Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
စစ်အာဏာရှင်ဆန့်ကျင်ရေး ရွာပေါင်းစုံသပိတ် (၈၁၈)ရက်မြောက် ချီတက်ဆန္ဒပြ
====================

ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်နှင့် ဆားလင်းကြီးကျေးရွာများမှ ရွာပေါင်းစုံသပိတ်သည် ယနေ့ ဇွန်လ ၁၆ရက်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ (၈၁၈) ရက်မြောက်အဖြစ် ချီတက်ဆန္ဒပြခဲ့ကြသည်။

လူထုသပိတ်စစ်ကြောင်းသည် စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြပြီး ကျဆုံးခဲ့သော အာဇာနည်များကို ဦးညွှတ်အလေးပြုခဲ့ကြကြောင်းသိရသည်။
ယင်းမာပင်နှင့် ဆားလင်းကြီး ကျေးရွာပေါင်းစုံစစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ရွာပေါင်းစုံသပိတ်
#ချီတက်ဆန္ဒပြ
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14❤8🔥1🥰1😁1
Media is too big
VIEW IN TELEGRAM
Jun - 16 [ 7 Pm ] The Mizzima Primetime

Mizzima Headline News

#7pmnews #themizzimaprimetime #reels #shorts
👍3🤮1🌭1
ရိက္ခာလာပို့သည့် ယာဉ်တန်းကို လုံခြုံရေးယူပေးရန်လာသည့်ယာဉ် မိုင်းဆွဲခံရ
===================

MTO
(မဇ္ဈိမ)။ ။ မကွေးတိုင်း၊ ပေါက်မြို့နယ် အတွင်းရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ -၂၄)သို့ ရိက္ခာလာပို့သည့် စစ်ကောင်စီတပ်ယာဉ်တန်းကို လုံခြုံရေးယူပေးရန်ထွက်လာသည့် အင်အား ၃၀ ပါ ဖောကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားလုံး၀ပျက်စီးသွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များထိခိုက်ဒဏ်ရာရရှိမှုများရှိကြောင်း အနောက်လွင်ပြင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (WPF) အဖွဲ့ထံမှ သိရသည်။

ဇွန်လ ၁၅ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်တွင် ပခုက္ကူမြို့ တပ်မ (၁၀၁) မှ ကပစ (၂၄) သို့ ရိက္ခာလာပို့သည့် ယာဉ် ၁၂စီးပါ စစ်ကောင်စီတပ်ယာဉ်တန်းကို လုံခြုံရေးယူပေးရန် ရေပြာကျေးရွာမှ ကမ္မမြို့ဘက်သို့ ထွက်လာသည့် စစ်ကောင်စီတပ်၏ဖောကားယာဉ် တစ်စီးကို ပေပါ ပဒေသာ -ငါးလုံး၊ ငါးဂါလံပုံး ပဒေသာ နှစ်လုံး၊ ရှေ့ထွက် ပဒေသာ-သုံးလုံး၊ စလစ်အိုး ပဒေသာ-နှစ်လုံးတို့ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း WFP အဖွဲ့ မှ တာဝန်ခံ ရဲဘော်တေဇ က ပြောသည်။

၎င်းက “ ကျတော်တို့ တိုက်ခိုက်လိုက်တဲ့ကားကာတော့ ဆီကန်တွေ ကားတာယာတွေ ပေါက်ထွက်သွားပြီးတော့ ရေပြာကျေးရွာထဲကို သူတို့ကားတန်းနဲ့ပဲ ပြန်ဆွဲသွားတယ်၊ အထိအခိုက်ကတော့ အဲ့နေရာမှာ သွေးအိုင်တွေ၊ သူတို့အရေးပေါ်ကုသခဲ့တဲ့ ဆေးပတ်တီးတွေ၊ ဆေးထိုးအပ်တွေ တွေ့ ခဲ့ရတယ်” ဟု ပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရသည့် စစ်ကောင်စီတပ်ဖွဲ့ဘက်က လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်မှုများပြုလုပ်ခဲ့သော်လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့များဘက်တွင် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ကြောင်း WFP အဖွဲ့ က အသိပေးထုတ်ပြန်ထားသည်။

