Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
စစ်ကောင်စီလက်ထက် ဆယ်တန်းအောင်သူတွေရဲ့ အနာဂတ်
===================

ဒီနေ့ ဇွန်လ ၉ ရက်နေ့မှာ စစ်ကောင်စီရဲ့ ပညာရေးဝန်ကြီးဌာနက ဆယ်တန်းအောင်စာရင်းတွေ ထုတ်ပြန် ကြေညာရာမှာ တပြည်လုံး အတိုင်းအတာအရ ၇၀ ရာခိုင်နှုန်းနီးပါး အောင်မြင်ကြပြီး ဂုဏ်ထူးထွက်သူ တွေလည်း များတာ တွေ့ရပါတယ်။

စစ်ကောင်စီလက်ထက် ဆယ်တန်းစာမေးပွဲကို ၂၀၂၂ - ၂၀၂၃ ခုနှစ်မှာ ဖြေဆိုသူ ၁၆၁၈၅ ရှိတဲ့အထဲက ၁၀၉၈၅၁ ဦး အောင်မြင်တာ ဖြစ်ပါတယ်။

စစ်ကောင်စီလက်ထက် ပထမဆုံး ကျင်းပတဲ့ ၂၀၂၂ ခုနှစ် ဆယ်တန်းစာမေးပွဲမှာ ဝင်ရောက်ဖြေဆိုသူပေါင်း ၃ သိန်းနီးပါး ရှိခဲ့တဲ့အတွက် ဒီနှစ်နဲ့ နှိုင်းယှဉ်ရင် ၁ သိန်းကျော် လျော့နည်းနေတာ တွေ့ရပါတယ်။

စစ်ကောင်စီ မတိုင်ခင် အရပ်သားအစိုးရ လက်ထက်မှာတော့ ဆယ်တန်းဖြေသူ ၉ သိန်းနီးပါးရှိပါတယ်။

https://youtu.be/UkgxPIUl3qM

#politics
#newsfeature
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6❤2😱2🔥1
Media is too big
VIEW IN TELEGRAM
တရားရုံးမှာ ထွက်ဆိုတဲ့ မင်းသားဟယ်ရီ “ခေတ်ရေစီး” | VOA On Mizzima

Watch more detail - https://youtu.be/PqwU60ir_b0

#VOA #VideoNews #တရားရုံးမှာ ထွက်ဆိုတဲ့ မင်းသားဟယ်ရီ “ခေတ်ရေစီး” #shorts #Reels
😁1
ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အီရန်လိုပဲ ရုရှားရှောင်ရှား | VOA On Mizzima
=====================

အနောက်နိုင်ငံက ပိတ်ဆို့မှု ဆန်ရှင်တွေကို ရှောင်ရှားဖို့အတွက် ရုရှားအနေနဲ့ အီရန်ကို အတုယူပြီး လိုက်လုပ်နေတယ်လို့ ဗြိတိန်အခြေစိုက် Royal United Services Institute သုတေသနအဖွဲ့က အစီရင်ခံစာ ‌ထုတ်ပြန်ပါတယ်။ Henry Ridgwell လန်ဒန်ကနေ သတင်း ပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။

https://youtu.be/EAMsVVESl7Y

#မဇ္ဈိမအတွက်ဗွီအိုအေ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🔥2
​​ရူပီးငွေကြေးဖြင့် ကုန်စည်ကူးသန်းရောင်းဝယ်ရန် မြန်မာအား အိန္ဒိယ တိုက်တွန်း
======================

လွယ်လင့်တကူ သဘောတူညီနိုင်မည်ဖြစ်သော လုပ်ထုံးလုပ်နည်းတစ်ရပ်အဖြစ် နှစ်နိုင်ငံ ငွေကြေးဖြင့် ကုန်သွယ်မှုကို ပေးချေဆောင်ရွက်ရေး၌ အရှိန်မြှင့်ဖော်ဆောင်ရန် မြန်မာအား အိန္ဒိယက တိုက်တွန်းထားကြောင်း ပို့ကုန်လုပ်ငန်းရှင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက တနင်္လာနေ့တွင် ပြောသည်။

