Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဇွန်လ ၈ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥2
​​ပုလောမြို့ မင်းထိန်ရွာတွင် စစ်ကောင်စီ၏ လက်နက်ကြီး ထိမှန်၍ ၁ ပတ်အတွင်း ၃ ဦးသေ၊​ ၁၀ ဦးကျော်ဒဏ်ရာရ
===============

ကိုရွှေမြိတ်
မဲဆောက် (မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း ၊ မြိတ်ခရိုင် ၊ ပုလောမြို့နယ် ၊ မင်းထိန်ကျေးရွာအုပ်စုရှိ ၊ မင်းထိန်ကျေးရွာကို ခလရ (၂၈၅) တပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဇွန်လ ပထမပတ်အတွင်း သုံးဦးသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရခဲ့ကြောင်း ဒေသခံထံက သိရသည်။

“ ဒီရွာမှာက ဇွန်လ ၁ ရက်နေ့ ကတည်းက ရွာခံတွေ အချို့ နေအိမ် စွန့်ခွာ နေတာ ရှိပါတယ်။ အဓိကကတော့ နောက်ထပ် စစ်တပ်က လက်နက်ကြီးနဲ့ ထပ်ပစ်မှာကို စိုးရိမ်ပြီး ပြောင်းရွေ့နေတာ ဖြစ်တယ်”ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြော သည်။

ပြီးခဲ့သည့် ဇွန်လ ၇ ရက် ညနေ ၅ နာရီခန့်ကလည်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သေးပြီး ထိုပစ်ခတ်မှုအတွင်း အမျိုးသားတစ်ဦး သေဆုံးကာ အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်။ ထိုနေ့က သေဆုံးသူမှာ အသက် ၅၀ အရွယ် ဦးဖိုးချောင်းဆိုသူဖြစ်ပြီး ဒဏ်ရာရသူအမျိုးသမီးမှာ ဒေါ်စီစီဆိုသူဖြစ်သည်။

“စစ်တပ်က ပစ်လို့ လက်နက်ကြီး ရွာထဲ ကျပြီး ဒေသခံတွေ ရှစ်ဦးထက် မနည်း ထိတဲ့ အထဲမှာ နှစ်ယောက်ကတော့ ဒဏ်ရာ အပြင်းအထန် ရရှိပြီး ဆေးရုံပို့ အချိန်မှာ အမျိုးသား တစ်ဦး သေဆုံးခဲ့တာ ဖြစ်တယ်”ဟု ဒေသခံ တစ်ဦးကသည်။
ပုလောမြို့နယ် အခြေစိုက် ခလရ (၂၈၅) တပ်ရင်းသည် တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ မကြာခဏ လက်နက်ကြီးဖြင့် ပစ်ခတ်နေခြင်းဖြစ်သည်။

လက်ရှိတွင် ပုလောမြို့နယ် အနီးတဝိုက်ရှိ ပဝတ်ကုန်း၊ ပဝတ်ဖျား၊ မကျည်းကုန်း၊ သင်္ကန်းတောနှင့် ကဒဲ စသည့် ကျေးရွာများတွင်တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေ၍ ဒေသခံအများစုမှာ စစ်ဘေးရှောင်နေကြကြောင်း သိရသည်။ ပုလောမြို့နယ် သည် စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာထားသော မြို့နယ် ဖြစ် သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#၃ ဦးသေ
#၁၀ ဦးကျော်ဒဏ်ရာရ
#မင်းထိန်ရွာ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🤬4😢3🔥2😁1
​​မန်ယူနိုက်တက် ရောင်းချခြင်း - ကာတာဘဏ်လုပ်ငန်းရှင် ရှိတ်ဂျာဆင်က ကလပ်ကို ဝယ်ယူဖို့ ၅ ကြိမ်မြောက်နဲ့ နောက်ဆုံးကမ်းလှမ်းမှုပြုလုပ်
====================

