Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မိုးဗြဲတိုက်ပွဲတွင် ၂ ဖက်ထိခိုက်မှုရှိ၊ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းသေဆုံးဟုဆို
👏14😁3❤2👍1
မိုးဗြဲတိုက်ပွဲတွင် ၂ ဖက်ထိခိုက်မှုရှိ၊ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းသေဆုံးဟုဆို
============================

ဂျူချန်း
(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် မိုးဗြဲ PDF ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံးပြီး မိုးဗြဲ PDF ပူးပေါင်းအဖွဲ့မှ ရဲဘော် သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မိုးဗြဲ PDF၊ ရွှေလင်းယုန်တပ်ခွဲက ယနေ့ ဇွန်လ ၁၇ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ယမန်နေ့ ဇွန်လ ၁၆ ရက်နေ့ နံနက်ပိုင်းမှ စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲအပြီး စစ်ကောင်စီ၏ မိုးဗြဲမြို့အခြေစိုက် ခမရ(၄၂၂) တပ်ရင်းနှင့် လွိုင်ကော်မြောက်တပ်တို့က လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့၍ မိုးဗြဲမြို့တွင်းရှိ ဘာသာရေးအဆောက်အအုံနှင့် လူနေအိမ်များ ကျည်ထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။

“တိုက်ပွဲက ၁၆ ရက်နေ့ မနက်ကနေ နေ့လယ်ထိ ဖြစ်တာပေါ့နော့်။ စစ်ကောင်စီဘက်က ၁၀ယောက်ကျတယ်” ဟု ရွှေလင်းယုန်တပ်ခွဲမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမ ကိုပြောသည်။

ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးခြင်းနှင့်ပတ်သက်၍ မဇ္ဈိမ အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိပေ။
လက်ရှိတွင် မိုးဗြဲမြို့ စည်ကားရပ်ကွက် အမှတ်(၁)၊ (၂)၊ (၃)၊ ပွဲကုန်းရပ်ကွက် အမှတ်(၁)၊ (၂)၊ (၃)၊ ဈေးကုန်း၊ ပေါ်ဦးရပ်ကွက်၊ ဒုန်းဒူထန်ရပ်ကွက်နှင့် စက်တော်ရာ စသည့် ရပ်ကွက်များတွင် စစ်ကောင်စီတပ်သားများ ဝင်ရောက်တပ်စွဲထားပြီး မြို့တွင်းသို့ ခမရ(၄၂၂) နှင့် လွိုင်ကော်အမြောက်တပ်က မကြာခဏ လက်နက်ကြီးပစ်ခတ်နေသောကြောင့် ဒေသခံများမှာ ဘေးလွတ်ရာ မြို့ပြင် လယ်ကွင်းများနှင့် လုံခြုံမည့်နေရာများတွင် သွားရောက်ခိုလှုံနေကြရကြောင်း ဒေသခံများထံက သိရသည်။

လက်ရှိတွင် မိုးဗြဲမြို့၌ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုကြား စစ်ရေးတင်းမာနေပြီး ပြည်သူများအနေဖြင့် မိုးဗြဲမြို့ အနီးတဝိုက်နှင့် မိုးဗြဲ-ပီကင်း လမ်းပိုင်းတွင် သွားလာခြင်း မပြုလုပ်ကြရန် ရွှေလင်းယုန်တပ်ခွဲက သတိပေးထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#မိုးဗြဲတိုက်ပွဲ
#စစ်ကောင်စီတပ်သား
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16👏5😁2
Mizzima Weekly Sports အစီအစဉ်
=================

တပတ်အတွင်း အားကစားလောကရဲ့ထူးခြားတဲ့ သတင်းအကြောင်းအရာတွေကို ပရိသတ်တွေအတွက် စုစည်းတင်ဆက်ပေးသွာမယ့် Mizzima ရဲ့ Weekly Sports အစီအစဉ် ဖြစ်ပါတယ်။

-------------

ဒီတစ်ပတ်မှာတော့ .....


