မုန်တိုင်းသင့်ရခိုင်မှာ ကုလနဲ့ နိုင်ငံတကာ လူမှုအဖွဲ့တွေ သွားလာကူညီခွင့် စစ်ကောင်စီ ရပ်ဆိုင်း
=========================
နိုင်ငံတကာကူညီကယ်ဆယ်ရေး အဖွဲ့များနဲ့ ပြည်တွင်း၊ ပြည်ပ လူမှုအဖွဲ့ကူညီကယ်ဆယ်ရေး အဖွဲ့အစည်းများအားလုံးကို ဇွန် ၈ ရက်နေ့မှ စကာ သွားလာခွင့်များနဲ့ ကူညီခွင့်များအား စစ်ကောင်စီက ရပ်ဆိုင်းလိုက်ကြောင်း သိရပါတယ်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီကနေ ခွင့်ပြုထားတဲ့ ခရီးသွားလာခွင့်တွေကို ရပ်ဆိုင်းလိုက်တဲ့အကြောင်း ဇွန်လ ၇ ရက်နေ့က စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ကလက်မှတ်ထိုးပြီး ပိတ်ပင်လိုက်တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းမိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်အတွင်း ဒေသခံပြည်သူ သေဆုံးသူ ၁၄၆ ဦးရှိပြီး ဒဏ်ရာရရှိသူ ၁၀ ဦးနဲ့ ပျောက်ဆုံးသူ ၃ ဦးရှိတဲ့အပြင် လူ တစ်သန်းနှစ်သိန်းကျော်မှာ ထိခိုက်နစ်နာဆုံးရှုံးခဲ့ကာ လူနေအိမ် ၂၁၆၀၀၀ ကျော် ပျက်စီးမှုရှိကြောင်း မေလ နောက်ဆုံးအပတ်က ရက္ခိုင့်တပ်တော် ULA/AA က ထုတ်ပြန်ထားပါတယ်။
https://youtu.be/dveHz_jVgF8
#Political News
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
မုန်တိုင်းသင့်ရခိုင်မှာ ကုလနဲ့ နိုင်ငံတကာ လူမှုအဖွဲ့တွေ သွားလာကူညီခွင့် စစ်ကောင်စီ ရပ်ဆိုင်း
နိုင်ငံတကာကူညီကယ်ဆယ်ရေး အဖွဲ့များနဲ့ ပြည်တွင်း၊ ပြည်ပ လူမှုအဖွဲ့ကူညီကယ်ဆယ်ရေး အဖွဲ့အစည်းများအားလုံးကို ဇွန် ၈ ရက်နေ့မှ စကာ သွားလာခွင့်များနဲ့ ကူညီခွင့်များအား စစ်ကောင်စီက ရပ်ဆိုင်းလိုက်ကြောင်း သိရပါတယ်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး ပေါင်းစပ်ညှိနှိုင်းရေး…

🤬6👍2👎2🔥2
YBS ပေါ်တွင် ခါးပိုက်နှိုက်ဖမ်းဆီးပေးသောအဖွဲ့ ပြန်လည်ပေါ်ပေါက်
========================
ဂန္ဒမာ
(မဇ္ဈိမ) ။ ။ ကိုယ်ခံပညာတတ်မြောက်ထားသူများဖြင့်သာ ဖွဲ့စည်းထားသည့် YBS ပေါ်တွင် ခါးပိုက်နှိုက်ဖမ်းဆီးပေးသောအဖွဲ့မှာ ယခုရက်ပိုင်းမှစတင်၍ ပြန်လည်ပေါ်ပေါက်လာပြီဖြစ်ကြောင်း အဖွဲ့၏ တာဝန်ရှိသူများထံကတစ်ဆင့် သိရသည်။
"အရင်ကခိုးဆိုးလုနှိုက်တွေ တစ်ခါပေါတုန်းကလည်း ခုလို ကူညီပေးခဲ့ပါတယ်ဗျ။ နောက်ပိုင်း ကျွန်တော်တို့လိုအဖွဲ့တွေ ထပ်ပေါ်လာပြီး ခိုးဆိုးလုနှိုက်လည်းငြိမ်သွားတော့ ကျွန်တော်တို့ နားလိုက်တာပါ။ ခုက ပြန်ထလာတော့ ကျွန်တော်တို့လည်းပြန်ရောက်လာတာပါဗျ။" ဟု Yangon Guards Of YBS(YGY)အဖွဲ့မှ တာဝန်ခံ စနိတ်က မဇ္ဈိမကိုပြောသည်။
Yangon Guards Of YBS(YGY) အဖွဲ့သည် ပြည်သူမှပြည်သူသို့ ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်သည်။ အဖွဲ့ဝင်အင်အားမည်မျှရှိသည်ကို ထုတ်ဖော်ပြောကြား၍ မရသေးသော်လည်း အဖွဲ့၏ ရည်ရွယ်ချက်မှာ YBS ယာဉ်လိုင်းများပေါ်တွင် အားနည်းသူများနှင့် မတရားမှုများကိုတွေ့ရှိရပါက တတ်နိုင်သလောက် ကာကွယ်ဖြေရှင်းပေးမည်ဖြစ်ကြောင်း ပြောသည်။
စစ်ကောင်စီတပ်မှ အာဏာသိမ်းယူထားသည့်ယခုလို ကာလမျိုးတွင် YGY ဟူ၍ အဖွဲ့စုဖွဲ့၍ ခိုးဆိုးလုနှိုက်ဖမ်းဆီးရေးလုပ်ဆောင်ရမှုအပေါ် Yangon Guards Of YBS၏ Founder ကိုလင်းယုန်က အခုလိုပြောသည်။
"ဒီအဖွဲ့အစည်းက ဘယ်သူ့လက်အောက် ဘယ်နိုင်ငံရေးပရောဂမှမပါဘဲ ပြည်သူမှပြည်သူ ဖွဲ့ထားတာပေါ့နော်။ ထိပ်တိုက်ရင်ဆိုင်ရရင်လည်း အတတ်နိုင်ဆုံး ရှောင်ရှားရမှာပေါ့။ အဓိကက ကိုယ့်အလုပ်ကိုယ်လုပ်ဖို့ပါပဲ" ဟူ၍ ဖြစ်သည်။
YBS ယာဉ်လိုင်းများပေါ်တွင် ခိုးဆိုးလုနိုက်များနှင့် မသမာမှုများကိုတွေ့ကြုံရပါက Yangon Guards Of YBS ဖေစ့်ဘွတ်ပေခ်ျ့သို့ အချိန်နှင့် အခြေအနေ၊ ပုံပန်းသဏ္ဌာန်များကိုပြောကြားကာ လာရောက်တိုင်ကြားနိုင်ပြီး YGY အနေဖြင့် အဖွဲ့နှစ်ဖွဲ့ခွဲကာ ယာဉ်လိုင်းအချို့ကို အပတ်စဉ် ကွင်းဆင်း ကြီးကြပ်ပေးနေကြောင်း သိရသည်။
