ရွှေဘို့မြို့ သို့ ထွက်ခွာလာသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ၍ ၂ ဦးသေ
❤16👍3👏2😁2
ရွှေဘို့မြို့ သို့ ထွက်ခွာလာသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ၍ ၂ ဦးသေ
====================
ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ကျောက်မြောင်းမြို့နယ်မှ ရွှေဘိုမြို့သို့ ထွက်ခွာလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိသွားကြောင်း Black Wolf – Army တပ်ဖွဲ့က ထုတ်ပြန်သည်။
ကျောက်မြောင်းမြို့နယ် ခမရ (၁၂) မှ အင်အား ၆၀ပါသော စစ်ကောင်စီခြေလျင် တပ်ဖွဲ့ကို ရွှေဘို - ကျောက်မြောင်းလမ်းပိုင်းတွင် ဇွန်လ ၁၀ရက် နံနက် ၆နာရီအချိန် တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။
“သေဆုံးဒဏ်ရာရတာတွေကို မျက်မြင်အရေရာ မြေပြင်သတင်းအရနဲ့ အတည်ပြုခဲ့တာပါ” ဟု Black Wolf – Army အဖွဲ့တာဝန်ရှိသူက မဇ္စျိမ ကိုပြောသည်။
ထိုတပ်ဖွဲ့သည် သေဆုံးဒဏ်ရာရသူများကို ပြန်လည်သယ်ဆောင်ကာ ရွှေဘိုမြို့သို့ ဆက်လက်မထွက်ခွာဘဲ ခမရ (၁၂) အတွင်းသို့ ပြန်လည်ဝင်ရောက်သွားကြောင်း ဆိုသည်။
ဒဏ်ရာရသည့် စစ်ကောင်စီတပ်သားသုံးဦးကို မန္တလေးမြို့သို့ ပို့ဆောင်၍ ကုသနေသည်ကို ထပ်မံသိရှိရသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါတိုက်ခိုက်မှုကို Black Wolf – Army နှင့်အတူ Who Am I – Army နှင့် တိုက် နယ် (၄) ပကဖ တို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
Black Wolf – Army က “နွေပူအညာမဲ ဝံပုလွေအောင်ပွဲ” ကံစမ်းမဲလက်မှတ်ကို တပ်ဖွဲ့ ရန်ပုံငွေအဖြစ် တစ်စောင်လျှင် ၁၅,၀၀၀ကျပ်ဖြင့် မဲအစောင်ရေ ၂,၀၀၀ ရောင်းချလျက်ရှိကြောင်း သိရသည်။
မေလ ၂၈ရက်မှ ဇွန်လ ၂၈ရက်အတွင်း အဆိုပါကံစမ်းမဲအစီစဉ်တွင် ပြည်သူလူထုက စခန်းအတွက် လှူဒါန်းပေးထားသည့် ကျပ် ၃,၀၀၀,၀၀၀(သိန်းသုံးဆယ်) တန်ဖိုးရှိ Honda Scoopy I ကို မေတ္တာလက်ဆောင်အဖြစ် ပြန်လည်ချီးမြှင့်သွားမည် ဖြစ်သဖြင့် ပြည်တွင်း၊ ပြည်ပမှ မိဘပြည်သူများ ပါဝင်အားဖြည့်ပေးရန်အကူအညီတောင်းခံပါ ကြောင်း Black Wolf – Army က အသိပေးထားသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ရွှေဘို့မြို့
#၂ ဦးသေ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

Facebook
#mizzima – Explore
explore #mizzima at Facebook
👍19❤6😁2
စစ်ကောင်စီအား ပံ့ပိုးကူညီနေသည့် ရုရှားနိုင်ငံကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း NUCC ထုတ်ပြန်
====================
001
(မဇ္စျိမ) ။ ။မြန်မာနိုင်ငံရှိ ပြည်သူများအား နည်းမျိုးစုံဖြင့် ရက်စက်စွာသတ်ဖြတ်နေသော စစ်ကောင်စီအား ထင်ရှားစွာ ပံ့ပိုးကူညီမှုများအတွက် ရုရှားနိုင်ငံအား ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က ဇွန်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်သည်။
ရုရှားနိုင်ငံအနေဖြင့် ၂၀၀၇ ခုနှစ်ကတည်းက ကုလသမဂ္ဂညီလာခံ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ဗီတိုအာဏာသုံး၍ ပယ်ဖျက်ခြင်း၊ ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက်တွင်ပါဝင်သည့် မြန်မာ နိုင်ငံအား စစ်လက်နက်မရောင်းရန် သဘောတူညီချက်ကို လက်မှတ်မရေးထိုးခြင်း၊ စစ်လက်နက်များ ဆက်လက်ရောင်းချနေခြင်း၊ စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်နှင့် ရုရှားနိုင်ငံတို့အကြား လုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် နှစ်ဖက်နားလည်မှု စာချွန်လွှာရေးထိုးပြီး ဆောင်ရွက်နေခြင်းများကို တွေ့ရှိရ ကြောင်း NUCC က ဖော်ပြထားသည်။