-အီတလီဝန်ကြီးချုပ်ဟောင်းနှင့် အေစီမီလန်အသင်းပိုင်ရှင်ဟောင်း ဘာလူစကိုနီ  ကွယ်လွန်

-Steven Gerrard ဟာ နည်းပြအဖြစ် Al-Ettifaq ထံက ကမ်းလှမ်းမှုကို လက်ခံ

-ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းတိုးဖို့ ငြင်းဆိုခဲ့ပြီးနောက် အမ်ဘာပေရဲ့ အနာဂတ် သံသယကြီးစရာဖြစ်လာ

-ပီကင်းခြေစမ်းပွဲမှာ အာဂျင်တီးနားက သြစတြေးလျကို အနိုင်ယူပြီး အလျင်အမြန် ဂိုးသွင်းခဲ့တဲ့ လီယွန်နယ်မက်ဆီ စတဲ့သတင်းတွေအပါအဝင် အခြားစိတ်ဝင်စားဖွယ် သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/2SqT9QHqhv0

#weeklysports
#mizzimatv
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍2❤1
သိမ်ဇရပ်တွင် လက်နက်ကြီးကျည်ကျ၍ အမျိုးသမီးသေဆုံး၊ ကလေးငယ် အပါအဝင် ၄ ဦးဒဏ်ရာရ
😢11😁2👍1
သိမ်ဇရပ်တွင် လက်နက်ကြီးကျည်ကျ၍ အမျိုးသမီးသေဆုံး၊ ကလေးငယ် အပါအဝင် ၄ ဦးဒဏ်ရာရ
=====================

ဂျူချန်း ၊ YT
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ ၊ရွာလေးရပ်ကွက် (၈) လမ်း (ကွက်သစ်ပိုင်း) တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကာ ငါးနှစ်အရွယ်ကလေးငယ်အပါအဝင် အရပ်သားလေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံထံမှ သိရသည်။

ဇွန်လ ၁၆ ရက် ည ၇နာရီခွဲဝန်းကျင်တွင် သိမ်ဇရပ်မြို့ အခြေစိုက် စစ်ကောင်စီ၏ အမတ(၃၁၀) အမြောက်တပ်မှ လက်နက်ကြီး ကိုးလုံး ပစ်ခတ်ခဲ့ရာ ရွာလေးရပ်ကွက် (၈) လမ်း ရှိ နေအိမ်နှစ်လုံးကြားတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး မအေးနွယ်(၃၇နှစ်) သည် ရင်ဘတ်တွင် ကျည်စထိမှန်၍ သေဆုံးခဲ့ကြောင်း သိရသည်။

“အခုထိခိုက်တဲ့ ပြည်သူတွေက ရဲစခန်းနဲ့ ကပ်နေတဲ့ ရပ်ကွက်ပဲ။ အဲ့ အိမ်နှစ်လုံးက လူတွေ၊ စုစုပေါင်း ငါးယောက်” ဟု ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

လက်ရှိတွင် ထိခိုက်ဒဏ်ရာ ရရှိသူများသည် သိမ်ဇရပ်ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

ထိုည ၇ နာရီခွဲအချိန်တွင် အမတ (၃၁၀)တပ်မှ ပစ်ခတ်သည့် လက်နက်ကြီး ကိုးလုံးသည် ရွာလေးရပ်ကွက်(၈)လမ်းအပြင် ကျောက်တန်းလေးကျေးရွာ၊ ကျောက်ပုံကြီးကွင်း၊ ကညင်အိုင်ကျေးရွာအပြင်ဘက်တို့တွင်လည်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံထံမှ သိရသည်။

"ဒီဘက်က သွားပစ်တာမျိုးလည်းမရှိဘူး၊ တိုက်ပွဲလဲမရှိဘူးလေ။ ဘာမှမရှိဘဲနဲ့ကို လက်နက်ကြီးနဲ့ထုတာ။ ဒီကောင်တွေကတော့ ဒီလိုပါပဲ၊ လက်နက်တွေ ကျည်တွေပေါတိုင်း ထင်တိုင်းကြဲနေကြတာ၊ ညက ပစ်တာ ကျောက်ပုံကြီးအထိ ရောက်တယ်၊ အဓိကက အပေါ် ( KNU တပ်မဟာ (၁)၊ တပ်ရင်း (၃)နယ်မြေအတွင်း) ကို ပစ်ချင်တာပေါ့" ဟု တပ်မဟာ (၁)၊ တပ်ရင်း (၃) KNLA သတင်းရင်းမြစ်က ဆိုသည်။
အမတ (၃၁၀) မှ လက်နက်ကြီးပစ်ခတ်ချိန်တွင် သိမ်ဇရပ်ရဲစခန်းမှလည်း လက်နက်ငယ် ပစ်ခတ်မှုများရှိခဲ့ပြီးနောက် မြို့ထဲ၌ စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များက ကင်းလှည့်စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