YGY အနေဖြင့် ကွင်းဆင်းနေချိန် မသမာမှုကို တွေ့ရှိရပါက ၎င်းတို့၏နည်းလမ်းဖြင့် အရေးယူမည်ဖြစ်ပြီး သူခိုး၊ ခါးပိုက်နှိုက်မိပါက သူနှင့်ထိုက်တန်သည့်အပြစ်ပေးကာ ရဲလက်အပ်မည်ဖြစ်ကြောင်း ပြောသည်။
Yangon Guards Of YBS အဖွဲ့ အဖွဲ့စည်းထားခြင်းမှာ အချိန် တစ်နှစ်ကြာရှိပြီဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ တာ၀န်သုံးချိန်ခွဲပြီးလှုပ်ရှားတယ်ပေါ့ဗျ။ အထူးသဖြင့် ညနေပိုင်းရုံးဆင်းချိန်မှာ အများဆုံးတွေ့ရတတ်တယ်ဗျ။ ခါးပိုက်နှိုက်ကတော့ ကျွန်တော်တို့ နှစ်ယောက်လောက်ဖမ်းမိဘူးတယ်ဗျ။ ကားပေါ်ကအဆင်းမှာဖမ်းတာမျိုးပေါ့၊ အဲ့တုန်းကတော့ မိတာကို အဲ့ရပ်ကွက်က လူကြီးတွေဆီပဲ အပ်ခဲ့ပါတယ်ဗျ။ ပြီးတော့ ကားပေါ်မှာဖမ်းမိတာမဟုတ်ဘဲ လမ်းသွားရင်းဖမ်းမိတာမျိုးလည်းရှိတယ်။" ဟူ၍ အဖွဲ့၏ ယခင် လုပ်ဆောင်ချက်ကို တာဝန်ခံ စနိတ်က ပြန်ပြောသည်။
ယခုတွင်လည်း YBS ပေါ်တွင် ခိုးဆိုးလုနှိုက်များ တစ်ဖန်သောင်းကျန်းလာသဖြင့် အဖွဲ့အနေဖြင့် ပြန်လည်ထွက်ပေါ်လာရခြင်းဖြစ်ကာ ယခုတွင် ယာဉ်လိုင်းပေါင်းစုံ မကြည့်ရှုနိုင်သေးသော်လည်း အဖွဲ့အင်အားကောင်းလာသည်နှင့်အမျှ အကူအညီတောင်းခံမှုများကို လာရောက်ဖြေရှင်းပေးမည်ဖြစ်ကြောင်း အဖွဲ့ထံမှ သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ခိုးဆိုးလုနှိုက်များ
#YBS
#YGY
# မတရားမှုများ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍20❤2👎1👏1🍌1
Media is too big
VIEW IN TELEGRAM
မုန်တိုင်းသင့်ရခိုင်မှာ ကုလနဲ့ နိုင်ငံတကာ လူမှုအဖွဲ့တွေ သွားလာကူညီခွင့် စစ်ကောင်စီ ရပ်ဆိုင်း
Watch more detail -
https://youtu.be/dveHz_jVgF8
#ရခိုင် #စစ်ကောင်စီ #ရပ်ဆိုင်း #VideoNews #shorts #reels

🤬6👍4🔥2😁1🎉1
နေရပ်ပြန်ပို့ရေးစီမံချက် ချက်ချင်းဆိုင်းငံ့ဖို့ ကုလကပြောကြား၊ တချိန်တည်းမှာပဲ မြန်မာပြည်ပြန်ပို့ဖို့ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေ ဆန္ဒပြတောင်းဆို
======================
ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံပြန်ပို့မယ့် ရှေ့ပြေးစီမံကိန်းကို ချက်ချင်း ရပ်ဆိုင်းထားဖို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်ရေးကိုယ်စားလှယ် Tom Andrews က ဇွန်လ ၈ ရက် ကြာသပတေးနေ့မှာ ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
ကမ္ဘာ့အကြီးဆုံး ဒုက္ခသည် အခြေချနေထိုင်ရာဖြစ်နေတဲ့ ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်းရှိ စခန်းတွေမှာ ရိုဟင်ဂျာ တသန်းကျော် ခိုလှုံနေတာပါ။
အများစုဟာ လွန်ခဲ့တဲ့ (၆)နှစ်လောက်က မြန်မာစစ်တပ်ရဲ့ ဖြိုခွင်းမှုကနေ ထွက်ပြေးတိမ်းရှောင် ခဲ့ကြသူတွေဖြစ်ပြီး အချို့ကတော့ အဲဒီအရင်ကတည်းက ဖိနှိပ်မှုတွေကြောင့် ထွက်ပြေးခဲ့သူတွေပါ။
၂၀၁၇ ခုနှစ် စစ်တပ်ရဲ့ ဖြိုခွင်းမှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နှစ်နဲ့ချီ သောင်တင်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ မြန်မာနိုင်ငံ နေရပ်ပြန်ပို့ဖို့ ကြာသပတေးနေ့ကပဲ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
https://youtu.be/Rk8KziBDzxU
#Political News
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
======================
ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံပြန်ပို့မယ့် ရှေ့ပြေးစီမံကိန်းကို ချက်ချင်း ရပ်ဆိုင်းထားဖို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်ရေးကိုယ်စားလှယ် Tom Andrews က ဇွန်လ ၈ ရက် ကြာသပတေးနေ့မှာ ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
ကမ္ဘာ့အကြီးဆုံး ဒုက္ခသည် အခြေချနေထိုင်ရာဖြစ်နေတဲ့ ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်းရှိ စခန်းတွေမှာ ရိုဟင်ဂျာ တသန်းကျော် ခိုလှုံနေတာပါ။
