Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
သရက်ချောင်းမြို့နယ် ကျေးရွာ ၁၀ ရွာ အရေးပေါ် စစ်ဘေးရှောင်နေရ (ပုံသတင်း)
======================

ကိုရွှေမြိတ်
မဇ္ဈိမ။ ။တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာအုပ်စုနှင့် မင်းဒပ်ကျေးရွာအုပ်စုတို့က ကျေးရွာ ၁၀ ရွာခန့် သည်၊ ယနေ့ ဇွန်လ ၁၅ ရက်နေ့တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲကြောင့် ဒေသခံ ၅,၀၀၀ နီးပါး သည် အရေးပေါ် စစ်ရှောင်နေရကြောင်း ဒေသခံစစ်ရှောင်များထံမှ သိရ သည်။

#ပုံသတင်း
#mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢8🔥3🤬3👍2😁1
This media is not supported in your browser
VIEW IN TELEGRAM
ဆိုင်ကလုန်းမုန်တိုင်းကြောင့် အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်တို့မှာ လူပေါင်းသောင်းနဲ့ချီပြီး ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရ

https://www.facebook.com/reel/1504767900262244

#InternationalNews #reels #shorts #mizzima
😁3😢2🔥1
ဆားတောင်မြို့နယ် သာဇင်ကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃၀ သေဆုံးဟုဆို
=====================

လွှမ်းမိုး
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့နယ်၊ သာဇင်ကျေးရွာအနီးတွင် အင်အား ၁၅၀ ကျော်ပါ စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ ဇွန်လ ၁၃ ရက်နေ့ နံနက် ၁၀ နာရီမှစတင်ကာ သုံးရက် ကြာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါသုံးရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃၀ ဦးခန့်သေဆုံးခဲ့ကြောင်း Zero ပြောက်ကျား တပ်ဖွဲ့မှကိုသက်ကြီးက ပြောသည်။

“သုံးရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃၀ ဦးသေဆုံးတယ်။ တိုက်ပွဲမှာက လက်နက်ကြီး ငယ်အစုံနဲ့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခဲ့တာဖြစ်ပါတယ်။ ကျနော်တို့ဘက် ရဲဘော်တွေ အထိအခိုက် ရှိပေမဲ့ စိုးရိမ်စရာတော့ မရှိပါဘူး” ဟု ကိုသက်ကြီးက ဆိုသည်။

စစ်ကောင်စီတပ်သားများသေဆုံးမှုနှင့်ပတ်သက်ပြီး မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေး ပေ။

ထိုတိုက်ခိုက်မှုကို Zero ပြောက်ကျားတပ်ဖွဲ့(တပ်ရင်း ၇ မြင်းခြံခရိုင်)၊ နဂါးနီ ကျောက်ဆည်(တပ်ရင်း ၁ ကျောက်ဆည်ခရိုင်)၊ ဆားတောင်မိုးကြိုး ၊ စစ်ကိုင်းခရိုင် တပ်ရင်း(၁)နှင့် ဒေသခံမဟာမိတ်များပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း သိရပါသည်။

အထိအခိုက်များစွာရှိခဲ့သည့် စစ်ကောင်စီစစ်ကြောင်းသည် ထိခိုက်ဒဏ်ရာရသူများကို ပေါက်မကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်း ဆေးကုသမှုခံယူပြီးနောက် ရှေ့ဆက်မတိုးနိုင်တော့ဘဲ ဆားတောင်မြို့ ဘက်သို့ တပ်ဆုတ်သွားကြောင်း သိရသည်။

https://youtu.be/aAy5RAAji4I

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်းတိုင်း
#ဆားတောင်မြို့နယ်
#Zeroပြောက်ကျားတပ်ဖွဲ့
#သာဇင်ကျေးရွာ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12❤2😁2🤣1
ဇွန်လ ၁၅ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍3🔥2
စစ်ကောင်စီက ကလေးသူငယ် ၄၀၀ ကျော်ကို သတ်ဖြတ်ခဲ့ကြောင်း ဦး ကျော်မိုးထွန်းက UN အစည်းအဝေးတွင် တင်ပြ
👍14🤣3😱1
စစ်ကောင်စီက ကလေးသူငယ် ၄၀၀ ကျော်ကို သတ်ဖြတ်ခဲ့ကြောင်း ဦး ကျော်မိုးထွန်းက UN အစည်းအဝေးတွင် တင်ပြ
=================

