Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​မြန်မာတွင် စစ်အာဏာသိမ်းပြီးနောက် ပထမလပေါင်း ၂၀ အတွင်း အရပ်သား ၆,၀၀၀ ခန့် သတ်ဖြတ်ခံရပြီး အစောပိုင်းခန့်မှန်းချက်များထက် ပိုများနေဟု အစီရင်ခံစာတွင် ဖော်ပြ
====================

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ပထမဆုံး လ ၂၀ အတွင်း အရပ်သားပြည်သူ ၆,၀၀၀ ထက်မနည်း သတ်ဖြတ်ခံရသည်ဟု အော်စလို ငြိမ်းချမ်းရေး သုတေသန အင်စတီကျု(PRIO) က ယနေ့ ထုတ်ပြန်သည့် အစီရင်ခံစာတစ်ရပ်တွင် တွေ့ရှိသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬6😢6❤2🔥2
​​စစ်ကောင်စီ အခြေစိုက်ရာ နေပြည်တော်တွင် ဂိတ်စခန်း ၂ ခု တိုက်ခိုက်ခံရ
=================

001
(မဇ္စျိမ) ။ ။အာဏာသိမ်းစစ်ကောင်စီ အခြေစိုက်ရာ နေပြည်တော်တွင် လုံခြုံရေးဂိတ်စခန်းနှစ်ခု ယမန် နေ့ ဇွန်လ ၁၂ ရက်က တိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံများနှင့် နေပြည်တော်သတင်းရင်းမြစ်အချို့က မဇ္ဈိမကို ပြောသည်။

နေပြည်တော် လယ်ဝေးမြို့နယ်၊ အမှတ် (၄) ရပ်ကွက်ရှိ လယ်ဝေးမြို့မရဲစခန်းဂိတ်နှင့် ဇမ္မူသီရိမြို့နယ် MICC-2 ထိပ်ရှိ ဂိတ်ကင်းတဲတို့ လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။

စစ်ကောင်စီ၏ လယ်ဝေးမြို့မ ရဲစခန်းအဝင်ဂိတ်သည် ယမန်နေ့ ညနေ ၅ နာရီဝန်းကျင်က လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ပြီး ရဲအုပ်အပါအဝင် ရဲတပ်သားအချို့ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း နေပြည်တော် သတင်းရင်းမြစ်တဦးက ပြောသည်။

အဆိုပါ တိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း မရှိကြောင်းသိရပြီး မည်သည့် အဖွဲ့က လုပ်ဆောင်သည်ဆိုသည်ကိုမူ မသိရသေးပေ။

“ညက ၉ နာရီ မာရှယ်လောဆိုပြီး အဲဒီလိုမျိုး ကြားလိုက်တယ်၊ အဲဒီနောက်ပိုင်း ဆိုင်တွေဘာတွေတော့ အစောပိတ်သွားတာကြားမိတယ်၊ အခုလက်ရှိကတော့ လယ်ဝေးမြို့ထဲမှာ ပုံမှန်အတိုင်းပါပဲ ဘာမှတော့ ထူးထူးခြားခြားဖြစ်တာတော့ မရှိဘူး” ဟု လယ်ဝေးဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

ရဲစခန်းအဝင်ဂိတ် တိုက်ခိုက်ခံရမှုကြောင့် ရဲတပ်သားတဦးသေဆုံးပြီး ရဲအုပ်အပါအဝင် နှစ်ဦးဒဏ်ရာရရှိ ကြောင်း သတင်းထွက်ပေါ်နေသော်လည်း မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
အလားတူ MICC-2 ထိပ်ရှိ စစ်ကောင်စီဂိတ်သည် ဇွန်လ ၁၂ ရက်နေ့ ည ၈ နာရီဝန်းကျင်တွင် တိုက်ခိုက် ခံခဲ့ရခြင်းဖြစ်ပြီး ထိခိုက်သေဆုံးမှုအချို့ရှိနိုင်သော်လည်း တိတိကျကျမသိရသေးကြောင်း နေပြည်တော် သတင်းရင်းမြစ်က ပြောသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်တွင် စစ်သား၊ ရဲများဖြင့် လုံခြုံရေးတင်းကျပ် ထားသော်လည်း စစ်ကောင်စီ၏ ဂိတ်ကင်းတဲများ၊ စစ်ကောင်စီနှင့်ဆက်စပ်သည့်နေရာများတွင် ဗုံးပေါက် ကွဲမှုများ မကြာခဏဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ

#‌နေပြည်တော်ဂိတ်
#တိုက်ခိုက်ခံရ
#စစ်ကောင်စီအခြေစိုက်
#Mizzima
​ဓာတ်ပုံ- နေပြည်​တော်၊ ဇမ္မူသီရိမြို့နယ်၊ သ​ပြေကုန်းအဝိုင်းမြင်ကွင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19❤6👏4😁2
ဇွန်လ (၁၃)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
======================

01:00 - အာဆီယံသဘောတူညီချက်ငါးချက် အကောင်ထည်ဖော်ဖို့ စစ်ကောင်စီကို အင်ဒိုနီးရှားနဲ့ မလေးရှား ထပ်မံတိုက်တွန်းလိုက်တဲ့ သတင်း