ရှိတ်ဂျာဆင်း ဘင်ဟာမက် အယ်သာနီဟာ ဒီသီတင်းပတ်အစောပိုင်းက မန်ချက်စတာယူနိုက်တက်ကို ဝယ်ယူဖို့ ၅ ကြိမ်မြောက် ကမ်းလှမ်းမှုပြုလုပ်ခဲ့ကြောင်း ကာတာဘဏ်လုပ်ငန်းရှင်နဲ့ နီးစပ်သူတစ်ဦးအရ သိရပါတယ်။

ဒါဟာ ရှိတ်ဂျာဆင်းရဲ့ နောက်ဆုံး ကမ်းလှမ်းမှုဖြစ်ပြီး သူဟာ သောကြာနေ့ကုန်ရင်တော့ ဒီဖြစ်စဉ်မှာ ပါဝင်ပတ်သက်တော့မှာ မဟုတ်ပါဘူး။

အခုကမ်းလှမ်းမှုဟာ ကလပ်ရဲ့ ၁၀၀ ရာခိုင်နှုန်းအတွက်ဖြစ်ပြီး ယူနိုက်တက်ရဲ့ ကြွေးမြီတွေကို ရှင်းပေးမှာဖြစ်ပြီး ကလပ်နဲ့ ဒေသတွင်းအသိုင်းအဝိုင်းအတွက် သီးခြားရန်ပုံငွေတစ်ခုရှိမှာပါ။
👍8🔥3
​​တူမီးထီအပတ်စဉ် (၁၃) မှ ရရှိလာသော ကန်ဒေါ်လာ ၇၀၀ကျော်ကို CDF ထံပေးအပ်
==================

ပါခွီး
မဇ္စျိမ ။ ။ ချင်းပြည်နယ်တော်လှန်ရေးအတွက် ဘဏ္ဍာငွေအားဖြည့်ရန် ဖွင့်လှစ်ထားသော တူမီးထီအပတ်အစဉ်(၁၃) မှ ရရှိလာသည့် ရန်ပုံငွေ ကန်ဒေါ်လာ၇၆၅ကို ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (တွန်းဇံ) CDF – Tonzangထံ ပေးအပ်ခဲ့ကြောင်း တူမီး ထီက ဇွန်လ ၇ရက်နေ့တွင်ထုတ်ပြန်သည်။

တူမီးထီကို တစ်စောင်လျှင် အမေရိကန်ဒေါ်လာ ၅ ဒေါ်လာဖြင့် ရောင်းချနေပြီး မေလအတွက် အပတ်စဉ် (၁၃) တွင် ၂၀၅စောင် ရောင်းချရသောကြောင့် စုစုပေါင်း ၁၀၂၅ ဒေါ်လာရရှိခဲ့သည်။ ဆုကြေးငွေ ဒေါ်လာ၂၅၀နှင့် အေးဂျင့်အတွက် ၁၀ဒေါ်လာ သုံးစွဲခဲ့သဖြင့် ကျန်ရှိသော ၇၆၅ဒေါ်လာကို CDF – Tonzangထံပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“တူမီးအပတ်စဉ် ၁၃မှာ ပေါက်တဲ့သူမရှိပါဘူး။ ဒါပေမဲ့ဆုကြေးငွေ ဒေါ်လာ၂၅၀ ကတော့ နောက်လာမဲ့အပတ်စဉ်မှာ ထပ်ပေါင်းချီးမြှင့်သွားမှာပါ” ဟု တူမီးထီက တာဝန်ရှိသူ တစ်ဦးကပြောသည်။
တူမီးထီအပတ်စဉ်(၁၃)မှ ဆုကြေးငွေ ဒေါ်လာ၂၅၀ကို ထပ်ပေါင်းထည့်မည်ဖြစ်သဖြင့် လာမည့်အပတ်စဉ်(၁၄) တွင် ဆုကြေးငွေ အမေရိကန် ဒေါ်လာ ၁၃၀၀ စတင်သတ်မှတ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း၎င်းက ရှင်းပြသည်။

အပတ်စဉ်(၁၄) အတွက် တူမီးထီများကိုရောင်းချလျက်ရှိပြီး ဇွန်လ ၃၀ရက်နေ့တွင် ကံထူးရှင်ရွေးချယ်သွားမည်ဖြစ်သည်။ ‌ပြည်သူများအနေဖြင့် တူမီးထီ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှတဆင့်ဆက်သွယ်ပြီး ကူညီအားဖြည့်နိုင်သည်ဆိုသည်။