002
စစ်ကောင်စီက ကလေးသူငယ် ၄၀၀ ကျော်ကို သတ်ဖြတ်ခဲ့ကြောင်း ဦး ကျော်မိုးထွန်းက UN အစည်းအဝေးတွင် တင်ပြခဲ့သည်။
နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်တွင် UNICEF Executive Board နှစ်စဉ်ပုံမှန် အစည်းအဝေးအား ဇွန် ၁၃ ရက်မှ ၁၆ ရက်ထိ ကျင်းပ နေပြီး အထွေထွေရေးရာ မိန့်ခွန်းပြော ကြားမှုအစီအစဉ်၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တင်ပြခဲ့ခြင်းဖြစ် သည်။

စစ်တပ်သည် ကလေးသူငယ်များအား မတရားဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်းနှင့် လူသားဒိုင်းအဖြစ် အသုံးပြုခြင်းများပြုလုပ်၍ ကလေးသူငယ်အခွင့်အရေးကို လွန်ကဲစွာချိုးဖောက်လျက် ရှိကြောင်း၊ စစ်တပ်၏ သတ်ဖြတ်မှုကြောင့် ကလေးသူငယ် ၄၀၀ ကျော် အပါအဝင် လူပေါင်း ၃,၆၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရ ကြောင်း၊ နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၁.၅ သန်းကျော် ရှိလာပြီး၊ ကလေးသူငယ် ၅ ဒသမ ၈ သန်းကျော်မှာ လူသားချင်း စာနာ ထောက်ထားမှုအကူအညီ လိုအပ်လျက်ရှိကြောင်း ဦးကျော်မိုးထွန်းက ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံရှိ ကလေးသူငယ်အချို့သည် စစ်တပ်၏ လေကြောင်းဖြင့်တိုက်ခိုက်မှု အန္တရာယ်မှ ရှောင်လွှားလျက် ယာယီ ရွက်တဲဖျင်များ၊ ဗုံးခိုကျင်းများတွင် ပညာသင်ကြားနေရကြောင်း၊ အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ကလေးသူငယ် ၃.၇ သန်းခန့်မှာ စာသင်ကျောင်းများတွင် ပညာသင်ကြားနိုင်ခြင်း မရှိကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

ပညာရေးအပြင် ကာကွယ်ဆေးထိုးမှုတွင် အခွင့်အရေးများ ဆုံးရှုံးနေ ကြောင်း၊ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း မြန်မာနိုင်ငံသည် ကလေးသူငယ်များအားလုံး ကာကွယ်ဆေးထိုး နိုင်ရန် Myanmar’s Expanded Program on Immunization (EPI) ကို တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ကိုဗစ်ကပ်ရောဂါ ကာလအတွင်းပင်လျင် WHO နှင့် UNICEF ၏ အစီရင်ခံစာများအရ ကလေးသူငယ် ၈၀ ရာခိုင်နှုန်းအထက် ကာကွယ်ဆေးထိုးနိုင်ခဲ့ကြောင်း၊ စစ်တပ်မှအာဏာသိမ်းယူ ပြီးနောက် ကလေးသူငယ်များ ကာကွယ်ဆေးထိုးမှုအစီအစဉ်များ ရပ်နားသွားသလောက် ဖြစ်ခဲ့ပြီး၊ လွန်ခဲ့သည့် နှစ်နှစ်အတွင်းတွင် ဝက်သက်ရောဂါကာကွယ်ဆေး ထိုးပေးနိုင်မှုသည် ၉၁ ရာခိုင် နှုန်းမှ ၃၄ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း ဦးကျော်မိုးထွန်းက ပြောသည်။

ယင်းဖြစ်စဉ်များမှာ စစ်တပ်က ဖြတ် လေးဖြတ်မူဝါဒ ကြောင့် ဖြစ်ပွားနေပြီး ကလေးသူငယ်များအားကာကွယ်ပေးရေး၊ စစ်တပ်၏ ကျူးလွန်မှုများအပေါ် ပြန်လည်တာဝန်ယူမှုရှိရေးနှင့် ကျူးလွန် သူများ ဒဏ်ခတ်ခံရခြင်းမှ ကင်းလွတ်နေမှုများ အဆုံးသတ်နိုင်ရေး တို့အတွက် နိုင်ငံတကာမှ အလျင်အမြန် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်အရေးယူရန် လိုအပ် နေသည်ဟု ဦး ကျော်မိုးထွန်းက ထောက်ပြသည်။

