ဇွန်လ ၁၄ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

၇၄ နှစ်မြောက် ကော်သူးလေနေ့ အခမ်းအနား KNU ဗဟိုတွင် ကျင်းပ
===================
YT
(မဇ္ဈိမ)။ ။ ၇၄ နှစ်မြောက် ကော်သူးလေနေ့ အခမ်းအနားကို ယနေ့ ဇွန်လ ၁၄ ရက်နေ့၊ နံနက်ပိုင်းတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုဌာနချုပ် တစ်နေရာတွင် အကျဉ်းချုံး ပြုလုပ်ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါအခမ်းအနားအား KNU ဗဟို တွဲဖက် ထွေထွေအတွင်းရေးမှူး(၂) ပဒိုစောလှထွန်း၊ KNU ဗဟိုကော်မတီဝင် ပဒိုစောသမိန်ထွန်း၊ ပဒိုစောကလယ်စေး၊ ပဒိုနော်ဒါးဒါး၊ ပဒိုမန်းကနေဒီး၊ ဒု- ဗိုလ်မှူးကြီးစောအောင်စိန်၊ ဒု-ဗိုလ်မှူးကြီး စောမိုးဇက် အပြင် အခြားသော KNU ခေါင်းဆောင်များ၊ စစ်ဘက် နယ်ဘက် တာဝန်ရှိသူများနှင့် ကရင်လူငယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကော်သူးလေနေ့ဆိုသည်မှာ ကော်သူးလေကရင်ပြည်နယ် ထူထောင်ခြင်းနှင့် ကော်သူးလေအစိုးရ စတင်ဖွဲ့စည်းကြောင်း ကြေညာခဲ့သည့် ၁၉၄၉ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့ကို အစွဲပြု၍ ခေါ်ဆိုခြင်းဖြစ်ပြီး ကရင်တစ်မျိုးသားလုံး၏ နေ့ထူးနေ့မြတ်တစ်ရက်အဖြစ် သတ်မှတ်ထားကြကာ နှစ်စဉ် ဇွန်လ ၁၄ ရက်နေ့ရောက်တိုင်း ကော်သူးလေနေ့အား ဂုဏ်ပြုအခမ်းအနား ကျင်းပလေ့ရှိကြောင်း သိရသည်။
ယနေ့ ဇွန်လ ၁၄ ရက်နေ့တွင် ကျရောက်သော ကော်သူးလေနေ့အပေါ် ၎င်းတို့၏ ခံစားချက်အား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်( KNLA) ရဲဘော်တစ်ဦးနှင့် ကရင်ဒေသခံတစ်ဦးက မဇ္ဈိမထံ မျှဝေသည်။
" ဒီ ၇၄ နှစ်မြောက် ကော်သူးလေနေ့မှာပေါ့နော်၊ ကရင်လူမျိုးတစ်ယောက် အနေနဲ့ စိတ်ထဲမှာ အရမ်းဂုဏ်ယူမိပါတယ်။ ဘာကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့ ၇၄ နှစ်တုန်းက ကော်သူးလေပြည် ထူထောင်ပြီး ကော်သူးလေအစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့ကြတယ်။ ပြီးတော့ ကော်သူးလေအသံလွှင့်ဌာနကနေ ကော်သူးလေပြည် ထူထောင်ခြင်းနဲ့အစိုးရဖွဲ့စည်းကြောင်း ကမ္ဘာကိုကြေညာနိုင်ခဲ့တယ်ဆိုတဲ့ ကြီးမားတဲ့သမိုင်းမှတ်တမ်းကြောင့်ပါ" ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်( KNLA) ရဲဘော်က မဇ္ဈိမကိုပြောသည်။
ထို့အပြင် ကော်သူးလေနေ့သည် ကရင်တစ်မျိုးသားလုံးအတွက် သမိုင်းကြောင်းကို ပြန်လည်ထင်ဟပ်စေသောနေ့၊ ကရင်လူမျိုးများ၏ အမှန်တရားကို ချစ်မြတ်နိုးစိတ်၊ ဖိနှိပ်မှုများစွာ ကြုံခဲ့ရသော်လည်း မလျော့တဲ့ ဇွဲနဲ့ ပေးဆပ်ခဲ့သူများအား ပြန်ပြီးအမှတ်ရစေသောနေ့ဖြစ်ကြောင်း အဆိုပါရဲဘော်က ဆက်လက်ပြောဆိုသည်။
