Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
LGBT Pride ၂၀၂၃ပွဲတော် မဲဆောက်မြို့တွင်ကျင်းပ
=============

မောင်ခက်နွေ
(မဇ္ဈိမ)။ ။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ တစ်နေရာတွင် LGBT Pride ပွဲတော်ကို ယနေ့ ဇွန်လ ၁၇ ရက် ညနေပိုင်းတွင် ကျင်းပကြသည်။
အဆိုပါပွဲကို ထိုင်းရောက် မြန်မာရွှေ့ပြောင်း LGBT များလည်း ပါဝင်ကြပြီး လှုပ်ရှားမှုများ၊ ချီတက်ပွဲများ၊ အနုပညာပြပွဲများ၊ ဟောပြောပွဲများနှင့် တေးဂီတဖျော်ဖြေရေးများကို ထည့်သွင်းကျင်းပကြသည်။

#PhotoNews
#ထိုင်းနိုင်ငံ
#မဲဆောက်မြို့
#LGBTPride
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19❤4🤮4😁2🆒2
ဇွန်လ ၁၈ ရက်နေ့ ရုပ်သံသတင်းအစီအစဉ်
==============

By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇွန် ၁၈ ရက်နေ့မှာ ရန်ကုန်ခေတ်သစ်သတင်းဌာရဲ့ This Week ရုပ်သံအစီအစဉ်ကို ထုတ်လွှင့် သွားမှာဖြစ်ပါတယ်။ဒီအစီအစဉ်မှာ တစ်ပတ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေ ထဲကမှ ထူးခြားတဲ့ သတင်းတွေကို ရွေးချယ်ကောက်နုတ်သုံးသပ် တင်ဆက်ပေးထားတာလည်း ဖြစ်ပါတယ်။

https://youtu.be/prgb20x3gIU

#thisweekend
#ရန်ကုန်ခေတ်သစ်
#mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18😁1🤮1
ဇွန်လ (၁၈) ရက်၊ တနင်္ဂနွေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
=====================

ဒီကနေ့မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

စစ်ကောင်စီပါမယ့် ထိုင်းအစိုးရရဲ့ အစည်းအဝေးကို ဖိတ်ကြားခံရသည့်နိုင်ငံများ မတက်ရောက်ကြဖို့ NUG ပန်ကြားတဲ့သတင်းနဲ့အတူ

ပဋိပက္ခဒေသတွေအတွင်း အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ၅၉ မှုရှိတယ်လို့ အမျိုးသမီးသမဂ္ဂထုတ်ပြန်တဲ့အကြောင်း အပါအဝင်

နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ တပတ်အတွင်း နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

အဲဒီနောက်မှာတော့ တပတ်အတွင်း စီးပွားရေးသတင်းတွေကို နားဆင်ကြရမှာပါ။

သတင်းတွေအပြီးမှာတော့ အပတ်စဉ်တင်ဆက်နေကျဖြစ်တဲ့ သံစဉ့်အိမ် အစီအစဉ်ကိုလည်းတင်ဆက်သွားဖို့ရှိပါတယ်။

https://youtu.be/gFWtLtfoQdo

#Morningradio
#mizzimaradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍16❤2😁1🤮1
NLD လွှတ်တော်အမတ်၏အစ်ကိုအား စစ်ကောင်စီတပ်ကဖမ်းဆီးပြီး စစ်ကြောရေးတွင် နှိပ်စက်သတ် ဖြတ်
🤬26🔥2😁1
NLD လွှတ်တော်အမတ်၏အစ်ကိုအား စစ်ကောင်စီတပ်ကဖမ်းဆီးပြီး စစ်ကြောရေးတွင် နှိပ်စက်သတ် ဖြတ်
==================

ကိုရွှေမြိတ်
မဲဆောက်(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ မြိတ်မြို့ NLD ပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၏ အစ်ကိုဖြစ်သူအား ဇွန်လ ၆ ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်က နေအိမ်၌ဝင်ရောက်ဖမ်းဆီးကာ စစ်ကြောရေးသို့ ပို့ဆောင်ပြီးနောက် သေဆုံးသွားခဲ့ကြောင်း မိသားစုနှင့်နီးစပ်သည့်အသိုင်းဝိုင်းမှ သိရ သည်။

NLD ပါတီ မြိတ်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမင်းဇော်တင့်၏အစ်ကိုဖြစ်သူ ဦးတင် သန်းဦးအပါဝင် မိသားစုဝင်သုံးဦးကို ဇွန်လ ၆ ရက်နေ့က နောက်လယ်ရပ်ကွက်ရှိ နောက်လယ် (၁၁) လမ်း နေအိမ်တွင် စစ်ကောင်စီ၊ ရဲတပ်ဖွဲ့၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်များက လာရောက်ဖမ်းဆီးခဲ့ပြီး အမျိုးသမီးနှစ်ဦးကို ပြန်လွတ်ပေးခဲ့သည်ဟု ဒေသခံများကပြောသည်။

“ကိုတင်သန်းဦးက စစ်ကြောရေးမှာအပြင်းအထန်ရိုက်နှက်စစ်ဆေးခံထားလို့ တကိုယ်လုံးမှာ ဒဏ်ရာတွေ အများကြီးနဲ့ သေဆုံးသွားတာဖြစ်တယ်”ဟု မိသားစုနှင့်နီးစပ်သူက ပြောသည်။

စစ်ကောင်စီတပ်၏ ဖမ်းဆီးသတ်ဖြတ်မှုကြောင့်သေဆုံးသွားခဲ့သည့် ဦးတင်သန်းဦးအား စစ်ကြောရေးမှ တဆင့် စစ်ဆေးရုံသို့ပို့ဆောင်ပြီးနောက် သင်္ချိုင်းအရောက် မီးသင်္ဂြိုဟ်ခါနီးမှ မိသားစုဝင်များထံ အသိပေး အကြောင်းကြားခဲ့ကြောင်း သိရသည်။

“အလောင်းကို ပြန်ပေးတာမျိုးတော့မဟုတ်ဘူး။ သူတို့ပဲ သင်္ချိုင်းမှာ မီးသင်္ဂြိုဟ်လိုက်တာပါ။ မီးမရှို့ခင် မိသားစုဝင်ကိုခဏခေါ်ပြပြီး ချက်ချင်းသင်္ဂြိုဟ်လိုက်တယ်”ဟု မိသားစုနှင့်နီးစပ်သူတဦးကပြောသည်။

ဦးတင်သန်းဦးသည် စစ်ကြောရေးတွင် တကိုယ်လုံးအား သံပူဖြင့်ကပ်ခံထားရသလို ရိုက်နှက်မှုကြောင့် ခြေနှင့်လက်ပါကျိုးနေကြောင်း မိသားစုနှင့်နီးစပ်သူတဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့ကလည်း မြိတ်မြို့ နောက်လယ်ရပ်ကွက်(၁)လမ်းတွင် ထမင်းဆိုင်ဖွင့်ထားသည့် ဦးပြည့်စုံဦး(ခ)တီတီအား စစ်ကောင်စီတပ်ဖွဲ့ဝင်များကဖမ်းဆီးသွားပြီးနောက် သုံးရက်အကြာတွင် သတ်ဖြတ်ခံခဲ့ရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#တနင်္သာရီတိုင်း
#လွှတ်တော်အမတ်
#စစ်ကြောရေး
#နှိပ်စက်သတ်ဖြတ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬25👍6🔥3😁1