မြန်မာနိုင်ငံတွင် ခက်ခဲသောအခြေအနေကြားမှ ကူညီပေးနေသည့် UNICEF နှင့် နိုင်ငံတကာအလှူရှင်များအားကျေးဇူးတင်ကြောင်း၊ ထိုသို့သော အခက်အခဲများ ဖြစ်ပေါ်လာရသည့် အဓိက အကြောင်း တရားမှာ စစ်တပ်မှ တရားမဝင်စစ်တပ်အာဏာသိမ်းခြင်းနှင့် စစ်တပ်မှ ကလေးသူငယ်များအပါအဝင် ပြည်သူများအား အကြမ်းဖက်တိုက်ခိုက်ခြင်း၊ စာသင်ကျောင်း၊ ဆေးရုံနှင့် ဘာသာရေးအဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းတို့၏ အကျိုးဆက်များဖြစ်ကြောင်း ဦးကျော်မိုးထွန်းက ပြောသည်။
👍15🤣3❤1
​​Breaking News နေပြည်တော်၊ လယ်ဝေးမြို့နယ်တွင် စစ်ကောင်စီ ရဟတ်ယာဉ်ပျက်ကျပြီး ၂ ဦးသေဆုံး
=================

001
မဇ္စျိမ။ ။ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ လယ်ဒါကြီးကျေးရွာ၏ အနောက်တောင်ဘက် ၅ မိုင်ခန့်အကွာတွင် စစ်ကောင်စီ၏ ရဟတ်ယာဉ်တစ်စီး ယ​နေ့ ဇွန်လ ၁၅ နံနက်ပိုင်းက ပျက်ကျခဲ့ပြီး ရဟတ်ယာဉ်မှူးနှင့် သင်တန်းသားတို့ သေဆုံးခဲ့ကြောင်း စစ်ကောင်စီက ယနေ့ ညနေပိုင်းတွင် သတင်းထုတ်ပြန်သည်။

အဆိုပါ လေ့ကျင့်ရေးရဟတ်ယာဉ်မှာ နေပြည်တော်မှ မိတ္ထီလာသို့ လေ့ကျင့်ပျံသန်းနေစဉ် ရုတ်တရက်စက်ချို့ယွင်းပြီး ပျက်ကျခြင်းဖြစ်ကြောင်း စစ်ကောင်စီက ဆိုထားသည်။

သေဆုံးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး၏ ရုပ်အလောင်းကို နီးစပ်ရာစစ်ကောင်စီဆေးရုံဆက်လက်ပို့ဆောင်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်ဖြစ်ပွားမှုအခြေအနေအသေးစိတ်ကို မဇ္စျိမအနေဖြင့် ဆက်လက်စုံစမ်းဆဲဖြစ်သည်။
👏19🤣5👍1😁1
​​စစ်ကောင်စီတပ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ဟု ဒုစစ်ဒေသခွဲမှူးရုံး တာဝန်ခံပြော
======================

YT
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ရေးမြို့မှ အရပ်ဘက်ယာဥ်ငယ်များဖြင့် ထွက်ခွာလာသော စစ်ကောင်စီယာဉ်တန်းအား အမှတ် (၈) လမ်းမကြီးပေါ်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း J.O.C တောင်ပိုင်းတိုင်း အမှတ် (၃) စစ်ဒေသ၊ ဒု- စစ်ဒေသခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။

" ခမရ (၅၉၁)၊ (၅၈၆) ၊ (၅၈၇) ၊ (၃၄၃) ၊ ခလရ (၆၁) ၊ DKBA ၊ ပျူစောထီး လင်းဦးအဖွဲ့နဲ့ မွန်ငြိမ်းချမ်းရေးနဲ့ ကာကွယ်ရေးအဖွဲ့ ထုတ်နုတ်အင်အားများသည် ကားခြောက်စီးဖြင့် ထွက်လာခြင်းဖြစ်ပြီး မိမိတို့ဘက်မှ စောင့်ကြိုပစ်ခတ်ခဲ့၍ ကားပေါ်ပါလာသော စစ်ကောင်စီတပ်သား နှစ်ဦးသေပြီး သုံးဦးဒဏ်ရခဲ့တယ်လို့ သိရပါတယ်" ဟု ဒု-စစ်ဒေသခွဲမှူးရုံး တာဝန်ခံက မဇ္ဈိမကို ပြောသည်။