အိန္ဒိယပို့ကုန်လုပ်ငန်းရှင်များမှ ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယသို့ ရောက်ရှိနေသော မြန်မာစစ်ကောင်စီ ကုန်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးနှင့် ကိုလ်ကတ္တားမြို့တွင် တွေ့ဆုံပြီး ကုန်သွယ်ရေး၌ နှစ်နိုင်ငံငွေကြေးကို အသုံးပြုရေးအား ဆွေးနွေးသည်။

“မြန်မာဝန်ကြီးက နှစ်နိုင်ငံငွေကြေးနဲ့ ကုန်သွယ်ရေး ဆောင်ရွက်မယ့် လုပ်ထုံးလုပ်နည်း မကြာခင် အကောင်အထည် ပေါ်စေရမယ်လို့ အာမခံပေးပါတယ်”ဟု Engineering Exoprt Promotion Council (EEPC)၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ ပီကေရှားက တွေ့ဆုံမှုအပြီး ရိုက်တာသို့ ပြောသည်။
😁10🔥2
This media is not supported in your browser
VIEW IN TELEGRAM
ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အီရန်လိုပဲ ရုရှားရှောင်ရှား | VOA On Mizzima

Watch more detail - https://youtu.be/EAMsVVESl7Y

#VOA #VideoNews #ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အီရန်လိုပဲ ရုရှားရှောင်ရှား #shorts #Reels
👍6🔥3
ဇွန်လ ၁၃ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥2
​​ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ‌၇၈ နှစ်ပြည့် မွေးနေ့ဆုတောင်းပွဲပြုလုပ်မည်
=======================

ကီရာ
(မဇ္ဈိမ)။ ။ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ တာကာဒါနိုဘာဘာအနီးရှိ တိုးရာမပန်းခြံတွင် ဇွန်လ ၁၈ ရက်နေ့ နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ ‌စစ်ကောင်စီ၏ မတရားဖမ်းဆီးခြင်းခံထားရသည့်နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၈ နှစ်ပြည့် မွေးနေ့‌ဆုတောင်းပွဲနှင့် ရန်ပုံငွေ ဈေးရောင်း ပွဲတော်ကို ဂျပန်ရောက် မြန်မာလူမျိုးများမှ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
“မွေးနေ့ဆုတောင်းပွဲ လုပ်ရတဲ့ရည်ရွယ်ချက်ကတော့ မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်း အကျဉ်းချခံထား ရတဲ့ လူထုခေါင်းဆောင်အနောက်မှာ ပြည်သူလူထုက တသားတည်းအတူရှိပြီး ထောက်ခံအားပေးနေ တယ်ဆိုတာကိုပြသချင်တဲ့အတွက်ရယ် နောက်တခုက မွေးနေ့ရှင်မရှိတဲ့အတွက် သူ့ကိုယ်စား သူ့ကိုချစ် ခင်လေးစား တန်ဖိုးထားတဲ့သူတွေက မွေးနေ့အလှူဒါနပြုလုပ်ပေးချင်တာရယ်ကြောင့် ဖြစ်ပါတယ်”ဟု ပွဲဖြစ်မြောက်ရေး လုပ်ဆောင်နေသည့် Spring Festival မှ စီစဉ်သူတဦးက ပြောသည်။

ယခုဆုတောင်းပွဲသည် ဒုတိယအကြိမ် ပြုလုပ်ခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် ပထမအကြိမ်အဖြစ် ကျင်းပခဲ့ ပြီး ရရှိခဲ့သည့် အလှူငွေသိန်း၈၀၀ ကျော်ကို စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည့် ကျေးရွာများ ပြန်လည်တည်ဆောက်ရေးတွင် အသုံးပြုခဲ့ကြောင်း သိရသည်။

