Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
"ဆက်ကြေးပေးရတဲ့ ရွှေလုပ်ငန်းတွေကြောင့် ဥရုမြစ် တိမ်ကောပျောက်ကွယ်တော့မယ်" (ရုပ်၊ သံ)
======================

KMN
မဇ္ဈိမ။ ။ ကချင်ပြည်နယ်၊ ဟူးကောင်းလွင်ပြင်၊ ဖားကန့်မြို့နယ်အတွင်းမှာ စတင်မြစ်ဖျားခံတဲ့ ဥရုမြစ်ဟာ မြန်မာနိုင်ငံရဲ့ ဒုတိယအရေးပါဆုံး ချင်းတွင်းမြစ်ရဲ့အဓိက မြစ်လက်တက် တခုပါ။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးချိန်ကစပြီး လက်နက်ကိုင်အဖွဲ့တွေ ခွင့်ပြုထားတဲ့ ကျောက်စိမ်းတူး ဖော်တဲ့လုပ်ငန်းက စွန့်ပစ်မြေစာတွေ၊ ရွှေတူးဖော်တဲ့လုပ်ငန်းက စွန့်ပစ်မြေစာတွေကို စည်းကမ်းမဲ့ စွန့်ပစ်နေတာကြောင့် မြစ်ကြောင်းပျောက်ကွယ်လုနီးပါး အန္တရာယ်နဲ့ရင်ဆိုင်နေရပါတယ်။

ဟုမ္မလင်းမြို့နယ်တွင်း ဥရုမြစ်တလျှောက်က ရွှေတူးဖော်လုပ်ငန်းတွေဟာ လက်နက်ကိုင်အဖွဲ့တွေကို ရွှေ ထွက်ရှိနှုန်းနဲ့ရွှေတူးစက်အင်ဂျင်ပါဝါပေါ်မူတည်ကာ ငွေကျပ်ငါးသိန်းမှ သိန်းရာချီ ဆက်ကြေးပေး ဆောင် နေရတယ်လို့ ဥရုမြစ် တလျှောက်လေ့လာခဲ့တဲ့ Myanmar Resource Watch အဖွဲ့က ထုတ်ပြန်ပါတယ်။

https://youtu.be/EyFWO-Gy884

တင်ဆက်၊ တည်းဖြတ် - KMN
စာတည်း ။ ။ Alden

#Mizzima
#ဥရုမြစ်
#ရွှေတူးဖော်ရေး
#မြစ်စာပုံ
#လက်နက်ကိုင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥3😢1
ဟားခါးမြို့နယ် လုံခါရ်တောင် တိုက်ပွဲတွင် ချင်းရဲဘော် ၂ဦးကျဆုံး
😢17👍2👏1😁1
ဟားခါးမြို့နယ် လုံခါရ်တောင် တိုက်ပွဲတွင် ချင်းရဲဘော် ၂ဦးကျဆုံး
====================

ပါခွီး
မဇ္စျိမ ။ ။ ချင်းပြည်နယ် ၊ ဟားခါးမြို့နယ် လုံခါရ်တောင်တိုက်ပွဲတွင် ချင်းအမျိုးသားတပ်မတော် (CNA)၌ တာဝန်ထမ်းဆောင်နေသည့် ရဲဘော်နှစ်ဦး ကျဆုံးခဲ့ကြောင်း The Zotung Post က ဇွန်လ ၁၂ရက်တွင် ဖော်ပြထားသည်။

ယမန်နေ့ ဇွန်လ ၁၂ရက် နံနက် ၄ နာရီ ၃၀မိနစ်အချိန်တွင် စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း ဆိုသည်။