သိမ်ဇရပ်မြို့ အခြေစိုက် အမတ(၃၁၀) နှင့် ခမရ(၂၀၇) တပ်တို့သည် လက်နက်ကြီး ပစ်ခတ်မှုများ မကြာခဏ လုပ်ဆောင်လေ့ရှိရာ ကျေးရွာတွင်း ကျရောက်ပေါက်ကွဲသဖြင့် အရပ်သားထိခိုက်မှုများလည်း ရှိကြောင်း သိရသည်။

မေလ ၃ ရက်နေ့တွင်လည်း သိမ်ဇရပ်အခြေစိုက် ခမရ(၂၀၇)တပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် ကျိုက်ထိုမြို့နယ်၊ သုံးခွကျေးရွာအုပ်စု၊ ဝါးဒတ်ကွင်းကျေးရွာနေ ဦးရာဇာ၏ နေအိမ်အတွင်း ကျရောက် ပေါက်ကွဲခဲ့ရာ ဦးရာဇာနှင့် ၎င်း၏ ကလေးငယ်နှစ်ဦး အပါအဝင် မိသားစုလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၃၁ ရက် ညပိုင်းကလည်း သိမ်ဇရပ်အခြေစိုက် ခမရ(၂၀၇)တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကျောက်ပုံကြီးကွင်းနှင့် ရေကျော်ကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့၍ ကျောက်ပုံကြီးကွင်းမှ ဒေသခံလင်မယားနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#မွန်ပြည်နယ်
#ကျိုက်ထိုမြို့နယ်
#စစ်ကောင်စီတပ်
#လက်နက်ကြီးပစ်ခတ်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7😁3🤬3😢2
မုံရွာမြို့ စက်မှုဇုန်ရပ်ကွက် အမှတ်(၂)ရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့ တိုက်ခိုက် ရဲတပ်သား ၃ ဦး သေဆုံးဟုဆို
==================

လွှမ်းမိုး
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ စက်မှုဇုန်ရပ်ကွက်ရှိ အမှတ်(၂) ရဲစခန်းကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက ဇွန်လ ၁၆ ရက် နံနက် ၁၀ နာရီခွဲ အချိန်ခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲတပ်သားသုံးဦးသေဆုံးကြောင်း MRDA စေတန် တပ်ခွဲထံမှ သိရသည်။

“ကျနော်တို့ ဝင်သွားတော့ ရဲတပ်သားတွေက သေနတ်ဘေးချပြီး ဖုန်းသုံးနေကြတယ်။ မျက်မြင်ကတော့ ရဲတပ်သားသုံးဦး နေရာတင် လဲကျ သေဆုံးသွားတာ တွေ့ခဲ့ရတယ်” ဟု စေတန်တပ်ခွဲ(MRDA) မှ တပ်ခွဲမှူးကိုဇေက ပြောသည်။

ထိုစခန်းအတွင်းရှိ ရဲတပ်ဖွဲ့ဝင်များနှင့်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အရပ်ဝတ်များဖြင့် နေထိုင်လှုပ်ရှားနေခြင်းကြောင့် ဒေသခံများနှင့် မှားယွင်းမှု မဖြစ်စေရန် အချိန် နှစ်ရက်ကြာ ကြိုတင် စုံစမ်းပြီးမှ စစ်ဆင်ရေးကို ဆောင်ရွယ်ခဲ့ခြင်းဖြစ်ကြောင်း တပ်ခွဲမှူး ကိုဇေက မဇ္ဈိမကို ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို စေတန်တပ်ခွဲ (MRDA) ၊ ၅/UG အဖွဲ့ နှင့် Monywa Fire Group တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒေသကာကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဂိတ် ၊ စခန်း များ အနီးသို့ မလိုအပ်ဘဲ သွားလာခြင်း မပြုလုပ်ကြရန် မေတ္တာရပ်ခံကြောင်း MRDA စေတန်တပ်ခွဲမှ တပ်ခွဲမှူးကိုဇေက မေတ္တာရပ်ခံထားသည်။

https://youtube.com/shorts/u_GjW11mm6A?feature=share

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#စစ်ကိုင်းတိုင်း
#မုံရွာမြို့နယ်
#ရဲစခန်း
#တိုက်ခိုက်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👏14👍8😁2🥰1
ကန့်ဘလူမြို့နယ်တွင် စစ်ဘေးရှောင် ၆ ဦး မြွေဆိုးကိုက်ခံရ
😢7🔥1👏1
ကန့်ဘလူမြို့နယ်တွင် စစ်ဘေးရှောင် ၆ ဦး မြွေဆိုးကိုက်ခံရ
================

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ဇွန်လဆန်းပိုင်းမှစ၍ ယနေ့ ဇွန်လ ၁၇ ရက်အထိ မြွေဆိုးကိုက်ခံရသူ စစ်ဘေးရှောင် ခြောက်ဦးရှိကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်၏ မှတ်တမ်းများအရ သိရသည်။

မြွေဆိုးအန္တရာယ်မှ ရှောင်ရှားနိုင်ရန် အသိပညာပေးမှုများ ပြုလုပ်သော်လည်း ထပ်ကာတလဲလဲ ထွက်ပြေးနေရသော စစ်ဘေးဒုက္ခသည်များအတွက် လက်တွေ့မြေပြင်တွင် အခက်အခဲများစွာရှိကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်မှ တာဝန်ရှိက မဇ္ဈိမကို ပြောသည်။

“တချို့တွေက ကျွန်တော်တို့ကတစ်ဆင့် စစ်ရှောင်လူထုကို ပညာပေးဟောပြောဖို့ တောစီးဖိနပ်စီးဖို့ တွင်တွင်ပြောကြတယ်၊ တိုက်တွန်းကြပါတယ်ဗျ၊ ဒါ‌ပေမယ့် ကျွန်တော်တို့ တကယ့်လက်‌တွေ့ဘဝမှာက ကိုယ့်အိမ်ကိုယ့်ယာတွေကို စွန့်ပစ်ပြီး အဝတ်နှစ်စုံသုံးစုံနဲ့ တောထဲတဲထိုးပြီး စစ်ရှောင်နေရတဲ့ပြည်သူတွေ အဲ့လိုနေတာတောင် အစိုးမရဘူး၊ စစ်ကြောင်းထိုးလာပြန်ပြီဆိုရင် အဲ့ဒီယာယီတဲလေးတွေစွန့်ပြီး ထပ်ပြေးကြရတဲ့ ဘဝတွေပါ၊ ဒီကြားထဲ မိအိုဖအိုနဲ့ ကလေးသူငယ်တွေပါတဲ့ မိသားစုတွေ ပိုဒုက္ခကြုံကြရပါတယ်” ဟု ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်မှ တာဝန်ရှိက ပြောသည်။

ကိုးတောင်ဘို့တိုက်နယ်၊ စစ်‌ရှောင်တဲတွင်နေထိုင်သော အသက် ၃၁ နှစ်အရွယ် စစ်ရှောင်အမျိုးသမီးတစ်ဦးသည် ပဲစိမ်းငုံစိုက်ရန် ယာခင်းသို့အသွားမှာ ဇွန်လ ၁၅ ရက် မွန်းလွဲ ၂ နာရီအချိန်တွင် မြွေဆိုးကိုက်ခံရပြီး အရေးပေါ်ဆေးကုသမှု ခံယူခဲ့ရကြောင်း ကန့်ဘလူခရိုင် တက်ကြွလှုပ်ရှားများအဖွဲ့က ပြောသည်။

အဆိုပါ အမျိုးသမီးကို မြွေ‌ဆိပ်ဖြေဆေး BPI လေးလုံး ထိုးပေးထားရပြီး စောင့်ကြည့်နေဆဲဖြစ်ကြောင်း မြေပြင်ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော ကျန်းမာရေးအဖွဲ့များထံမှ သိရသည်။
ဇွန်လ ၁၄ ရက် နံနက်ပိုင်းတွင်လည်း ကိုးတောင်ဘို့တိုက်နယ်အတွင်းရှိ ကျေးရွာတစ်ရွာမှ အသက် ၅၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ဘုရားပန်းထိုးရန် ပန်းချိုးရင်း မြွေကိုက်ခံရ၍ မြွေဆိပ်ဖြေဆေး BPI နှစ်လုံးထိုးပေးထားရပြီး ဆေးကုသမှုခံယူနေဆဲဖြစ်ကြောင်း ယင်းအဖွဲ့က ဆိုသည်။