ဇွန်လ ၁၈ ရက်နေ့တွင် ပြုလုပ်မည့် ဆုတောင်းပွဲ၌ ဒေါ်အောင်ဆန်းစုကြည်၏ ‌ဆုံးမဩဝါဒများကိုဖတ် ကြားခြင်းနှင့် ၎င်း၏ ထင်ရှားကျော်ကြားသည့် မှတ်ချက်စကားများကိုလည်း ဓာတ်ပုံမှတ်တမ်းအဖြစ် ပြသ ထားမည်ဟု သိရသည်။

မွေးနေ့ဆုတောင်းပွဲအမှတ်တရ ကံစမ်းမဲအစီအစဉ်လည်းလုပ်ဆောင်ထားပြီး ကံစမ်းမဲလက်မှတ် တစောင် လျှင် ယန်း ၁၅၀၀ သတ်မှတ်ထားပြီး လက်မှတ်စောင်ရေ ၇၈၀ သာ ထုတ်ဝေထားကြောင်း သိရသည်။

ပွဲသို့ လာရောက်သည့် ပထမဆုံး လူအယောက် ၁,၀၀၀ အတွက် ဒေါ်အောင်ဆန်းစုကြည်၏ လက်မှတ်ပါ သည့် လက်ကိုင်ပဝါများကို လက်ဆောင်ပေးသွားမည်ဖြစ်ပြီး လာရောက်သူများမှ မွေးနေ့ဆုတောင်းများ ရေးသားနိုင်ရန် နေရာတခုလည်း စီစဉ်ပေးထားမည်ဖြစ်သည်။

လာမည့် ဇွန်လ ၁၉ ရက်နေ့တွင် အသက် ၇၈ နှစ်ပြည့်မြောက်မည်ဖြစ်သည့် မွေးနေ့ရှင် ဒေါ်အောင်ဆန်း စုကြည်သည် ‌စစ်ကောင်စီမှစွပ်စွဲထားသည့် အမှု ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ် ကျခံထားရပြီး လက် ရှိတွင် နေပြည်တော်အချုပ်ထောင်၌ ဖမ်းဆီးခံထားရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ဒေါ်အောင်ဆန်းစုကြည်
#ဂျပန်နိုင်ငံ
#တိုကျိုမြို့
#မွေးနေ့ဆုတောင်းပွဲ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤32👍4😁2
အာဆီယံသဘောတူညီချက်ငါးချက် အကောင်ထည်ဖော်ရန် စစ်ကောင်စီကို အင်ဒိုနီးရှားနဲ့ မလေးရှား ထပ်မံတိုက်တွန်း
=================

မြန်မာ့အကျပ်အတည်း ဖြေရှင်းရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို မြန်မာ စစ်ကောင်စီဘက်က လိုက်ပါ အကောင်အထည်ဖော်ဖို့ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံခေါင်းဆောင်တွေက အတူတကွ ထပ်မံတိုက်တွန်းလိုက်ပါတယ်။

လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကိုဝီဒိုဒိုက မလေးရှားနိုင်ငံကို ဇွန်လ ၇ ရက်ကနေ ၈ ရက်အထိ သွားရောက်ခဲ့တဲ့ ၂ ရက်ကြာ ချစ်ကြည်ရေးခရီးစဉ်အတွင်း မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်နဲ့ တွေ့ဆုံဆွေးနွေးရာမှာ ခေါင်းဆောင် ၂ ဦးစလုံးက အခုလို တိုက်တွန်းခဲ့တာလို့ မလေးရှားနိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည် ဖော်ရေး အပါအဝင် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ လုံခြုံရေး ကိစ္စတွေနဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။

https://youtu.be/ZkYSVqg5OKQ

#politicalnews
#newsfeature
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😁14👍3
This media is not supported in your browser
VIEW IN TELEGRAM
ကွန်ဂိုအရှေ့ပိုင်းတိုက်ခိုက်မှုအတွင်း ကလေးငယ်တွေအပါအဝင် လူ ၄၆ ဦးသေဆုံး

https://www.facebook.com/reel/1014613963227322

#International #MizzimaTV #Reelse #shorts
😁4
Media is too big
VIEW IN TELEGRAM
အာဆီယံသဘောတူညီချက်ငါးချက် အကောင်ထည်ဖော်ရန် စစ်ကောင်စီကို အင်ဒိုနီးရှားနဲ့ မလေးရှား ထပ်မံတိုက်တွန်း