CNA တပ်ဖွဲ့ဝင် ဇိုတုန်းလူငယ် နှစ်ဦးဖြစ်သော ဆလိုင်းဆန်းဦး နှင့် ဆလိုင်း ထောင်နော်ဟွေ တို့ ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်ရင်း တိုင်းပြည်နှင့်လူမျိုးအတွက် ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့၏ တည်ကြည်ရဲရင့်သော စိတ်ဓာတ်ကို လေးစားအသိမှတ်ပြုကြောင်း၊ ကျန်ရစ်သူမိသားစုနှင့် ထပ်တူဝမ်းနည်းပြီး ၎င်းတို့၏ ပေးဆပ်မှုသည် ဇိုတုန် အမျိုးသားတစ်ရပ်လုံးတွင် ထာဝရတည်ရှိမည်ဖြစ်ကြောင်း CDF – Zotung မှ မှတ်တမ်းတင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မေလ ၂၆ရက်နေ့မှ စတင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၅၀ဖြင့် ဟားခါးမြို့နယ်မှ ထန်တလန်ဘက်သို့ စစ်ကြောင်းနှစ်ကြောင်းထိုးလျက်ရှိရာ CNA နှင့် ဒေသခံ ချင်းကာကွယ်ရေးတပ်ဖွဲ့များက ခုခံတိုက်ခိုက်နေခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ဘက်သို့ ဟာခါးမြို့မှ လက်နက်ကြီးများဖြင့် ပစ်ကူပေးခြင်း၊ လေကြောင်းမှ ဗုံးကြဲခြင်းများနှင့် မြေပြင်ထိုးစစ်ကို ကူညီ‌ပေးခြင်းများ ရှိနေကြောင်း သိရသည်။

ထိုသို့ စစ်ကူများ ရှိနေသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး ၅၀ခန့် ကျဆုံးခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူများထံမှ သိရသည်။
အဆိုပါ သီးမစ်လွင်ပြင် တိုက်ပွဲများအတွင်း ချင်းပူးပေါင်းတပ်ဖွဲ့ဘက်တွင်လည်း ၁၇ဦးကျဆုံးခဲ့ပြီး ၁၅ဦးခန့် ဒဏ်ရာရရှိထားကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#ချင်းပြည်နယ်
#ဟားခါးမြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ပွဲဖြစ်ပွား
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢14👍6👏1😁1🙏1
​​နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်တွင် စစ်ကောင်စီစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ
================

ရွှေနွယ်
(မဇ္ဈိမ) ။ ။နေပြည်တော်ကောင်စီနယ်မြေ ပျဥ်းမနားမြို့နယ် တောင်ပေါ်ဒေသ၊ မြွေဟောက်မြှောင် ဘုရား ကုန်းတွင်တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့၏ စစ်ဆေးရေးဂိတ်အား ဇွန်လ ၁၂ ရက်နေ့ နံနက်ပိုင်းက သွားရောက်တိုက်ခိုက်သည်ဟု နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ထံမှ သိရသည်။

ဇွန်လ ၁၂ ရက်နေ့ နံနက် ၇ နာရီမှစ၍ ၉ နာရီအထိ အချိန်နှစ်နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း ဆိုသည်။
“ထိခိုက်မှုကတော့ သူတို့ဘက်က အထိနာသွားတယ်။ PDF ပူးပေါင်းတပ်ဖွဲ့ဘက်ကတော့ အထိအခိုက် မရှိခဲ့ဘူး။ လက်နက်တွေပါ သိမ်းပြီး ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု Naypyitaw PDF မှ ဗိုလ်ငွေစိုးက မဇ္ဈိမကို ပြောသည်။

ယမန်နေ့က နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ လယ်ဝေးမြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ်တို့၌လည်း တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး ရဲအချို့သေဆုံးမှုရှိကြောင်း သိရသည်။

၂၀၂၃ ခုနှစ်အတွင်း တနိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ရေးအရှိန်မြင့်တက်လျက်ရှိပြီး စစ်ကောင်စီအဖွဲ့များ အဓိကနေထိုင်အခြေချရာ နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ပါ တိုက်ပွဲများ၊ တိုက်ခိုက်မှုများ မကြာ ခဏဖြစ်ပွားလာခြင်းဖြစ်သည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#နေပြည်တော်
#စစ်ကောင်စီတပ်
#တိုက်ခိုက်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18👏8❤3😁2
မုံရွာမြို့နယ် ညောင်ပင်သာကျေးရွာတွင် စစ်ကောင်စီတပ်က နေအိမ် ၄ လုံး မီးရှို့ဖျက်ဆီး
🤬11🔥2😁1
မုံရွာမြို့နယ် ညောင်ပင်သာကျေးရွာတွင် စစ်ကောင်စီတပ်က နေအိမ် ၄ လုံး မီးရှို့ဖျက်ဆီး
=======================