ယမန်နေ့ ဇွန်လ ၁၅ ရက်နေ့ ပေါက်မြို့နယ်အတွင်းရှိ အုန်းတောကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ ဖျက်စဆီးသည့်အတွက် ပြည်သူပိုင်နေအိမ်တစ်ချို့ မီးလောင်ပျက်စီးခဲ့ကြကြောင်း WFP အဖွဲ့ ထံမှ သိရသည်။

https://youtu.be/7sG-rgfD5Xw

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ပေါက်မြို့နယ်
#WFP
#ကာကွယ်ရေးပစ္စည်းစက်ရုံ
#ရိက္ခာ
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12❤4😁2👏1
​​တမူးမြို့နယ်တွင် စကစတပ်ဖွဲ့ တပ်စွဲထားသည့် စာသင်ကျောင်းနှင့် ရဲစခန်းကို PDF ဝင်ရောက်
===============

ပါခွီး
(မဇ္စျိမ) ။ ။စစ်ကိုင်းတိုင်း၊ တမူးမြို့နှင့် ခြောက်မိုင်အကွာရှိ ပန်းသာကျေးရွာက စာသင်ကျောင်းနှင့် ရဲစခန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဇွန်လ ၁၅ရက် နံနက်ပိုင်းအချိန်တွင် တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

“အဲဒီရွာမှာ စကစ(စစ်ကောင်စီတပ်ဖွဲ့)နဲ့ ပျူစောထီးတွေရှိမယ် တခြားအဖွဲ့တွေလည်း ရှိနိုင်တယ် ၊ တိုက်ပွဲက မနေ့မနက်ကစပြီး ညကလည်း တညလုံးဖြစ်ခဲ့တယ် ဒီမနက်အထိ မပြီးသေးဘူး ၊ အထိအခိုက် အသေအပျောက်တွေ ရှိတယ်လို့သိရတယ်” ဟု တမူးမြို့နယ် စစ်ရေးအခြေနေကို လေ့လာစောင့်ကြည့်နေသူတစ်ဦးက မဇ္စျိမကိုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးဆိုသူများက အဆိုပါကျေးရွာရှိ စာသင်ကျောင်းနှင့် ရဲစခန်းတွင် ကတုတ်ကျင်းတူး၍ ဘန်ကာများဖြင့် အခိုင်အမာတပ်စွဲထားခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ အထိုင်ချထားသည့် နေရာများကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်အချို့ပါ သိမ်းဆည်းနိုင်ကာ ရွာအပြင်တွင် ဆောက်လုပ်ထားသည့် ကတုတ်ကျင်းကို ဆက်လက်တိုက်ခိုက်နေကြောင်း ဆိုသည်။

အဆိုပါတိုက်ပွဲအတွင်း ဇွန်လ ၁၅ရက်တွင် စစ်ကောင်စီတပ်ဖွဲ့ဘက်က ဂျက်ဖိုက်တာ တစ်စီးဖြင့် ဗုံးနှစ်ကြိမ် ကြဲချခဲ့ပြီး တမူးမြို့နယ် လေးမိုင်ဂိတ်မှစစ်‌ကောင်စီတပ်ဖွဲ့ကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ သေဆုံးဒဏ်ရာရရှိမှု အရေအတွက်ကို မသိရသော်လည်း ယမန်နေ့တွင် တမူးမြို့မှ လူနာတင်ယာဉ်လေးစီး တိုက်ပွဲဖြစ်ပွားရာဘက်သို့ ထွက်ခွာသွားကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များဘက်မှလည်း ဗုံးစ နှင့် ကျည်ဆန်အစ ထိမှန်ဒဏ်ရာရရှိသူ အချို့ရှိကြောင်း စစ်ရေးလေ့လာနေသူက ဆိုသည်။

ပန်းသာရွာက ဒေသခံအချို့မှာ ထွက်ပြေးတိမ်းရှောင်‌နေကြရပြီး လက်ရှိရွာတွင် ပျူစောထီးဆိုသူအဖွဲ့ဝင်များ ရှိနေသည်ဟု သိရသည်။