Watch more detail - https://www.youtube.com/watch?v=ZkYSVqg5OKQ

#politicalnews #reels #shorts #Asian #Malaysia #Indonesia
😁10👍2🤔2
​​တာမွေမြို့နယ် လျှပ်စစ်ရုံးကို မြို့ပြပြောက်ကျားများ ဗုံးခွဲတိုက်ခိုက်
====================

ဂန္ဒမာ
(မဇ္ဈိမ)။ ။ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက်ရှိ မြို့နယ်လျှပ်စစ်ရုံး၌ ယနေ့ ဇွန်လ ၁၃ ရက်နေ့ နံနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

Freeland Attack Force (FLA) နှင့် Anonymous Fighters Force(AFF)တို့က ဦးဆောင်၍ ပူးပေါင်း မဟာမိတ်အဖွဲ့ဖြစ်သည့် Emerald Girls Army (EGA)တို့က ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း FLA အဖွဲ့ကထုတ်ပြန်ထားသည်။

“စစ်ကောင်စီလက်အောက်ခံ‌ ထောက်တိုင်လည်းဖြစ်တယ်၊ ပြည်သူတွေကိုလည်း မီတာခတွေနဲ့ပတ်သက် ပြီး ခြိမ်းခြောက်တောင်းခံလာတာတွေ၊ မီတာရုံး၀န်ထမ်းတွေက ခြိမ်းခြောက်ပြောဆိုတာတွေ ပိုလုပ်လာ လို့လုပ်ခဲ့တာပါ” ဟု တိုက်ခိုက်မှုပြုလုပ်ရသည့်အကြောင်းကို FLA အဖွဲ့တာဝန်ခံကိုနေမျိုးနွယ်က မဇ္ဈိမ သို့ပြောသည်။
ဗုံးပစ်တိုက်ခိုက်မှုအား ည ၁၂ နာရီ ၁၂ မိနစ်တွင် တကြိမ်၊ ည ၁၂ နာရီ ၃၇ မိနစ်တွင်တကြိမ် စုစုပေါင်း နှစ် ကြိမ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

“ပေါက်ကွဲတဲ့နေရာကို ကင်းလှည့်‌နေတဲ့ကားတွေ သွားတယ်သိရတယ်။ ဒုတိယအလုံးကွဲတော့ အိမ်‌တွေပါ တုန်ခါတယ်ဆိုပြီး ပြန်ကြားရတယ်။ သွားတဲ့ ကင်းကားတွေရဲ့ နောက်ဆက်တွဲအခြေအနေကို စုံစမ်းနေ တယ်” ဟု တာဝန်ခံကိုနေမျိုးနွယ်က ပြောသည်။

တိုက်ခိုက်မှုပြုလုပ်သည့် တာမွေ လျှပ်စစ်ရုံးသည် အာဏာသိမ်းပြီးကာလမှစတင်ကာ ရုံးအတွင်း၊ အပြင်၌ စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင်များအား အစောင့်အကြပ်ဖြင့် ချထားပြီး လုံခြုံရေးတင်းကြပ်ထား သည့်နေရာဖြစ်သည်။

ဖောက်ခွဲမှုပြုလုပ်သည့် အဖွဲ့ဝင်များအနေဖြင့် အန္တရာယ်ကင်းစွာဆုတ်ခွာလာနိုင်သည်ဟု အဖွဲ့၏ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

