Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာ၌ စစ်ကောင်စီတပ်ဖွဲ့လာရောက်တပ်စွဲထား၍ ဒေသခံများ တိမ်းရှောင်နေရ
😢10🔥4
သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာ၌ စစ်ကောင်စီတပ်ဖွဲ့လာရောက်တပ်စွဲထား၍ ဒေသခံများ တိမ်းရှောင်နေရ
=====================

ကိုရွှေမြိတ်
မဲဆောက်(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ကနက်သီရိ‌ကျေးရွာအတွင်း စစ်ကောင်စီ တပ်ဖွဲ့မှလာရောက်တပ်စွဲထားသည့်အတွက် ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

ဇွန်လ ၈ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်တပ်စွဲထား၍ ထောင်နှင့်ချီသည့် ရွာခံများ တိမ်းရှောင်နေရသည်ဟု ဒေသခံက ပြောသည်။

“ရွာခံတွေက မနေရဲတော့ ရေလမ်းကနေ လှေငယ်လေးတွေနဲ့ တခြားရွာတွေကို ထွက်ပြေးကြတာရှိပါ တယ်။ လက်ရှိက မိုးတွေရွာနေတော့ ဒေသခံတွေက မိုးထဲလေထဲမှာပဲ ပြေးနေကြရတာ”ဟု ၎င်းက ပြောသည်။

ကနက်သီရိကျေးရွာသို့ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုးလာစဉ် ကမြိုင်ရွာနှင့် ရငဲရွာအကြားတွင် PDF ပူးပေါင်းတပ်ဖွဲ့၏ ကြားဖြတ်တိုက်ခိုက်ခြင်းကိုခံခဲ့ရသဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်သေဆုံးမှုရှိသည်ဟု ကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သူထံမှ သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့က ကနက်သီရိရွာတွင် ဒေသခံများအား ဖမ်းဆီးပစ်ခတ်မှုများ ပြုလုပ်နေ သည်ဟုလည်း သိရသည်။
“အခု လက်ရှိ အခြေအနေကတော့ ကျေးရွာအုပ်စုထဲက ရွာသား ၁၀၀ နီးပါးလောက် ဖမ်းခံရပြီး အမျိုးသမီး တွေနဲ့ ကလေးငယ်တွေကိုတော့ ပြန်လွှတ်ပေးလိုက်တာရှိတယ်”ဟု ကနက်သီရိရွာခံတဦးက ပြောသည်။

လက်ရှိတွင် ဒေသခံ ၅၀ ဦး ထက်မနည်း ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ဇွန်လ ၁၀ ရက်နေ့ကလည်း အင်အား ၃၀ ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့သည် ကနက်သီရိကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံများအား ဖမ်းဆီးခြင်း ၊ သေနတ်ဖြင့်ပစ်ခတ်ခြင်းများ ပြုလုပ် နေခြင်းကြောင့် ထွက်ပြေးကြသည့်ဒေသခံများထဲမှ သုံးဦးပစ်ခတ်ခံရကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်ရောက်တပ်စွဲထားသော ကနက်သီရိကျေးရွာအပြင်ဘက်လမ်းမတွင် ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့များရှိနေပြီး ၎င်းတို့ရွာအတွင်း ဝင်ရောက်လာမည်စိုးသောကြောင့် စစ်ကောင်စီတပ်ဖွဲ့က ဇွန်လ ၁၀ ရက် နေ့လယ်ပိုင်းတွင် ကနက်သီရီရွာအား အဝင်အထွက်ပိတ်လိုက်သဖြင့် ထွက်မပြေးနိုင်သည့် ရွာသူရွာသား အချို့မှာလည်း ပိတ်မိနေကြောင်း ရွာခံများ၏ ပြောဆိုချက်အရ သိရသည်။

“အခု စစ်သင်္ဘောနဲ့ရွာပြင်က ပင်လယ်ပြင်မှာဆိုက်ကပ်ပြီး လက်နက်ကြီးနဲ့ ပစ်ပြီး စစ်ကူတွေ ထပ်ရောက် နေတာ ရှိနေလို့ ရွာခံအတော်များများ မနေရဲလို့ အများစုထွက်ပြေးနေရတယ်”ဟု စစ်ရှောင် အမျိုးသမီး တဦးက ပြောသည်။

ဒေသခံအများစုသည် ထွက်ပြေးတိမ်းရှောင်နေကြပြီး ရွာအတွင်း၌ သက်ကြီးရွယ်အိုများနှင့် ကလေးငယ် များ ကျန်ရှိနေသေးသည်ဟု စစ်ဘေးရှောင်များထံမှ သိရသည်။

သိမ်ကုန်း၊ ဝဲရစ်၊ ကမြိုင်၊ ရငဲ၊ ကျွဲမင်းကုန်း၊ ကနက်သီရိကျေးရွာများမှ ဒေသခံများစစ်ဘေးရှောင်နေရခြင်း ဖြစ်ပြီး အများစုသည် နီးစပ်ရာ မြို့၊ ရွာများသို့ ရွှေ့ပြောင်းနေကြရကြောင်းလည်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#တနင်္သာရီတိုင်း
#သရက်ချောင်းမြို့နယ်
#စစ်ကောင်စီ
#စစ်ဘေးရှောင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬9😁4👍3❤1
ခင်ဦးနယ်မှာစစ်ကောင်စီတပ်ကဇွန်လ၁ရက်နေ့မှ၁၀ ရက်နေ့အတွင်းရွာ၄ ရွာကအိမ်ခြေ ၂၀၀ ကျော်ကို မီးရှို့ဖျက်ဆီး
=====================

