Business Round Up (12 June 2023)
==============
- အာဏာသိမ်းပြီးနောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဆက်တိုက်ကျဆင်း
- စစ်ကောင်စီရဲ့ပိတ်ပင်မှုကြောင့် မုန်တိုင်းဒဏ်သင့်ပြည်သူတွေ အခြေအနေပိုဆိုးလာနိုင်တယ်လို့ UNOCHA သတိပေး
- အမှတ် ၈ လမ်းမကြီးတွင် စစ်ကောင်စီနှင့်ပတ်သက်သည့် အရာမှန်သမျှ တင်ဆောင်ခြင်းမပြုရန် KNU ထုတ်ပြန်
- အယ်နီညိုနှစ်ဖြစ်လာလို့ စံချိန်တင်အပူတိုးလာမယ့်ဘေး သိပ္ပံပညာရှင်တွေစိုးရိမ်နေ
https://youtu.be/dhLPJOg4Dig
#BusinessRoundUp
#mizzimatv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

YouTube
Business Round Up (12 June 2023)
- အာဏာသိမ်းပြီးနောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဆက်တိုက်ကျဆင်း
- စစ်ကောင်စီရဲ့ပိတ်ပင်မှုကြောင့် မုန်တိုင်းဒဏ်သင့်ပြည်သူတွေ အခြေအနေပိုဆိုးလာနိုင်တယ်လို့ UNOCHA သတိပေး
- အမှတ် ၈ လမ်းမကြီးတွင် စစ်ကောင်စီနှင့်ပတ်သက်သည့် အရာမှန်သမျှ တင်ဆောင်ခြင်းမပြုရန်…

👍5😁2
သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့မီးရှို့ဖျက်ဆီး၊ နှစ်ဖက် စစ်ရေးတင်းမာ လာနိုင် ဟုဆို
🤬8👏2👍1

====================
ကိုရွှေမြိတ်
မဲဆောက်(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း ၊ သရက်ချောင်းမြို့နယ်၊ ကနက်သီရိကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ က ယမန်နေ့ ဇွန်လ ၁၁ ရက်နေ့တွင် ကျေးရွာအတွင်း စစ်ကြောင်းနှစ်ကြောင်းခွဲကာ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်ဟု ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်ထံမှ သိရသည်။
“ရေတပ်အပါဝင် စစ်ကူရောက်နေတာ အင်အား ၂၀၀ နီးပါးရှိမယ်။ ကနက်သီရိရွာနဲ့ ရငဲရွာက နေအိမ် တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်နေတာပါ” ဟု သရက်ချောင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် က ပြောသည်။
ဇွန်လ ၈ ရက်မှစ၍ ကနက်သီရိကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ် ဖွဲ့သည် ကျေးရွာအတွင်း အထိုင်ချတပ်စွဲထားပြီး ထပ်မံ၍ စစ်ကူရောက်ရှိလာသည့်အတွက် နှစ်ဖက် စစ်ရေးတင်းမာလာနိုင်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်ကဆိုသည်။
စစ်ရေးတင်းမာနေသည့်အတွက် အချိန်မရွေးတိုက်ပွဲဖြစ်ပွားလာနိုင်၍ ပြည်သူများအနေဖြင့် ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့မှ ထုတ်ပြန်သည့် စစ်ရေးသတင်းများကို လိုက်နာစောင့်ကြည့်ရန် လိုအပ်ကြောင်း တနင်္သာရီ စစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
