Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ထီးလင်းတိုက်ပွဲ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးကျဆုံးပြီး ၁ ဦး ဖမ်းဆီးခံရ၊ စစ်ရေးသတိရှိကြရန် ဒေသခံများအား တော်လှန်ရေးအင်အားစုများ သတိပေး
😭15😁2
ထီးလင်းတိုက်ပွဲ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးကျဆုံးပြီး ၁ ဦး ဖမ်းဆီးခံရ၊ စစ်ရေးသတိရှိကြရန် ဒေသခံများအား တော်လှန်ရေးအင်အားစုများ သတိပေး
===================

ကိုခင်မောင်
(မဇ္စျိမ) ။ ။မကွေးတိုင်း၊ထီးလင်းမြို့နယ်တွင် ယမန်နေ့ ဇွန်လ ၁၅ ရက် ညနေက ဖြစ်ပွားသောတိုက်ပွဲအတွင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦးကျဆုံးကာ သုံးဦးဒဏ်ရာရပြီး တစ်ဦးဖမ်းဆီးခံရကြောင်း Yaw Revolution Army (ထီးလင်း)က သတင်းထုတ်ပြန်သည်။

ထီးလင်းမြို့နယ်၊ အုန်းတွဲရွာရှိ အုန်းတွဲဘုရားကုန်းအနီးတွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်နှင့်ဂန့်ဂေါခရိုင်တပ်ရင်း(၁၅၊၁၆၊၁၇)- Yaw Revolution Army (ထီးလင်း)၊KKG ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခြင်းဟုသိရသည်။

" နေ့ခင်းပိုင်းမှာ ထွက်သွားတဲ့ စစ်ကြောင်းကလည်း သူတို့ရဲ့ ဦးတည်ရာကို မသွားဘဲနဲ့ ကျွန်တော်တို့ကို သတင်းရလို့လားတော့မသိဘူး။ အနောက်ကနေ ပတ်ဝိုက်ပြီးတော့ နှစ်ဖက်ညှပ်ပြီးပစ်ခတ်မှုခံခဲ့ရတာပါ။ သူတို့ တရစပ်ပစ်ခတ်နေတာကတော့ မိနစ် ၂၀နီးပါးလောက်ကြာတယ်ဗျ" ဟု Yaw Revolution Army (ထီးလင်း)မှတာဝန်ရှိသူတစ်ဦးက မဇ္စျိမ သို့ပြောသည်။

အင်အား ၁၅၀ခန့်ရှိသောစစ်ကြောင်းကို ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်ရန် ကြိုးစားစဉ် ကင်းပုန်းဝပ်နေသောစစ်ကြောင်းနှင့် ထိပ်တိုက်တွေ့ဆုံကာအလစ်အငိုက်ပစ်ခတ်ခံရခြင်းဟုသိရသည်။

ပစ်အားအဆမတန်ကွာဟသည့်အတွက်Yaw Revolution Army (ထီးလင်း)မှ တပ်သားဝင်းကိုနိုင်နှင့်တပ်စုမှူးဝေယံလင်းတို့ကျဆုံးခဲ့ရပြီး တပ်သားပြည့်ဖြိုးအောင်၊ ပကဖတပ်ဖွဲ့ဝင်တစ်ဦးနှင့်တပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု Yaw Revolution Army (ထီးလင်း)က ထုတ်ပြန်ထားသည်။ထို့အပြင် တပ်သားဆန်းဦးအား စစ်ကောင်စီတပ်ဖွဲ့ကဖမ်းဆီးသွားပြီး M4 မောင်းပြန်တစ်လက်လည်း ဆုံးရှုံးခဲ့သည်ဟုYaw Revolution Army (ထီးလင်း)၏ ယနေ့ ဇွန်လ ၁၆ရက် ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ စစ်ကောင်စီဘက်မှထိခိုက်မှု အခြေအနေကိုမသိရှိရသေးပေ။

စစ်ကောင်စီတပ်အားတော်လှန်တိုက်ခိုက်ရင်း မြင့်မြတ်စွာကျဆုံးသွားရသောတပ်ဖွဲ့ဝင်များအားနှမြောတသဂုဏ်ယူလေးစားစွာ အလေးနီပြုအပ်ပါသည်ဟုYaw Revolution Army (ထီးလင်း)က ထုတ်ပြန်ထားသည်။