MTO။ ။စစ်ကိုင်းတိုင်းခ င်ဦးမြို့နယ်မှာ ဇွန်လ ၁ ရက်နေ့ မှ ဇွန်လ ၁၀ ရက်နေ့အထိ ၁၀ ရက်တာကာလအတွင်း စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးမီးရှို့ ဖျက်ဆီးမှုကြောင့် ကျေးရွာ လေးရွာ မှ နေအိမ်ပေါင်း ၂၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး ပြည်သူအချို့ စစ်ကြောင်းနဲ့အတူ ဖမ်းဆီး ခေါ်ဆောင်ခံရတာတွေ ရှိခဲ့တယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာ၀န်ခံ ကိုနေသူရက ပြောပါတယ်။

သတင်း MTO
တည်းဖြတ် ၊ တင်ဆက် MTO
စာတည်း။ ။အောင်ကျော်ဖြိုး

https://youtu.be/J9Gb4vlMbVA

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🤬12😁2❤1
​​ဖလမ်းတွင် ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား ၂ ဦးကို CNDF က ထိန်းသိမ်းစောင့်ရှောက်ထား
===================

ပါခွီး
(မဇ္စျိမ)။ ။ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါဒါရ်မြို့ရှိ စစ်ကောင်စီတပ်စခန်းမှထွက်ပြေးလာသည့် တပ် သားနှစ်ဦးကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF)က ထိမ်းသိမ်းစောင့်ရှောက်ထားကြောင်း ချင်း အမျိုးသားအဖွဲချုပ်(CNO) က ဇွန်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အဆိုပါ စစ်ကောင်စီတပ်သားနှစ်ဦးကို ဇွန်လ ၆ ရက်နေ့က CNDF စစ်ဆေးရေးဂိတ်တွင် MA1 သေနတ် တလက်၊ ကျည်ဘောက်လေးခု၊ ကျည် ၃၃၀ တောင့်နှင့် MG1 လက်ပစ်ဗုံးတလုံးတို့နှင့်အတူ ဖမ်းဆီးမိခဲ့ ခြင်းဖြစ်ကြောင်းဆိုသည်။

အဆိုပါ စစ်ကောင်စီတပ်သား နှစ်ဦးမှာ တပ်သား စောနောင်ထွန်း ကိုယ်ပိုင်နံပါတ် (တသ - ၁၂၈၃၂၆) နှင့် တပ်သား အောင်မျိုးကျော် (တသ - ၁၂၈၂၄၁) တို့ဖြစ်ကြောင်း သိရသည်။

ယင်းတပ်သားနှစ်ဦးသည် တပ်အတွင်း နေထိုင်ရကျပ်တည်းခြင်း၊ မိသားစုများနှင့် လွတ်လပ်စွာဆက်သွယ် ခွင့်မရခြင့်နှင့် စိတ်ဆန္ဒမပါဘဲ အတင်းအကျပ်ဝင်ရောက်စေခိုင်းခဲ့ခြင်းများကြောင့် စစ်ကောင်စီတပ်တွင် ဆက်လက် တာဝန်မထမ်းဆောင်လိုသဖြင့် ဇွန်လ ၄ ရက်နေ့တွင် ကင်းပုန်းတာဝန်ကျရာမှ ထွက်ပြေး လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ထွက်ပြေးလာတဲ့အတွက် သူတို့ကိုကောင်းမွန်စွာစောင့်ရှောက်ထားပါတယ်။ လိုအပ်တဲ့ ကူညီပံ့ပိုးမှုများ လည်းပေးထားပြီး သူတို့သဘောဆန္ဒအတိုင်း ဆက်လက်ကူညီဆောင်ရွက်ပေးသွားပါမယ်” ဟု CNDF ပြောရေးဆိုခွင့်ရှိသူက မဇ္စျိမ ကိုပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သားနှစ်ဦး တာဝန်ထမ်းဆောင်ခဲ့သည့် တပ်တွင်စခန်းတွင် အင်အား ၅၅ ဦးရှိပြီး ၎င်းတို့နှစ်ဦးထွက်လာသဖြင့် ၅၃ ဦးကျန်ကာ ရဲသား ၂၀ဦး ရှိကြောင်း ထွက်ဆိုထားသည်။
ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ထံသို့ လက်နက်နှင့်အတူ အလင်းဝင်ရောက်လာသော စစ်ကောင်စီ တပ်သား ၁၀ ဦးခန့်ရှိပြီဖြစ်ကြောင်းလည်း သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ချင်းပြည်နယ်
#CNDF
#ဖလမ်းမြို့နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13😁2🤔2❤1
​​ယခုနှစ်အတွင်း နိုင်ငံရှိ ကျန်းမာရေးစောင့်ရှောက်မှုပေးရာ နေရာများကို အာဏာသိမ်းစစ်တပ်က အကြိမ်ပေါင်း ၁၃၉ ကြိမ် တိုက်ခိုက်ခဲ့
======================

