ကာ လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြမှုရှိခဲ့သည်။
“ ခေါင်းဖြတ်သတ်ဖြတ်ခံခဲ့ရတဲ့သူ ငါးဦးစလုံးက အရပ်သားပြည်သူတွေပါ။ လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိတယ် ဆိုတာကလည်း မဟုတ်ပါဘူး။ သူတို့က တခြားတစ်နေရာကနေယူလာတာတွေပါ” ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။
စစ်ကောင်စီတပ်က ကျေးရွာများအတွင်း၀င်ရောက်စီးနင်းမှုတွင် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း သတင်းထုတ်ပြန်လေ့ရှိပြီး အဆိုပါလုပ်ရပ်သည် စစ်ကောင်စီတပ်၏ လှည့်ကွက်သာဖြစ်ကြောင်း မုံရွာအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ တစ်ခုမှ တာ၀န်ရှိသူတစ်ဦးက ဆိုသည်။
“ အရင်ကလည်း ကျွန်တော်တို့ အထိုင်စခန်း ၀င်စီးခံရတုန်းက လက်လုပ် ၄၀ ( ၄၀ မမ ) သုံးလက်ပါသွားတာရှိ တယ်။ တစ်လကျော်လောက်အကြာ မိုးညှင်းဖက်မှာ သူတို့ကိုခုခံလို့ ပဒက်ကင်တစ်ကောင်ကို ပစ်ခတ်ဖမ်းမိတယ် ဆိုပြီး ပြည်သူအလောင်းဘေးမှာ ကျနော်တို့ သေနတ်ကိုချပြီး ဓာတ်ပုံရိုက်တာတွေရှိတယ်။ စစ်တပ်ရဲ့ လှည့်ကွက် တွေပါ ” ဟု နွေဦးသစ္စာ ပြောက်ကျားအင်အားစုအဖွဲ့မှ ကိုဒေါင်းရာဇာက ပြောသည်။
စစ်ကောင်စီတပ်က၀င်ရောက်စီးနင်းကာ ပြည်သူငါးဦးကို သတ်ဖြတ်ခဲ့သည့် ရေကန်စုကျေးရွာသည် မုံရွာ-အရာ တော်လမ်း မြောက်ဘက်တွင်တည်ရှိသည့် ကျေးရွာတရွာဖြစ်သည်။
ဇွန်လ ၇ ရက်နေ့ နံနက်အစောပိုင်းက ရေကန်စုကျေးရွာအတွင်း စစ်ကောင်စီတပ်၏ ၀င်ရောက်စီးနင်းမှု ဖြစ်စဥ် သည် စစ်တပ်အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ်ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ထို့အတူ ယင်းနေ့တွင်ပင် ရောင်တော်ထုံးကျေးရွာကိုလည်း စစ်ကောင်စီတပ်က ၀င်ရောက်စီးနင်းမှုရှိခဲ့သော်လည်း ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်း သိရသည်။
“ ရေကန်စုရွာကို တခါမှ စစ်ကောင်စီတပ်၀င်စီးတာ မရှိဘူး အခုမှ ၀င်တာ။ ရောင်တော်ထုံးရွာကလည်း ၀င်ခဲတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိအချိန်တွင် ရေကန်စုကျေးရွာအတွင်း၀င်ရောက်စီးနင်းခဲ့သည့် စစ်ကောင်စီစစ်ကြောင်းသည် ၎င်းပတ်ဝန်း ကျင်အနီးအနားရှိကျေးရွာများကို ဆက်လက်စစ်ကြောင်းထိုးမည့် အခြေအနေရှိနေကြောင်း ဒေသခံများနှင့် ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#မုံရွာမြို့နယ်
