Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​မိုင်းနောင်ကျေးရွာမှ အရပ်သား ၁ဦး စစ်ကောင်စီပစ်ခတ်၍ သေဆုံး၊ ဖမ်းဆီးခံရသူ အဆက်အသွယ်ပြတ်နေ
==================

အဂမ်
(မဇ္ဈိမ)။ ။အင်းတော်ကြီးဒေသ၊ မိုင်းနောင်ကျေးရွာတွင် လမ်းသွားလမ်းလာ အရပ်သားတစ်ဦးကို စစ်ကောင်စီက သေနတ်ဖြင့် ပစ်ခတ်၍ သေဆုံးခဲ့ပြီး တစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများကပြောသည်။

မိုင်းနောင်ကျေးရွာ၊ ဆင်ဖြူကုန်းရပ်မှ အသက် ၃၃ နှစ်အရွယ် ဦးသိန်းလင်းကို ပြီးခဲ့သည့် ဇွန်လ ၈ရက်တွင် စစ်ကောင်စီတပ်ဖွဲ့က သေနတ်ဖြင့်ပစ်ခတ်ခြင်းဟု သိရသည်။ ဦးသိန်းလင်းသည် စစ်ကောင်စီတပ်က စစ်ဆေးနေစဉ် ကြောက်လန့်ပြီး ထွက်‌ပြေး
ရာမှ သေနတ်ဖြင့် ပစ်ခတ်ရာ‌ သေဆုံးသွားခဲ့သည်ဟုဒေသခံများကပြောသည်။

ထို့အပြင် မိုင်းနောင်ကျေးရွာမှ လူငယ်တစ်ဦးကိုလည်း လက်ကိုင်ဖုန်းအတွင်း PDF ပြောက် ကျားဝတ်စုံဓာတ်ပုံတစ်ခုတွေ့ရှိသည်ဟုဆိုကာ ဇွန်လ ၈ရက်တွင် စစ်ကောင်စီကဖမ်းဆီးခဲ့ကြောင်းသတင်းရရှိသည်။ အဆိုပါ လူငယ်ကို မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်းမသိရသေးဘဲ ယနေ့ ဇွန်လ ၁၄ရက်အထိ မိသားစုဝင်များနှင့်အဆက်အသွယ်ပြတ်နေသည်ဟု သိရသည်။

" မိုင်းနောင်အုပ်ချုပ်ရေးဖက်ကလည်း အသံမထွက်ရဲလို့ ဘယ်ကို ခေါ်လို့ခေါ်သွားမှန်းမသိဘူး ဖြစ်နေတာ။ ပါသွားတဲ့ ကလေးရဲ့ မိဘတွေကလည်း မပြောရဲတော့ သတင်းအစအနမရဘူးဖြစ်နေတာ" ဟု မိုင်းနောင်ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါလူငယ်သည် စစ်ကောင်စီစစ်ကြောင်းက မိုင်းနောင်ကျေးရွာအတွင်း ဖြတ်သန်းသွားလာသည့် အရပ်သားများကို စစ်ဆေးနေစဉ် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။ ဖမ်းဆီးခံရပြီး ရက်သတ္တပတ်ကြာသည်အထိ အဆက်အသွယ်မရသောကြောင့် ယင်းလူငယ်အတွက် စိုးရိမ်နေရကြောင်းဒေသခံများကပြောသည်။

" နောက်တရက်မှာ မိုင်းနောင်ဘုရားဝင်းထဲ အဲ့စစ်သားတွေနဲ့အတူ ကလေးကိုတွေ့သေးတယ်။

ကျွန်တော်လည်း သေချာမကြည့်ရဲလို့မြန်မြန်ပြန်လာရတယ်" ဟု မိုင်းနောင်ကျေးရွာ ဒေသခံက ပြောသည်။

လက်ရှိတွင် အင်းတော်ကြီးဒေသသို့ စစ်ကောင်စီ၏အမှတ် (၃၃) ခြေမြန်တပ်ရင်း ‌လက်အောက်ခံတပ်ဖွဲ့ဝင်များ ရောက်ရှိနေပြီး လုံးတုံစစ်တပ်နှင့် နန့်မွန်းတောင်ထိပ်ဗျုဟာကုန်းတို့တွင် နယ်မြေခံတပ်ရင်းများနှင့် ပူးပေါင်းတပ်စွဲထားကြောင်း သတင်းရရှိသည်။