အများစုဟာ လွန်ခဲ့တဲ့ (၆)နှစ်လောက်က မြန်မာစစ်တပ်ရဲ့ ဖြိုခွင်းမှုကနေ ထွက်ပြေးတိမ်းရှောင် ခဲ့ကြသူတွေဖြစ်ပြီး အချို့ကတော့ အဲဒီအရင်ကတည်းက ဖိနှိပ်မှုတွေကြောင့် ထွက်ပြေးခဲ့သူတွေပါ။
၂၀၁၇ ခုနှစ် စစ်တပ်ရဲ့ ဖြိုခွင်းမှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နှစ်နဲ့ချီ သောင်တင်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ မြန်မာနိုင်ငံ နေရပ်ပြန်ပို့ဖို့ ကြာသပတေးနေ့ကပဲ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
https://youtu.be/Rk8KziBDzxU
#Political News
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
နေရပ်ပြန်ပို့ရေးဆိုင်းငံ့ဖို့ကုလပြော၊မြန်မာပြည်ပြန်ပို့ဖို့ဘင်္ဂလားဒေ့ရှ်ရောက်ရိုဟင်ဂျာတွေဆန္ဒပြ
ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံပြန်ပို့မယ့် ရှေ့ပြေးစီမံကိန်းကို ချက်ချင်း ရပ်ဆိုင်းထားဖို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်ရေးကိုယ်စားလှယ် Tom Andrews က ဇွန်လ ၈ ရက် ကြာသပတေးနေ့မှာ ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
ကမ္ဘာ့အကြီးဆုံး…
ကမ္ဘာ့အကြီးဆုံး…
👍7👎1🔥1😁1
မြင်းခြံထောင်ရှိ နိုင်ငံရေးအကျဉ်းသား ၈၀ ကျော် ရိုက်နှက် တိုက်ပိတ်ခံထားရ
=====================
001
(မဇ္စျိမ)။ ။ မန္တလေးတိုင်း၊ မြင်းခြံမြို့၊ မြင်းခြံအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသား ၈၀ ကျော်မှာ ရိုက်နှက် တိုက်ပိတ်ခံထားရပြီး ဆေးကုသခွင့်နှင့် ထောင်ဝင်စာပို့ခွင့် ပိတ်ပင်ခံထားရကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီထံမှ သိရသည်။
ပြီးခဲ့သည့် မေလ တတိယပတ်ကစပြီး စစ်ကောင်စီက မြင်းခြံထောင်ရှိ နိုင်ငံရေးအကျဉ်းသား ၁၁ ဦးကို မြင်းခြံမြို့ ခမရ (၁၅) စစ်ကြောရေးသို့ ခေါ်ဆောင်သွားပြီး မေလ ၂၉ ရက်နေ့တွင် အကျဉ်းထောင်သို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်ကပြောသည်။
“ထောင်ကို ပြန်ပို့တဲ့အခါမှာ ခေါ်သွားခံရတဲ့ ကျွန်တော်တို့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ခန္ဓာကိုယ်ပေါ်မှာ ပြတ်ရှဒဏ်ရာတွေ ဓားနဲ့ မွှန်းထားတဲ့ဒဏ်ရာတွေ ပါလာတယ်။ ပြီးရင် သွားတွေကျွတ်ထွက်နေတာမျိုးတွေပါလာတယ်။ အကုန်လုံး ရိုက်နှက်ခံထားရတယ်။ သူတို့ကိုလည်း အရင်တုန်းကတော့ အဆောင်မှာနေတဲ့သူတွေပေါ့လေ။ အခုလက်ရှိမှာတော့ တိုက်ထဲမှာထည့်ပြီး ပိတ်ထားတယ်”ဟု ကိုရှင်းသန့်က ပြောသည်။
အဆိုပါ နိုင်ငံရေးအကျဥ်းသားများကို ပြင်ပရှိ PDF များနှင့်အဆက်အသွယ်လုပ်သည်ဆိုသော အကြောင်းပြချက်ဖြင့် စစ်ကောင်စီတပ်နှင့် ရဲက ခေါ်ထုတ်ခြင်းဖြစ်ကြောင်း နိုင်ငံရေးအကျဥ်းသားများကွန်ရက် တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ပြီးခဲ့သည့် မေလ ၂၃ ရက်နေ့က မဇ္စျိမကို ဖြေဆိုခဲ့သည်။
မြင်းခြံထောင်ရှိ ကျန်သည့် နိုင်ငံရေးအကျဉ်းသား ၇၀ ကျော်ကိုမူ စစ်ကောင်စီတပ်က အကြောင်းပြချက်မရှိ ထောင်ပိုင်ရုံးခန်းသို့ ခေါ်ထုတ်ကာ လက်ထိပ်နောက်ပြန်ခတ်ပြီး မျက်နှာကို အဝတ်စည်းကာ ရိုက်နှက်ခြင်း၊ အချို့ကို ရေနှင့် ပက်ပြီး ကျင်စက်ဖြင့်တို့ကာ ရိုက်နှက်စစ်ဆေးခြင်းတို့အထိ ပြုလုပ်ပြီးနောက် တိုက်ပိတ်ထားကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ဆိုသည်။
စစ်ကောင်စီတပ်က နိုင်ငံရေးအကျဉ်းသားများကို အကြောင်းမရှိ အကြောင်းရှာပြီး ရိုက်နှက်တိုက်ပိတ်မှုကို လက်ရှိအချိန်အထိ ဆက်လက်ပြုလုပ်နေပြီး ရိုက်နှက်နှိပ်စက်ခံရသည့် နိုင်ငံရေးအကျဉ်းသား ၁၀၀ နီးပါးရှိနိုင်ကြောင်း ကိုရှင်းသန့်က ခန့်မှန်းသည်။
စစ်ကောင်စီကမူ မြင်းခြံထောင်ကိစ္စနှင့်ပတ်သက်ပြီး လက်ရှိအချိန်အထိ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။
