Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ကာကွယ်ရေးစခန်းဝင်ရောက်ဖျက်ဆီးခဲ့သည့် အမြောက်တပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်
=====================

ပါခွီး
(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ်အတွင်း ကာကွယ်ရေးတပ်ဖွဲ့၏ စခန်းတစ်ခုကို ဝင်ရောက်စီးနင်းဖျက်ဆီးခဲ့သည့် စစ်ကောင်စီအမြောက် တပ်ကို ကာကွယ်ရေးတပ် မဟာမိတ်များပူးပေါင်း၍ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Black Dragon Force က ဇွန်လ ၉ရက် ယနေ့တွင် ထုတ်ပြန်သည်။

မုံရွာမြို့နယ် ကျောက်စစ်ပုံကျေးရွာအနီးရှိ စစ်ကောင်စီ အမြောက်တပ် အမှတ်(၅၀၈) မှ ဇွန်လ ၇ ရက်နေ့ နံနက် ၄ နာရီ ၄၀ မိနစ် အချိန်ခန့်တွင် ရေကန်စုကျေးရွာသို့ ဝင်ရောက်၍ အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်ပြီး တပ်အတွင်းသို့ ပြန်လည်ဝင်ရောက်သွားခဲ့ကြောင်း ဆိုသည်။

“ကျနော်တို့ရဲဘော်တွေနဲ့ ပြည်သူတွေကိုသတ်ပြီး စခန်းကိုဖျက်ဆီးခဲ့တဲ့ အမြောက်တပ်ကို လက်တုံ့ပြန်တဲ့အနေနဲ့ ပစ်ခတ်ခဲ့တာပါ” ဟု Black Dragon Force တာဝန်ရှိသူ က မဇ္စျိမကို ပြောသည်။
အဆိုပါ အမြောက်တပ်ကို အဖွဲ့ လေးဖွဲ့ခွဲကာ ၁၀၀ မမ ၃၅ လုံး ၊ ၈၀ မမ ၁၅ လုံး ၊ ၆၀မမ ငါးလုံးကို ဇွန်လ ၇ရက် ည ၇နာရီဝန်းကျင်တွင် တစ်နာရီခန့်အကြာ ပစ်ခတ်ခဲ့ကြောင်း ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်အတွင်း ထိခိုက်ပျက်စီးမှုများပြားခဲ့ကြောင်း ဖရဲသီး (တပ်တွင်းသတင်းပေး) ထံမှ သိရှိရပြီး သေဆုံးဒဏ်ရာရသည့် အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ဆက်ပြောသည်။

လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရသဖြင့် စစ်ကောင်စီတပ်မှ ရမ်းသန်း၍ ပြန်လည်ပစ်ခတ်သော်လည်း ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း အမှတ်(၂၇) Black Dragon Forceနှင့် အတူ မုံရွာခရိုင်တပ်ရင်းအမှတ်(၁၂) တပ်ခွဲ (၃) တပ်ခွဲ (၄) ၊ စဉ့်ကိုင်မြို့နယ် ပကဖ အဖွဲ့ ၊ LPDF Sagaing ၊ ရန်ရှင်းဒေသကာကွယ်ရေးအဖွဲ့ ၊ အညာမြေတိုက်နယ် တပ်ပေါင်းစုတို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇွန်လ ၇ရက်နေ့က စစ်ကောင်စီအမြောက်တပ်သားများက ကာကွယ်ရေးတပ်ဖွဲ့ဝင် လေးဦးနှင့် ဒေသခံနှစ်ဦး စုစုပေါင်း ခြောက်ဦးကို သတ်ဖြတ်မီးရှို့ခဲ့ပြီး စခန်းကို ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#စစ်ကောင်စီ
#အမြောက်တပ်
#မုံရွာမြို့နယ်
#ကာကွယ်ရေးတပ်ဖွဲ့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14🔥1😁1
​​ညောင်ပင်ဝန်းရဲစခန်းကို ဒေသကာကွယ်ရေးတပ်တွေ တိုက်ခိုက်စခန်းမှူး အပါအဝင် ရဲ ၇ ဦးသေဆုံးဟုဆို
=====================