စာတည်း - မောင်ကြီး

#mizzima
#အင်းတော်ကြီးဒေသ
#မိုင်းနောင်ကျေးရွာ
#အရပ်သားသေဆုံး
#ဖမ်းဆီး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11😁2👎1
​​ဆည်တည်ဆောက်ရေးအတွက် တိဗက်လယ်သမားများ၏ မြေယာများကို တရုတ်အစိုးရ အတင်းအဓမ္မသိမ်းယူ  
==========================

ရေအားလျှပ်စစ်အတွက် ဆည်တည်ဆောက်ရန် အကြောင်းပြချက်ဖြင့် တိဗက်ပြည်နယ်၊ ရက်ဂုန်ကောင်တီ တွင် အာဏာပိုင်များက တိဗက်လယ်သမားများ၏ မြေယာမှုများကို အတင်းအဓမ္မသိမ်းယူနေသဖြင့် တရုတ်၏ ရည်ရွယ်ချက်များနှင့် ပတ်သက်ပြီး မသေချာမရေရာမှုများဖြစ်ပေါ်ခြင်းနှင့်အတူ တိဗက်အခြေအနေနှင့် ပတ် သက်ပြီး စိုးရိမ်မှုများဆက်လက်ဖြစ်ပေါ်နေကြောင်း Tibet Press က ဖော်ပြလိုက်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬14👍1🔥1🥰1
ဇွန်လ (၁၄) ရက်၊ ဗုဒ္ဓဟူးနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
=================

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့...

မြန်မာနိုင်ငံတွင်း ဆင်းရဲနွမ်းပါးမှုနဲ့ ကိုဗစ်ကပ်ဘေးရောဂါကြောင့် ကလေးအလုပ်သမား ၁ သန်းကျော် ရှိနေကြောင်း အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ - ILO က ပြောတဲ့ သတင်းနဲ့အတူ

တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် ၃,၀၀၀ ကျော် ထိုင်းနိုင်ငံဘက် ထွက်ပြေး တိမ်းရှောင်နေရတဲ့သတင်းလွှာအပါအဝင် တခြားစိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေ၊ စီးပွားရေးသတင်းတွေနဲ့

နိုင်ငံတကာ သတင်းတွေကိုနားဆင်ကြရပါမယ်။

အဲ့ဒီနောက်မှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ရှိသလို မဇ္ဈိမနဲ့ The Call ခေါ်သံ အွန်လိုင်းမဂ္ဂဇင်းတို့ ပူးပေါင်းတင်ဆက်တဲ့

“နွေဦးခေါ်သံ” အနုပညာကဏ္ဏ ကို လည်း နားဆင်ရမှာဖြစ်ပါတယ်။

https://youtu.be/y-5dKJl4t44

#Mizzimaradio
#EveningRadio

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍16😁3👏1
"အတိတ်တဘောင် နိမိတ်ဆောင်တယ်၊ ပြည်သူနဲ့အတူ ငါတို့ နိမိတ်ဖတ်မယ်၊ သာဝ မင်းသေရတော့မယ်" စာတန်းကိုင်စွဲပြီး ကြံခင်းမှာဆန္ဒပြ
===================

မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ်တွင် ယနေ့ ဇွန်လ ၁၄ ရက်နေ့ မွန်းလွဲပိုင်းအချိန်က စကြဝတေးမင်းကြီးသ ပိတ်ကော်မတီမှဦးဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့ကြောင်းသိရသည်။

"အတိတ်တဘောင်နိမိတ်ဆောင်တယ် ပြည်သူနဲ့အတူ ငါတို့နိမိတ်ဖတ်မယ် သာဝမင်းသေရတော့မယ်"စာသားပါ ဘန်နာအားကိုင်စွဲကာ ကြံခင်းမြို့ပေါ်တစ်နေရာ၌ ဆန္ဒထုတ် ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးက ပြောသည်။

စကြဝတေးမင်းကြီး သပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်များ ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ်ဖော်မှုသည် အဆိုပါသပိတ်ကော်မတီ၏ (၁၁၂)ကြိမ်မြောက်ဆန္ဒထုတ်ဖော်မှုဖြစ်သည်ဟုသိရသည်။

#ဆန္ဒပြ
#Mizzima
👍12❤10🔥1😁1
​​ကန့်ဘလူမြို့နယ်၊ ပိတောက်ပင်ကျေးရွာအနီးတိုက်ပွဲတွင် ပျူစောထီးခေါင်းဆောင်ဆိုသူသေဆုံး
========================

ကိုခင်မောင်
(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ် ပိတောက်ပင်ကျေးရွာအနီးတိုက်ပွဲအတွင်း ပျူစောထီးခေါင်းဆောင်ဆိုသူတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်ထံမှ သိရသည်။
ဇွန်လ ၁၃ ရက်၊ နံနက် ၈ နာရီခန့်တွင် ပျူစောထီးပူးပေါင်း စစ်ကောင်စီစစ်ကြောင်းနှင့် ကန့်ဘလူဒေသခံကာကွယ်ရေးတပ်ဖွဲ့များအကြား ပိတောက်ပင်ကျေးရွာအထွက်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ တိုက်ပွဲမှာ သေဆုံးသူက ဦးဌေးဝင်း၊ သူကပျူခေါင်းဆောင်အကြီးစားပါ။ စစ်ကောင်စီစစ်ကြောင်းမှ အမြဲတမ်းလိုက်ပါနေသူတစ်ဦးပါ ” ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက မဇ္ဈိမသို့ပြောသည်။

အသက် (၅၀) ကျော်ခန့်ရှိသော ဦးဌေးဝင်းသည် ထန်းကုန်း‌အနောက်ဘက်ကျေးရွာများ၏ ပျူ‌စောထီးခေါင်းဆောင်ဖြစ်ကြောင်း အထက်ပါတပ်ဖွဲ့ဝင်က ထပ်လောင်းအတည်ပြုသည်။
သို့သော် ဦးဌေးဝင်းသည် ပျူ‌စောထီးခေါင်းဆောင်ဖြစ်သည်ဆိုသော ကိစ္စနှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် ဒေသခံများထံမှ သီးခြားအတည်နိုင်ခြင်းမရှိသေးပေ။

ဇွန်လ ၁၄ ရက် နေ့လယ်ပိုင်းတွင် ဦးဌေးဝင်း၏ရုပ်အလောင်းကို ၎င်း၏ဇာတိ ကံရိုးကျေးရွာရှိ နေအိမ်သို့ စစ်‌ကောင်စီတပ်စစ်သားအများအပြားနှင့် ပျူ‌စောထီးများမှ လာရောက် ပို့ဆောင်ခဲ့ကြသည်ကိုတွေ့ရကြောင်းလည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်ကဆိုသည်။
ကန့်ဘလူမြို့နယ်၊ ကို့တောင်ဘို့ရွာတွင် တပ်စွဲထားသော အဆိုပါစစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းစစ်ကြောင်းသည် အင်အား ၆၄ ဦးဖြင့် ဇွန်လ ၁၄ ရက်၊ နံနက် ၄ နာရီ ၅၀ မိနစ်ခန့်တွင် ကောလင်းဘက်သို့ စစ်ကြောင်းထိုးထွက်သွားကြောင်းသိရသည်။

ထိုစစ်ကြောင်းအား ကိုးတောင်ဘို့တိုက်နယ် ပ.က.ဖ တပ်ခွဲ (၂) (DCT) အဖွဲ့မှ ကောလင်းမြို့နယ်၊ ဝါးရုံခုံကျေးရွာတောင်ဘက် ကွန်ဂရစ်တံတားတွင် ပဒေသာမှိုင်းခြောက်လုံးဖြင့် ဇွန်လ ၁၄ ရက်၊ နံနက် ၅ နာရီခန့်တွင် မှိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုအခြေအနေကို စုံစမ်းနေဆဲဖြစ်ကြောင်း ကောလင်း ပ.က.ဖ အဖွဲ့၀င်တစ်ဦးကလည်းပြောသည်။

စာတည်း ။ ။ Alden

#ကန့်ဘလူမြို့နယ်
#ပိတောက်ပင်ကျေးရွာ
#ပကဖ
#ပျူစောထီး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19👏3😁3❤1
ဟံလင်းမြို့ဟောင်းရှိ စစ်ကောင်စီတပ်ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ သွားရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံး
👍16👏3😁2
ဟံလင်းမြို့ဟောင်းရှိ စစ်ကောင်စီတပ်ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ သွားရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံး
======================

ရောင်နီ
(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်၊ ဟံလင်းမြို့ဟောင်းကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသေဆုံးခဲ့ကြောင်း 96 Soldiers-PDF (အညာဒေသတပ်ခွဲ) တာ၀န်ရှိသူက မဇ္စျိမကို ပြောသည်။

အင်အား ၅၀ ခန့်ရှိ ထိုစစ်ကောင်စီတပ်ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဇွန်လ ၁၂ ရက်နေ့ နံနက် ၅ နာရီအချိန်တွင် တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ မိနစ် ၂၀ ခန့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“စခန်းမှာ စစ်ကောင်စီတပ် အင်အား ၅၀ လောက်ရှိတယ်ဆိုပြီး သိရတယ်။ ကျွန်တော်တို့အဖွဲ့တွေရဲ့ သွားရောက်တိုက်ခိုက်မှုမှာ သူတို့ဘက်က လက်နက်ငယ်တွေနဲ့ ပြန်ပစ်တယ်။ ၆၀ မမနဲ့လည်း ပြန်ပစ်တယ်။ ကျွန်တော်တို့ လက်နက်ငယ်နဲ့ ပထမဆုံး ပစ်ခတ်တဲ့ စစ်ဆင်ရေးပါ။ ဒါပေမဲ့ ကျွန်တော်တို့ဘက်က အထိအခိုက်မရှိခဲ့ပါဘူး ” ဟု 96 Soldiers-PDF (အညာဒေသတပ်ခွဲ)မှ ကိုဇေယျာလွင်က ပြောသည်။

ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရသည်ကိုလည်း ဒေသခံများ ပြောပြချက်အရ သိရှိရကြောင်း 96 Soldiers-PDF (အညာဒေသတပ်ခွဲ) က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ခိုက်မှုကို MDF-Shwebo တပ်ဖွဲ့၊ ဒုံးပျံတပ်ဖွဲ့နှင့် 96 Soldiers-PDF တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ တိုက်ပွဲအပြီး ထိုစစ်ကောင်စီတပ်က ဟံလင်းမြို့ဟောင်းကျေးရွာ အနီးကို စစ်ကြောင်းထိုးမှုများရှိခဲ့ကြောင်း သိရသည်။

“ ဟန်လင်းနားမှာ စိုင်နိုင်ကွေ့ရှိတယ်။ လှတောနဲ့လည်း နီးတယ်။ အဲတော့ သူတို့က ကူးနေတာပေါ့။ ရွှေဘိုထဲကလာတယ် စစ်ကြောင်းထိုးလိုက် အဲ့မှာ၀င်နားလိုက် စစ်ကြောင်းပတ်ထိုးလိုက် အဲ့လိုတော့ ရှိတယ်။ ပြီးခဲ့တဲ့ သုံးလလောက်ကလည်း အဲ့နားက ရွာတွေကို မီးရှို့တာရှိတယ်” ဟု ၎င်းက ဆက်ပြောသည်။

ထိုစစ်ကောင်စီတပ် တပ်စွဲထားသည့် ရှစ်လတာ ကာလအတွင်းဟံလင်းမြို့ဟောင်းကျေးရွာအတွင်းရှိ ပြည်သူများအား ပျူစောထီး စစ်သင်တန်း သင်ကြားပေးနေပြီး ကာကွယ်ရေးတပ်ဖွဲ့များဘက်ကလည်း လက်နက်ကြီးများဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်လေ့ရှိကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#ဟံလင်းမြို့ဟောင်း
#၄ ဦးသေဆုံး
#96 Soldiers-PDF
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17😁3❤1
​​ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်အပါအဝင် လေးဦးကို သတ်ဖြတ်ခဲ့သည်ဟူသော စွပ်စွဲချက် မှားယွင်းဟုမြောင်ပလဖတုန့်ပြန်၊ စုံစမ်းဖော်ထုတ်အရေးယူရန် စစ်ကိုင်းခရိုင်ရင်း(၁) NUG ထံ တောင်းဆို
=====================

ရောင်နီ
(မဇ္စျိမ)။ ။ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်အပါအဝင် လေးဦးကို သတ်ဖြတ်ခဲ့သည်ဟူသော စစ်ကိုင်းခရိုင် အမှတ် ၁ တပ်ရင်း၏ စွပ်စွဲချက်သည် မှားယွင်းနေပြီး ယင်းဖြစ်စဥ်အပေါ် NUG အနေဖြင့် စုံစမ်းစစ်ဆေးပါက ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြောင်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့တာ၀န်ခံဗိုလ်ကျားသစ်က မဇ္စျိမကို ပြောသည်။

မြောင်နှင့် မြင်းမူမြို့အခြေစိုက် ZAMANI Revolution Force (MMU)MYAUNGအဖွဲ့ ခေါင်းဆောင် ကိုဇော်မိုးအပါအဝင် လေးဦးကို မြောင်မြို့နယ် ပလဖအဖွဲ့ ဖမ်းဆီးသွားပြီးနောက် သေဆုံးသွားပြီး ယင်းဖြစ်ရပ်အ‌ပေါ် မြောင်မြို့နယ် ပလဖအဖွဲ့အနေဖြင့် တာဝန်ခံရမည်ဖြစ်ကြောင်း စစ်ကိုင်းခရိုင်၊တပ်ရင်း(၁)က ထုတ်ပြန်ထားသည့် အပေါ် ဗိုလ်ကျားသစ်က တုံ့ပြန်ပြောကြားခြင်းဖြစ်သည်။

ZAMANI Revolution Force (MMU) MYAUNG အဖွဲ့ ခေါင်းဆောင် ကိုဇော်မိုးနှင့်ကျေးရွာပကဖတာဝန်ခံ တစ်ဦး၊ရဲဘော်တစ်ဦးနှင့် ပြည်သူတစ်ဦးအား မြောင်မြို့နယ်ပလဖအဖွဲ့မှ ဇွန်လ ၁ရက်တွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ စစ်ဆေးစဉ် လက်လွန်ပြီး လေးဦးစလုံး သေဆုံးသည့်သတင်းရရှိကြောင်းနှင့်မြောင်မြို့နယ်ပလဖအဖွဲ့၏ လုပ်ရပ်သည် တော်လှန်ရေးအင်အားစုများနှင့်တော်လှန်ရေး သမားများကိုပါ ပြောင်ပြောင်တင်းတင်း စော်ကားလိုက်ခြင်းဖြစ်ကြောင်း စစ်ကိုင်းခရိုင်၊တပ်ရင်း (၁)က ဇွန်လ ၁၀ရက်တွင် ထုတ်ပြန်ထားသည်။

ထိုထုတ်ပြန်ချက်အပေါ် ဗိုလ်ကျားသစ်က " အမှားအယွင်းတွေ တင်ထားတာ ဖြစ်ပါတယ်" ဟု တုံ့ပြန် သည်။
ZAMANI Revolution Force (MMU)MYAUNGအဖွဲ့ ခေါင်းဆောင် ကိုဇော်မိုးသည် မြောင်မြို့နယ် မရိုးကုန်းကျေးရွာမှ တိုက်နယ်ပကဖ ခေါင်းဆောင် ကိုဖိုးထောင်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ဖမ်းဆီး သတ်ဖြတ်ခဲ့ပြီးငွေကြေးများလည်း ယူဆောင်သွားကြောင်း၊ ဥပဒေမဲ့လုပ်ရပ်အများအပြား ကျူးလွန်ထားကာ ရွှေဆိုင်နှင့် ဓာတ်ဆီဆိုင်များကို ဓားပြတိုက်ခြင်း၊ ပြည်သူတစ်ဦးကို ဒလန်ဟုဆိုကာ စွပ်စွဲသတ်ဖြတ်ခြင်းများ ကျူးလွန်ခဲ့ကြောင်း ဗိုလ်ကျားသစ်က ပြောသည်။ ဗိုလ်ကျားသစ်၏ အဆိုပါ ပြောကြားချက်အပေါ် မဇ္ဈိမအနေဖြင့် သီးခြားအတည်မပြုနိုင်ပါ။ ကိုဇော်မိုးဦးဆောင်သောအဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာပြီး ကာကွယ်ရေးတပ်ဖွဲ့အချို့ ပူးပေါင်းကာ ဖမ်းဆီးခဲ့ခြင်းဟု ဗိုလ်ကျားသစ်က ယနေ့ ဇွန်လ ၁၄ရက် နေ့လယ်တွင် ပြောသည်။

၎င်းက " တပ်ရင်းတပ်ဖွဲ့တွေနဲ့ ဖမ်းဆီးတာဖြစ်ပါတယ်။ ကျွန်တော်တို့ဆီရောက်ပြီး စစ်ဆေးပြီးတော့ လုပ်လိုက်တဲ့ ပုံစံမျိုးမဟုတ်ဘူး။ ဖမ်းဆီးခဲ့ချိန်က သူပစ်ကိုယ်ပစ် ပစ်ရင်း ထိခိုက်သေဆုံးတာပါ" ဟု ယနေ့ ဇွန်လ ၁၄ရက်တွင် ပြောသည်။

ဖမ်းဆီးရာတွင် တဖက်နှင့်တဖက် အပြန်အလှန်ပစ်ခတ်မှုအတွင်း ကိုဇော်မိုးအပါအဝင် သုံးဦးသေဆုံးကာ တစ်ဦးမှာ ခြေထောက်တွင် သေနတ်ထိမှန်ဒဏ်ရာရရှိပြီး လက်ရှိအချိန်အထိ အသက်ရှင်လျက် ဖမ်းဆီးထိန်းသိမ်းထားဆဲဟုဆိုသည်။

စစ်ကိုင်းခရိုင်တပ်ရင်း(၁) ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေဖြင့် စုံစမ်းစစ်ဆေးမှုပြုလုပ်လာပါက ပူးပေါင်းဆောင်ရွက်မည်ဟု ဆိုသည်။
“ NUG ဆိုတာ ကျွန်တော်တို့ အစိုးရလေ။ ကျွန်တော်တို့ အစိုးရချမှတ်တဲ့အတိုင်းခံယူသွားမှာပါ။ စုံစမ်းစစ်ဆေးမှုတွေ လုပ်ရင်လည်း ပူးပေါင်းဆောင်ရွက်သွားပါမယ်“ ဟု ၄င်းက ပြောသည်။

ဇွန်လ ၁၀ ရက်နေ့ ရက်စွဲဖြင့် စစ်ကိုင်းခရိုင် တပ်ရင်း ၁က ထုတ်ပြန်ထားသည့်စာတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် ယခုဖြစ်စဉ်အား ပြန်လည်စိစစ်ပြီး မြောင်မြို့နယ်ပလဖအဖွဲ့နှင့် ဤအမှုတွင် ပါဝင်ပါတ်သက်သူအားလုံးအား ဖော်ထုတ်အရေးယူပေးရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ အသတ်ခံရသူ လေးဦး၏ မိသားစုဝင်များအား မြောင်မြို့နယ် ပလဖ အဖွဲ့အနေဖြင့် တရားဝင်တောင်းပန်ရန်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ပုံရိပ်ကို ထိခိုက်စေသော လုပ်ရပ်မှန်သမျှအား ပြင်းထန်စွာ ရှုံ့ချသည်ဟု ထုတ်ပြန်ထားသည်။

မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDSOM) တာ၀န်ခံကိုနွေဦးက စစ်ကိုင်းခရိုင် တပ်ရင်း(၁)ရင်း၏ ထုတ်ပြန်ချက်သည် မြေပြင်အခြေအနေနှင့် လွဲချော်နေသည်ဟုမှတ်ချက်ပြုသည်။