ယခုနှစ် ဇန်နဝါရီ ၁ ရက်နှင့် မေလ ၁၆ ရက်အကြား အာဏာသိမ်းစစ်အုပ်စုသည် နိုင်ငံ၌ ကျန်းမာရေးစောင့်ရှောက်မှု စနစ်အပေါ် တိုက်ခိုက်မှု ၁၃၉ ခုအထိ လုပ်ဆောင်ခဲ့ကြောင်း ဆွစ်ဇာလန် အခြေစိုက် အကျိုးအမြတ် မရည်ရွယ်သည့်အဖွဲ့ ‘Insecurity Insight’ က ထုတ်ပြန်သော ‘ကျန်းမာရေးစောင့်ရှောက်မှုအပေါ် တိုက်ခိုက်မှုများ’ ဆိုသည့် အစီရင်ခံစာတစ်ရပ်အရ သိရသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬14🔥2😁2
ကန့်ဘလူမြို့နယ် ဘိုတဲကုန်းရွာကို စစ်ကောင်စီတပ် မီးရှို့ ၊ ပြည်သူ ၁ ဦး ကို ပျူစောထီးစစ်ကြောင်း ဖမ်းဆီးသတ်ဖြတ်
🤬5😁2🔥1
ကန့်ဘလူမြို့နယ် ဘိုတဲကုန်းရွာကို စစ်ကောင်စီတပ် မီးရှို့ ၊ ပြည်သူ ၁ ဦး ကို ပျူစောထီးစစ်ကြောင်း ဖမ်းဆီးသတ်ဖြတ်
====================

KMN
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဘိုတဲကုန်းရွာကို စစ်ကောင်စီတပ်က ဇွန်လ ၁၀ရက်နေ့ မနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် မီးရှို့ဖျက်ဆီးခဲ့ပြီး ပိတောက်ပင်ရွာမှ အမျိုးသားပြည်သူတစ်ဦးကိုလည်း ပျူစောထီးစစ်ကြောင်း က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က ထုတ်ပြန်သည်။

အင်အား ၁၀၀ ခန့်ပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းသည် ဇွန်လ ၁၀ ရက်နေ့ မနက်ပိုင်းတွင် ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ်ရှိ ဘိုတဲကုန်းရွာအား အကြမ်းဖက် ပစ်ခတ်ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

"စစ်ကြောင်းက ရွာထဲမှာ အထိုင်ချတပ်စွဲထားတာကြောင့် မီးလောင်ပျက်စီးဆုံးရှုံးမှုကို အတည်ပြုလို့ မရနိုင်သေးပါဘူး"ဟု ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူကဆိုသည်။
၎င်းအပြင် ချပ်သင်းတိုက်နယ်၊ ပျူစောထီး အများစုနေထိုင်သည့် ချပ်ကြီးရွာမှ စစ်ကြောင်းထိုးထွက်လာသော ပျူစောထီးစစ်ကြောင်းသည် ဇွန်လ ၁၀ရက် မနက် ၇ နာရီတွင် ပိတောက်ပင်ရွာမှ အပြစ်မဲ့ပြည်သူ အမျိုးသားတစ်ဦးအား ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်းသိရသည်။

ယင်းပျူစောထီးစစ်ကြောင်းသည် ပင့်သာကြီးရွာမှ အပြစ်မဲ့ပြည်သူတစ်ဦးကိုလည်း လမ်းပြအဖြစ်ဖမ်းဆီး ခေါ်ဆောင်သွားပြီး ဇင်းရွာတွင်ရှိသည့် စစ်ကောင်စီတပ်နှင့် ပူးပေါင်းသွားကြောင်း ဒေသခံတစ်ဦးကပြောကြားသည်။

ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းနှင့် ပျူစောထီးစစ်ကြောင်းများက မကြာခဏကျေးရွာများအတွင်း ဝင်ရောက်မီးရှို့နေပြီး ညောင်ပေါင်ရင်းရွာအား မေလ ၁၀ ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့သည်။

မေလ ၂၀ ရက်နေ့တွင်လည်း ဇီးကုန်းတိုက်နယ်အတွင်းအိမ်ခြေ ၆၀၀ ဝန်းကျင်ရှိသည့် ဖုတ်ကုန်းရွာအား စစ်ကောင်စီတပ်မှမီးရှို့ဖျက်ဆီး၍ အပြစ်မဲ့ပြည်သူပိုင်နေအိမ် ၃၅၀ကျော်ခန့် မီးလောင်ပျက်စီးခဲ့ကြောင်းသိရသည်။

၎င်းကျေးရွာများသည် စစ်ကောင်စီတပ်များ စခန်းချနေထိုင်နေသည့် နေရာများနှင့်နီးကပ်သောကြောင့် ကန့်ဘလူမြို့နယ်အတွင်း မီးလောင်ဆုံးရှုံးမှု အရေအတွက် အတိအကျစာရင်းကောက်ယူရန် ခက်ခဲကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများ အဖွဲ့တာဝန်ရှိသူက ပြောကြားသည်။

စစ်ကောင်စီတပ်နှင့် ပျူစောထီးများ အကြမ်းဖက်စစ်ကြောင်းထိုးဝင်ရောက်နေခြင်းကြောင့် ကျွန်းလှမြို့နယ်အတွင်းရှိ တောင်ယာဆိပ်၊ တကုန်း၊ ကုက္ကိုကုန်း၊ သံပုရာပင်စု၊ မြဘုံသာ၊ လွှတ်တိုက်၊ အောင်သာယာ၊ မဒေါင်၊ ဆွဲလှဲ၊ တင်ငုတ်ကြီး၊ မြင်သာဦး၊ သရက်တော နှင့် အောင်ရန်ကင်းရွာများမှ ပြည်သူများ မကြာခဏတိမ်းရှောင်နေရသည်။

၎င်းအပြင် ကန့်ဘလူမြို့နယ်အတွင်းမှ ညောင်ကုန်း၊လက်ခုပ်ပင်နှင့် ကောလင်းမြို့နယ် အောင်ချမ်းသာကျေးရွာစသည့် ကျေးရွာပေါင်း ၁၆ ရွာမှ ပြည်သူ ၁၀,၀၀၀ ခန့် မှာလည်း အိုးအိမ်စွန့်ခွါပြီး ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