စစ်ကောင်စီစစ်ကြောင်းသည် ယနေ့ ဇွန်လ ၁၆ရက် နံနက်တွင် ထီးလင်းမြို့၊ ရွှေထီးခန်းမသို့ ပြန်လည်ဝင်ရောက်လာသည်ဟု သတင်းရရှိသည်။အဆိုပါ စစ်ကြောင်းသည် ရိက္ခာလိုအပ်ချက်အရ အချိန်မရွေးပြန်ထွက်လာနိုင်၍ ဒေသခံများအနေဖြင့် စစ်ရေးသတိအမြဲရှိနေကြရန်နှင့်မိမိတို့၏ရိက္ခာများကို လုံခြုံသော နေရာများတွင် သိုလှောင်ထားကြရန် တော်လှန်ရေးအင်အားစုများ ယနေ့ သတိပေးထားသည်။

စာတည်း - မောင်ကြီး

#mizzima
#ထီးလင်းမြို့
#တိုက်ပွဲ
#Yaw Revolution Army
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢21👍2😁2
လုံခြုံရေးဦးစားပေးရ၍ မြေပြင်သပိတ်များ နည်းပါးလာခြင်းဖြစ်ဟု မြေပြင်သပိတ်အဖွဲ့များပြော
❤14🔥1😁1
လုံခြုံရေးဦးစားပေးရ၍ မြေပြင်သပိတ်များ နည်းပါးလာခြင်းဖြစ်ဟု မြေပြင်သပိတ်အဖွဲ့များပြော
=========================

ဂန္ဒမာ
(မဇ္ဈိမ)။ ။ မြို့ပြတွင် မြေပြင်သပိတ်များ နည်းပါးလာခြင်းမှာ အရေးနိမ့်သွား၍ မဟုတ်ဘဲ လုံခြုံရေးဦးစားပေးလာရ၍ ဖြစ်ကြောင်း မြေပြင်သပိတ်အဖွဲ့အစည်းများက မဇ္ဈိမကိုပြောသည်။ တော်လှန်ရေးကာလ နှစ်နှစ်ကျော်ကြာမြင့်လာပြီးနောက် မြို့ပြများတွင် သပိတ်စစ်ကြောင်းများ နည်းပါးလာကြောင်း ပြည်သူများကပြောသည်။

"အရင်နိဒါန်းအစကဆို နေ့စဥ် အထွေထွလူထုသပိတ်တိုက်ပွဲတွေ အဲ့ဒီကမှ သပိတ်စစ်ကြောင်းတွေ၊ အခုအချိန်ကြ ပြောက်ကျားသပိတ်တိုက်ပွဲတွေ ဒါတွေဟာ နွေဦးတော်လှန်ရေးကာလ မြို့ပြသပိတ်တွေရဲ့ ဆင့်ကဲပြောင်းလဲမှုဖြစ်စဥ်တွေပဲဖြစ်ပါတယ်။သပိတ်တွေမှာ ပါဝင်တဲ့လူနည်းသွားတာ သပိတ်အရေအတွက်နည်းသွားတာတွေဟာ အရေးနိမ့်လာတာမဟုတ်ဘဲ နိုင်ငံရေးရေချိန်နဲ့ လုံခြုံရေးဦးစားပေးမှု အခြေအနေတွေကြောင့် ဖြစ်ပါတယ်" ဟူ၍ ရေဘဝဲ ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း ဥက္ကဋ္ဌက မဇ္ဈိမ ကို ဖြေကြားသည်။

မြို့ပြတော်လှန်ရေးအင်အားစုများတွင် ငွေထောက်ပံ့ရရှိမှု နည်းပါးလာပါက လုံခြုံသည့်နေရာရရှိရန် ခက်ခဲလာပြီး မြို့ပြများတွင် နေထိုင်မှသာ မြို့ပြလှုပ်ရှားမှုများကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း Owl Community ‌ဥက္ကဋ္ဌက ပြောသည်။ ထို့ပြင် တော်လှန်ရေးအင်အားစုများသည် မြို့ပြတွင်နေထိုင်နိုင်ရန် ခက််ခဲလာ၍ မြို့ပြကို စွန့်ခွာသွားသည့် အဖွဲ့များလည်းရှိကြောင်း သိရသည်။