အကြမ်းဖက်စစ်အုပ်စုကို သံတမန်ရေး၊ စစ်ရေးအားပေးကူညီနေမှုမှာ မြန်မာပြည်သူလူထုအပေါ် အကြမ်း ဖက်သတ်ဖြတ်မှုများ၊ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ ပိုမိုကျူးလွန်နိုင်ရန် ဖန်တီးပေးနေခြင်းဖြစ် ကြောင်း NUCC က ဆိုသည်။
ထို့ပြင် ရုရှားနိုင်ငံအနေဖြင့် အကြမ်းဖက်စစ်အုပ်စုနှင့် စစ်ကောင်စီခေါင်းဆောင်အား နျူကလီးယားဓာတ် ပေါင်းဖိုတည်ဆောက်မှုပံ့ပိုးခြင်းမှာလည်း မြန်မာနိုင်ငံအတွင်းသာမက ဒေသတွင်းတည်ငြိမ်အေးချမ်းမှုကို ခြိမ်းခြောက်သည့် လက္ခဏာဆောင်သောကြောင့် အမြန်ဆုံးရပ်တန့်ရန်လိုကြောင်း NUCC က တိုက်တွန်း သည်။
မြန်မာပြည်သူလူထုအပေါ် အကြမ်းဖက်သတ်ဖြတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန် ရာတွင်အသုံးရာတွင် အသုံးပြုနေသည့် စစ်လက်နက်ပစ္စည်းများနှင့် စစ်ထောက်လှမ်းရေးအတွက် ပံ့ပိုးမှု များရပ်ဆိုင်းရန်လည်း သတိပေးထားသည်။
စစ်ကောင်စီအား တဖက်သတ် အားပေးမှုများ၊ တိုက်တွန်းကူညီမှုများ ယခုကဲ့သို့ ပြောင်ပြောင်တင်းတင်း ပြုလုပ်နေခြင်းသည် မြန်မာပြည်သူများရင်ဆိုင်နေရသည့် အသက်ဘေးအန္တရာယ်နှင့် ဆင်းရဲဒုက္ခကို ပိုမို ခက်ခဲကြာရှည်အောင် ဆောင်ရွက်နေခြင်းဖြစ်ပြီး ဒေသအတွင်းတည်ငြိမ်မှုကိုပါ ထိခိုက်ပျက်ပြားစေသည့် အတွက် ရုရှားနိုင်ငံအား ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း NUCC က ထုတ်ပြန်ထားသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#NUCC
#ရုရှားနိုင်ငံ
#စစ်ကောင်စီ
#ဗီတိုအာဏာ
#နျူကလီးယားဓာတ်ပေါင်းဖို

👍21😁7
ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးကျေးရွာအုပ်စုကို စစ်ကောင်စီတပ် မီးဆက်ရိူ့
🤬5🔥4👍3😁1
ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးကျေးရွာအုပ်စုကို စစ်ကောင်စီတပ် မီးဆက်ရိူ့
====================
KMN
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာအုပ်စုအတွင်းရှိ ရွာများကို ဇွန်လ ၉ ရက် ညပိုင်းမှ စကာ လက်ရှိ ဇွန်လ ၁၁ ရက် မနက်ပိုင်းအထိ စစ်ကောင်စီတပ်က မီးရှို့နေဆဲဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
ယမန်နေ့ ဇွန်လ ၁၀ ရက်နေ့ကလည်း တနေကုန်နီးပါး မီးရှို့မူကြောင့် ညောင်ပင်ကြီးကျေးရွာ စခန်းအနီးရှိ နေအိမ်များ၊ အမှတ် (၃) ၊ အမှတ်(၄)ရပ်ကွက်နှင့် သိမ်တော်ရပ်ကွက်မှ နေအိမ်များမီးလောင်ခဲ့ကြောင်း ကျေးရွာဒေသခံတစ်ဦးက ပြောသည်။
"စစ်သားတွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းပစ်ပြီး ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူနေတယ်။ ကင်းပုံးလည်းချထားပြီး ညအိပ်တပ်စွဲနေကြပါတယ်" ဟုချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများသပိတ်စစ်ကြောင်း အဖွဲ့ဝင်ကဆိုသည်။
လက်ရှိတွင် ညောင်ပင်ကြီးကျေးရွာအုပ်စုမှ ထွက်ပြေးနေရသည့် ပြည်သူများအတွက် စားနပ်ရိက္ခာအခက်အခဲရှိနေပြီး ဇွန်လ ၁၀ ရက်နေ့က စစ်ဘေးရှောင်ပြည်သူ ဦးရေ ၅၀၀ အား ထမင်းတစ်နပ်လှူဒါန်းခဲ့ကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့ ဦးဆောင်သူက မဇ္ဈိမ ကို ပြောသည်။