ယခင်က ရုံးအရှေ့၌ လုံခြုံရေးယူနိုင်ရန် သဲအိတ်သာကာထားသော်လည်း ယခုတွင်ဘန်ကာ အခိုင်အမာ ဆောက်ထားကြောင်းလည်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#ရန်ကုန်တိုင်း
#တာမွေမြို့နယ်
#မြို့နယ်လျှပ်စစ်ရုံး
#ဗုံးပေါက်ကွဲမှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍21😁2👏1
အိန္ဒိယအခြေစိုက် တောင်အာရှ သတင်းထောက်အသင်းဥက္ကဋ္ဌ စစ်ကောင်စီနဲ့တွေ့ဆုံအပြီး အသင်းဝင်တွေနုတ်ထွက်
===================

အိန္ဒိယနိုင်ငံက နိုင်ငံခြားသတင်းထောက်များ အသင်း (FCC) ရဲ့ ဥက္ကဋ္ဌ ဗင်းကတ် နာရာယန် (Venkat Narayan) ဟာ အရင်အပတ်က မြန်မာနိုင်ငံကိုသွားရောက်ခဲ့ပြီး စစ်ကောင်စီ တာဝန်ရှိသူတချို့နဲ့ နေပြည်တော်မှာတွေ့ဆုံခဲ့တာကို ကန့်ကွက်တဲ့အနေနဲ့ အဲဒီအသင်းရဲ့ အဓိကအဖွဲ့ဝင် ၁၀ ယောက် အသင်းကနေနုတ်ထွက်ကြောင်းကြေညာခဲ့ကြတယ်လို့ အိန္ဒိယနိုင်ငံ အခြေစိုက် The Hindu သတင်းစာမှာ ဖော်ပြထားပါတယ်။

အိန္ဒိယအခြေစိုက် တောင်အာရှ နိုင်ငံခြားသတင်းထောက်များအသင်း (The Foreign Correspondents' Club of South Asia) ဥက္ကဋ္ဌ ဗင်းကတ် နာရာယန် S. Venkat Narayan ဟာ စစ်ကောင်စီလက်အောက်ခံ Global New Light of Myanmar သတင်းစာရဲ့ ဖိတ်ကြားချက်အရ ပြီးခဲ့တဲ့ သီတင်းပတ်က နေပြည်တော်ကို သွားရောက်ပြီး စစ်ကောင်စီ ဝန်ကြီးလေးဦးနဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲဒီလို တွေ့ဆုံပြီးနောက် FCC South Asia အသင်းဝင် သတင်းထောက်ဆယ်ဦး နုတ်ထွက်လိုက်ကြတယ်လို့ အိန္ဒိယ The Wire သတင်းက ဇွန်လ ၁၂ ရက်နေ့က ဖော်ပြပါတယ်။

https://youtu.be/UB4OSM7EOOE

#politicalnews
#newsfeature
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👏18👍2🔥2
Media is too big
VIEW IN TELEGRAM
အိန္ဒိယအခြေစိုက် တောင်အာရှ သတင်းထောက်အသင်းဥက္ကဋ္ဌ စစ်ကောင်စီနဲ့တွေ့ဆုံအပြီး အသင်းဝင်တွေနုတ်ထွက်

Watch more detail - https://www.youtube.com/watch?v=UB4OSM7EOOE

#politicalnews #reels #shorts
👍10😁3🥴1
ဇွန်လ (၁၃)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
==================

01:06 − ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီဟာ အခြားသောပြည်နယ်တွေရဲ့ စံနမူနာဖြစ်စေဖို့ မျှော်လင့်ကြောင်း NUG ယာယီသမ္မတပြောကြားလိုက်တဲ့သတင်း

02:49 − နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဆီကို စစ်ဗိုလ်ချုပ်အချို့သွားတွေ့တဲ့သတင်း