“အခုချိန်မှာ နေရာပြောင်းရွှေ့နေနေရတဲ့ ပြည်သူတွေကို ကျွန်တော်ပြောချင်တာက ရွာထဲကို ချက်ချင်း ကြီး မဝင်ဖို့၊ ဝင်ရင်လည်း စစ်ရေးသတိနဲ့ ဝင်ဖို့လိုတယ်၊ ဘာကြောင့်လည်း ဆိုတော့ ရွာတွေထဲမှာ စစ်တပ် က မိုင်းတွေ ထောင်ထားတာ ရှိနိုင်တယ်”ဟု တနင်္သာရီ စစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့မှ ပြောရေးဆိုခွင့် ရှိသူက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့က အရပ်သားအချို့ကို ဖမ်းဆီးထားဆဲဖြစ်ပြီး ဖမ်းဆီးခံရသူများကိုလည်း PDF ဝတ်စုံများ ဝတ်ဆင်ခိုင်း၍ လူသားဒိုင်းအဖြစ် ပြုလုပ်ကာ ရငဲကျေးရွာအပါဝင် အနီးနားရှိ ရွာများကို စစ်ကြောင်းထိုး ဝင်နေသေးကြောင်း တနင်္သာရီ စစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့ထံမှ သိရသည်။
ဇွန်လ ၁၁ ရက်နေ့ ညနေပိုင်းက စစ်ရှောင်နေရသည့် အသက် ၂၃ နှစ်အရွယ် ကိုဝေယံဟိန်းဆိုသူသည် ရငဲကျေးရွာရှိ နေအိမ်သို့ မိခင်အတွက် ဆေးပြန်ယူစဉ် လမ်းတွင်ပစ်ခတ်ခံရ၍ သေဆုံးသွားသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်ထံမှ သိရသည်။
“ရငဲရွာခံ လူငယ်တဦး သေတာ အတည်ပြုလို့ရပါတယ်၊ မနေ့က ဖြစ်တာပါ”ဟု တနင်္သာရီ စစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ပြော သည်။
အလားတူ ကနက်သီရိ၊ ကျွဲမင်းကုန်း၊ ရငဲ၊ ကမြိုင်၊ နတ်စီ၊ ဝဲရစ်နှင့် သိမ်ကုန်းတို့ကို စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးဝင်ရောက်ပြီး ကုန်စုံဆိုင်များအပါဝင် နေအိမ်များကိုမီးရှို့ဖျက်ဆီးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ဒေသခံ ၁၀,၀၀၀ ခန့် စစ်ဘေးရှောင်နေရကြောင်း ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#တနင်္သာရီတိုင်း
#သရက်ချောင်းမြို့နယ်
#စစ်ကောင်စီတပ်
#မီးရှို့ဖျက်ဆီး
---------------------

Facebook
#တနင်္သာရီတိုင်း – Explore
explore #တနင်္သာရီတိုင်း at Facebook
👍6🤬6😁2🔥1
မြန်မာတွင် ရှိနေသည့် တရုတ်၏ ရည်ရွယ်ချက် ၂ ခု - အိန္ဒိယသမုဒ္ဒရာ ဝင်လမ်း၊ ရာဇဝတ်မှု တိုက်ဖျက်ရေး
==================
မြန်မာတွင် ရွေးကောက်ခံအစိုးရတစ်ရပ်ထံမှ စစ်တပ်က အာဏာသိမ်းယူပြီးနောက် နှစ်နှစ်ကျော်အကြာတွင် သိသာထင်ရှားစွာဖြင့်ပင် တရုတ်သည် လက်ရှိမြန်မာအာဏာသိမ်းစစ်တပ်၏ ဗိုလ်ချုပ်ကြီးများကို အဓိက ထောက်ကူပံ့ပိုးသူ ဖြစ်လာခဲ့သည်။
တရုတ်သည် အိန္ဒိယသမုဒ္ဒရာရှိ မဟာဗျူဟာကျ နေရာများဆီ ဝင်ခွင့်ရရန် မြန်မာနိုင်ငံ၌ အကြီးအကျယ် ပါဝင်ပတ်သက်လာနေသည်ဟု အများက ရှုမြင်သော်လည်း တိုး၍ ထင်ရှားမြင်သာလာသည်တစ်ခုက တရုတ်အစိုးရသည် နိုင်ငံတကာ ရာဇဝတ်ဂိုဏ်းအဖွဲ့များကို ဖြိုခွင်းနှိမ်နင်းရန် မြန်မာထံ တိုးမြှင့်ချဉ်းကပ်လာနေခဲ့ခြင်းပင် ဖြစ်သည်။
မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်းတို့ မေလ ၂ ရက်က နေပြည်တော်တွင် တွေ့ဆုံခဲ့ချိန် နယ်စပ်ချင်း ထိစပ်နေသော အိမ်နီးချင်း နှစ်နိုင်ငံအကြား နွေးထွေးသော ဆက်ဆံရေးက ပေါ်လွင်ထင်ရှားခဲ့သည်။

😁6🤮3🔥1😱1
ဇွန်လ (၁၂)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=====================