ယမန်နေ့ ဇွန်လ ၁၄ ရက်နေ့၊ ညနေပိုင်းတွင် အရပ်ဘက်ကားအသေးခြောက်စီးခန့်ဖြင့် ရေးမြို့မှ စတင်ထွက်ခွာလာသော ခမရ (၅၉၁)၊ ခမရ (၅၈၆) ၊ ခမရ (၅၈၇) ၊ ခမရ (၃၄၃) ၊ ခလရ (၆၁) ၊ DKBA ၊ ပျူစောထီး လင်းဦးအဖွဲ့နှင့် မွန်ငြိမ်းချမ်းရေးနှင့်ကာကွယ်ရေးအဖွဲ့တို့မှ တပ်သားများအား ရေးမြို့နယ်၊ နှင်းစုံကျေးရွာနှင့် စံပြကျေးရွာအကြားရှိ ထီးမေဘောတံတားအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

" မိမိတို့ဘက်မှ ပစ်ခတ်မှုမှာ ငါးမိနစ်ခန့်သာ ကြာခဲ့ပြီး တပ်ဖွဲ့ဝင်များ ဆုတ်ခွာလာချိန်တွင်မှ စစ်တပ်ဘက်မှ ပြန်လည်ပစ်ခတ်နိုင်ခဲ့ပါတယ်" ဟု ဒု-စစ်ဒေသခွဲမှူးရုံး တာဝန်ခံက ဆက်လက်ပြောဆိုသည်။
အဆိုပါ ကြားဖြတ်တိုက်ခိုက်မှုအား တပ်မဟာ (၆) KNLA တပ်ရင်း(၂၇)၊ တပ်ခွဲ (၃) မှ ရဲဘော်များက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိုတိုက်ခိုက်မှုကြောင့် အဆိုပါယာဉ်တန်း​၏ ကားနှစ်စီးမှာ ထိုးရပ်သွားခဲ့ပြီး ပစ်ခတ်ချိန် ငါးမိနစ်အတွင်း ထိုကားနှစ်စီးပေါ်တွင် ပါလာသော စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံး၍ သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဆိုသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်အတွင်း တပ်မဟာ (၆) KNLA တပ်ရင်း(၂၇)၊ တပ်ခွဲ( ၃ )ရဲဘော်များဘက်တွင် ထိခိုက်ဒဏ်ရာရမှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်နေ့က မွန်ပြည်နယ် မော်လမြိုင်မြို့နယ်၊ မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ ရေးမြို့နယ်နှင့် တနင်္သာရီတိုင်း မြိတ်မြို့၊ ထားဝယ်မြို့တို့အား ဆက်သွယ်ထားသည့် အမှတ် (၈) လမ်းမကြီးပေါ်တွင် သွားလာမည့် ယာဉ်များအား လုံခြုံရေးအရ စစ်ဆေးသွားမည်ဖြစ်ကြောင်း တပ်မဟာ (၆) KNLA၊ တပ်ရင်း(၂၇) တပ်ရင်းမှူး စောနယ်ဒါထူးက လက်မှတ်ဖြင့် ထုတ်ပြန်ချက် ထုတ်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်တွင် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်​၏ လက်နက်ခဲယမ်း၊ ရိက္ခာများအား သယ်ယူခြင်းမပြုရန်၊ စစ်ကောင်စီတပ်သားများနှင့် အတူစီးနင်းသွားလာခြင်း မပြုလုပ်ရန်နှင့် လိုက်နာခြင်းမရှိပါက ဖြစ်ပွားလာမည့်ကိစ္စများအား တာဝန်ယူမည်မဟုတ်ကြောင်းကိုပါ ထည့်သွင်းဖော်ပြထားသည်။

အဆိုပါ အမှတ် (၈) လမ်းမကြီးသည် ကရင်အမျိုးသားအစည်းအရုံး (KNU)တပ်မဟာ (၆) နယ်မြေ၊ ဒူးပလာယာခရိုင်နှင့် တပ်မဟာ (၄) မြိတ်၊ ထားဝယ်ခရိုင်တို့အား ဆက်သွယ်ထားသည့် လမ်းမကြီးဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#စစ်ကောင်စီတပ်ယာဉ်တန်း
#ကြားဖြတ်တိုက်ခိုက်
#ရေးမြို့
#ဒူးပလာယာခရိုင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16😁2