Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဇွန်လ( ၁၀ )ရက်၊ စနေနေ့မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
==================

ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

မုန်တိုင်းသင့်ရခိုင်မှာ ကုလနဲ့ နိုင်ငံတကာအဖွဲ့တွေ သွားလာကူညီခွင့် စစ်ကောင်စီက ရပ်ဆိုင်းထားတဲ့ သတင်းနဲ့အတူ ကျောက်တံခါးမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီက ဗိုလ်မှူးနေလင်းဦးနဲ့ အုပ်ချုပ်ရေးမှူး ဦးသူရ ပစ်သတ်ခံရတဲ့သတင်းအပါအဝင် တခြား စိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ အပတ်စဉ်တင်ဆက်နေကျဖြစ်တဲ့ Insight Myanmar အစီအစဉ်ကိုနားဆင်ရမှာပါ။ ဒီတစ်ခေါက်မှာတော့ တော်လှန်ခြင်းများနဲ့ခေတ်သစ်မြန်မာပြည် podcast ကနေ ကောက်နှုတ်တင်ဆက်ထားတဲ့ CDM သူနာပြုတစ်ယောက်ဖြစ်တဲ့ မနုနဲ့မေးမြန်းထားတာကို နားဆင်ရမှာဖြစ်ပါတယ်။

https://youtu.be/OjweJ30G1Vc

#Morningradio
#Mizzimaradio
----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍25🤮3😁1
အစိမ်းရောင် လူမျိုးစု [ EP-04 TRAILER ] | Green Tribe
.....................................

အင်မတန်ခြောက်ခြားစရာကောင်းတဲ့ ရွာတစ်ရွာရှိသတဲ့ကွယ်။

အဲ့မှာ အစိမ်းရောင်တွေက အပြာရောင်တွေကိုဖိနှိပ်နေသတဲ့။

ဒီဇာတ်လမ်းတွေကို အပတ်စဉ် သောကြာနေ့ ည ၇နာရီခွဲတိုင်း မဇ္ဈိမတီဗီချန်နယ်၊ Mizzima - News in Burmese Facebook page နှင့် Mizzima Youtube Channel တို့မှာ ပြသနေပြီဖြစ်လို့ လာမဲ့ သောကြာနေ့ ဇွန်လ ၁၆ ရက် ည ၇ နာရီခွဲမှာ စောင့်မျှော်ကြည့်လိုက်ကြရအောင်...

There’s a dark and dangerous village.
Where the Green People rule.
And the Blue People are terrorised.
Coming soon to Mizzima TV…..

https://youtu.be/_UgzmaNYDW8

#Greentribe
#MizzimaTV
👍7😁1🤮1
“ ကြာအင်းဆိပ်ကြီးမြို့နယ်မှာရော မြို့ပေါ်တစ်လျှောက်လုံးမှာရော စစ်ကောင်စီရဲ့ စိုးမိုးနယ်မြေ၊ အုပ်ချုပ်မှုနယ်မြေဆိုတာလုံးဝမရှိဘူး" 

SOF ရဲ့ တာဝန်ခံ/တပ်မှူး ကိုအောင်စံရှား (အင်တာဗျူး)
============================

မောင်ခက်နွေ

ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်နေ့က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ပေါ်က ဌာနဆိုင်ရာရုံးတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ တပ်စွဲ ထားတဲ့နေရာတွေကို တော်လှန်ရေးတပ်ဖွဲ့ တစ်ပြိုင်တည်း ဝင်တိုက်၊ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁ဝ ဦး သေဆုံးခဲ့ပါတယ်။ 

ဒီတိုက်ခိုက်မှုကို KNU/KNLA, SOF, Cloud Wings ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။ 

ဒီလို တိုက်ခိုက်ခဲ့တာနဲ့ ပတ်သတ်ပြီး SOF ရဲ့ တာဝန်ခံ/တပ်မှူးကိုအောင်စံရှားရဲ့ အခက်အခဲတွေ အတွေ့အကြုံတွေ သုံးသပ်ချက်တွေကို‌ ဒီတပတ် weekly interview အစီအစဉ်ကနေ တင်ဆက်ပေးလိုက်ပါတယ်။ 

https://youtu.be/cBcr4QXYgDs

မေးမြန်း/တင်ဆက်/တည်းဖြတ် - မောင်ခက်နွေ
#weeklyinterview
#mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍25❤6😁2
This media is not supported in your browser
VIEW IN TELEGRAM
K pay ငွေလွှဲတဲ့အခါ noteမရေးရင် အကောင့်ပိတ်ခံမယ်လို့ လူမှု ကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့နေပါတယ်။

သတင်းအပြည့်အစုံဖတ်ရန် https://www.facebook.com/MizzimaDaily/posts/6786602564707924

#Misinformation_Buster #Fake_News #Shorts #Reels #KBZ #Kpay #note #KBZ_Pay
👍4🔥3
နှစ်စဉ် အောင်ချက်အနည်းဆုံး ချင်းပြည်နယ် ယခုနှစ်တွင် အောင်ချက်ကောင်း ဂုဏ်ထူးထွက်
😁11👍4🔥2
နှစ်စဉ် အောင်ချက်အနည်းဆုံး ချင်းပြည်နယ် ယခုနှစ်တွင် အောင်ချက်ကောင်း ဂုဏ်ထူးထွက်
=======================