ပါခွီး
(မဇ္စျိမ) ။ ။စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ပင်သာကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး လက်ဖက်ရည်ဆိုင်အပါအဝင် လူနေအိမ်လေးလုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မုံရွာမြို့အဝင်ရှိ မအူစစ်ဆေးရေးဂိတ်မှ စစ်ကောင်စီတပ်သား ၃၀ ခန့်သည် ဇွန်လ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ညောင်ပင်သာဘုန်းကြီးကျောင်းအနီး မုံရွာ-အမြင့် ကားလမ်းဘေးတွင်ရှိသော လက်ဖက်ရည် ဆိုင်ကို စတင်မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း ဆိုသည်။

“တိုက်ပွဲဖြစ်တာလဲမရှိဘဲနဲ့ သေနတ်တွေဖောက်ပြီး လူတွေအကုန်ထွက်ပြေးတဲ့အချိန်မှာ မီးရှို့ခဲ့ကြတာ” ဟု ဒေသခံတဦးက ပြောသည်။

အဆိုပါမီးလောင်ကျွမ်းမှုကြောင့် ပျက်စီးဆုံးရှုံးမှု ကာလတန်ဘိုး ကျပ်သိန်း ၅၀၀ ခန့်ရှိကြောင်း ခန့်မှန်း ပြောဆိုသည်။
ညောင်ပင်သာကျေးရွာသည် အိမ်ခြေ ၇၀ ခန့်ရှိသောရွာဖြစ်ပြီး စစ်ကောင်စီတပ်က ပထမဆုံးအကြိမ် မီးရှို ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နေအိမ်များကို မီးရှို့ပြီးနောက် ညနေ ၃ နာရီခန့်တွင် မအူစစ်ဆေးရေးဂိတ် သို့ ပြန်ဝင်သွားကြောင်း အဆိုပါဒေသခံက ဆိုသည်။

စစ်ကောင်စီတပ်များ ရွာအတွင်းဝင်ရောက်စဉ် ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသမီးတဦး ကျည်ထိမှန်ခဲ့ ကြောင်းလည်း သိရသည်။
အဆိုပါမအူဂိတ်သည် ကာကွယ်ရေးတပ်များမှ လက်နက်ကြီးငယ်များဖြင့် မကြာခဏ ပစ်ခတ်တိုက်ခိုက် ခြင်းခံရသော ဂိတ်ဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်းတိုင်း
#မုံရွာမြို့နယ်
#ညောင်ပင်သာကျေးရွာ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬12🔥2❤1👍1😁1
KNDF တပ်ရင်း (၁) က ထောက်ပို့တပ်သား ၂,၀၀၀ ခေါ်ယူ
==================

နောင်နောင်(မဇ္ဈိမ) ။ ။ ကရင်နီပြည်နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်ကို အားကောင်းကောင်းနဲ့ တိုက်ခိုက်နေတဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း (၁) က ထောက်ပို့တပ်သား ၂,၀၀၀ ခေါ်ယူနေတယ်လို့ တပ်ရင်း (၁) ရဲ့ ဒု-ထောက်ပို့ တာဝန်ခံ မမိထော်က မဇ္ဈိမကို ပြောပါတယ်။

လက်ရှိမှာတော့ ထောက်ပို့တပ်သား အရေအတွက် ၃၅၀ လောက် လက်ခံရရှိထားပြီ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ကရင်နီဒေသမှာ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ KNDF၊ ‌တော်လှန်ရေး အင်အားစု ပူးပေါင်းတပ်တွေအကြား နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့အတူ လက်နက်ခဲယမ်းဖိုး လိုအပ်ချက်တွေကလည်း အရင်ကထက် မြင့်တက်လာ နေတာပါ။

တပ်ဖွဲ့တစ်ခု၊ အဖွဲ့အစည်းတစ်ခုမှာ ထောက်ပို့ဟာ အင်မတန် အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပြီး လက်ရှိမှာ ထောက်ပို့ငွေရှာဖွေမှုဟာ အရင်နှစ်တွေကထက် ပိုခက်ခဲလာတယ်လို့လည်း ဆိုပါတယ်။

KNDF တပ်ရင်း (၁) ၊ ထောက်ပို့ဌာနက ဒု-ထောက်ပို့တာဝန်ခံ မမိထော်ကို ကိုနောင်နောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

https://youtu.be/mA_IQMr7iVU

တည်းဖြတ်= နောင်နောင်

#KNDF
#ထောက်ပို့တပ်သား၂ထောင်ခေါ်ယူ
#Mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍14😁2❤1
​​ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းတိုးဖို့ ငြင်းဆိုခဲ့ပြီးနောက် အမ်ဘာပေရဲ့ အနာဂတ်ဟာ သံသယကြီးစရာဖြစ်နေ
=======================