" ကော်သူးလေနေ့ဆိုတာကတော့ ကရင်အမျိုးသားထုတစ်ခုလုံးရဲ့နေ့ထူးနေ့မြတ် တစ်နေ့ပေါ့။ အခုအချိန်ဆို ၇၄ ကြိမ်မြောက်ပြီ။ ဒါက ကရင်တစ်မျိုးသားလုံးရဲ့ သမိုင်းမှန်၊ နိုင်ငံရေးလှုပ်ရှားမှု မှတ်ကျောက်တစ်ခုပါ။ ကော်သူးလေနေ့ရောက်တိုင်း ကရင်လူထုတစ်ခုလုံးရဲ့ဖြတ်သန်းမှု၊ ဖိနှိပ်ခံရမှုတွေ ပြန်လည်ပြောကြားရတဲ့ နေ့တစ်နေ့။ ဒါကြောင့်ပဲ ကော်သူးလေနေ့ဆိုတာ နှစ်စဥ်နှစ်တိုင်း ကျင်းပကြတာကို ဝမ်းမြောက် ပိတိ ဂုဏ်ယူ ကြိုဆိုပါတယ်" ဟု ကရင်လူမျိုး လူငယ်က မဇ္ဈိမကိုပြောသည်။
ပြီးခဲ့သည့် ၇၃ နှစ်မြောက် ကော်သူးလေနေ့ အခမ်းအနားကိုလည်း KNU ဗဟို၊ သေ့ဘေ့ထတွင် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ကော်သူးလေနေ့
#အခမ်းအနား
#KNU
#၇၄နှစ်မြောက်

Facebook
#mizzima – Explore
explore #mizzima at Facebook
👍20❤6😁1
စစ်တပ်ပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်မည်ဟု ကမ္ဘောဒီးယား ဝန်ကြီးချုပ် ကတိပြု
=======================
ကမ္ဘောဒီးယား လက်နက်ကိုင်တပ်များ၏ စွမ်းဆောင်ရည် ခိုင်မာအားကောင်းရေးနှင့် အခြားသော အစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်စွမ်း ရှိရေးအတွက် ပြုပြင်ပြောင်းလဲမှုကို အစိုးရက ဦးစားပေးအဖြစ် ထားရှိထားသည်။
ဇွန် ၁၂ ရက်က တပ်မဟာ( ၇၀ )ထူထောင်မှု ၂၉ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားတွင် မိန့်ခွန်းပြောရာ၌ ဝန်ကြီးချုပ် ဟွန်ဆန်က အစိုးရအနေဖြင့် စစ်တပ်၏ စွမ်းဆောင်ရည်ကို ခိုင်မာအားကောင်းစေရေး ပြုပြင်ပြောင်းလဲမှု စီမံကိန်းများအား ဆက်လက်အကောင်အထည် ဖော်သွားမည်ဖြစ်၍ စစ်တပ်အနေဖြင့် ပို၍ ထိရောက်စွာ တာဝန်များ ထမ်းဆောင်နိုင်မည် ဖြစ်ကြောင်း ကြေညာခြင်း ဖြစ်သည်။
“လက်နက်ကိုင်တပ်တွေရဲ့ တပ်ရင်းအသီးသီး ခိုင်မာအားကောင်းပြီး ပူးပေါင်းဆောင်ရွက်မှု စွမ်းရည် မြင့်မားရေးအတွက် အစိုးရရဲ့ အထောက်အပံ့ဟာ ဦးစားပေးအဖြစ် ရှိနေတယ်”ဟု ဟွန်ဆန်က ဆိုသည်။

😁10👍4
Injured at hospital after fresh ethnic clashes erupt in India's northeast
=====================
https://youtu.be/sb5PqWFYfqY
=====================
https://youtu.be/sb5PqWFYfqY
YouTube
Injured at hospital after fresh ethnic clashes erupt in India's northeast
At least nine people were shot dead in the remote northeast Indian state of Manipur, officials said Wednesday -- the latest incident in weeks of violence sparked by long-standing ethnic tensions.