#ရေကန်စုကျေးရွာ
#ဒေသခံအရပ်သား
#နှိပ်စက်သတ်ဖြတ်
#စစ်ကောင်စီတပ်
#စစ်ကြောင်း

❤5😢5👍1🔥1😁1
Media is too big
VIEW IN TELEGRAM
ကိုးကန့်မှာ စစ်ကောင်စီနဲ့ MNDAA တို့ကြား တိုက်ပွဲပြင်းထန်နေ
Watch more detail -
https://youtu.be/HV4TLiNLE4w
#ကိုးကန့် #တိုက်ပွဲ #VideoNews #shorts #Reels

👏9🔥2👍1
This media is not supported in your browser
VIEW IN TELEGRAM
ယူကရိန်းရဲ့ထိုးစစ်ကို ချေမှုန်းရာမှာ ရုရှားစစ်သား ၇၁ ဦး သေဆုံးခဲ့ကြောင်း မော်စကိုပြော
https://www.facebook.com/reel/2135170406683832
#International #MizzimaTV #Ukraine #Russia #Reels #shorts

😁3👍2
ဗြိတိန်ကျောက်မျက်ကုမ္ပဏီ TJC မြန်မာ့ရတနာတွေ ရောင်းချမှုရပ်ဆိုင်း
======================
မြန်မာ့ပတ္တမြားနဲ့ ကျောက်မျက်ရတနာတွေ ရောင်းချနေတာတွေကို ရပ်တန့်လိုက်တယ်ဆိုတဲ့ TJC ကျောက်မျက် ကုမ္ပဏီရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုတယ်လို့ Burma Campaign UK က ထုတ်ပြန်လိုက်ပါတယ်။
ဗြိတိန်အခြေစိုက် TJC ကုမ္ပဏီဟာ ကျောက်မျက်ရတနာရောင်းဝယ်ရေးနဲ့ အွန်လိုင်းကနေ ဈေးရောင်းဈေးဝယ်လုပ်တဲ့ အကြီးမားဆုံးလုပ်ငန်းဖြစ်ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက မြန်မာနိုင်ငံက ကျောက်မျက်ရတနာတွေ မရောင်းချဖို့ ဆုံးဖြတ်ထားတဲ့အကြောင်းနဲ့၊ အွန်လိုင်းမှာ မှားယွင်း ကြော်ငြာထားတာတွေကို ရုတ်သိမ်းလိုက်ပြီဖြစ်တဲ့အကြောင်း TJC က Burma Campaign UK ကို စာရေး အကြောင်းကြားထားပါတယ်။
https://youtu.be/Lk6FWXdxHXQ
#politicalnews
----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
======================
မြန်မာ့ပတ္တမြားနဲ့ ကျောက်မျက်ရတနာတွေ ရောင်းချနေတာတွေကို ရပ်တန့်လိုက်တယ်ဆိုတဲ့ TJC ကျောက်မျက် ကုမ္ပဏီရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုတယ်လို့ Burma Campaign UK က ထုတ်ပြန်လိုက်ပါတယ်။
