Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
အသံတိတ်လူသတ်သမား အပူလိုင်း | VOA On Mizzima
======================

အခု ရာစုနှစ်အကုန်မှာ လူပေါင်း နှစ်ဘီလီယံကျော်ဟာ အသက်အန္တရာယ်ခြိမ်းခြောက်နိုင်တဲ့အထိ အပူလွန်ကဲတဲ့ နိုင်ငံတွေမှာ နေထိုင်ကြရလိမ့်မယ်လို့  ဥရောပနဲ့ တရုတ်နိုင်ငံက သုတေသီတွေက ပြောလိုက်ပါတယ်။ သူတို့ရဲ့ သုတေသနပြုချက်တွေအရ အဲဒီအချိန် ကမ္ဘာ့လူဦးရေရဲ့ ငါးပုံတပုံဟာ ဒီအန္တရာယ်နဲ့ ရင်ဆိုင်ရဖွယ် ရှိနေတယ်လို့ ခန့်မှန်းထားပါတယ်။ အေပီ သတင်းဆောင်းပါးကို အခြေခံပြီး ကိုငြိမ်းချမ်းအေးက တင်ပြထားပါတယ်။

https://youtu.be/3_Bd0qkGvp0
 
#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🔥5👍3
"မနှိမ်ကြေး- I am proud of myself "
================

"ဘာလိုလို့လဲ" ဇာတ်လမ်းတွဲမှ "မနှိမ်ကြေး"ဆိုတဲ့ နောက်ထပ် ဇာတ်လမ်းတိုတပုဒ်
ဂေးဆိုတဲ့ လိင်တူချင်း ချစ်သူတွေကို ခွဲခြား ဆက်ဆံသင့်ပါသလား....
သူတို့ရဲ့ မွေးရာပါ ဖြစ်တည်မှုတွေကို အသိအမှတ်မပြုသင့်ဘူးလား။
စတဲ့ အကြောင်းအရာတွေ ဖော်ပြထားတဲ့ ဇာတ်လမ်းတိုကြည်နူးကကော ဒီဇာတ်လမ်းမှာ ဘယ်နေရာက ပါမှာလဲ...?

သတင်းနှင့်မီဒီယာကွန်ရက် (NMG) က လူငယ် အနုပညာရှင်တွေနဲ့ လက်တွဲ ထုတ်လုပ်တဲ့ အစီအစဉ် အပတ်စဉ် စနေနေ့ ညနေ ၆ နာရီမှာ Mizzima ရဲ့ ရုပ်သံတီဗွီမှာကြည့်ရှုနိုင်ပါတယ်။

အပတ်စဉ် တနင်္ဂနွေနေ့ နံနက် ၁၁း၃၀ နာရီ နဲ့ ည ၉း၄၅ နာရီ အပြင် ဗုဒ္ဓဟူးနေ့ မွန်းလွှဲ ၁း၁၅ နာရီ အချိန်တို့တွင်လည်း ပြန်လည်ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။

https://youtu.be/SvlxAUbz1zY

#barloelohlae
#ဘာလိုလို့လဲ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😁4🤮3👍2❤1
Media is too big
VIEW IN TELEGRAM
အသံတိတ်လူသတ်သမား အပူလိုင်း | VOA On Mizzima

Watch more detail - https://youtu.be/3_Bd0qkGvp0

#VOA #VideoNews #အသံတိတ်လူသတ်သမား အပူလိုင်း #shorts #reels
👍7🔥3
လူမှုကွန်ယက်မှာ လူကြည့်များတဲ့ တမိနစ် သတင်းတိုများ | VOA On Mizzima
=====================