"ညောင်ပင်ကြီးအုပ်စု ကျေးရွာက ဒေသခံပြည်သူ ထောင်ချီ စစ်ဘေးရှောင်နေရပါတယ်။ ညောင်ပင်ကြီးမှာ တပ်စွဲထားတာကြောင့် ပြည်သူတွေ နေရပ်မပြန်နိုင်ဘဲ ဖြစ်နေပါတယ်။လက်ရှိစစ်ဘေးရှောင်ပြည်သူတွေ စားရေးသောက်ရေးနဲ့ နေထိုင်ရေး အခက်ခဲဖြစ်နေတယ်" ဟု ၎င်းကဆိုသည်။
ထိုစစ်ကောင်စီတပ်က စစ်ကြောင်းဆက်တိုက်ထိုးနေခြင်းကြောင့် လက်ရှိတွင် ညောင်ပင်ကြီး၊ အိုမ၊ ထန်းတောကြီး၊ ထန်းတော၊ ရွာရှည်၊ ရုံးပင်ရိုး၊ ပလောင်၊ ဝက်မှေးနှင့် ကံတော် စသည့် ကျေးရွာ ၁၀ ကျော်မှ ဒေသခံပြည်သူ ဦးရေ ၁၀,၀၀၀ နီးပါးခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကူညီပေးသူများကဆိုသည်။
ထိုစစ်ကောင်စီစစ်ကြောင်း၏ ပစ်ခတ်မှုများကြောင့် ယမန်နေ့က အမျိုးသား တစ်ဦးနှင့် အမျိုးသမီးနှစ်ဦးခန့် ထိခိုက်မှုရှိခဲ့ကြောင်း ဒေသခံများကပြောကြားသည်။
ဇွန် ၉ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် ဒေသခံကာကွယ်ရေးတပ်များနှင့် ညောင်ပင်ကြီးကျေးရွာရဲစခန်းရှိ စစ်ကောင်စီတပ်များ၊ ရဲများအကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်က အကျအဆုံးများ၍ မုံရွာမြို့၊အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ စစ်ကူများ ချင်းတွင်းမြစ်ကူးကာ လာရောက်ခဲ့ပြီး Mi35 ဖြင့်လည်း လေကြောင်းပစ်ကူခဲ့သည်။
ထိုနောက် ဇွန်လ ၉ ရက် ညပိုင်းက စတင်ကာ စစ်ကောင်စီက ညောင်ပင်ကြီးကျေးရွာက စတင်မီးရှို့ခဲ့ခြင်းဖြစ်သည်။
ညောင်ပင်ကြီးရဲစခန်း စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း Buffalo People Defense Force ( BPDF) က ဇွန်လ ၁၀ ရက်တွင် ထုတ်ပြန်ထားသည်။
ဓာတ်ပုံ - Aung Khant Zaw/ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီ
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ညောင်ပင်ကြီးကျေးရွာအုပ်စု
#မီးရှို့

🤬7🔥6👍2😁2❤1
ကြွေးမြီထောင်ချောက် သံခင်းတမန်ခင်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို တရုတ် လုပ်ဆောင်
====================
တရုတ်နိုင်ငံသည် ပြည်ပတွင် စီးပွားရေးနှင့် စစ်ရေးချဲ့ထွင်မှု အစီအစဉ်များကို ဖြည့်ဆည်းရန် ၎င်း၏ 'ကြွေးမြီထောင်ချောက် သံခင်းတမန်ခင်း' ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပြည်ပတွင် ရင်းနှီးမြှုပ်နှံမှုများကို လုပ်ဆောင်နေကြောင်း Somaliland Intellectuals Institute က ဖော်ပြသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
====================
တရုတ်နိုင်ငံသည် ပြည်ပတွင် စီးပွားရေးနှင့် စစ်ရေးချဲ့ထွင်မှု အစီအစဉ်များကို ဖြည့်ဆည်းရန် ၎င်း၏ 'ကြွေးမြီထောင်ချောက် သံခင်းတမန်ခင်း' ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပြည်ပတွင် ရင်းနှီးမြှုပ်နှံမှုများကို လုပ်ဆောင်နေကြောင်း Somaliland Intellectuals Institute က ဖော်ပြသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6👎2😁1
ကုန်သွယ်ရေးလမ်းကြောင်းသစ်နှင့်ပတ်သက်၍ တရုတ်နှင့် မြန်မာ ဆွေးနွေး
=====================
တရုတ်တာဝန်ရှိသူများနှင့် မြန်မာစစ်ကောင်စီ တာဝန်ရှိသူများသည် ယူနန်ပြည်နယ်၊ လင်ချန်းခရိုင်နှင့် အိန္ဒိယသမုဒ္ဒရာကို ချိတ်ဆက်မည့် တရုတ်-မြန်မာ- အိန္ဒိယ ကုန်သွယ်ရေးလမ်းကြောင်းသစ် နှင့်ပတ်သက်၍ မေလကုန်ပိုင်းက ဆွေးနွေးခဲ့ကြသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=====================