KMN
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရဲစခန်းကို ယမန်နေ့၊ ဇွန်လ ၈ ရက်နေ့ ညနေပိုင်း၌ ဒေသကာကွယ်ရေး မဟာမိတ်ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ကြပြီး စခန်းမှူး အပါအဝင် ရဲ ခုနစ်ဦးသေဆုံးခဲ့ကြောင်း ပါဝင်ခဲ့သည့် ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

"ကျွန်တော့တပ်ဖွဲ့ဝင်တွေ မဟာမိတ်တပ်တွေနဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့ပါတယ်။ ကြားသိရတာတော့ စခန်းမှူး အပါအဝင် ရဲ ခုနစ်ဦးသေဆုံးပါတယ်" ဟု မြင်းခြံခရိုင်တပ်ရင်း(၇) Zero ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

၎င်းတိုက်ခိုက်မှုအား ဒေသမဟာမိတ်တပ်များမှ ဒရုန်းအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ရဲ ခုနစ်ဦးသေဆုံးကာ ရဲများအပါအဝင် ပျူစောထီးများလည်း ထိခိုက်ဒဏ်ရာရရှိကြောင်းသိရပြီး မဇ္ဈိမက အသေးစိတ်စုံစမ်း၍မရသေးပေ။

ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရချိန်တွင် ရဲစခန်းအတွင်းမှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ပြီး ဒေသမဟာမိတ်တပ်များအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ညောင်ပင်ဝန်းရဲစခန်း တိုက်ခိုက်မှုကို ကျောက်ဆည်ခရိုင်တပ်ရင်း (၁)နဂါးနီတပ်ရင်း၊ MRTF Drone Force၊ အောင်သပြေညီနောင်၊ မြင်းခြံခရိုင် တပ်ရင်း (၇) Zero ပြောက်ကျားတပ်ဖွဲ့ ၊ ရွှေဘိုခရိုင်တပ်ရင်း (၁၅) နှင့် ဆားတောင်မိုးကြိုး Local PDF တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။

စစ်ကိုင်းမြို့နယ်၊ မုံရွာ-မန္တလေး လမ်းမ အနီးတွင်ရှိသည့် ညောင်ပင်ဝန်းရွာ ရဲစခန်းသည် စစ်ကောင်စီလက်အောက်ခံ တပ်သားများ၊ ရဲများ၊ ပျူစောထီးများ တပ်စွဲသည့်နေရာတစ်ခုဖြစ်ပြီး အနီးအနားရှိကျေးရွာများကို မကြာခဏ စစ်ကြောင်းထိုးကာ လူသတ်မီးရှို့လေ့ရှိကြောင်း သိရသည်။

ယင်းရဲစခန်းအား ဒေသကာကွယ်ရေးတပ်ဖွဲ့များက မကြာခဏ တိုက်ခိုက်မှုများပြုလုပ်နေပြီး မေလ ၃ ရက်နေ့ကလည်း ညောင်ပင်ဝန်းရဲစခန်းကို ဒရုန်း ငါးစီးဖြင့် ဗုံးသီး ကိုးလုံးကြဲချခဲ့ရာ စစ်သား သုံးဦးသေဆုံးကြောင်း Unicorn Guerrilla Force က ထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#Mizzima
#ဒေသကာကွယ်ရေးတပ်ဖွဲ့များ
#စစ်ကိုင်းမြို့နယ်
#ညောင်ပင်ဝန်းရဲစခန်း
#စခန်းမှူး
ဓာတ်ပုံ- အညာညီနောင်တပ်ပေါင်းစု (ABCF)
(စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်း ရဲစခန်းအား မေလ ၃ ရက် တိုက်ခိုက်မှုမြင်ကွင်း)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15👏8❤1🔥1😁1
ဇွန်လ (၉)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
======================

01:00 - ချင်းပြည်နယ်အတွင်း ဒေသခံမှအပ ပြင်ပခရီးသည်များ ဝင်ရောက်ခွင့် CNF တားမြစ်တဲ့သတင်း

02:36 - မုန်တိုင်းသင့်ရခိုင်မှာ ကုလနဲ့ နိုင်ငံတကာ လူမှုအဖွဲ့တွေ သွားလာကူညီခွင့် စစ်ကောင်စီ ရပ်ဆိုင်းတဲ့ သတင်း