ကိုင်လီယန် အမ်ဘာပေက သူဟာ ဒီနွေရာသီမှာ အသင်းကနေ လီယွန်နယ် မက်ဆီ ထွက်ခွာပြီးနောက် သူ့ကို ၂၀၂၅ အထိ စာချုပ်သက်တမ်းတိုးဖို့ ရွေးချယ်ခွင့်ကို ရယူမှာမဟုတ်ဘူးလို့ တနင်္လာနေ့က ပဲရစ်စိန့်ဂျာမိန်းကို ပြောကြားခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ် ပြင်သစ်တိုက်စစ်မှူးရဲ့ လက်ရှိစာချုပ်ဟာ လာမယ့်ရာသီကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး နောက်ထပ်တစ်နှစ် စာချုပ်ချုပ်ခွင့်လည်း ရှိနေပါတယ်။

တကယ်လို့ သူသာ စာချုပ်မချုပ်ဆိုဘူးဆိုရင် ပြင်သစ်ချန်ပီယံတွေဟာ တစ်နှစ်တာအတွင်း သူ့ကို ဆုံးရှုံးနိုင်ချေရှိပါတယ်။ ဒါ့ကြောင့် သူတို့ဟာ အခုအခါ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးကို ဆောင်းရာသီမှာ လက်လွှတ်ရမယ့်အစား ဒီနွေရာသီမှာ သူ့ကို ရောင်းချနိုင်ဖွယ်ရှိပါတယ်။
🔥4👍1
တနင်္သာရီတိုင်းအတွင်း မေလထဲတွင် အရပ်သား ၄၀၀ ကျော်ကို စစ်ကောင်စီ အကြောင်းမဲ့ဖမ်းဆီး၊ တိုက်ပွဲတွင် အထိနာတိုင်း အရပ်သားများကို ပစ်မှတ်ထားဖမ်းဆီးနေဟု တနင်္သာရီစစ်ဒေသခွဲစစ်ဆင်ရေးတာဝန်ခံပြော
🤬10👍1🔥1😁1🤮1
တနင်္သာရီတိုင်းအတွင်း မေလထဲတွင် အရပ်သား ၄၀၀ ကျော်ကို စစ်ကောင်စီ အကြောင်းမဲ့ဖမ်းဆီး၊ တိုက်ပွဲတွင် အထိနာတိုင်း အရပ်သားများကို ပစ်မှတ်ထားဖမ်းဆီးနေဟု တနင်္သာရီစစ်ဒေသခွဲစစ်ဆင်ရေးတာဝန်ခံပြော
======================

ကိုရွှေမြိတ်(မဲဆောက်)
(မဇ္ဈိမ) ။ ။တနင်္သာရီတိုင်းတွင် စစ်ကောင်စီက အရပ်သားများကို အကြောင်း အမျိုးမျိုးပြပြီး ဖမ်းဆီးနေရာ မေလတစ်လတည်းတွင် ၄၂၁ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရသည်ဟု သုတေသနအဖွဲ့တစ်ခုဖြစ်သော FE5 Tanintharyi က ထုတ်ပြန်သည်။

တနင်္သာရီတိုင်းအတွင်း ထားဝယ်ခရိုင်၊ မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်တို့တွင် စစ်ကောင်စီက အရပ်သားများအား ဖမ်းဆီးမှုအခြေအနေကို FE5 Tanintharyi ကဇွန် ၈ ရက်နေ့တွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။

မေလအတွင်း ဖမ်းဆီးခံရသူ စုစုပေါင်း ၄၂၁ ဦးထက်မနည်းရှိခဲ့ပြီး ၎င်းတို့ထဲမှ ၃၁၂ ဦး ကို ပြန်လည်လွတ်ပေးခဲ့သော်လည်းသုံးဦးမှာ စစ်ကောင်စီလက်ထဲတွင် သေဆုံးခဲ့ကြောင်း FE5 Tanintharyi အစီရင်ခံစာတွင် ဖော်ပြထားသည်။ ‌သတ်ဖြတ်ခံရသူ သုံးဦးမှာ ထားဝယ်ခရိုင်မှ ဖြစ်ကြောင်းသိရသည်။