" လှုပ်ရှားသူအင်အားနည်းပါလာတာကလည်း နေထိုင်မှု အခြေအနေနဲ့ ဖမ်းဆီးခံရတာတွေကြောင့်ပဲဖြစ်ပါတယ်။ ဖမ်းဆီးခံရတဲ့နောက်ပိုင်းမှာဆိုရင် အဖွဲ့အစည်းတိုင်းရဲ့ အင်အားဟာနည်းပါးလာတာ တွေ့ရပါတယ်။ နောက်ဆုံးခက်ခဲမှုက လုံခြုံရေးပိုင်းပါ။ လုံခြုံရေးဟာ အရင်ထပ်ပိုမို တင်းကျပ်လာတဲ့ အတွက် မြို့ပြလှုပ်ရှားတဲ့ အဖွဲ့တိုင်းက နောက်ပိုင်းအချိန်တွေမှာလည်း ပိုမိုခက်ခဲလာအုံးမယ်လို့ ထင်မြင်ပါတယ်" ဟူ၍ Owl Community ‌ဥက္ကဋ္ဌက ပြောသည်။

သပိတ်ဆိုသည်မှာ လူထုလှုံ့ဆော်ရေး လှုပ်ရှားမှုဖြစ်ပြီး ပြည်သူများအား စစ်ကောင်စီလက်အောက်တွင် နေသားမကျစေရန် အရဲစွန့်လှုံ့ဆော်မှုများပြုလုပ်ရကာ တစ်ဖက်တွင်လည်း စစ်ကောင်စီကမြေပြင်သပိတ်များမရှိအောင် လိုက်လံဖမ်းဆီးနေခြင်းကို ကြည့်ခြင်းအားဖြင့် မြေပြင်သပိတ်သည် အရေးပါကြောင်း သပိတ်အဖွဲ့အစည်း တာဝန်ရှိသူများက ဆိုသည်။

"လူအများစုကတော့ အခုအချိန်မှာ မြေပြင်သပိတ်တွေ မထွက်သင့်တော့ဘူး။ အသက်ကိုဒီထက်ပိုပြီး မစွန့်စားသင့်တော့ဘူး လို့ ပြောကြလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့အားလုံး ဒီစစ်ဖိနပ်အောက်ကလွတ်မြောက်ဖို့ ကျွန်တော်တို့ကိုယ်တိုင် မြေပြင်သပိတ်နည်းလမ်းအပါအဝင် တော်လှန်ရေးအတွက် ကျရာနေရာ ကျရာတာဝန်ကို ထမ်းဆောင်ပြီး လှည်းနေ လှေအောင်း မြင်းစောင်းပါမကျန် လူထုလွတ်မြောက်ရေးအတွက် လူထုကပဲ အတူတကွ တိုက်ခိုက်ကြဖို့လိုအပ်ပါတယ်"ဟု ရန်ကုန်လူထုသပိတ် ဦးဆောင်သူက ပြောသည်။
သပိတ်အဖွဲ့အစည်းများအနေဖြင့် ယခင်ကလို မြေပြင်တွင် သပိတ်တိုက်ပွဲဖော်ဆောင်မှုများပြုလုပ်ရန် ခက်ခဲပင်ပန်းမှုများရှိလာသော်လည်း တော်လှန်ရေး၏ အရွေ့အပြောင်း ရေချိန် သဘောတရားအတိုင်း လှုပ်ရှားဖို့အသင့်ရှိနေကြောင်း ၎င်းက ဆိုသည်။

ပြောက်ကျားသပိတ်ဖော်ဆောင်ခြင်းများ၊ စာတန်းချိတ်ဆွဲခြင်း၊ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် လူထုစည်းရုံးရေး ၊ Boycott နှင့်Social Punishmentပြုလုပ်ခြင်းနှင့် လက်ကမ်းစာစောင်မျှဝေခြင်း၊ စတစ်ကာကပ်ခြင်းစသည့် နည်းလမ်းများကို အသုံးပြုပြီး အန္တရာယ်ကင်းစွာ ဆင့်ကဲပြောင်းလဲ၍ လှုပ်ရှားသွားကြမည်ဖြစ်ကြောင်း သပိတ်အဖွဲ့အစည်းများကဆိုသည်

