Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
စစ်အာဏာသိမ်းအပြီး (၂)နှစ်အကြာ၊ ရန်ကုန်မှာ ဘာတွေဖြစ်နေပြီလဲ??
===================

ရန်ကုန်ရဲ့ အခက်အခဲအကြပ်အတည်းတွေအများကြီးထဲက လက်လှမ်းမှီသမျှကို ရုန်းကန်သံအဖွဲ့က မှတ်တမ်းတင်ထားပါတယ်။ ရန်ကုန်လူထုရဲ့အသံတွေကို အတူတူနားထောင်ကြည့်ကြရအောင်ပါ။

https://youtu.be/I2_KT-Wxnak
 
#two_years_after_coup #episode1 #ရုန်းကန်သံ #SOSMYANMAR
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5🔥3😁1
နိုင်ငံတကာကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် လူမှုအဖွဲ့အစည်းများ ရခိုင်ပြည်နယ်အတွင်း သွားလာကူညီခွင့် စစ်ကောင်စီပိတ်ပင်၊ မုန်တိုင်းဘေးသင့် ရခိုင်လူထု အငတ်ဘေးကြုံနိုင်ဟု အရပ်ဖက်အဖွဲ့များပြော
🤬9🔥3👍2😢2
နိုင်ငံတကာကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် လူမှုအဖွဲ့အစည်းများ ရခိုင်ပြည်နယ်အတွင်း သွားလာကူညီခွင့် စစ်ကောင်စီပိတ်ပင်၊ မုန်တိုင်းဘေးသင့် ရခိုင်လူထု အငတ်ဘေးကြုံနိုင်ဟု အရပ်ဖက်အဖွဲ့များပြော
==========================

ဂျူချန်း
(မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ်အတွင်း နိုင်ငံတကာကူညီကယ်ဆယ်ရေးအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများအားလုံးကို စစ်ကောင်စီက ခရီးသွားလာခွင့်ပိတ်ပင်လိုက်သောကြောင့် မုန်တိုင်းဘေးသင့် ရခိုင်လူထုအတွက် စိုးရိမ်စရာအလွန်ကောင်းကြောင်း ကူညီကယ်ဆယ်ရေးအဖွဲ့များကပြောသည်။

ရခိုင်ပြည်နယ်အတွင်း ကူညီရေးအဖွဲ့အစည်းများသို့ ဆောင်ရွက်ခွင့်ပြုထားသည့် ခရီးသွားလာခွင့်များအား ဇွန်လ ၇ ရက်နေ့မှစတင်ကာ ရပ်ဆိုင်းလိုက်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီ၏ ဇွန်လ ၈ ရက်နေ့ရက်စွဲပါ အကြောင်းကြားစာတွင် ပါရှိသည်။အဆိုပါ အကြောင်းကြားစာတွင် စစ်ကောင်စီ၏လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူက လက်မှတ်ထိုးထားသည်။

အဆိုပါ ညွှန်ကြားစာ လက်ခံရရှိထားပြီးကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် အရပ်ဘက်အဖွဲ့အစည်းများအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြည်တွင်းပြည်အဖွဲ့အစည်းများအားလုံးကို ခရီးသွားလာခွင့် ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင် ရခိုင်ပြည်နယ်အခြေစိုက် အရပ်ဖက်အဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ယနေ့ မေလ ၈ရက်တွင် ပြောသည်။

" အရပ်ဖက်အဖွဲ့တွေကို စာပို့တယ်။ လူတွေ ငတ်သွားနိုင်တယ်။ ဒီနှစ်ပတ် သုံးပတ်အတွင်း တချို့နေရာတွေကို မရောက်သွားရင် လူတွေ ငတ်သွားနိုင်တယ်။ အခုလည်း ငတ်နေကြတယ်။ တချို့အိမ်တွေဆိုရင် ဆန်တစ်ပြည်တောင် မရှိဘူး” ဟု အမည်မဖော်လိုသည့် ကူညီကယ်ဆယ်ရေး အဖွဲ့ တာဝန်ရှိသူက ပြောသည်။

ယခင်ကလည်း လွတ်လပ်စွာ သွားလာခွင့် မရခဲ့သလို ယခုကဲ့သို့ ခရီးသွားလာခွင့် ပိတ်လိုက်ခြင်းသည် ဒေသခံပြည်သူများအတွက် ဒုက္ခများစွာ ကြုံတွေ့ရနိုင်ကြောင်း ကူညီကယ်ဆယ်အရေးအဖွဲ့များကပြောသည်။

