Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
Two Years After Coup (Episode-3)
==============

"ပြည်သူတွေကျွေးထားမယ်၊ ရုံးမတက်နဲ့ ရုန်းထွက် ဆိုတဲ့စကားသာယုံပြီး ဒီလမ်းထဲဝင်လာခဲ့တယ်၊ CDM ထဲဝင်လာခဲ့တယ်ဆိုရင် ကျိန်းသေတယ်၊ ကျွန်မ ကိုယ့်ကိုယ်ကိုယ် သတ်သေပြီးနေလောက်ပြီ"
Two Years After Coup အစီအစဉ်ရဲ့ အပိုင်း (၃)ဖြစ်ပါတယ်။ ဒီအပိုင်းမှာ CDM ဆရာမတစ်ဦးရဲ့ တစ်ကိုယ်ရည်ခံစားချက်တွေကို မှတ်တမ်းတင်ထားပါတယ်။

https://youtu.be/1HWg-EsPV1I
 
#two_years_after_coup #episode3 #ရုန်းကန်သံ #SOSMYANMAR
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8😁4❤1
ဇွန်လ (၁၄)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=======================

00:58 - NUG ဗဟိုဘဏ် အထူးအကြံပေးအဖြစ် ပါမောက္ခရှောင်တာနဲလ်ကို ခန့်အပ်တဲ့သတင်း

03:43 - "ဆက်ကြေးပေးရတဲ့ ရွှေလုပ်ငန်းတွေကြောင့် ဥရုမြစ် တိမ်ကောပျောက်ကွယ်တော့မယ်” ဆိုတဲ့သတင်း

07:49 - မြန်မာနိုင်ငံက ကလေးအလုပ်သမား ၁ သန်းကျော် ရှိနေကြောင်း (ILO) ထုတ်ပြန်တဲ့သတင်း

10:32 - တိုက်ပွဲတွေကြောင့် စစ်ဘေး ဒုက္ခသည် ၃,၀၀၀ ကျော် ထိုင်းနိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်တဲ့သတင်း အပါအဝင်တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။

https://youtu.be/SC0GZPsZwUk

#4pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9😁2
Media is too big
VIEW IN TELEGRAM
မြန်မာနိုင်ငံက ကလေးအလုပ်သမား ၁ သန်းကျော် ရှိနေကြောင်း (ILO) ထုတ်ပြန်

Watch more detail -
http://www.mizzimaburmese.com/article/129562

#ကလေးအလုပ်သမား #မြန်မာ #ILO #VideoNews #shorts #Reels
👍4🔥2
မြေပြင်လိုအပ်ချက်များ ရှိနေ၍ မြို့ပြမစ်ရှင်များ ရပ်နားထားရဟု DSRB အဖွဲ့ပြော
😁3👍1
မြေပြင်လိုအပ်ချက်များ ရှိနေ၍ မြို့ပြမစ်ရှင်များ ရပ်နားထားရဟု DSRB အဖွဲ့ပြော
=====================

ဂန္ဒမာ
(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်းဒေသကြီးအတွင်း တိုက်ခိုက်ရေးလှုပ်ရှားမှုပြုလုပ်နေသည့် Dark Side Revolution Burma (DSRB) အဖွဲ့အနေဖြင့် မြေပြင်လိုအပ်ချက်များ မဖြည့်ဆည်းနိုင်မှုကြောင့် လတ်တလောတွင် ရပ်နားထားရသည့် မြို့ပြမစ်ရှင်များရှိကြောင်း DSRB တပ်ဖွဲ့ တာဝန်ခံ Seven က မဇ္ဈိမ ကို ပြောသည်။

"မြေပြင်လိုအပ်ချက်ဆိုတာတော့ Safe Houseတွေ၊ သိုလှောင်ရုံတွေ၊ မြေပြင်မှာ သွားလာလှုပ်ရှားဖို့စရိတ်တွေ၊ ပစ္စည်းခဲယမ်းဖြည့်တင်းဖို့၊ သယ်ဆောင်ဖို့စရိတ်၊ အရေးပေါ်အသုံးစရိတ်တွေကို ပြောတာပါ" ဟု ၎င်းကဆိုသည်။