ဗြိတိန်အခြေစိုက် TJC ကုမ္ပဏီဟာ ကျောက်မျက်ရတနာရောင်းဝယ်ရေးနဲ့ အွန်လိုင်းကနေ ဈေးရောင်းဈေးဝယ်လုပ်တဲ့ အကြီးမားဆုံးလုပ်ငန်းဖြစ်ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက မြန်မာနိုင်ငံက ကျောက်မျက်ရတနာတွေ မရောင်းချဖို့ ဆုံးဖြတ်ထားတဲ့အကြောင်းနဲ့၊ အွန်လိုင်းမှာ မှားယွင်း ကြော်ငြာထားတာတွေကို ရုတ်သိမ်းလိုက်ပြီဖြစ်တဲ့အကြောင်း TJC က Burma Campaign UK ကို စာရေး အကြောင်းကြားထားပါတယ်။
https://youtu.be/Lk6FWXdxHXQ
#politicalnews
----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ဗြိတိန်ကျောက်မျက်ကုမ္ပဏီ TJC မြန်မာ့ရတနာတွေ ရောင်းချမှုရပ်ဆိုင်း
မြန်မာ့ပတ္တမြားနဲ့ ကျောက်မျက်ရတနာတွေ ရောင်းချနေတာတွေကို ရပ်တန့်လိုက်တယ်ဆိုတဲ့ TJC ကျောက်မျက် ကုမ္ပဏီရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုတယ်လို့ Burma Campaign UK က ထုတ်ပြန်လိုက်ပါတယ်။
ဗြိတိန်အခြေစိုက် TJC ကုမ္ပဏီဟာ ကျောက်မျက်ရတနာရောင်းဝယ်ရေးနဲ့ အွန်လိုင်းကနေ ဈေး…

👍7👏5😁2
အထက်တန်းကျောင်း ဘွဲ့နှင်းသဘင်ရာသီ | VOA on Mizzima
=================
ကိုဗစ် ၁၉ ကပ်ရောဂါကာလအတွင်း အမေရိကန်အပါအဝင် ကမ္ဘာတဝန်းက ကျောင်းသူ ကျောင်းသားတွေ ပညာသင်ကြားရေးက နောက်ကျနေခဲ့ပါတယ်။ အခုသိပ်မကြာခင်ကတော့ အထက်တန်း ကျောင်းပြီးလို့ တက္ကသိုလ်တက်ရတော့မယ့် သူတွေကလည်း အထက်တန်းကျောင်း ဘွဲ့သာရသွားလိုက်တယ်၊ ကျောင်းမတက်လိုက်ရတဲ့အချိန်တွေကြောင့် တချို့ဘာသာရပ်တွေမှာ နောက်ကျကျန်နေတယ်လို့ ပြောပါတယ်။ VOA သတင်းထောက် Laurel Bowman က မကြာခင်မှာ အထက်တန်းအောင်ပြီး တက္ကသိုလ်တက်ရတော့မယ် ကျောင်းသားတချို့နဲ့ တွေ့ဆုံပြီး သတင်းပေးပို့ ထားတာကို ကိုရန်နိုင် တင်ဆက်ပေးထားပါတယ်။
https://youtu.be/iw6iatcT9Qo
#voa
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=================
ကိုဗစ် ၁၉ ကပ်ရောဂါကာလအတွင်း အမေရိကန်အပါအဝင် ကမ္ဘာတဝန်းက ကျောင်းသူ ကျောင်းသားတွေ ပညာသင်ကြားရေးက နောက်ကျနေခဲ့ပါတယ်။ အခုသိပ်မကြာခင်ကတော့ အထက်တန်း ကျောင်းပြီးလို့ တက္ကသိုလ်တက်ရတော့မယ့် သူတွေကလည်း အထက်တန်းကျောင်း ဘွဲ့သာရသွားလိုက်တယ်၊ ကျောင်းမတက်လိုက်ရတဲ့အချိန်တွေကြောင့် တချို့ဘာသာရပ်တွေမှာ နောက်ကျကျန်နေတယ်လို့ ပြောပါတယ်။ VOA သတင်းထောက် Laurel Bowman က မကြာခင်မှာ အထက်တန်းအောင်ပြီး တက္ကသိုလ်တက်ရတော့မယ် ကျောင်းသားတချို့နဲ့ တွေ့ဆုံပြီး သတင်းပေးပို့ ထားတာကို ကိုရန်နိုင် တင်ဆက်ပေးထားပါတယ်။