ပြည်တွင်းနှင့် အရပ်ဖက်အဖွဲ့အစည်းများသည် အရေးပေါ်ကာလတွင်သာ ထောက်ပံ့ထားနိုင်ပြီး နိုင်ငံတကာမှအကူအညီမရပါက ရေရှည်တွင် ဒေသခံပြည်သူများ အငတ်ဘေးဖြင့် ရင်ဆိုင်ရဖွယ်ရှိကြောင်းကူညီကယ်ဆယ်အရေးအဖွဲ့များကပြောသည်။

ကူညီကယ်ဆယ်ရေးအဖွဲ့များအား ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီက ယခုကဲ့သို့ ခရီးသွားလာခွင့် ရပ်ဆိုင်းလိုက်ခြင်းသည် ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့တွင် မိုင်းလားမြို့၌ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNTJP/MNDAA)နှင့် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) တို့နှင့် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးအဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲ သဘောတူညီမှု မရရှိခဲ့သဖြင့် လုပ်ဆောင်ခြင်းဖြစ်နိုင်သည်ဟု သုံးသပ်မှုများရှိ‌နေသည်။

မဇ္ဈိမအနေဖြင့် စစ်ကောင်စီ၏ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး ပေါင်းစပ်ညှိနှိုင်းရေးကော်မတီနှင့် ဆက်သွယ်နိုင်ရန် ကြိုးစားခဲ့သော်လည်း ယနေ့ ဇွန်လ ၈ရက်ည ၈နာရီခန့်အထိ အဆက်အသွယ် မရရှိသေးပေ။ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရနှင့် ပြည်နယ်ပြောခွင့်ရ ဦးလှသိန်းသည် အဆိုပါ ကိစ္စအား ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိသေးကြောင်း ရခိုင်ပြည်နယ်အခြေစိုက် သတင်းမီယာအချို့က ယ‌နေ့ ရေးသားထားသည်။

စစ်ကောင်စီက ရခိုင်ဒေသအတွင်း ကူညီကယ်ဆယ်မှုများဆောင်ရွက်နေသည့် နိုင်ငံတကာအဖွဲ့အစည်းများအား ခရီးသွားလာခွင့် ရပ်ဆိုင်းကြောင်း အကြောင်းကြားစာ လက်ခံရရှိခြင်းရှိမရှိကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ-မြန်မာ (ICRC Myanmar)ထံသို့လည်းမဇ္ဈိမမှ ယနေ့ညနေက မေးမြန်းခဲ့ရာတွင်လည်း ယင်းအကြောင်းကို မဖြေကြားဘဲ ၎င်းတို့ထံ email ပို့ မေးရန်နှင့် အကြောင်းအရာပေါ်မူတည်ပြီး တစ်ပတ်အတွင်း အကြောင်းပြန်ပေးမည်ဟု ဖြေကြားသည်။

ရခိုင်ပြည်နယ်မှ မုန်တိုင်းဘေးသင့်ပြည်သူများသည် စားနပ်ရိက္ခာနှင့် အရေးပေါ်အကူအညီများ အရေးတကြီး လိုအပ်နေသည်ဟု နိုင်ငံတကာကူညီရေးအဖွဲ့များက ပြောဆိုနေချိန်တွင် စစ်ကောင်စီက ယခုကဲ့သို့ လုပ်ဆောင်ခြင်းက ရခိုင်လူထုကို ဒုက္ခပေးရန်အကြံအစည်ဟု မုန်တိုင်းဘေးသင့်ပြည်သူများကပြောသည်။ ပြီးခဲ့သည့် မေလ ၁၄ရက်က ရခိုင်ကမ်းရိုးတန်းသို့ဉီးတည် ဝင်ရောက်ခဲ့သော မိုခါဆိုင်လုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်တပြည်နယ်လုံးအတိုင်းအတာအားဖြင့် မုန်တိုင်း ဘေးသင့်ခဲ့ရသည်။