မိုးတွင်းကာလရောက်လာသည်နှင့်အမျှ မြွေဆိုးအန္တရာယ်လည်း ပိုမိုကြုံတွေ့ လာရပြီး စစ်‌ရှောင်များအနေဖြင့် ပိုမိုခက်ခဲလာနေကြကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်တွင်လည်း စစ်ရှောင်တဲ၌ နေထိုင်သည့် အသက် ၃၂ နှစ်အရွယ် စစ်‌ရှောင်အမျိုးသမီးတစ်ဦး မြွေဆိုးကိုက်ခံရပြီး အချိန်မီ ဆေးကုသနိုင်ခဲ့၍ နေကောင်းကျန်းမာနေပြီဖြစ်ကြောင်း သိရသည်။

“ဒီ ခြောက်လပိုင်းထဲမှာ မြွေကိုက်ခံရတာ ခြောက်ယောက်ရှိတယ်၊ အကုန်လုံးက အချိန်မီ ဆေးကုသနိုင်ခဲ့ပါတယ်၊ အခု ကျန်းမာရေးတွေ ကောင်းနေပြီ မစိုးရိမ်ရတော့ဘူးဗျ” ဟု မြွေဆိုးကိုက်ခံရသူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေသူ တစ်ဦးက မဇ္ဈိမကို ပြောသည်။
ကန့်ဘလူခရိုင်အတွင်း၌ ချပ်သင်း၊ ကိုးထောင်ဘို့၊ ထန်းကုန်း စသည့်ဒေသများသည် မြွေဆိုးကိုက်ခံရမှု အများဆုံးဖြစ်ပွားနေသော ဒေသများဖြစ်ကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်တွင် ပြီးခဲ့သည့်မေလအတွင်း စစ်ဘေးရှောင်ရှစ်ဦး မြွေဆိုးကိုက်ခံခဲ့ရကြောင်း သိရသည်။
ထို့ပြင် ဧပြီလအတွင်းကလည်း စစ်ဘေးရှောင်လေးဦး မြွေဆိုးကိုက်ခံခဲ့ရပြီး အသက် ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် အသက် ၅၃ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#ကန့်ဘလူ
#မြွေဆိုးကိုက်ခံရ
#ဇွန်လမြွေဆိုးကိုက်
#စစ်ကြောင်းထိုး
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢14👍8👏1
​​Argentina (အာဂျင်တီးနား) နိုင်ငံရွေးကောက်ပွဲ နှင့် Bitcoin က နိုင်ငံရဲ့ပြဿနာများကို ကူညီနေပုံ
===================

Bitcoin ကို တရား၀င် ၀င်ငွေဖြစ်ဖို့ ကတိပေးထားတဲ့ အာဂျင်တီးနားနိုင်ငံရဲ့ ရွေးကောက်ပွဲကိုယ်စားလှယ်လောင်း ယခုလာမယ့် အောက်တိုဘာ လ ၂၂ ရက်နေ့ ၂၀၂၃ ခုနှစ်မှာ ကမ္ဘာကျော် ဘောလုံးသမား မက်စီရဲ့ မွေးရပ်နိုင်ငံ အာဂျင်တီးနားနိုင်ငံမှာ ရွေးကောက်ပွဲကို ကျင်းပမှာ ဖြစ်ပါတယ်။ ၄င်းရွေးကောက်ပွဲဟာ သမ္မတ၊ အမျိုးသားကွန်ဂရက် အဖွဲ့၀င်များနဲ့ ပြည်နယ် အစိုးရအဖွဲ့၀င်များကို ရွေးချယ်မယ့် ရွေးကောက်ပွဲတစ်ခုဖြစ်ပါတယ်။

အာဂျင်တီးနား နိုင်ငံဟာ အဆိုပါရွေးကောက်ပွဲကို စီးပွားရေးအကြပ်အတည်းတွေကြားထဲမှာ ပြုလုပ်သွားရမှာ ဖြစ်ပါတယ်။ နိုင်ငံ ရဲ့ စီးပွားရေးမှာ ငွေကြေးတန်ဖိုးကျဆင်းမှု ၆၀ ရာခိုင်နှုန်း နီးပါး ရှိပြီးတော့ နိုင်ငံရဲ့ ကြွေးမြီး တွေကိုလည်း ပြန်ဆပ်ရန်တော်တော်ကြိုးစားနေရတဲ့ အခြေအနေ တစ်ခုဖြစ်ပါတယ်။ နှစ်စဉ် ငွေကြေးဖောင်းပွမှုနှုန်းက ၁၀၄% အထိရှိနေပါတယ်။ အဲ့ဒါ ကြောင့် အာဂျင်တီးနားနိုင်ငံ ရဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင်တောင် ဖြစ်လာမယ့် သမ္မတ က နိုင်ငံရဲ့ စီးပွားရေးအခြေအနေ ဦးမော့လာအောင် တော်တော်ကြိုးစား
ယူရမှာ ဖြစ်ပြီး ပြည်သူတွေရဲ့ အစိုးရအပေါ်မှာ ယုံကြည်မှု ကိုရရှိလာအောင်လည်းပြန်လုပ်ဖို့ ကတော်တော်ကို ခက်ခဲမှာ ဖြစ်ပါတယ်။