တူမီးထီ အပတ်စဉ် (၁၂) မှ ရရှိလာသော ရန်ပုံငွေ ကျပ် ၃၂၂၀,၀၀၀(သုံးဆယ့်နှစ်သိန်းနှစ်သောင်း) ကို ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) CDF – Kanpetlet ထံ ပေးပို့ခဲ့ကြောင်းသိရသည်။ တူမီးထီမှ ရရှ်ိငွေကို ထောက်ပံ့ရာတွင် မြန်မာကျပ်ငွေ၊ အမေရိကန်ဒေါ်လာ၊ အိန္ဒိယရူပီး‌‌ငွေ စသည်ဖြင့် လိုအပ်ချက်ပေါ်မူတည်၍ အဆင်ပြေရာ ငွေကြေးဖြင့် ထောက်ပံ့ခြင်းဖြစ်သည်။

တူမီးထီမှ ရရှိသောဘဏ္ဍာငွေများကို ချင်းတော်လှန်ရေးအင်အားစုများထံသို့ထောက်ပံ့နေပြီး ထီထိုးသူနည်းလျှင် ထောက်ပံ့‌ငွေနည်းပါးသဖြင့် ပြည်သူများအနေဖြင့် များများပါဝင်အားဖြည့်ပေးကြရန် တော်လှန်ရေးအင်အားစုများက မေတ္တာရပ်ခံထားသည်။

တူမီးထီသည် ၂၀၂၁ ခုနှစ်တွင်စတင်သည့် မြန်မာနွေဉီးတော်လှန်ရေးအတွက် လိုအပ်သည့် တော်လှန်ရေးရန်ပုံငွေရှာဖွေရန်အတွက် ဖွဲ့စည်းထားသော ချင်းရန်ပုံငွေအဖွဲ့ (Chin Relief Funding Program - CRFP ) မှရောင်းချသော ချင်းဒီဂျစ်တယ်ထီဖြစ်သည်။
စာတည်း - မောင်ကြီး

#mizzima
#တူမီးထီ
#CDF – Tonzang
ဓာတ်ပုံ - CDF တပ်ဖွဲ့ဝင်များ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8❤2😁2
​​NUG ၏ ရန်ကုန် PDF တပ်ရင်းက ကြိုတင်ပြင်ဆင်သည့် ဆောင်ရွက်ချက်ဟု NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ပြော
====================

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ရန်ကုန်တိုင်းတွင် ပထမဆုံး PDF တပ်ရင်း ဖွဲ့စည်းခြင်းသည် ရန်ကုန်တွင် ချက်ချင်းလက်ငင်း စစ်ရေး လုပ်ဆောင်ချက် ဖြစ်ပေါ်လိမ့်မည်ဟု အဓိပ္ပါယ် သဘော မသက်ရောက်သော်လည်း ယင်းက ရန်ကုန်၌ ရှေ့ကာလ စစ်ဘက် စစ်ဆင်ရေးတစ်ခုအတွက် ကြိုတင်ပြင်ဆင်သော ဆောင်ရွက်မှုတစ်ခု ဖြစ်ကြောင်းနှင့် ထို တပ်ရင်းက ရန်ကုန်ကို ဦးတည်ပြီး ချီတက်မည့် တပ်ရင်းတစ်ခုဖြစ်ကြောင်း NUG အစိုးရ ဝန်ကြီးချုပ်ရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က မဇ္ဈိမကို ပြောသည်။
👍18❤2🔥1😁1
ဇွန်လ ၈ ရက်၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်
====================

-NLD ဝန်ကြီး ၂ ဦး၏ အဂတိမှု အထူးအယူခံကို တရားလွှတ်တော်ချုပ် ပယ်ချလိုက်တဲ့သတင်း

-NUG လူ့အခွင့်အရေးဌာန အကြံပေး ဦးအောင်ကျော်မိုး၏ အစ်ကိုအကြီးဆုံး လုပ်ကြံခံရတဲ့အကြောင်း