Manipur saw days of deadly clashes in May, prompted by a dispute…

Media is too big
VIEW IN TELEGRAM
June - 14 [ 7 Pm ] The Mizzima Primetime
Mizzima Headline News
#7pmnews #themizzimaprimetime #reels #shorts

🍌1
ဆားလင်းကြီးမြို့နယ် နှင်းတော ကျေးရွာကို စစ်ကောင်စီတပ် မီးရှို့
==================
လွှမ်းမိုး
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ နှင်းတောကျေးရွာကို စစ်ကောင်စီတပ်က ဇွန်လ ၁၄ ရက် မွန်းလွဲ ၂ နာရီ အချိန်တွင် စတင်၍ မီးရှို့နေတာဖြစ်ကြောင်း ဆားလင်းကြီးဒေသခံ တစ်ဦးထံမှ သိရသည်။
“အိမ်ခြေ ၄၀၀ ကျော်ခန့် ရှိတဲ့ နှင်းတောကျေးရွာကို စစ်ကောင်စီတပ်က စစ်အင်အား ၂၀၀ ခန့် ဖြင့် မွန်းလွဲ ၂ နာရီမှာ မီးစရှို့တယ်။ ကျေးရွာနေပြည်သူတွေကတော့ ပြေးနေရတယ်။ ရွာရဲ့ သုံးနေရာလောက်က မီးခိုးတွေ ထွက်လာမှ မီးရှို့ခံရတာ သိရတယ်” ဟု ဆားလင်းကြီး ဒေသခံ ကိုထက်မြတ်က ဆိုသည်။
ဆားလင်းကြီးမြို့နယ်တွင် ယခုတစ်ပတ်အတွင်း နှင်းတော အပါအဝင် မီးရှို့ခံရသည့် ကျေးရွာ ခုနစ်ရွာခန့် ရှိနေပြီး ဒေသခံ ပြည်သူ ၇,၀၀၀ ကျော်ခန့် စစ်ရှောင်နေရကြောင်း သိရသည်။
“ ဒီကနေ့ရောဆို စစ်ရှောင်ရတာ ခုနစ်ရက် ရှိပါပြီ ။ စစ်ကြောင်းလာပြီဆိုတော့ အကုန်လုံးက အဝတ်တစ်ထည် ကိုယ်တစ်ခုတည်းနဲ့ ပြေးလာရတာ ဖြစ်တဲ့အတွက် စားဝတ်နေရေး တော်တော်လေး အခက်အခဲဖြစ်နေပါတယ်။ မိုးကလည်း အဆက်မပြတ်ရွာနေတော့ ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်တွေရဲ့ ကျန်းမာရေး စိုးရိမ်နေရတယ်” ဟု ကိုထက်မြတ်က ဆိုသည်။
ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေခြင်းကြောင့် နှင်းတော ၊ ထန်းတော ၊ ညောင်ပင်ကြီး အမှတ်(၃)၊အမှတ်(၄) ၊ ရွာရှည် ၊ သိန်တော ၊ သုံးဆု စတဲ့ ကျေးရွာများမှ ဒေသခံ ၇,၀၀၀ ကျော်ခန့် စစ်ရှောင်နေရကြောင်း သိရသည်။
ထို့အပြင် စစ်ကောင်စီတပ်က ညောင်ပင်ကြီး ကျေးရွာရှိ လမ်းများကို ဘိုဒူဇာမြေထိုးစက်များဖြင့် ထိုးဖျက်ကာ စခန်းနှင့် ပေ တစ်ရာပတ်လည်ကို တပ်ပိုင်နက်အဖြစ် သိမ်းဆည်းထားကြောင်းလည်း သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ဆားလင်းကြီးမြို့နယ်
#မီးရှို့
#စစ်ကြောင်းထိုး
#ကလေးငယ်
------------------------

😢7🤬3👍2😁1
ခလုတ်တိုက်ကြသူများ | မရွှေမိုး (ကိုရီယား)“လေးညှို့သံ” − အပိုင်း (၅၇)
=====================