စစ်ကောင်စီသည် မိုခါ မုန်တိုင်းဒဏ်ခံ ပြည်သူများအတွက်အကူအညီများကို ဖြတ်လေးဖြတ် မူဝါဒဖြင့် ဖြတ်တောက်နေသည်ဟု မကြာသေးမီက ကျင်းပခဲ့သည့် ကုလသမဂ္ဂသဘာဝဘေးအန္တရာယ်ကျရောက်မှုလျှော့ချနိုင်ရေးဆိုင်ရာ Sendai Framework ပြန်လည်သုံးသပ်ရေးအဆင့်မြင့်အရာရှိကြီးများမျက်နှာစုံညီအစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောကြားထားသည်။

စာတည်း - မောင်ကြီး

#mizzima
#ရခိုင်ပြည်နယ်
#နိုင်ငံတကာအဖွဲ့အစည်းများ
#ခရီးသွားလာခွင့်ရပ်ဆိုင်း
👍6🔥3🤬3👎1
ဘင်္ဂလားဒေ့ရှ်မှာ ဆယ်စုနှစ်တွေအတွင်း အရှည်ကြာဆုံး အပူလှိုင်းကြောင့် ကျောင်းတွေပိတ်ထားရ
=====================

https://youtu.be/Inj_k_UTErc

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6🔥3
ယူကရိန်းရဲ့ထိုးစစ်ကို ချေမှုန်းရာမှာ ရုရှားစစ်သား ၇၁ ဦး သေဆုံးခဲ့ကြောင်း မော်စကို ပြော
=========================

https://youtu.be/Vny8LCwyj_4

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😁21👍13👏1
မအူပင် (ဘောလုံးပန်း)ရဲ့အကျိုးကျေးဇူးများ
==============

-မအူပင် (ဘောလုံးပန်း)က သင့်ကျန်းမာရေးအတွက် ဘာတွေအကျိုးပြုမလဲ ?

-မအူပင် (ဘောလုံးပန်း)မှာ ပါဝင်တဲ့ အစွမ်းသတ္တိတွေက ဘာတွေလဲ ?

-မအူပင် (ဘောလုံးပန်း)မှာရှိတဲ့ လျှို့ဝှက်ချက် အကျိုးအာနိသင်တွေက ဘာတွေလဲ ?

အစရှိတဲ့ အကြောင်းအရာတွေကို ဒီအစီအစဉ်ကနေ တင်ဆက်ပေးသွားမှာပါ ......

https://youtu.be/BNA07woJYj4

#Nature
#NatureArticle
#VideoNews
#MizzmaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍4😁2🌭1
ဇွန်လ ( ၉ )ရက်၊ သောကြာနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
====================

ဒီကနေ့ မနက်နားဆင်ရမယ့် သတင်းတွေကတော့ အမေရိကန်နိုင်ငံအခြေစိုက်၊ ကမ္ဘာ့အကြီးဆုံး ကျန်းမာရေးထောက်ပံ့ကူညီမှုအသင်း က မြန်မာနိုင်ငံအတွက် ဆေးနဲ့ဆေးပစ္စည်းတွေလှူဒါန်းဖို့ NUG နဲ့ဆွေးနွေးနေတဲ့သတင်းနဲ့အတူ Myingyan Black Tiger-MBT တပ်ဖွဲ့ ရဲ့ ကမ်ပိန်းသတ်မှတ်ရက်ကို ၁၀ ရက် ထပ်တိုးလိုက်တဲ့သတင်းအပါအဝင် တခြား စိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။
 
အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေနဲ့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ရှိသလို ကျန်းမာရေးအကြောင်း  ပြောပြထားတဲ့ ကျန်းမာသုတ လူမှုဘဝ အစီအစဉ်ကို နားဆင်ရမှာဖြစ်ပါတယ်။ 

https://youtu.be/u3JNZ8QXi0c
 
#Mizzimaradio
#Morningradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10😁2
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ ဇွန် ၉ ရက်၊ ၂၀၂၃ | VOA On Mizzima
==========================

ကုန်သွယ်ရေးပိုင်းမှာ ရုရှားနဲ့ ပိုမိုပူးပေါင်း ဆောင်ရွက်နေတဲ့ တူရကီသမ္မတ အာဒိုဝမ်ကို အမေရိကန်က ချည်းကပ်နိုင်ဖို့ ကြိုးပမ်းနေတာပါ။ အသင်းတော်က ကန့်ကွက်ထားပေမဲ့ ကက်သလစ် ခရိယာန် အမျိုးသမီး သိက္ခာတော်ရ ဘုန်းတော်ကြီး အရေအတွက် ၂ ရာကျော်လာ၊ ဒီလို နိုင်ငံတကာ သတင်းဆောင်းပါးတွေအပြင်၊ ဆိုရှယ်မီဒီယာမှာ လူကြည့်များတဲ့ သတင်းတိုတွေနဲ့ နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ ဇွန် ၉ ရက်၊ သောကြာမနက် မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။ 

https://youtu.be/KGfHSbPq_oQ

#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😁5👍3
​​စစ်ကောင်စီလက်ထက် ၂၀၂၂-၂၀၂၃ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်း ထုတ်ပြန် ၊ ကျောင်းများတွင်လာရောက်ကြည့်ရှုသူ မရှိ
===================