(မဇ္စျိမ)
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ချင်းပြည်နယ်မှ ဖြေဆိုသူ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း ၂,၈၂၄ ဦးသည် စာစစ်ဌာန ၁၃ ခုတွင် ဝင်ရောက်ဖြေဆိုခဲ့ကြရာ ၂,၀၄၅ ဦး အောင်မြင်ကြောင်း သိရှိရပြီး ပြည်နယ်အတွင်း အောင်ချက်မရှိသလောက်ရှိခဲ့သည့် လိုင်လင်းပီမြို့နှင့် ဆမီးမြို့တို့တွင် ကျရှုံးသူမရှိ ဖြေဆိုသူအားလုံး ဂုဏ်ထူးထွက်ခဲ့ကြောင်း သိရသည်။

မတူပီမြို့နယ်၊ လိုင်လင်းပီမြို့တွင် ဖြေဆိုသူ ၂၆၀ ဦးအောင်မြင်ပြီး ၎င်းတို့အထဲမှ ၂၅၃ ဦးမှာဂုဏ်ထူးထွက်ရှိ၍ ခုနစ်ဦးမှာ ရိုးရိုးသာအောင်မြင်ခဲ့ကြောင်းသိရသည်။

ထို့အပြင် ပလက်ဝမြို့နယ်၊ ဆမီးမြို့တွင် ဖြေဆိုသူ ၃၄၀ ဦး အောင်မြင်ပြီး ရှစ်ယောက်မှလွဲ၍ ကျန်သူအားလုံး ဂုဏ်ထူး သုံးဘာသာ၊ နှစ်ဘာသာ၊တစ်ဘာသာ အသီးသီးပါကြောင်း သိရသည်။
‘’နှစ်စဉ်နှစ်တိုင်း ချင်းပြည်နယ်က တိုင်းနဲ့ပြည်နယ်ထဲမှာ အောင်ချက်အနိမ့်ဆုံးပြည်နယ်၊ အခုတော့ အောင်ချက်တွေက အရမ်းကောင်းနေတာ။ ဆရာ/ဆရာမ မရှိ၊ သင်ရိုးညွန်းတန်းမရှိဘဲ သင်ကြားနေရတဲ့ မြို့နယ်မဟုတ်ဘဲ ဆမီးတို့ လိုင်လင်းပီတို့မှာ ဖြေတဲ့သူအယောက်တိုင်း အောင်တယ်။ အောင်တာမှ ရိုးရိုးအောင်တာမဟုတ်ဘူး၊ ဂုဏ်ထူးတွေအားလုံးနဲ့ကို အောင်ကြတာဗျ’’ဟု ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်အတွင်း CDMလှုပ်ရှားမှု အများဆုံးပါဝင်ခဲ့သည့်သူများမှာ ပညာရေးဌာနမှဖြစ်ပြီး ယခုအကျမရှိ အောင်မြင်ခဲ့သည့်မြို့နယ်များသည် စာသင်ကျောင်းဆောင် မရှိ၊ စားပွဲခုံမရှိ၊ ဆရာမရှိ၊ သင်ရိုးစာအုပ်မရှိဘဲ သင်ကြားနေရသည့်မြို့များဖြစ်သည်။

စစ်တပ်အာဏာမသိမ်းခင် ကျင်းပခဲ့သည့် ၂၀၂၀ ပြည့်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ချင်းပြည်နယ်အတွင်း ဖြေဆိုသူ ၁၂,၃၇၀ ဦး၊ အောင်မြင်သူ ၂,၆၂၃ ဦးရှိသဖြင့် အောင်မြင်မှု ၂၁.၂၀ ရာခိုင်နှုန်းရှိခဲ့ပြီး ယခုနှစ် ၂၀၂၃တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ချင်းပြည်နယ်အတွင်း ဖြေဆိုသူ ၂,၈၂၄ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြရာ ၂,၀၄၅ ဦး အောင်မြင်ခဲ့သဖြင့် ၇၂.၄၂ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#တက္ကသိုလ်ဝင်တန်းစာမေးပွဲ
#ချင်းပြည်နယ်
#ဂုဏ်ထူး
#သင်ရိုးစာအုပ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁14👍6🔥1
My india အစီအစဉ်
====================

ဒီတပတ်ရဲ့My india အစီအစဉ်မှာ

-ဟောလိဝုဒ်သရုပ်ဆောင် ဇန်ဒါယာနဲ့ အမေရိကန်စူပါမော်ဒယ် ဂျီဂျီဟာဒစ်တို့က အိန္ဒိယဆာရီကိုဝတ်ဆင်ကာ မွမ်ဘိုင်းရှိ အိန္ဒိယအမျိုးသမီးစီးပွားရေးလုပ်ငန်းရှင် နီတာအမ်ဘာနီရဲ့ ယဉ်ကျေးမှုစင်တာဖွင့်ပွဲ ကော်ဇောနီထက်မှာ လျှောက်လှမ်းခဲ့ကြ

-ခရစ်ယာန်ဘုရားဖူးများက အိန္ဒိယတောင်ပိုင်း ကာရယ်လာပြည်နယ်မှာ ယေရှူခရစ်တော်ဖမ်းစီးခံရပြီး ကားစင်အတင်မခံရခင် ဂျေရုစလင်မြို့အတွင်းသို့ ဝင်ရောက်လာတဲ့ Palm Sunday အထိမ်းအမှတ်အဖြစ် ဘုရားကျောင်းများမှာ ဝတ်ပြုဆုတောင်းခဲ့ကျ

-ဘောလိဝုဒ်မင်းသမီးဘဝမှ ဟောလိဝုဒ်နာမည်ကျော်ဖြစ်လာတဲ့ ပရီယန်ကာ ချော်ပရာ ဂျိုးနက်စ်တို့က မကြာခင်ထွက်ရှိလာမယ့် စပိုင်ရုပ်သံဇာတ်လမ်းတွဲ Citadle ကိုစျေးကွက်မြှင့်တင်ခဲ့