ခလုတ်တိုက်ကြသူများ...ဆိုပြီး မရွှေမိုး ရေးသားထားတဲ့ ဆောင်းပါးကို စာရေးသူ မရွှေမိုး(ကိုရီးယား)က ဖတ်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီအစီစဉ်ကိုတော့ အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေ ၆နာရီခွဲတိုင်းမှာ Mizzima TV ကနေ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။
https://youtu.be/leJcHdpCBCI

https://www.youtube.com/wa…

👍7😁1
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၄ ဇွန် ၂၀၂၃)
=========================
စစ်ကောင်စီက ရှမ်းလက်နက်ကိုင် SSPP တပ်စခန်းများကို ဆုတ်ခွာပေးရန် အကြောင်းကြား ထားသည့်အတွက် နှစ်ဖက်စစ်ရေးတင်းမာလာပြီး တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်ရှိနေသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=========================
စစ်ကောင်စီက ရှမ်းလက်နက်ကိုင် SSPP တပ်စခန်းများကို ဆုတ်ခွာပေးရန် အကြောင်းကြား ထားသည့်အတွက် နှစ်ဖက်စစ်ရေးတင်းမာလာပြီး တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်ရှိနေသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7👏3😁1
ဇွန်လ (၁၄) ရက်၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်
===================
-ကမ္ဘာတဝှမ်းမှာ နေရပ်စွန့်ခွာရသူ စံချိန်တင် သန်း ၁၁၀ ရှိပြီလို့ ကုလထုတ်ပြန်တဲ့သတင်း
-NUG ဗဟိုဘဏ် အထူးအကြံပေးအဖြစ် ပါမောက္ခ မစ္စတာ ရှောင်တာနဲလ်ကို ခန့်အပ်လိုက်တဲ့သတင်း
-တိုက်ပွဲတွကြောင့် စစ်ဘေး ဒုက္ခသည် ၃,၀၀၀ ကျော် ထိုင်းနိုင်ငံကို ထွက်ပြေး တိမ်းရှောင်နေရတဲ့သတင်း
-စက်သုံးဆီဈေးကျပေမယ့်လည်း ကုန်ဈေးနှုန်းတွေမကျဘူးလို့ အာဏာသိမ်း စစ်ခေါင်းဆောင်ပြောတဲ့သတင်း
-အိန္ဒိယ-မြန်မာ-ထိုင်း ၃ နိုင်ငံ အဝေးပြေးလမ်းမကြီးကို ၄ နှစ်အတွင်း ဖွင့်လှစ်နိုင်ဖွယ်ရှိတယ်ဆိုတဲ့သတင်း
-တောင်ကိုရီးယားရဲ့နာမည်ကျော်ကေပေါ့အဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ BTS ရဲ့ဆယ်နှစ်ပြည့်အခမ်းအနားကျင်းပမယ့်အကြောင်း
-ယူကရိန်းမှာ ရုရှားရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၃ ဦးသေဆုံးခဲ့ရသတင်းနဲ့အတူ တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
https://www.youtube.com/live/--mhhPLXYR8?feature=share
#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

-တိုက်ပွဲတွကြောင့် စစ်ဘေး ဒုက္ခသည် ၃,၀၀၀ ကျော် ထိုင်းနိုင်ငံကို ထွက်ပြေး တိမ်းရှောင်နေရတဲ့သတင်း…