00:57 - ကရင်နီပြည်နယ် ကြားကာလအုပ်ချုပ်ရေးကောင်စီ စတင်ဖွဲ့စည်း တဲ့သတင်း
02:34 - မင်းတပ်မြို့နယ်တွင်ခိုလှုံနေတဲ့ မတူပီစစ်ဘေးရှောင်တွေ အရေးပေါ်အကူအညီလိုအပ်နေတဲ့ သတင်း
04:06 - အစ္စရေးကုမ္ပဏီက မြန်မာစစ်တပ်သို့စစ်လက်နက်တွေ ပေးပို့ခဲ့ တဲ့ သတင်း နဲ့
12:45 - ကျူးဘားမှာ တရုတ်ကထောက်လှမ်းရေးအဖွဲ့တစ်ခု နှစ်ပေါင်းများစွာ လည်ပတ်နေခဲ့ကြောင်း အမေရိကန်ပြောတဲ့သတင်း
အပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။
https://youtu.be/rScyxu2lDWs
#4pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

12:45 - ကျူးဘားမှာ…

👍3😁1🖕1
ရွှေကူ KPDF အမှတ်(၁၂)တပ်ရင်းနယ်မြေအတွင်း စစ်ကောင်စီလက်အောက်ခံ စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားခွင့် မပြု
================
အဂမ်
(မဇ္ဈိမ)။ ။ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် KPDF အမှတ်(၁၂)နယ်မြေအတွင်း စစ်ကောင်စီလက်အောက်ခံ စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားခွင့်ပြုမည်မဟုတ်ကြောင်း အမှတ်(၁၂) KPDF တပ်ရင်းဌာနချုပ်က ယနေ့ ဇွန်လ ၁၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
အမှတ်(၁၂) KPDF တပ်ရင်းနယ်မြေတွင် တိုက်ပွဲများကျယ်ပြန်လာသလို ကလေးများ၏အနာဂတ်ပညာ ရေးအတွက် ယခုကဲ့သို့ သတိပေးထုတ်ပြန်စာထုတ်ပြန်ရခြင်းဖြစ်နိုင်ကြောင်း KPDF နှင့်နီးစပ်သည့် သတင်းရင်းမြစ်တဦးကပြောသည်။
“ကျနော်တို့ဘက်မှာက ဒီနှစ်ပိုင်းတိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်လာတယ်။ ပြီးခဲ့တဲ့ရက်တွေအထိတောင်ဖြစ် နေတာလေ။ နောက်ပြီး အချိန်တိုလေးမှာဘာမှမသင်ဘဲ ကလေးတွေအတန်းတွေ ဇွတ်တင်ပေးလိုက်မှာ ကို ကျနော်တို့ မကြိုက်ဘူး။ ဒါကြောင့် စစ်ရေးနဲ့လည်း ထိခိုက်လာမှာစိုးလို့ ကျောင်းတွေမဖွင့်ဖို့ စာထုတ် လိုက်တာဖြစ်နိုင်တယ်” ဟု သတင်းရင်းမြစ်က ဆိုသည်။
သတိပေးထုတ်ပြန်စာတွင် စစ်ကောင်စီလက်အောက်ခံ Non - CDM ဝန်ထမ်းများနှင့် စစ်ကောင်စီကို အား ပေးအားမြှောက်လုပ်သူများကိုလည်း ထိုက်သင့်သောပြစ်ဒဏ်များဖြင့် အရေးယူသွားမည်ဖြစ်ကြောင်းပါ ရှိသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#ကချင်ပြည်နယ်
#ရွှေကူမြို့နယ်
#KPDF
#အမှတ်(၁၂)တပ်ရင်းနယ်မြေ
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
================
အဂမ်
(မဇ္ဈိမ)။ ။ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် KPDF အမှတ်(၁၂)နယ်မြေအတွင်း စစ်ကောင်စီလက်အောက်ခံ စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားခွင့်ပြုမည်မဟုတ်ကြောင်း အမှတ်(၁၂) KPDF တပ်ရင်းဌာနချုပ်က ယနေ့ ဇွန်လ ၁၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
အမှတ်(၁၂) KPDF တပ်ရင်းနယ်မြေတွင် တိုက်ပွဲများကျယ်ပြန်လာသလို ကလေးများ၏အနာဂတ်ပညာ ရေးအတွက် ယခုကဲ့သို့ သတိပေးထုတ်ပြန်စာထုတ်ပြန်ရခြင်းဖြစ်နိုင်ကြောင်း KPDF နှင့်နီးစပ်သည့် သတင်းရင်းမြစ်တဦးကပြောသည်။
“ကျနော်တို့ဘက်မှာက ဒီနှစ်ပိုင်းတိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်လာတယ်။ ပြီးခဲ့တဲ့ရက်တွေအထိတောင်ဖြစ် နေတာလေ။ နောက်ပြီး အချိန်တိုလေးမှာဘာမှမသင်ဘဲ ကလေးတွေအတန်းတွေ ဇွတ်တင်ပေးလိုက်မှာ ကို ကျနော်တို့ မကြိုက်ဘူး။ ဒါကြောင့် စစ်ရေးနဲ့လည်း ထိခိုက်လာမှာစိုးလို့ ကျောင်းတွေမဖွင့်ဖို့ စာထုတ် လိုက်တာဖြစ်နိုင်တယ်” ဟု သတင်းရင်းမြစ်က ဆိုသည်။
သတိပေးထုတ်ပြန်စာတွင် စစ်ကောင်စီလက်အောက်ခံ Non - CDM ဝန်ထမ်းများနှင့် စစ်ကောင်စီကို အား ပေးအားမြှောက်လုပ်သူများကိုလည်း ထိုက်သင့်သောပြစ်ဒဏ်များဖြင့် အရေးယူသွားမည်ဖြစ်ကြောင်းပါ ရှိသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#ကချင်ပြည်နယ်
#ရွှေကူမြို့နယ်
#KPDF
#အမှတ်(၁၂)တပ်ရင်းနယ်မြေ
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍22❤3😁2👏1
ကသာခရိုင်၊ အင်းတော်မြို့နယ်ရှိ မဲဇာရဲစခန်း တိုက်ခိုက်ခံရ
===================
ရွှေနွယ်
(မဇ္ဈိမ)။ ။စစ်တိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်ရှိ မဲဇာရွာရဲစခန်းကို KIA ၊ PDF ပူးပေါင်းတပ်ဖွဲ့မှ ဇွန်လ ၁၁ ရက်နေ့ နံနက် ၄ နာရီခန့်တွင် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း အင်းတော်မြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးထံမှသိရသည်။
“စခန်းမှာ ခန့်မှန်းအင်အားကတော့ ၄၀ ကျော်မယ်ဗျ။ သူတို့ဘက်က ဘန်ကာတွေ အခိုင်အမာဆောက် ထားတာပါ” ဟု အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။
အဆိုပါ မဲဇာရဲစခန်းတွင် ရဲများနှင့်အတူ စစ်ကောင်စီတပ်သားများပါ အထိုင်ချ တပ်စွဲနေထိုင်နေခြင်းဖြစ် ပြီး တိုက်ခိုက်မှုကြောင့် အထိအခိုက်များနိုင်ကြောင်း ၎င်းကဆိုသည်။
တိုက်ခိုက်မှုအတွင်း ရဲစခန်းမီးရှို့ခံရပြီး လက်နက်များပါ သိမ်းဆည်းရရှိခဲ့သည်ဟု အင်းတော်ဒေသခံများမှ ပြောနေကြသော်လည်း အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက အသေးစိတ်ကို ထပ်မံအတည်ပြုပေးမည်ဟုသာ ဖြေဆိုသည်။
တိုက်ပွဲဖြစ်အပြီး ဇွန်လ ၁၁ ရက်နေ့ နံနက် ၉ နာရီခန့်တွင် အင်းတော်မြို့ စက်ကုန်းဘုန်းကြီးကျောင်း ပေါ်သို့ အရာရှိအမျိုးသမီးနှစ်ဦး ဦးဆောင်သည့် အင်အား ၃၀ ပါ စစ်ကောင်စီစစ်ကြောင်း ရောက်ရှိလာ သည်။
အလားတူ သံဘိုရွာနှင့် နတ်မဟုတ်ကြီးကျေးရွာကြားတွင်လည်း အင်အား ၆၀ ခန့်ပါ စစ်ကောင်စီတပ်၏ စစ်ကြောင်းရောက်ရှိလာကြောင်း ဒေသခံအမျိုးသမီးတဦးက မဇ္ဈိမသို့ ပြောသည်။
“ လက်ရှိတော့ မနေ့ကထိုးလာတဲ့စစ်ကြောင်းတွေက မဲဇာဘက်ကိုသွားကြပြီ” ဟု အဆိုပါအမျိုးသမီးက ဆိုသည်။
မဲဇာရဲစခန်းသည် အင်းတော်မြို့နှင့် ၁၀ မိုင်အကွာတွင်တည်ရှိနေပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့ကလည်း KIA PDF ပူးပေါင်းတပ်ဖွဲ့၏ တိုက်ခိုက်ခြင်းကိုခံခဲ့ရကာ စစ်သား၊ ပျူနှင့် ရဲဝန်ထမ်း အယောက် ၃၀ ထက်မနည်း သေဆုံးခဲ့သည်။
လက်ရှိတွင် အင်းတော်မြို့နယ်အတွင်း စစ်ရေးအခြေအနေတင်းမာနေပြီး စစ်တပ်ကမြို့ပေါ်တွင်လည်း အရပ်သားအချို့ကို ဖမ်းဆီးမှုများဆက်တိုက်လုပ်ဆောင်နေသည်ဟု ဒေသခံများ၏ ပြောဆိုချက်အရ သိရ သည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#အင်းတော်
#မဲဇာရဲစခန်း
#ကသာခရိုင်
#KIA
#PDF
ဓာတ်ပုံ - ၂၀၂၂ ခုနှစ်စီးနင်းတိုက်ခိုက်ခံခဲ့ရစဥ်

👍18👏3❤1😁1🤣1
ဆွီဒင်မှာ လိင်ဆက်ဆံတာကို အားကစားအနေနဲ့ သတ်မှတ်တာမရှိတဲ့အကြောင်း |Misinformation Buster S3| Ep.70
======================
မဇ္ဈိပရိသတ်များအားလုံး မင်္ဂလာပါရှင်။ သတင်းတု/မှား များကို တိုက်ဖျက်ခြင်း (Misinformation Buster) အစီအစဉ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။
ဒီတပတ်မှာတော့
-KBZ Pay ငွေလွှဲတဲ့အခါမှာ မှတ်ချက် note မရေးရင် အကောင့်ပိတ်ခံရတယ်ဆိုတာ အမှန်မဟုတ်တဲ့အကြောင်းနဲ့အတူ
-ဆွီဒင်မှာ လိင်ဆက်ဆံတာကို အားကစားအနေနဲ့ သတ်မှတ်တာ မရှိတဲ့အကြောင်း နဲ့
-ကရင်နီပြည်နယ်မှာ PDF တွေ ထွက်ပြေးတယ်လို့ စစ်ကောင်စီလော်ဘီတွေက ဝါဒဖြန့်နေတဲ့သတင်းမှား စတဲ့ တစ်ပတ်အတွင်းမှာ မဇ္ဈိမ က ဖော်ထုတ်ထားတဲ့ သတင်းတု သတင်းမှားတွေကို ဂျူချန်း စုစည်းတင်ဆက်ပေးသွားမှာပါ။
မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။
https://youtu.be/sqxjaQXpAMw
#Misinformation_Buster
#Weekly_Package
#Fake_News
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
======================
မဇ္ဈိပရိသတ်များအားလုံး မင်္ဂလာပါရှင်။ သတင်းတု/မှား များကို တိုက်ဖျက်ခြင်း (Misinformation Buster) အစီအစဉ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။
ဒီတပတ်မှာတော့
-KBZ Pay ငွေလွှဲတဲ့အခါမှာ မှတ်ချက် note မရေးရင် အကောင့်ပိတ်ခံရတယ်ဆိုတာ အမှန်မဟုတ်တဲ့အကြောင်းနဲ့အတူ
-ဆွီဒင်မှာ လိင်ဆက်ဆံတာကို အားကစားအနေနဲ့ သတ်မှတ်တာ မရှိတဲ့အကြောင်း နဲ့
-ကရင်နီပြည်နယ်မှာ PDF တွေ ထွက်ပြေးတယ်လို့ စစ်ကောင်စီလော်ဘီတွေက ဝါဒဖြန့်နေတဲ့သတင်းမှား စတဲ့ တစ်ပတ်အတွင်းမှာ မဇ္ဈိမ က ဖော်ထုတ်ထားတဲ့ သတင်းတု သတင်းမှားတွေကို ဂျူချန်း စုစည်းတင်ဆက်ပေးသွားမှာပါ။
မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။
https://youtu.be/sqxjaQXpAMw
#Misinformation_Buster
#Weekly_Package
#Fake_News
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍4😁1🍌1
"စစ်ဘေးရှောင် စာသင်ကျောင်းတွေမှာ စာအံသံတွေ ပြန်ကြားရပါပြီ" (ရုပ်၊ သံ)
=====================
KMN
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်းထဲက ခင်ဦး၊ ကန့်ဘလူ၊ ရေဦး၊ ကနီ စတဲ့ဒေသတွေက စစ်ဘေးရှောင်တွေထဲမှာ ပညာသင်ကြားနေတဲ့ ကလေးသူငယ်အရွယ်တွေပါဝင်နေပြီး သူတို့အတွက် အခြေခံပညာသင်ကြားမှု ရရှိ ဖို့လိုအပ်နေပါတယ်။
ပြည်သူတွေလှူဒါန်းတဲ့ငွေကြေးတွေနဲ့ စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေမှာ S&C မီးဘေး၊ စစ်ဘေး၊ ပညာ ရေးကူညီစောင့်ရှောက်ရေးအဖွဲ့က ကိုယ်ထူကိုယ်ထစာသင်ကျောင်းတွေကို ဆောက်လုပ်ပေးနေပါတယ်။
စစ်ရှောင်ကလေးသူငယ်တွေနဲ့ စစ်ကောင်စီရဲ့ကျောင်းတွေမှာ မတက်ရောက်ချင်သူတွေအတွက် ကိုယ်ထူ ကိုယ်ထ စာသင်ကျောင်း ၁၄ ကျောင်းကို ဖွင့်လှစ်ထားနိုင်ပြီလို့ သိရပါတယ်။
https://youtu.be/WdJ7V7a774Q
တင်ဆက်၊တည်းဖြတ် - KMN
#Mizzima
#ကိုယ်ထူကိုယ်ထစာသင်ကျောင်း
#စစ်ကိုင်းတိုင်း
#စစ်ရှောင်
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=====================
KMN
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်းထဲက ခင်ဦး၊ ကန့်ဘလူ၊ ရေဦး၊ ကနီ စတဲ့ဒေသတွေက စစ်ဘေးရှောင်တွေထဲမှာ ပညာသင်ကြားနေတဲ့ ကလေးသူငယ်အရွယ်တွေပါဝင်နေပြီး သူတို့အတွက် အခြေခံပညာသင်ကြားမှု ရရှိ ဖို့လိုအပ်နေပါတယ်။
ပြည်သူတွေလှူဒါန်းတဲ့ငွေကြေးတွေနဲ့ စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေမှာ S&C မီးဘေး၊ စစ်ဘေး၊ ပညာ ရေးကူညီစောင့်ရှောက်ရေးအဖွဲ့က ကိုယ်ထူကိုယ်ထစာသင်ကျောင်းတွေကို ဆောက်လုပ်ပေးနေပါတယ်။
စစ်ရှောင်ကလေးသူငယ်တွေနဲ့ စစ်ကောင်စီရဲ့ကျောင်းတွေမှာ မတက်ရောက်ချင်သူတွေအတွက် ကိုယ်ထူ ကိုယ်ထ စာသင်ကျောင်း ၁၄ ကျောင်းကို ဖွင့်လှစ်ထားနိုင်ပြီလို့ သိရပါတယ်။
https://youtu.be/WdJ7V7a774Q
တင်ဆက်၊တည်းဖြတ် - KMN
#Mizzima
#ကိုယ်ထူကိုယ်ထစာသင်ကျောင်း
#စစ်ကိုင်းတိုင်း
#စစ်ရှောင်
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
"စစ်ဘေးရှောင် စာသင်ကျောင်းတွေမှာ စာအံသံတွေ ပြန်ကြားရပါပြီ"
KMN(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်းထဲက ခင်ဦး၊ ကန့်ဘလူ၊ ရေဦး၊ ကနီ စတဲ့ဒေသတွေက စစ်ဘေးရှောင်တွေထဲမှာ ပညာသင်ကြားနေတဲ့ ကလေးသူငယ်အရွယ်တွေပါဝင်နေပြီး သူတို့အတွက် အခြေခံပညာသင်ကြားမှု ရရှိ ဖို့လိုအပ်နေပါတယ်။
ပြည်သူတွေလှူဒါန်းတဲ့ငွေကြေးတွေနဲ့ စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေမှာ…

❤12👍6😁2
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ စစ်ဗိုလ်ချုပ်အချို့သွားတွေ့
=====================
001
(မဇ္စျိမ)။ ။နေပြည်တော်အချုပ်ထောင်တွင် ဖမ်းဆီးခံထားရသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ စစ်ဗိုလ်ချုပ်အချို့ သွားရောက်တွေ့ဆုံခဲ့ကြောင်း နေပြည်တော် သတင်းရင်း မြစ်အချို့ထံမှ သိရသည်။
စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) ဉက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယ ဗိုလ်ချုပ်ကြီးခင်ဇော်ဦး(ငြိမ်း)တို့က မေလ ၂၇ ရက်နေ့နှင့် ဇွန်လ ၄ ရက်နေ့တို့တွင် သွားရောက်တွေ့ဆုံ ခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်ကပြောသည်။
“ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဘာမှမှတ်ချက်မပေးဘူးလို့ သိရတယ်။ အခုက နှစ်ကြိမ်တွေ့တယ် ပေါ့။ မေ ၂၇ ရက်နေ့မှာတကြိမ်၊ ပြီးရင် ဇွန်လ ၄ ရက်နေ့မှာ တကြိမ်။ ဒါကတော့ ရက်အတည်ပြုလို့ ရတာ။ သည့်မတိုင်ခင် ရှေ့ပိုင်းမှာလည်း တွေ့နိုင်တဲ့အခြေအနေတွေရှိတယ်။ ဒါပေမဲ့ အတည်ပြုလို့မရဘူး” ဟု မဇ္ဈိမ၏ နေပြည်တော်သတင်းရင်းမြစ်က ဆိုသည်။
အဆိုပါတွေ့ဆုံမှုနှင့်ပတ်သက်၍ စစ်ကောင်စီဘက်မှ သတင်းတစုံတရာထုတ်ပြန်ခြင်း မရှိသေးသကဲ့သို့ တရားရုံးနှင့်နီးစပ်သူများကလည်း ယင်းကိစ္စကိုမသိရသေးကြောင်း မဇ္စျိမကို ပြောသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား စစ်ကောင်စီလက်အောက်ခံ အထူးတရားရုံး က အမှု ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ်ချမှတ်ခဲ့ပြီး နေပြည်တော်အချုပ်ထောင်တွင် ဖမ်းဆီးထိန်း သိမ်းထားခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအတွင်းက စစ်ကောင်စီ၏စီစဉ်ပေးမှုဖြင့် ဒေါ်စန္ဒာမင်းအပါအဝင် သုံးဦးသည် ဒေါ်အောင်ဆန်းစုကြည်ထံသွားရောက်တွေ့ဆုံခဲ့သော်လည်း အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့်မည် သည့်မှတ်ချက်မှပြန်မပေးကြောင်း ဒေါ်စန္ဒာမင်းက BBC Burmese နှင့် သီးသန့်အင်တာဗျူးတွင် ဖြေကြား ခဲ့သည်။
လက်ရှိတွင် စစ်ကောင်စီက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ထံ တပတ်လျှင် တကြိမ် ထောင်ဝင်စာပစ္စည်းပို့ခွင့်ပေးထားပြီး ရှေ့နေအဖွဲ့မှ အမှုကိစ္စအတွက် လူချင်းတွေ့ဆုံခွင့် တင်ပြ ထားသော်လည်း ခွင့်မပြုသေးပေ။ အသေးစိတ်ကို မဇ္ဈိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#အတိုင်ပင်ခံပုဂ္ဂိုလ်
#ဒေါ်အောင်ဆန်းစုကြည်
#စစ်ဗိုလ်ချုပ်
#တွေ့ဆုံ

👍23🤣4❤1🤔1
ဇွန်လ ၁၂ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8😁2
This media is not supported in your browser
VIEW IN TELEGRAM
ဒီတပတ်ရဲ့ သတင်းတုတွေ့ရှိချက်တွေကို ဂျူချန်းက တင်ဆက်ထားပါတယ်။
အပြည့်အစုံ ကြည့်ရန်
https://youtu.be/sqxjaQXpAMw
#Misinformation_Buster #Fake_News #reels #shorts #weekly_package

👍6😁2
ရွှေဘိုတွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ၊ အထိအခိုက်များဟုဆို
=======================
ရောင်နီ
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ကင်းပုန်း၀ပ်ရန် ထွက်ခွာလာသည့် စစ်ကောင်စီတပ်ကို မိုင်း၂၄လုံးဖြင့် ငါးနေရာခွဲ၍ တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း BurmaRanger (ShweBo) တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ရွှေဘိုတက္ကသိုလ်စစ်ဆေးရေးဂိတ်မှ ထွက်ခွာလာသည့် အင်အား ၅၀ ခန့်ပါ စစ်ကောင်စီတပ်ကို ဇွန်လ ၁၀ ရက်နေ့ နံနက် ၇ နာရီ၀န်းကျင်တွင် မိုင်းဆွဲ တိုက်ခိုက်ခြင်းဟု သိရသည်။ရွှေဘိုမြို့နယ် ကြက် မွေး မြူဇုန်အနီးတွင် နှစ်ကြိမ်၊ ယင်းဇုန်အတွင်းရှိ ရပ်ကွက်ရုံးနှင့်မင်းဘေးကျေးရွာဇရပ်အနီး၊ရွှေဘို- ကျောက်မြောင်းကားလမ်းပေါ်ရှိ ရွှေမိစက်သုံးဆီဆိုင်အနီးတို့တွင် တစ်ကြိမ်စီမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း BurmaRanger (ShweBo) တပ်ဖွဲ့ကထုတ်ပြန်ထားသည်။