04:02 - မိုးဗြဲတိုက်ပွဲမှာ လက်နက်ကြီးကျည်အချို့ စစ်ကောင်စီတပ်သားတွေကိုပြန်မှန်ပြီး သေဆုံးတာတွေရှိနေတဲ့ သတင်း

05:51 - တာမွေမြို့နယ် လျှပ်စစ်ရုံး ဗုံးခွဲတိုက်ခိုက် ခံရတဲ့ သတင်းနဲ့

10:09 - အင်အားပြသမှုအဖြစ် နေတိုးရဲ့မကြုံစဖူးလေကြောင်းလေ့ကျင့်မှုကိုစတင်တဲ့ သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/hOE4Yn5Z9fE

#2pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍12❤3😁1🥱1
​​ဖမ်းဆီးခံ PDF ၂ ဦးအား စစ်ကောင်စီက စခန်းတည်နေရာလိုက်ပြခိုင်းစဉ် မိုင်းဆွဲတိုက်ခိုက်ပြီး ကယ်ထုတ်
================

ရွှေနွယ်
ကြို့ပင်ကောက်မြို့မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးအား စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ပဲခူးရိုးမအတွင်းရှိ စခန်းတည်နေရာများကို လိုက်ပြခိုင်းစဉ် PDF တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ပြီး အဆိုပါ ဖမ်းဆီးခံတပ်ဖွဲ့ဝင်နှစ်ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်းသတင်းရရှိသည်။

ကြို့ပင်ကောက်ဟီးရိုးပြောက်ကျားတပ်ဖွဲ့မှ ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးကို ဇွန်လ ၁၁ရက်ညနေတွင် ကယ်ထုတ်နိုင်ခဲ့ခြင်းဟု သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
၎င်းက "အဖမ်းခံရပြီးတဲ့နောက် ရဲစခန်းကိုခေါ်လာတာသတင်းရတယ်။ အဲ့နောက်သူတို့စစ်ကြောင်းထိုးရာမှာခေါ်လာတာကိုလည်း သတင်းထောက်လို့ရတယ်။ အဲ့တာကြောင့် ကိုယ့်လူတွေပြန်လွတ်ဖို့အတွက်စောင့်ကြိုမိုင်းဆွဲတာပါ"ဟု ပြောသည်။

ကြို့ပင်ကောက်ဟီးရိုးပြောက်ကျားတပ်ဖွဲ့မှ ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးသည် ပြီးခဲ့သည့် ဇွန်လ၈ ရက်နေ့က တာဝန်ဖြင့် သွားလာနေစဉ် ရန်ကုန်-မန္တလေးအမြန်လမ်းတနေရာတွင်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ထို့နောက်တွင် စစ်ကောင်စီတပ် အင်အား ၁၀၀ ခန့်က ၎င်းတို့နှစ်ဦးအားခေါ်ဆောင်၍ ကြို့ပင်ကောက်မြို့နယ်နှင့် အုတ်ဖိုမြို့နယ်သို့ စစ်ကြောင်းထိုးရောက်ရှိလာပြီး ပဲခူးရိုမထဲရှိ PDFစခန်းတည်နေရာများအား လိုက်လံပြသခိုင်းစဉ် ပြည်သူ့ကာကွယ်ရေးရဲဘော်များက ကယ်ထုတ်ခြင်းဟု သိရသည်။

မိုင်းဆွဲတိုက်ခိုက်မှုကို ဇွန်လ ၁၁ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ကြို့ပင်ကောက် ဟီးရိုးပြောက်ကျားတပ်ဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ဖြစ်စဉ်အတွင်း တပ်ဖွဲ့ဝင်နှစ်ဦးမှာ ဒဏ်ရာများဖြင့်ထွက်ပြေးလွတ် မြောက်လာပြီး လက်ရှိတွင် သက်ဆိုင်ရာစခန်းသို့ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း သိရသည်။စစ်ကောင်စီဘက်မှ ထိခိုက်မှုများရှိသည်ဟု သတင်းရရှိသော်လည်း မဇ္ဈိမအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

လက်ရှိတွင် ပဲခူးတိုင်းအနောက်ခြမ်း၌ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး စစ်ရေးအခြေအနေလည်း တင်းမာနေကြောင်း ပဲခူးတိုင်းအနောက်ခြမ်းမှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

စာတည်း - မောင်ကြီး

#mizzima
#ကြို့ပင်ကောက်မြို့
#ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး
#ကယ်ထုတ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍30❤5😁3
“ဗေဒါပျံ အံကိုခဲ၊ ပန်းပန်လျက်ပဲ” စာတန်းကိုင်စွဲ ဆန္ဒပြ
👍15❤5🔥1😁1
“ဗေဒါပျံ အံကိုခဲ၊ ပန်းပန်လျက်ပဲ” စာတန်းကိုင်စွဲ ဆန္ဒပြ
====================

ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်နှင့် ဆားလင်းကြီးကျေးရွာများမှ စုပေါင်း ၍ ရွာပေါင်းစုံသပိတ်သည် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ (၈၁၅) ရက်မြောက်အဖြစ် ယနေ့ ဇွန်လ ၁၃ ရက်တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။