မြို့ပြပြောက်ကျားအဖွဲ့များအတွက် မြေပြင်လှုပ်ရှားမှု စရိတ် ၊ လစဥ် အသုံးငွေနှင့် အရေးပေါ်ကုန်ကျစရိတ်များ ရှိပြီး အရေးပေါ်ဘတ်ဂျက်ငွေ မလုံလောက်၍ ဖမ်းဆီးခံရသည့် ဖြစ်စဥ်များ ယခုနောက်ပိုင်းတွင် အမြောက်အမြားဖြစ်ပေါ်နေကြောင်း သိရသည်။
"မြို့ပြမှာ ရန်သူကိုထိရောက်တဲ့ တုံ့ပြန်မှုတွေလုပ်နိုင်ဖို့ဆိုတာ ကိုယ်တိုင် ခိုင်ခိုင်မာမာရပ်တည်နိုင်ဖို့ အဓိက လိုအပ်ပါတယ်။ ကိုယ်လုပ်မယ့် စစ်ရေးပစ်မှတ်တွေပေါ်မူတည်ပြီး ဘတ်ဂျတ် က လိုအပ်ပါတယ်။ တောတွင်းဘက်ကိုပဲ ဘတ်ဂျက်တွေကသွားနေတော့ မြို့ပြက ငုတ်တုတ်ဖြစ်နေပါတယ်" ဟု DSRB တပ်ဖွဲ့ တာဝန်ခံ Seven က ပြောသည်။

ထို့ကြောင့် DSRB ၊ Myothit Dagon People Defense Force (MDPDF) နှင့် Justice Urban Guerilla Force (JUGF) အဖွဲ့တို့ ပူးပေါင်းကာ “ မြို့ပြပြောက်ကျား ၄၅ ရက် “ အမည်ရ ကမ်ပိန်းတစ်ခုကို မေလ ၂၆ ရက်မှစတင်ကာ ပြုလုပ်နေကြောင်းသိရသည်။
ထိုကမ်ပိန်းတွင် မဲအစောင်ရေ ၄၀၀ ရောင်းချရန် သတ်မှတ်ထားသော်လည်း ကမ်ပိန်း ရက် ၂၀ ကြာသည်အထိ မဲ၂၁ စောင်သာ ရောင်းချရသေး၍ ပြည်သူများ၏ ပူးပေါင်းပါဝင်မှု နည်းပါးနေသးကြောင်း ကမ်ပိန်းပြုလုပ်သူများက ဆိုသည်။ မဲတစ်စောင်လျှင်် ကျပ် ၂၀,၀၀၀ သတ်မှတ်ထားပြီး ဆုမဲများအဖြစ် ဘတ် ၆,၀၀၀ တန် ရွှေဆွဲကြိုးအပါအဝင် ပန်းချီကားများကို ပေးအပ်မည်ဖြစ်သည်။ မဲဝယ်လိုသူများသည် DSRB အဖွဲ့ ဖေ့ဘွတ်မှ တစ်ဆင့် ဆက်သွယ်ဝယ်ယူနိုင်မည်ဖြစ်သည်။

မြို့ပြပြောက်ကျားများအနေဖြင့် အွန်လိုင်းပေါ်တွင် အလှူခံနေခြင်းမှာ ကျင့်ဝတ်စည်းမျဉ်းနှင့်မညီသော်လည်း လျို့ဝှက်စွာ လုပ်ဆောင်နေသည့်အဖွဲ့များအဖို့ မြို့ပြတွင် ရပ်တည်ရန်ခက်ခဲလာသည့်အတွက်ကြောင့် အလှူခံရခြင်းဖြစ်ကြောင်း DSRB တပ်ဖွဲ့ တာဝန်ခံ Seven က ပြောသည်။

Dark Side Revolution Burma အဖွဲ့အနေဖြင့် အာဏာသိမ်းကာလ အစ ၂၀၂၁ မှစတင်ကာ အရှေ့ပိုင်းခရိုင် ပကဖ အထူးတပ်ဖွဲ့အနေဖြင့် လုပ်ဆောင်မှုများပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်းရှိ တောင်ဥက္ကလာနှင့် မြောက်ဒဂုံနယ်မြေတွင် တိုက်ခိုက်မှုများပြုလုပ်ကာ အကြိမ် ၂၀ ထက်မနည်း မစ်ရှင်ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#မြို့ပြမစ်ရှင်များ
#Dark Side Revolution Burma
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍20😢3😁1
ဇွန်လ ၁၄ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
၇၄ နှစ်မြောက် ကော်သူးလေနေ့ အခမ်းအနား KNU ဗဟိုတွင် ကျင်းပ
❤8👍4🔥1
၇၄ နှစ်မြောက် ကော်သူးလေနေ့ အခမ်းအနား KNU ဗဟိုတွင် ကျင်းပ
===================