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#မြေပြင်သပိတ်
#လုံခြုံရေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16❤5😁2
ဇွန်လ( ၁၆) ရက်၊ သောကြာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
=======================

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

အာဏာသိမ်းကာလအတွင်း မီးရှို့ခံရတဲ့ နေအိမ်အလုံးပေါင်း ၇၀,၀၀၀ ကျော်ရှိလာပြီဆိုတဲ့ သတင်းနဲ့အတူ မန္တလေးမြို့ ပြည်တွင်းအခွန်များဦးစီးဌာန အခွန်ရုံးကို

ဇွန်လ ၁၅ ရက်၊ မနက် ၁၀ နာရီခွဲမှာ ဗုံးပစ်တိုက်ခိုက်ခံရလို့ ထိခိုက်ဒဏ်ရာရသူ ရှိခဲ့တဲ့သတင်းအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ရပါမယ်။

အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေကို နားဆင်ကြရဖို့ရှိပါတယ်။ သတင်းတွေအပြီးမှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရမှာဖြစ်သလို

အပတ်စဉ်တင်ဆက်နေကျဖြစ်တဲ့ Insight Myanmar အစီအစဉ်ကိုနားဆင်ရမှာပါ။

https://youtu.be/n5kFP-7EqhE

#Eveningradio
#Mizzimaradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10❤1😁1
​​ကရင်နီ - ထိုင်းနယ်စပ်ရှိ စစ်တပ်စခန်း ၃ ခုနှင့် မယ်စဲ့ရဲစခန်း အသိမ်းခံရ၊ ထိုင်းဘက်သို့ စစ်ကောင်စီတပ်သား ၇ဦး ထွက်ပြေး
=================

ဂျူချန်း
(မဇ္ဈိမ)။ ။ ကရင်နီ - ထိုင်းနယ်စပ်တွင် စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များကြား ဇွန်လ ၁၃ ရက်နေ့မှစတင်ကာ ယနေ့ ဇွန်လ ၁၆ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်စခန်းသုံးခုနှင့် မယ်စဲ့မြို့မ ရဲစခန်းတို့တွင် ကရင်နီပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်တပ်စွဲထားနိုင်ပြီဖြစ်ကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။

“မယ်စဲ့ဘက်ကို ကျနော်တို့ဘက်က တပ်တွေ ဝင်ရောက်နေပြီ။ စခန်းနှစ်ခုတော့ ကျန်သေးတယ်ပေါ့။ ၁၄ စခန်း(BP-14) စခန်းရယ်၊ မယ်တနွယ်ရယ်၊​ တောင်လှရယ် အဲ့ဒီစခန်းသုံးခုကတော့ ရပြီ။ နောက်ပြီးတော့ မယ်စဲ့ ရဲစခန်းကိုလည်း သူတို့ရှင်းပြီးပြီ” ဟု ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခူညေးရယ် က မဇ္ဈိမကိုပြောသည်။

ထိုတိုက်ပွဲများအတွင်း ဇွန်လ ၁၄ ရက်နေ့တွင် စစ်ကောင်စီတပ်သား ခုနစ်ဦးသည် တိုက်ပွဲဖြစ်ပွားနေရင်း ထိုင်းနိုင်ငံဘက်သို့ လက်နက်နှင့်တကွ ထွက်ပြေးသွားခဲ့သည်ဟု တိုက်ပွဲတွင်းရှိ တပ်မှူးတစ်ဦးထံမှ သိရကြောင်း ပြောသည်။ တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးခိုလှုံသူများတွင် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများ၊ ရဲမိသားစုဝင်များလည်း ပါဝင်ကြောင်း သိရသည်။