လူထုသပိတ်စစ်ကြောင်းသည် “ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ” စာတန်းကို ကိုင်စွဲပြီး စစ်အာဏာရှင်အလိုမရှိကြောင်း ကြွေးကြော်သံများ ဟစ်ကြွေးကာ ချီတက်ခဲ့ကြခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တိုက်ပွဲဝင် အမျိုးသမီးများကို ဂုဏ်ပြုလိုခြင်းကြောင့် “ဗေဒါပျံ အံကိုခဲ၊ ပန်းပန်လျက်ပဲ” စာတမ်းကို ကိုင်စွဲချီတက်ခဲ့ခြင်းဖြစ်ကြောင်း ရွာပေါင်းစုံသပိတ် ဦးဆောင်သူတစ်ဦးက ပြောသည်။

ဇွန်လ ၁၉ရက်နေ့သည် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်မြောက်မွေးနေ့ဖြစ်ပြီး ၎င်းနှင့်အတူ ထောင်တွင်းအကျဉ်းကျခံနေရသည့် အမျိုးသမီးရဲဘော်များ ၊ ကျဆုံး အမျိုးသမီးရဲဘော်များ ၊ လက်နက်စွဲကိုင်တိုက်ပွဲအတွင်းက အမျိုးသမီးများ ၊ သပိတ်တိုက်ပွဲများမှာ ပူးပေါင်း ဝန်းရံနေသောအမျိုးသမီးများ အပါဝင် တော်လှန်ရေး လုပ်ငန်းစဉ်တိုင်းမှာ ပါဝင်နေသော အမျိုးသမီးများအားလုံးကို ဂုဏ်ပြုလိုခြင်းဖြစ်ကြောင်း ဆိုသည်။

ရွာပေါင်းစုံသပိတ်သည် ကျဆုံးသွားသော အာဇာနည်အပေါင်းကို ဦးညွတ်အလေး ပြုခဲ့ကြပြီး သွေးသစ္စာသီချင်းသံပြိုင်သီဆိုကာ ကြွေးကြော်သံများဖြင့် ဆန္ဒပြပွဲကို အဆုံးသတ်ခဲ့ကြောင်း သိရသည်။
ယင်းမာပင်နှင့် ဆာလင်းကြီးကျေးရွာပေါင်းစုံစစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်မှ စတင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြနေသည့် သပိတ်စစ်ကြောင်း ဖြစ်သည်။

စာတည်း။ ။ နောင်နောင်

#ဆန္ဒပြ
#ရွာပေါင်းစုံသပိတ်
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17❤5🔥1😁1
This media is not supported in your browser
VIEW IN TELEGRAM
တရုတ်နိုင်ငံဘက်သို့ သံတမန်ဆက်ဆံရေးပြောင်းလဲခဲ့တဲ့ ဟွန်ဒူးရပ်စ်ကို အထောက်အပံ့တွေပေးအပ်ဖို့ ရှီကျင့်ဖျင်ကတိပြု

https://www.facebook.com/reel/219061177671059

#internationalnews #reels #shorts #China #Mizzima
😁6🔥1
​​ကရင်နီပြည်နယ် မယ်စဲ့မြို့မရဲစခန်း သိမ်းပိုက်ခံရပြီး စခန်းမှူး သေဆုံး
=================

ဂျူချန်း
(မဇ္ဈိမ)။ ။ကရင်နီပြည်နယ်၊ မယ်စဲ့မြို့မြောက်ပိုင်းရပ်ကွက် ဆေးရုံအနီးရှိ မယ်စဲ့မြို့မရဲစခန်းကို ယနေ့ ဇွန်လ ၁၃ ရက်နေ့ နံနက်အစောပိုင်းတွင် တော်လှန်ရေးအဖွဲ့များမှ ဝင်ရောက်စီးနင်းသိမ်းပိုက်ခဲ့ပြီး တိုက်ပွဲအတွင်း စခန်းမှူးပါသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“တော်တော်များများတော့ ကျတာများမယ်။ သေချာတာတော့ နာမည်ကြီးတဲ့ စခန်းမှူးကျသွားပြီ။ အခု သူတို့ (တော်လှန်ရေးတပ်) ရဲစခန်းမှာ တပ်စွဲထားပြီး ဌာနဆိုင်ရာ အကုန်လုံးကိုချုပ်ထားလိုက်ပြီ ” ဟု ဒေသခံတဦးက မဇ္ဈိမသို့ အတည်ပြုပြောသည်။

မယ်စဲ့မြို့မရဲစခန်းအား ယနေ့ ဇွန်လ ၁၃ ရက် နံနက် ၄ နာရီ ၅၀ မိနစ်ခန့်တွင် ဝင်ရောက်စီးနင်းခဲ့ပြီး ၅ နာရီကျော်ခန့်တွင် နှစ်ဖက်ပစ်ခတ်သံများကြားခဲ့ရကာ ၁၁ နာရီခန့်တွင် ရဲစခန်းတွင်းသို့ ဝင်ရောက်စီးနင်း နိုင်ခဲ့ကြောင်း ဆိုသည်။