လက်ရှိချိန်တွင်စစ်ဘေးရှောင်စခန်းများတွင် မိုးကာ၊ ဆန်၊ ဆီ၊ ဆား အခြေခံစားသောက်ကုန်များ နှင့် ဆေးဝါးများ လိုအပ်လျက်ရှိပြီး ချပ်သင်းတိုက်နယ်၊ကိုးထောင်ဘို့ တိုက်နယ်နှင့် ထန်းကုန်းတိုက်နယ်များမှာ မြွေဆိုး အန္တာရာယ်ပါ ကြုံတွေ့နေရကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ - ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့
(မေလ ၂၀ ရက်နေ့တွင် မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ဖုတ်ကုန်းရွာမှတ်တမ်း)

#Mizzima
#ကျွန်းလှ
#ကန့်ဘလူ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬9👍3😁2🔥1
မိုးထဲလေထဲ ထွက်ပြေးတိမ်းရှောင်နေရတဲ့ သရက်ချောင်းမြို့နယ် ကနက်သီရိရွာက ဒေသခံများ
========================

ကိုရွှေမြိတ်
မဲဆောက်(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် ကနက်သီရိ‌ကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့ ဝင်ရောက်တပ်စွဲလာတဲ့အတွက် ဒေသခံအများစု မိုးထဲလေထဲ ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ သိရပါ တယ်။

ဇွန်လ ၈ ရက်နေ့ကစပြီး စစ်ကောင်စီတပ်ဖွဲ့ ဝင်ရောက်တပ်စွဲထားတဲ့အတွက် တိမ်းရှောင်နေကြရတာ ဖြစ်တယ်လို့ သိရပါတယ်။
စစ်ဘေးရှောင်နေရသူတွေဟာ သိမ်ကုန်း၊ ဝဲရစ်၊ ကမြိုင်၊ ရငဲ၊ ကျွဲမင်းကုန်းနဲ့ ကနက်သီရိရွာက ဒေသခံတွေ ဖြစ်ပြီး အများစုက နီးစပ်ရာ မြို့၊ ရွာတွေကို ရွှေ့ပြောင်းနေကြရတာဖြစ်တယ်လို့ သိရပါတယ်။

https://youtu.be/trZ9-69B-zE

ရုပ်သံတည်းဖြတ်။ ။ ရွှေနွယ်

#တနင်္သာရီတိုင်း
#သရက်ချောင်းမြို့နယ်
#စစ်ကောင်စီ
#စစ်ဘေးရှောင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢7😁2🔥1
​​ကျောက်ကြီးမြို့နယ်တွင် လက်နက်ကြီးပစ်ခတ်ခံရ၍ ၃ ဦးသေဆုံး၊ နေအိမ် ၅ လုံး မီးလောင်ပျက်စီး
===================

YT
(မဇ္ဈိမ)။ ။ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်၍ သံဃာတစ်ပါးနှင့် ကလေးငယ်နှစ်ဦး သေဆုံးကာ နေအိမ်ပျက်စီးမှုများ ရှိသည်ဟု တပ်မဟာ (၃) KNLA သတင်းအရင်းအမြစ်ထံက သိရသည်။

"ဆရာတော်တစ်ပါးနဲ့ ကလေးနှစ်ယောက် ပါတယ်လို့တော့ လောလောဆယ်သိထားရတယ် ဝါးပင်စုနဲ့ တောကြောင်ပေါက်က။ ဘယ်သူဘယ်ဝါမှန်းတော့ သေချာမသိရသေးဘူး။ ဒဏ်ရာရထားတဲ့သူတွေလည်းရှိတယ်။ အစတွေစင်တာ။ အခုတော့ ထွက်ပြေးနေကြပြီ ဆိုင်ကယ်တွေနဲ့ရော သုံးဘီးတွေနဲ့ပါ" ဟု ဒေသတွင်း သတင်းအရင်းအမြစ်တစ်ဦးက ဆိုသည်။

ယမန်နေ့ ဇွန်လ ၁၀ ရက် ညနေပိုင်းတွင် ဝါးပင်စုကျေးရွာအနီး၌ တပ်မဟာ (၃) KNLA ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား အပြန်အလှန် ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက် နတ်သံကွင်းမြို့ အပြင်ဘက်ရှိ စစ်ကောင်စီဂိတ်နှင့် ကျောက်ကြီးမြို့နယ် အခြေစိုက် ခလရ-၆၀ တို့မှ လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လက်နက်ကြီးကျည်ကျရာ ကျေးရွာများမှ ဒေသခံများအနေဖြင့် နီးစပ်ရာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းလည်း သိရသည်။

"မနေ့က (ဇွန်လ ၁၀ ရက်)ညနေက ဝါးပင်စုကျေးရွာ အနီးမှာ ထိတွေ့ တိုက်ပွဲတစ်ကြိမ် ဖြစ်ခဲ့ပါတယ်။ မနေ့ညနေကနေ ဒီနေ့ (ဇွန်လ ၁၁ ရက်) မနက်အထိ ပစ်ခတ်နေတုန်းပါ" ဟု တပ်မဟာ (၃) KNLA သတင်းအရင်းအမြစ်က မဇ္ဈိမကိုပြောသည်။

ကျောက်ကြီးမြို့နယ်သည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃) နယ်မြေအတွင်းရှိပြီး ပြီးခဲ့သည့် ဇွန်လ ၆ ရက်နေ့က ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့ရှိ ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စခန်းငါးခုအား တပ်မဟာ (၃) KNLA ပါဝင်သော တော်လှန်ရေးအင်အားစုများက သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