07:03 - YBS ပေါ်တွင် ခါးပိုက်နှိုက်ဖမ်းဆီးပေးသောအဖွဲ့ ပြန်လည်ပေါ်ပေါက်တဲ့သတင်း

10:11 - မြင်းခြံမြို့ နီနီလွင်ရွှေဆိုင် ဓားပြတိုက်ရန်ကြိုးစားသူများက ဆိုင်ပိုင်ရှင်ကို ပစ်သတ်တဲ့သတင်းတွေ ပါဝင်တဲ့ တခြားစိတ်ဝင်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို တင်ဆက်ပေးပါတော့မယ်။

https://youtu.be/Pq7XTYSRDvU

#4pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍4😁1🤮1
​​31st #WhatsHappeninginMyanmar Monthly Updates by Debbie Stothard

June 10 @ 4:00 pm - 5:00 pm

On 10 June 2023 at 4-5 pm (Bangkok Time), SEA Junction in collaboration with Asia Justice and Rights (AJAR) will hold the 31st #WhatsHappeninginMyanmar Monthly Updates. This update series was started soon after the coup d’état in Myanmar with the aim to contribute to a greater understanding of the crisis situation there for informed action in support of the democratic movement in the country and beyond.

To participate, tune in for the monthly update planned for 10 June 2023 at 4-5 pm (Bangkok Time) via Zoom (Link: https://bit.ly/MyanmarUpdates2023) and Live on SEA Junction .
🔥1
Business Round Up (9 June 2023)
=================

- ချင်းပြည်နယ်အတွင်း ပြင်ပခရီးသွားများမလာရန် CNF တားမြစ်

- ပြည်တွင်းဆန်ရောင်းဝယ်ရာမှာ ပြည်ပဘဏ်ငွေစာရင်းဖြင့် ငွေကြေးလက်ခံခဲ့တဲ့ ကုမ္ပဏီသုံးခုကို စစ်ကောင်စီက အမည်ပျက်စာရင်းသွင်း

- တော်လှန်အနုပညာရှင်တွေရဲ့ ဖန်တီးမှုတွေကို မြင်တွေ့ရဖို့ Artists' Shelter ကိုစတင်မိတ်ဆက်

- ဒေါ်လာ ၁၀ သန်းဖိုး မြန်မာပိုင်ကုန်ပစ္စည်းတွေကို ယူနန်အာဏာပိုင်များ သိမ်းဆည်း

- ပြည်တွင်းရွှေဈေး နှင့် ဒေါ်လာဈေး အမြင့်ပိုင်းမှာသာ ဆက်ရှိနေ

- ဘင်္ဂလားဒေ့ရှ်၌ အပူချိန်မြင့်မားမှုကြောင့် ကျောင်းများပိတ်ထားရပြီး လျှပ်စစ်မီးများပါပြတ်တောက်လျက်ရှိ

https://youtu.be/8fYHCwA-hq8

#BusinessRoundUp
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5🔥1
စစ်ရေးအရှိန် မြင့်လာတဲ့ ပဲခူးတိုင်း(ရုပ်သံ)
=============

ရွှေနွယ် | ပဲခူးတိုင်းမှာ ကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ရေးအရှိန် တိုးမြှင့်လုပ်ဆောင်လာကြပါတယ်။ စစ်ကောင်စီတပ်ဖွဲ့နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကြားမှာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေပြီး တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ ရာထူးအကြီးပိုင်းတွေပါ သေဆုံးတာတွေရှိတယ်လို့ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ပဲခူးတိုင်းအတွင်းမှာရှိတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မေလကုန်ပိုင်းမှာ လာရောက်တွေ့ဆုံသွားပါတယ်။ ဒီလို NUG ဝန်ကြီးရဲ့ မြေပြင်ကွင်းဆင်းလာတာဟာ စစ်ရေးအခြေအနေမှာ တော်လှန်ရေးအင်အားစုဘက်က အားကောင်းလာနေတာကို ပြသနေတာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဆိုပါတယ်။

၂၀၂၃ ခုနှစ်ဟာ အရေးပါတဲ့နှစ်တစ်ခုဖြစ်ပြီး ပဲခူးတိုင်းအတွင်းမှာ ဒီထက်ပိုတဲ့ စစ်ဆင်ရေးတွေလည်း ရှိလာဦးမှာဖြစ်တဲ့အကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲ၊ဒုတိယစစ်ဒေသခွဲမှူး ဦးတင်ဦးက ပြောပါတယ်။

တည်းဖြတ်၊ တင်ဆက် − ရွှေနွယ်

https://youtu.be/iq3iDKhDev4

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👏14👍3🔥1😁1
Chef Eve's Easy Thai Cooking Show | Episode (18) Promo
======================

ဒီတစ်ပတ်မှာ ချက်ပြပေးမှာကတော့ Chef Eve ရဲ့ ဂျုံကြာဇံသုတ် နဲ့ ဝက်နံရိုးမုန့်ညှင်းချဉ်စွပ်ပြုတ် ချက်ပြုတ်ပုံတွေကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ ဂျုံကြာဇံသုတ် နဲ့ ဝက်နံရိုးမုန့်ညှင်းချဉ်စွပ်ပြုတ်ကို ထိုင်းစတိုင်လ်ပုံစံမျိုး ဘယ်လိုချက်ပြုတ်ထားလဲဆိုတာကို အခုလာမယ့် ဇွန်လ ၁၀ရက်၊ စနေနေ့ ညနေ (၆) နာရီမှာ Mizzima + HD Channel ကနေ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။

https://youtu.be/p7DUeb6bcSA

#EasyThaiCookingShow
#ChefEve
#NorthernThailandFood
#ThaiFood
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍3😁1💩1
This media is not supported in your browser
VIEW IN TELEGRAM
အီးယူရဲ့ ဆီအုန်းတင်သွင်းမှု ကန့်သတ်တဲ့အစီအစဥ◌်အပေါ် အင်ဒိုနီးရှားနဲ့ မလေးရှား ကန့်ကွက်

https://www.facebook.com/reel/993403468768757

#Internationalnews #EU #Mizzima #Indonesia #Malaysia #Reels #Shorts
😁2👍1🔥1
ဇွန်လ ၉ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥3
This media is not supported in your browser
VIEW IN TELEGRAM
တရုတ်က ဖန်တနီလ်ထုတ်လုပ်မှုကို လျှော့ချဖို့ ပျက်ကွက်ခဲ့ကြောင်း အမေရိကန်သံအမတ်ပြော

https://www.facebook.com/reel/782531423364510

#Internationalnews #China #American #Mizzima #Reels #Shorts
👍5🔥2
Kalay Region Support Center မှ ကမ့်ပိန်းတာဝန်ခံ ကိုဂျပန်ကြီး နှင့် ဆက်သွယ် မေးမြန်ချက် (ရုပ်/သံ)
=====================

“ကျနော်တို့ အားနည်းချက်က လေယာဉ်ပစ်လက်နက်တွေမရှိဘူး။ သူတို့ကို ပြန်တိုက်ခိုက်နိုင်မယ့် တာဝေးပစ်လက်နက်တွေမရှိဘူးပေါ့ ။ သူတို့ရဲ့ တော်ရုံလက်နက်ကြီး ကို မကြောက်ဘူး။ လေယာဉ်ပစ်ကူသာမပါနဲ့ ။ မြေပြင်စစ်ကြောင်းထိုးရင် ကျွန်တော်တို့ကို သူတို့နိုင်တယ်ဆိုတာ မရှိတော့ဘူး ကျနော်တို့ရဲ့အားသာချက်က အဲဒါ”

---------------------------------------------------------------

ပါခွီး

(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို မကြာသေးမီက စစ်ကောင်စီတပ်သည် လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီ အခြားရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။ ထိုပစ်ခတ်မှုများအတွင်း သေဆုံး၊ ဒဏ်ရာရသည့် ပြည်သူများရှိခဲ့ပြီး ကလေးမြို့ တောင်ဘက် နှင့်မြောက်ဘက်သို့ စစ်ကောင်စီက စစ်ကြောင်းထိုးမည့်အခြေအနေရှိကြောင်း သိရသည်။

ထို့ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(ကလေး) (PDF – Kalay)အနေဖြင့် စစ်ဆင်ရေးများ ဖော်ဆောင်နိုင်ရန် Kalay Region Support Center (KRSC) က ရန်ပုံငွေကမ်ပိန်း တစ်ခု ပြုလုပ်ထားသည်။ “ကလေးမြို့ကိုကူ တော်လှန်ရေးကိုလှူ” ကမ်ပိန်းကို PDF – Kalay တပ်ဖွဲ့ ထောင်ခြင်း နှစ်နှစ်ပြည်သည့် မေလ ၂၄ရက်မှ ဇွန်လ ၂၂ရက်အတွင်း ကျပ် ၁၀၀,၀၀၀,၀၀၀(သိန်းတစ်ထောင်) ရရှိရန် ရည်မှန်းထားကြောင်း သိရသည်။

လတ်တလော ကလေးမြို့နယ်စစ်ရေး အခြေအနေ၊ PDF နှင့် စစ်ကောင်စီတပ်၏ အားသားချက် ၊ အားနည်းချက်များအပါအဝင် ယခုပြုလုပ်လျက်ရှိသည့် ကမ့်ပိန်း အကြောင်းများကို Kalay Region Support Center (KRSC) မှ ကမ်ပိန်းတာဝန်ခံ ကိုဂျပန်ကြီး ကို မဇ္စျိမ ကဆက်သွယ်မေးမြန်း ထားသည်။

https://youtu.be/_bstiRWqPMc

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#Kalay Region Support Center (KRSC)
#PDF – Kalay
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍13❤1😁1🤮1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၉ ဇွန် ၂၀၂၃) 
=========================

စစ်ကောင်စီက ၎င်းတို့ကိုယ်တိုင်လည်း မုန်တိုင်းဒဏ်သင့် ပြည်သူများ၏ ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးကို လုပ်နိုင်စွမ်းမရှိသော်လည်း နိုင်ငံတကာနှင့် ပြည်တွင်း ကူညီကယ်ဆယ်ရေးအဖွဲ့များကို အကြောင်းပြချက်မရှိဘဲ ကူညီကယ်ဆယ်ခွင့် ရုတ်သိမ်းလိုက်သည်။ယင်းကြောင့် မုန်တိုင်းဒဏ်သင့် ပြည်သူများ စားနပ်ရက္ခာပြတ်လပ်မှုများနှင့် လူမှုဘဝလုံခြုံရေးကို ထိခိုက်လာနိုင်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥5👍4😁1🤬1
This media is not supported in your browser
VIEW IN TELEGRAM
June - 9 [ 7 Pm ] The Mizzima Primetime

Mizzima Headline News

#7pmnews #themizzimaprimetime #reels #shorts
🌭2🖕1
“သတင်းဌာနတွေရဲ့ စုပေါင်းအားကိုသုံးပြီး ပြည်သူ့အကျိုးပြု လှုံ့ဆော်ချက်တွေ ဖြန့်ဝေပါ”
=======================

အရင်ဆုံး လူထုအကျိုးပြုလှုံ့ဆော်ချက် (Public Service Announcement- PSA) က ဘာလဲဆိုတာရှင်းပြပါရစေ။

အများပြည်သူအကျိုးရှိစေမယ့်၊ အများပြည်သူ အသက်အိုးအိမ်စည်းစိမ်တွေကို ကြိုတင်ကာကွယ်နိုင်မယ့် အသိပညာ၊ ဗဟုသုတတွေကို ရေးသား၊ ရိုက်ကူး၊ ထုတ်လွှင့်ခြင်းတွေဟာ လူထုအကျိုးပြုလှုံ့ဆော်ချက် Public Service Announcement ပါပဲ။
အဲဒီ Public Service Announcement တွေက အများပြည်သူအတွက် ဘာကြောင့်အရေးပါသလဲဆိုတာကိုလည်း ဆက်ရှင်းပြပါမယ်။
ဥပမာအားဖြင့်ပြောရရင် မိုင်းဘေး၊ စစ်ကျန်လက်နက်ဘေး၊ ငလျင်ဘေး၊ ရေဘေး၊ လေကြောင်းတိုက်ခိုက်မှုအန္တရာယ် စတဲ့ သဘာဝဘေး၊ လူလုပ်ဘေး မျိုးစုံကနေ ကြိုတင်ကာကွယ်နိုင်ကြဖို့ဆိုရင် ကာကွယ်ပုံ၊ ကာကွယ်နည်းလမ်းတွေကို ပြည်သူတွေ သေချာ သိထားဖို့လိုပါတယ်။ အဲဒီလိုသိထားဖို့ဆိုရင် PSA တွေနဲ့ ပြည်သူကို ပညာပေးလှုံ့ဆော်ရပါတယ်။ ဒါမှသာပဲ ထိခိုက်၊ သေဆုံး၊ ဆုံးရှုံးမှုတွေကို လျှော့ချကာကွယ်နိုင်မှာပါ။ အလားတူပဲ အခြားသော အသိပညာ၊ ဗဟုသုတွေကိုလည်း PSA တွေက တဆင့် ထိထိရောက်ရောက် ပေးနိုင်တာဖြစ်ပါတယ်။

အဲဒီလို ပြည်သူတွေရဲ့နေ့စဥ်ဘဝအတွက် အလွန်အရေးပါတဲ့ PSA တွေကို ဆိုရှယ်မီဒီယာ Followers ပေါင်း သန်း ၆၀ ကျော်ရှိပြီး၊ Website ပရိတ်သတ်လစဥ် ၇ သိန်းကျော်ရှိတဲ့ သတင်းဌာနကြီး ၃၀ ကျော်ရဲ့ စုပေါင်းအားနဲ့ တောင်တန်း၊ ပြည်မ မကျန် ဘာသာစကားမျိုးစုံနှင့် အရောက်ဖြန့်ဝေပေးနိုင်ပါပြီ။

သတင်းဌာနကြီးများနဲ့ ပူးပေါင်းပြီး Public Service Announcement များထုတ်လုပ်ခြင်းက ပိုပြီးထိရောက်၊ ပြန့်နှံ့မှုရှိစေသလို တနည်းအားဖြင့်လွတ်လပ်သောသတင်းမီဒီယာများရှင်သန်ရပ်တည်ရေး အတွက် အားဖြည့် ထောက်ပံ့မှုပေးရာလည်းရောက်ပါတယ်။

သတင်းဌာနကြီးများ၏စုပေါင်းအားကိုသုံးပြီး ပြည်သူ့အကျိုးပြု လှုံ့ဆော်ချက်များ ဖြန့်ဝေလိုပါက
PSA Media Task Force ၏ psa.medianetwork@protonmail.com အီးမေးလ်ကိုဆက်သွယ်နိုင်ပါသည်။

https://youtu.be/RV7YvqxEG38

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8🤮1🍌1
This media is not supported in your browser
VIEW IN TELEGRAM
အီကွေတာဂီနီသမ္မတနိုင်ငံမှာ အီဘိုလာမျိုးကွဲ ဗိုင်းရပ်ပျံ့နှံ့မှု အဆုံးသတ်ပြီဖြစ်ကြောင်း WHO ကြေညာ

https://www.facebook.com/reel/765371311996317

#Internationalnews #Mizzima #Reels #WHO #shorts
👍10🔥2
​​ကောလင်းတွင် စစ်ကောင်စီစစ်ကြောင်းက ဒေသခံ ၈ ဦးကို ဖမ်းဆီး သတ်ဖြတ်
=====================

ကိုခင်မောင်
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ခံသာတိုက်နယ်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် ဒေသခံ ရှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်ခဲ့သည်ဟု Kawlin Revolution – KR အဖွဲ့တာ၀န်ရှိသူထံက ပြောသည်။

ဖမ်းဆီးခံရသူ ၁၇ ဦးအနက် ရှစ်ဦးသေဆုံးကာ ငါးဦးမှာ ပြန်လည်လွတ်မြောက်လာပြီး ကျန်လေးဦးကို ဒေသခံများက ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။

ထိုစစ်ကောင်စီတပ်စစ်ကြောင်းသည် မေလ ၂၈ရက်မှ ဇွန်လ ၃ရက် အထိ ခံသာတိုက်နယ်အတွင်း တစ်ရွာဝင် တစ်ရွာထွက်ကာ လူနေအိမ်များကို ဝင်ရောက်မွှေနှောက်ပြီး ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း အမည်အဖော်လိုသူ ဒေသခံသတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။

"မုတ်ဝရွာသားခြောက်ဦးက တစ်စုထဲဖမ်းဆီးခေါ်ဆောင် ခံရတာပါ။ တစ်နေရာထဲမှာ တစ်စုထဲ လက်စဖျောက်ခံ ရတယ်။ သစ်ဖုလှရွာတောင်ဘက် တစ်ဆူတောင်အနီးသစ်တောထဲမှာ ပြန်တွေ့ရတာလို့ သိရပါတယ်။ အင်ပင်လှနဲ့ ဥမင်ကုန်းရွာကြား ဆိုင်ကယ်စီးလာတဲ့ အသက် ၃၅နှစ်အရွယ် ကိုကျော်သူဆိုသူကိုလည်း စစ်ကောင်စီက ပစ်သတ်သွားပါတ”ယ် ဟု ဒေသခံသတင်းရင်းမြစ်မှ မဇ္ဈိမကိုပြောသည်။

သေဆုံးသွားသူများမှာ ညောင်ကုန်းရွာမှ ကိုသန်းထိုက် ၊ အင်ပင်လှရွာမှ ကိုကျော်သူ ၊ မုတ်ဝရွာမှ ဦးဝင်ဗိုလ် ၊ ဦးဆန်းဦး ၊ ဦးဝင်းနိုင်၊ ဦးဇော်မင်း ၊ဦးဇော်ဦး ၊ ဦးမိုမိုတို့ဖြစ်ပြီး မုတ်ဝရွာသား ခြောက်ဦး၏ ရုပ်အလောင်းများကို သစ်ဖုလှရွာ တောင်ဘက် တစ်ဆူတောင်အနီးသစ်တောထဲတွင် တွေ့ရှိရသည်ဟု ဆိုသည်။

ပျောက်ဆုံးနေသူများမှာ ချပ်ကုန်းရွာမှ ဦးဆန်းဦး၊ ဦးမောင်ဝင်းနှင့် ဘန်ဘွေးကုန်းရွာက ဦးတင်လွင်အောင်၊ ဖိုးဆိုးတို့ ဖြစ်ပြီး ဒေသခံများသည် ၎င်းတို့က သေဆုံးပြီးဖြစ်မည်ဟု ခန့်မှန်းပြောဆိုနေကြသည်။

စစ်ကောင်စီတပ်သည် ခံသာတိုက်နယ် အင်းယား၊ ညောင်ကုန်း၊ ဖက်ခါးကုန်း၊ အင်းပင်လှ၊ ချပ်ကုန်း၊ ဘန်းဘွေးကုန်းနှင့် မုတ်တ အစရှိသည့် ကျေးရွာများဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်ချိန် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့်လည်း ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ နှစ်ဦးသေဆုံးပြီး ၁၃ဦးထိခိုက်ဒဏ်ရာရရှိသွားကာ စစ်သုံးပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ပြီး ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့ဘက်က ရဲဘော်ဆန်းလင်း(ဆင်မင်း) ကျဆုံးခဲ့ကြောင်း ကောလင်းခရိုင်တပ်ရင်း (၁ ) Kawlin People Defense Force – KLPDF ထံက သိရသည်။

စစ်ကောင်စီ စစ်ကြောင်းတွင် ခမရ- ၃၆၃၊ ခမရ -၃၆၉ တပ်ရင်းမှ တပ်သားများပါဝင်သည့် ထိုစစ်ကောင်စီစစ်ကြောင်းသည် ကောလင်းမြို့နယ်ကို ဇွန်လဆန်းမှစ၍ စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ဇွန်လ ၄ရက် နေ့လယ် ၃နာရီခန့်တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ကာ စစ်ကောင်စီတပ်က တိုက်ပွဲဝန်းကျင်ရှိ ကျေးရွာများအား ဂျက်ဖိုက်တာဖြင့် တိုက်ခိုက်ခဲ့သေးသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ဒေသခံ ၈ ဦးကို ဖမ်းဆီး သတ်ဖြတ်
#ခံသာတိုက်နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🤬4❤1🔥1😁1