Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဗန်းမော်မြို့နယ်တွင် ရွှေတူးဖော်မှုကြောင့် လယ်ယာမြေဧကအများအပြားပျက်စီး၍ ဒေသခံများစိုးရိမ်နေ
😢7🔥4👍2
ဗန်းမော်မြို့နယ်တွင် ရွှေတူးဖော်မှုကြောင့် လယ်ယာမြေဧကအများအပြားပျက်စီး၍ ဒေသခံများစိုးရိမ်နေ
===================

ကိုခင်မောင်
(မဇ္စျိမ)။ ။ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်တွင် ရွှေတူးဖော်မှုများကြောင့် ကျွန်းကိုင်းမြေ စိုက်ပျိုးနေသော လယ်ယာမြေ ဧက ရာနှင့်ချီကာ ပျက်စီးနေသဖြင့် ဒေသခံများ စိုးရိမ်နေကြသည်ဟု ဗန်းမော်မြို့နယ် ဒေသခံများထံမှ သိရသည်။

“မြစ်ထဲမှာ မောင်းနေတာဖြစ်လို့ ရေလမ်းကြောင်းပြောင်းလာတယ်၊ ရေကြောင်းတွေပြောင်းပြီးတော့ ကမ်းပါးပြိုတာဖြစ်တယ်။ ယာခင်းတွေရဲ့ အစပ်မှာ ကပ်ပြီးတော့ မောင်းတဲ့အတွက် ကမ်းပါးပြိုပြီး ယာခင်းတွေပျက်တာတွေရှိတယ်”ဟု ဒေသခံက ပြောသည်။
စိုက်ပျိုးမြေများ မြေပြိုကျခြင်းအပြင် ရွှေမျောများက စွန့်ပစ်လိုက်သည့် ဓာတုပစ္စည်းများကြောင့် စိုက်ခင်းများ ပျက်စီးမှုရှိလာနေသည်ဟု ဆိုသည်။

ရွှေတူးဖော်နေခြင်းကို ဒေသခံများ၊ ဒေသခံတိုင်းရင်းသား NGO အဖွဲ့အစည်းများနှင့် ဘုန်းတော်ကြီးများက အကြိမ်ကြိမ်တားမြစ်သည့်ကြားမှ လုပ်ကိုင်ဆောင်ရွက်နေကြခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ဗန်းမော်မြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ရွှေတူးဖော်ရာတွင် ရွှေမျောများကြောင့် သောင်ကမ်းပါးများထွန်းပြီး ရေလမ်းကြောင်းပြောင်းကာ ရေတိုက်စား၍ စင်းခမ်းတံတား ပျက်စီးခြင်းအပြင် ရွှေတူးဖော်မှုကြောင့် သမိုင်းဝင် ရွှေကူကျွန်းတော်ဘုရား ၊ ဘူးတောင်ဘုရား၊ မြစေတီဘုရားများ ပျက်စီးမှုများလည်းရှိနေကြောင်း ယင်းဒေသခံထံမှ သိရသည်။

“ရွှေကူကနေဆိုရင် ဧရာဝတီ မြစ်ကြောင်းတစ်လျောက် ဗန်းမော်အထက် မြစေတီရွာအထိ စိုက်ခင်းဧကပေါင်း ရာချီပျက်စီးပါတယ်။ တံတားတွေ၊ ဘုရားစေတီတွေ ပျက်စီးစ ပြုနေလို့ ဒေသခံတွေနဲ့ဘုန်းတော်ကြီးတွေက အကြိမ်ကြိမ်တားမြစ်ကြပါတယ်။ ဘုရားစေတီတွေနဲ့ တည့်တည့်ကပ်လျက် နေရာတွေမှာ တူးဖော်နေကြတာပါ” ဟု အမည်မဖော်လိုသူ ဗန်းမော်မြို့နယ် ဒေသခံက ပြောသည်။
အာဏာသိမ်းပြီးနောက် ဗန်းမော်မြို့အောက်ဘက်ရှိ စင်းခမ်းရွာ၊ ဗန်းမောက်မြို့ အထက်ဘက် မြစေတီရွာ၊ ရွှေကူမြို့နယ် ကျွန်းတောရွာ၊ နတ်ခုတ်ရွာ၊ ဘူးတောင်းရွာ၊ မြလည်ရွာ၊ ကောင်းတုံရွာ တို့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပူးပေါင်းကာ ရွှေတူးဖော်နေကြခြင်း ဖြစ်သည်။

ယခုကဲ့သို့ ရွှေတူးဖော်မှုကြောင့် မြစ်ကမ်းပြိုခြင်း၊ လယ်ယာကိုင်းကျွန်းမြေများ ပျက်စီးခြင်း၊ ရွှေလုပ်ငန်းတွင် အသုံးပြုနေသည့် ယန္တရားဆက်စပ်ပစ္စည်းနှင့် ဓာတုဆေးဝါးများ အသုံးပြုခြင်းတို့ကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်းနှင့် ရေကြောင်းပြောင်းလဲပြီး ဧရာဝတီမြစ် တိမ်ကောပျက်စီးသွားမည်ကို တားမြစ်ချင်၍ ရွှေတူးဖော်မှုကို ကန့်ကွက်နေခြင်းဖြစ်သည်ဟု ဗန်းမော်ဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ မှ တာဝန်ရှိသူက ပြောသည်။

“ရွှေတူးဖော်ရာမှာ ကုန်သယ်ယာဥ် မော်တော်အကြီးစားပိုက်တွေနဲ့ တူးဖော်နေကြတာပါ။ တူးဖော်နေတဲ့ မော်တော်အစီးရေ ထောင်ချီရှိပါတယ်” ဟု ရွှေတူးဖော်ရာနေရာအနီးရှိ ဒေသခံက ပြောသည်။

အခွန်အခအနေဖြင့် ဗန်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်လက်အောက်ခံ စကခ(၂၁)၊ တပ်မ(၈၈) တပ်ရင်းများဆီသို့ ပေးဆောင်၍ မော်တော်ယာဥ်တစ်စီးလျှင် တစ်ရက် ၂၀၀,၀၀၀ ကျပ်နှုန်းဖြင့် တူးဖော်‌နေခြင်းဖြစ်သည်ဟု ၎င်းကဆက်‌ပြောသည်။
အဆိုပါနေရာဒေသများတွင် အာဏာမသိမ်းမီအချိန်က ရွှေတူးဖော်ခြင်းမရှိခဲ့ဖူးကြောင်း ဒေသခံများထံမှသိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#ကချင်ပြည်နယ်
#ဗန်းမော်မြို့နယ်
#ရွှေတူးဖော်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14🔥7
​​မြန်မာရှိ မြေရှားသတ္တုတူးဖော်နေရာများ
================

မြန်မာနိုင်ငံရှိ မြေရှားသတ္တုတူးဖော်သောနေရာများတည်ရှိရာကို ညွှန်ပြသည့် တည်နေရာပြမြေပုံကို ထုတ်ပြန်လိုက်ပါတယ်။ ယခုလင့်ခ်တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါပြီ

https://myanmarwitness.org/rare-earth-min

Myanmar Witness နှင့် Mizzima တို့မှ ပူးပေါင်းဖန်တီးထားသော ယခုမြေပုံအသစ်တွင် မြန်မာနိုင်ငံ၌ ဆင်ခြင်မဲ့တိုးပွားလုပ်ကိုင်လာသည့် မြေရှားသတ္တုတွင်းများ၏ လုပ်ကွက်နေရာများကို အသေးစိတ် ကြည့်ရှုလေ့လာနိုင်ပါတယ်။

#Myanmar
#RareEarth
🤬9👍2🔥2😁1
ထီးလင်းမြို့ အုန်းတွဲရွာတိုက်ပွဲအတွင်း ကျဆုံးရဲဘော် ၂ ဦး၏ စျာပနအခမ်းအနား ပြုလုပ်
😢41👍3😁3
ထီးလင်းမြို့ အုန်းတွဲရွာတိုက်ပွဲအတွင်း ကျဆုံးရဲဘော် ၂ ဦး၏ စျာပနအခမ်းအနား ပြုလုပ်
=======================

ကိုခင်မောင်
(မဇ္စျိမ) ။ ။ မကွေးတိုင်း၊ ထီးလင်းမြို့နယ် အုန်းတွဲရွာတိုက်ပွဲအတွင်း ကျဆုံးသွားသော ရဲဘော် နှစ်ဦး၏ စျာပနအခမ်းအနားကို ယနေ့ ဇွန်လ ၁၇ရက် နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်ဟု Yaw Revolution Army ( ထီးလင်း) တပ်ဖွဲ့ထံမှ သိရသည်။

ဇွန်လ ၁၅ ရက် ညနေပိုင်း၌ ဖြစ်ပွားသောတိုက်ပွဲအတွင်း Yaw Revolution Army (ထီးလင်း)မှ အသက် ၁၈ နှစ်အရွယ် တပ်သားဝင်းကိုနိုင် နှင့် အသက် ၂၁ နှစ်အရွယ် တပ်စုမှူးဝေယံလင်း တို့ ကျဆုံးခဲ့ရပြီး ရဲဘော်တစ်ဦး ဖမ်းဆီးခံခဲ့ရသည်။

“မနေ့က ညနေပိုင်းလောက်မှာ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေက နယ်မြေရှင်းလင်းရေးပုံစံနဲ့ ရွာထဲကိုသွားခဲ့တယ်။ သွားတဲ့အခါမှာ အလောင်းနှစ်လောင်းကို ကျွန်တော်တို့ ပြန်ရရှိခဲ့ပါတယ်။ ဒီကနေ့ မနက်မှာမှ ကျွန်တော်တို့ တပ်ဖွဲ့ဝင်အလောင်းတွေကို ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးခဲ့တာပါ“ ဟု Yaw Revolution Army ( ထီးလင်း) တပ်ဖွဲ့မှ တာဝန်ရှိသူ သခင်ဇော်က မဇ္စျိမသို့ပြောသည်။

အဆိုပါ စျာပနအခမ်းအနားသို့ Yaw Revolution Army ( ထီးလင်း) တပ်ဖွဲ့၏ မဟာမိတ်အဖွဲ့များမှ တပ်ဖွဲ့ဝင်ရဲဘော်များ တက်ရောက်ပို့ဆောင်ပေးခဲ့ကြောင်းလည်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့အား တော်လှန်တိုက်ခိုက်ရင်း မြင့်မြတ်စွာကျဆုံးသွားရသော တပ်ဖွဲ့ဝင်များအား နှမြောတသဂုဏ်ယူလေးစားစွာ အလေးနီပြုအပ်ပါသည်ဟု Yaw Revolution Army (ထီးလင်း)က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးခံရသူမှာ Yaw Revolution Army (ထီးလင်း)မှ တပ်သားဆန်းဦးဖြစ်ကြောင်း သိရသည်။

“ဖမ်းဆီးခံရသူတစ်ယောက်ကတော့ ထီးလင်းမြို့ပေါ်ကို ရောက်သွားပြီလို့ သိရပါတယ်။ လက်ရှိမှာ သူ့ကိုထီးလင်းမြို့နယ် ရဲစခန်းအချုပ်ထဲမှာ ထိန်းသိမ်းထားတယ်လို့ ကနဦးသတင်းရရှိပါတယ်”ဟု သခင်ဇော်က ပြောသည်။

အဆိုပါ စစ်ကြောင်းသည် ရိက္ခာလိုအပ်ချက်အရ အချိန်မရွေးပြန်ထွက်လာနိုင်သဖြင့် ဒေသခံများအနေဖြင့် စစ်ရေးသတိ အမြဲရှိနေကြရန်နှင့် မိမိတို့၏ ရိက္ခာများကို လုံခြုံသော နေရာများတွင် သိုလှောင်ထားကြရန် တော်လှန်ရေးအင်အားစုများက ထပ်မံသတိပေးထားသည်။

YRA - ထီးလင်းမှ ကျဆုံးသွားသော တပ်စုမှူး ဝေယံလင်း နှင့် တပ်သား ဝင်ကိုနိုင်၏ ဈာပနအခမ်းအနားမြင်ကွင်း

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#မကွေးတိုင်း
#ထီးလင်းမြို့နယ်
#ဈာပန
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢28👍4😁3
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဇွန်လ ၁၇ ရက်ထုတ်လွှင့်မှုများ
===================

https://youtu.be/jwVaeudez1c

#PVTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍11🤮1🍌1
LGBT Pride ၂၀၂၃ပွဲတော် မဲဆောက်မြို့တွင်ကျင်းပ
=============

မောင်ခက်နွေ
(မဇ္ဈိမ)။ ။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ တစ်နေရာတွင် LGBT Pride ပွဲတော်ကို ယနေ့ ဇွန်လ ၁၇ ရက် ညနေပိုင်းတွင် ကျင်းပကြသည်။
အဆိုပါပွဲကို ထိုင်းရောက် မြန်မာရွှေ့ပြောင်း LGBT များလည်း ပါဝင်ကြပြီး လှုပ်ရှားမှုများ၊ ချီတက်ပွဲများ၊ အနုပညာပြပွဲများ၊ ဟောပြောပွဲများနှင့် တေးဂီတဖျော်ဖြေရေးများကို ထည့်သွင်းကျင်းပကြသည်။

#PhotoNews
#ထိုင်းနိုင်ငံ
#မဲဆောက်မြို့
#LGBTPride
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19❤4🤮4😁2🆒2