“အထဲထဲမှာ ရင်ဆိုင်နေရတဲ့ ရဲဘော်တွေ အခက်အခဲတွေ ဒုက္ခတွေ ညှဥ်းပန်းနှိပ်စက်ခံရမှုတွေကို ကျော်လွှားနိုင်အောင် အားတင်းထားနိုင်ဖို့ အပြင်လောကမှာ ရှိနေတဲ့ ပြည်သူတွေအားလုံးက ညီညီညွတ်ညွတ်နဲ့ အကျဉ်းထောင်ထဲမှာရှိနေတဲ့ ရဲဘော်တွေအတွက် သတင်းတွေထုတ်ပြန်တာကို စောင့်ကြည့်တာမျိုးတွေ၊ အကျဉ်းထောင်ဝန်ထမ်းတွေရဲ့ မိသားစုတွေ အကျဉ်းထောင်ဝန်ထမ်းတွေကို ဝိုင်းပြီးတော့ ကြဉ်တာမျိုးတွေ၊ အဲ့တာမျိုးတွေကို လုပ်ဆောင်ဖို့လိုတယ်” ဟု မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောသည်။
မြင်းခြံထောင်ကိစ္စနှင့် ပတ်သက်ပြီး ရဲဘော်များ၏ အသက်အန္တရာယ်ကို စိုးရိမ်ကြောင်းနှင့် ထောင်တွင်းရဲဘော်များနှင့်အတူ ရပ်တည်ကြောင်း အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ(မန္တလေး)နှင့် အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB)တို့က ထုတ်ပြန်ထားကြသည်။
ထို့ပြင် ခမရ (၁၅)တပ်တွင် ရိုက်နှက်စစ်မေးခံရသည့် နိုင်ငံရေးအကျဥ်းသားများအနက် ကိုစိုးရာဇာထွန်းလွင်မှာ ခန္ဓာကိုယ်အနှံ့ ဓားမွှန်းဒဏ်ရာများရရှိထားသည့်အပြင် သွားများကျွတ်ထွက်သည်အထိ နှိပ်စက်ခံထားရသောကြောင့် ၎င်း၏ အသက်အန္တရာယ်အား စိုးရိမ်နေရကြောင်း အာဏာရှင်စနစ်ဆန့်ကျင်ရေးပြည်သူ့အင်အားများချိတ်ဆက်ညှိနှိုင်းရေးကော်မတီ(မန္တလေး) ဇွန်လ ၇ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#မြင်းခြံအကျဉ်းထောင်
#နိုင်ငံရေးအကျဉ်းသား
#ရိုက်နှက်
#တိုက်ပိတ်
#အသက်အန္တရာယ်

🤬10👍3❤1😁1😢1
အိန္ဒိယနိုင်ငံ၏ အကျိုးစီးပွားနှင့် မြန်မာနိုင်ငံအပေါ်အထင်အမြင်လွဲမှားမှုများ
=================
နယူးဒေလီရှိ မူဝါဒသုတေသနစင်တာ၏ တွဲဖက်ပညာရှင် အန်ရူမင်း ရှောင်ဒရီ (Angshuman Choudhury) အား အီဂေါ ဘလေဇာဗစ် ( Igor Blazevic) က မေးမြန်းထားသည်။
အိန္ဒိယရဲ့ မူဝါဒဟာ နေပြည်တော်ကို ချုပ်ကိုင်ထားတဲ့ စစ်အစိုးရဖြစ်စေ အရပ်သားအစိုးရ ဖြစ်စေ ဘယ်သူနဲ့မဆိုလက်တွဲလုပ်ဆောင်မယ်ဆိုတဲ့ အတွေးအခေါ်ကိုပဲ အမြဲလိုက်နာခဲ့တာပါ။ ထပ်လောင်းပြောရရင် အိန္ဒိယက မြန်မာစစ်တပ်နဲ့ နီးနီးကပ်ကပ် လက်တွဲလုပ်ဆောင်ခဲ့တဲ့ သမိုင်းကြောင်းကလည်း ရှည်လျားပါတယ်။ မြန်မာစစ်တပ်နဲ့တွဲဖက်လုပ်ဆောင်နေတဲ့ လမ်းကြောင်းမှီခိုမှု (path dependency )လည်း ရှိပါတယ်။
နယူးဒေလီရဲ့ နိုင်ငံခြားရေးမူဝါဒက ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ ပိတ်မိနေလို့ အိန္ဒိယနိုင်ငံက ဒီလိုတွေ လုပ်နေတာပါ။ လက်ရှိမှာ မြန်မာစစ်တပ်က နယ်မြေအများအပြားကို မထိန်းချုပ်နိုင်ပေမယ့် နောက်ဆုံးမှာတော့ ပြန်လည်ထိန်းချုပ်နိုင်မယ်လို့ ယုံကြည်နေကြပါတယ်။ ဒါကြောင့် ဒေလီမှာ မြန်မာစစ်တပ်ကို လောင်းကြေးထပ်ဖို့ လိုအပ်တယ်ဟု ယုံကြည်ကြပါတယ်။ တခြား ပိုမိုလွှမ်းမိုးနိုငတဲ့ အင်အားစုလည်း မရှိဘူးဆိုတော့။ အတိတ်တုန်းကလည်း စစ်တပ်ကို ခုခံခဲ့ကြပေမယ့် နောက်ဆုံးမှာတော့စစ်တပ်က အမြဲတမ်း အောင်နိုင်ခဲ့တယ်။ဒါကြောင့် စစ်တပ်ကို နိုင်မြင်းအဖြစ် မြင်ကြတယ်။ နယူးဒေလီအစိုးရက အခု မြန်မာနိုင်ငံအခြေအနေက အရင်ကနဲ့ အလွန်တရာကွာခြားတယ်ဆိုတာကို နားမလည်ပါဘူး။
မြန်မာနိုင်ငံမှာ တရားဝင်မှုကို သိသိသာသာချုပ်ကိုင်နေတာ တော်လှန်ရေးအင်အားစုတွေဖြစ်ကြောင်း မီးမောင်းထိုးပြသင့်ပါတယ်။ အိန္ဒိယသည် ပြည်သူ့အကျိုးစီးပွားအတွက် လုပ်ဆောင်လိုတယ်လို့ ထုတ်ပြန်ချက်တိုင်းမှာ အခိုင်အမာဆိုပါတယ်။ ဒါကြောင့် ပြည်သူတွေအတွက် အမှန်တကယ်အလုပ်လုပ်ချင်တယ်ဆိုရင် မြန်မာစစ်တပ်က တစ်ဆင့်မဟုတ်ဘဲ NUG၊ NUCC ၊အရပ်ဘက်အဖွဲ့အစည်းတွေ နဲ့ တော်လှန်ရေးအင်အားစုတွေကတစ်ဆင့် ပြည်သူတွေအတွက် အမှန်တကယ်အလုပ်လုပ်ပေးဖို့ နယူးဒေလီမှာရှိတဲ့ အစိုးရကို စည်းရုံးဖို့ လိုအပ်တယ်။ မြန်မာစစ်တပ်နဲ့ ဆက်လက်လုပ်ဆောင်မယ်ဆိုရင် အိန္ဒိယရဲ့ ရည်မှန်းချက်တွေဟာ ရေတို၊ ရေလတ် ဒါမှမဟုတ် ရေရှည်မှာ အောင်မြင်နိုင်မှာ မဟုတ်ကြောင်း အလေးပေးဖော်ပြသင့်ပါတယ်။

👍11😁2❤1🤮1
ကာကွယ်ရေးစခန်းဝင်ရောက်ဖျက်ဆီးခဲ့သည့် အမြောက်တပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်