အခုတော့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဆိုရှယ်မီဒီယာပေါ်မှာ လူကြည့်များတဲ့သတင်းတိုလေးတွေကို ပြောပြပေးချင်ပါတယ်။ အရောင်အသွေးအလှဆုံး ခရမ်းရောင်စွက် ပန်းရောင်စိန်တုံးကြီးတတုံးကို လေလံဈေးအမြင့်ဆုံးနဲ့ ရောင်းလိုက်ရပါတယ်။ အိန္ဒိယမှာတော့ တကီလို ဒေါ်လာ ၁၂၀၀ တန် ဂျပန်သရက်သီးစိုက်ပျိုးရောင်းချနေပါတယ်။ ဒီလို ဆိုရှယ်မီဒီယာပေါ်မှာ လူကြည့်များတဲ့ တမိနစ်သတင်းတိုလေး တွေကို မအေးသန္တာကျော် တင်ပြထားပါတယ်။

https://youtu.be/KXZIIoc95hg
  
#VOA
#mizzimatv
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7😁2🔥1🤮1
​​အာဏာသိမ်းကာလအတွင်း မီးရှို့ခံရသည့် နေအိမ်အလုံးပေါင်း ၇၀,၀၀၀ ကျော်ရှိလာ
======================

001
မဇ္စျိမ။ ။ အာဏာသိမ်းကာလအတွင်း နိုင်ငံတစ်ဝန်း စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများက မီးရှို့ဖျက်ဆီးခဲ့သည့် နေအိမ်အလုံးပေါင်း ၇၀,၃၂၄ လုံးရှိလာပြီဖြစ်ကြောင်း Data for Myanmar က ဇွန်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်သည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မေလမှ ၂၀၂၃ ခုနှစ် မေလအထိ စစ်ကောင်စီတပ်ကြောင့် မီးလောင်ပျက်စီးခဲ့သည့် နေအိမ်များမှာ စစ်ကိုင်းတိုင်းတွင် ၅၃,၈၁၆ လုံးဖြင့် အများဆုံးဖြစ်ပြီး မကွေးတိုင်းနှင့် ချင်းပြည်နယ်မှာ ဒုတိယနှင့် တတိယအများဆုံးဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

မကွေးတိုင်းတွင် မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အလုံးပေါင်း ၁၀,၄၅၁ လုံးရှိပြီး ချင်းပြည်နယ်တွင် နေအိမ်အလုံးပေါင်း ၁,၆၃၇ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

အိမ်ခြေ ၆၀၀ ကျော်ရှိသည့် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မြို့သစ်ကျေးရွာတွင် ဧပြီလအတွင်းက စစ်ကောင်စီတပ် မီးရှို့မှုကြောင့် နေအိမ်ပေါင်း ၃၅၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး အိုးမဲ့အိမ်မဲ့ ဖြစ်သွားရသူအချို့မှာ လက်ရှိအချိန်ထိ ဘုန်းကြီးကျောင်းတွင် နေထိုင်နေရကြောင်း မြို့သစ်ကျေးရွာဒေသခံတစ်ဦးက ပြောသည်။

“မီးရှို့ခံရတဲ့သူတွေကတော့ ဖြစ်သလိုပဲ။ တချို့ အများလှူတဲ့ဟာလေးတွေ ရှိသလို၊ တချို့ မလှူတဲ့ဟာလေးတွေကျတော့ ကျွန်တော်တို့ အဖွဲ့အစည်းလေးတွေကနေ အလှူခံပြီး နေဖြစ်ထိုင်ဖြစ်ရုံလေး ထန်းရွက်တဲလေးတွေဆောက်ပြီး ကြမ်းလေးထိုးပြီး ဖြစ်သလိုလေးနေရတာပေါ့။ မဆောက်နိုင်တဲ့သူကျတော့ ဘုန်းကြီးကျောင်းတွေမှာ ထားရတယ်။ စားရေးသောက်ရေးကျတော့ အများလှူတာတွေနဲ့ စားရတာပေါ့”ဟု ဒေသခံတစ်ဦးကပြောသည်။

Data for Myanmar၏ ထုတ်ပြန်ချက်အရ ၂၀၂၁ခုနှစ် မေလမှ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလကုန်အထိ နေအိမ်အလုံးပေါင်း ၆၀,၄၅၉ လုံးပျက်စီးခဲ့ကြောင်း ဖော်ပြထားသည့်အတွက် သုံးလအတွင်း နေအိမ်အလုံးပေါင်း ၉,၈၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရခြင်း ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#အာဏာသိမ်းကာလ
#မီးရှို့ခံရ
#စစ်ကိုင်းတိုင်း
#ခင်ဦးမြို့နယ်
#မြို့သစ်ကျေးရွာ
Photo- Fire Service Department MOHAI - NUG
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢12👍4❤1🔥1😁1
​​ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲအား တိုကျိုတွင် ကျင်းပမည်
=======================

ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်မြောက် မွေးနေ့အတွက် ရန်ပုံငွေ ကောက်ခံပွဲနှင့် ဆုတောင်းပွဲကို ဇွန် ၁၈ ရက်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကျင်းပမည် ဖြစ်သည်။

ဇွန် ၁၉ ရက်တွင် ကျရောက်သော ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲကို တိုကျိုရှိ တိုယာမာပန်းခြံတွင် ဇွန် ၁၈ ရက် နံနက် ၁၀ နာရီမှစကာ ကျင်းပသွားမည် ဖြစ်သည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17❤14😁1🤮1
ဇွန်လ ၁၆ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍2🔥2
Media is too big
VIEW IN TELEGRAM
လူမှုကွန်ယက်မှာ လူကြည့်များတဲ့ တမိနစ် သတင်းတိုများ | VOA On Mizzima

Watch more detail -https://youtu.be/KXZIIoc95hg

#VOA #VideoNews #လူမှုကွန်ယက်မှာလူကြည့်များတဲ့တမိနစ်သတင်းတိုများ #shorts #reels
👍6😁1🤮1
နိုင်ငံတဝန်းနယ်မြေထိန်းချုပ်နိုင်စွမ်းလျော့နေတဲ့စစ်ကောင်စီကရှေ့နှစ် သန်းခေါင်စာရင်းကောက်ဖို့ပြင်ဆင်
=====================

မြန်မာနိုင်ငံနယ်နိမိတ်အတွင်း လာမယ့်နှစ် အောက်တိုဘာ ၁ မှ စတင်ပြီး ၁၅ ရက်ကြာ သန်းခေါင်စာရင်း ကောက်ယူမယ်လို့ စစ်ကောင်စီ ဝါဒဖြန့် မြန်မာ့အလင်းသတင်းစာက ဇွန် ၈ ရက်နေမှာ ရေးသားဖော်ပြလာပါတယ်။
စစ်ကောင်စီအစည်းအဝေးတွေအတွင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မဲစာရင်းများကို မှန်ကန်အောင် ဆောင်ရွက်နိုင်ဖို့ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ပြန်လည်ကောက်ယူရန် လိုအပ်ကြောင်း ပြောဆိုခဲ့ဖူးပေမယ့် ကောက်ယူမယ့် ရက်စွဲအတိအကျကို သူကိုယ်တိုင် ကြေညာခြင်း မဟုတ်သလို စစ်ကောင်စီအဖွဲ့ဝင်တစ်ဦးက ထုတ်ဖော်ပြောဆိုခြင်းလည်း မရှိခဲ့ပါဘူး။

သတင်းစာထဲမှာ ကလောင်ဝှက်အမည်ဖြင့် “ပြည်သူအားလုံး လက်တွဲညီ သန်းခေါင်စာရင်းကောက်ပါမည်” ခေါင်းစဉ်နဲ့ ဆောင်းပါးလိုလို၊ နှိုးဆော်စာလိုလို ရေးသားဖော်ပြလာခြင်း ဖြစ်ပါတယ်။

https://youtu.be/WPxJJcaSAAo

#Political News
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🤬8👎3😁3🔥2👍1
This media is not supported in your browser
VIEW IN TELEGRAM
ထိုးစစ်ကို ရုရှားကပြင်းပြင်းထန်ထန်ခုခံနေပေမဲ့ ယူကရိန်းဘက်ကခိုင်မာတဲ့တိုးတက်မှုတွေ ရှိနေကြောင်းပြောကြား

https://www.facebook.com/reel/920488872371545

#internationalnews #Russia #Ukraine #Mizzima #reels #shorts
👍13🤣3❤2
Media is too big
VIEW IN TELEGRAM
မြန်မာနိုင်ငံတဝန်း နယ်မြေထိန်းချုပ်နိုင်စွမ်းလျော့ကျနေတဲ့ စစ်ကောင်စီက ရှေ့နှစ် သန်းခေါင်စာရင်းကောက်နိုင်ဖို့ ပြင်ဆင်နေ

Watch more detail -
https://youtu.be/WPxJJcaSAAo

#စစ်ကောင်စီ #သန်းခေါင်စာရင်း #နယ်မြေ #VideoNews #shorts #reels #Mizzima
😁8🤮7👍2🤣2❤1
This media is not supported in your browser
VIEW IN TELEGRAM
June - 16 [12 Pm] Mizzima News Hour

Mizzima Headline News

#12pmnews #mizzimanewshour
#reels #shorts
👍3😁2🍌1
ဇွန်လ (၁၆)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
========================

01:05 - မြန်မာနိုင်ငံတဝန်း နယ်မြေထိန်းချုပ်နိုင်စွမ်းလျော့ကျနေတဲ့ စစ်ကောင်စီက ရှေ့နှစ် သန်းခေါင်စာရင်းကောက်နိုင်ဖို့ ပြင်ဆင်နေတဲ့သတင်း

03:42 - ချောင်းဦးမြို့နယ် ကံဇီးပျူရွာတိုက်ခိုက်ခံရပြီး ရဲ ၂ ဦးသေဆုံးကာ ပျူစောထီး ၁၂ ဦးကို အရှင်ဖမ်းမိတဲ့သတင်း

07:46 - လက်နက်ကိုင်ပဋိပက္ခကြောင့် ၂ နှစ်ကျော်ကာလအတွင်း အရပ်သားသေဆုံးခဲ့မှု စံချိန်တင် မြင့်တက်လာတဲ့သတင်း

10:42 - ထိုးစစ်ကို ရုရှားက ပြင်းပြင်းထန်ထန်ခုခံနေပေမဲ့ ယူကရိန်းဘက်က ခိုင်မာတဲ့တိုးတက်မှုတွေ ရှိနေကြောင်းပြောကြားတဲ့သတင်း တွေအပါအဝင် တခြားစိတ်ဝင်စားဖွယ်နဲ့ အရေးကြီး သတင်းတွေကို တင်ဆက်ပေးပါတော့မယ်။

https://youtu.be/b3ScwrUZmk8

#12pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😁5👍3
လက်နက်ကိုင်ပဋိပက္ခကြောင့် ၂နှစ်ကျော်ကာလအတွင်း အရပ်သားသေဆုံးခဲ့မှု စံချိန်တင်မြင့်တက်လာ
========================

လက်နက်ကိုင်ပဋိပက္ခကြောင့် ယခုနှစ် ၅ လအတွင်း အရပ်သား ၇၀၀ ကျော်သေဆုံးခဲ့ကာ ဒီပမာဏမှာ ယခင်နှစ်တစ်နှစ်အတွင်း သေဆုံးခဲ့ရတဲ့ အရပ်သားအရေအတွက် စုစုပေါင်းရဲ့ ၆၀ ရာခိုင်နှုန်းနီးပါးရှိ ကာ စံချိန်တင်မြင့်တက်လာနေတယ်လို့ ISP Myanmar ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

တိုက်ပွဲနဲ့ လက်နက်ကိုင်ပဋိပက္ခများကြောင့် သေဆုံးခဲ့ရသူ အရပ်သားပြည်သူ အရေအတွက်မှာ ၂ နှစ်ကျော်ကာလအတွင်း လူ ၂၀၀၀ ကျော်ရှိခဲ့ပြီး ယခုနှစ်ငါး လအတွင်းမှာပင် အရပ်သား ၇၀၀ ကျော်သေဆုံးခဲ့ရတာကြောင့် စံချိန်တင်မြင့်တက်ခဲ့ ခြင်းဖြစ်တယ်လို့ ISP Myanmar က ဖော်ပြထားပါတယ်။

