Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​မိုးဗြဲတွင် ၃ ရက်အတွင်း အရပ်သား ၂၆ ဦး သတ်ဖြတ်ခံရ
================

ဂျူချန်း
(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့တွင် ဇွန်လ ၆ ရက်နေ့မှ ၈ ရက်နေ့အထိ သုံးရက်အတွင်း အရပ်သား ၂၆ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့ကြောင်း Free Burma Rangers အဖွဲ့က ဇွန်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

မိုးဗြဲမြို့၊ စေတီတော်အနီးဝန်းကျင်တွင် ဇွန်လ ၆ရက်နေ့မှ ၈ ရက်နေ့အတွင်း အရပ်သား ၁၄ ဦး ကို စစ်ကောင်စီက အစုလိုက်အပြုံလိုက် ပစ်သတ်ခဲ့ခြင်းဖြစ်ပြီး သတ်ဖြတ်ခံရသူများအနက် တစ်ဦးသည် စေတီတော်ဝန်းအတွင်း လဲကျနေစဉ် ဦးခေါင်းအား ပစ်သတ်ခံရသည်ကို ဒရုန်းဗီဒီယိုဖိုင်မှတစ်ဆင့် မြင်တွေ့ရပြီး အခြားသေဆုံးသူ သုံးဦးသည် ဒူးထောက်လျက် ပစ်သတ်ခံခဲ့သည့် ပုံစံအနေအထားများဖြစ်ကြောင်း ဆိုသည်။

ထို့ပြင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် မိုးဗြဲမြို့အနီး၌ အခြားအရပ်သား ၁၂ဦး သေဆုံးခဲ့ရကာ ထိခိုက်ဒဏ်ရာရသူ ဦးရေ ၂၀ ရှိကြောင်း ဖော်ပြထားသည်။

ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) အုပ်ချုပ်မှုဒါရိုက်တာ ကိုဗညားက စစ်ကောင်စီကြောင့် ထိခိုက်သေဆုံးမှုများသည် ပိုမိုများပြားလာနိုင်ပြီး ပျောက်ဆုံး(သို့မဟုတ်) သေဆုံးဟု သတ်မှတ်ထားသူများလည်း ရှိကြောင်း ပြောသည်။

“ စစ်ကောင်စီကြောင့် အသက် သုံးနှစ်အရွယ် ကလေး သေဆုံးတာလည်းရှိတယ်။ ခု ကျနော်တို့ အလောင်းတွေ ပြန်မရခဲ့တာတွေ၊ ကျနော်တို့ လက်လှမ်းမမီတဲ့ ကူညီလို့ မရတော့တဲ့ ရပ်ကွက်ထဲကဟာတွေကျန်နေပါသေးတယ်။ တချို့လူတွေက ထွက်လို့မရအောင် ပိတ်ဆို့ထားခြင်း ခံရတာလည်းရှိတယ်” ဟု ကိုဗညားက မဇ္ဈိမ ကိုပြောသည်။

မိုးဗြဲတွင် အရပ်သားများအား စစ်ကောင်စီက အစုလိုက်အပြုံလိုက် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေခြင်းကို အပြင်းအထန် ရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက ယမန်နေ့ ဇွန်လ ၁၄ ရက်နေ့တွင် ဖော်ပြထားသည်။

“တချို့ ပစ္စည်းပြန်ယူသူတောင် ခြောက်ပစ်ခံရ၊ အသတ်ခံရနဲ။ မနေ့ကလည်း နှစ်ယောက် ပစ်သတ်ခံရတယ်။ မနေ့မနက် ၈နာရီလောက် မိသားစုသုံးယောက် အိမ်က စက်ပြန်ယူတာ ခုထိပြန်မလာဘူး။ ခုနစ်လသားလေးချန်ထားခဲ့ပြီး အဆက်အသွယ်လည်းမရ။ သေလားရှင်လားမသိဘူး” ဟု မိုးဗြဲမြို့အပြင်ဘက်တွင် ရှောင်နေသည့် ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် မိုးဗြဲမြို့ စည်ကားရပ်ကွက်၊ ပွဲကုန်းရပ်ကွက်၊ ဈေးကုန်း၊ ပေါ်ဦးရပ်ကွက်၊ ဒုန်းဒူထန်ရပ်ကွက်၊ စက်တော်ရာ စသည့် ရပ်ကွက်များတွင် စစ်ကောင်စီတပ်သားများ ဝင်ရောက်လျက်ရှိသောကြောင့် ဒေသခံများမှာ မြို့ပြင် လယ်ကွင်းများနှင့် အခြားလုံခြုံမည့်နေရာများတွင် သွားရောက်ခိုလှုံနေကြရပြီး မြို့တွင်းသို့ လိုအပ်သည့် ပစ္စည်းများ ဝင်ယူသည့်အခါတွင် အသတ်ခံရခြင်း နှင့် ပျောက်ဆုံးခြင်းများ ရှိကြောင်း ဒေသခံများထံက သိရသည်။

မိုးဗြဲမြို့တွင် မေလအကုန်ပိုင်းမှ စတင်ကာ တော်လှန်ရေး အင်အားစုနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီက နေ့စဉ် လက်နက်ကြီး ပစ်ခတ်ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။ လက်ရှိ မိုးဗြဲမြို့ခံ အများစုသည် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရပြီး မြို့ထဲတွင် ပိတ်မိနေသူအချို့လည်း ကျန်ရှိနေသေးကြောင်း သိရသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

#Mizzima
#Free Burma Rangers
#မိုးဗြဲ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬9😢4🤣3👍2😁1
ဘားအံမြို့နယ် ထုံးအိုင်ကျေးရွာရှိ NUG ဝန်ကြီးနှင့် NLD အမတ် နေအိမ်တို့အား စစ်ကောင်စီချိပ်ပိတ်
🤬5🔥4❤1
ဘားအံမြို့နယ် ထုံးအိုင်ကျေးရွာရှိ NUG ဝန်ကြီးနှင့် NLD အမတ် နေအိမ်တို့အား စစ်ကောင်စီချိပ်ပိတ်
==================

ဂျူချန်း
(မဇ္ဈိမ)။ ။ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ထုံးအိုင်ကျေးရွာတွင်ရှိသည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ(ခ)နိုင်ထွန်းဖေနှင့် NLD ပါတီမှ ကရင်ပြည် နယ် ဗမာတိုင်းရင်းသားရေးရာလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းတို့၏ နေအိမ်များကိုစစ်ကောင်စီမှ ချိပ်ပိတ်ကာ သိမ်းဆည်းခဲ့ကြောင်း သိရသည်။

ဇွန်လ ၁၃ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်ခန့်တွင် စစ်ကောင်စီတပ်သား၊ ရဲ၊ ကျေးရွာလူကြီးသုံးဦး ပါဝင် သည့်အဖွဲ့က ထုံးအိုင်ကျေးရွာ အမှတ်(၇)ရပ်ကွက်၊ (၃)လမ်းတွင်ရှိသည့် နိုင်သုဝဏ္ဏ၏နေအိမ်နှင့် အမှတ် (၆)ရပ်ကွက်၊(၂)လမ်းတွင်ရှိသည့် ဦးတင်ဝင်းတို့၏နေအိမ်များကို ချိပ်ပိတ်သိမ်းဆည်းကြောင်း စာလာကပ် သွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ထိုစာရွက်တွင် ကရင်ပြည်နယ်ရဲတပ်ဖွဲ့အမည်ဖြင့် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေအရ ချိတ်ပိတ်သိမ်း ဆည်းထားသော အဆောက်အဦးဖြစ်ကြောင်း ပါရှိသည်။