=====================
ပါခွီး
(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ်အတွင်း ကာကွယ်ရေးတပ်ဖွဲ့၏ စခန်းတစ်ခုကို ဝင်ရောက်စီးနင်းဖျက်ဆီးခဲ့သည့် စစ်ကောင်စီအမြောက် တပ်ကို ကာကွယ်ရေးတပ် မဟာမိတ်များပူးပေါင်း၍ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Black Dragon Force က ဇွန်လ ၉ရက် ယနေ့တွင် ထုတ်ပြန်သည်။
မုံရွာမြို့နယ် ကျောက်စစ်ပုံကျေးရွာအနီးရှိ စစ်ကောင်စီ အမြောက်တပ် အမှတ်(၅၀၈) မှ ဇွန်လ ၇ ရက်နေ့ နံနက် ၄ နာရီ ၄၀ မိနစ် အချိန်ခန့်တွင် ရေကန်စုကျေးရွာသို့ ဝင်ရောက်၍ အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်ပြီး တပ်အတွင်းသို့ ပြန်လည်ဝင်ရောက်သွားခဲ့ကြောင်း ဆိုသည်။
“ကျနော်တို့ရဲဘော်တွေနဲ့ ပြည်သူတွေကိုသတ်ပြီး စခန်းကိုဖျက်ဆီးခဲ့တဲ့ အမြောက်တပ်ကို လက်တုံ့ပြန်တဲ့အနေနဲ့ ပစ်ခတ်ခဲ့တာပါ” ဟု Black Dragon Force တာဝန်ရှိသူ က မဇ္စျိမကို ပြောသည်။
အဆိုပါ အမြောက်တပ်ကို အဖွဲ့ လေးဖွဲ့ခွဲကာ ၁၀၀ မမ ၃၅ လုံး ၊ ၈၀ မမ ၁၅ လုံး ၊ ၆၀မမ ငါးလုံးကို ဇွန်လ ၇ရက် ည ၇နာရီဝန်းကျင်တွင် တစ်နာရီခန့်အကြာ ပစ်ခတ်ခဲ့ကြောင်း ဆိုသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်အတွင်း ထိခိုက်ပျက်စီးမှုများပြားခဲ့ကြောင်း ဖရဲသီး (တပ်တွင်းသတင်းပေး) ထံမှ သိရှိရပြီး သေဆုံးဒဏ်ရာရသည့် အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ဆက်ပြောသည်။
လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရသဖြင့် စစ်ကောင်စီတပ်မှ ရမ်းသန်း၍ ပြန်လည်ပစ်ခတ်သော်လည်း ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း အမှတ်(၂၇) Black Dragon Forceနှင့် အတူ မုံရွာခရိုင်တပ်ရင်းအမှတ်(၁၂) တပ်ခွဲ (၃) တပ်ခွဲ (၄) ၊ စဉ့်ကိုင်မြို့နယ် ပကဖ အဖွဲ့ ၊ LPDF Sagaing ၊ ရန်ရှင်းဒေသကာကွယ်ရေးအဖွဲ့ ၊ အညာမြေတိုက်နယ် တပ်ပေါင်းစုတို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဇွန်လ ၇ရက်နေ့က စစ်ကောင်စီအမြောက်တပ်သားများက ကာကွယ်ရေးတပ်ဖွဲ့ဝင် လေးဦးနှင့် ဒေသခံနှစ်ဦး စုစုပေါင်း ခြောက်ဦးကို သတ်ဖြတ်မီးရှို့ခဲ့ပြီး စခန်းကို ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#စစ်ကောင်စီ
#အမြောက်တပ်
#မုံရွာမြို့နယ်
#ကာကွယ်ရေးတပ်ဖွဲ့

👍14🔥1😁1
ညောင်ပင်ဝန်းရဲစခန်းကို ဒေသကာကွယ်ရေးတပ်တွေ တိုက်ခိုက်စခန်းမှူး အပါအဝင် ရဲ ၇ ဦးသေဆုံးဟုဆို
=====================
KMN
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရဲစခန်းကို ယမန်နေ့၊ ဇွန်လ ၈ ရက်နေ့ ညနေပိုင်း၌ ဒေသကာကွယ်ရေး မဟာမိတ်ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ကြပြီး စခန်းမှူး အပါအဝင် ရဲ ခုနစ်ဦးသေဆုံးခဲ့ကြောင်း ပါဝင်ခဲ့သည့် ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။
"ကျွန်တော့တပ်ဖွဲ့ဝင်တွေ မဟာမိတ်တပ်တွေနဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့ပါတယ်။ ကြားသိရတာတော့ စခန်းမှူး အပါအဝင် ရဲ ခုနစ်ဦးသေဆုံးပါတယ်" ဟု မြင်းခြံခရိုင်တပ်ရင်း(၇) Zero ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။
၎င်းတိုက်ခိုက်မှုအား ဒေသမဟာမိတ်တပ်များမှ ဒရုန်းအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ရဲ ခုနစ်ဦးသေဆုံးကာ ရဲများအပါအဝင် ပျူစောထီးများလည်း ထိခိုက်ဒဏ်ရာရရှိကြောင်းသိရပြီး မဇ္ဈိမက အသေးစိတ်စုံစမ်း၍မရသေးပေ။
ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရချိန်တွင် ရဲစခန်းအတွင်းမှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ပြီး ဒေသမဟာမိတ်တပ်များအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ညောင်ပင်ဝန်းရဲစခန်း တိုက်ခိုက်မှုကို ကျောက်ဆည်ခရိုင်တပ်ရင်း (၁)နဂါးနီတပ်ရင်း၊ MRTF Drone Force၊ အောင်သပြေညီနောင်၊ မြင်းခြံခရိုင် တပ်ရင်း (၇) Zero ပြောက်ကျားတပ်ဖွဲ့ ၊ ရွှေဘိုခရိုင်တပ်ရင်း (၁၅) နှင့် ဆားတောင်မိုးကြိုး Local PDF တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။