ယခုနှစ် ၅ လအတွင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် အရပ်သား ၇၄၈ ဦး ထက်မနည်း သေဆုံးခဲ့ပြီး ၂ နှစ်ကျော်ကာလအတွင်း အကြောင်း အမျိုးမျိုးကြောင့် အရပ်သားသေဆုံးမှုအရေအတွက် ၈၆၀၀ ကျော်အထိရှိခဲ့တယ်လို့ ISP Myanmar ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

https://youtu.be/IneR7o073WQ

#Political News
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😢10🔥5👍2😁1
This media is not supported in your browser
VIEW IN TELEGRAM
မိမိရဲ့ ရာထူးနေရာအပြောင်းအလဲဟာ မဟာမိတ်တွေအပေါ် မူတည်ကြောင်း နေတိုးအကြီးအကဲပြောကြား

https://www.facebook.com/reel/278188897920877

#internationalnews #Mizzima #reels #shorts
👍8😁2
​​ဖမ်းဆီးထားသော အရပ်သားအချို့ကို လူသားဒိုင်းပြုလုပ်၍ ပဲခူးရိုးမပေါ် စစ်ကောင်စီစစ်ကြောင်းထိုးနေ
===================

ရွှေနွယ်
(မဇ္ဈိမ)။ ။ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ကန့်နီကျေးရွာမှရွာသားအချို့အား စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ၎င်းတို့စစ်ကြောင်း၏အရှေ့အနောက်တွင်ထားကာ ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးနေသည်ဟု ဒေသတွင်းသတင်းရင်းမြစ်များက‌ ပြောသည်။

ကန့်နီကျေးရွာမှရွာသားအချို့ကို စစ်ကောင်စီတပ်က ယနေ့ ဇွန်လ ၁၆ ရက်နေ့နံနက်ပိုင်းတွင် ဖမ်းဆီးခေါ်ဆောင်သွားပြီး ရိုးမပေါ်သို့ တက်သွားခြင်းဟုသိရသည်။

"လူအရေအတွက်အတိအကျတော့ ကျွန်တော်တို့မသိသေးဘူးဗျ။ စစ်ကြောင်းရဲ့ အရှေ့၊ အလယ်၊ အနောက်မှာ ထားပြီး တက်သွားတာပဲ။ PDF ဘက်ကတော့ အရပ်သားတွေပါလို့လားမသိဘူး၊ ပစ်သံခတ်သံမကြားရသေးဘူး” ဟု ကန့်နီကျေးရွာအနီးမှ ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

အုတ်ဖိုမြို့နယ်သည် ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင်အတွင်း ပါဝင်သည်။ လတ်တလောတွင် စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးနေမှုကြောင့် တိုက်ပွဲဖြစ်ပွားလာနိုင်ခြေရှိပြီး စစ်ရေးအခြေအနေတင်းမာနေသည်ဟု သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကပြောသည်။

ပဲခူးရိုးမအနောက်ခြမ်းတွင် ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်နှင့် ၁၃ ရက်နေ့တို့ကလည်း ပေါင်းတည်မြို့နယ်အတွင်း ရိုးမပေါ်သို့စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတိုက်ခိုက်ခဲ့သည်။ထို့အပြင် ဖမ်းဆီးခံ PDF တပ်ဖွဲ့ဝင်နှစ်ဦးအား စစ်ကောင်စီတပ်က ရိုးမပေါ်မှ စခန်းတည်နေရာများအား လိုက်ပြခိုင်းစဉ် ကြို့ပင်ကောက်ဟီးရိုးပြောက်ကျားတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ပြီး PDF တပ်ဖွဲ့ဝင်နှစ်ဦးအား ကယ်ထုတ်ခဲ့သည့် ဖြစ်စဉ်ဇွန်လ ၁၁ရက်က ဖြစ်ပွားခဲ့သည်။