အာဏာသိမ်းပြီး သုံးလေးလခန့်အကြာတွင် အိမ်ပိုင်ရှင်များသည် ၎င်းနေအိမ်များ၌ နေထိုင်ကြခြင် မရှိ တော့သော်လည်း စစ်ကောင်စီလက်အောက်ခံ ရဲများက မကြာခဏ လာရောက်ရှာဖွေခြင်း ပြုလုပ်ကြလေ့ ရှိကြောင်း ဒေသခံများက ပြောသည်။

“အဲဒီအိမ်တွေက လူမနေတာ ကြာပြီ။ ခဏခဏ ဓာတ်ပုံလာရိုက်ကြတယ်။ ဘကြီး(နိုင်သုဝဏ္ဏ) တို့အိမ်ဆို ဘာမှမရှိတော့ဘူး။ တံခါးတွေလည်း ဖျက်ဖွင့်ပြီးဝင်မွှေကြတယ်။ လွန်ခဲ့တဲ့လတွေကလည်း ဦးတင်ဝင်း အိမ်ကရောင်းထားတယ်ဆိုပြီး အဲဒီတုန်းက သူတို့ မပိတ်ကြသေးတာ။ ဘကြီးအိမ်ကတော့ ပိတ်ထားတာ ကြာပြီ။ မနေ့ကမှ စာလာကပ်သွားတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

နိုင်သုဝဏ္ဏသည် ဝါရင့်အမျိုးသားရေးလှုပ်ရှားသည့် နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး ၁၉၉၀ ရွေးကောက်ပွဲ တွင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(MNDF) ပါတီကိုယ်စားပြုပြီး ကြာအင်းဆိပ်ကြီး အမှတ်(၂) မဲဆန္ဒ နယ်တွင်တကြိမ်၊ ၂၀၁၅ ရွေးကောက်ပွဲ၌ မွန်အမျိုးသားပါတီ(MNP) ပါတီကိုယ်စားပြုကာ ဘားအံမြို့နယ် အမျိုးသားလွှတ်တော် အမှတ်(၁)မဲဆန္ဒနယ်တွင်တကြိမ် ရွေးကောက်ခံကိုယ်စားလှယ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ဖူးသည်။ မွန်ညီညွတ်ရေးပါတီ(MUP)၌ ဗဟိုအလုပ်အမှုဆောင်အဖြစ်တာဝန်ယူခဲ့ပြီး ၂၀၂၁ခုနှစ် တွင် စစ်အာဏာသိမ်းခြင်းကို လက်မခံသောကြောင့် MUP မှ နှုတ်ထွက်ခဲ့သည်။

လက်ရှိတွင် နိုင်သုဝဏ္ဏသည် အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာနတွင် ပြည်ထောင်စု ဝန်ကြီးအဖြစ် တာဝန်ယူထားပြီး မွန်ပြည်ဖက်ဒရယ်ကောင်စီတွင် သဘာပတိအဖြစ်လည်း တာဝန်ယူ ထားသည်။

ဦးတင်ဝင်းသည် ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ကရင်ပြည်နယ်တွင် ဗမာတိုင်းရင်းသားကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လက်ရှိတွင် ကရင်ပြည်နယ်လွှတ်တော် ကိုယ်စားပြုကော်မတီ(CRKH) အဖွဲ့ဝင်တစ်ဦး ဖြစ်ကြောင်း သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ကရင်ပြည်နယ်
#ဘားအံမြို့နယ်
#နေအိမ်ချိပ်ပိတ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬8😁7👍6🔥1
Media is too big
VIEW IN TELEGRAM
ကရင်နီဒေသအတွင်းတိုက်ပွဲများကြောင့် ဒုက္ခသည် သုံးထောင်ကျော် ထိုင်းနယ်စပ်ဖြတ်ကျော်

Watch more detail -
https://youtu.be/VChtQ8VwsF0

#ကရင်နီဒေသ #ဒုက္ခသည် #ထိုင်းနယ်စပ်ဖြတ်ကျော် #VideoNews #shorts #reels
👍8❤3🔥2😁1
​​မုတ်သုံလေအားကောင်းလာခြင်းကြောင့် ဇွန်လ ၁၈ ရက်နေ့အထိ တိုင်းနှင့်ပြည်နယ်အများစုတွင် မိုးရွာ သွန်းနိုင်
==============

ရောင်နီ
(မဇ္စျိမ)။ ။မုတ်သုံလေအားကောင်းလာခြင်းကြောင့် တိုင်းနှင့်ပြည်နယ်အများစုတွင် ဇွန်လ ၁၈ ရက်နေ့ အထိ မိုးရွာသွန်းနိုင်ကြောင်း NUG လူသားချင်းစာနာထောက်ထားမှုနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ ရေး၀န်ကြီးဌာန (MOHADM)က သတင်းထုတ်ပြန်ထားသည်။

၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း အနောက်တောင်မုတ်သုံလေ၀င်ရောက်မှုသည် ပုံမှန်၀င်ရောက်သည့် ရက်ထက် အနည်းငယ်နောက်ကျပြီးမှ ၀င်ရောက်ခဲ့ကြောင်း (MOHADM) က ဆိုသည်။
ထို့ပြင် ဇွန်လ ၁၂ ရက်နေ့မှ၁၇ ရက်နေ့အထိရက်များအတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းလာခြင်းကြောင်း ကမ်းရိုးတန်းဒေသများနှင့် မြောက်ပိုင်းဒေသများ တွင် မိုးကြီးနိုင်ပြီး မြို့ပြနှင့် မြစ်ချောင်းများ ရေကြီးရေလျှံနိုင်ချေရှိကြောင်း အသိပေးထားသည်။

“မိုးကတော့ သိပ်အများကြီး မရွာဘူး။ မိုးတွေအုံ့ပြီး ရွာနိုင်တဲ့အနေအထားတော့ တွေ့နေရတယ်။ အရင် တုန်းကလိုတော့ သိပ်အများကြီးမဟုတ်ဘူး။ လေပြင်းတွေဘာတွေ တိုက်ခတ်တာလည်း မရှိသေးပါဘူး” ဟု ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှ ဒေသခံတဦးက မဇ္စျိမကို ပြောသည်။

စစ်ကောင်စီ၏ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ဇွန်လ ၁၅ ရက်နေ့ နံနက်၇ နာရီအချိန် ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းနေ ခြင်းကြောင့် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းပြီး ဒေသအလိုက် မိုးကြီးနိုင်ကြောင်း ဖော်ပြထားသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#မုတ်သုံလေ
#မိုးလေဝသ
#ရေကြီးရေလျှံ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14🔥1😁1
This media is not supported in your browser
VIEW IN TELEGRAM
အိန္ဒိယနိုင်ငံမှာ လူမျိုးရေးပဋိပက္ခအတွင်း လူ ၉ ဦးသတ်ဖြတ်ခံရ

https://www.facebook.com/reel/1554983128361727

#InternationalNews #India #Mizzima #reels #shorts
👍3❤1🔥1😢1
​​သရက်ချောင်းမြို့ ဝဲရစ်ရွာတွင် သေနတ်သံကြောင့် စစ်ဘေးရှောင် အဘိုးအို ထိတ်လန့် သေဆုံး
====================

ကိုရွှေမြိတ်
မဲဆောက် (မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင် ၊ သရက်ချောင်းမြို့နယ် ၊ မင်းဒပ်ကျေးရွာအုပ်စု ၊ ဝဲရစ်ရွာ ဘုန်းကြီးကျောင်းတွင် စစ်ရှောင်နေသည့် အသက် ၈၀ ကျော်အရွယ် ဦးဖေသန်းသည် သေနတ်သံကြောင့် ထိတ်လန့်ကာ အမောဖောက်သေဆုံးသွားကြောင်း မိသားစုဝင်များထံက သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းက စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဝဲရစ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထို့ကြောင့် ဒေသခံများ နေရပ်စွန့်ခွာ တိမ်းရှောင်ရာမှ မပြေးလွှားနိုင်သည့် သက်ကြီးရွယ်အိုများသည် ရွာဘုန်းကြီးကျောင်းတွင် ခိုလှုံနေခြင်းဖြစ်သည်။

ထို့နောက် ဇွန်လ ၁၄ ရက်နေ့ ည ၁၀ နာရီခန့် တွင် ဦးဖေသန်းသည် စစ်ကောင်စီ၏ သေနတ်သံကြားကာ ထိတ်လန့် အမောဖောက်၍ သေဆုံးသွားခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ဦးဖေသန်း၏ တူမ ဖြစ်သူက“ မနေ့က ရွာဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေရင်း အမောဖောက်ပြီး ဆုံးသွားတာပါ။ ပုံမှန် ဆိုရင် ဒီလိုမျိုး မဖြစ်နိုင်ဘူး”ဟု ပြော သည်။

၎င်းတွင် ပန်နာရင်ကြပ် ရောဂါအခံရှိပြီး တိုက်ပွဲမဖြစ်ပွားခင် အချိန်က ဆေးခန်းပုံမှန်ပြနေရသူဖြစ်ကြောင်း ၎င်း၏ မိသားစုဝင်များကပြောသည်။

“ နာရေးကို ဒီနေ့ပဲ ရွာမှာ လုပ်လိုက်တာပါ။ နာရေးကို စစ်ရှောင်နေရလို့ သားသမီးတွေ အစုံ မလာနိုင်ဘူး”လို့ ၎င်း၏တူမ ဖြစ်သူက ဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၈ ရက်က စတင်ပြီး စစ်ကောင်စီတပ်ဖွဲ့က ကနက်သီရိကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ယနေ့ ဇွန်လ ၁၅ ရက်နေ့ အထိ ရွာစဉ်လှည့်ကာ ဒေသခံများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးကာ ဒေသခံများကို ဖမ်းဆီးနေကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ထိတ်လန့် သေဆုံး
# စစ်ဘေးရှောင် အဘိုးအို
#ဝဲရစ်ရွာ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6😢5🔥2😭1
This media is not supported in your browser
VIEW IN TELEGRAM
ကမ္ဘာနဲ့တစ်ဝန်း လူသန်းပေါင်း ၁၁၀ ခန့်ဟာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရကြောင်း ကုလပြော

https://www.facebook.com/reel/755594239593513

#internationalnews #reels #shorts
👍6🔥3
​​အိန္ဒိယနှင့် ပါကစ္စတန်ကို အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ချဉ်းကပ်လာစဉ် လူသိန်းချီ ဘေးလွတ်ရာရွှေ့ပြောင်း
=====================

အိန္ဒိယနှင့် ပါကစ္စတန်တွင် ယနေ့ ဇွန်လ ၁၅ ရက်၌ ကုန်းတွင်းပိုင်း ဝင်ရောက်ဖွယ် ရှိနေသည့် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းတစ်ခု မတိုင်မီ လူ ၁၀၀,၀၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားရသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူနေအိမ်များကို အကြီးအကျယ် ပျက်စီးစေနိုင်သလို ဓာတ်အားလိုင်းများကို လဲပြိုစေနိုင်သည်။

ဘင်္ဂါလီဘာသာအရ “ဘေးဒုက္ခ” ဟု အဓိပ္ပါယ်ထွက်သည့် ဘီပါဂျိုင် အမည်ရှိ ဆိုင်ကလုန်း မုန်တိုင်းတစ်ခုက အာရေဘီးယန်း ပင်လယ်ကို ဖြတ်ကာ ရွေ့လျားနေပြီး ယနေ့ ကြာသပတေးနေ့ ညနေတွင် “အလွန် အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်း တစ်ခုအဖြစ် ကုန်းတွင်းပိုင်း ဝင်ရောက်ဖွယ် ရှိကြောင်း အစိုးရ ရာသီဥတု လေ့လာစောင့်ကြည့်သူများက ပြောသည်။
🔥4👍2😁1
Business Round Up (15 June 2023)
=============

- မုန်တိုင်းသင့် ပြည်သူတွေဆီ အကူအညီပေးအပ်ဖို့ စစ်ကောင်စီ ဆိုင်းငံ့ထားပြန်

- မတည်ငြိမ်မှုများကြောင့် ရခိုင်ပြည်နယ်ရှိ ကုလားတန်ဘက်စုံစီမံကိန်းကို သက်ရောက်မှုရှိမှာမဟုတ်ကြောင်း စစ်ကောင်စီပြော

- ကျပ် သိန်းငါးရာ ချီးမြှင့်မယ့် တအာင်းထီ စတင် ရောင်းချ

- ရေးမြို့နယ်ပြည်သူများ မလိုအပ်ဘဲခရီးမသွားဖို့ ဒေသ PDF တိုက်တွန်း

- ထိုင်းနိုင်ငံ အစိုးရပိုင်ဆေးရုံတွေမှာ သူနာပြုအင်အား မလုံလောက်မှုဖြစ်နေ

https://youtu.be/RtKhC1MziUQ

#BusinessRoundUp
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍4❤2🔥1😁1
This media is not supported in your browser
VIEW IN TELEGRAM
အာဖဂန်နစ္စတန်မှာ ကျိုင်းကောင်တွေကျရောက်မှုကြောင့် တောင်သူတွေဒုက္ခတွေ့နေ

https://www.facebook.com/reel/193023400027590

#InternationalNews #Mizzima #Afganistan #reels #shorts
🔥1😁1😱1
“ဗေဒါပျံအံကိုခဲ ပန်းပန်လျက်ပဲ” ဆိုသည့် ရွာပေါင်းစုံသပိတ်
====================

ပါခွီး
(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်မှ ကျေးရွာ ဒေသခံများ စုပေါင်းထားသည့် ရွာပေါင်းစုံသပိတ်သည် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ယနေ့ ဇွန်လ ၁၅ရက်တွင်ပြုလုပ်ခဲ့ကြသည်။

လူထုသပိတ်စစ်ကြောင်းသည် “ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ” စာတန်းကို ကိုင်စွဲပြီးစစ်အာဏာရှင်အလိုမရှိကြောင်း ကြွေးကြော်သံများ ဟစ်ကြွေးကာ ချီတက်ခဲ့ကြ ခြင်းဖြစ်သည်။

ရွာပေါင်းစုံသပိတ်သည် ကျဆုံးသွားသည့် အာဇာနည်အပေါင်းကို ဦးညွတ်အလေး ပြုခဲ့ကြပြီး “ခွန်အားဖြည့်မိငယ်”တေးသီချင်းကို သံပြိုင်သီဆိုကြကာ ကြွေးကြော်သံများနှင့် ဆန္ဒပြပွဲကို အဆုံးသတ်ခဲ့ကြောင်းသိရသည်။

ယနေ့ချီတက်ဆန္ဒပြပွဲသည် ရွာပေါင်းစုံသပိတ်၏ စစ်အာဏာရှင်ဆန့်ကျင်ရေး (၈၁၅)ရက်မြောက် အဖြစ်ချီတက်ခဲ့ကြခြင်းဖြစ်သည်။
ယင်းမာပင်နှင့် ဆားလင်းကြီးကျေးရွာပေါင်းစုံသပိတ် စစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

#Mizzima
#ရွာပေါင်းစုံ သပိတ်စစ်ကြောင်း
#၈၁၅ ရက်မြောက်
#ဆန္ဒပြ
❤13👍3😁1🤮1
This media is not supported in your browser
VIEW IN TELEGRAM
June - 15 [4 Pm] Mizzima News Hour

Mizzima Headline News

#4pmnews #mizzimanewshour #reels #shorts
👍1😁1🍌1
မုံရွာ နည်းပညာတက္ကသိုလ်ရှိ စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး
===================

ပါခွီး (မဇ္စျိမ) ။ ။စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ နည်းပညာတက္ကသိုလ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ခဲ့ပြီး သုံးဦးသေဆုံးသွားကြောင်း Golden Eagle Force က ဇွန်လ ၁၅ရက် ယနေ့တွင်ထုတ်ပြန်သည်။

တက္ကသိုလ်ဂိတ်ဝရှိ စစ်ကောင်စီတပ်သား လေးဦးကို ဇွန်လ ၁၄ရက် နေ့လယ် ၁ နာရီဝန်းကျင်တွင် အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ရာ သုံးဦးမှာ နေရာတွင် သေဆုံးသွားခြင်းဖြစ်ကြောင်း ဆိုသည်။

“ပစ်ခတ်တဲ့ ရဲဘော်များရဲ့မျက်မြင်နဲ့ အတွင်း(စစ်ကောင်စီတပ်) သတင်းပေးတွေဆီက စစ်ကောင်စီတပ်သားတွေ သေဆုံးတာကို အတည်ပြုခဲ့တာပါ” ဟု Golden Eagle Forceတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်လင်းယုန် က မဇ္စျိမ ကို ပြောသည်။

အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ချိန် ခြောက်မိနစ်ခန့်ကြာမြင့်ပြီး တပ်စွဲထားသည့် ကျောင်းဝန်းအတွင်းရှိ သုံးထပ်တိုက်ပေါ်မှ စစ်ကောင်စီတပ်သားမှ ပြန်လည် ပစ်ခတ်သဖြင့် ကာကွယ်ရေးရဲဘော်တစ်ဦး ဦးခေါင်းတွင် ထိမှန်ခဲ့သော်လည်း ဒဏ်ရာ မစိုးရိမ်ရကြောင်း သိရသည်။

တိုက်ခိုက်မှုအပြီး ကျောင်းအတွင်းမှ စစ်ကောင်စီတပ်သားများ လမ်းပေါ်ထွက်၍ မိုးညှင်း သမ္ဗုဒ္ဓေလမ်းပိုင်းအထိ လမ်းသွားလမ်းလမ်းများကို ဆဲဆိုစစ်ဆေးခဲ့ကြောင်း ဗိုလ်လင်းယုန်က ဆက်ပြောသည်။

ယင်းတိုက်ခိုက်မှုကို Golden Eagle Force နှင့်အတူ Red Star Front - ကြယ်နီတပ်ဦး(PLA) ၊ ပုဏ္ဏကပြောက်ကျားတပ်ဖွဲ့ ၊ God of Monywa People Defence Force ၊ တောကျွဲကြီးပြောက်ကျားတပ်ဖွဲ့တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်သိရသည်။

နည်းပညာတက္ကသိုလ်ဝင်းအတွင်း စစ်ကောင်စီတပ်သား ၅၀ခန့် တပ်စွဲထားကာ လမ်းမပေါ်တွင် စစ်ဆေးရေးများလုပ်ကိုင်ခြင်းနှင့် အနီးနားရှိကျေးရွာများ စစ်ကြောင်းထိုးခြင်းများကို လုပ်ဆောင်ကြကြောင်း ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရှိရသည်။

Golden Eagle Force တပ်ဖွဲ့သည့် မုံရွာမြို့ပေါ်တွင် စစ်ကောင်စီတပ်စွဲထားသည့် စီးပွားရေးတက္ကသိုလ် ၊ လဝကရုံး ၊ မြဝတီဘဏ် နှင့် စစ်ဆေးရေးဂိတ်များကို ရှောင်တခင် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည့် တပ်ဖွဲ့ဖြစ်ကြောင်း သိရှိရသည်။

https://youtu.be/XeZKMEmHEBA

စာတည်း- သန့်ဇော်(သန်လျင်)

#mizzima
#မုံရွာမြို့
#နည်းပညာတက္ကသိုလ်
#စစ်ကောင်စီတပ်သား
#GoldenEagleForce
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍18❤3😁2
ညောင်ပင်ကြီးရဲကင်းစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က လူနေအိမ်များကို နေ့စဉ်ရက်ဆက် မီးရှို့
🤬7🔥2😁1