"အဲ့ဒီစစ်ကြောင်းက ထီးချိုင့်ဖက်ကိုလည်း မွှေပြီး ပြန်သွားတာဗျ။ အခု ရွှေဘိုနယ်ထဲမှာ မိုင်းအတွဲလိုက်အဆွဲခံရတယ်ဗျ။ ရဲဘော်တွေ လှမ်းပြောတယ်။ စစ်တပ်လည်း တော်တော်လေး ဝရုန်းသုန်း ကားဖြစ်သွားတယ်" ဟု ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ထောက်ပို့ရဲဘော်တစ်ဦးက မဇ္ဈိမကိုပြောသည်။
မိုင်းဆွဲတိုက်ခိုက်မှုငါးကြိမ်တွင် စစ်ကောင်စီတပ်ဘက်မှ ၁၅ ဦးခန့် သေဆုံးကာ ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း BurmaRangers (ShweBo) တပ်ဖွဲ့က ဆိုသည်။
စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုစာရင်းသည် မြေပြင်ရဲဘော်များနှင့် ပြည်သူများ၏ မျက်မြင်အတည်ပြုချက်ဖြစ်ကြောင်း BurmaRangers (ShweBo) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
မိုင်းဆွဲတိုက်ခိုက်မှုတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် စစ်ကောင်စိီတပ်သားများကို ကျောက်မြောင်းမြို့မှ ထွက်ခွာလာသည့် မိုးကာအုပ် ၁၂ဘီးကားတစ်စီးက လာရောက်ခေါ်ဆောင်ကာ ရွှေဘိုမြို့၊လေ့ကျင့်ရေး(၈)အတွင်းသို့ မောင်းနှင်ဝင်ရောက်သွားခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မိုင်းဆွဲတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်ဘက်က ပစ်ခတ်ခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့ဘက်တွင် ထိခိုက်မှုမရှိကြောင်း သိရသည်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုတွင် မိုင်းအလုံးရေ ၂၄ လုံးအတွက် ငွေကျပ်သိန်း ၃၀ ကုန်ကျခဲ့ပြီး လက်နက်ခဲယမ်း လိုအပ်ချက်များရှိနေသောကြောင့် ပြည်သူများအနေဖြင့် ထောက်ပို့ကူညီပေးကြရန် BurmaRangers (ShweBo) တပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။
ထီးချိုင့်- သပိတ်ကျင်း- ကျောက်မြောင်း-ရွှေဘိုလမ်းပိုင်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်နှင့် ဖြတ်သန်းသွားလာသည့် စစ်ကောင်စီတပ်ယာဥ်တန်းများကို ကာကွယ်ရေးတပ်ဖွဲ့များက မကြာခဏ မိုင်းဆွဲတိုက်ခိုက်မှုများ ပြုလုပ်နေပြီး ထိခိုက်သေဆုံးမှုများလည်း ရှိနေသည်။
ယနေ့ဇွန်လ၁၂ရက် နံနက်ကလည်း ရွှေဘိုမြို့နယ်၊ သံဘိုကျေးရွာအနီး၌ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံများကပြောသည်။ ထိခိုက်မှုအခြေအနေကို မသိရသေးပေ။
ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် မိုင်းများ
စာတည်း - မောင်ကြီး
#mizzima
#ရွှေဘိုမြို့နယ်
#စစ်ကောင်စီတပ်
#မိုင်းဆွဲတိုက်ခိုက်

👍26🤣2❤1👏1