မယ်စဲ့မြို့မရဲစခန်းတွင် ရဲအင်အား ၃၀ ဦးခန့်ရှိပြီး သေဆုံးခဲ့သည့် စခန်းမှူးသည် အဆိုပါရဲစခန်းတွင် တနှစ် ကျော်ခန့်သာ တာဝန်ထမ်းဆောင်ခဲ့ရသေးသည်။ သို့သော် အရပ်သားများအပေါ် အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးကာ ငွေညှစ်ခြင်းများပြုလုပ်လေ့ရှိသဖြင့် နာမည်ဆိုးဖြင့်ကျော်ကြားကြောင်းလည်း ဒေသခံက ဆိုသည်။

မယ်စဲ့ရဲစခန်းစီးနင်းခံရပြီးနောက် ရဲစခန်းနှင့်မနီးမဝေးရှိ မြို့အရှေ့ဘက် တဖာလုံခန့်အကွာ တောင်ကုန်း တခုတွင် တပ်စွဲထားသည့် စစ်ကောင်စီ၏အမြောက်တပ် (ယခင် ဗျူဟာကုန်း) မှ လက်နက်ကြီးပစ်ကူများ ရဲစခန်းတွင်းသို့ အဆက်မပြတ်ပစ်ခတ်နေပြီး နံနက် ၁၁ နာရီခွဲခန့်တွင် ကင်းထောက်လေယာဉ်တစီး ဝဲနေကြောင်း သိရသည်။
“လက်နက်ကြီးကတော့ တောက်လျှောက်ပစ်နေတယ်။ ဟက်စကီးလည်း အပေါ်မှာပဲ ဝဲနေတယ်။ စစ်တပ် ကုန်းကနေ အဲဒီရဲစခန်းကို လှမ်းတွယ် (ပစ်ခတ်) နေတယ်။ အဲဒီမှာတော်လှန်ရေးတပ်ဖွဲ့က အကုန်သိမ်း ထားတာကိုး ” ဟု ဒေသခံက ပြောသည်။

စီးနင်းခံထားရသည့် ရဲစခန်းမှ ရဲများနှင့် စစ်တပ်ကုန်းတွင် တပ်စွဲထားသည့် တပ်သားများသည် ယခင်က မကြာခဏ မြို့ထဲတွင် သွားလာလှုပ်ရှားလေ့ရှိသော်လည်း ပြီးခဲ့သည့် တစ်နှစ်ကျော်ခန့်မှစ၍ စခန်းအပြင် ဘက်သို့ သွားလာခြင်းမရှိကြတော့ကြောင်း ဆိုသည်။
“ သူတို့(စစ်တပ်)လည်း တောင်အောက်ကို မဆင်းရဲတာ။ ရဲစခန်းအပြင်ဘက်လည်း မထွက်တာ ကြာပြီး။ ရှင်းရှင်းပြောရရင် သူတို့ ခံစစ်သဘောနဲ့ပဲ ကျဆုံးသွားတာပဲ ” ဟု ဒေသခံက ပြောသည်။

သို့သော် မယ်စဲ့မြို့မရဲစခန်းကို မည်သည့်အဖွဲ့များပူးပေါင်း၍ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ကို လက်ရှိ အချိန်ထိ မသိရသေးပေ။
မယ်စဲ့မြို့အနီးဝန်းကျင်တွင် ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)၊ ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)တို့အပြင် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အချို့လှုပ်ရှားမှုရှိသည့် နယ်မြေလည်းဖြစ်သည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#စခန်းသိမ်းတိုက်ပွဲ
#မယ်စဲ့
#စခန်းမှူး
#ကလလတ
#KA
#KNDF
❤21👍12👏4🔥1😁1
မိုးတွင်းစားနပ်ရိက္ခာနှင့်ဆေး၀ါးများစုဆောင်းနိုင်ရေး၀ိုင်း၀န်းကူညီကြရန် ကာကွယ်ရေးတပ်ဖွဲ့မေတ္တာရပ်ခံ
====================

ရောင်နိီ (မဇ္စျိမ)။ ။ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အခြေစိုက်လှုပ်ရှားနေသည့် TBK တောဆင်ရိုင်းတပ်ဖွဲ့က မိုးတွင်းကာလအတွက် စားနပ်ရိက္ခာနှင့် ဆေး၀ါးများ ကြိုတင်စုဆောင်းနိုင်ဖို့ ကူညီကြရန် ပြည်သူများအား မေတ္တာရပ်ခံသည်။

ဇွန်လ အစောပိုင်း ရက်များမှစတင်ပြီး ကာကွယ်ရေးတပ်၏ လှုပ်ရှားနယ်မြေများတွင် မိုးသည်းထန်စွာရွာသွန်းမှုများ ဖြစ်ပေါ်နေကာ ထောက်ပို့လုပ်ငန်းများလုပ်ဆောင်ရာတွင် သွားလာရေးခက်ခဲမှုများ ကြုံတွေ့နေရကြောင်း သိရသည်။