YT
(မဇ္ဈိမ)။ ။ ၇၄ နှစ်မြောက် ကော်သူးလေနေ့ အခမ်းအနားကို ယနေ့ ဇွန်လ ၁၄ ရက်နေ့၊ နံနက်ပိုင်းတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုဌာနချုပ် တစ်နေရာတွင် အကျဉ်းချုံး ပြုလုပ်ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါအခမ်းအနားအား KNU ဗဟို တွဲဖက် ထွေထွေအတွင်းရေးမှူး(၂) ပဒိုစောလှထွန်း၊ KNU ဗဟိုကော်မတီဝင် ပဒိုစောသမိန်ထွန်း၊ ပဒိုစောကလယ်စေး၊ ပဒိုနော်ဒါးဒါး၊ ပဒိုမန်းကနေဒီး၊ ဒု- ဗိုလ်မှူးကြီးစောအောင်စိန်၊ ဒု-ဗိုလ်မှူးကြီး စောမိုးဇက် အပြင် အခြားသော KNU ခေါင်းဆောင်များ၊ စစ်ဘက် နယ်ဘက် တာဝန်ရှိသူများနှင့် ကရင်လူငယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကော်သူးလေနေ့ဆိုသည်မှာ ကော်သူးလေကရင်ပြည်နယ် ထူထောင်ခြင်းနှင့် ကော်သူးလေအစိုးရ စတင်ဖွဲ့စည်းကြောင်း ကြေညာခဲ့သည့် ၁၉၄၉ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့ကို အစွဲပြု၍ ခေါ်ဆိုခြင်းဖြစ်ပြီး ကရင်တစ်မျိုးသားလုံး​၏ နေ့ထူးနေ့မြတ်တစ်ရက်အဖြစ် သတ်မှတ်ထားကြကာ နှစ်စဉ် ဇွန်လ ၁၄ ရက်နေ့ရောက်တိုင်း ကော်သူးလေနေ့အား ဂုဏ်ပြုအခမ်းအနား ကျင်းပလေ့ရှိကြောင်း သိရသည်။

ယနေ့ ဇွန်လ ၁၄ ရက်နေ့တွင် ကျရောက်သော ကော်သူးလေနေ့အပေါ် ၎င်း​တို့၏ ခံစားချက်အား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်( KNLA) ရဲဘော်တစ်ဦးနှင့် ကရင်ဒေသခံတစ်ဦးက မဇ္ဈိမထံ မျှဝေသည်။

" ဒီ ၇၄ နှစ်မြောက် ကော်သူးလေနေ့မှာပေါ့နော်၊ ကရင်လူမျိုးတစ်ယောက် အနေနဲ့ စိတ်ထဲမှာ အရမ်းဂုဏ်ယူမိပါတယ်။ ဘာကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့ ၇၄ နှစ်တုန်းက ကော်သူးလေပြည် ထူထောင်ပြီး ကော်သူးလေအစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့ကြတယ်။ ပြီးတော့ ကော်သူးလေအသံလွှင့်ဌာနကနေ ကော်သူးလေပြည် ထူထောင်ခြင်းနဲ့အစိုးရဖွဲ့စည်းကြောင်း ကမ္ဘာကိုကြေညာနိုင်ခဲ့တယ်ဆိုတဲ့ ကြီးမားတဲ့သမိုင်းမှတ်တမ်းကြောင့်ပါ" ဟု ကရင်အမျိုးသားလွတ်​မြောက်ရေးတပ်မတော်( KNLA) ရဲဘော်က မဇ္ဈိမကိုပြောသည်။

ထို့အပြင် ကော်သူးလေနေ့သည် ကရင်တစ်မျိုးသားလုံးအတွက် သမိုင်းကြောင်းကို ပြန်လည်ထင်ဟပ်စေသောနေ့၊ ကရင်လူမျိုးများ​၏ အမှန်တရားကို ချစ်မြတ်နိုးစိတ်၊ ဖိနှိပ်မှုများစွာ ကြုံခဲ့ရသော်လည်း မလျော့တဲ့ ဇွဲနဲ့ ပေးဆပ်ခဲ့သူများအား ပြန်ပြီးအမှတ်ရစေသောနေ့ဖြစ်ကြောင်း အဆိုပါရဲဘော်က ဆက်လက်ပြောဆိုသည်။