တရုတ်တာဝန်ရှိသူများနှင့် မြန်မာစစ်ကောင်စီ တာဝန်ရှိသူများသည် ယူနန်ပြည်နယ်၊ လင်ချန်းခရိုင်နှင့် အိန္ဒိယသမုဒ္ဒရာကို ချိတ်ဆက်မည့် တရုတ်-မြန်မာ- အိန္ဒိယ ကုန်သွယ်ရေးလမ်းကြောင်းသစ် နှင့်ပတ်သက်၍ မေလကုန်ပိုင်းက ဆွေးနွေးခဲ့ကြသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👎9🔥3❤1👏1
နတ်တလင်းတွင် ကာကွယ်ရေးတပ်ဖွဲ့ ရှေ့တန်းကင်းစခန်းတိုက်ခိုက်ခံရပြီး ရဲဘော် ၃ ဦးကျဆုံး
===================
ရွှေနွယ်
(မဇ္ဈိမ) ။ ။ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် နတ်တလင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၏ ရှေ့တန်းကင်းစခန်းငယ်တစ်ခု အလစ်အငိုက်တိုက်ခိုက်ခံရပြီး ရဲဘော်သုံးဦး ကျဆုံးသွားသည်ဟု သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ထံမှ သိရသည်။
ဇွန်လ ၈ ရက် နံနက် ၆ နာရီခန့်က နတ်တလင်းမြို့အရှေ့ဘက် ပဲခူးရိုးမတောင်စပ် တောင်ညိုဆည်အနီးရှိ နတ်တလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ရှေ့တန်းကင်းစခန်းကို စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီး များဖြင့် ပစ်ခတ်ကာ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ရဲဘော်သုံးဦးကျဆုံးသွားပါတယ်။ လက်နက်တချို့လည်းပါသွားတယ်။ ၉ ရက်နေ့အထိလည်း သူတို့ဘက် ကလက်နက်ကြီးနဲ့ပစ်လိုက် နားလိုက်ပါပဲ”ဟု သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တဦးက မဇ္ဈိမကိုပြောသည်။
ကျဆုံးရဲဘော်သုံးဦးမှာ နတ်တလင်း MRF(Nattalin) တပ်ဖွဲ့မှ ရဲဘော်ဝဿန်၊ ရဲဘော် Lion နှင့် ရဲဘော် ကင်းတို့ဖြစ်ပြီး ၎င်းတို့၏ရုပ်အလောင်းများအား သင်္ဂြိုဟ်ပေးနိုင်ခဲ့ကြောင်းလည်း သိရသည်။
စခန်းရှိ MK12 တလက်၊ ကာဘိုင် တလက်နှင့် စက်လတ်တလက်လည်း ဆုံးရှုံးခဲ့ရကြောင်း ပြောသည်။
တိုက်ခိုက်ခံရမှုအခြေအနေအသေးစိတ်နှင့် နောက်ဆက်တွဲအခြေအနေများအား သိရှိနိုင်ရန် နတ်တလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံသို့ မဇ္ဈိမအနေဖြင့် ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရသေးပေ။
ပဲခူးတိုင်းအနောက်ခြမ်းတွင် ယခု ၂၀၂၃ ခုနှစ်အတွင်း ပေါင်းတည်မြို့နယ်၊ အုတ်ဖိုမြို့နယ်နှင့် နတ်တလင်း မြို့နယ်တို့၌ စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲများ မကြာခဏဖြစ်ပွား လျက်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်မှထိခိုက်သေဆုံးမှုရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှလည်း အကျအဆုံးတချို့ရှိသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#ပဲခူးတိုင်း
#နတ်တလင်းမြို့နယ်
#ကင်းစခန်း
#တိုက်ခိုက်မှု

😢22👍6❤1🔥1👏1
သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာ၌ စစ်ကောင်စီတပ်ဖွဲ့လာရောက်တပ်စွဲထား၍ ဒေသခံများ တိမ်းရှောင်နေရ
😢10🔥4
သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာ၌ စစ်ကောင်စီတပ်ဖွဲ့လာရောက်တပ်စွဲထား၍ ဒေသခံများ တိမ်းရှောင်နေရ
=====================
ကိုရွှေမြိတ်
မဲဆောက်(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ကနက်သီရိကျေးရွာအတွင်း စစ်ကောင်စီ တပ်ဖွဲ့မှလာရောက်တပ်စွဲထားသည့်အတွက် ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။
ဇွန်လ ၈ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်တပ်စွဲထား၍ ထောင်နှင့်ချီသည့် ရွာခံများ တိမ်းရှောင်နေရသည်ဟု ဒေသခံက ပြောသည်။