စစ်ကိုင်းမြို့နယ်၊ မုံရွာ-မန္တလေး လမ်းမ အနီးတွင်ရှိသည့် ညောင်ပင်ဝန်းရွာ ရဲစခန်းသည် စစ်ကောင်စီလက်အောက်ခံ တပ်သားများ၊ ရဲများ၊ ပျူစောထီးများ တပ်စွဲသည့်နေရာတစ်ခုဖြစ်ပြီး အနီးအနားရှိကျေးရွာများကို မကြာခဏ စစ်ကြောင်းထိုးကာ လူသတ်မီးရှို့လေ့ရှိကြောင်း သိရသည်။
ယင်းရဲစခန်းအား ဒေသကာကွယ်ရေးတပ်ဖွဲ့များက မကြာခဏ တိုက်ခိုက်မှုများပြုလုပ်နေပြီး မေလ ၃ ရက်နေ့ကလည်း ညောင်ပင်ဝန်းရဲစခန်းကို ဒရုန်း ငါးစီးဖြင့် ဗုံးသီး ကိုးလုံးကြဲချခဲ့ရာ စစ်သား သုံးဦးသေဆုံးကြောင်း Unicorn Guerrilla Force က ထုတ်ပြန်ထားသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#Mizzima
#ဒေသကာကွယ်ရေးတပ်ဖွဲ့များ
#စစ်ကိုင်းမြို့နယ်
#ညောင်ပင်ဝန်းရဲစခန်း
#စခန်းမှူး
ဓာတ်ပုံ- အညာညီနောင်တပ်ပေါင်းစု (ABCF)
(စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်း ရဲစခန်းအား မေလ ၃ ရက် တိုက်ခိုက်မှုမြင်ကွင်း)

👍15👏8❤1🔥1😁1
ဇွန်လ (၉)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
======================
01:00 - ချင်းပြည်နယ်အတွင်း ဒေသခံမှအပ ပြင်ပခရီးသည်များ ဝင်ရောက်ခွင့် CNF တားမြစ်တဲ့သတင်း
02:36 - မုန်တိုင်းသင့်ရခိုင်မှာ ကုလနဲ့ နိုင်ငံတကာ လူမှုအဖွဲ့တွေ သွားလာကူညီခွင့် စစ်ကောင်စီ ရပ်ဆိုင်းတဲ့ သတင်း
07:03 - YBS ပေါ်တွင် ခါးပိုက်နှိုက်ဖမ်းဆီးပေးသောအဖွဲ့ ပြန်လည်ပေါ်ပေါက်တဲ့သတင်း
10:11 - မြင်းခြံမြို့ နီနီလွင်ရွှေဆိုင် ဓားပြတိုက်ရန်ကြိုးစားသူများက ဆိုင်ပိုင်ရှင်ကို ပစ်သတ်တဲ့သတင်းတွေ ပါဝင်တဲ့ တခြားစိတ်ဝင်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို တင်ဆက်ပေးပါတော့မယ်။
https://youtu.be/Pq7XTYSRDvU
#4pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
======================
01:00 - ချင်းပြည်နယ်အတွင်း ဒေသခံမှအပ ပြင်ပခရီးသည်များ ဝင်ရောက်ခွင့် CNF တားမြစ်တဲ့သတင်း
02:36 - မုန်တိုင်းသင့်ရခိုင်မှာ ကုလနဲ့ နိုင်ငံတကာ လူမှုအဖွဲ့တွေ သွားလာကူညီခွင့် စစ်ကောင်စီ ရပ်ဆိုင်းတဲ့ သတင်း
07:03 - YBS ပေါ်တွင် ခါးပိုက်နှိုက်ဖမ်းဆီးပေးသောအဖွဲ့ ပြန်လည်ပေါ်ပေါက်တဲ့သတင်း
10:11 - မြင်းခြံမြို့ နီနီလွင်ရွှေဆိုင် ဓားပြတိုက်ရန်ကြိုးစားသူများက ဆိုင်ပိုင်ရှင်ကို ပစ်သတ်တဲ့သတင်းတွေ ပါဝင်တဲ့ တခြားစိတ်ဝင်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို တင်ဆက်ပေးပါတော့မယ်။
https://youtu.be/Pq7XTYSRDvU
#4pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ဇွန်လ (၉)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:00 - ချင်းပြည်နယ်အတွင်း ဒေသခံမှအပ ပြင်ပခရီးသည်များ ဝင်ရောက်ခွင့် CNF တားမြစ်တဲ့သတင်း
02:36 - မုန်တိုင်းသင့်ရခိုင်မှာ ကုလနဲ့ နိုင်ငံတကာ လူမှုအဖွဲ့တွေ သွားလာကူညီခွင့် စစ်ကောင်စီ ရပ်ဆိုင်းတဲ့ သတင်း
07:03 - YBS ပေါ်တွင် ခါးပိုက်နှိုက်ဖမ်းဆီးပေးသောအဖွဲ့ …

👍4😁1🤮1
31st #WhatsHappeninginMyanmar Monthly Updates by Debbie Stothard
June 10 @ 4:00 pm - 5:00 pm
On 10 June 2023 at 4-5 pm (Bangkok Time), SEA Junction in collaboration with Asia Justice and Rights (AJAR) will hold the 31st #WhatsHappeninginMyanmar Monthly Updates. This update series was started soon after the coup d’état in Myanmar with the aim to contribute to a greater understanding of the crisis situation there for informed action in support of the democratic movement in the country and beyond.
To participate, tune in for the monthly update planned for 10 June 2023 at 4-5 pm (Bangkok Time) via Zoom (Link: https://bit.ly/MyanmarUpdates2023) and Live on SEA Junction .

🔥1
Business Round Up (9 June 2023)
=================
- ချင်းပြည်နယ်အတွင်း ပြင်ပခရီးသွားများမလာရန် CNF တားမြစ်
- ပြည်တွင်းဆန်ရောင်းဝယ်ရာမှာ ပြည်ပဘဏ်ငွေစာရင်းဖြင့် ငွေကြေးလက်ခံခဲ့တဲ့ ကုမ္ပဏီသုံးခုကို စစ်ကောင်စီက အမည်ပျက်စာရင်းသွင်း
- တော်လှန်အနုပညာရှင်တွေရဲ့ ဖန်တီးမှုတွေကို မြင်တွေ့ရဖို့ Artists' Shelter ကိုစတင်မိတ်ဆက်
- ဒေါ်လာ ၁၀ သန်းဖိုး မြန်မာပိုင်ကုန်ပစ္စည်းတွေကို ယူနန်အာဏာပိုင်များ သိမ်းဆည်း
- ပြည်တွင်းရွှေဈေး နှင့် ဒေါ်လာဈေး အမြင့်ပိုင်းမှာသာ ဆက်ရှိနေ
- ဘင်္ဂလားဒေ့ရှ်၌ အပူချိန်မြင့်မားမှုကြောင့် ကျောင်းများပိတ်ထားရပြီး လျှပ်စစ်မီးများပါပြတ်တောက်လျက်ရှိ
https://youtu.be/8fYHCwA-hq8
#BusinessRoundUp
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=================
- ချင်းပြည်နယ်အတွင်း ပြင်ပခရီးသွားများမလာရန် CNF တားမြစ်
- ပြည်တွင်းဆန်ရောင်းဝယ်ရာမှာ ပြည်ပဘဏ်ငွေစာရင်းဖြင့် ငွေကြေးလက်ခံခဲ့တဲ့ ကုမ္ပဏီသုံးခုကို စစ်ကောင်စီက အမည်ပျက်စာရင်းသွင်း
- တော်လှန်အနုပညာရှင်တွေရဲ့ ဖန်တီးမှုတွေကို မြင်တွေ့ရဖို့ Artists' Shelter ကိုစတင်မိတ်ဆက်
- ဒေါ်လာ ၁၀ သန်းဖိုး မြန်မာပိုင်ကုန်ပစ္စည်းတွေကို ယူနန်အာဏာပိုင်များ သိမ်းဆည်း
- ပြည်တွင်းရွှေဈေး နှင့် ဒေါ်လာဈေး အမြင့်ပိုင်းမှာသာ ဆက်ရှိနေ
- ဘင်္ဂလားဒေ့ရှ်၌ အပူချိန်မြင့်မားမှုကြောင့် ကျောင်းများပိတ်ထားရပြီး လျှပ်စစ်မီးများပါပြတ်တောက်လျက်ရှိ
https://youtu.be/8fYHCwA-hq8
#BusinessRoundUp
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
Business Round Up (9 June 2023)
- ချင်းပြည်နယ်အတွင်း ပြင်ပခရီးသွားများမလာရန် CNF တားမြစ်
- ပြည်တွင်းဆန်ရောင်းဝယ်ရာမှာ ပြည်ပဘဏ်ငွေစာရင်းဖြင့် ငွေကြေးလက်ခံခဲ့တဲ့ ကုမ္ပဏီသုံးခုကို စစ်ကောင်စီက အမည်ပျက်စာရင်းသွင်း
- တော်လှန်အနုပညာရှင်တွေရဲ့ ဖန်တီးမှုတွေကို မြင်တွေ့ရဖို့ Artists' Shelter ကိုစတင်မိတ်ဆက်…

👍5🔥1
စစ်ရေးအရှိန် မြင့်လာတဲ့ ပဲခူးတိုင်း(ရုပ်သံ)
=============
ရွှေနွယ် | ပဲခူးတိုင်းမှာ ကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ရေးအရှိန် တိုးမြှင့်လုပ်ဆောင်လာကြပါတယ်။ စစ်ကောင်စီတပ်ဖွဲ့နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကြားမှာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေပြီး တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ ရာထူးအကြီးပိုင်းတွေပါ သေဆုံးတာတွေရှိတယ်လို့ သိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ပဲခူးတိုင်းအတွင်းမှာရှိတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မေလကုန်ပိုင်းမှာ လာရောက်တွေ့ဆုံသွားပါတယ်။ ဒီလို NUG ဝန်ကြီးရဲ့ မြေပြင်ကွင်းဆင်းလာတာဟာ စစ်ရေးအခြေအနေမှာ တော်လှန်ရေးအင်အားစုဘက်က အားကောင်းလာနေတာကို ပြသနေတာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဆိုပါတယ်။
၂၀၂၃ ခုနှစ်ဟာ အရေးပါတဲ့နှစ်တစ်ခုဖြစ်ပြီး ပဲခူးတိုင်းအတွင်းမှာ ဒီထက်ပိုတဲ့ စစ်ဆင်ရေးတွေလည်း ရှိလာဦးမှာဖြစ်တဲ့အကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲ၊ဒုတိယစစ်ဒေသခွဲမှူး ဦးတင်ဦးက ပြောပါတယ်။
တည်းဖြတ်၊ တင်ဆက် − ရွှေနွယ်
https://youtu.be/iq3iDKhDev4
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=============