-ဂူဂျာရတ်ပြည်နယ် ဘာရုချ်ရဲ့တောင်ပေါ်မြို့လေးတစ်မြို့မှာ တည်ရှိတဲ့ ဘာဝါဂေါ်ရဲ့ ဗိမာန်ဟာ ဘုရားဖူးများတစ်နှစ်ပတ်လုံး ပြည့်နှက်နေတာကို မြင်တွေ့ရ

-ကမ္ဘာ့နိုင်ငံအသီးသီးက ဖွံ့ဖြိုးတိုးတတ်မှုသတင်းတွေနဲ့ အခြားသတင်းတွေပါဝင်တဲ့ World In Focus အစီအစဉ်နဲ့တကွ
အခြားစိတ်ဝင်စားစရာ အစီအစဉ်ကောင်းများကို တင်ဆက်ပေးမှာပဲဖြစ်ပါတယ်။

https://youtu.be/U9OXilAfgBw

#myindia
#mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11🤮1
​​ချင်းနှင့် စစ်ကိုင်းတို့တွင် မြေပြိုခြင်းအန္တရာယ် သတိထားရန် မိုးဇလ အသိပေး
====================

ဂျူချန်း
(မဇ္ဈိမ)။ ။ ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အားကောင်းသော လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတွင် မြေပြိုခြင်းအန္တရာယ် သတိထားရန် လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ယနေ့ဇွန်လ ၁၀ ရက်တွင် သတိပေးထားသည်။

“မိုးက သုံးလေးရက် ဆက်တိုက်များရင်တော့ မြေပြိုတတ်တယ်။ မြေပြိုနိုင်တဲ့ နေရာတွေကတော့ ချင်းလည်း မိုးများနိုင်တယ်ဆိုတော့ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးဘက်မှာလည်း မိုးများနိုင်တယ်။ ဆိုတော့ အဲ့ဒီဘက်မှာလည်း မြေပြိုနိုင်တယ်” ဟု မိုးဇလ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောသည်။

အဆိုပါ အားကောင်းသော လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုမှုများလည်း ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကို သတိထားကြရန် သတိပေးထားခြင်းဖြစ်သည်။

ထို့အပြင် တောင်ကုန်းတောင်တန်းနှင့် ကုန်းမြင့်ဒေသများဖြစ်သည့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ကချင်ပြည်နယ် တို့တွင်လည်း သုံးရက်ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းပါက မြေပြိုခြင်းဖြစ်နိုင်သဖြင့် ထိုနေရာအတွင်း နေထိုင်သူများအနေဖြင့် မြေပြိုမှု အန္တရာယ်ကို သတိထားသင့်ကြောင်း ဆိုသည်။

“အဓိကကတော့ တောင်ကုန်းတောင်တန်း များတဲ့နေရာတွေမှာ မိုးများရင်တော့ အနည်းနဲ့ အများတော့ မြေပြိုတာတွေ ဖြစ်တတ်တာပေါ့” ဟု မိုးဇလညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောသည်။

အားကောင်းသည့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ဇွန်လ ၁၀ ရက်နေ့နှင့်၁၁ ရက်နေ့တို့တွင် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် နေပြည်တော်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသတွင် မိုးကြီးခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလက ခန့်မှန်းထားသည်။

ဇွန်လ ဒုတိယလပတ်အတွင်း မြန်မာတစ်နိုင်ငံလုံးသို့ အနောက်တောင်မုတ်သုံလေ ဝင်ရောက်နိုင်ပြီး ဇွန်လ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစိီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM)က တစ်ပတ်အတွင်း မိုးလေဝသခန့်မှန်းချက်တွင် ဖော်ပြထားသည်။
မွန်ပြည်နယ်တွင် ယခုရက်ပိုင်းတွင် မိုးကောင်းနေပြီး နေ့စဉ် မိုးရွာသွန်းမှုများရှိကြောင်း ဒေသခံများက ပြောသည်။

“မိုးက ပြီးခဲ့တဲ့ သုံးလေးရက်ကစပြီး နေ့တိုင်းရွာတယ်။ ညလည်းရွာတယ်။ နေ့ဘက်လည်းရွာတယ်။ အများကြီးတော့ မကြီးသေးဘူး။ ရွာလိုက်နားလိုက်ပဲ။ အရင်ရက်တွေထက်စာရင်တော့ ပိုရွာလာတယ်ပြောရမယ်” ဟု ပေါင်မြို့နေ ဒေသခံတစ်ဦးက မဇ္ဈိမ ကိုပြောသည်။
မော်လမြိုင်မြို့နှင့် မုဒုံမြို့ တွင်လည်း ယခုရက်ပိုင်းအတွင်း နေ့စဉ်မိုးရွာသွန်းခြင်းများ ရှိကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့တွင် မိုးများသဖြင့် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာ၊ ရန်ကုန်-မော်လမြိုင် ကားလမ်းမဘေးရှိ မလတ်တောင် မြေပြိုကျမှုကြောင့် လူ ၅၃ ဦး သေဆုံးခဲ့ပြီး ၄၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

၂၀၂၀ ခုနှစ် ဇူလိုင် ၂ ရက်နေ့တွင်လည်း ကချင်ပြည်နယ်၊ ဖားကန့်မြို့ ဝှေခါမှော် မြေပြိုခြင်းဖြစ်စဉ်အတွင်း လူပေါင်း ၁၇၄ ဦး သေဆုံးခဲ့ပြီး ဖားကန့် မြေပြိုမှုသမိုင်းတွင် လူသေဆုံးမှုအများဆုံး ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့သည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#မိုးလေဝသ
#လေဖိအားနည်းရပ်ဝန်း
#မြေပြိုခြင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19🔥2
ယင်းမာပင်မြို့နယ်တွင် ဖြစ်ပွားသည့် တိုက်ပွဲ၌ စစ်ကောင်စီတပ်သား ၉ ဦးသေဆုံး
=====================