" PDF တွေ ရှိတယ်ဆိုပြီး ရွာတွေကို ဝင်စီးတယ်။ အရပ်သားတွေကို ဖမ်းတယ်။ ပြီးတော့ ငွေတောင်းပြီး ပြန်လွှတ်တယ်။ အဲ့ဒါ သူတို့ လုပ်ရိုးလုပ်စဉ်ဖြစ်နေပြီ"ဟု ထားဝယ်မြို့ခံတစ်ဦးကပြောသည်။
ထားဝယ်ခရိုင်တွင် အရပ်သား ပြည်သူ ၃၃၃ ဦး ထက်မနည်း ဖမ်းဆီးခံပြီး၂၆၂ ဦးကို ပြန်လွှတ်ပေးကာ သုံးဦးသည် လက်ပြန်ကြိုးတုပ်သတ်ဖြတ်ခံလိုက်ရကြောင်းFE5 Tanintharyi ၏အစီရင်ခံစာတွင် ဖော်ပြထားသည်။ မြိတ်ခရိုင်တွင် အရပ်သား ၈၁ ဦး ထက်မနည်း ဖမ်းဆီးခဲ့ပြီး ၅၀ ဦးကို ပြန်လည်လွှတ်ပေးခဲ့သည်။ကော့သောင်းခရိုင်တွင် အရပ်သား ခုနှစ်ဦးထက်မနည်းဖမ်းဆီးခံခဲ့ရသည်ဟု သိရသည်။

" မိုင်းဆွဲခံရပြီဆိုတာနဲ့ အဲ့ဒီနားက ရွာတွေကို မဲတော့တာပဲ။ ပြည်သူတွေအနေနဲ့က ပိုသတိရှိဖို့လိုပါမယ်" ဟု တနင်္သာရီစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့၏ စစ်ဆင်ရေးတာဝန်ခံကပြောသည်။

တနင်္သာရီတိုင်းတွင် မေလအတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ၃၄,၀၀၀ ကျော်အထိရှိခဲ့သည်ဟု FE5 Tanintharyi အစီရင်ခံက အသိပေးထားသည်။စစ်ဘေးရှောင်များသည် မိုးရွာသွန်းမှုနှင့်အတူ နေရေး၊စားရေး အခက်အခဲနှင့် ကျန်းမာရေး ပြဿနာများ ကြုံတွေ့နေကြရပြီး ဆေးဝါးနှင့် အမိုးအကာများ လိုအပ်နေသည်ဟု စစ်ဘေးရှောင်ကူညီရေးအဖွဲ့များကပြောသည်။

FE5 Tinintharyi သည် စစ်အာဏာသိမ်းပြီးနောက်တနင်္သာရီတိုင်းအတွင်း စစ်ရေးသတင်းနှင့် ပတ် သက်သောသတင်း အချက်အလက်များကို ဖော်ပြပေးနေသော သုတေသနအဖွဲ့တစ်ဖွဲ့ဖြစ်သည်။

စစ်ကောင်စီသည် အရပ်သားပြည်သူများကို ဖမ်းဆီးနှိပ်ကွပ်နေပြီး လူ့အခွင့်အရေးချိုးဖောက်သည့် လုပ်ရပ်များကို ပိုမိုလုပ်ဆောင်လာ၍ နိုင်ငံတကာအနေဖြင့် အလျင်အမြန်အရေးယူပေးရန်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက မကြာခဏတောင်းဆိုနေသည်။

ယခုအခါ စစ်အာဏာရှင်အား ခုခံတော်လှန်စစ်မှ ထိုးစစ်ဆးသို့ အရှိန်မြှင့်နေပြီဖြစ်၍ ပြည်သူများအနေ ဖြင့် ယခင်ကထက် ပိုမိုသတိရှိကြရန် တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့၏ စစ်ဆင်ရေးတာဝန်ခံက သတိပေးပြောကြားသည်။

စာတည်း - မောင်ကြီး

#mizzima
#တနင်္သာရီတိုင်း
#တနင်္သာရီစစ်ဒေသခွဲ
#စစ်ကောင်စီ
#FE5 Tanintharyi
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🤬3🔥2❤1😁1
ဇွန်လ ၁၃ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥3