ညောင်ပင်ကြီးရဲကင်းစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က လူနေအိမ်များကို နေ့စဉ်ရက်ဆက် မီးရှို့
🤬7🔥2😁1

======================
MTO
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရဲကင်းစခန်း တိုက်ခိုက်ခံရပြီးနောက် ညောင်ပင်ကြီးကျေးရွာအုပ်စုကို စစ်ကောင်စီတပ်က နေ့စဉ်ရက်ဆက် မီးရှို့ဖျက်ဆီးမှုအတွင်း နေအိမ်ပေါင်း ၆၀၀ နီးပါး မီးလောင်ဆုံးရှုံးခဲ့ပြီဖြစ်ကြောင်း ဆားလင်းကြီး မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ထံမှ သိရသည်။
ညောင်ပင်ကြီးကျေးရွာ ရဲကင်းစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့ များက ဇွန်လ ၉ ရက်နေ့ ညနေပိုင်းတွင် တိုက်ခိုက်သိမ်းယူပြီးနောက် စစ်ကောင်စီတပ်က ဇွန်လ ၉ ရက်နေ့ မှ ယနေ့ ဇွန်လ ၁၅ ရက်နေ့အထိ နေ့စဉ်ရက်ဆက် မီးရှို့ဖျက်ဆီးနေရာ ညောင်ပင်ကြီး၊ နှင်းတော၊ သိမ်တော်၊ ဘုရားသုံးဆူ၊ ရွာရှည် စသည့် ကျေးရွာများအပါအဝင် ကျေးရွာ ခြောက်ခုမှ နေအိမ်များ မီးလောင်ဆုံးရှုံးသွားကြောင်း ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်.
၎င်းက “ မီးရှို့ခံရတဲ့ အိမ်ခြေက ၅၀၀ ကျော် ၆၀၀ နီးပါးလောက်ရှိသွားပြီ စာရင်းကတော့ အတိအကျကောက်လို့ မရသေးဘူး၊ အနားကို ကပ်လို့ မရသေးဘူးဖြစ်နေတာ “ ဟု ပြောသည်။
စစ်ကောင်စီတပ်၏ နေ့စဉ်ရက်ဆက်မီးရှို့ဖျက်ဆီးမှုကြောင့် ညောင်ပင်ကြီးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ပြည်သူ ၇,၀၀၀ နီးပါးလောက်အထိ စစ်ရှောင်နေရပြီး စစ်ရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာလိုအပ်ချက်များရှိနေကြာင်း ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
“ ဒီကနေ့ (ဇွန်လ ၁၅ ရက်နေ့)အချိန်အထိ စစ်ရှောင်ဦးရေ ၇,၀၀၀ နီးပါးလောက်အထိရှိလာပြီး အဓိက တော့ ဆန်၊ ဆီ စားနပ်ရိက္ခာများ လိုအပ်နေတယ်” ဟု ဆားလင်းကြီး ပအဖ မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်သည် စစ်ဘေးရှောင်စခန်းများဘက်သို့ လက်နက်ကြီးများဖြင့်ရမ်းသန်းပစ်ခတ်မှုများ ရှိနေသည့်အတွက် စစ်ရှောင်ပြည်သူများအတွက် အတည်တကျ ချက်ပြုတ်ကျွေးမွေးဖို့ အခက်အခဲများ ရှိနေသည့်အတွက် စစ်မရှောင်ရသေးသည့် ကျေးရွာများမှ ပြည်သူများက စစ်ဘေးရှောင်ပြည်သူများထံ ထမင်းထုပ်များ ပို့ဆောင်ပေးနေရသည့် အခြေအနေဖြစ်ကြောင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်က ဆိုသည်။
ယင်းအပြင် စစ်ကောင်စီတပ်ဖွဲ့သည် ပြည်သူများကို ဖမ်းဆီးခေါ်ဆောင်ပြီးနောက် ညောင်ပင်ကြီးရဲစခန်း ပြန်လည်တည်ဆောက်နေသည့် နေရာတွင် အလုပ်ကြမ်းခိုင်းစေခြင်းများကိုပါ ဆောင်ရွက်နေကြောင်း ဆိုသည်။
“ပြည်သူတွေကိုဖမ်းပြီးတော့ ခြံစည်းရိုးခတ်တဲ့နေရာတွေမှာ အုတ်သယ်ခိုင်းတာမျိုးတွေ အင်္ဂတေတွေ ထမ်းခိုင်းတာမျိုးတွေ စသဖြင့် အလုပ်ကြမ်း လုပ်ခိုင်းတာတွေရှိတယ်" ဟု ပြောသည်။
ညောင်ပင်ကြီးရဲစခန်း တိုက်ခိုက်ခံရမှုအတွင်း စစ်ကောင်စီတပ်ဖက်တွင် ၁၂ ဦးထက်မနည်းသေဆုံးပြီး လက်နက် ခုနစ်လက် နှင့် ခဲယမ်းများကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက သိမ်းယူသွားသည့်အတွက် စစ်ကောင်စီတပ်ဖွဲ့သည် ညောင်ပင်ကြီး ကျေးရွာအုပ်စုကို အငြိုးတကြီးဖြင့် ဖျက်ဆီးနေခြင်းလည်းဖြစ်သည်။
စာတည်း- သန့်ဇော်(သန်လျင်)
#mizzima
#ဆားလင်းကြီးမြို့နယ်
#ညောင်ပင်ကြီးကျေးရွာ
#စစ်ကောင်စီတပ်
#မီးရှို့ဖျက်ဆီး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍4🤬4🔥3😁2
This media is not supported in your browser
VIEW IN TELEGRAM
ဂူးဂဲလ်ဟာ အွန်လိုင်းကြော်ငြာဈေးကွက်အပေါ် လွှမ်းမိုးချုပ်ကိုင်မှုကို အလွဲသုံးစားလုပ်ကြောင်း အီးယူပြောကြား
https://www.facebook.com/reel/749876436822179
#InternationalNews #Google #Mizzima #reels #shorts

👍5🔥4
အာဏာသိမ်းပြီးနောက် စစ်ကောင်စီကျူးလွန်ခဲ့သည့် ပြစ်မှုများကို NLDထုတ်ပြန်၊စစ်ကောင်စီကို အရေးယူရေးထိထိရောက်ရောက်ဆောင်ရွက်ပေးရန် နိုင်ငံတကာကို ထပ်မံတောင်းဆို
=======================
ရွှေနွယ်
(မဇ္ဈိမ)။ ။နိုင်ငံတော်အာဏာသိမ်းယူပြီးနောက် နှစ်နှစ်ကျော်ကြာကာလအတွင်း စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်ခဲ့သူ ၃,၈၁၈ ဦးအထိရှိခဲ့ပြီး ရာဇဝတ်မှုများကျူးလွန်နေသည့် စစ်ကောင်စီကို အရေးယူနိုင်ရေး နိုင်ငံတကာအနေဖြင့် ထိထိရောက်ရောက်ဆောင်ရွက်ပေးစေလိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLDက မေတ္တာရပ်ခံတိုက်တွန်းသည်။
နိုင်ငံတော်အာဏာကို သိမ်းယူချိန်မှ ယခုနှစ်၂၀၂၃ ခုနှစ် မေလ(၃၁) ရက်နေ့အထိ ရရှိထားသော စစ်ကောင်စီ၏ ကျူးလွန်မှု မှတ်တမ်းများကို ဇွန်လ ၁၃ရက်တွင် ထုတ်ပြန်ရင်း အာဆီယံနှင့် နိုင်ငံတကာအသိုက်အဝန်းသို့ NLD ပါတီက ထပ်မံတောင်းဆိုခြင်းဖြစ်သည်။
စစ်ကောင်စီက သတ်ဖြတ်၍ သေဆုံးသူ ၃,၈၁၈ ဦး တွင် လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးနှင့် NLD ပါတီဝင် ၉၃ ဦး ပါဝင်ခဲ့သည်ဟု ထုတ်ပြန်ထား သည်။ထို့ပြင် စစ်အာဏာသိမ်းမှုကို လက်မခံဘဲ ဆန့်ကျင်သောကြောင့် ဥပဒေမဲ့မတရားဖမ်းဆီးထိမ်းသိမ်းခံထားရသူ စုစုပေါင်း ၁၃,၅၃၄ ဦး ရှိပြီး ၄,၃၃၂ ဦး ပြန်လည်လွတ်မြောက်လာကာ ၉,၂၀၂ဦးမှာ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဟု NLD ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ဖမ်းဆီးခံထားရသူများထဲတွင် လွှတ်တော်ကိုယ်စားလှယ် ၇၇ ဦးနှင့် ပါတီဝင် ၁,၂၀၀ဦး ပါဝင်သည်ဟုဆိုသည်။
ထို့အပြင် စစ်ကောင်စီက ပြည်သူတို့၏ နေအိမ်များ အား အကြမ်းဖက်၊ လုယက်၊ မီးရှို့၊ ဖျက်ဆီးမှု ဖြစ်စဉ်ပေါင်း၁,၂၆၇ ကြိမ်ရှိခဲ့ပြီး အိုးအိမ်အဆောက် အဦးပေါင်း ၅၃,၃၇၆ လုံး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း၊ နေအိမ်အပါအဝင် ပိုင်ဆိုင်မှုများ ချိပ်ပိတ်သိမ်းဆည်းခံရသူ ၆၂၅ ဦးရှိပြီး ထိုထဲတွင် လွှတ်တော်ကိုယ်စားလှယ် ၁၇၁ဦးနှင့် NLDပါတီဝင် ၃၃၃ဦးတို့၏ ပိုင်ဆိုင်မှုများပါဝင်သည်ဟုဆိုသည်။