အဆိုပါ ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်တွင် ၄၀ ဦးခန့် သေဆုံးခဲ့ကာ စစ်ကောင်စီတပ်၏ အင်အားဖြည့်တင်းရေး၊ ရိက္ခာ၊ လက်နက် ပို့ဆောင်ရေးတို့အတွက် အသုံးပြုနေသော စစ်တောင်းတံတား (နတ်သံကွင်း) အပါအဝင် တံတားသုံးစင်းအား တပ်မဟာ (၃) တော်လှန်ရေးအင်အားစုများက ဖျက်ဆီးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ထိုပစ်ခတ်မှုများအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှု၊ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုတို့ကြောင့် အသက်ငါးနှစ်အရွယ် ကလေးနှစ်ဦးနှင့် အမျိုးသမီးသုံးဦး၊ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#ပဲခူးတိုင်း
#ကျောက်ကြီးမြို့နယ်
#စစ်ကောင်စီတပ်
#လက်နက်ကြီးပစ်ခတ်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬9👍3😁2🔥1😢1
ဘိုကလေးတွင် စစ်အာဏာသိမ်းမှုဆန့်ကျင်သူများ၏ နေအိမ်များကို စစ်ကောင်စီက ချိပ်ပိတ်
🤬12🔥3👍2
ဘိုကလေးတွင် စစ်အာဏာသိမ်းမှုဆန့်ကျင်သူများ၏ နေအိမ်များကို စစ်ကောင်စီက ချိပ်ပိတ်
==========================

မင်းထက်
(မဇ္စျိမ)။ ။ ဘိုကလေးမြို့နယ်တွင် စစ်အာဏာသိမ်းမှုကိုဆန့်ကျင်သည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူနှစ်ဦး နှင့် အကြမ်းဖက်ပုဒ်မများဖြင့် အကျဥ်းကျနေသူတဦး၏နေအိမ်များကို စစ်ကောင်စီက ချိတ်ပိတ်ခဲ့ကြောင်း သိရသည်။

ဘိုကလေးမြို့၊ အောင်သပြေ(၉)ရပ်ကွက်မှ အမျိုးသမီးတဦး၏နေအိမ်၊ အမှတ်(၃)ရပ်ကွက် ဗလကြီး(ခေါ်) ကိုကျော်နိုင်၏ နေအိမ်နှင့် ဘိုကလေးမြို့တဖက်ကမ်း သာပေါင်းကျေးရွာမှ အမျိုးသားတဦး၏နေအိမ်တို့ ဇွန်လ ၉ ရက်နေ့က ချိပ်ပိတ်ခံခဲ့ရခြင်းဖြစ်သည်။

နေအိမ်ချိပ်ပိတ်ခံရသူသုံးဦးအနက် အောင်သပြေ(၉)ရပ်ကွက်မှ အမျိုးသမီးနှင့် သားပေါင်းကျေးရွာမှ အမျိုးသားတို့မှာ ထွက်ပြေးတိမ်းရှောင်နေကြသည်ဟုသိရပြီး အမှတ်(၃)ရပ်ကွက်မှ ဗလကြီး(ခေါ်) ကိုကျော်နိုင်မှာ အကြမ်းဖက်ပုဒ်မသုံးခုဖြင့် ဖျာပုံအကျဥ်းထောင်တွင် အကျဉ်းကျခံနေရသည်ဟု ဒေသခံ တဦးကပြောသည်။
“ကိုကျော်နိုင်ကတော့ ထောင်ထဲမှာအမှုရင်ဆိုင်နေရတယ်။ စုစုပေါင်းအမှုသုံးမှုမှာ တမှုကအမိန့်ချပြီးပြီ လို့ သိရတယ်။ ကျန်တဲ့နှစ်ယောက်ကတော့ အခုထိထွက်ပြေးနေကြရတယ်ဗျ” ဟု ဒေသခံကဆိုသည်။

အဆိုပါနေအိမ်များအား ဘိုကလေးမြို့နယ် စစ်ကောင်စီအဖွဲ့ဝင်များ၊ ရဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ သတင်းတပ်ဖွဲ့(SB)မှ အောင်မြင်ဦးနှင့် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)မှ ကိုမျိုးတို့က လိုက်လံချိပ် ပိတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတဦးကလည်းပြောသည်။

စစ်ကောင်စီသည် စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တော်လှန်နေကြသည့် PDF အဖွဲ့ဝင်များ၊ NUG နှင့် အဆက်အသွယ်ရှိသူများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအား အကြမ်းဖက်ပုဒ်မများဖြင့်အမှုဖွင့်ကာ ၎င်းတို့၏နေအိမ်များအား လိုက်လံချိပ်နေခြင်းဖြစ်သည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်နေသည့် ဧရာဝတီတိုင်းမှ လွှတ် တော်ကိုယ်စားလှယ်များ၊ PDF တပ်ဖွဲ့ဝင်များနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၏ နေအိမ် ၁၀၀ နီးပါး ချိပ်ပိတ်ခံထားရသည်ဟု သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ဧရာဝတီတိုင်း
#ဘိုကလေးမြို့နယ်
#စစ်အာဏာသိမ်းမှုဆန့်ကျင်သူ
#နေအိမ်ချိပ်ပိတ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬17👍5🔥1
​​မန္တလေးတွင် စစ်ကောင်စီ နေရာနှစ်ခု ဗုံးပစ်ခံရ၊ စစ်ကောင်စီအတွက် ၀င်ငွေရှာပေးသည့်နေရာများဖြစ်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ဟုဆို
======================