👍8🍌2👎1
မိုင်းနောင်ကျေးရွာမှ အရပ်သား ၁ဦး စစ်ကောင်စီပစ်ခတ်၍ သေဆုံး၊ ဖမ်းဆီးခံရသူ အဆက်အသွယ်ပြတ်နေ
==================
အဂမ်
(မဇ္ဈိမ)။ ။အင်းတော်ကြီးဒေသ၊ မိုင်းနောင်ကျေးရွာတွင် လမ်းသွားလမ်းလာ အရပ်သားတစ်ဦးကို စစ်ကောင်စီက သေနတ်ဖြင့် ပစ်ခတ်၍ သေဆုံးခဲ့ပြီး တစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများကပြောသည်။
မိုင်းနောင်ကျေးရွာ၊ ဆင်ဖြူကုန်းရပ်မှ အသက် ၃၃ နှစ်အရွယ် ဦးသိန်းလင်းကို ပြီးခဲ့သည့် ဇွန်လ ၈ရက်တွင် စစ်ကောင်စီတပ်ဖွဲ့က သေနတ်ဖြင့်ပစ်ခတ်ခြင်းဟု သိရသည်။ ဦးသိန်းလင်းသည် စစ်ကောင်စီတပ်က စစ်ဆေးနေစဉ် ကြောက်လန့်ပြီး ထွက်ပြေး
ရာမှ သေနတ်ဖြင့် ပစ်ခတ်ရာ သေဆုံးသွားခဲ့သည်ဟုဒေသခံများကပြောသည်။
ထို့အပြင် မိုင်းနောင်ကျေးရွာမှ လူငယ်တစ်ဦးကိုလည်း လက်ကိုင်ဖုန်းအတွင်း PDF ပြောက် ကျားဝတ်စုံဓာတ်ပုံတစ်ခုတွေ့ရှိသည်ဟုဆိုကာ ဇွန်လ ၈ရက်တွင် စစ်ကောင်စီကဖမ်းဆီးခဲ့ကြောင်းသတင်းရရှိသည်။ အဆိုပါ လူငယ်ကို မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်းမသိရသေးဘဲ ယနေ့ ဇွန်လ ၁၄ရက်အထိ မိသားစုဝင်များနှင့်အဆက်အသွယ်ပြတ်နေသည်ဟု သိရသည်။
" မိုင်းနောင်အုပ်ချုပ်ရေးဖက်ကလည်း အသံမထွက်ရဲလို့ ဘယ်ကို ခေါ်လို့ခေါ်သွားမှန်းမသိဘူး ဖြစ်နေတာ။ ပါသွားတဲ့ ကလေးရဲ့ မိဘတွေကလည်း မပြောရဲတော့ သတင်းအစအနမရဘူးဖြစ်နေတာ" ဟု မိုင်းနောင်ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါလူငယ်သည် စစ်ကောင်စီစစ်ကြောင်းက မိုင်းနောင်ကျေးရွာအတွင်း ဖြတ်သန်းသွားလာသည့် အရပ်သားများကို စစ်ဆေးနေစဉ် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။ ဖမ်းဆီးခံရပြီး ရက်သတ္တပတ်ကြာသည်အထိ အဆက်အသွယ်မရသောကြောင့် ယင်းလူငယ်အတွက် စိုးရိမ်နေရကြောင်းဒေသခံများကပြောသည်။
" နောက်တရက်မှာ မိုင်းနောင်ဘုရားဝင်းထဲ အဲ့စစ်သားတွေနဲ့အတူ ကလေးကိုတွေ့သေးတယ်။
ကျွန်တော်လည်း သေချာမကြည့်ရဲလို့မြန်မြန်ပြန်လာရတယ်" ဟု မိုင်းနောင်ကျေးရွာ ဒေသခံက ပြောသည်။
လက်ရှိတွင် အင်းတော်ကြီးဒေသသို့ စစ်ကောင်စီ၏အမှတ် (၃၃) ခြေမြန်တပ်ရင်း လက်အောက်ခံတပ်ဖွဲ့ဝင်များ ရောက်ရှိနေပြီး လုံးတုံစစ်တပ်နှင့် နန့်မွန်းတောင်ထိပ်ဗျုဟာကုန်းတို့တွင် နယ်မြေခံတပ်ရင်းများနှင့် ပူးပေါင်းတပ်စွဲထားကြောင်း သတင်းရရှိသည်။
စာတည်း - မောင်ကြီး
#mizzima
#အင်းတော်ကြီးဒေသ
#မိုင်းနောင်ကျေးရွာ
#အရပ်သားသေဆုံး