“ခုနစ်ယောက်ကတော့ သေချာတယ်ပေါ့။ တိုက်ပွဲဖြစ်ပြီး သူတို့စခန်းကို တက်သိမ်းတော့ သူတို့မလွတ်နိုင်တော့ဘူးဆိုပြီး ထွက်ပြေးသွားတဲ့ ရဲဘော်တွေဖြစ်မှာပါ။ အခု သူတို့ဘယ်မှာ ရှိနေလဲတော့ မသိဘူး။ ထိုင်းဘက်ကို ရောက်သွားတယ်လို့တော့ ကျနော်တို့ သိရတယ်။ ဒေသခံတွေတော့ ထိုင်းဘက်ကို ထွက်ပြေးကုန်ပြီ။ ရဲမိသားစုတွေလည်း ပါတယ်။ မယ်စဲ့ ထွေအုပ်ကိုယ်တိုင်ပါတယ်” ဟု ခူညေးရယ်က ပြောသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ မယ်တနွယ်တပ်စခန်းမှ ၁၂၀ မမ လက်နက်ကြီး နှစ်လက်၊ တောင်လှစခန်းမှ ၆၀မမ နှစ်လက်၊ Type 81 သေနတ်အတို တစ်လက်၊ အရှည် တစ်လက် နှင့် ကျည်ဆန်များ သိမ်းဆည်းရမိထားကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ က ပြောသည်။

တိုက်ခိုက်မှုများတွင် စစ်ကောင်စီတပ်သားများအား အရှင်ဖမ်းမိခြင်းများရှိသကဲ့သို့ သေဆုံးမှုများရှိသော်လည်း အတိအကျကိုမူ မသိနိုင်သေးကြောင်း ဆိုသည်။

“မယ်တနွယ်ကုန်းမှာ လက်နက်ကြီး နှစ်ခုရှိတယ်။ အဲ့ဒီလက်နက်ကြီး နှစ်ခု ကျနော်တို့ရလိုက်တယ်။ နောက် တောင်လှစခန်းမှာ ၆၀ မမ နှစ်လက်နဲ့ 81 အတိုတစ်လက် အရှည်တစ်လက် ရလိုက်တယ်။ ကျည်ဆန်တော့ အများကြီးရလိုက်တယ်၊ အရေအတွက်တော့ မသိရသေးဘူး။ တချို့လည်း အရှင်မိတယ်။ တချို့လည်း သေတယ်။ အသေးစိတ်တော့မသိရသေးဘူး” ဟု ခူညေးရယ်က မဇ္ဈိမကိုပြောသည်။

တိုက်ပွဲစတင်ဖြစ်ပွားသည့် ဇွန်လ ၁၃ ရက်နေ့မှ ဇွန်လ ၁၅ ရက်နေ့အထိ မွန်းလွဲပိုင်းများတွင် စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ကင်းလာထောက်ပြီး ရာသီဥတုပေါ်မူတည်ကာ ပစ်ခတ်ခြင်းများ ပြုလုပ်လေ့ရှိကြောင်း သိရသည်။

ကရင်နီပြည်နယ်တွင် တိုက်ပွဲများ ပြင်းထန်နေသဖြင့် ထိုင်းနိုင်ငံဘက်သို့ မြန်မာစစ်ဘေးရှောင် ၃,၃၄၂ ဦး ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ထိုင်း Nation Online သတင်းတွင် ဇွန်လ ၁၄ ရက်နေ့၌ ဖော်ပြထားပြီး စစ်ဘေးရှောင်အရေအတွက် ပိုများလာနိုင်ဖွယ်ရှိကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ကရင်နီပြည်နယ်
#တိုက်ပွဲ
#မယ်စဲ့ရဲစခန်း
#စစ်ဘေးရှောင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19❤6🤣3🥰2👏1
ဇွန်လ (၁၆) ရက်နေ့၊ ည ၇ နာရီ၊ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်
======================

-ရန်ကုန်နဲ့မန္တလေးက ရွှေလုပ်ငန်းရှင်တချို့ကို စစ်ကောင်စီက ဖမ်းဆီးမေးမြန်းနေတဲ့သတင်း

-နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ မွေးနေ့တွင် ပန်းသပိတ်ဆင်နွှဲကြရန် တော်လှန်ရေးအင်အားစုများ တိုက်တွန်းတဲ့သတင်
း
-လာမယ့်သီတင်းပတ်အတွင်း ဂျာမနီနဲ့ပြင်သစ်နိုင်ငံတွေဆီ တရုတ်ဝန်ကြီးချုပ် သွားရောက်ဖို့ရှိတဲ့သတင်း