-အညာဒေသက စစ်ဘေးရှောင်တွေ စိတ်ပိုင်းဆိုင်ရာ ကျဆင်းမှုနှင့် ကြုံတွေ့နေရ

-မအူပင်မြို့ ငလျင်လှုပ်ခတ်မှု နောက်ဆက်တွဲအခြေအနေ

-ဇွန်လဒုတိယလပတ်အတွင်း မြန်မာတနိုင်ငံလုံးသို့ အနောက်တောင်မုတ်သုံလေ ဝင်ရောက်နိုင်တဲ့အကြောင်း သတင်းအပါအဝင် တခြားအရေးကြီးတဲ့ သတင်းတွေနဲ့ စိတ်ဝင်စားဖွယ်ရာ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

https://www.youtube.com/live/PS7DWPf35x0?feature=share

#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
❤7👍2🍌1
This media is not supported in your browser
VIEW IN TELEGRAM
ရုရှားဩဇာလွှမ်းမိုးမှု စုံစမ်းစစ်ဆေးရေး ဥပဒေသစ်နဲ့ ပတ်သက်ပြီး ပိုလန်နိုင်ငံကို အရေးယူဖို့ အီးယူစတင်လုပ်ဆောင်

https://www.facebook.com/reel/2012648632409276

#Internationalnews #Mizzima #Russia #EU #Poland #Reels #Shorts
🔥3😁1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၈ ဇွန် ၂၀၂၃)
==========================

၂၀၂၀ ရွေးကောက်ပွဲတွင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ဖွံ့ပါတီ မဲရှုံး၍ အာဏာလုပြီးမှ လူကြားကောင်းအောင် စစ်တပ်က တရားမဝင်ရွေးကောက်ပွဲလုပ်ရန် စီစဉ်နေချိန် ကြံ့ဖွံ့ ဥက္ကဋ္ဌ ခင်ရီ က စစ်လုပ်မည့် ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်နိုင်အောင်လုပ်မည်ဟု ပြောဆိုနေခြင်းသည် လူအများအတွက် လှောင်ရီစရာတစ်ခုပင်ဖြစ်နေသည်။
👍5😁3🔥1
စစ်ကောင်စီထောက်ခံသူ လီလီနိုင်ကျော်၏ အသုဘကို မင်္ဂလာဒုံ စစ်ဆေးရုံရှိ ဇရပ်တွင် ပြုလုပ်
🤣15🔥1
စစ်ကောင်စီထောက်ခံသူ လီလီနိုင်ကျော်၏ အသုဘကို မင်္ဂလာဒုံ စစ်ဆေးရုံရှိ ဇရပ်တွင် ပြုလုပ်
=================

မောင်ခက်နွေ
(မဇ္ဈိမ)။ ။စစ်ကောင်စီထောက်ခံသူ လီလီနိုင်ကျော်၏ အသုဘကို ရေဝေးသုသာန်တွင် ပြုလုပ်ရဲခြင်းမရှိဘဲ မင်္ဂလာဒုံရှိ စစ်ဆေးရုံအတွင်း ဇရပ်တွင်သာ မီးသင်္ဂြိုဟ်ခဲ့ကြတယ်လို့ စစ်တပ်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းက မဇ္ဈိမကို ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားသည့် အမျိုးသားရေးသမား၊ စစ်တပ်ထောက်ခံသူ အဆိုတော် လီလီနိုင်ကျော်ကို ယနေ့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့ ညနေပိုင်းတွင် အသုဘချလိုက်ခြင်းဖြစ်သည်။

“ရေဝေးမှာ မလုပ်ဘူး၊ တပ်မတော်ဆေးရုံထဲက ငြိမ်းအေးဇရပ်မှာပဲ လုပ်တာ။ စစ်တပ် အသိုင်းအဝိုင်းနဲ့ မဘသ ကလူတွေ၊ ပြီးတော့ YMBA ကလူတွေပဲ လာကြတယ်။ စစ်တပ်က ထိပ်ပိုင်းခေါင်းဆောင်တွေတော့ မပါဘူး”ဟု စစ်တပ်နဲ့ နီးစပ်သည့် အသိုင်းအဝိုင်းက မဇ္ဈိမကို ဆိုသည်။