#ဖမ်းဆီး

👍11😁2👎1
ဆည်တည်ဆောက်ရေးအတွက် တိဗက်လယ်သမားများ၏ မြေယာများကို တရုတ်အစိုးရ အတင်းအဓမ္မသိမ်းယူ
==========================
ရေအားလျှပ်စစ်အတွက် ဆည်တည်ဆောက်ရန် အကြောင်းပြချက်ဖြင့် တိဗက်ပြည်နယ်၊ ရက်ဂုန်ကောင်တီ တွင် အာဏာပိုင်များက တိဗက်လယ်သမားများ၏ မြေယာမှုများကို အတင်းအဓမ္မသိမ်းယူနေသဖြင့် တရုတ်၏ ရည်ရွယ်ချက်များနှင့် ပတ်သက်ပြီး မသေချာမရေရာမှုများဖြစ်ပေါ်ခြင်းနှင့်အတူ တိဗက်အခြေအနေနှင့် ပတ် သက်ပြီး စိုးရိမ်မှုများဆက်လက်ဖြစ်ပေါ်နေကြောင်း Tibet Press က ဖော်ပြလိုက်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
==========================
ရေအားလျှပ်စစ်အတွက် ဆည်တည်ဆောက်ရန် အကြောင်းပြချက်ဖြင့် တိဗက်ပြည်နယ်၊ ရက်ဂုန်ကောင်တီ တွင် အာဏာပိုင်များက တိဗက်လယ်သမားများ၏ မြေယာမှုများကို အတင်းအဓမ္မသိမ်းယူနေသဖြင့် တရုတ်၏ ရည်ရွယ်ချက်များနှင့် ပတ်သက်ပြီး မသေချာမရေရာမှုများဖြစ်ပေါ်ခြင်းနှင့်အတူ တိဗက်အခြေအနေနှင့် ပတ် သက်ပြီး စိုးရိမ်မှုများဆက်လက်ဖြစ်ပေါ်နေကြောင်း Tibet Press က ဖော်ပြလိုက်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬14👍1🔥1🥰1
ဇွန်လ (၁၄) ရက်၊ ဗုဒ္ဓဟူးနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
=================
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့...
မြန်မာနိုင်ငံတွင်း ဆင်းရဲနွမ်းပါးမှုနဲ့ ကိုဗစ်ကပ်ဘေးရောဂါကြောင့် ကလေးအလုပ်သမား ၁ သန်းကျော် ရှိနေကြောင်း အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ - ILO က ပြောတဲ့ သတင်းနဲ့အတူ
တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် ၃,၀၀၀ ကျော် ထိုင်းနိုင်ငံဘက် ထွက်ပြေး တိမ်းရှောင်နေရတဲ့သတင်းလွှာအပါအဝင် တခြားစိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေ၊ စီးပွားရေးသတင်းတွေနဲ့
နိုင်ငံတကာ သတင်းတွေကိုနားဆင်ကြရပါမယ်။
အဲ့ဒီနောက်မှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ရှိသလို မဇ္ဈိမနဲ့ The Call ခေါ်သံ အွန်လိုင်းမဂ္ဂဇင်းတို့ ပူးပေါင်းတင်ဆက်တဲ့
“နွေဦးခေါ်သံ” အနုပညာကဏ္ဏ ကို လည်း နားဆင်ရမှာဖြစ်ပါတယ်။
https://youtu.be/y-5dKJl4t44
#Mizzimaradio
#EveningRadio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=================
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့...