" ကော်သူးလေနေ့ဆိုတာကတော့ ကရင်အမျိုးသားထုတစ်ခုလုံးရဲ့နေ့ထူးနေ့မြတ် တစ်နေ့ပေါ့။ အခုအချိန်ဆို ၇၄ ကြိမ်မြောက်ပြီ။ ဒါက ကရင်တစ်မျိုးသားလုံးရဲ့ သမိုင်းမှန်၊ နိုင်ငံရေးလှုပ်ရှားမှု မှတ်ကျောက်တစ်ခုပါ။ ကော်သူးလေနေ့ရောက်တိုင်း ကရင်လူထုတစ်ခုလုံးရဲ့ဖြတ်သန်းမှု၊ ဖိနှိပ်ခံရမှုတွေ ပြန်လည်ပြောကြားရတဲ့ နေ့တစ်နေ့။ ဒါကြောင့်ပဲ ကော်သူးလေနေ့ဆိုတာ နှစ်စဥ်နှစ်တိုင်း ကျင်းပကြတာကို ဝမ်းမြောက် ပိတိ ဂုဏ်ယူ ကြိုဆိုပါတယ်" ဟု ကရင်လူမျိုး လူငယ်က မဇ္ဈိမကိုပြောသည်။

ပြီးခဲ့သည့် ၇၃ နှစ်မြောက် ကော်သူးလေနေ့ အခမ်းအနားကိုလည်း KNU ဗဟို၊ သေ့ဘေ့ထတွင် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ကော်သူးလေနေ့
#အခမ်းအနား
#KNU
#၇၄နှစ်မြောက်
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍20❤6😁1
​​စစ်တပ်ပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်မည်ဟု ကမ္ဘောဒီးယား ဝန်ကြီးချုပ် ကတိပြု
=======================

ကမ္ဘောဒီးယား လက်နက်ကိုင်တပ်များ၏ စွမ်းဆောင်ရည် ခိုင်မာအားကောင်းရေးနှင့် အခြားသော အစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်စွမ်း ရှိရေးအတွက် ပြုပြင်ပြောင်းလဲမှုကို အစိုးရက ဦးစားပေးအဖြစ် ထားရှိထားသည်။

ဇွန် ၁၂ ရက်က တပ်မဟာ( ၇၀ )ထူထောင်မှု ၂၉ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားတွင် မိန့်ခွန်းပြောရာ၌ ဝန်ကြီးချုပ် ဟွန်ဆန်က အစိုးရအနေဖြင့် စစ်တပ်၏ စွမ်းဆောင်ရည်ကို ခိုင်မာအားကောင်းစေရေး ပြုပြင်ပြောင်းလဲမှု စီမံကိန်းများအား ဆက်လက်အကောင်အထည် ဖော်သွားမည်ဖြစ်၍ စစ်တပ်အနေဖြင့် ပို၍ ထိရောက်စွာ တာဝန်များ ထမ်းဆောင်နိုင်မည် ဖြစ်ကြောင်း ကြေညာခြင်း ဖြစ်သည်။

“လက်နက်ကိုင်တပ်တွေရဲ့ တပ်ရင်းအသီးသီး ခိုင်မာအားကောင်းပြီး ပူးပေါင်းဆောင်ရွက်မှု စွမ်းရည် မြင့်မားရေးအတွက် အစိုးရရဲ့ အထောက်အပံ့ဟာ ဦးစားပေးအဖြစ် ရှိနေတယ်”ဟု ဟွန်ဆန်က ဆိုသည်။
😁10👍4
Media is too big
VIEW IN TELEGRAM
June - 14 [ 7 Pm ] The Mizzima Primetime

Mizzima Headline News

#7pmnews #themizzimaprimetime #reels #shorts
🍌1
​​ဆားလင်းကြီးမြို့နယ် နှင်းတော ကျေးရွာကို စစ်ကောင်စီတပ် မီးရှို့
==================