007
(မဇ္စျိမ) ။ ။ မန္တလေးမြို့တွင် ယမန်နေ့ ဇွန်လ ၁၀ ရက်က စစ်ကောင်စီ၏ ယာဉ်ထိန်းရဲတပ်ဖွဲ့ လိုင်းခန်းနှင့် မြန်မာ့အာမခံလုပ်ငန်းရုံးကို ဗုံးပစ်တိုက်ခိုက်ခဲ့ကြောင်း မန္တလေးအခြေစိုက်No More Dictatorship People Defence Force( NMD PDF) က ယနေ့ ဇွန်လ ၁၁ ရက် နေ့လယ်ပိုင်းတွင် သတင်းထုတ်ပြန်သည်။

ယမန်နေ့ နေ့လယ် ၃ နာရီခွဲခန့်က ချမ်းအေးသာစံမြို့နယ် ၆၃ လမ်း၊ ၃၄ လမ်းနှင့် ၃၅ လမ်းကြားရှိ မန္တလေးတိုင်း မြန်မာ့အာမခံလုပ်ငန်း(ရုံး) နှင့် ည ၈ နာရီခန့်တွင် အောင်မြေသာစံမြို့နယ် ၁၈ လမ်း၊ ၈၂ လမ်းနှင့် ၈၃ လမ်းကြားရှိ ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များ နေထိုင်ရာလိုင်းခန်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“လမ်းပေါ်မှာ ပြည်သူတွေဆီက အကြောင်းမရှိ၊ အကြောင်းရှာပြီးငွေညှစ်ရာမှာ အဓိကလုပ်ဆောင်နေတဲ့ ဘဲဥ( ယာဥ်ထိန်းရဲ)တွေကို ပြည်သူလူထုကိုယ်စား ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

မြန်မာ့အာမခံလုပ်ငန်း(ရုံး)သည် ယာဉ်လိုင်စင်သက်တမ်းတိုးရာတွင် အရေးပါသောရုံးဖြစ်ခြင်း၊ ယာဉ်ထိန်းရဲတပ်ဖွဲ့သည် ယာဉ်အသုံးပြုသူများအား အကြောင်းအမျိုးမျိုးပြကာ စစ်ကောင်စီအတွက် ၀င်ငွေရှာဖွေပေးနေခြင်းတို့ကြောင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း NMD PDF တာ၀န်ရှိသူတစ်ဦးက ဆိုသည်။

မြန်မာ့အာမခံလုပ်ငန်း(ရုံး)တိုက်ခိုက်ခံရမှုတွင် ရုံးအဆောက်အအုံနှင့် ရုံးတွင်းရပ်ထားသော ကားတစ်စီး ထိခိုက်ပျက်စီးမှုရှိကြောင်း၊ ယာဉ်ထိန်းလိုင်းခန်းတိုက်ခိုက်ခံရမှုတွင် ထိခိုက်မှုတချို့ရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

မန္တလေးမြို့တွင် ပြီးခဲ့သည့် မေလအတွင်းကလည်း ချမ်းမြသာစည်မြို့နယ် အခွန်ရုံးနှင့် ပြည်ကြီးတံခွန်မြို့နယ် အခွန်ရုံး၊ အမရပူရမြို့နယ် မြို့မ ရဲစခန်းနှင့် လ၀ကရုံးတို့ ဗုံးပစ်တိုက်ခိုက်ခံခဲ့ရပြီးလူထိခိုက်သေဆုံးမှုနှင့် နေအိမ်အဆောက်အအုံပျက်စီးမှုတို့ရှိခဲ့သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
# ဗုံးပစ်ခံရ
#မန္တလေး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍24😁3👏2
​​ပဇီကြီးကျေးရွာအတွက် အနက်ရောင်ပရိုဖိုင်းချိန်းခဲ့သည့် မေပန်းချီကို စစ်ခုံရုံးက ထောင် ၃ နှစ်ချမှတ်
===================

မိုးသောက်
မဲဆောက်(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ် ၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှုအတွက် လူမှုကွန်ရက်စာမျက်နှာတွင် ဝမ်းနည်းကြောင်း အနက်ရောင်ပရိုဖိုင်(Profile) ပြောင်းလဲခဲ့သည့် သရုပ်ဆောင်မေပန်းချီကို ထောင်ဒဏ်သုံးနှစ် ချမှတ်လိုက်ကြောင်း စစ်ကောင်စီဝါဒဖြန့်မီဒီယာများက ဇွန်လ ၁၀ရက်တွင် ဖော်ပြထားသည်။

သရုပ်ဆောင် မေပန်းချီအား ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-ကဖြင့် မြောက်ဒဂုံမြို့နယ် စစ်ခုံရုံးက ထောင်ဒဏ်သုံးနှစ် အမိန့်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက အတည်ပြုသည်။

“မေပန်းချီကိုတော့ လွန်ခဲ့တဲ့ ခြောက်ရက်လောက်က စစ်ခုံရုံးက ချလိုက်ပြီပြောတယ်” ဟု ရှေ့နေတစ်ဦးက ဆိုသည်။

သရုပ်ဆောင်မေပန်းချီ အပါအဝင် အဆိုတော်ရွှေရည်သိန်းတန်နှင့် The Voice ဂျာနယ်၏ အယ်ဒီတာချုပ်ဟောင်း ဦးကျော်မင်းဆွေတို့ကို စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာတွင် ဝမ်းနည်းကြောင်း ဖော်ပြခဲ့သည့်အတွက် ဧပြီလ တတိယအပတ်အတွင်းက စစ်ကောင်စီကဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် ဦးကျော်မင်းဆွေတို့လည်း ထောင်ဒဏ် သုံးနှစ်ချမှတ်လိုက်သည်ဟု စစ်ကောင်စီ၏ ဝါဒဖြန့်ချန်နယ်များတွင် ဒီကနေ့နံနက်ပိုင်းက ဖော်ပြလာကြသည်။ စစ်ကောင်စီနှင့်နီးစပ်သည့် နောင်တော်လေး၏ တယ်လီဂရမ်ချန်နယ်တွင်မူ ယမန်နေ့ ၁၀ရက် ညပိုင်းကတည်းက အဆိုပါသတင်းကို ဖော်ပြထားသည်ကို တွေ့ရသည်။

နောင်တော်လေးသည် အမျိုးသားရေးလှုပ်ရှားသူတစ်ဦးဖြစ်ပြီး Myanmar Nation Post ဟူသည့် မီဒီယာတစ်ခုကို တည်ထောင်ထားကာ စစ်ကောင်စီအတွက် ဝါဒဖြန့်ပေးနေသူတစ်ဦး ဖြစ်သည်။
၎င်းဖော်ပြချက်တွင် “ကျော်မင်းဆွေဟာ ယခင် NLDအစိုးရလက်ထက်မှာ သူ့တပည့်ရေးတဲ့ တပ်မတော်ကို အပုပ်ချစော်ကားတဲ့ သရော်စာကြောင့် ထောင်ကျခဲ့ရပြီး ထောင်ထဲမှာ အခွင့်ထူးခံအဖြစ် အကျဉ်းထောင်ဝန်ထမ်းများက အခွင့်အရေးပေးခဲ့ပါတယ်” ဟု ရေးသားထားသည်။

အဆိုပါဆောင်းပါးသည် ကျည်ထောင်စုသစ္စာဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၇ခုနှစ်တွင်The Voice နေ့စဉ်သတင်းစာတွင် ဖော်ပြခဲ့သည့် ဗြိတိသျှကိုကိုမောင်ရေးသားခဲ့သည့် သရော်စာဆောင်းပါးတစ်ပုဒ်ဖြစ်သည်။ ထိုဆောင်းပါအတွက် စာရေးသူနှင့်အယ်ဒီတာချုပ် နှစ်ဦးစလုံးကို စစ်တပ်က တရားလိုလုပ် တရားစွဲဆိုခဲ့ပြီး စာရေးသူကို တရားသေလွှတ်ပေးကာ အယ်ဒီတာချုပ်ကို ကျပ်သိန်း၁၀၀ဖြင့်အာမခံပေးခဲ့သည်။

လက်ရှိတွင် အယ်ဒီတာချုပ်‌ဟောင်း ဦးကျော်မင်းဆွေကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-ကဖြင့် တရားစွဲဆိုထားပြီး အမိန့်ချမှတ်ထားခြင်းရှိမရှိနှင့်ပတ်သက်ပြီး မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြနိုင်ခြင်း မရှိသေးပေ။

“အမိန့်ချတာတော့ မကြားမိသေးပါဘူး” ဟုဦးကျော်မင်းဆွေနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

စစ်ကောင်စီသည် ၎င်းတို့စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခုခံတော်လှန်တိုက်ခိုက်နေကြသည့်သူများကို လေကြောင်းသုံးတိုက်ခိုက်ခြင်းများ ပြုလုပ်နေသည့်အပြင် တော်လှန်ရေးအတွက် ထောက်ခံအားပေးသူများနှင့် ၎င်းတို့၏ လူ့အခွင့်ရေးချိုးဖောက်မှုများအပေါ် လူမှုကွန်ရက်တွင် ဝေဖန်ပြောဆိုမှုများကိုပင် စောင့်ကြည့်ဖမ်းဆီးမှုများ ရှိနေသည်၊။

စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များတွင်မူ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် တော်လှန်ရေးတွင်ပါဝင်သည့်ထင်ပေါ်ကျော်ကြားသူများ၏ လူမှုကွန်ရက်စာမျက်နှာများတွင် မှတ်ချက်(COMMENT)ပေးသူများကိုပင် ဖမ်းဆီးရန် လှုံ့ဆော်မှုများရှိသည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ လူ့အခွင့်ရေး ချိုးဖောက်ခံရမှုများ၊ ဖမ်းဆီးသတ်ဖြတ်ခံရသူများသည် နေ့စဉ်နှင့်အမျှရှိနေသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ ဇွန်လ ၉ရက်နေ့အထိ ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် အရပ်သား စုစုပေါင်းသည် ၂၃၂,၉၉ဦး ရှိနေပြီး ၃,၆၄၉ဦးကို သတ်ဖြတ်ထားကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#စစ်ကောင်စီ
#ဖမ်းဆီးမှု
#ထောင်ဒဏ်
# ပဇီကြီးကျေးရွာ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬18👍6👎1🔥1🖕1
ဒေသခံလူထု၏ လယ်ယာမြေများတွင် ဝင်ရောက်လုပ်ကိုင်နေသည့် ပျူစောထီးများကို ဗုံးသီးချ သတိပေး
===========================

ပါခွီး (မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်း ဒေသခံများ၏ လယ်ယာမြေများတွင် ဝင်ရောက်လုပ်ကိုင် နေသည့်ပျူစောထီးတပ်ဖွဲ့ဝင်များကို ဒရုန်းဖြင့်ဗုံးချသတိပေးခဲ့ကြောင်း ဒီမိုကရက်တစ်ဒေသခံတပ်ပေါင်း စု(DLC)က ထုတ်ပြန်ထားသည်။