“ ကျွန်တော်တို့ဘက်မှာ မိုးတွင်းကစနေပြီ။ ပုံမှန်အခြေနေမှာဆို ထောက်ပို့အတွက် နေ့စဥ်သွားလာလို့ရပေမယ့် အခုမိုးတွင်းမှာတော့ နေ့တိုင်း မလုပ်နိုင်တော့ပါဘူး။ ထောက်ပို့တွေရဲ့ ဆိုင်ကယ်တွေ မကောင်းတာနဲ့ လမ်းက မကောင်းတာနဲ့ဆိုတော့ သွားလာရေးတွေမှာ ခက်ခဲပါတယ်။ ” ဟု TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ ကိုမျက်ပြူးက မဇ္စျိမကို ပြောသည်။

ထို့ကြောင့် ကာကွယ်ရေးတပ်ဖွဲအနေဖြင့် မိုးတွင်းကာလအတွင်း တပ်ရင်းတပ်ဖွဲ့များမှ ရဲဘော်များအတွက် လိုအပ်သည့် စားနပ်ရိက္ခာများကို ကြိုတင်စုဆောင်းရန် ပြင်ဆင်နေကြောင်း ၎င်းက ပြောသည်။

ယင်းအပြင် မိုးတွင်းကာလအတွင်း ရာသီအကူးအပြောင်းကြောင့် ဖြစ်ပွားတတ်သည့် ဖျားနာခြင်းများအတွက် ကုသနိုင်ရန် ကာကွယ်ရေးတပ်ဖွဲ့တွင် ဆေးတပ်သားမရှိသည့်အပြင် ဆေး၀ါးလ်ိုအပ်ချက်များလည်း ရှိနေကြောင်း သိရသည်။

“ တောထဲမှာဆိုတော့ ဖျားနာမှာ ပူကြရတယ်။ တပ်ဖွဲ့မှာ ဆေးတပ်သားလည်း မရှိဘူး။ ဖျားနာခဲ့လို ဆေး၀ယ်ဖို့ကြတော့လည်း တောထဲမှာဆိုတော့ ၀ယ်လို့ အဆင်မပြေတာတွေ ရှိတယ်။ အဲ့လိုတွေကြောင့် ရဲဘော်တွေက မဖျားအောင် ဂရုစိုက်နေကြရပါတယ်။” ဟု TBK တပ်ဖွဲ့ တာ၀န်ရှိသူက ဆိုသည်။

ရဲဘော်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးကုသမှု အခက်အခဲများ ဖြေရှင်းနိုင်ရန်အတွက်လည်း ဆေး၀ါးကျွမ်းကျင်သည့် အမျိုးသား အမျိုးသမီး မည်သူမဆို တပ်ဖွဲ့နှင့် လာရောက်ပူးပေါင်း ပါ၀င်နိုင်ကြောင်းလည်း ၎င်းက ဖိတ်ခေါ်ထားသည်။

ယင်းအပြင် မိုးတွင်းကာလအတွက် လိုအပ်သည့် စားနပ်ရိက္ခာများနှင့် ဆေး၀ါးများ ၀ယ်ယူစုဆောင်းနိုင်ရန်အတွက်လည်း ပြည်သူများအနေဖြင့် ၀ိုင်း၀န်းကူညီပေးကြရန် ကာကွယ်ရေးတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

“ အဆုံးအဖြတ်က နီးလာပါပြီ၊ ပြည်သူတွေကို အားမလျော့ဘဲ ဆက်ပြီး ရုန်းကြဖို့ မှာချင်ပါတယ်။ တကယ့်အချိန်ရောက်မှ ရပ်လိုက်မှာကို စိုးရိမ်ပါတယ်။ တောင့်ခံရင်း ဆက်တွန်းကြရအောင်ပါ။ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ အခက်အခဲတွေကို ပြည်သူတွေက ကူညီပေးကြလို့ ဒီအခြေအနေအထိ ရောက်လာတာပါ။ မကူညီဘဲ နေသာသလို နေနေကြတဲ့ ပြည်သူတွေကိုလည်း ပါ၀င်ဖို့ တိုက်တွန်းချင်ပါတယ်” ဟု TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့ တာ၀န်ရှိသူက ပြောသည်။

ကာကွယ်ရေးရဲဘော်များအတွက် စားနပ်ရိက္ခာနှင့် ဆေး၀ါးများ လှူဒါန်းလိုသည့် ပြည်သူများအနေဖြင့် TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲဲ့၏ လူမှုကွန်ရက်စာမျက်နှာဖြစ်သည့် https://www.facebook.com/tbkwegf တွင် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့သည် မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်တွင် အခြေစိုက်ကာ စစ်ရေးလှုပ်ရှားမှုပြုလုပ်နေသည့် ဒေသကာကွယ်ရေးအဖွဲ့တစ်ခု ဖြစ်သည်။

သပိတ်ကျင်းမြို့နယ်အတွင်းတွင်လည်း စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် တပ်စွဲထားမှုများရှိသည့်အတွက် ကာကွယ်ရေးတပ်ဖွဲ့က တိုက်ပွဲဖော်ဆောင်ရာတွင် အခက်အခဲတချို့ရှိနေကြောင်း သိရသည်။

သို့သော် TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့စတင်တည်ထောင်သည့်အချိန်မှ ယခုနှစ် ဇွန်လအထိ သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ ယာဥ်တန်းများအား မိုင်းဆွဲတိုက်ခိုက်ခြင်းနှင့် ထိတွေ့တိုက်ပွဲများ အပါအ၀င် စုစုပေါင်း တိုက်ပွဲ ၁၁ ခုကို လုပ်ဆောင်ထားသည်။

https://youtu.be/2t9abSAgW4E

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#တောဆင်ရိုင်း
#ပြောက်ကျားတပ်ဖွဲ့
#သပိတ်ကျင်းမြို့နယ်
#မိုးတွင်းကာလ
#စားနပ်ရိက္ခာ

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍19❤2🔥1🥰1😁1
​​တနင်္သာရီမြို့နယ် သိန္ဓောကျေးရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ
==================

ကိုရွှေမြိတ်
မဲဆောက်(မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် သိန္ဓောကျေးရွာရှိ စစ်ကောင်စီစခန်းမှ ခြေလျှင်စစ်ကြောင်းထိုးပြန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် တဦးသေဆုံးပြီး ခြောက်ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်ဖွဲ့မှာ မြိတ်မြို့အခြေစိုက် ခရလ (၁၀၁) ကျွဲကူးတပ်ရင်းဖြစ်ပြီး ဇွန်လ ၁၂ ရက်နေ့ နံနက် ၉ နာရီတွင် သိန္ဒောစခန်းမှ တောလမ်းအတိုင်း ခြေလျှင်ပြန်လာစဉ် ပြည်သူ့ကာ ကွယ်ရေးမဟာမိတ်ပူးပေါင်တပ်ဖွဲ့များဖြစ်သော ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့(တနင်္သာရီ ပကဖ) SWDF နှင့် မြိတ်ခရိုင် တပ်ရင်း(၂)တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု PDF ရဲဘော်များထံမှ သိရ သည်။

“မိုင်းဆွဲ တိုက်ခိုက်တဲ့အချိန်မှာ တစ်ယောက်သေတယ်၊ ခြောက်ယောက်လောက်က ဒဏ်ရာပြင်းထန်တဲ့ အနေအထားရှိတယ်။ မိုင်းထိမှန် ဒဏ်ရာတဲ့သူတွေကို ညောင်ပင်းကွင်းအနီးက ခလရ(၅၆၁)တပ်ထဲကို အပြေးအလွှားသယ်သွားတယ်”ဟု တိုက်ပွဲတွင်ပါဝင်သည့် PDF ရဲဘော်တဦးက ပြောသည်။

လက်ရှိတွင် တနင်္သာရီမြို့နယ်အတွင်း တိုက်ပွဲများဆက်လက်ပြင်းထန်လာနိုင်၍ ပြည်သူများအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များကို အတိအကျလိုက်နာပေးကြရန် အသိပေးချက် ထုတ်ပြန်ထားသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#တနင်္သာရီတိုင်း
#မြိတ်ခရိုင်
#သိန္ဓောကျေးရွာ
#တိုက်ပွဲပြင်းထန်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👏12👍5❤1🔥1😁1
This media is not supported in your browser
VIEW IN TELEGRAM
ကွယ်လွန်သူ အီတလီဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီကို ထူးခြားတဲ့ခေါင်းဆောင်ဖြစ်ကြောင်း ပူတင်ချီးကျူး

https://www.facebook.com/reel/164983839747806

#internationalnews #reels #shorts #Putin
❤2
​​ဆင်ခြင်မဲ့ တိုးပွားလုပ်ကိုင်လာသော မြေရှားသတ္တုတွင်းများ၏ တည်နေရာပြ မြေပုံ
===================

မြန်မာနိုင်ငံရှိ မြေရှားသတ္တု တူးဖော်သော ဆိုဒ် (တည်နေရာ) များကို ပြသသည့် မြေပုံတစ်ခု ဖြစ်သည်။ Myanmar Witness နှင့် Mizzima သည် Google Earth နှင့် Planet တို့မှ ဂြိုဟ်တုဓာတ်ပုံများကို အသုံးပြုလျက် ထိုတည်နေရာများကို ခွဲခြားဖော်ထုတ်ထားသည်။

မြန်မာနိုင်ငံတွင် ဆင်ခြင်မဲ့တိုးပွားလုပ်ကိုင်လာသော မြေရှားသတ္တုတွင်းများ၏ လုပ်ကွက်နေရာများကို ဤမြေပုံတွင် အသေးစိတ် ကြည့်ရှုလေ့လာနိုင်မည်ဖြစ်သည်။

ဆိုဒ်တစ်ခုစီတိုင်းက မည်သည့်အချိန်တွင် ဖြစ်ပေါ်ခဲ့သည် ဆိုသည်နှင့် ဆိုဒ်တစ်ခု ချင်းစီတိုင်း၌ တွင်း (ကျင်း) အရေအတွက် မည်မျှ ရှိသလဲ ဆိုသည်ကို ဤမြေပုံ တွင် တွေ့မြင်နိုင်သည်။
ဆိုဒ် တစ်ခုစီတိုင်းတွင် ကျင်း မည်မျှ တူးဖော်နေသလဲ ဆိုသည်ကို သိရှိနိုင်ရန် သင့်အနေဖြင့် အရောင်များကိုလည်း ကြည့်ရှုနိုင်သည်။ အချိန်ကာလကို Google Earth ဂြိုဟ်တုဓာတ်ပုံကို အသုံးပြု၍ တွက်ချက်ထားသည်။

မြေရှားသတ္တုတွင်းများ၏ တည်နေရာကို ယခုလင့်(ခ်) https://maphub.net/Mya.../rare-earth-mining-sites-in-myanmar တွင် ဝင်ရောက် ကြည့်ရှူနိုင်ပါသည်။

#မြေရှားသတ္တု
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥7👍2
​​ILO ညီလာခံတွင် မြန်မာကိုယ်စားလှယ်အဖြစ် မည်သူ့ကိုမျှ လက်ခံခြင်းမရှိ
===================

မိုးသောက်
မဲဆောက်(မဇ္ဈိမ)။ ။အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့(ILO)၏ (၁၀၁)ကြိမ်မြောက် ညီလာခံတွင် မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် မည်သူကိုမျှ လက်ခံမည်မဟုတ်ကြောင်း ဇွန်လ ၁၀ ရက်နေ့တွင် ILO က ထုတ်ပြန်သည့်မှတ်တမ်းအရ သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် စစ်ကောင်စီတို့ နှစ်ဘက်စလုံးကတင်သွင်းခဲ့သည့် ကိုယ်စား လှယ်များကို လက်မခံခြင်းမရှိဘဲ မြန်မာကိုယ်စားလှယ်နေရာကို ချန်လှပ်ထားခဲ့ခြင်းဖြစ်သည်။
အကယ်၍ NUG ကိုယ်စားလှယ်ကိုသာ တက်ရောက်ခွင့်ပြုမည်ဆိုပါက အလုပ်သမားများ၏ အခွင့်ရေးများ ကို ညီလာခံတွင်တင်ပြနိုင်မည့်အခြေအနေရှိကြောင်း အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူများက ဆို သည်။

“ပြည်သူတွေထောက်ခံထားတဲ့ NUG အစိုးရလည်း တက်ရောက်ခွင့်ရှိတယ်၊ အလုပ်သမားကိုယ်စားလှယ် တွေလည်း တက်ရောက်ခွင့်ရှိမယ်ဆိုရင် လက်ရှိမြန်မာနိုင်ငံမှာ စစ်တပ်က မတရားအာဏာသိမ်းတဲ့အချိန် ကစလို့ ပြည်တွင်းမှာရှိတဲ့ အလုပ်သမားတွေ အဓမ္မဖမ်းဆီးခံရမှုတွေ၊ လွတ်လပ်စွာသင်းပင်းခွင့်တွေ ပျောက်ဆုံးနေတဲ့ အခြေအနေဆိုးတွေကို တင်ပြလို့ရမယ့် အခြေအနေဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံ အထွေ ထွေ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(FGWM)မှ ဥက္ကဋ္ဌ ဒေါ်မိုးစန္ဒာမြင့်က ဆိုသည်။

ညီလာခံသို့ တက်ရောက်ခွင့်မရှိသည့်အတွက် တိုက်ရိုက်ဆွေးနွေးမှုများ ပြုလုပ်၍မရသော်လည်း စစ် ကောင်စီ၏ အလုပ်သမားအရေးအခြေအနေများကို ILO ၏ စုံစမ်းစစ်ဆေးကော်မရှင်မှတဆင့် တင်ပြ ဆွေးနွေးမှုများပြုလုပ်ထားသည်ဟု FGWM မှ သိရသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ILO ၏ ညီလာခံများ၌ မြန်မာနိုင်ငံ၏ ကိုယ်စားလှယ်နေရာကို ချန်လှပ်ထားခဲ့ပြီး NUG နှင့် စစ်ကောင်စီဘက်မှ ကိုယ်စားလှယ်နှစ်ဦးစလုံးကို လက်ခံခဲ့ခြင်းမရှိပေ။

ILO ညီလာခံတွင် မြန်မာကိုယ်စားပြုမထားခြင်းနှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိ သူထံ ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်သည်။

အစိုးရအဖွဲ့ တဖွဲ့ထက်များပြားနေသည့်အချိန်တွင် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတခုခု၏ ကိုယ်စားပြုမှုနှင့်ပတ်သက်ပြီး အထွေထွေညီလာခံ၏ သဘောထားကို ထည့်သွင်းစဉ်းစားဆုံးဖြတ်ရမည် ဆိုသော ဆုံးဖြတ်ချက်အတိုင်း ILO အနေဖြင့်လည်း ယခုကဲ့သို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု ဖော်ပြ ထားသည်။