အဆိုပါရွေးကောက်ပွဲ မှာ ထိပ်ဆုံးကနေဦးဆောင်နေသူတစ်ဦးကတော့အတိုက်အခံ ပါတီမှ​ စီးပွားရေးသမားတစ်ယောက်ဖြစ်တဲ့ Javier Milei ဖြစ်ပါတယ်။ အဆိုပါ ရွေးကောက်ပွဲ သမ္မတလောင်းဟာ “ Bitcoin ကို သူတို့နိုင်ငံရဲ့ တရား၀င်ငွေကြေးဖြစ်ရမယ်”
လို့ ကြွေးကြော်ထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။ Bank တွေနဲ့ သမာရိုးကျငွေ ပေးချေမှုတွေဟာ လူအများကို အကြွေးနွံထဲရောက်စေတဲ့ အလိမ်အညာတစ်ခုလိုပဲလို့ပါ ပြောထားဖူးပါတယ်။

Bitcoin ကို တရား၀င်ငွေကြေးအဖြစ်အသုံးပြုခြင်းကြောင့် ဆင်းရဲ တဲ့နိုင်ငံကနေ ပြီးတော့ ပြန်လည်ဦးမော့ လာနိုင်ငံတွေ ဥပမာ အနေနဲ့ ရှိခဲ့ခြင်းကြောင့် တရား၀င်ငွေကြေးအဖြစ်အသုံးပြုခြင်းကနိုင်ငံ ရဲ့ အခြေအနေ တိုးတက် ပြောင်းလဲလာနိုင်တယ်လို့သူက
ခန့်မှန်းထားပါတယ်။

Bitcoin ကိုငွေကြေး အဖြစ်အသုံးပြုလာပါက အာဂျင်တီးနား နိုင်ငံဟာ ငွေကြေးဖောင်းဖွမှု ပြသနာကို လျော့ချလာနိုင်မှာ ဖြစ်လလို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များနဲ့ ငွေကြေးကို အသုံးပြု ရတဲ့ အခန်းကဏ္ တွေ ဖြစ်တဲ့ ကုန်သွယ်ရေး သယ်ယူ ပို့ဆောင်ရေး နဲ့ စတဲ့ နေရာတွေ မှာ များစွာ တိုးတက်ပြောင်းလဲ လာနိုင်ပါတယ်။ သမ္မတ Javier Milei ရွေးကောက်တင်မြှောက် ခံရပါက Bitcoin သည် တရား၀င် ငွေကြေးဖြစ်လာမည် ဖြစ်ပြီး အခုပြောပြခဲ့တဲ့ အချက်တွေ ဟာ အာဂျင်တီးနား နိုင်ငံမှာ တကယ် လက်တွေ့ ဖြစ်လာနိုင်မလား စိတ်ဝင်စားဖို့ ကောင်းပါတယ်။

ကိုးကား
Argentina’s Crypto Ban Propels Pro-Bitcoin Presidential Candidate in Polls (beincrypto)
Javier Milei, an Argentine libertarian, is rising in the polls (Economist)
BRAZIL AND ARGENTINA DON’T NEED A COMMON CURRENCY, THEY NEED BITCOIN (Bitcoin Magazine)
(ယခု Bitcoin Myanmar Initiative Page မှ ကျွန်တော်တို့ ခေတ်ရဲ့ လွဲမှားနေတဲ့ စနစ်၊ Bitcoin နှင့် တခြားသော နည်းပညာများ အကြောင်းကို မျှဝေသွားမည် ဖြစ်သည်။ မျှဝေချက်များမှာ ပညာရေး အတွက်သာ ရည်ရွယ်ချက်ခြင်း ဖြစ်ပြီး ရင်းနှီးမြှုပ်နှံ့မှု တိုက်တွန်းချက်မပါဝင်ပါ။)
Telegram တွင် စောင့်ဖတ်ရန် →

https://t.me/BitcoinMyanmarEDU
👍2❤1🔥1