https://youtu.be/iw6iatcT9Qo
#voa
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
အထက်တန်းကျောင်း ဘွဲ့နှင်းသဘင်ရာသီ | VOA on Mizzima
ကိုဗစ် ၁၉ ကပ်ရောဂါကာလအတွင်း အမေရိကန်အပါအဝင် ကမ္ဘာတဝန်းက ကျောင်းသူ ကျောင်းသားတွေ ပညာသင်ကြားရေးက နောက်ကျနေခဲ့ပါတယ်။ အခုသိပ်မကြာခင်ကတော့ အထက်တန်း ကျောင်းပြီးလို့ တက္ကသိုလ်တက်ရတော့မယ့် သူတွေကလည်း အထက်တန်းကျောင်း ဘွဲ့သာရသွားလိုက်တယ်၊ ကျောင်းမတက်လိုက်ရတဲ့အချိန်တွေကြောင့်…
👍3🔥2
Media is too big
VIEW IN TELEGRAM
ဗြိတိန်ကျောက်မျက်ကုမ္ပဏီ TJC မြန်မာ့ရတနာတွေ ရောင်းချမှုရပ်ဆိုင်း
Watch more detail -
https://youtu.be/Lk6FWXdxHXQ
#ကျောက်မျက် #ရောင်းချမှုရပ်ဆိုင်း #VideoNews #shorts #reels

😁6
Business Round Up (8 June 2023)
==============
- မြစ်ဆုံစီမံကိန်းအတွင်း ရွှေတူးဖော်မှုကြောင့် ရေကြီး ရေလျှံမည်ကို ဒေသခံများစိုးရိမ်
- ကျဆင်းနေသည့် ဆန်နှင့်ဆန်ကွဲပြည်ပတင်ပို့မှု ပြန်လည်မြင့်တက်လာ
- ကုန်သွယ်ရေးလမ်းကြောင်း တိုးချဲ့ရေး တရုတ်နှင့် မြန်မာဆွေးနွေး
- မြန်မာ့မတ်ပဲအပေါ် မှီခိုနေရခြင်းကို လျှော့ချရန် အိန္ဒိယက ဈေးကွက်သစ် ရှာဖွေနေ
- တောင်ကိုရီးယား စက်မှုကဏ္ဍ စစ်လက်နက်ပစ္စည်း ထုတ်လုပ်မှု အရှိန်မြှင့်တင်
https://youtu.be/9NnQ6eU2K2Q
#BusinessRoundUp
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
==============
- မြစ်ဆုံစီမံကိန်းအတွင်း ရွှေတူးဖော်မှုကြောင့် ရေကြီး ရေလျှံမည်ကို ဒေသခံများစိုးရိမ်
- ကျဆင်းနေသည့် ဆန်နှင့်ဆန်ကွဲပြည်ပတင်ပို့မှု ပြန်လည်မြင့်တက်လာ
- ကုန်သွယ်ရေးလမ်းကြောင်း တိုးချဲ့ရေး တရုတ်နှင့် မြန်မာဆွေးနွေး
- မြန်မာ့မတ်ပဲအပေါ် မှီခိုနေရခြင်းကို လျှော့ချရန် အိန္ဒိယက ဈေးကွက်သစ် ရှာဖွေနေ
- တောင်ကိုရီးယား စက်မှုကဏ္ဍ စစ်လက်နက်ပစ္စည်း ထုတ်လုပ်မှု အရှိန်မြှင့်တင်
https://youtu.be/9NnQ6eU2K2Q
#BusinessRoundUp
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
Business Round Up (8 June 2023)
- မြစ်ဆုံစီမံကိန်းအတွင်း ရွှေတူးဖော်မှုကြောင့် ရေကြီး ရေလျှံမည်ကို ဒေသခံများစိုးရိမ်
- ကျဆင်းနေသည့် ဆန်နှင့်ဆန်ကွဲပြည်ပတင်ပို့မှု ပြန်လည်မြင့်တက်လာ