04:29 − အိန္ဒိယအခြေစိုက် တောင်အာရှ သတင်းထောက်အသင်းဥက္ကဋ္ဌ စစ်ကောင်စီနဲ့ တွေ့ဆုံအပြီး အသင်းဝင်တွေနုတ်ထွက်ကြတဲ့သတင်းနဲ့

10:08 − CCTV ကြောင့် ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်တွေများလာတာကြောင့် မလိုအပ်ဘဲမတပ်ဆင်ကြဖို့အတွက် တော်လှန်ရေးအင်အားစုတွေ တောင်းဆိုလိုက်တဲ့သတင်းအပါအဝင် အခြားအရေးကြီးသတင်းတွေ၊ စိတ်ဝင်စားဖွယ်သတင်းတွေ နဲ့ ဒီကနေ့အတွက် ငွေလဲနှုန်းနဲ့ကုန်စျေးနှုန်း တွေကိုလည်း တင်ဆက်ပေးသွားမှာပါ။

https://youtu.be/A1B4j_xTRdE

#12pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍11❤1😁1🍌1
This media is not supported in your browser
VIEW IN TELEGRAM
အင်အားပြသမှုအဖြစ် နေတိုးရဲ့မကြုံစဖူးလေကြောင်းလေ့ကျင့်မှုကိုစတင်

https://www.facebook.com/reel/1626434047852700

#internationalnews #reels #shorts #Mizizma
👍12🔥2😁2🤣1
​​စစ်ကောင်စီထောက်ခံသူရဲ့ လုပ်ရပ်ကြောင့် ထိတ်လန့်နေရတဲ့ ဟင်္သာတမြို့ခံများ
======================

အယ်ဒီတာထံပေးစာ
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့က စီးပွားရေးလုပ်ငန်းရှင်‌တွေကို NUG ၊ PDF အဖွဲ့အစည်းတွေနဲ့ မပတ်သက်ကြဖို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲ တပ်ဖွဲ့ဝင်တွေက ခေါ်ယူသတိ ပေးခဲ့ပါတယ်။

ဟင်္သာတမြို့ပေါ်က ဆန်ပွဲစား၊ ပဲပွဲစားနဲ့ အခြားစီးပွားရေးလုပ်ငန်းရှင်‌တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်‌တွေက ဇွန်လ ၈ ရက်နေ့က ခေါ်ယူ သတိပေးခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီလို ခေါ်ယူစစ်ဆေးခံရတာဟာ ဟင်္သာတမြို့ပေါ်မှာနေတဲ့ ကြံ့ခိုင်ရေးပါတီနဲ့ စစ်ကောင်စီထောက်ခံအားပေးသူ ဦးမြင့်သိန်းဦးရဲ့ လက်ချက်ဖြစ်တယ်လို့ သိထားရပါတယ်။

အဲ့ဒီလူက သူနဲ့မတည့်တဲ့သူတွေကို ဒီလို လိုက်လုပ်နေတာ ကြာပါပြီ၊ အရင်တုန်းက NLD ကို အားပေးထောက်ခံခဲ့တဲ့သူတွေ အဓိကခေါ်စစ်ခံရတယ်လို့သိရတယ်။ ဖမ်းတာမျိုးတော့မဟုတ်ဘူး ခေါ်ပြီးသတိပေးတဲ့ပုံစံပါ။

ဟင်္သာတမြို့မှာရှိတဲ့ သရဖူ ပဲမျိုးစုံနှင့်အထွေထွေရောင်းဝယ်ရေး၊ Emerald Silk & Fabric ပိုးထည်တိုက်များနဲ့ Happy Guesthouse ပိုင်ရှင်၊ Sakura Hospital Hinthada နှင့် Galaxy KTV နဲ့ စားသောက်ဆိုင်ရဲ့ ရှယ်ယာဝင်တစ်ဦးဖြစ်သူ ဦးမြင့်သိန်းဦးဟာ ဟင်္သာတမြို့မှာ စစ်ကောင်စီကို အများဆုံး ပံ့ပိုးနေတဲ့သူလည်း ဖြစ်ပါတယ်။