အဆိုပါတိုက်ပွဲကို တမူးမြို့နယ် ခရိုင်တပ်ရင်းနှင့်အတူ ကူကီးအမျိုးသားတပ်မတော် (KNA – Burma) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ၊ တမူးမြို့နယ် ပကဖ နှင့် PDF – Tamu တပ်ရင်း (၄) တို့က ပူးတွဲတိုက်ခိုက် နေခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနေ့တွင်ပင် တမူးမြို့နယ် နန်းဖာလုံ၌ ပျူစောထီးများ မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် ရှစ်ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။

“ပျူတွေက ကံကြီးရွာတံတားအလွန် ကျွန်းတောထဲကနေပြီး လမ်းသွားလမ်းလာတွေကို ငွေတောင်းစစ်ဆေးတာတွေလုပ်တဲ့ သူတို့စုရပ်ကို လာတဲ့အချိန်တံတားအလွန်မှာ မိုင်းခွဲတိုက်ခိုက်ခံရတာ” ဟု စစ်ရေးစောင့်ကြည့်လေ့လာသူက ဆက်ပြောသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် ပျူစောထီးလေးဦး နေရာတွင်သေဆုံးပြီး ဒဏ်ရာရသူများထဲမှ တမူးဆေးရုံတွင် လေးဦးထပ်မံသေဆုံးကြောင်းနှင့် ဒဏ်ရာရရှိသူများထဲတွင် တမူးမြို့ ပျူစောထီးခေါင်းဆောင် ပန်းချီ ချမ်းမြေ့ ပါဝင်ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း အတည်ပြုနိုင်ခြင်းမရှိကြောင်း ဆိုသည်။
လက်ရှိတမူးမြို့နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများနှင့်ပတ်သက်၍ အမျိုးသား ညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာနှင့် တမူးမြို့နယ်တော်လှန်ရေးအဖွဲ့ အစည်းများက အသိပေးထုတ်ပြန်ထားခြင်း တစ်စုံတစ်ရာ မရှိသေးပေ။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#စစ်ကိုင်းတိုင်း
#တမူးမြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ခိုက်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14❤7👏2😁2
ထီးလင်းတိုက်ပွဲ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးကျဆုံးပြီး ၁ ဦး ဖမ်းဆီးခံရ၊ စစ်ရေးသတိရှိကြရန် ဒေသခံများအား တော်လှန်ရေးအင်အားစုများ သတိပေး
😭15😁2
ထီးလင်းတိုက်ပွဲ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးကျဆုံးပြီး ၁ ဦး ဖမ်းဆီးခံရ၊ စစ်ရေးသတိရှိကြရန် ဒေသခံများအား တော်လှန်ရေးအင်အားစုများ သတိပေး
===================

ကိုခင်မောင်
(မဇ္စျိမ) ။ ။မကွေးတိုင်း၊ထီးလင်းမြို့နယ်တွင် ယမန်နေ့ ဇွန်လ ၁၅ ရက် ညနေက ဖြစ်ပွားသောတိုက်ပွဲအတွင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦးကျဆုံးကာ သုံးဦးဒဏ်ရာရပြီး တစ်ဦးဖမ်းဆီးခံရကြောင်း Yaw Revolution Army (ထီးလင်း)က သတင်းထုတ်ပြန်သည်။

ထီးလင်းမြို့နယ်၊ အုန်းတွဲရွာရှိ အုန်းတွဲဘုရားကုန်းအနီးတွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်နှင့်ဂန့်ဂေါခရိုင်တပ်ရင်း(၁၅၊၁၆၊၁၇)- Yaw Revolution Army (ထီးလင်း)၊KKG ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခြင်းဟုသိရသည်။