- ကုန်သွယ်ရေးလမ်းကြောင်း တိုးချဲ့ရေး တရုတ်နှင့် မြန်မာဆွေးနွေး
- မြန်မာ့မတ်ပဲအပေါ် မှီခိုနေရခြင်းကို လျှော့ချရန်…

👍7🔥2
This media is not supported in your browser
VIEW IN TELEGRAM
အထက်တန်းကျောင်း ဘွဲ့နှင်းသဘင်ရာသီ | VOA on Mizzima
Watch more detail - https://youtu.be/iw6iatcT9Qo
#VOA #ဘွဲ့နှင်းသဘင် #ရာသီ #Mizzima #shorts #reels
Watch more detail - https://youtu.be/iw6iatcT9Qo
#VOA #ဘွဲ့နှင်းသဘင် #ရာသီ #Mizzima #shorts #reels
😁3👍2
This media is not supported in your browser
VIEW IN TELEGRAM
ရုရှားက ထိန်းချုပ်ထားတဲ့ ယူကရိန်းမြို့မှာ ဆည်ကျိုးပြီး ရေလွှမ်းမိုးနေ
https://www.facebook.com/reel/971783580731697
#Internationalnews #Mizzima #Russia #Ukraine

👍4🔥2
ဇွန်လ (၈)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
===========================
-Project C.U.R.E က မြန်မာနိုင်ငံအတွက် ဆေးနှင့်ဆေးပစ္စည်းများလှူဒါန်းဖို့ NUGနဲ့ ဆွေးနွေးတဲ့သတင်း
-NLD ဝန်ကြီး ၂ ဦး၏ အဂတိမှု အထူးအယူခံကို တရားလွှတ်တော်ချုပ် ပယ်ချတဲ့သတင်း
-ဇွန်လဒုတိယလပတ်အတွင်း မြန်မာတနိုင်ငံလုံးမှာ အနောက်တောင်မုတ်သုံလေဝင်ရောက်နိုင်ပြီး ကမ်းရိုး တန်းဒေသတွေ မိုးကြီးမယ့်သတိပေးချက် NUG ထုတ်ပြန်တဲ့သတင်း
-ရခိုင်က မုန်တိုင်းသင့်ဒေသတွေမှာ သောက်သုံးရေမသန့် ရှင်းတာကြောင့် ဝမ်းပျက် ဝမ်းလျှောရောဂါအဖြစ်များနေတဲ့သတင်း အပါအဝင်တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို တက်ဆက်ပေးမှာဖြစ်ပါတယ်။
https://youtu.be/NdQsGAgH4Dk
#4pmnews
#Mizzimanewshour
#mizzimatv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
===========================
-Project C.U.R.E က မြန်မာနိုင်ငံအတွက် ဆေးနှင့်ဆေးပစ္စည်းများလှူဒါန်းဖို့ NUGနဲ့ ဆွေးနွေးတဲ့သတင်း
-NLD ဝန်ကြီး ၂ ဦး၏ အဂတိမှု အထူးအယူခံကို တရားလွှတ်တော်ချုပ် ပယ်ချတဲ့သတင်း
-ဇွန်လဒုတိယလပတ်အတွင်း မြန်မာတနိုင်ငံလုံးမှာ အနောက်တောင်မုတ်သုံလေဝင်ရောက်နိုင်ပြီး ကမ်းရိုး တန်းဒေသတွေ မိုးကြီးမယ့်သတိပေးချက် NUG ထုတ်ပြန်တဲ့သတင်း