“ရွာခံတွေက မနေရဲတော့ ရေလမ်းကနေ လှေငယ်လေးတွေနဲ့ တခြားရွာတွေကို ထွက်ပြေးကြတာရှိပါ တယ်။ လက်ရှိက မိုးတွေရွာနေတော့ ဒေသခံတွေက မိုးထဲလေထဲမှာပဲ ပြေးနေကြရတာ”ဟု ၎င်းက ပြောသည်။
ကနက်သီရိကျေးရွာသို့ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုးလာစဉ် ကမြိုင်ရွာနှင့် ရငဲရွာအကြားတွင် PDF ပူးပေါင်းတပ်ဖွဲ့၏ ကြားဖြတ်တိုက်ခိုက်ခြင်းကိုခံခဲ့ရသဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်သေဆုံးမှုရှိသည်ဟု ကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သူထံမှ သိရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့က ကနက်သီရိရွာတွင် ဒေသခံများအား ဖမ်းဆီးပစ်ခတ်မှုများ ပြုလုပ်နေ သည်ဟုလည်း သိရသည်။
“အခု လက်ရှိ အခြေအနေကတော့ ကျေးရွာအုပ်စုထဲက ရွာသား ၁၀၀ နီးပါးလောက် ဖမ်းခံရပြီး အမျိုးသမီး တွေနဲ့ ကလေးငယ်တွေကိုတော့ ပြန်လွှတ်ပေးလိုက်တာရှိတယ်”ဟု ကနက်သီရိရွာခံတဦးက ပြောသည်။
လက်ရှိတွင် ဒေသခံ ၅၀ ဦး ထက်မနည်း ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ဇွန်လ ၁၀ ရက်နေ့ကလည်း အင်အား ၃၀ ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့သည် ကနက်သီရိကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံများအား ဖမ်းဆီးခြင်း ၊ သေနတ်ဖြင့်ပစ်ခတ်ခြင်းများ ပြုလုပ် နေခြင်းကြောင့် ထွက်ပြေးကြသည့်ဒေသခံများထဲမှ သုံးဦးပစ်ခတ်ခံရကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်ရောက်တပ်စွဲထားသော ကနက်သီရိကျေးရွာအပြင်ဘက်လမ်းမတွင် ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့များရှိနေပြီး ၎င်းတို့ရွာအတွင်း ဝင်ရောက်လာမည်စိုးသောကြောင့် စစ်ကောင်စီတပ်ဖွဲ့က ဇွန်လ ၁၀ ရက် နေ့လယ်ပိုင်းတွင် ကနက်သီရီရွာအား အဝင်အထွက်ပိတ်လိုက်သဖြင့် ထွက်မပြေးနိုင်သည့် ရွာသူရွာသား အချို့မှာလည်း ပိတ်မိနေကြောင်း ရွာခံများ၏ ပြောဆိုချက်အရ သိရသည်။
“အခု စစ်သင်္ဘောနဲ့ရွာပြင်က ပင်လယ်ပြင်မှာဆိုက်ကပ်ပြီး လက်နက်ကြီးနဲ့ ပစ်ပြီး စစ်ကူတွေ ထပ်ရောက် နေတာ ရှိနေလို့ ရွာခံအတော်များများ မနေရဲလို့ အများစုထွက်ပြေးနေရတယ်”ဟု စစ်ရှောင် အမျိုးသမီး တဦးက ပြောသည်။
ဒေသခံအများစုသည် ထွက်ပြေးတိမ်းရှောင်နေကြပြီး ရွာအတွင်း၌ သက်ကြီးရွယ်အိုများနှင့် ကလေးငယ် များ ကျန်ရှိနေသေးသည်ဟု စစ်ဘေးရှောင်များထံမှ သိရသည်။
သိမ်ကုန်း၊ ဝဲရစ်၊ ကမြိုင်၊ ရငဲ၊ ကျွဲမင်းကုန်း၊ ကနက်သီရိကျေးရွာများမှ ဒေသခံများစစ်ဘေးရှောင်နေရခြင်း ဖြစ်ပြီး အများစုသည် နီးစပ်ရာ မြို့၊ ရွာများသို့ ရွှေ့ပြောင်းနေကြရကြောင်းလည်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#တနင်္သာရီတိုင်း
#သရက်ချောင်းမြို့နယ်
#စစ်ကောင်စီ
#စစ်ဘေးရှောင်

#တနင်္သာရီတိုင်း – Explore
explore #တနင်္သာရီတိုင်း at Facebook
🤬9😁4👍3❤1
ခင်ဦးနယ်မှာစစ်ကောင်စီတပ်ကဇွန်လ၁ရက်နေ့မှ၁၀ ရက်နေ့အတွင်းရွာ၄ ရွာကအိမ်ခြေ ၂၀၀ ကျော်ကို မီးရှို့ဖျက်ဆီး
=====================
MTO။ ။စစ်ကိုင်းတိုင်းခ င်ဦးမြို့နယ်မှာ ဇွန်လ ၁ ရက်နေ့ မှ ဇွန်လ ၁၀ ရက်နေ့အထိ ၁၀ ရက်တာကာလအတွင်း စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးမီးရှို့ ဖျက်ဆီးမှုကြောင့် ကျေးရွာ လေးရွာ မှ နေအိမ်ပေါင်း ၂၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး ပြည်သူအချို့ စစ်ကြောင်းနဲ့အတူ ဖမ်းဆီး ခေါ်ဆောင်ခံရတာတွေ ရှိခဲ့တယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာ၀န်ခံ ကိုနေသူရက ပြောပါတယ်။