-ရုရှားနှင့်တရုတ် ပါဝင်တဲ့ BRICS ဘဏ်အဖွဲ့နှင့် ပူးပေါင်းရန် စဉ်းစားနေကြောင်း စစ်ကောင်စီ ဗဟိုဘဏ်ဥက္ကဋ္ဌ ပြောတဲ့သတင်း

-ညနေ ၅ နာရီအထိ ရရှိထားတဲ့ငွေလဲနှုန်း၊ ရွှေစျေး၊ စက်သုံးဆီစျေး နဲ့ စားအုန်းဆီစျေးတွေအပါအဝင် အခြားစိတ်ဝင်စားဖွယ် သတင်းတွေနဲ့ အရေးကြီး သတင်းတွေကို တင်ဆက်ပေးသွားမှာပါ ။

https://www.youtube.com/live/pkE7z9BUbTw?feature=share

#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6🔥1😁1
​​တရုတ် သမ္မတ၏ အသက် ၇၀ ပြည့်မွေးနေ့ကို ကွန်မြူနစ်ပါတီက ကျင်းပခြင်း မရှိသော်လည်း ရုရှားခေါင်းဆောင် ချီးကျူးဂုဏ်ပြု
===========================

တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်သည် ဇွန်လ ၁၅ရက်တွင် အသက် ၇၀ ပြည့်ပြီး နိုင်ငံတွင် လူသိများသည့် အထိမ်းအမှတ်တစ်ခုဖြစ်သော်လည်း အထင်ကရ မဖြစ်ခဲ့ပေ။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤣6❤1
​​အာဖဂန်နစ္စတန် ဒုက္ခသည်များကို ယာယီလက်ခံထားရေး ဖိလစ်ပိုင် စဉ်းစားနေ
========================

အမေရိကန်တွင် နေထိုင်ခွင့်ရရေး စောင့်ဆိုင်းနေကြသော အာဖဂန်နစ္စတန် ဒုက္ခသည် ထောင်ပေါင်းများစွာကို ယာယီ လက်ခံထားရေး အစီအစဉ်တစ်ရပ်အား ဖိလစ်ပိုင် ဆီးနိတ်၏ နိုင်ငံခြားဆက်ဆံရေးကော်မတီက သောကြာနေ့တွင် ဆွေးနွေးကြမည် ဖြစ်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥1😁1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၆ ဇွန် ၂၀၂၃) 
========================

စစ်ကောင်စီက ပြည်တွင်းရွှေဈေးများ တဟုန်ထိုး မြင့်တက်နေသည့်အတွက် ရွှေလုပ်ငန်းရှင်များ ဖမ်းဆီးမှုများ ဖိအားပေးမှုများ လုပ်ဆောင်နေသော်လည်း ရွှေဈေးများ ပြန်လည်ကျဆင်းမှု မရှိသည်ကို တွေ့ရသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11🔥2😁1
အစိမ်းတို့ရွာ မီးမလာရတဲ့အကြောင်း | အစိမ်းရောင်လူမျိုးစု [ Ep-05]
==================

မိန့်ခွန်းပြောနေချိန်မှာ မီးပြတ်သွားလို့ ဒေါသူပုန်ထနေတဲ့သူကြီးမင်းနဲ့ လျှပ်စစ်မီးကိုထိန်းချုပ်ထားချိန်မှာ လူပြာတွေဆန္ဒမပြဖြစ်တာကို ယခု Episode မှာ ကြည့်ရှု့ရမှာဖြစ်ပါတယ်။

အစိမ်းရောင်တွေက အပြာရောင်တွေကိုဖိနှိပ်နေတဲ့ ရွာကဇာတ်လမ်းတွေကို အပတ်စဉ်သောကြာနေ့ ည ၇ နာရီခွဲတိုင်း မဇ္ဈိမတီဗီချန်နယ်၊ Mizzima News in Burmese Facebook Page နှင့် Mizzima Youtube Channel တို့မှာ ကြည့်ရှု့လိုက်ရှုလိုက်ရအောင်။

https://youtu.be/GS49u5JoCj8

#Greentribe
#MizzimaTV
#အစိမ်းရောင်လူမျိုးစု
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
❤11😁5👍1