-ရခိုင်က မုန်တိုင်းသင့်ဒေသတွေမှာ သောက်သုံးရေမသန့် ရှင်းတာကြောင့် ဝမ်းပျက် ဝမ်းလျှောရောဂါအဖြစ်များနေတဲ့သတင်း အပါအဝင်တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို တက်ဆက်ပေးမှာဖြစ်ပါတယ်။
https://youtu.be/NdQsGAgH4Dk
#4pmnews
#Mizzimanewshour
#mizzimatv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
ဇွန်လ (၈)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:07 - Project C.U.R.E က မြန်မာနိုင်ငံအတွက် ဆေးနှင့်ဆေးပစ္စည်းများလှူဒါန်းဖို့ NUGနဲ့ ဆွေးနွေးတဲ့သတင်း
02:17 - NLD ဝန်ကြီး ၂ ဦး၏ အဂတိမှု အထူးအယူခံကို တရားလွှတ်တော်ချုပ် ပယ်ချတဲ့သတင်း
03:50 - ဇွန်လဒုတိယလပတ်အတွင်း မြန်မာတနိုင်ငံလုံးမှာ အနောက်တောင်မု…

👍4😁2
လက်ပံတန်းမြို့တွင် စတိုးဆိုင် ဖောက်ထွင်းခံရပြီး ရွှေ ၃ ပိဿာခန့် နှင့် ငွေသားများပါသွား
======================
ရွှေနွယ်
(မဇ္ဈိမ)။ ။ပဲခူးတိုင်း အနောက်ခြမ်း ၊ လက်ပံတန်းမြို့၊ မင်းရပ်ရပ်ကွက် လမ်းမတော်လမ်းရှိ သိန်းသိန်းစတိုးဆိုင်ကို ဇွန်လ ၆ ရက်နေ့ နံနက် ၁ နာရီ ၃၀ မိနစ်ခန့်တွင် လူတစ်ဦးက လာရောက်ဖောက်ထွင်းကာ သုံးပိဿာခန့် ရှိ ရွှေထည်ပစ္စည်းများနှင့် ငွေသားများ ယူဆောင်သွားကြောင်း မင်းရပ် ရပ်ကွက်နေ ပြည်သူများကပြောသည်။
လာရောက်ဖောက်ထွင်းသည်ကို ဆိုင်ရှိသူများ မသိလိုက်ကြသော်လည်း CCTV မှတ်တမ်းအရ မီးခံသေတ္တာ ဖောက်ထွင်းသွားသည်ကို သိရှိခြင်းဖြစ်ကြောင်း သိရသည်။
“မှတ်တမ်းအရတော့ တရားခံကတစ်ယောက်ပဲလို့ သိရတယ်။ မမိသေးဘူး ရဲတွေတော့ ဝင်ထွက်စစ်ဆေးနေကြတာပဲ။ မီးခံသေတ္တာကိုဖောက်ယူသွားတာဆိုတော့ ရွှေထည် သုံးပိဿာလောက်နဲ့ ငွေသားလည်း တော်တော်များများပါသွားပါတယ်” ဟု မင်းရပ်ရပ်ကွက် လမ်းမတော်လမ်းနေ ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။
လက်ရှိတွင် လက်ပံတန်းရဲစခန်း၌ အမှုဖွင့်စစ်ဆေးနေကြောင်းနှင့် ဖောက်ထွင်းယူဆောင်သွားသည့် ငွေသားပမာဏမှာ ကျပ်သိန်း ၂,၀၀၀ ခန့် ရှိသည်ဟု ကြားသိရသော်လည်း အတည်မပြုနိုင်သေးကြောင်း ဒေသခံက ပြောသည်။
“ပိုင်ရှင်က တော်တော်လေး ကြိုးကြိုးစားစား အလုပ်လုပ်ကိုင်တာ။ လာဖောက်သွားတဲ့သူကလည်း မီးခံသေတ္တာပါ ဖောက်သွားတာဆိုတော့ ကျွမ်းကျွမ်းကျင်ကျင်ပဲနေမယ်” ဟု အဆိုပါ ရပ်ကွက်နေ အခြားဒေသခံတစ်ဦးကလည်း ပြောသည်။