သတင်း MTO
တည်းဖြတ် ၊ တင်ဆက် MTO
စာတည်း။ ။အောင်ကျော်ဖြိုး
https://youtu.be/J9Gb4vlMbVA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
ခင်ဦးနယ်မှာစစ်ကောင်စီတပ်ကဇွန်လ၁ရက်နေ့မှ၁၀ ရက်နေ့အတွင်းရွာ၄ ရွာကအိမ်ခြေ ၂၀၀ ကျော်ကို မီးရှို့ဖျက်ဆီး
MTO။ ။စစ်ကိုင်းတိုင်းခ င်ဦးမြို့နယ်မှာ ဇွန်လ ၁ ရက်နေ့ မှ ဇွန်လ ၁၀ ရက်နေ့အထိ ၁၀ ရက်တာကာလအတွင်း စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးမီးရှို့ ဖျက်ဆီးမှုကြောင့် ကျေးရွာ လေးရွာ မှ နေအိမ်ပေါင်း ၂၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး ပြည်သူအချို့ စစ်ကြောင်းနဲ့အတူ ဖမ်းဆီး…
🤬12😁2❤1
ဖလမ်းတွင် ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား ၂ ဦးကို CNDF က ထိန်းသိမ်းစောင့်ရှောက်ထား
===================
ပါခွီး
(မဇ္စျိမ)။ ။ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါဒါရ်မြို့ရှိ စစ်ကောင်စီတပ်စခန်းမှထွက်ပြေးလာသည့် တပ် သားနှစ်ဦးကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF)က ထိမ်းသိမ်းစောင့်ရှောက်ထားကြောင်း ချင်း အမျိုးသားအဖွဲချုပ်(CNO) က ဇွန်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
အဆိုပါ စစ်ကောင်စီတပ်သားနှစ်ဦးကို ဇွန်လ ၆ ရက်နေ့က CNDF စစ်ဆေးရေးဂိတ်တွင် MA1 သေနတ် တလက်၊ ကျည်ဘောက်လေးခု၊ ကျည် ၃၃၀ တောင့်နှင့် MG1 လက်ပစ်ဗုံးတလုံးတို့နှင့်အတူ ဖမ်းဆီးမိခဲ့ ခြင်းဖြစ်ကြောင်းဆိုသည်။
အဆိုပါ စစ်ကောင်စီတပ်သား နှစ်ဦးမှာ တပ်သား စောနောင်ထွန်း ကိုယ်ပိုင်နံပါတ် (တသ - ၁၂၈၃၂၆) နှင့် တပ်သား အောင်မျိုးကျော် (တသ - ၁၂၈၂၄၁) တို့ဖြစ်ကြောင်း သိရသည်။
ယင်းတပ်သားနှစ်ဦးသည် တပ်အတွင်း နေထိုင်ရကျပ်တည်းခြင်း၊ မိသားစုများနှင့် လွတ်လပ်စွာဆက်သွယ် ခွင့်မရခြင့်နှင့် စိတ်ဆန္ဒမပါဘဲ အတင်းအကျပ်ဝင်ရောက်စေခိုင်းခဲ့ခြင်းများကြောင့် စစ်ကောင်စီတပ်တွင် ဆက်လက် တာဝန်မထမ်းဆောင်လိုသဖြင့် ဇွန်လ ၄ ရက်နေ့တွင် ကင်းပုန်းတာဝန်ကျရာမှ ထွက်ပြေး လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ထွက်ပြေးလာတဲ့အတွက် သူတို့ကိုကောင်းမွန်စွာစောင့်ရှောက်ထားပါတယ်။ လိုအပ်တဲ့ ကူညီပံ့ပိုးမှုများ လည်းပေးထားပြီး သူတို့သဘောဆန္ဒအတိုင်း ဆက်လက်ကူညီဆောင်ရွက်ပေးသွားပါမယ်” ဟု CNDF ပြောရေးဆိုခွင့်ရှိသူက မဇ္စျိမ ကိုပြောသည်။
အဆိုပါ စစ်ကောင်စီတပ်သားနှစ်ဦး တာဝန်ထမ်းဆောင်ခဲ့သည့် တပ်တွင်စခန်းတွင် အင်အား ၅၅ ဦးရှိပြီး ၎င်းတို့နှစ်ဦးထွက်လာသဖြင့် ၅၃ ဦးကျန်ကာ ရဲသား ၂၀ဦး ရှိကြောင်း ထွက်ဆိုထားသည်။
ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ထံသို့ လက်နက်နှင့်အတူ အလင်းဝင်ရောက်လာသော စစ်ကောင်စီ တပ်သား ၁၀ ဦးခန့်ရှိပြီဖြစ်ကြောင်းလည်း သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#ချင်းပြည်နယ်
#CNDF
#ဖလမ်းမြို့နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
===================
ပါခွီး
(မဇ္စျိမ)။ ။ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါဒါရ်မြို့ရှိ စစ်ကောင်စီတပ်စခန်းမှထွက်ပြေးလာသည့် တပ် သားနှစ်ဦးကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF)က ထိမ်းသိမ်းစောင့်ရှောက်ထားကြောင်း ချင်း အမျိုးသားအဖွဲချုပ်(CNO) က ဇွန်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