ဟင်္သာတမြို့မှာ စစ်တပ်ထောက်ခံပွဲလုပ်ရင်လည်း ကားစီစဥ်ပေးတာတွေကို ဦးမြင့်သိန်းဦးက ကူညီဆောင်ရွက်ပေးပါတယ်။ မနှစ်က ပြည်ထောင်စုနေ့ (၁၂. ၂. ၂၀၂၂) မှာလည်း အားကာတန်းမှာရှိတဲ့ သူ့ရဲ့ Emerald ပိုးထည်တိုက်အပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် စနိုက်ပါသမားတွေက နေရာယူစောင့်ကြည့်ခဲ့တာတွေ ရှိခဲ့ပါတယ်။

စစ်ကောင်စီက ကျင်းပတဲ့ သင်္ကြန်ပွဲ လူစည်ကားအောင်လည်း ဟင်္သာတသင်္ကြန် ဗဟိုမဏ္ဍပ်ဖြစ်မြောက်ရေးကို ဦးဆောင်ပြီး ပြုလုပ်ခဲ့တဲ့သူ ဖြစ်ပါတယ်။

ဦးမြင့်သိန်းဦးဟာ ငွေကြေးပြည့်စုံသူဖြစ်တာကြောင့် လူမိုက်တွေမွေးပြီး စစ်ကောင်စီအတွက် သတင်းထောက်လှမ်း ခိုင်းတာတွေကိုလည်း လုပ်ပါတယ်။ ပေါ်ပေါ်ထင်ထင် စစ်ကောင်စီကို ထောက်ပံ့နေတာမျိုးမဟုတ်ဘဲ နောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့သူလည်း ဖြစ်ပါတယ်။

သူ့တပည့်လူမိုက်တွေရဲ့လုပ်ရပ်တွေကြောင့် ဟင်္သာတမြို့မှာ အဖမ်းခံရတဲ့သူတွေ ရှိပါတယ်။ ဦးမြင့်သိန်းဦးဟာ ငွေကြေးချမ်းသာတဲ့အပြင် ဟင်္သာတမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီနဲ့ ပူးပေါင်းနေတာကြောင့် ဘယ်သူကမှ သူ့မကောင်းကြောင်း မပြောရဲကြပါဘူး။
အဲ့ဒီအပြင် ဟင်္သာတမြို့အခြေစိုက် ခလရ (၁၈) က စစ်တပ်အရာရှိတွေ၊ ရဲအရာရှိတွေနဲ့ ဟင်္သာဂေါက်ကွင်းမှာ ဂေါက်ရိုက်တာတွေ ၊ Galaxy KTVမှာ စားသောက်တာတွေလည်း မကြာခဏပြုလုပ်ပါတယ်။

ဦးမြင့်သိန်းဦးဟာ ဟင်္သာတမြို့သား ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌဟောင်း ဦးဌေးဦးနဲ့အတူ စီးပွားရေးလုပ်တာတွေလည်းရှိပြီး လက်ရှိမှာ စစ်ကောင်စီရဲ့ ဒေါက်တိုင်အကြီးစားဖြစ်နေလို့ ကျွန်တော်တို့မြို့ကလူတွေက သူ့ကိုရွံကြောက်ကြီးလို ဖြစ်နေပါတယ်။

အများပြည်သူ သိရှိနိုင်ဖို့ မဇ္စျိမရဲ့ အယ်ဒီတာထံပေးစာကတစ်ဆင့် ရေးသားဖော်ပြလိုက်ပါတယ်။

ဟင်္သာတမြို့ခံလူငယ်များ

#အယ်ဒီတာထံပေးစာ
#ဧရာဝတီတိုင်း
#ဟင်္သာတမြို့
#စစ်ကောင်စီ
ဓာတ်ပုံ- စစ်တပ်ထောက်ခံသူ ဦးမြင့်သိန်းဦး (ပေးပို့)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬12👍7🔥4😢2💩2