လွှမ်းမိုး (မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့ တောင်ဘက် သုံးမိုင်ခန့်အကွာရှိ လည်ငေါက် ကျေးရွာအနီးတွင် အင်အား ၁၀၀ ကျော်ခန့် ပါ စစ်ကောင်စီတပ် စစ်ကြောင်းကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက ဇွန်လ ၉ ရက်နေ့ နံနက် ၅ နာရီအချိန်တွင် တိုက်ခိုက်ခဲ့ကြောင်း ချင်းတွင်းတိုးနယား တပ်ဖွဲ့ ခေါင်းဆောင် ကိုမြကြီးကပြောသည်။

တိုက်ခိုက်ရာတွင် တစ်ဖက်ပွင့် ရှေ့ထွက်မိုင်းများ အသုံးပြုခဲ့ပြီး စစ်ကောင်စီတပ်သား ကိုးဦးသေဆုံးခဲ့ကြောင်း သိရသည်။

“ လက်နက်ကြီးပွိုင့် သုံးခုကို ဝင်လာတဲ့ စစ်သားတွေကို တစ်ဖက်ပွင့် ရှေ့ထွက်မိုင်း ခြောက်လုံးနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ၆၀မမ ၊ ၈၀ မမ လက်နက်ကြီးတွေ နဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ စစ်သား ကိုးဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူတွေကို ထမ်းစင် ခြောက်ခုနဲ့ သယ်သွားတာကို တွေ့ရတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ ဖြစ်စဉ် နှင့်ပတ်သက်၍ စစ်သားသေဆုံးမှု အရေအတွက်ကို မဇ္ဈိမ အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

ထိုတိုက်ခိုက်မှုကို ချင်းတွင်းတိုးနယားတပ်ဖွဲ့ မှ လက်နက်ကြီးသမား ၊ မိုင်းသမား နှင့် စနိုက်ပါ သမား အပါအဝင် ရဲဘော် ၁၀ ဦးက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် နယ်မြေရှင်းလင်းရန် နှင့် ဇွန်၄ ရက်နေ့က အပြင်းအထန် တိုက်ခိုက်ခံရပြီး အထိနာသွားသည့် ပုလဲမြို့နယ်အတွင်းရှိ ဇီးဖြူကုန်း ပျူရွာသို့ လက်နက်ခဲယမ်း ထောက်ပို့ နှင့် စစ်အင်အား ဖြည့်တင်းရန် ထွက်လာခြင်းဖြစ်မည်ဟု ယူဆရကြောင်း က်ိုမြကြီးက ဆိုသည်။

https://youtu.be/1ojgg95CEtY

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#စစ်ကောင်စီတပ်သား ၉ ဦးသေဆုံး
#လည်ငေါက် ကျေးရွာ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍19👏2😁2❤1
အထင်ကရပုဂ္ဂိုလ်အား နိုင်ငံရေးမလုပ်ရန် ကြားဝင်ပြောဆိုခြင်းသည် သဘာဝမကျ ယုတ္တိမတန်ဟု NLD ပြော
=================

ရွှေနွယ်
(မဇ္ဈိမ)။ ။သန်လျင်သဘာ၀တရားရိပ်သာ ဆရာတော် အရှင်ဥတ္တမသာရသည် မြန်မာ့နိုင်ငံရေး၏ အထင်ကရပုဂ္ဂိုလ်အား နိုင်ငံရေးမလုပ်ရန် ကြားဝင်ပြောဆိုခြင်းသည် သဘာဝမကျ ယုတ္တိမတန်သော ကိစ္စရပ်သာ ဖြစ်သည်ဟု NLD ပါတီ ဗဟိုအလုပ်ကော်မတီအဖွဲ့ဝင် ဦးထွန်းမြင့်က မဇ္ဈိမကို ပြောသည်။

သန်လျင်သဘာ၀တရားရိပ်သာ ဆရာတော် အရှင်ဥတ္တမသာရသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ၏ နာယက ဦးတင်ဦးအား ဇွန်လ ၈ ရက် နေ့လယ် ၂ နာရီခန့်က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ၊ရွှေတောင်ကြားရပ်ကွက် ၊ ဗောဓိရိပ်သာလမ်းနေအိမ်၌ သွားရောက်တွေ့ဆုံ၍ ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေးမှစွန့်လွှတ်၍ လက်ရှိမြန်မာနိုင်ငံအတွင်း ပဋိပက္ခများ ငြိမ်းချမ်းရန် ငြိမ်းချမ်းရေးတွင် ဦးဆောင်သင့်ကြောင်း ပြောဆိုခဲ့ခြင်းအပေါ် ပြောဆိုလိုက်ခြင်း ဖြစ်သည်။
👍16😁2👏1
"တိုင်းပြည်ကာကွယ်ရေးကို လုပ်ဆောင်ရမယ့် စစ်တပ်က ကိုယ့်အလုပ်ကိုယ်မလုပ်ဘဲ နိုင်ငံရေးထဲမှာ ဝင်ပါချင်နေတာကိုတော့ သွားမပြောရဲဘဲ၊ သွားမတားဘဲ စကားမပြောနိုင်တဲ့ လေဖြတ်နေတဲ့ အဘဦးတင်ဦးဆီကိုလာပြီး အဓိပတိနိုင်ငံရေးသမားကို နိုင်ငံရေးမလုပ်ဖို့ ဘာသာရေးဆရာတော်တစ်ပါးက လာပြောနေတာဟာ တော်တော်ကို သဘာဝမကျ၊ ယုတ္တိမတန်ဘူးလို့ပဲ ကျွန်တော့်အနေနဲ့ ရှုမြင်ပါတယ်” ဟု ဦးထွန်းမြင့်က ပြောသည်။
မြန်မာ့နိုင်ငံရေးတွင် စစ်တပ်ဝင်ရောက် စွက်ဖက်နေသည့်အတွက် ၁၉၆၂ ခုနှစ်မှ စတင်ကာ မြန်မာပြည်တွင် ပြဿနာများစွာ ဖြစ်ပွားနေရခြင်းဖြစ်ပြီး တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်မှုလည်း များစွာနှောင့်နှေးရကြောင်း ဦးထွန်းမြင့်က ပြောသည်။