အဆိုပါ စစ်ကောင်စီတပ်သားနှစ်ဦးကို ဇွန်လ ၆ ရက်နေ့က CNDF စစ်ဆေးရေးဂိတ်တွင် MA1 သေနတ် တလက်၊ ကျည်ဘောက်လေးခု၊ ကျည် ၃၃၀ တောင့်နှင့် MG1 လက်ပစ်ဗုံးတလုံးတို့နှင့်အတူ ဖမ်းဆီးမိခဲ့ ခြင်းဖြစ်ကြောင်းဆိုသည်။
အဆိုပါ စစ်ကောင်စီတပ်သား နှစ်ဦးမှာ တပ်သား စောနောင်ထွန်း ကိုယ်ပိုင်နံပါတ် (တသ - ၁၂၈၃၂၆) နှင့် တပ်သား အောင်မျိုးကျော် (တသ - ၁၂၈၂၄၁) တို့ဖြစ်ကြောင်း သိရသည်။
ယင်းတပ်သားနှစ်ဦးသည် တပ်အတွင်း နေထိုင်ရကျပ်တည်းခြင်း၊ မိသားစုများနှင့် လွတ်လပ်စွာဆက်သွယ် ခွင့်မရခြင့်နှင့် စိတ်ဆန္ဒမပါဘဲ အတင်းအကျပ်ဝင်ရောက်စေခိုင်းခဲ့ခြင်းများကြောင့် စစ်ကောင်စီတပ်တွင် ဆက်လက် တာဝန်မထမ်းဆောင်လိုသဖြင့် ဇွန်လ ၄ ရက်နေ့တွင် ကင်းပုန်းတာဝန်ကျရာမှ ထွက်ပြေး လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ထွက်ပြေးလာတဲ့အတွက် သူတို့ကိုကောင်းမွန်စွာစောင့်ရှောက်ထားပါတယ်။ လိုအပ်တဲ့ ကူညီပံ့ပိုးမှုများ လည်းပေးထားပြီး သူတို့သဘောဆန္ဒအတိုင်း ဆက်လက်ကူညီဆောင်ရွက်ပေးသွားပါမယ်” ဟု CNDF ပြောရေးဆိုခွင့်ရှိသူက မဇ္စျိမ ကိုပြောသည်။
အဆိုပါ စစ်ကောင်စီတပ်သားနှစ်ဦး တာဝန်ထမ်းဆောင်ခဲ့သည့် တပ်တွင်စခန်းတွင် အင်အား ၅၅ ဦးရှိပြီး ၎င်းတို့နှစ်ဦးထွက်လာသဖြင့် ၅၃ ဦးကျန်ကာ ရဲသား ၂၀ဦး ရှိကြောင်း ထွက်ဆိုထားသည်။
ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ထံသို့ လက်နက်နှင့်အတူ အလင်းဝင်ရောက်လာသော စစ်ကောင်စီ တပ်သား ၁၀ ဦးခန့်ရှိပြီဖြစ်ကြောင်းလည်း သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#ချင်းပြည်နယ်
#CNDF
#ဖလမ်းမြို့နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13😁2🤔2❤1
ယခုနှစ်အတွင်း နိုင်ငံရှိ ကျန်းမာရေးစောင့်ရှောက်မှုပေးရာ နေရာများကို အာဏာသိမ်းစစ်တပ်က အကြိမ်ပေါင်း ၁၃၉ ကြိမ် တိုက်ခိုက်ခဲ့
======================
ယခုနှစ် ဇန်နဝါရီ ၁ ရက်နှင့် မေလ ၁၆ ရက်အကြား အာဏာသိမ်းစစ်အုပ်စုသည် နိုင်ငံ၌ ကျန်းမာရေးစောင့်ရှောက်မှု စနစ်အပေါ် တိုက်ခိုက်မှု ၁၃၉ ခုအထိ လုပ်ဆောင်ခဲ့ကြောင်း ဆွစ်ဇာလန် အခြေစိုက် အကျိုးအမြတ် မရည်ရွယ်သည့်အဖွဲ့ ‘Insecurity Insight’ က ထုတ်ပြန်သော ‘ကျန်းမာရေးစောင့်ရှောက်မှုအပေါ် တိုက်ခိုက်မှုများ’ ဆိုသည့် အစီရင်ခံစာတစ်ရပ်အရ သိရသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
======================
ယခုနှစ် ဇန်နဝါရီ ၁ ရက်နှင့် မေလ ၁၆ ရက်အကြား အာဏာသိမ်းစစ်အုပ်စုသည် နိုင်ငံ၌ ကျန်းမာရေးစောင့်ရှောက်မှု စနစ်အပေါ် တိုက်ခိုက်မှု ၁၃၉ ခုအထိ လုပ်ဆောင်ခဲ့ကြောင်း ဆွစ်ဇာလန် အခြေစိုက် အကျိုးအမြတ် မရည်ရွယ်သည့်အဖွဲ့ ‘Insecurity Insight’ က ထုတ်ပြန်သော ‘ကျန်းမာရေးစောင့်ရှောက်မှုအပေါ် တိုက်ခိုက်မှုများ’ ဆိုသည့် အစီရင်ခံစာတစ်ရပ်အရ သိရသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬14🔥2😁2
ကန့်ဘလူမြို့နယ် ဘိုတဲကုန်းရွာကို စစ်ကောင်စီတပ် မီးရှို့ ၊ ပြည်သူ ၁ ဦး ကို ပျူစောထီးစစ်ကြောင်း ဖမ်းဆီးသတ်ဖြတ်
🤬5😁2🔥1
ကန့်ဘလူမြို့နယ် ဘိုတဲကုန်းရွာကို စစ်ကောင်စီတပ် မီးရှို့ ၊ ပြည်သူ ၁ ဦး ကို ပျူစောထီးစစ်ကြောင်း ဖမ်းဆီးသတ်ဖြတ်
====================
KMN
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဘိုတဲကုန်းရွာကို စစ်ကောင်စီတပ်က ဇွန်လ ၁၀ရက်နေ့ မနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် မီးရှို့ဖျက်ဆီးခဲ့ပြီး ပိတောက်ပင်ရွာမှ အမျိုးသားပြည်သူတစ်ဦးကိုလည်း ပျူစောထီးစစ်ကြောင်း က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က ထုတ်ပြန်သည်။