ကုလသမဂ္ဂအထွေထွေညီလာခံအနေဖြင့်လည်း မြန်မာနိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်ကို ထပ်မံမရွေး ချယ်သေးဘဲ ရွှေ့ဆိုင်းထားသည်။
ILO တွင် မြန်မာနိုင်ငံအတွက် ကိုယ်စားပြုတက်ရောက်ရန် စစ်ကောင်စီဘက်က အလုပ်သမားဝန်ကြီး ဦးပွင့်ဆန်းကိုအဆိုပြုထားပြီး NUG ဘက်ကလည်း ၎င်းတို့၏ အလုပ်သမားဝန်ကြီးဖြစ်သူ နိုင်သုဝဏ္ဏကို အဆိုပြု တင်သွင်းထားသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ILO
#အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့
#အမျိုးသားညီညွတ်ရေးအစိုးရ(NUG)
Photo -ညီလာခံတွင်စစ်ကောင်စီတက်ရောက်ခွင့်မရရေးလှုပ်ရှားမှုတစ်ခု( Federation of General Workers Myanmar - FGWM)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥2
“ဗေဒါပျံ အံကိုခဲ၊ ပန်းပန်လျက်ပဲ” စာတန်းကိုင်စွဲ ဆန္ဒပြ
===============

ပါခွီး(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်နှင့် ဆားလင်းကြီးကျေးရွာများမှ စုပေါင်း ၍ ရွာပေါင်းစုံသပိတ်သည် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ (၈၁၅) ရက်မြောက်အဖြစ် ယနေ့ ဇွန်လ ၁၃ ရက်တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။

လူထုသပိတ်စစ်ကြောင်းသည် “ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ” စာတန်းကို ကိုင်စွဲပြီး စစ်အာဏာရှင်အလိုမရှိကြောင်း ကြွေးကြော်သံများ ဟစ်ကြွေးကာ ချီတက်ခဲ့ကြခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တိုက်ပွဲဝင် အမျိုးသမီးများကို ဂုဏ်ပြုလိုခြင်းကြောင့် “ဗေဒါပျံ အံကိုခဲ၊ ပန်းပန်လျက်ပဲ” စာတမ်းကို ကိုင်စွဲချီတက်ခဲ့ခြင်းဖြစ်ကြောင်း ရွာပေါင်းစုံသပိတ် ဦးဆောင်သူတစ်ဦးက ပြောသည်။

ဇွန်လ ၁၉ရက်နေ့သည် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်မြောက်မွေးနေ့ဖြစ်ပြီး ၎င်းနှင့်အတူ ထောင်တွင်းအကျဉ်းကျခံနေရသည့် အမျိုးသမီးရဲဘော်များ ၊ ကျဆုံး အမျိုးသမီးရဲဘော်များ ၊ လက်နက်စွဲကိုင်တိုက်ပွဲအတွင်းက အမျိုးသမီးများ ၊ သပိတ်တိုက်ပွဲများမှာ ပူးပေါင်း ဝန်းရံနေသောအမျိုးသမီးများ အပါဝင် တော်လှန်ရေး လုပ်ငန်းစဉ်တိုင်းမှာ ပါဝင်နေသော အမျိုးသမီးများအားလုံးကို ဂုဏ်ပြုလိုခြင်းဖြစ်ကြောင်း ဆိုသည်။

ရွာပေါင်းစုံသပိတ်သည် ကျဆုံးသွားသော အာဇာနည်အပေါင်းကို ဦးညွတ်အလေး ပြုခဲ့ကြပြီး သွေးသစ္စာသီချင်းသံပြိုင်သီဆိုကာ ကြွေးကြော်သံများဖြင့် ဆန္ဒပြပွဲကို အဆုံးသတ်ခဲ့ကြောင်း သိရသည်။

ယင်းမာပင်နှင့် ဆာလင်းကြီးကျေးရွာပေါင်းစုံစစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်မှ စတင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြနေသည့် သပိတ်စစ်ကြောင်း ဖြစ်သည်။

https://youtu.be/0eCmDSNsOM8

စာတည်း။ ။ နောင်နောင်

#ဆန္ဒပြ
#ရွာပေါင်းစုံသပိတ်

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8❤2🔥1😁1
This media is not supported in your browser
VIEW IN TELEGRAM
အိုမန်နိုင်ငံကိုကြားခံပြီး အမေရိကန်နဲ့သွယ်ဝိုက်ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်ပြော

https://www.facebook.com/reel/767741521741286

#internationalnews
#reels
#shorts
😁3🔥1
​​မြန်မာဆိုင်ရာ ကုလအထူးကိုယ်စားလှယ်သစ်က ခက်ခဲသော လုပ်ငန်းတာဝန်နှင့် ရင်ဆိုင်ရမည် (အယ်ဒီတာ့အာဘော်)
==================

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် နိုလင်း ဟေဇာသည် သူမ၏ ၁၈ လ တာ သက်တမ်းတစ်ခု ထမ်းဆောင်ပြီးနောက် ရာထူးမှ ထွက်တော့မည် ဆိုသည့် ပြီးခဲ့သည့် သီတင်းပတ်က သတင်းကြောင့် သက်ပြင်းချနိုင်စရာ ဖြစ်ခဲ့သည်။ ကုလ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်၏ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ဆောင်ရွက်သည့် သူမ၏ သက်တမ်းအတွင်း ဟေဇာသည် မြန်မာ အာဏာသိမ်းစစ်အုပ်စုရော၊ ၎င်းတို့၏ အတိုက်အခံများရောထံမှ ဝေဖန်မှုကို ရင်ဆိုင်ခဲ့ရသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7😁3