ဖောက်ထွင်းခံလိုက်ရသူများသည် သိန်းသိန်းမီနီမားကတ် ဆိုင်အသစ်ကိုလည်း ဖွင့်လှစ်ထားပြီး ရွှေထည်ပစ္စည်းများလည်းအပေါင်ခံကြောင်း သိရသည်။
“သူတို့က နိုင်ငံရေးကိစ္စနဲ့ ဆက်စပ်သူတွေဆိုရင်သာ မမိ မိအောင်ဖမ်းနေတာ။ ရာဇဝတ်မှုတွေကျ ရအောင်မဖမ်းဘူး” ဟု ဒေသခံက ဆိုသည်။
ဖောက်ထွင်းခံရသော သိန်းသိန်းစတိုးဆိုင်မိသားစုနှင့် တိုက်ရိုက်အဆက်အသွယ်ရနိုင်ရန် မဇ္ဈိမက တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရသေးပေ။
ထို့ကြောင့် သိန်းသိန်းစတိုးမိသားစု ဆုံးရှုံးလိုက်ရသော တန်ဖိုးအတိအကျနှင့် အမှု၏နောက်ဆက်တွဲ အခြေအနေများအား မဇ္ဈိမအနေဖြင့် အသေးစိတ်မသိရှိရသေးပေ။
၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်းကလည်း လက်ပံတန်းမြို့၊ ဗိုလ်အောင်ကျော်လမ်းတွင် နေအိမ်တစ်ခု၌ ဓားပြတိုက်မှုတစ်ခုဖြစ်ပွားခဲ့သေးသည်။ထို့ပြင် လက်ပံတန်းမြို့တွင် အခြား ဖောက်ထွင်းခံရမှုများ ရှိခဲ့သော်လည်း သက်ဆိုင်ရာရဲများက တရားခံကို မိအောင်မဖမ်းနိုင်ခဲ့ကြောင်း ဒေသခံက ဆိုသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
# ရွှေ ၃ ပိဿာခန့်
#စတိုးဆိုင် ဖောက်ထွင်းခံရ
#လက်ပံတန်းမြို့

👍6🥴2😁1
ရခိုင်က မုန်တိုင်းသင့်ဒေသတွေမှာ သောက်သုံးရေမသန့် ရှင်းတာကြောင့် ဝမ်းပျက် ဝမ်းလျှောရောဂါအဖြစ်များနေ
==================
မိုခါမုန်တိုင်းကြောင့် အကြီးအကျယ်ပျက်စီးခဲ့တဲ့ ရခိုင်ပြည်မြောက်ပိုင်းက ဒေသ တော်တော်များများမှာ သောက်သုံးရေမသန့် ရှင်းတာကြောင့် ဝမ်းပျက်ဝမ်းလျှောနဲ့ အရေပြားရောဂါတွေ အဖြစ်များလာတယ်လို့ သိရပါတယ်။
ရခိုင်မြောက်ပိုင်းကမုန်တိုင်းဒဏ်သင့်ဒေသတွေမှာ ဆေးဝါးသယ်ယူခွင့်တွေ ကန့်သတ်ခံထားရတာကြောင့် ကျန်းမာရေးစောင့်ရှောင်မှုတွေ အားနည်းနေတယ်လို့လည်း ဒေသခံတွေကို လိုက်လံဆေးကုသပေးနေတဲ့ ဆရာဝန်တဦးက ပြောပါတယ်။ \
ပုဏ္ဏားကျွန်းမြို့နယ်၊ ပြိုင်းတောကျေးရွာက စစ်ဘေးဒုက္ခသည်စခန်းမှာဆိုရင်လည်း စားဝတ်နေရေး ခက်ခဲနေသလို မသန့်ရှင်းတဲ့ သောက်သုံးရေတွေကြောင့် ဝမ်းပျက် ဝမ်းလျော ဖြစ်နေကြတယ်လို့ စစ်ဘေးဒုက္ခသည်တဦးက ပြောပါတယ်။
ရခိုင်မြောက်ပိုင်းက တချို့ဒေသတွေကို စစ်ကောင်စီက သွားရေးလာရေးနဲ့ ဆေးဝါး သယ်ယူခွင့်တွေ ကန့်သတ်ထားတာကြောင့် မုန်တိုင်းဒဏ်သင့် ဒေသတွေမှာ ကျန်းမာရေးစောင့် ရှောက်မှုတွေ အားနည်းနေတယ်လို့ ဒေသခံ ဆရာဝန်တဦးက ပြောပါတယ်။