မြန်မာနိုင်ငံတွင်း ဆင်းရဲနွမ်းပါးမှုနဲ့ ကိုဗစ်ကပ်ဘေးရောဂါကြောင့် ကလေးအလုပ်သမား ၁ သန်းကျော် ရှိနေကြောင်း အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ - ILO က ပြောတဲ့ သတင်းနဲ့အတူ
တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် ၃,၀၀၀ ကျော် ထိုင်းနိုင်ငံဘက် ထွက်ပြေး တိမ်းရှောင်နေရတဲ့သတင်းလွှာအပါအဝင် တခြားစိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေ၊ စီးပွားရေးသတင်းတွေနဲ့
နိုင်ငံတကာ သတင်းတွေကိုနားဆင်ကြရပါမယ်။
အဲ့ဒီနောက်မှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ရှိသလို မဇ္ဈိမနဲ့ The Call ခေါ်သံ အွန်လိုင်းမဂ္ဂဇင်းတို့ ပူးပေါင်းတင်ဆက်တဲ့
“နွေဦးခေါ်သံ” အနုပညာကဏ္ဏ ကို လည်း နားဆင်ရမှာဖြစ်ပါတယ်။
https://youtu.be/y-5dKJl4t44
#Mizzimaradio
#EveningRadio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ဇွန်လ (၁၄) ရက်၊ ဗုဒ္ဓဟူးနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့...
မြန်မာနိုင်ငံတွင်း ဆင်းရဲနွမ်းပါးမှုနဲ့ ကိုဗစ်ကပ်ဘေးရောဂါကြောင့် ကလေးအလုပ်သမား ၁ သန်းကျော် ရှိနေကြောင်း အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ - ILO က ပြောတဲ့ သတင်းနဲ့အတူ
တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် ၃,၀၀၀ ကျော် ထိုင်းနိုင်ငံဘက်…

👍16😁3👏1
"အတိတ်တဘောင် နိမိတ်ဆောင်တယ်၊ ပြည်သူနဲ့အတူ ငါတို့ နိမိတ်ဖတ်မယ်၊ သာဝ မင်းသေရတော့မယ်" စာတန်းကိုင်စွဲပြီး ကြံခင်းမှာဆန္ဒပြ
===================
မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ်တွင် ယနေ့ ဇွန်လ ၁၄ ရက်နေ့ မွန်းလွဲပိုင်းအချိန်က စကြဝတေးမင်းကြီးသ ပိတ်ကော်မတီမှဦးဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့ကြောင်းသိရသည်။
"အတိတ်တဘောင်နိမိတ်ဆောင်တယ် ပြည်သူနဲ့အတူ ငါတို့နိမိတ်ဖတ်မယ် သာဝမင်းသေရတော့မယ်"စာသားပါ ဘန်နာအားကိုင်စွဲကာ ကြံခင်းမြို့ပေါ်တစ်နေရာ၌ ဆန္ဒထုတ် ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးက ပြောသည်။
စကြဝတေးမင်းကြီး သပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်များ ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ်ဖော်မှုသည် အဆိုပါသပိတ်ကော်မတီ၏ (၁၁၂)ကြိမ်မြောက်ဆန္ဒထုတ်ဖော်မှုဖြစ်သည်ဟုသိရသည်။
#ဆန္ဒပြ
#Mizzima

👍12❤10🔥1😁1