စစ်ကောင်စီက ကျူးလွန်သည့်အဆိုပါ ရာဇဝတ်မှုများကို နိုင်ငံတကာဥပဒေများနှင့်အညီ ဖော်ထုတ်အရေးယူနိုင်ရန်နှင့် မြန်မာပြည်သူတို့၏ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေး လမ်း စဉ်အပေါ် အာဆီယံအပါအဝင် နိုင်ငံတကာအသိုက် အဝန်းအနေဖြင့် ယခုထက်ပိုမို ထိရောက်စွာ ဆောင် ရွက်ပေးစေလိုကြောင်း NLDပါတီက မေတ္တာရပ်ခံတိုက်တွန်းထားသည်။
လက်ရှိတွင် စစ်ကောင်စီက ကျူးလွန်သည့်ရာဇဝတ်မှုများအတွက် အာဆီယံနှင့်နိုင်ငံတကာ၏ တုန့်ပြန်မှုသည် အားရစရာမကောင်းဟု တော်လှန် ရေးအင်အားစုများနှင့် ပြည်သူများက မှတ်ချက်ပြုကြသည်။
" စစ်ကြောရေးကာလမှာသတ်ဖြတ်မှုတွေက
မတရားလက်မရွံ့လူသတ်သမားအုပ်စုရဲ့ဆောင်ရွက်မှုဖြစ်နေတာပေါ့။ ဒီစစ်ရာဇဝတ်မှုတွေအပေါ် အာဆီယံအပါအဝင် အဖွဲ့အစည်းအသီးသီးရဲ့ အရေးယူတုန့်ပြန်မှုတွေက အားရစရာမကောင်းပါဘူး။ နှေးကွေးလွန်းပါတယ်" ဟု NLDပါတီ ဗဟိုကော်မတီဝင်၊ မဟာအောင်မြေ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးငြိမ်းသစ်က မဇ္ဈိမသို့ ပြော သည်။
အထူးသဖြင့် အာဆီယံတွင် တာဝန်ရှိသည်ဟု ပြောလိုကြောင်းနှင့် ကြားနေနိုင်ငံ၊ ဘက်မလိုက်နိုင်ငံများအဖြစ်ရပ်တည်နေသော်လည်း စစ်ရာဇဝတ်မှုများ ဆက်လက်ဖြစ်ပွားရန်နှင့် မြန်မာပြည်သူများ အသက်ရာနှင့်ထောင်နှင့်ချီအောင် ထပ်မံသေဆုံးမှုများဖြစ်ပွားလာရန် လျစ်လျူရှုနေသည်ဟု ဦးငြိမ်းသစ်က မှတ်ချက်ပြုသည်။
စစ်ကောင်စီသည် လတ်တလောတွင် နိုင်ငံတဝန်း ၎င်းတို့အား ဆန့်ကျင်သူများကို ဆက်လက် အကြမ်းဖက်ဖိနှိပ်နေပြီး အရပ်သားများကိုလည်း ပစ်မှတ်ထား သတ်ဖြတ်နေကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့တွင် ဇွန်လ ၆ ရက်နေ့မှ ဇွန်လ ၈ ရက်နေ့အထိ သုံးရက်အတွင်း အရပ် သား ၂၆ ဦးအား စစ်ကောင်စီမှ သတ်ဖြတ်ခဲ့ကြောင်း Free Burma Rangers မှ ဇွန်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ထို့အပြင် စစ်ကောင်စီတပ်များသည် ယနေ့ ဇွန်လ ၁၄ရက်တွင်လည်း မိုးဗြဲမြို့ပေါ်သို့ စစ်ကြောင်းထိုးနေပြီး သတ်ဖြတ်ခံရသည့် အရပ်သားဦးရေ များပြားလာနိုင်သည်ဟု ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG)က ဆိုသည်။
မြန်မာ့နွေဦးတော်လှန်ရေးကိုအနီးကပ်စောင့်ကြည့်ပြီး နိုင်ငံရေးဆောင်းပါးများ ရေးသားနေသော ချက်နိုင်ငံသား နိုင်ငံရေးသိပ္ပံပညာရှင်အီဂေါဘလာဇီဗစ်က ယမန်နေ့က ရေးသားထားသည့် ၎င်း၏ ဆောင်း ပါးတစ်ပုဒ်တွင် စစ်ကောင်စီတပ်ကို "ယူနီဖောင်းတွေ ဝတ်ထားတဲ့ ဂျီနိုဆိုက်ကျူးလွန်သူတွေ " ဟု သုံးနှုန်းထားသည်။
" စစ်တပ်ဟာ အရပ်သားပြည်သူလူထုနဲ့ လူမျိုးစုတွေအပေါ် အကြွင်းမဲ့အာဏာရှင်ဆန်ဆန် ပြုမူတာ၊ ဘာစည်းမျဉ်းမှမရှိ ထင်သလိုရက်စက်တတ်တာဟာ အရှိတရားပါ။ အာဏာရှင်ဆန်တဲ့ အုပ်စိုးမှုအောက်မှာ အရပ်သားတွေအတွက် အခြေခံလုံခြုံရေးဆိုတာမရှိ၊ တိုင်းပြည်မှာ လုံခြုံအောင်လုပ်ပေးနိုင်တာမဟုတ်ပါဘူး။ ဒီအာဏာရှင်ဟာ တရားဥပဒေတို့၊ လူ့အခွင့်အရေးတို့ကို မလေးစားပါဘူး" ဟုအီဂေါဘလာဇီဗစ်က ထောက်ပြသတိပေးထားသည်။