" သူတို့ ထင်မြင်ချက်တချို့နဲ့ သူတို့ကြားလိုက်တာလေးတွေကိုပဲ စာထုတ်လိုက်တာ" ဟု ကိုနွေဦးကပြောသည်။
ထုတ်ပြန်ချက်တွင် တာဝန်ခံလက်မှတ်ရေးထိုးထားသည့်စစ်ကိုင်းခရိုင် တပ်ရင်း(၁)ရင်း ၁ မှူး ဗိုလ်ယက္ခက ၎င်းတို့အနေဖြင့် ဖြစ်စဉ်ကို သေချာစိစစ်၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး မြောင်မြို့နယ်ပလဖအဖွဲ့၏ ကျူးလွန်မှုကို NUG အနေဖြင့် စုံစမ်းဖော်ထုတ်ရန် ထပ်မံ တောင်းဆိုသည်။

စာတည်း - မောင်ကြီး

#mizzima
#စစ်ကိုင်းခရိုင် အမှတ် ၁ တပ်ရင်း
#မြောင်မြို့နယ်ပလဖအဖွဲ့
#CDSOM

ZAMANI Revolution Force (MMU)MYAUNGအဖွဲ့ ခေါင်းဆောင် ကိုဇော်မိုး
👍23🤣3❤2
​​ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ခြင်းမရှိဟု ဗိုလ်ချုပ်ဇော်မင်းထွန်းငြင်း
=======================

001
မဇ္စျိမ။ ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်ဗိုလ်ချုပ်အချို့ တွေ့ဆုံခဲ့ခြင်းမရှိကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြန်လည်ငြင်းဆိုသည်။

ပြီးခဲ့သည့် မေလ ၂၇ ရက်နေ့နှင့် ဇွန်လ ၄ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း)နှင့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့က ဒေါ်အောင်ဆန်းစုကြည်အား သွားရောက်တွေ့ဆုံခဲ့သည့်သတင်းမှာ မဟုတ်ကြောင်း ဇွန်လ ၁၄ ရက်နေ့က BBC Burmeseနှင့် အင်တာဗျူးတွင် ငြင်းဆိုခြင်းဖြစ်သည်။

“ကောလာဟလ သတင်းပဲဖြစ်ပါတယ်။ တွေ့ဆုံခဲ့ခြင်းမရှိပါဘူး”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ငြင်းသည်။

စစ်ကောင်စီအနေဖြင့် ညှိနှိုင်းနေရပြီဆိုသော ပုံဖော်လိုသည့်အတွက် လုပ်ကြံဖန်တီးခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက စွပ်စွဲသည်။

ထို့ပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဒီမိုကရေစီကို ငြိမ်းချမ်းသည့်နည်းဖြင့် သွားမည်ဟု ပြောဆိုခဲ့သော်လည်း ပါတီများ မှတ်ပုံတင်စဉ်က ပါတီမှတ်ပုံတင်ကိစ္စအတွက် NLD ပါတီဝင်အချို့ သွားရောက်တွေ့ဆုံမှုကို အတွေ့မခံခဲ့သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်ကျဆင်းခဲ့မှုကြောင့်ဟုလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ထပ်မံစွပ်စွဲသည်။

​ဒေါ်စန္ဒာမင်း အပါအဝင် NLD ပါတီဝင်သုံးဦးက ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်းက စစ်​ကောင်စီ၏ စီစဥ်​ပေးမှုဖြင့် ​ဒေါ်​အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနိုင်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

​“ပုံရိပ်ကျဆင်းတယ်ဆိုတာ စစ်ကောင်စီအသိုင်းအဝိုင်းအတွက်တော့ ပုံရိပ်ကျဆင်းမှာပေါ့ဗျာ။ ဒါပေမဲ့ လူထုတွေကတော့ ဒေါ်အောင်ဆန်းစုကြည် အဲ့ဒီလို လက်ဖက်ရည်တိုက်ပြီး ပြန်လွှတ်လိုက်ပါလို့ပြောတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကိုဝိုင်းဝန်းပြီး သန်းနဲ့ချီပြီး ဩဘာပေးနေကြတာဖြစ်ပါတယ်ခင်ဗျ။ ဒါကြောင့် ပုံရိပ်ကျဆင်းတယ်ဆိုတာက ပုံရိပ်ကို မရှိတော့တဲ့ ဇော်မင်းထွန်းတို့ရဲ့ သဘောထားသာဖြစ်တယ်လို့ ကျွန်တော်ကတော့ အကဲဖြတ်ပါတယ်”ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကပြောသည်။