ကီရာ
စစ်ကောင်စီ လက်ထက် ၂၀၂၂-၂၀၂၃ တက္ကသိုလ်ဝင်တန်းအောင်စာရင်းများကို ယနေ့ ဇွန်လ ၉ရက်နေ့ နံနက်ပိုင်းတွင် အွန်လိုင်းမှတဆင့် တိုက်ရိုက်ထုတ်လွှင့်ခြင်းနှင့် သက်ဆိုင်ရာကျောင်းများတွင် အောင်စာရင်းများကပ်ထားခြင်းများကို လုပ်ဆောင်ခဲ့ပြီး ကျောင်းများတွင် ကပ်ထားသည့်အောင်စာရင်းများကို လာရောက်ကြည့်ရှု့သူမရှိကြောင်း သိရသည်။

" အရင်ကဆိုရင် အောင်စာရင်းထွက်တာနဲ့ လူတွေကြိတ်ကြိတ်တိုးကြည့်ကြတာလေ။ ၂၀၂၀ ကိုဗစ်ကာလမှာတောင် အွန်လိုင်းက ကြည့်လို့ရပေမယ့်လဲ အပြင်မှာ လူတွေက လာကြည့်ကြတာပဲလေ။ ကျောင်းဆိုင်းဘုတ်မှာ နာမည်ကပ်ထားတာကို ကိုယ့်နာမည်လိုက်ရှာရတာက အရမ်းရင်ခုန်ရတာမို့ ဒါကို လိုချင်လို့ သက်သက်ကို လာကြည့်ကြတာ။ အခုကတော့ စာမေးပွဲ ဝင်ဖြေတာကော အောင်တာကော လူသိမှာကြောက်ကြ ဖြေတာတောင် ခိုးကြောင်‌ခိုးဝှက်ဖြေရတာဆိုတော့ ဒီလိုလူမြင်ကွင်းမှာ လာကြည့်ဖို့လည်း မလုပ်ချင်ကြတော့တာပေါ့။ အွန်လိုင်းကနေ အလွယ်တကူ ကြည့်လို့ရတာကြောင့်လည်းပါပါမယ်"ဟု CDM ပြုလုပ်ထားသူ အမည်မဖော်လိုသည့် အထက်တန်းဆရာမတစ်ဦးက မှတ်ချက်ပြုသည်။

စစ်ကောင်စီ လက်အောက်ခံ ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ် အောင်ချက်ရာခိုင်နှုန်း ၆၇.၈၇ရာခိုင်နှုန်း ဖြစ်ကြောင်း စစ်ကောင်စီ ပညာရေးဌာနမှ တဆင့် သိရသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ‌ဝင်ရောက်ဖြေဆိုသူ ၁၆၁၈၅၀ဦး ရှိခဲ့ရာမှ ၁၀၉၈၅၁ဦး အောင်မြင်ခဲ့ခြင်း ဖြစ်သည်။

စာမေးပွဲဝင်ရောက်ဖြေဆိုခဲ့သူ ကျောင်းသားတစ်ဦးက " ဒီနှစ်က နောက်ဆုံးအကြိမ် ဖြေရတာမို့ အိမ်ကလဲ ဖြေစေချင်ကြတာမို့ ဝင်ဖြေလိုက်တာပါ။ ဂုဏ်ထူးပါလည်းဘာမှ ထွေထွေထူးထူး မခံစားရပါဘူး။ အရင် နိုင်ငံရေးကောင်းတုန်းက စာသေချာမလုပ်ခဲ့မိတာ စာမေးပွဲကျတာကိုပဲ ကိုယ့်ကိုကိုယ် နောင်တရမိတယ် ။ ဒီအခြေအနေကြီး ဖြစ်လာမယ်လို့လည်း ဘယ်သူမှသိကြတာ မဟုတ်ပေမယ့် ဒီအခြေအနေကြီး ကြားထဲမှာ နိုင်ငံခြားလဲ မထွက်နိုင် ဆယ်တန်းတောင်မအောင်တော့ ဘာမှလဲ အလုပ်သေချာမလုပ်နိုင်နဲ့ မိဘ စိတ်ချမ်းသာအောင် ဒီစစ်ကောင်စီရဲ့ ပညာရေးကိုပဲ ပြန်ဖြေရတာ"ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ စစ်ကောင်စီ၏ ပထမဆုံးကျင်းပသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် စာမေးပွဲဝင်ဖြေဆိုသူ ၂၈၁,၇၅၁ ဦးရှိခဲ့သည့်အတွက် ယခုနှစ်နှင့် နှိုင်းယျဉ်ကြည့်ပါက စာမေးပွဲဝင်ရောက်ဖြေဆိုသည့် ၁၀၀၀၀၀ကျော် လျော့နည်းနေသည်ကို တွေ့ရသည်။
ထို့အပြင် ၂၀၂၀ခုနှစ် အရပ်သားအစိုးရ လက်ထက်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသူမှာ ၉၀၀၀၀၀ ဝန်းကျင်အထိ ရှိသည့်အတွက် စစ်ကောင်စီလက်ထက်တွင် စာမေးပွဲဝင်ရောက်ဖြေဆိုသူများနှင့် နှိုင်းယှဉ်ကြည့်ပါက ၇၀၀၀၀၀သိန်းကျော်ဝန်းကျင်အထိ ကွာဟမှုရှိနေသည်ကိုလည်း တွေ့ရသည်။

၂၀၂၃-ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲသည်လည်း
တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် စာမေးပွဲဝင်ရောက်ဖြေဆိုခြင်းမရှိသော ကျောင်းသား၊ ကျောင်းသူများ အတွက် နောက်ဆုံးတစ်ကြိမ် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပပေးခြင်း ဖြစ်ကြောင်း စစ်ကောင်စီပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားခဲ့သည်။

ဓါတ်ပုံ-ပယနေ့ နံနက်ပိုင်း စာမေးပွဲအောင်စာရင်းကပ်ထားသည့် ကျောင်းကို မြင်တွေ့ရပုံ။
👍11🥱4❤1👏1
Media is too big
VIEW IN TELEGRAM
Nature Article | မအူပင် (ဘောလုံးပန်း)က သင့်ကျန်းမာရေးအတွက် ဘာတွေကောင်းကျိုးပြုသလဲ?

Watch more detail - https://youtu.be/BNA07woJYj4

#naturearticle #စကားဝိုင်း #naturearticleshorts #reels
👍4🔥1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဇွန်လ ၈ ရက်ထုတ်လွှင့်မှုများ
==================

https://youtu.be/pEW4grCRGFI

#PVTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7🤮1🍌1
အာဏာသိမ်းစစ်ကောင်စီ ဘယ်လိုအကျပ်အတည်းတွေ ရင်ဆိုင်နေရလဲ
=================

စစ်ကောင်စီကို လက်နက်ကိုင်ပြီးတော်လှန်တဲ့ လက်ရှိအခြေအနေဟာ ခုခံတွန်းလှန်စစ်ကနေ အကြိုထိုးစစ်ဆင်တဲ့ အဆင့်ကို ရောက်လာပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ - NUG တာဝန်ရှိသူတွေက ဆိုပါတယ်။
အခုဇွန်လဆန်းမှာပဲ ရန်ကုန်တိုင်း စစ်ဒေသခွဲရဲ့ ပထမဆုံးတပ်ရင်း ဖွဲ့စည်းလိုက်ပြီလို့ NUG က ကြေညာလိုက်ပြီ ဖြစ်ပါတယ်။
ဒါ့အပြင် NUG ရဲ့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ကိုယ်တိုင် ပဲခူးတိုင်းကိုလာရောက်ပြီး ဒေသ ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တွေ့ဆုံအားပေးစကား ပြောခဲ့ပါသေးတယ်။ ဒီအခြေအနေက စစ်ကောင်စီရဲ့ နယ်မြေစိုးမိုးမှု အင်အား ဘယ်လောက်လျော့နည်းလာပြီဆိုတာ ပြသနေတယ်ဆိုတဲ့ သုံးသပ်မှုတွေ ရှိနေပါတယ်။

https://youtu.be/cdpbE9HiUV8

#Newsfeature
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10❤2🔥1😁1
အစိမ်းရောင် လူမျိုးစု [ EP-03 TRAILER ] | Green Tribe
======================