အဆိုတော် လီလီနိုင်ကျော်သည် မေလ ၃၀ ရက်တွင် ရန်ကင်းမြို့နယ်ရှိ နေအိမ်ရှေ့၌ ပစ်ခတ်ခံရပြီး စိုးရိမ်ဒဏ်ရာရကာ စစ်ဆေးရုံတွင် သီတင်း တစ်ပတ်နီးပါးကြာ ကုသမှုခံယူခဲ့သော်လည်း ဇွန်လ ၆ ရက် မနက်ပိုင်းတွင် သေဆုံးခဲ့ကြောင်း မိသားစုနှင့် နီးစပ်သည့် အသိုင်းဝိုင်းထံမှ သိရသည်။

ထို့အပြင် ဇွန်လ ၆ ရက်နေ့က စစ်တပ်ထောက်ခံသူဟု လူသိများသည့် လီလီနိုင်ကျော်အား ပစ်ခတ်ခဲ့သူ Special Task Force- STF အဖွဲ့ဝင် နှစ်ဦးကို ဖမ်းဆီးမိကြောင်း စစ်ကောင်စီဘက်က ထုတ်ပြန်ပြောဆိုထားသည်။

လီလီနိုင်ကျော်ကို လုပ်ကြံပစ်ခတ်ရန် အမိန့်ပေးသူမှာ ဗကသ ကျောင်းသားခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သည့် ကိုဒီငြိမ်းလင်းနှင့် မဟေဇယ် တို့က ညွှန်ကြားခြင်း၊ အချက်အလက်ပေးပို့ခြင်းများ လုပ်ဆောင်ခဲ့သည်ဟု စစ်ကောင်စီက စွပ်စွဲပြောဆိုထားသည်။
၎င်းအပြင် ဗကသ ကျောင်းသားခေါင်းဆောင်ဟောင်း ကိုဒီငြိမ်းလင်းနှင့် မဟေဇယ်တို့ကို ဖမ်းဆီးရန်နှင့် အိမ်ချိပ်ပိတ်ရန် တိုက်တွန်းထားသည်ကိုလည်း စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် တွေ့ရသည်။

လီလီနိုင်ကျော်ကို ပစ်ခတ်ခဲ့သူသည် ကောင်းဇာနည်ဟိန်း(ခ)လပြည့်ဆိုသူဖြစ်ပြီး ထိုအမျိုးသား၏ပုံကို လုံခြုံရေးကင်မရာမှ တစ်ဆင့်ရရှိပြီးနောက်ပိုင်း ၎င်းတို့ကို ဖမ်းဆီးခဲ့ကြောင်း ပါရှိသည်။

လီလီနိုင်ကျော်သည် စစ်တပ်ထောက်ခံသူတစ်ဦးဖြစ်ပြီး သတင်းပေးတစ်ယောက်လည်းဖြစ်ကာ အာဏာသိမ်းကာလမှစ၍ တော်လှန်လူငယ်များအား ဖမ်းဆီးရန် တိုင်တန်းမှုများပြုလုပ်ခြင်း၊ ရပ်ကွက်အတွင်း သံပုံးတီးသူများအား Video Record ယူကာ တိုင်တန်းခဲ့သဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအ၀င် စစ်ကောင်စီတပ်မှ စစ်ကားသုံးစီးဖြင့် ည ၁၁ နာရီ၀န်းကျင်တွင် သံပုံးတီးသူများအား လာရောက်ရှာဖွေဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့သည့် ဖြစ်စဉ်မျိုးရှိခဲ့ဖူးသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#စစ်တပ်ထောက်ခံသူ
#လီလီနိုင်ကျော်
#အသုဘ
#မင်္ဂလာဒုံ
#စစ်ဆေးရုံ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤣9👍5😁5🤮1
This media is not supported in your browser
VIEW IN TELEGRAM
ဖင်လန်နိုင်ငံက ရုရှားသံရုံး၀◌န်ထမ်း ၉ ဦးကို သူလျှိုလုပ်မှုအတွက် နှင်ထုတ်

https://www.facebook.com/reel/1891892837846914

#Internationalnews #Reels #Shorts #Russia
👏11🔥3👍1🤯1