" နေ့ခင်းပိုင်းမှာ ထွက်သွားတဲ့ စစ်ကြောင်းကလည်း သူတို့ရဲ့ ဦးတည်ရာကို မသွားဘဲနဲ့ ကျွန်တော်တို့ကို သတင်းရလို့လားတော့မသိဘူး။ အနောက်ကနေ ပတ်ဝိုက်ပြီးတော့ နှစ်ဖက်ညှပ်ပြီးပစ်ခတ်မှုခံခဲ့ရတာပါ။ သူတို့ တရစပ်ပစ်ခတ်နေတာကတော့ မိနစ် ၂၀နီးပါးလောက်ကြာတယ်ဗျ" ဟု Yaw Revolution Army (ထီးလင်း)မှတာဝန်ရှိသူတစ်ဦးက မဇ္စျိမ သို့ပြောသည်။

အင်အား ၁၅၀ခန့်ရှိသောစစ်ကြောင်းကို ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်ရန် ကြိုးစားစဉ် ကင်းပုန်းဝပ်နေသောစစ်ကြောင်းနှင့် ထိပ်တိုက်တွေ့ဆုံကာအလစ်အငိုက်ပစ်ခတ်ခံရခြင်းဟုသိရသည်။

ပစ်အားအဆမတန်ကွာဟသည့်အတွက်Yaw Revolution Army (ထီးလင်း)မှ တပ်သားဝင်းကိုနိုင်နှင့်တပ်စုမှူးဝေယံလင်းတို့ကျဆုံးခဲ့ရပြီး တပ်သားပြည့်ဖြိုးအောင်၊ ပကဖတပ်ဖွဲ့ဝင်တစ်ဦးနှင့်တပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု Yaw Revolution Army (ထီးလင်း)က ထုတ်ပြန်ထားသည်။ထို့အပြင် တပ်သားဆန်းဦးအား စစ်ကောင်စီတပ်ဖွဲ့ကဖမ်းဆီးသွားပြီး M4 မောင်းပြန်တစ်လက်လည်း ဆုံးရှုံးခဲ့သည်ဟုYaw Revolution Army (ထီးလင်း)၏ ယနေ့ ဇွန်လ ၁၆ရက် ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ စစ်ကောင်စီဘက်မှထိခိုက်မှု အခြေအနေကိုမသိရှိရသေးပေ။

စစ်ကောင်စီတပ်အားတော်လှန်တိုက်ခိုက်ရင်း မြင့်မြတ်စွာကျဆုံးသွားရသောတပ်ဖွဲ့ဝင်များအားနှမြောတသဂုဏ်ယူလေးစားစွာ အလေးနီပြုအပ်ပါသည်ဟုYaw Revolution Army (ထီးလင်း)က ထုတ်ပြန်ထားသည်။

စစ်ကောင်စီစစ်ကြောင်းသည် ယနေ့ ဇွန်လ ၁၆ရက် နံနက်တွင် ထီးလင်းမြို့၊ ရွှေထီးခန်းမသို့ ပြန်လည်ဝင်ရောက်လာသည်ဟု သတင်းရရှိသည်။အဆိုပါ စစ်ကြောင်းသည် ရိက္ခာလိုအပ်ချက်အရ အချိန်မရွေးပြန်ထွက်လာနိုင်၍ ဒေသခံများအနေဖြင့် စစ်ရေးသတိအမြဲရှိနေကြရန်နှင့်မိမိတို့၏ရိက္ခာများကို လုံခြုံသော နေရာများတွင် သိုလှောင်ထားကြရန် တော်လှန်ရေးအင်အားစုများ ယနေ့ သတိပေးထားသည်။

စာတည်း - မောင်ကြီး

#mizzima
#ထီးလင်းမြို့
#တိုက်ပွဲ
#Yaw Revolution Army
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢21👍2😁2
လုံခြုံရေးဦးစားပေးရ၍ မြေပြင်သပိတ်များ နည်းပါးလာခြင်းဖြစ်ဟု မြေပြင်သပိတ်အဖွဲ့များပြော
❤14🔥1😁1
လုံခြုံရေးဦးစားပေးရ၍ မြေပြင်သပိတ်များ နည်းပါးလာခြင်းဖြစ်ဟု မြေပြင်သပိတ်အဖွဲ့များပြော
=========================