ကန့်ဘလူမြို့နယ်၊ ပိတောက်ပင်ကျေးရွာအနီးတိုက်ပွဲတွင် ပျူစောထီးခေါင်းဆောင်ဆိုသူသေဆုံး
========================
ကိုခင်မောင်
(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ် ပိတောက်ပင်ကျေးရွာအနီးတိုက်ပွဲအတွင်း ပျူစောထီးခေါင်းဆောင်ဆိုသူတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်ထံမှ သိရသည်။
ဇွန်လ ၁၃ ရက်၊ နံနက် ၈ နာရီခန့်တွင် ပျူစောထီးပူးပေါင်း စစ်ကောင်စီစစ်ကြောင်းနှင့် ကန့်ဘလူဒေသခံကာကွယ်ရေးတပ်ဖွဲ့များအကြား ပိတောက်ပင်ကျေးရွာအထွက်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“ တိုက်ပွဲမှာ သေဆုံးသူက ဦးဌေးဝင်း၊ သူကပျူခေါင်းဆောင်အကြီးစားပါ။ စစ်ကောင်စီစစ်ကြောင်းမှ အမြဲတမ်းလိုက်ပါနေသူတစ်ဦးပါ ” ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက မဇ္ဈိမသို့ပြောသည်။
အသက် (၅၀) ကျော်ခန့်ရှိသော ဦးဌေးဝင်းသည် ထန်းကုန်းအနောက်ဘက်ကျေးရွာများ၏ ပျူစောထီးခေါင်းဆောင်ဖြစ်ကြောင်း အထက်ပါတပ်ဖွဲ့ဝင်က ထပ်လောင်းအတည်ပြုသည်။
သို့သော် ဦးဌေးဝင်းသည် ပျူစောထီးခေါင်းဆောင်ဖြစ်သည်ဆိုသော ကိစ္စနှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် ဒေသခံများထံမှ သီးခြားအတည်နိုင်ခြင်းမရှိသေးပေ။
ဇွန်လ ၁၄ ရက် နေ့လယ်ပိုင်းတွင် ဦးဌေးဝင်း၏ရုပ်အလောင်းကို ၎င်း၏ဇာတိ ကံရိုးကျေးရွာရှိ နေအိမ်သို့ စစ်ကောင်စီတပ်စစ်သားအများအပြားနှင့် ပျူစောထီးများမှ လာရောက် ပို့ဆောင်ခဲ့ကြသည်ကိုတွေ့ရကြောင်းလည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်ကဆိုသည်။
ကန့်ဘလူမြို့နယ်၊ ကို့တောင်ဘို့ရွာတွင် တပ်စွဲထားသော အဆိုပါစစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းစစ်ကြောင်းသည် အင်အား ၆၄ ဦးဖြင့် ဇွန်လ ၁၄ ရက်၊ နံနက် ၄ နာရီ ၅၀ မိနစ်ခန့်တွင် ကောလင်းဘက်သို့ စစ်ကြောင်းထိုးထွက်သွားကြောင်းသိရသည်။
ထိုစစ်ကြောင်းအား ကိုးတောင်ဘို့တိုက်နယ် ပ.က.ဖ တပ်ခွဲ (၂) (DCT) အဖွဲ့မှ ကောလင်းမြို့နယ်၊ ဝါးရုံခုံကျေးရွာတောင်ဘက် ကွန်ဂရစ်တံတားတွင် ပဒေသာမှိုင်းခြောက်လုံးဖြင့် ဇွန်လ ၁၄ ရက်၊ နံနက် ၅ နာရီခန့်တွင် မှိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုအခြေအနေကို စုံစမ်းနေဆဲဖြစ်ကြောင်း ကောလင်း ပ.က.ဖ အဖွဲ့၀င်တစ်ဦးကလည်းပြောသည်။
စာတည်း ။ ။ Alden
#ကန့်ဘလူမြို့နယ်
#ပိတောက်ပင်ကျေးရွာ
#ပကဖ
#ပျူစောထီး

👍19👏3😁3❤1