စစ်ကောင်စီအနေဖြင့် လက်ရှိတွင် အကျပ်အတည်းမျိုးစုံဆိုက်ရောက်နေပြီး စစ်ရေး၊ သံတမန်ရေးအပြင် စီးပွားရေးအရ ကသောင်းကနင်းဖြစ်နေချိန်တွင် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေးလောကမှ ထွက်ခွာသွားရန် စစ်ကောင်စီက ဆန္ဒရှိနေကြောင်းလည်း ဦးသန်းစိုးနိုင်က သုံးသပ်သည်။

ထို့ပြင် အဆိုပါ သတင်းမထွက်ပေါ်မီ ဇွန်လ ၈ ရက်နေ့ကလည်း သန်လျင်သဘာဝတရားရိပ်သာဆရာတော် ဉီးဉတ္တမသာရက NLD ပါတီနာယက သူရဦးတင်ဦးကို ချည်းကပ်ပြီး ဒေါ်အောင်ဆန်းစုကြည်အားနိုင်ငံရေးမလုပ်ဘဲ ငြိမ်းချမ်းရေးလုပ်ရန် သွားရောက်ပြောဆိုခဲ့ပြီး ယင်းစကားများမှာ စစ်ကောင်စီ၏ သဘောထားဖြစ်နိုင်ပြီး ဒေါ်အောင်ဆန်းစုကြည်အား စစ်​ကောင်စီဘက်က သွားရောက်တွေ့ဆုံခဲ့ခြင်းမှာလည်း ဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ်သည်။

NLD ပါတီဝင်အချို့ ​တွေ့ဆုံလိုမှု ငြင်းပယ်ခံရမှုအ​ပေါ် ဗိုလ်ချုပ်​ဇော်မင်းထွန်းက နမူနာ​ပေးပြောဆိုပြီး​နောက် "ဖြစ်ပျက်​နေတဲ့ အ​ကြောင်းအရာ သိ​နေတဲ့လူကို ဘာများ ထပ်ပြီး​တော့ ရှင်းပြစရာ ​ပြောပြစရာအ​ကြောင်းရှိလဲလို့ပဲ​ပြောချင်ပါတယ်"ဟု ၎င်းက BBCကို​ဖြေသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်အား NLD ပါတီဝင်အချို့နှင့် တွေ့ဆုံပေးရန် စီစဉ်ပေးမှုနောက်ပိုင်း စစ်​ကောင်စီအ​နေဖြင့် တွေ့ဆုံမှုမရှိဟုလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ငြင်းသည်။

“အဲ့ဒီအရှေ့ပိုင်းမှာတော့ ဒါ ရှိကောင်းရှိနိုင်ပါလိမ့်မယ်။ ရှိကောင်းရှိနိုင်ပါလိမ့်မယ်ဆိုတာ ဖြစ်ပျက်နေတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ကျပြောတာမျိုးပေါ့နော်။ အသိပေးတာမျိုး ရှိကောင်းရှိပါလိမ့်မယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား စစ်​ကောင်စီက အမှု ၁၉ မှုဖြင့် စွပ်စွဲပြီး ထောင်ဒဏ် ၃၃ နှစ်ချမှတ်ကာ နေပြည်တော်အချုပ်ထောင်တွင် ထိန်းသိမ်းခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အား ယခင်နေရာတွင်ပင် ထိန်းသိမ်းထားဆဲဖြစ်ကြောင်း စစ်ကောင်စီက BBC Burmeseကို ဖြေကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း ပြောသည်။
ဖမ်းဆီးခံထားရသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တွေ့ဆုံပြီး အမှုကိစ္စများဆွေးနွေးနိုင်ရန် ရှေ့နေအဖွဲ့က တင်ပြထားသော်လည်း စစ်ကောင်စီက တွေ့ဆုံခွင့်မပေးဘဲ လူချင်း​တွေ့ဆုံခွင့် အဆက်အသွယ်ဖြတ်တောက်ထားသည်။
👍29🤮3🥰1😁1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဇွန်လ ၁၄ ရက်ထုတ်လွှင့်မှုများ
=================

https://youtu.be/G18xCW9vCLk

#PVTV
#Mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍14🍌2🍓1