ရခိုင်ပြည်နယ်ရှိ ဒေသံခံတွေဟာ သန်းရှင်းမှုမရှိတဲ့ရေများကို သောက်သုံးနေရကြောင်း ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ UNDPကလည်း သတင်းထုတ်ပြန်ထားပါတယ်။
https://youtu.be/WI9nhDmIH3w
#Political News
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
==================
မိုခါမုန်တိုင်းကြောင့် အကြီးအကျယ်ပျက်စီးခဲ့တဲ့ ရခိုင်ပြည်မြောက်ပိုင်းက ဒေသ တော်တော်များများမှာ သောက်သုံးရေမသန့် ရှင်းတာကြောင့် ဝမ်းပျက်ဝမ်းလျှောနဲ့ အရေပြားရောဂါတွေ အဖြစ်များလာတယ်လို့ သိရပါတယ်။
ရခိုင်မြောက်ပိုင်းကမုန်တိုင်းဒဏ်သင့်ဒေသတွေမှာ ဆေးဝါးသယ်ယူခွင့်တွေ ကန့်သတ်ခံထားရတာကြောင့် ကျန်းမာရေးစောင့်ရှောင်မှုတွေ အားနည်းနေတယ်လို့လည်း ဒေသခံတွေကို လိုက်လံဆေးကုသပေးနေတဲ့ ဆရာဝန်တဦးက ပြောပါတယ်။ \
ပုဏ္ဏားကျွန်းမြို့နယ်၊ ပြိုင်းတောကျေးရွာက စစ်ဘေးဒုက္ခသည်စခန်းမှာဆိုရင်လည်း စားဝတ်နေရေး ခက်ခဲနေသလို မသန့်ရှင်းတဲ့ သောက်သုံးရေတွေကြောင့် ဝမ်းပျက် ဝမ်းလျော ဖြစ်နေကြတယ်လို့ စစ်ဘေးဒုက္ခသည်တဦးက ပြောပါတယ်။
ရခိုင်မြောက်ပိုင်းက တချို့ဒေသတွေကို စစ်ကောင်စီက သွားရေးလာရေးနဲ့ ဆေးဝါး သယ်ယူခွင့်တွေ ကန့်သတ်ထားတာကြောင့် မုန်တိုင်းဒဏ်သင့် ဒေသတွေမှာ ကျန်းမာရေးစောင့် ရှောက်မှုတွေ အားနည်းနေတယ်လို့ ဒေသခံ ဆရာဝန်တဦးက ပြောပါတယ်။
ရခိုင်ပြည်နယ်ရှိ ဒေသံခံတွေဟာ သန်းရှင်းမှုမရှိတဲ့ရေများကို သောက်သုံးနေရကြောင်း ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ UNDPကလည်း သတင်းထုတ်ပြန်ထားပါတယ်။
https://youtu.be/WI9nhDmIH3w
#Political News
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ရခိုင်က မုန်တိုင်းသင့်ဒေသတွေမှာ သောက်သုံးရေမသန့် ရှင်းတာကြောင့် ဝမ်းပျက် ဝမ်းလျှောရောဂါအဖြစ်များနေ
မိုခါမုန်တိုင်းကြောင့် အကြီးအကျယ်ပျက်စီးခဲ့တဲ့ ရခိုင်ပြည်မြောက်ပိုင်းက ဒေသ တော်တော်များများမှာ သောက်သုံးရေမသန့် ရှင်းတာကြောင့် ဝမ်းပျက်ဝမ်းလျှောနဲ့ အရေပြားရောဂါတွေ အဖြစ်များလာတယ်လို့ သိရပါတယ်။
ရခိုင်မြောက်ပိုင်းကမုန်တိုင်းဒဏ်သင့်ဒေသတွေမှာ ဆေးဝါးသယ်ယူခွင့်တွေ…

👍4🔥4😢1