ရွှေနွယ် | ပဲခူးတိုင်းမှာ ကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ရေးအရှိန် တိုးမြှင့်လုပ်ဆောင်လာကြပါတယ်။ စစ်ကောင်စီတပ်ဖွဲ့နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကြားမှာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေပြီး တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ ရာထူးအကြီးပိုင်းတွေပါ သေဆုံးတာတွေရှိတယ်လို့ သိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ပဲခူးတိုင်းအတွင်းမှာရှိတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မေလကုန်ပိုင်းမှာ လာရောက်တွေ့ဆုံသွားပါတယ်။ ဒီလို NUG ဝန်ကြီးရဲ့ မြေပြင်ကွင်းဆင်းလာတာဟာ စစ်ရေးအခြေအနေမှာ တော်လှန်ရေးအင်အားစုဘက်က အားကောင်းလာနေတာကို ပြသနေတာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဆိုပါတယ်။
၂၀၂၃ ခုနှစ်ဟာ အရေးပါတဲ့နှစ်တစ်ခုဖြစ်ပြီး ပဲခူးတိုင်းအတွင်းမှာ ဒီထက်ပိုတဲ့ စစ်ဆင်ရေးတွေလည်း ရှိလာဦးမှာဖြစ်တဲ့အကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲ၊ဒုတိယစစ်ဒေသခွဲမှူး ဦးတင်ဦးက ပြောပါတယ်။
တည်းဖြတ်၊ တင်ဆက် − ရွှေနွယ်
https://youtu.be/iq3iDKhDev4
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
စစ်ရေးအရှိန် မြင့်လာတဲ့ ပဲခူးတိုင်း(ရုပ်သံ)
ရွှေနွယ် | ပဲခူးတိုင်းမှာ ကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ရေးအရှိန် တိုးမြှင့်လုပ်ဆောင်လာကြပါတယ်။ စစ်ကောင်စီတပ်ဖွဲ့နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကြားမှာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေပြီး တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ ရာထူးအကြီးပိုင်းတွေပါ သေဆုံးတာတွေရှိတယ်လို့…
👏14👍3🔥1😁1
Chef Eve's Easy Thai Cooking Show | Episode (18) Promo
======================
ဒီတစ်ပတ်မှာ ချက်ပြပေးမှာကတော့ Chef Eve ရဲ့ ဂျုံကြာဇံသုတ် နဲ့ ဝက်နံရိုးမုန့်ညှင်းချဉ်စွပ်ပြုတ် ချက်ပြုတ်ပုံတွေကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ ဂျုံကြာဇံသုတ် နဲ့ ဝက်နံရိုးမုန့်ညှင်းချဉ်စွပ်ပြုတ်ကို ထိုင်းစတိုင်လ်ပုံစံမျိုး ဘယ်လိုချက်ပြုတ်ထားလဲဆိုတာကို အခုလာမယ့် ဇွန်လ ၁၀ရက်၊ စနေနေ့ ညနေ (၆) နာရီမှာ Mizzima + HD Channel ကနေ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။
https://youtu.be/p7DUeb6bcSA
#EasyThaiCookingShow
#ChefEve
#NorthernThailandFood
#ThaiFood
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
======================
ဒီတစ်ပတ်မှာ ချက်ပြပေးမှာကတော့ Chef Eve ရဲ့ ဂျုံကြာဇံသုတ် နဲ့ ဝက်နံရိုးမုန့်ညှင်းချဉ်စွပ်ပြုတ် ချက်ပြုတ်ပုံတွေကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ ဂျုံကြာဇံသုတ် နဲ့ ဝက်နံရိုးမုန့်ညှင်းချဉ်စွပ်ပြုတ်ကို ထိုင်းစတိုင်လ်ပုံစံမျိုး ဘယ်လိုချက်ပြုတ်ထားလဲဆိုတာကို အခုလာမယ့် ဇွန်လ ၁၀ရက်၊ စနေနေ့ ညနေ (၆) နာရီမှာ Mizzima + HD Channel ကနေ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။
https://youtu.be/p7DUeb6bcSA
#EasyThaiCookingShow
#ChefEve
#NorthernThailandFood
#ThaiFood
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
Chef Eve's Easy Thai Cooking Show | Episode (18) Promo
ဒီတစ်ပတ်မှာ ချက်ပြပေးမှာကတော့ Chef Eve ရဲ့ ဂျုံကြာဇံသုတ် နဲ့ ဝက်နံရိုးမုန့်ညှင်းချဉ်စွပ်ပြုတ် ချက်ပြုတ်ပုံတွေကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ ဂျုံကြာဇံသုတ် နဲ့ ဝက်နံရိုးမုန့်ညှင်းချဉ်စွပ်ပြုတ်ကို ထိုင်းစတိုင်လ်ပုံစံမျိုး ဘယ်လိုချက်ပြုတ်ထားလဲဆိုတာကို အခုလာမယ့်…
👍3😁1💩1
This media is not supported in your browser
VIEW IN TELEGRAM
အီးယူရဲ့ ဆီအုန်းတင်သွင်းမှု ကန့်သတ်တဲ့အစီအစဥ◌်အပေါ် အင်ဒိုနီးရှားနဲ့ မလေးရှား ကန့်ကွက်
https://www.facebook.com/reel/993403468768757
#Internationalnews #EU #Mizzima #Indonesia #Malaysia #Reels #Shorts

😁2👍1🔥1
ဇွန်လ ၉ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
---------------------

👍5🔥3