အင်အား ၁၀၀ ခန့်ပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းသည် ဇွန်လ ၁၀ ရက်နေ့ မနက်ပိုင်းတွင် ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ်ရှိ ဘိုတဲကုန်းရွာအား အကြမ်းဖက် ပစ်ခတ်ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
"စစ်ကြောင်းက ရွာထဲမှာ အထိုင်ချတပ်စွဲထားတာကြောင့် မီးလောင်ပျက်စီးဆုံးရှုံးမှုကို အတည်ပြုလို့ မရနိုင်သေးပါဘူး"ဟု ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူကဆိုသည်။
၎င်းအပြင် ချပ်သင်းတိုက်နယ်၊ ပျူစောထီး အများစုနေထိုင်သည့် ချပ်ကြီးရွာမှ စစ်ကြောင်းထိုးထွက်လာသော ပျူစောထီးစစ်ကြောင်းသည် ဇွန်လ ၁၀ရက် မနက် ၇ နာရီတွင် ပိတောက်ပင်ရွာမှ အပြစ်မဲ့ပြည်သူ အမျိုးသားတစ်ဦးအား ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်းသိရသည်။
ယင်းပျူစောထီးစစ်ကြောင်းသည် ပင့်သာကြီးရွာမှ အပြစ်မဲ့ပြည်သူတစ်ဦးကိုလည်း လမ်းပြအဖြစ်ဖမ်းဆီး ခေါ်ဆောင်သွားပြီး ဇင်းရွာတွင်ရှိသည့် စစ်ကောင်စီတပ်နှင့် ပူးပေါင်းသွားကြောင်း ဒေသခံတစ်ဦးကပြောကြားသည်။
ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းနှင့် ပျူစောထီးစစ်ကြောင်းများက မကြာခဏကျေးရွာများအတွင်း ဝင်ရောက်မီးရှို့နေပြီး ညောင်ပေါင်ရင်းရွာအား မေလ ၁၀ ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့သည်။
မေလ ၂၀ ရက်နေ့တွင်လည်း ဇီးကုန်းတိုက်နယ်အတွင်းအိမ်ခြေ ၆၀၀ ဝန်းကျင်ရှိသည့် ဖုတ်ကုန်းရွာအား စစ်ကောင်စီတပ်မှမီးရှို့ဖျက်ဆီး၍ အပြစ်မဲ့ပြည်သူပိုင်နေအိမ် ၃၅၀ကျော်ခန့် မီးလောင်ပျက်စီးခဲ့ကြောင်းသိရသည်။
၎င်းကျေးရွာများသည် စစ်ကောင်စီတပ်များ စခန်းချနေထိုင်နေသည့် နေရာများနှင့်နီးကပ်သောကြောင့် ကန့်ဘလူမြို့နယ်အတွင်း မီးလောင်ဆုံးရှုံးမှု အရေအတွက် အတိအကျစာရင်းကောက်ယူရန် ခက်ခဲကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများ အဖွဲ့တာဝန်ရှိသူက ပြောကြားသည်။
စစ်ကောင်စီတပ်နှင့် ပျူစောထီးများ အကြမ်းဖက်စစ်ကြောင်းထိုးဝင်ရောက်နေခြင်းကြောင့် ကျွန်းလှမြို့နယ်အတွင်းရှိ တောင်ယာဆိပ်၊ တကုန်း၊ ကုက္ကိုကုန်း၊ သံပုရာပင်စု၊ မြဘုံသာ၊ လွှတ်တိုက်၊ အောင်သာယာ၊ မဒေါင်၊ ဆွဲလှဲ၊ တင်ငုတ်ကြီး၊ မြင်သာဦး၊ သရက်တော နှင့် အောင်ရန်ကင်းရွာများမှ ပြည်သူများ မကြာခဏတိမ်းရှောင်နေရသည်။
၎င်းအပြင် ကန့်ဘလူမြို့နယ်အတွင်းမှ ညောင်ကုန်း၊လက်ခုပ်ပင်နှင့် ကောလင်းမြို့နယ် အောင်ချမ်းသာကျေးရွာစသည့် ကျေးရွာပေါင်း ၁၆ ရွာမှ ပြည်သူ ၁၀,၀၀၀ ခန့် မှာလည်း အိုးအိမ်စွန့်ခွါပြီး ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။
လက်ရှိချိန်တွင်စစ်ဘေးရှောင်စခန်းများတွင် မိုးကာ၊ ဆန်၊ ဆီ၊ ဆား အခြေခံစားသောက်ကုန်များ နှင့် ဆေးဝါးများ လိုအပ်လျက်ရှိပြီး ချပ်သင်းတိုက်နယ်၊ကိုးထောင်ဘို့ တိုက်နယ်နှင့် ထန်းကုန်းတိုက်နယ်များမှာ မြွေဆိုး အန္တာရာယ်ပါ ကြုံတွေ့နေရကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ - ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့
(မေလ ၂၀ ရက်နေ့တွင် မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ဖုတ်ကုန်းရွာမှတ်တမ်း)
#Mizzima
#ကျွန်းလှ
#ကန့်ဘလူ

🤬9👍3😁2🔥1