ဂန္ဒမာ
(မဇ္ဈိမ)။ ။ မြို့ပြတွင် မြေပြင်သပိတ်များ နည်းပါးလာခြင်းမှာ အရေးနိမ့်သွား၍ မဟုတ်ဘဲ လုံခြုံရေးဦးစားပေးလာရ၍ ဖြစ်ကြောင်း မြေပြင်သပိတ်အဖွဲ့အစည်းများက မဇ္ဈိမကိုပြောသည်။ တော်လှန်ရေးကာလ နှစ်နှစ်ကျော်ကြာမြင့်လာပြီးနောက် မြို့ပြများတွင် သပိတ်စစ်ကြောင်းများ နည်းပါးလာကြောင်း ပြည်သူများကပြောသည်။

"အရင်နိဒါန်းအစကဆို နေ့စဥ် အထွေထွလူထုသပိတ်တိုက်ပွဲတွေ အဲ့ဒီကမှ သပိတ်စစ်ကြောင်းတွေ၊ အခုအချိန်ကြ ပြောက်ကျားသပိတ်တိုက်ပွဲတွေ ဒါတွေဟာ နွေဦးတော်လှန်ရေးကာလ မြို့ပြသပိတ်တွေရဲ့ ဆင့်ကဲပြောင်းလဲမှုဖြစ်စဥ်တွေပဲဖြစ်ပါတယ်။သပိတ်တွေမှာ ပါဝင်တဲ့လူနည်းသွားတာ သပိတ်အရေအတွက်နည်းသွားတာတွေဟာ အရေးနိမ့်လာတာမဟုတ်ဘဲ နိုင်ငံရေးရေချိန်နဲ့ လုံခြုံရေးဦးစားပေးမှု အခြေအနေတွေကြောင့် ဖြစ်ပါတယ်" ဟူ၍ ရေဘဝဲ ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း ဥက္ကဋ္ဌက မဇ္ဈိမ ကို ဖြေကြားသည်။

မြို့ပြတော်လှန်ရေးအင်အားစုများတွင် ငွေထောက်ပံ့ရရှိမှု နည်းပါးလာပါက လုံခြုံသည့်နေရာရရှိရန် ခက်ခဲလာပြီး မြို့ပြများတွင် နေထိုင်မှသာ မြို့ပြလှုပ်ရှားမှုများကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း Owl Community ‌ဥက္ကဋ္ဌက ပြောသည်။ ထို့ပြင် တော်လှန်ရေးအင်အားစုများသည် မြို့ပြတွင်နေထိုင်နိုင်ရန် ခက််ခဲလာ၍ မြို့ပြကို စွန့်ခွာသွားသည့် အဖွဲ့များလည်းရှိကြောင်း သိရသည်။

" လှုပ်ရှားသူအင်အားနည်းပါလာတာကလည်း နေထိုင်မှု အခြေအနေနဲ့ ဖမ်းဆီးခံရတာတွေကြောင့်ပဲဖြစ်ပါတယ်။ ဖမ်းဆီးခံရတဲ့နောက်ပိုင်းမှာဆိုရင် အဖွဲ့အစည်းတိုင်းရဲ့ အင်အားဟာနည်းပါးလာတာ တွေ့ရပါတယ်။ နောက်ဆုံးခက်ခဲမှုက လုံခြုံရေးပိုင်းပါ။ လုံခြုံရေးဟာ အရင်ထပ်ပိုမို တင်းကျပ်လာတဲ့ အတွက် မြို့ပြလှုပ်ရှားတဲ့ အဖွဲ့တိုင်းက နောက်ပိုင်းအချိန်တွေမှာလည်း ပိုမိုခက်ခဲလာအုံးမယ်လို့ ထင်မြင်ပါတယ်" ဟူ၍ Owl Community ‌ဥက္ကဋ္ဌက ပြောသည်။