အင်မတန်ခြောက်ခြားစရာကောင်းတဲ့ ရွာတစ်ရွာရှိသတဲ့ကွယ်။
အဲ့မှာ အစိမ်းရောင်တွေက အပြာရောင်တွေကိုဖိနှိပ်နေသတဲ့။
ဒီဇာတ်လမ်းတွေကို အပတ်စဉ် သောကြာနေ့ ည ၇နာရီခွဲတိုင်း မဇ္ဈိမတီဗီချန်နယ်၊ Mizzima - News in Burmese Facebook page နှင့် Mizzima Youtube Channel တို့မှာ ပြသနေပြီဖြစ်လို့ လာမဲ့ သောကြာနေ့ ဇွန်လ ၉ ရက် ည ၇ နာရီခွဲမှာ စောင့်မျှော်ကြည့်လိုက်ကြရအောင်...

There’s a dark and dangerous village.
Where the Green People rule.
And the Blue People are terrorised.
Coming soon to Mizzima TV…..

https://youtu.be/Sc9I9sLhWvw

#Greentribe
#MizzimaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5😁1🤮1
အမေရိကန်၊ တူရကီ ဆက်ဆံရေး | VOA On Mizzima
================

မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့ NATO နေတိုးအဖွဲ့ဝင်ဖြစ်ဖို့ လျှောက်ထားတဲ့ ဆွီဒင်နိုင်ငံအတွက် ရည်ရွယ်ပြီး အမေရိကန် သမ္မတဂျိုးဒိုင်က တူရကီသမ္မတ ရီဂျစ်တာရစ် အာဒိုဝမ်နဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ ကမ်းလှမ်းလိုက်ပါတယ်။ တူရကီရဲ့  ရွေးကောက်ပွဲမှာ ထပ်မံအနိုင်ရတဲ့ သက်တမ်းရှည်ကြာ သမ္မတဟာ NATO အဖွဲ့ဝင် ခန့်မှန်းရခက်ခဲတဲ့ ခေါင်းဆောင်တဦးလည်း ဖြစ်ပါတယ်။ အိမ်ဖြူတော် ဗွီအိုအေ သတင်းထောက် Patsy Widakuswara ရဲ့ သတင်းကို ကိုအောင်အောင် တင်ပြထားပါတယ်။   

https://youtu.be/dw5jks3gn9o
 
#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7🔥2
This media is not supported in your browser
VIEW IN TELEGRAM
အမေရိကန်၊ တူရကီ ဆက်ဆံရေး | VOA On Mizzima

Watch more detail - https://youtu.be/dw5jks3gn9o

#VOA #VideoNews #American #Turkey #shorts #reels #mizzima
🔥3👍1
ကက်သလစ် အမျိုးသမီးဘုန်းတော်ကြီး မြေအောက်လှုပ်ရှားမှု | VOA On Mizzima
=====================

ဂျာမနီနိုင်ငံမှာ ၂၀၀၂ ခုနှစ်က ခရစ်ယာန်ဂိုဏ်းအုပ် ဆရာတော်တချို့က အမျိုးသမီး ၇ ဦးကို ခရစ်ယာန် ဘုန်းတော်ကြီးတွေအဖြစ် လျှို့ဝှက် သိက္ခာတော်ဘွဲ့ တင်ပေးပြီး ကက်သလစ်ဘာသာရေး မြေအောက် လှုပ်ရှားမှုတချို့ စတင်ခဲ့ပါတယ်။ အမျိုးသမီးတွေ သိက္ခာတော်ရ ဆရာဘွဲ့ ခံယူတာကို ကက်သလစ် အသင်းတော်က ကန့်ကွက်ထားတာပါ။ ဒီလို ကန့်ကွက်ထားတဲ့ကြားကပဲ ကမ္ဘာတဝန်းမှာ အခုထိဆိုရင် ခရစ်ယာန်အမျိုးသမီး သိက္ခာတော်ရ ဆရာမ ၂၅၀ အထိ ရှိလာပါပြီ။ ဗွီအိုအေ အကြီးတန်း သတင်းထောက် Carolyn Presutti ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။  

https://youtu.be/Jzjbv3FT96M 
 
👍4👎1😁1🍌1