အုတ်ဖိုမြို့အပြင် ပဲခူးတိုင်းအနောက်ခြမ်းမှ ပေါင်းတည်၊ နတ်တလင်းနှင့် ကြို့ပင်ကောက်မြို့တို့၌ ယခုလများအတွင်း စစ်ရေးတင်းမာနေပြီး ရင်ဆိုင်တိုက်ပွဲများနှင့် မိုင်းဆွဲတိုက်ခိုက်မှုများ မကြာခဏဖြစ်ပွားနေသည်။ပဲခူးတိုင်းအရှေ့ခြမ်းတွင်လည်း ၂၀၂၃ ခုနှစ်အတွင်း စစ်ရေးအရှိန်မြင့်တက်လာပြီး စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်များကြား ရင်ဆိုင်တိုက်ပွဲများ မကြာခဏဖြစ်ပွားနေသည်။

ပဲခူးတိုင်းအတွင်း စိုးမိုးနယ်မြေများရရှိနိုင်ရန် ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့များနှင့် ညီနောင်မဟာမိတ်များက တိုက်ပွဲဝင်နေကြသော်လည်း လက်နက်ကြီးအင်အားလိုအပ်ချက်ကြောင့် မဖော်ဆောင်နိုင်ခဲ့သည့် စစ်ဆင်ရေးများစွာရှိနေကြောင်း ပဲခူးတိုင်း စစ်ဒေသခွဲ တိုင်းစစ်ဆင်ရေးတာဝန်ခံ ကိုသောမတ်စ်ကမဇ္စျိမကို ပြောသည်။

"ကျွန်တော်တို့ စစ်ရေးတွေကို အခုထက်ပိုဖော်ဆောင်နိုင်ဖို့ အခုထက်ပိုတိုက်ပွဲဝင်နိုင်ဖို့ လက်နက်ကြီးနဲ့ ဆက်စပ်ကျည်တွေကိုထောက်ပံ့နိုင်ဖို့အတွက် "မမအားနဲ့မိစ္ဆာရှင်းဖို့ ပဲခူးမြေကိုထောက်ကူစို့" ကျပ်သိန်း(၅၀၀၀)ရှာဖွေရေးကမ်ပိန်းမှာ ပါဝင်ပေးကြဖို့ တောင်းဆိုချင်ပါတယ်" ဟု ကိုသောမတ်စ်က ပြောသည်။

"မမအားနဲ့မိစ္ဆာရှင်းဖို့ ပဲခူးမြေကိုထောက်ကူစို့" ကျပ်သိန်း(၅၀၀၀)ရှာဖွေရေးကမ်ပိန်း ဇွန်လ ၁၅ ရက်နေ့မှ ဇူလိုင်လ ၃၀ ရက်နေ့အထိ ပြုလုပ်နေခြင်းဖြစ်သည်။

ယခု ၂၀၂၃ ခုနှစ်သည် စစ်အာဏာရှင်တော်လှန်ရေးအတွက် အရေးပါသောနှစ်တစ်နှစ်ဖြစ်ပြီး ပဲခူးတိုင်းအတွင်း ယခုထက်ပိုသော စစ်ဆင်ရေးများရှိလာမည်ဟု ပဲခူးတိုင်းစစ်ဒေသခွဲ၊ဒုတိယစစ်ဒေသခွဲမှူး ရဲဘော်တင်ဦးက လူထုအား အသိပေးထားသည်။

စာတည်း -မောင်ကြီး

#mizzima
#ပဲခူးတိုင်း
#ပဲခူးရိုးမ
#လူသားတံတ်ိုင်း
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15🤬4🔥2😁2❤1
​​ချင်းအမျိုးသား အဖွဲ့ချုပ် တရားရေးဌာန က ၂လအတွင်း အမှု၈မှုကို တရားစီရင်
====================

ပါခွီး
(မဇ္စျိမ) ။ ။ ချင်းပြည်နယ် နှင့် ကလေး ၊ ကဘော်ဒေသအတွင်း စစ်အာဏာရှင် ဆန့်ကျင်တိုက်ပွဲဝင်နေသည့် ချင်းအမျိုးသားအဖွဲ့ချုပ် (CNO)၏ တရားစီရင်ရေးဌာနသည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလနှင့် မတ်လ အတွင်း အမှု ရှစ်ခုကို တရားစီရင်ခဲ့ကြောင်း ဇွန်လ ၁၄ရက်နေ့တွင် ထုတ်ပြန်သည်။