သပိတ်ဆိုသည်မှာ လူထုလှုံ့ဆော်ရေး လှုပ်ရှားမှုဖြစ်ပြီး ပြည်သူများအား စစ်ကောင်စီလက်အောက်တွင် နေသားမကျစေရန် အရဲစွန့်လှုံ့ဆော်မှုများပြုလုပ်ရကာ တစ်ဖက်တွင်လည်း စစ်ကောင်စီကမြေပြင်သပိတ်များမရှိအောင် လိုက်လံဖမ်းဆီးနေခြင်းကို ကြည့်ခြင်းအားဖြင့် မြေပြင်သပိတ်သည် အရေးပါကြောင်း သပိတ်အဖွဲ့အစည်း တာဝန်ရှိသူများက ဆိုသည်။

"လူအများစုကတော့ အခုအချိန်မှာ မြေပြင်သပိတ်တွေ မထွက်သင့်တော့ဘူး။ အသက်ကိုဒီထက်ပိုပြီး မစွန့်စားသင့်တော့ဘူး လို့ ပြောကြလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့အားလုံး ဒီစစ်ဖိနပ်အောက်ကလွတ်မြောက်ဖို့ ကျွန်တော်တို့ကိုယ်တိုင် မြေပြင်သပိတ်နည်းလမ်းအပါအဝင် တော်လှန်ရေးအတွက် ကျရာနေရာ ကျရာတာဝန်ကို ထမ်းဆောင်ပြီး လှည်းနေ လှေအောင်း မြင်းစောင်းပါမကျန် လူထုလွတ်မြောက်ရေးအတွက် လူထုကပဲ အတူတကွ တိုက်ခိုက်ကြဖို့လိုအပ်ပါတယ်"ဟု ရန်ကုန်လူထုသပိတ် ဦးဆောင်သူက ပြောသည်။
သပိတ်အဖွဲ့အစည်းများအနေဖြင့် ယခင်ကလို မြေပြင်တွင် သပိတ်တိုက်ပွဲဖော်ဆောင်မှုများပြုလုပ်ရန် ခက်ခဲပင်ပန်းမှုများရှိလာသော်လည်း တော်လှန်ရေး၏ အရွေ့အပြောင်း ရေချိန် သဘောတရားအတိုင်း လှုပ်ရှားဖို့အသင့်ရှိနေကြောင်း ၎င်းက ဆိုသည်။

ပြောက်ကျားသပိတ်ဖော်ဆောင်ခြင်းများ၊ စာတန်းချိတ်ဆွဲခြင်း၊ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် လူထုစည်းရုံးရေး ၊ Boycott နှင့်Social Punishmentပြုလုပ်ခြင်းနှင့် လက်ကမ်းစာစောင်မျှဝေခြင်း၊ စတစ်ကာကပ်ခြင်းစသည့် နည်းလမ်းများကို အသုံးပြုပြီး အန္တရာယ်ကင်းစွာ ဆင့်ကဲပြောင်းလဲ၍ လှုပ်ရှားသွားကြမည်ဖြစ်ကြောင်း သပိတ်အဖွဲ့အစည်းများကဆိုသည်

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#မြေပြင်သပိတ်
#လုံခြုံရေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16❤5😁2
ဇွန်လ( ၁၆) ရက်၊ သောကြာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
=======================

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

အာဏာသိမ်းကာလအတွင်း မီးရှို့ခံရတဲ့ နေအိမ်အလုံးပေါင်း ၇၀,၀၀၀ ကျော်ရှိလာပြီဆိုတဲ့ သတင်းနဲ့အတူ မန္တလေးမြို့ ပြည်တွင်းအခွန်များဦးစီးဌာန အခွန်ရုံးကို

ဇွန်လ ၁၅ ရက်၊ မနက် ၁၀ နာရီခွဲမှာ ဗုံးပစ်တိုက်ခိုက်ခံရလို့ ထိခိုက်ဒဏ်ရာရသူ ရှိခဲ့တဲ့သတင်းအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ရပါမယ်။

အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေကို နားဆင်ကြရဖို့ရှိပါတယ်။ သတင်းတွေအပြီးမှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရမှာဖြစ်သလို

အပတ်စဉ်တင်ဆက်နေကျဖြစ်တဲ့ Insight Myanmar အစီအစဉ်ကိုနားဆင်ရမှာပါ။

https://youtu.be/n5kFP-7EqhE

#Eveningradio
#Mizzimaradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10❤1😁1