စစ်တပ်သည် စစ်တပ်အလုပ်ကို လုပ်ရမည်သာဖြစ်ပြီး နိုင်ငံရေးသမားသည်လည်း နိုင်ငံရေးအလုပ်ကို လုပ်ဆောင်မည်ဖြစ်ကာ စစ်တပ်အနေဖြင့် နိုင်ငံရေးလုပ်ချင်သည့်အတွက် ယခုကဲ့သို့ ဘာသာရေးသမား ဆရာတော်တစ်ပါးမှ ဝင်ရောက်ပြောဆိုနေခြင်းသည် မြင်းကမလှုပ် ခုံကလှုပ် နေခြင်းသာဖြစ်သည်ဟု ဆိုသည်။

သဘာ၀တရားရိပ်သာ ဆရာတော်အရှင်ဥတ္တမသာရသည် NLD ၏ နာယက ဦးတင်ဦးအား သွားရောက်တွေ့ဆုံစဉ်က “ သူ (ဒေါ်အောင်ဆန်းစုကြည်) သာပါလာမယ်ဆိုရင် တိုင်းပြည်အခြေအနေနဲ့ တပ်မတော်က ပြောင်းသွားနိုင်တာပေါ့၊ သူကသာ ငြိမ်းချမ်းရေးဆိုရင် တပ်မတော်အနေနဲ့လည်း ပြောင်းပြီး ပိုပြီးတော့ အချင်းချင်းအဆင်ပြေသွားမယ်လို့ ယူဆတာပေါ့လေ။ သူကနိုင်ငံရေးလုပ်တာကို မစွန့်တဲ့အခါကျတော့ တစ်ဖက်မှာ တပ်မတော်ကလည်း တင်းမာနေတာပေါ့ တပ်မတော်ကလည်း မလုပ်စေချင်ဘူး” ဟု ပြောဆိုခဲ့သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပြည်သူလူထု အကျိုးအတွက် မငြိမ်းချမ်းတာတွေကို ငြိမ်းချမ်းသွားစေဖို့ ငြိမ်းချမ်းရေးကိုလုပ်ဆောင်ရန်နှင့် ဒေါ်အောင်ဆန်းစုကြည်သာ ဖြူမယ်ဟု ဆိုလျှင် လိုက်ဖြူမည့်သူ များသောကြောင့် ၎င်းအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့၍လည်း ရှင်းပြချင်သည်ဟု ဆိုသည်။

သဘာ၀တရားရိပ်သာ ဆရာတော်အရှင်ဥတ္တမသာရ၏ ထိုကဲ့သို့ပြောဆိုမှုများသည် စစ်ကောင်စီဘက်မှရပ်တည်ပြောဆိုနေခြင်းများသာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်သာ နိုင်ငံရေးတွင် မပါတော့ဘူးဆိုလျှင် စစ်ကောင်စီက လွှတ်ပေးမည်ဆိုသည့် အာဘော်ကိုဖန်တီးနေခြင်းသာဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်သည်။

"ဒေါ်အောင်ဆန်းစုကြည်က ကျွန်တော့်အထင်တော့ သေသည်အထိ မြန်မာပြည်ရဲ့နိုင်ငံရေးနဲ့အတူ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ဆက်လက်ရပ်တည်နေမှာပါ။ သေသည်အထိ နိုင်ငံရေးကိုစွန့်လွှတ်မှာ မဟုတ်ပါဘူး။ ဒါကို နိုင်ငံရေးကနေ စွန့်လွှတ်ရမယ်လို့ ပြောနေတာဟာ စစ်ကောင်စီအလိုကျ ပြောပေးနေတာပါ။ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ဘဲ ကျွန်တော်တော့ ယူဆပါတယ်" ဟု ဦးသန်းစိုးနိုင်က ပြောသည်။

သဘာဝတရားရိပ်သာ ဆရာတော်အရှင်ဥတ္တမသာရသည် ၂၀၀၂ ခုနှစ် အောက်တိုဘာလ ၂၁ရက်က ရန်ကုန်မြို့ ၊ သိမ်ဖြူလမ်း ၊ ဒေဝသာဂရ ရဟန္တာ သိမ်ဖြူတော်တွင် ရဟန်းဘဝခံယူခဲ့ခြင်းဖြစ်ပြီး ၂၀၀၇ ခုနှစ် တွင် ၄၅ လမ်း သဘာဝတရားရိပ်သာ၊၂၀၀၈ ခုနှစ်တွင် ဘုရားကုန်း သန်လျင် သဘာဝတရား ရိပ်သာ တို့ကို တည်ထောင်ခဲ့သည်။