CNO ထိန်းချုပ်လှုပ်ရှားနယ်မြေအတွင်းဖြစ်ပွားခဲ့သော အမှုများအနက်မှ သက်ငယ်မုဒိန်းမှု ၊ မုဒိန်းမှု ၊ လူသတ်မှု ၊ ခိုးမှု ၊ မီးရှို့မှုနှင့် မူးယစ်ဆေးဝါးအမှုများတွင် ပါဝင်ပတ်သက်သူ ၁၁ဦးကို စီရင်ခဲ့ခြင်း ဖြစ်သည်။

“လက်ရှိအသုံးပြုနေတဲ့ ဓမ္မသတ် ၊ ရာဇသတ် ဥပဒေနဲ့ ချင်းဓလေ့ထုံးတမ်းဥပဒေများကို ကိုးကားပြီးစီရင်တာပါ” ဟု CNO တရားရေးဌာန အတွင်းရေးမှူး Salai Van Sui San က မဇ္စျိမ ကိုပြောသည်။
တရားစီရင်မှုတွင် တရားသူကြီး ၊ ရှေ့နေများကို ဌာနဘက်က အပြည့်အစုံထားပေးပြီး စွပ်စွဲခံရသူ (သို့မဟုတ်) ကျူးလွန်ခဲ့သူကို ခုခံချေပခွင့် အပြည့်အဝပေးကာ ၎င်းတို့အနေဖြင့် အပြင်မှ ရှေ့နေများဌားရမ်းလိုပါက ငှားခွင့်ပေးထားကြောင်း ဆိုသည်။

စီရင်ခဲ့သော အမှုများထဲတွင် သက်ငယ်မုဒိန်းကျူလွန်သူကို ပုဒ်မ (၃၆၀)ဖြင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀နှစ် ချမှတ်ထားပြီး အရွယ်ရောက်ပြီးသူအပေါ် ကျူးလွန်သည့်မုဒိန်းမှုတွင် ပုဒ်မ (၃၆၀) ဖြင့် ထောင်ဒဏ် ရှစ်နှစ် ချမှတ်ထားကြောင်းသိ ရသည်။

၎င်းအပြင် နေအိမ်မီးရှို့သူ သုံးဦးကို ပုဒ်မ (၄၃၆)ဖြင့်၎င်း ၊ အကြမ်းဖက်မှုကျူးလွန်သူ ကို ပုဒ်မ (၅၀၆) တို့ဖြင့် ထောင်ဒဏ် တစ်နှစ်စီချမှတ်ခဲ့ကြောင်းနှင့် မူးယစ်ဆေးဝါး အမှုတွင် သုံးစွဲသူအား ဒဏ်ငွေကျပ် ၅၀၀,၀၀၀(ငါးသိန်း)နှင့် ရောင်းချသူအား ကျပ် ၃,၅၀၀,၀၀၀(သုံးဆယ့်ငါးသိန်း) ငွေဒဏ်ချမှတ်ကာ ခံဝန်ကတိဖြင့် လွှတ်ပေးခဲ့ကြောင်းဆိုသည်။

ထောင်ဒဏ်ကျခံရသူ ခုနစ်ဦးကို CNOရဲဌာနက တာဝန်ယူပြီး ထိန်းချုပ်နယ်မြေ အကျဉ်းထောင်တွင် ထိန်းသိမ်းထားရှိကြောင်းသိရသည်။

ချင်းအမျိုးသားအဖွဲ့ချုပ် လှုပ်ရှားနယ်မြေအတွင်း အများဆုံးဖြစ်ပွားသည့်အမှုများမှာ မူးယစ်ဆေးဝါး သုံးစွဲ ၊ ရောင်းဝယ်မှုများဖြစ်ကြောင်း တရားရေးဌာနအတွင်းရေးမှူးထံက သိရှိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ချင်းအမျိုးသား အဖွဲ့ချုပ် တရားရေးဌာန
#အမှု၈မှု
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19❤4🔥1😁1