စာတည်း - မောင်ကြီး
#mizzima
#စစ်ကောင်စီကျူးလွန်သည့်ရာဇဝတ်မှုများ
#နိုင်ငံတကာ
#အာဆီယံ
#အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

👍13😁2❤1🥴1
ဇွန်လ ၁၅ ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=======================
01:06-ယူကရိန်းကိုပေးတဲ့ အကူအညီရဲ့ ၁ ရာခိုင်နှုန်းမျှရခဲ့ရင် လပိုင်းအတွင်းအောင်ပွဲရယူနိုင်ကြောင်း သက်သေပြနိုင်ဟု တော်လှန်ရေးခေါင်ဆောင်များ အသိပေးတဲ့သတင်း
04:40-ILOအနေနဲ့ NUGကိုယ်စားလှယ်ကို အသိအမှတ်ပြုသင့်ပြီလို့ အလုပ်သမားရေး ဒုဝန်ကြီးပြောတဲ့သတင်း
06:04-ကံဇီးကျေးရွာကို ကာကွယ်ရေးပူးပေါင်းအဖွဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦးသေဆုံးပြီး ပျူစောထီး ၁၂ ဦး ဖမ်းမိတဲ့သတင်း
07:25-ဘားအံမြို့နယ် ထုံးအိုင်ကျေးရွာရှိ NUG ဝန်ကြီးနဲ့ NLD အမတ် နေအိမ်တို့ကို စစ်ကောင်စီချိပ်ပိတ်တဲ့သတင်း အပါအဝင် အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာပါဖြစ်တယ်။
https://youtu.be/l8_h2TMUTCY
#4pmnews
#mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
ဇွန်လ ၁၅ ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:06-ယူကရိန်းကိုပေးတဲ့ အကူအညီရဲ့ ၁ ရာခိုင်နှုန်းမျှရခဲ့ရင် လပိုင်းအတွင်းအောင်ပွဲရယူနိုင်ကြောင်း သက်သေပြနိုင်ဟု တော်လှန်ရေးခေါင်ဆောင်များ အသိပေးတဲ့သတင်း
04:40-ILOအနေနဲ့ NUGကိုယ်စားလှယ်ကို အသိအမှတ်ပြုသင့်ပြီလို့ အလုပ်သမားရေး ဒုဝန်ကြီးပြောတဲ့သတင်း
06:04…

👍8😁1💩1
ရွေးကောက်ပွဲ မဲပေးရန် ပြည်ပရောက် ကမ္ဘောဒီးယားနိုင်ငံသားများအား ပြန်လည်ခေါ်ယူ
===================
ဇွန် ၂၃ ရက်တွင် ကျရောက်သော ၇ ကြိမ်မြောက် လွှတ်တော်ရွေးကောက်ပွဲများတွင် ကိုယ့်အခွင့်အရေးအား လက်လွှတ်မခံဘဲ ပြည်ပ၌ တာဝန်ထမ်းဆောင်နေသော၊ နေထိုင်နေသော၊ အလုပ်လုပ်ကိုင်နေကြသော ကမ္ဘောဒီးယားနိုင်ငံသားများအနေဖြင့် ပြန်လာကြပြီး မဲပေးကြရန် ကမ္ဘောဒီးယား အမျိုးသား ရွေးကောက်ပွဲ ကော်မရှင်က တိုက်တွန်းချက် ထုတ်ပြန်သည်။
ပြည်ပတွင် နေထိုင်လုပ်ကိုင် တာဝန်ထမ်းနေကြသော ကမ္ဘောဒီးယား ပြည်သူများ အားလုံးထံ ယခု မေတ္တာရပ်ခံချက် ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိရေးအတွက် ကောက်မရှင်က သံရုံးများအားလုံးကို ယခု ဇွန် ၁၄ ရက် ထုတ်ပြန်ချက်၌ မေတ္တာရပ်ခံထားသည်။
လာမည့် ရွေးကောက်ပွဲများ၌ အာဏာရ ကမ္ဘောဒီးယား ပြည်သူ့ပါတီ (CPP) ကို ဆန့်ကျင်ပြီး ရွေးကောက်ပွဲ ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီပေါင်း ၁၇ ပါတီ ရှိသည်။

👍5😁2🔥1
သရက်ချောင်းမြို့နယ် ကျေးရွာ ၁၀ ရွာ အရေးပေါ် စစ်ဘေးရှောင်နေရ (ပုံသတင်း)
======================
ကိုရွှေမြိတ်
မဇ္ဈိမ။ ။တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာအုပ်စုနှင့် မင်းဒပ်ကျေးရွာအုပ်စုတို့က ကျေးရွာ ၁၀ ရွာခန့် သည်၊ ယနေ့ ဇွန်လ ၁၅ ရက်နေ့တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲကြောင့် ဒေသခံ ၅,၀၀၀ နီးပါး သည် အရေးပေါ် စစ်ရှောင်နေရကြောင်း ဒေသခံစစ်ရှောင်များထံမှ သိရ သည်။
#ပုံသတင်း
#mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
======================
ကိုရွှေမြိတ်
မဇ္ဈိမ။ ။တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာအုပ်စုနှင့် မင်းဒပ်ကျေးရွာအုပ်စုတို့က ကျေးရွာ ၁၀ ရွာခန့် သည်၊ ယနေ့ ဇွန်လ ၁၅ ရက်နေ့တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲကြောင့် ဒေသခံ ၅,၀၀၀ နီးပါး သည် အရေးပေါ် စစ်ရှောင်နေရကြောင်း ဒေသခံစစ်ရှောင်များထံမှ သိရ သည်။
#ပုံသတင်း
#mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢8🔥3🤬3👍2😁1
This media is not supported in your browser
VIEW IN TELEGRAM
ဆိုင်ကလုန်းမုန်တိုင်းကြောင့် အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်တို့မှာ လူပေါင်းသောင်းနဲ့ချီပြီး ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရ
https://www.facebook.com/reel/1504767900262244
#InternationalNews #reels #shorts #mizzima

😁3😢2🔥1
ဆားတောင်မြို့နယ် သာဇင်ကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃၀ သေဆုံးဟုဆို
=====================
လွှမ်းမိုး
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့နယ်၊ သာဇင်ကျေးရွာအနီးတွင် အင်အား ၁၅၀ ကျော်ပါ စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ ဇွန်လ ၁၃ ရက်နေ့ နံနက် ၁၀ နာရီမှစတင်ကာ သုံးရက် ကြာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါသုံးရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃၀ ဦးခန့်သေဆုံးခဲ့ကြောင်း Zero ပြောက်ကျား တပ်ဖွဲ့မှကိုသက်ကြီးက ပြောသည်။
“သုံးရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃၀ ဦးသေဆုံးတယ်။ တိုက်ပွဲမှာက လက်နက်ကြီး ငယ်အစုံနဲ့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခဲ့တာဖြစ်ပါတယ်။ ကျနော်တို့ဘက် ရဲဘော်တွေ အထိအခိုက် ရှိပေမဲ့ စိုးရိမ်စရာတော့ မရှိပါဘူး” ဟု ကိုသက်ကြီးက ဆိုသည်။
စစ်ကောင်စီတပ်သားများသေဆုံးမှုနှင့်ပတ်သက်ပြီး မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေး ပေ။
ထိုတိုက်ခိုက်မှုကို Zero ပြောက်ကျားတပ်ဖွဲ့(တပ်ရင်း ၇ မြင်းခြံခရိုင်)၊ နဂါးနီ ကျောက်ဆည်(တပ်ရင်း ၁ ကျောက်ဆည်ခရိုင်)၊ ဆားတောင်မိုးကြိုး ၊ စစ်ကိုင်းခရိုင် တပ်ရင်း(၁)နှင့် ဒေသခံမဟာမိတ်များပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း သိရပါသည်။
အထိအခိုက်များစွာရှိခဲ့သည့် စစ်ကောင်စီစစ်ကြောင်းသည် ထိခိုက်ဒဏ်ရာရသူများကို ပေါက်မကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်း ဆေးကုသမှုခံယူပြီးနောက် ရှေ့ဆက်မတိုးနိုင်တော့ဘဲ ဆားတောင်မြို့ ဘက်သို့ တပ်ဆုတ်သွားကြောင်း သိရသည်။
https://youtu.be/aAy5RAAji4I
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#ဆားတောင်မြို့နယ်
#Zeroပြောက်ကျားတပ်ဖွဲ့
#သာဇင်ကျေးရွာ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=====================
လွှမ်းမိုး
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့နယ်၊ သာဇင်ကျေးရွာအနီးတွင် အင်အား ၁၅၀ ကျော်ပါ စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ ဇွန်လ ၁၃ ရက်နေ့ နံနက် ၁၀ နာရီမှစတင်ကာ သုံးရက် ကြာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါသုံးရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃၀ ဦးခန့်သေဆုံးခဲ့ကြောင်း Zero ပြောက်ကျား တပ်ဖွဲ့မှကိုသက်ကြီးက ပြောသည်။
“သုံးရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃၀ ဦးသေဆုံးတယ်။ တိုက်ပွဲမှာက လက်နက်ကြီး ငယ်အစုံနဲ့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခဲ့တာဖြစ်ပါတယ်။ ကျနော်တို့ဘက် ရဲဘော်တွေ အထိအခိုက် ရှိပေမဲ့ စိုးရိမ်စရာတော့ မရှိပါဘူး” ဟု ကိုသက်ကြီးက ဆိုသည်။
စစ်ကောင်စီတပ်သားများသေဆုံးမှုနှင့်ပတ်သက်ပြီး မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေး ပေ။
ထိုတိုက်ခိုက်မှုကို Zero ပြောက်ကျားတပ်ဖွဲ့(တပ်ရင်း ၇ မြင်းခြံခရိုင်)၊ နဂါးနီ ကျောက်ဆည်(တပ်ရင်း ၁ ကျောက်ဆည်ခရိုင်)၊ ဆားတောင်မိုးကြိုး ၊ စစ်ကိုင်းခရိုင် တပ်ရင်း(၁)နှင့် ဒေသခံမဟာမိတ်များပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း သိရပါသည်။
အထိအခိုက်များစွာရှိခဲ့သည့် စစ်ကောင်စီစစ်ကြောင်းသည် ထိခိုက်ဒဏ်ရာရသူများကို ပေါက်မကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်း ဆေးကုသမှုခံယူပြီးနောက် ရှေ့ဆက်မတိုးနိုင်တော့ဘဲ ဆားတောင်မြို့ ဘက်သို့ တပ်ဆုတ်သွားကြောင်း သိရသည်။
https://youtu.be/aAy5RAAji4I
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#ဆားတောင်မြို့နယ်
#Zeroပြောက်ကျားတပ်ဖွဲ့
#သာဇင်ကျေးရွာ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
ဆားတောင်မြို့နယ် သာဇင်ကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃၀ သေဆုံးဟုဆို
လွှမ်းမိုး(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့နယ်၊ သာဇင်ကျေးရွာအနီးတွင် အင်အား ၁၅၀ ကျော်ပါ စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ ဇွန်လ ၁၃ ရက်နေ့ နံနက် ၁၀ နာရီမှစတင်ကာ သုံးရက် ကြာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။
…
…
👍12❤2😁2🤣1