သဘာဝတရားရိပ်သာ ဆရာတော်သည် ရဟန်းဘဝ မခံယူခင် လူဝတ်ဘဝကပင် ၎င်းသည် ရဟန္တာဖြစ်ပြီဟု ဆိုခြင်းနှင့်အတူ ၎င်း၏ပြောဆို ဟောပြောမှုများသည် အဓမ္မဖြစ်သည်ဟု ဆုံးဖြတ်ကြသည့်အတွက် သက်သေခံ အထောက်အထားများဖြင့် တရားရုံးတင်ခဲ့ဖူးသော်လည်း သာသနာရေးမှ ဗိုလ်မှူးများ၏ အကူအညီဖြင့် အမှုကိုပိတ်သိမ်းခဲ့ဖူးကြောင်း ဆရာတော် မင်းသုည(ဗုဒ္ဓတက္ကသိုလ်)က နွေဦးအသံနှင့် တွေ့ဆုံမေးမြန်းစဉ်တွင် မိန့်ကြားထားသည်။

ထို့အပြင် သံဃာ့နာယကမှ အရေးယူရန် ကြိုးပမ်းမှုများကိုလည်း သဘာဝတရားရိပ်သာ ဆရာတော်အရှင်ဥတ္တမသာရက ငွေဖြင့် ပိတ်ပင်ခဲ့ဖူးသည်များလည်းရှိကြောင်း ဆရာတော် မင်းသုည(ဗုဒ္ဓတက္ကသိုလ်)က ဆိုသည်။

သဘာဝတရားရိပ်သာ ဆရာတော်သည် ဝါတော် ၂၀ ကျော်ပြီဖြစ်သော်လည်း ဒေသနာကို ကြည့်၍သာ ကြားနာတတ်ကြောင်းနှင့် ဥပုသ်ပြုဖူးသည်မှာ အကြိမ် ၂၀ မရှိကြောင်း ၎င်းကိုယ်တိုင် မိန့်ကြားခဲ့ဖူးသည်။

သန်လျင်သဘာ၀တရားရိပ်သာ ဆရာတော်အရှင်ဥတ္တမသာရသည် ထိုကဲ့သို့ ဦးတင်ဦးအား သွားရောက်တွေ့ဆုံပြီး နောက်တစ်နေ့ ဇွန်လ ၉ ရက်တွင် စစ်ကောင်စီ၏ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC)မှ ဒုတိယဗိုလ်ချုပ်ကြိီး ဝင်းဗိုလ်ရှိန်၊ ဒုတိယဗိိုလ်ချုပ်ကြီး မင်းနိုင်တို့နှင့် တွေ့ဆုံခဲ့သည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#NLD
#သန်လျင်သဘာဝတရားရိပ်သာ
#နိုင်ငံရေး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15😁7
Mizzima Weekly Sports အစီအစဉ်
===============

တပတ်အတွင်း အားကစားလောကရဲ့ထူးခြားတဲ့ သတင်းအကြောင်းအရာတွေကို ပရိသတ်တွေအတွက် စုစည်းတင်ဆက်ပေးသွားမယ့် Mizzima ရဲ့ Weekly Sports အစီအစဉ် ဖြစ်ပါတယ်။

-------------

ဒီတပတ်မှာတော့ .....

- ဥရောပရဲ့ တန်ဖိုးအကြီးဆုံးအသင်းအဖြစ် ရီးယဲလ်မက်ဒရစ် နေရာကို သိမ်းပိုက်လိုက်တဲ့ မန်ချက်စတာစီးတီး

- မက်ဒရစ်မှ ထွက်ခွာရတာက 'နာကျင်ရတယ်'လို့ ဆော်ဒီအပြောင်းအရွှေ့မတိုင်ခင် ဘန်ဇီမာ ဝန်ခံ

- ပရိသတ်တစ်ဦး ရေဗားပလိတ်ကွင်း ပွဲကြည့်စင်မှ ပြုတ်ကျပြီးနောက် သေဆုံး

- မန်ယူနိုက်တက် ရောင်းချခြင်း - ကာတာဘဏ်လုပ်ငန်းရှင် ရှိတ်ဂျာဆင်က ကလပ်ကို ဝယ်ယူဖို့ ၅ ကြိမ်မြောက်နဲ့ နောက်ဆုံးကမ်းလှမ်းမှုပြုလုပ်

- ‘ကျနော် ဆုံးဖြတ်ပြီးပါပြီ' - အင်တာမိုင်ယာမီကို ပြောင်းရွှေ့မယ်ဆိုတဲ့ မက်ဆီ အစရှိတဲ့အကြောင်းအရာတွေ အပါအဝင် အခြားစိတ်၀င်စားဖွယ် အားကစားသတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

https://youtu.be/DCX80uVnJWE

#weeklysports
#mizzimatv
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9😁2❤1
​​ပထမဆုံး အာဆီယံ ပူးတွဲစစ်ရေးလေ့ကျင့်မှု၌ မြန်မာစစ်တပ် ပါဝင်မည်
====================

ဒေသတွင်း တရုတ်၏ ငါတကော ကောမှု မြင့်တက်၍ တင်းမာမှုများ ကြီးထွားနေစဉ် အရှေ့တောင်အာရှနိုင်ငံများက တောင်တရုတ်ပင်လယ်အတွင်း ပထမဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ရန် သဘောတူကြကြောင်း အင်ဒိုနီးရှား တာဝန်ရှိသူများက ကြာသပတေးနေ့တွင် ပြောသည်။

“မြောက်ပိုင်း နာတူနာပင်လယ်မှာ ကျွန်တော်တို့တွေ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်မှာ ဖြစ်ပါတယ်”ဟု ဘာလီတွင် အရှေ့တောင်အာရှ ကာကွယ်ရေးအကြီးအကဲများနှင့် တွေ့ဆုံပြီးနောက်တွင် အင်ဒိုနီးရှား ကာကွယ်ရေးဦးစီးချုပ် ယူဒို မာဂိုနိုက ပြောကြောင်း နိုင်ငံပိုင် Antara သတင်းက ဖော်ပြသည်။

အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံနှင့် စောင့်ကြည့်သူ အရှေ့တီမောနိုင်ငံတို့ ပါဝင်ပြီး စက်တင်ဘာလအတွင်း ပြုလုပ်သွားမည်ဟု ၎င်းက ပြောသည်။
🤬10💩5👍3❤1👏1
​​တရုတ်သံအမတ်ကြီး မစ္စတာချန်ဟိုင် မြစ်ကြီးနားမြို့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် တိတ်တဆိတ်တွေ့ဆုံ
=================

(မဇ္ဈိမ)။ ။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်နှင့်အဖွဲ့သည် စစ်ကောင်စီခန့် ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် မြစ်ကြီးနားမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် တိတ်တဆိတ်တွေ့ဆုံနေကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ ဇွန်လ ၁၀ ရက်နေ့တွင် တရုတ်သံအမတ်နှင့်အဖွဲ့သည် မြစ်ကြီးနားမြို့သို့ အထူးလေယာဥ်ဖြင့်ရောက်ရှိလာပြီးနောက် ထိုသို့တွေ့ဆုံနေခြင်းဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ဝင် အဆင့်မြင့်အရာရှိတစ်ဦးက မဇ္ဈိမကို အတည်ပြုသည်။

" လောလောဆယ်တော့ တရုတ်သံအမတ်အဖွဲ့ ရောက်တယ်ဆိုတာလောက်ပဲ ပြောပြလို့ရဦးမယ်ဗျ။ နေ့ချင်းပြန်လို့တော့ သိထားတယ်။ ကျနော်တို့လည်း ဘာအကြောင်းဆိုတာတော့ ဂဃနဏ မသိရသေးလို့ပါ" ဟု အဆိုပါ ပြည်နယ်အစိုးရအဖွဲ့ဝင် အဆင့်မြင့်အရာရှိက ဆိုသည်။

တွေ့ဆုံပွဲတွင် ဆွေးနွေးသည့် အသေးစိတ်အကြောင်းအရာကို မဇ္ဈိမ၏ မြေပြင်သတင်းအဖွဲ့က ထပ်မံစုံစမ်းနေဆဲဖြစ်သည်။
တရုတ်သံအမတ်နှင့်အဖွဲ့ကို ပြီးခဲ့သည့် ဇွန်လ ၈ ရက်နေ့က နေပြည်တော်ရှိ MGallery ဟိုတယ်တွင် စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက လက်ခံတွေ့ဆုံခဲ့ပါသေးသည်။

ထို တွေ့ဆုံပွဲတွင် မြန်မာ - တရုတ် နှစ်နိုင်ငံအကြားရှိ ရှိရင်းစွဲ ဆွေမျိုး - ပေါက်ဖော် ဆက်ဆံရေး ပူးပေါင်းဆောင်ရွက်မှုများ ပို မိုတိုးတက်ခိုင်မာရေးအပြင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေသည့် စီမံကိန်းများ ဆက်လက်အကောင်အထည်ဖော်ရေး၊ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး လျင်မြန်စွာချောမွေ့စေရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းမှု မြှင့်တင်ရန် ဆက်လက်ပူးပေါင်းဆောင် ရွက်သွားရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထိုနေပြည်တော်တွေ့ဆုံဆွေးနွေးမှုအပြီး တရုတ်သံအမတ်နှင့်အဖွဲ့က မြစ်ကြီးနားမြို့သို့ ယနေ့မနက်တွင် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ​ကချင်ပြည်နယ်တွင် တရုတ်နိုင်ငံက အဓိကရင်းနှီးမြုပ်နှံထားသည့် နယ်စပ်ကုန်သွယ်ရေးနှင့် ပြည်နယ်အတွင်းလျှပ်စစ်ဖြန့်ချီရေးကိစ္စရပ်တို့တွင် တရုတ်နိုင်ငံဘက်က စီမံကိန်း အသက်ဝင်လာစေရန် ကြိုးစားလျက်ရှိကြောင်း ကချင်ပြည်နယ် အရာရှိတစ်ဦးထံမှ စုံစမ်းသိရသည်။

ပြီးခဲ့သည့် မေလကလည်း တရုတ်နိုင်ငံ ပေါင်းဆန်ပြည်နယ်ခွဲ၏ အထူးကိုယ်စားလှယ်အဖွဲ့က ပူးပေါင်းရင်းနှီးမြုပ်နှံမှုများအတွက် တရားဝင်လာရောက်ကာ ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြသေးသည်။

ထို့သို့ တရုတ်အထူး ကိုယ်စားလှယ်အဖွဲ့များ ချင်းပြည်နယ်သို့ လာရောက်မှုများကြောင့် ကချင်ပြည်သူလူထုက ဧရာဝတီမြစ်အပေါ်တည်ဆောက်မည့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကြီး ပြန်လည် ဆောင်ရွက်လာမည်ကို စိုးရိမ်လျက်ရှိသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
ဓာတ်ပုံ- မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာချန် ဟိုင်ကို တွေ့ရစဉ် (တရုတ်သံရုံး)

#Mizzima
#တိတ်တဆိတ်တွေ့ဆုံ
#တရုတ်သံအမတ်ကြီး
#မြစ်ကြီးနားမြို့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13👎8💩6❤2
​​မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများထံ အကူအညီ ပေးပို့ခွင့်အား စစ်ကောင်စီ ဆိုင်းငံ့
======================

ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်က ပြည်သူ ထောင်ပေါင်းများစွာထံ ရောက်ရှိနိုင်ရေး ကြိုးပမ်းကြသည့် အကူအညီပေးရေး အလုပ်သမားများအတွက် ခရီးသွားခွင့်ပြုမိန့်ကို စစ်ကောင်စီက ဆိုင်းငံ့ထားကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားရေး ရုံးက သောကြာနေ့တွင် ပြောသည်။

မြန်မာနှင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်တို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၁၂၀ ရှိခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် မြန်မာနိုင်ငံတွင် လူပေါင်း ၁၄၈ ဦး သေဆုံးခဲ့သည်။

တိုင်းရင်းသား ပဋိပက္ခ ဆယ်စုနှစ်များကြာအပြီး ရွှေ့ပြောင်းစခန်းများ၌ နေထိုင်နေရသည့် ရိုဟင်ဂျာလူနည်းစု ဒုက္ခသည်များ ရှိနေရာ ရခိုင်ပြည်နယ်၌ မုန်တိုင်းကြောင့် အိမ်ခြေများ ပျက်စီးကာ ရေကြီးရေလျှံခဲ့သည်။
🤬12🔥2👍1
​​ကျောက်ကြီးမြို့နယ် ထွေအုပ်ရုံး ချိန်ကိုက်ဗုံးဖြင့် ဖောက်ခွဲခံရပြီး ဦးစီးမှူး သေဆုံး
===================

YT
(မဇ္ဈိမ) ။ ။ ပခူးတိုင်း၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၊ မြို့နယ် အထွေအထွေ အုပ်ချုပ်ရေးမှူးရုံးအား ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၃) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များက ချိန်ကိုက်ဗုံးဆင် ဖောက်ခွဲခဲ့ကြောင်း တပ်မဟာ (၃) KNLA သတင်းအရင်းအမြစ်တစ်ဦးထံက သိရသည်။

"ချိန်ကိုက်ဗုံးထောင် ဖောက်ခွဲခဲ့ခြင်း ဖြစ်ပါတယ်။ ဦးစီးမှူးသေပြီး လေးဦး ထိခိုက်ဒဏ်ရာရသွားပါတယ်။ အခြားပစ်ခတ်တာမျိုးတော့ မရှိပါဘူး" ဟု တပ်မဟာ (၃) KNLA သတင်းအရင်းအမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။

ယမန်နေ့ ဇွန်လ ၉ ရက်နေ့၊ နံနက် ၁၀ နာရီခန့်တွင် ကျောက်ကြီးမြို့နယ် အထွေအထွေ အုပ်ချုပ်ရေးမှူးရုံး၌ ထောင်ထားသော ချိန်ကိုက်ဗုံးအား ဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး ထိုဗုံးပေါက်ကွဲမှုကြောင့် ကျောက်ကြီးမြို့နယ် စိုက်ပျိုးရေးဦးစီးမှူး သေဆုံးခဲ့၍ ရဲတပ်ဖွဲ့ဝင်တစ်ဦးအပါအဝင် လေးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ဗုံးဖောက်ခွဲချိန်တွင် ကျောက်ကြီးမြို့နယ် အထွေအထွေ အုပ်ချုပ်ရေးမှူးရုံး၌ မြို့နယ်ရှိ အစိုးရဌာနဆိုင်ရာ ဝန်ထမ်းများ အစည်းအဝေး ပြုလုပ်နေချိန်ဖြစ်သဖြင့် ထိခိုက်ဒဏ်ရာရသူများခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူများအား ကျောက်ကြီးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဒေသခံတစ်ဦးထံက သိရသည်။

" ထွေအုပ်ထဲမှာ အစည်းအဝေးရှိနေတာ။ ဆိုင်ကယ်တွေလည်း အများကြီးပဲ ရုံးရှေ့မှာ။ အဲ့ဒီအချိန်မှာ ပေါက်ကွဲသံကြားရတာ။ ရာထူးအကြီးပိုင်းထဲက တစ်ဦးသေတယ် ပွဲချင်းပြီးပဲ။ ဒဏ်ရာရတဲ့ထဲမှာ ရဲလည်းပါတယ်" ဟု ဆိုသည်။

အဆိုပါ ဖောက်ခွဲခံရမှုအပြီးတွင် စစ်ကောင်စီတပ်သားများက လက်နက်ကြီးများဖြင့် နီးစပ်ရာများသို့ ပစ်ခတ်မှုရှိခဲ့သော်လည်း ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရသည်။

ထို့အပြင် ဇွန်လ ၈ ရက်နေ့၊ နံနက် ၁၀ နာရီကျော် ဝန်းကျင်အချိန်က ကျောက်ကြီးမြို့မရဲစခန်းအား တပ်မဟာ (၃) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးချကာ တိုက်ခိုက်ခဲ့ခြင်းရှိကြောင်း သိရသည်။

အဆိုပါ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်မှုကြောင့် ရဲဝန်းထမ်းလိုင်းခန်းအိမ်များအနက် တစ်လုံးအနီး ကျရောက်ပေါက်ကွဲခဲ့၍ ရဲမိသားစုဝင် တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၆ ရက်နေ့ကလည်း ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းရဲစခန်း၊ ဘုံသဘောတံတားအနီးရှိ စစ်ကောင်စီတပ်စခန်း၊ ရေတွင်းကုန်းလမ်းဆုံရှိ စစ်ကောင်စီတပ်သားများ၊ ရေတွင်းကုန်းကြီးကျေးရွာအတွင်း အထိုင်ချနေသော စစ်ကောင်စီတပ်သားများအား တပ်မဟာ (၃) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပြီး ရဲနှင့်စစ်သား ၄၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

စာတည်း- သန့်ဇော်(သန်လျင်)

#mizzima
#ကျောက်ကြီးမြို့နယ်
#ထွေအုပ်ရုံး
#ချိန်ကိုက်ဗုံး
#KNLA
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍24❤3🔥1😁1