လွှမ်းမိုး
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ နှင်းတောကျေးရွာကို စစ်ကောင်စီတပ်က ဇွန်လ ၁၄ ရက် မွန်းလွဲ ၂ နာရီ အချိန်တွင် စတင်၍ မီးရှို့နေတာဖြစ်ကြောင်း ဆားလင်းကြီးဒေသခံ တစ်ဦးထံမှ သိရသည်။

“အိမ်ခြေ ၄၀၀ ကျော်ခန့် ရှိတဲ့ နှင်းတောကျေးရွာကို စစ်ကောင်စီတပ်က စစ်အင်အား ၂၀၀ ခန့် ဖြင့် မွန်းလွဲ ၂ နာရီမှာ မီးစရှို့တယ်။ ကျေးရွာနေပြည်သူတွေကတော့ ပြေးနေရတယ်။ ရွာရဲ့ သုံးနေရာလောက်က မီးခိုးတွေ ထွက်လာမှ မီးရှို့ခံရတာ သိရတယ်” ဟု ဆားလင်းကြီး ဒေသခံ ကိုထက်မြတ်က ဆိုသည်။

ဆားလင်းကြီးမြို့နယ်တွင် ယခုတစ်ပတ်အတွင်း နှင်းတော အပါအဝင် မီးရှို့ခံရသည့် ကျေးရွာ ခုနစ်ရွာခန့် ရှိနေပြီး ဒေသခံ ပြည်သူ ၇,၀၀၀ ကျော်ခန့် စစ်ရှောင်နေရကြောင်း သိရသည်။

“ ဒီကနေ့ရောဆို စစ်ရှောင်ရတာ ခုနစ်ရက် ရှိပါပြီ ။ စစ်ကြောင်းလာပြီဆိုတော့ အကုန်လုံးက အဝတ်တစ်ထည် ကိုယ်တစ်ခုတည်းနဲ့ ပြေးလာရတာ ဖြစ်တဲ့အတွက် စားဝတ်နေရေး တော်တော်လေး အခက်အခဲဖြစ်နေပါတယ်။ မိုးကလည်း အဆက်မပြတ်ရွာနေတော့ ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်တွေရဲ့ ကျန်းမာရေး စိုးရိမ်နေရတယ်” ဟု ကိုထက်မြတ်က ဆိုသည်။

ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေခြင်းကြောင့် နှင်းတော ၊ ထန်းတော ၊ ညောင်ပင်ကြီး အမှတ်(၃)၊အမှတ်(၄) ၊ ရွာရှည် ၊ သိန်တော ၊ သုံးဆု စတဲ့ ကျေးရွာများမှ ဒေသခံ ၇,၀၀၀ ကျော်ခန့် စစ်ရှောင်နေရကြောင်း သိရသည်။
ထို့အပြင် စစ်ကောင်စီတပ်က ညောင်ပင်ကြီး ကျေးရွာရှိ လမ်းများကို ဘိုဒူဇာမြေထိုးစက်များဖြင့် ထိုးဖျက်ကာ စခန်းနှင့် ပေ တစ်ရာပတ်လည်ကို တပ်ပိုင်နက်အဖြစ် သိမ်းဆည်းထားကြောင်းလည်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ဆားလင်းကြီးမြို့နယ်
#မီးရှို့
#စစ်ကြောင်းထိုး
#ကလေးငယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢7🤬3👍2😁1
ခလုတ်တိုက်ကြသူများ | မရွှေမိုး (ကိုရီယား)“လေးညှို့သံ” − အပိုင်း (၅၇)
=====================

ခလုတ်တိုက်ကြသူများ...ဆိုပြီး မရွှေမိုး ရေးသားထားတဲ့ ဆောင်းပါးကို စာရေးသူ မရွှေမိုး(ကိုရီးယား)က ဖတ်ပြပေးသွားမှာဖြစ်ပါတယ်။

ဒီအစီစဉ်ကိုတော့ အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေ ၆နာရီခွဲတိုင်းမှာ Mizzima TV ကနေ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။

https://youtu.be/leJcHdpCBCI
👍7😁1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၄ ဇွန် ၂၀၂၃) 
=========================

စစ်ကောင်စီက ရှမ်းလက်နက်ကိုင် SSPP တပ်စခန်းများကို ဆုတ်ခွာပေးရန် အကြောင်းကြား ထားသည့်အတွက် နှစ်ဖက်စစ်ရေးတင်းမာလာပြီး တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်ရှိနေသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7👏3😁1