မုံရွာမြို့နယ်၊ တောပု(ပျူစောထီး)ကျေးရွာနှင့် ထိစပ်နေသောကျေးရွာများမှ လယ်ယာမြေပိုင်ဆိုင်ကြသူ များမှာ အသက်အန္တရာယ် ထိခိုက်မည်ကိုကြောက်လန့်သဖြင့် လယ်ယာလုပ်ကိုင်နိုင်ခြင်းမရှိသည်ကို အခွင့်ကောင်းယူ၍ အဆိုပါလယ်ယာမြေများကိုလုပ်ကိုင်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

“သူတို့က ရွာအနားရှိတဲ့ လယ်မြေတွေကို ဝင်လုပ်ကိုင်နေတာ၊ စခ(စစ်ကောင်စီတပ်သား)တွေနဲ့ ပေါင်းပြီး လုယက်နေတာတွေကြောင့် သတိပေးဗုံးချခဲ့တာပါ” ဟု DLC တပ်ဖွဲ့မှတာဝန်ရှိသူတဦးက ပြောသည်။

ကာကွယ်ရေးတပ်ပေါင်းစုသည် တောင်သူလုပ်ငန်းခွင်ဝင်နေသည့် ပျူစောထီးများကို ဇွန်လ ၉ ရက်နေ့ နံနက်ပိုင်းတွင် ဒရုန်းဖြင့် ဗုံးသီးတစ်လုံးချ သတိပေးခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ယခုသတိပေးချက်ကို မလိုက်နာဘဲ ဒေသခံများ၏ လယ်ယာမြေများတွင် လုပ်ကိုင်ခြင်းနှင့် ခိုးဆိုးလုနှိုက် ခြင်းများကျူးလွန်ပါက သက်ညှာခြင်းရှိမည်မဟုတ်ဘဲ ပြတ်သားစွာဖြင့် ပြည်သူ့ကိုယ်စား ပြင်းထန်စွာ တုံ့ပြန်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တောပုကျေးရွာမှပျူစောထီးအဖွဲ့ဝင်များသည် ၎င်းတို့နှင့်ထိစပ်သည့်နယ်မြေအတွင်း စစ်ကောင်စီတပ်နှင့် ပူးပေါင်းပြီး စစ်ကြောင်းထိုးသည့်အချိန်တိုင်းတွင် ရွှေ၊ ငွေ၊ အဖိုးတန်ပစ္စည်းနှင့် ရိက္ခာများကို လိုက်လံသယ် ယူလေ့ရှိကြောင်း သိရသည်။

အဆိုပါရွာနှင့် အနီးဆုံးကျေးရွာဖြစ်သည့် ကြာပိုင်ကျေးရွာသို့ ဝင်ရောက်စဉ်တွင် တောပုရွာမှ ပျူစောထီး များသည် ကလေးကစားစရာများ၊ စက်ဘီးများမှအစ ဆန်၊ ဆီ၊ ဆားနှင့် အခြားလိုအပ်သော ပစ္စည်းများကို လာရောက်ယူဆောင်ခဲ့ကြောင်း သိရသည်။

ယခု သတိပေးဗုံးချခဲ့သည့် ဒီမိုကရက်တစ်ဒေသခံတပ်ပေါင်းစု(DLC)သည် စစ်ကောင်စီတပ်အား တော် လှန်တိုက်ခိုက်နေသည့် ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့ (အောက်ချင်းတွင်း) (DGF Lower Chindwin) ၊ ဗန္ဓုလနှင့် အဖွဲ့သားများ ၊ မြို့ပြမုဆိုး(Urban Hunter Force )၊ နေမင်းတမန် (Sun King Envoy)၊ Monywa Brave Heart ၊ The Ants Local Defence Force နှင့် ဂဠုန်ရာဇာ Revolution Foece တို့ ပူး ပေါင်းဖွဲ့စည်းထားခြင်းဖြစ်သည်။

https://youtu.be/6ywZIJgWJgo

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်တိုင်း
#မုံရွာမြို့နယ်
#တောပုကျေးရွာ
#ပျူစောထီး
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍14🔥5
စိတ်ကျန်းမာရေး ​| ကျန်းမာသုတ လူမှုဘဝ Episode - 17
=====================

''ကျန်းမာသုတ လူမှုဘ၀'' အစီအစဉ်ကနေ ဒီတစ်ခါမှာတော့ စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး တင်ဆက်ပေးချင်ပါတယ်။
လူတစ်​ယောက်ရဲ့ စိတ်ကျန်းမာ​ရေးအတွက် သူ့ရဲ့ ငယ်ဘဝက ဘယ်​လောက် အ​ရေးကြီးသလဲ၊ ကိုယ့်ရဲ့ ငယ်ဘဝ စိတ်ဒဏ်ရာ​တွေကို ဘယ်လိုကုစားသင့်သလဲဆိုတာနဲ့ က​လေး​တွေမှာ ဒီလိုဆိုးရွားတဲ့ ငယ်ဘဝ​တွေ မဖြစ်ရ​အောင် ဘာ​တွေ လုပ်​ဆောင်သင့်သလဲဆိုတာတွေကို ဒေါက်တာ ဖြိုးသီဟက ဆွေးနွေးပေးထားပါတယ်။

https://youtu.be/7iDXoQWeDNI

#စိတ်ကျန်းမာရေး
#ကျန်းမာသုတလူမှုဘဝ
#ဒေါက်တာဖြိုးသီဟ
#ChildhoodTrauma
#mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍2🔥2