Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဝက်လက်မြို့နယ်အတွင်းရှိကျေးရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး မီးရှို့
🤬10🔥4👍2😁1😢1
ဝက်လက်မြို့နယ်အတွင်းရှိကျေးရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး မီးရှို့
=========================

KMN
(မဇ္ဈိမ) ။ ။စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းရှိကျေးရွာများကို အင်အား ၁၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ်စစ်ကြောင်းက ဇွန်လ ၁၇ ရက်နေ့မှစတင်ကာ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုများ ပြုလုပ် နေသည်ဟု ဒေသခံများက ပြောသည်။

“ဝက်လက်မြို့နယ်အနောက်ခြမ်း သားပျောက်ကုန်းရွာမှာ ရောက်နေတဲ့စစ်ကြောင်းက အနောက်ဘက်ကို ထွက်နေပါတယ်။ မောက်ကဒီးရွာတောင်ဘက်ရောက်နေတဲ့စစ်ကြောင်းက ရေဆိုးတွင်ရွာဘက်မှာ လက် နက်ငယ်တွေနဲ့ ပစ်နေတယ်လို့ သတင်းရထားတယ်” ဟု ဝက်လက်မြို့နယ် သတင်းကွန်ရက်မှ တာဝန်ရှိ သူက ပြောသည်။

အဆိုပါစစ်ကြောင်းသည် ဇွန်လ ၁၇ ရက်နေ့တွင် ဝက်လက်မြို့နယ်အနောက်ခြမ်းရှိ ကံပလုပ်ရွာနှင့် တဲ ကောရွာတို့အား မီရှို့ဖျက်ဆီးခဲ့ပြီး ယနေ့ ဇွန်လ ၁၈ ရက် နံနက်ပိုင်းတွင် ဘုရားပြန်ရွာရှိ နေအိမ်များကို မီးရှို့၍ တဲကောရွာဘက်သို့ ပြန်လည်ထွက်ခွာကာ သားပျောက်ကုန်းရွာနှင့် မောက်ကဒီးရွာ တောင်ဘက် တို့အား အဖွဲ့နှစ်ဖွဲ့ခွဲ၍ စစ်ကြောင်းထိုးနေကြောင်း ဝက်လက်မြို့နယ် သတင်းကွန်ရက် (Wetlet Informational Network) ကထုတ်ပြန်ထားသည်။

ယင်းစစ်ကြောင်းသည် ဆားတောင်မြို့နယ် သာဇင်ရွာနှင့် ပေါက်မရွာများအား ဇွန်လ ၁၃ ရက်မှ ၁၅ ရက် နေ့အထိ မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံများကို ဓားစာခံအဖြစ် ခေါ်ဆောင်သွားခဲ့သည့် စစ်ကြောင်း ဖြစ်သည် ဟု သိရသည်။

ဇွန်လ ၁၃ရက်နေ့တွင် အိမ်ခြေ ၁,၀၀၀ ခန့်ရှိသည့် သာဇင်ကျေးရွာအား စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၆၀၀ ခန့် မီးလောင်ပြာကျခဲ့ပြီး အသက် ၆၀ အရွယ် အမျိုးသမီးတဦး မီးလောင်သေ ဆုံးခဲ့ကြောင်း သိရသည်။

ယင်းစစ်ကောင်စီတပ်ဖွဲ့သည် ဇွန်လ ၁၄ ရက်တွင် အိုင်းဓမ္မရွာမှ နေအိမ် ၁၀ လုံးကို မီးရှို့ခဲ့ပြီး ဇွန်လ ၁၅ ရက်နေ့တွင် ပေါက်မရွာတောင်ခြမ်းနှင့် မြောက်ခြမ်းကို ဝင်ရောက်စီးနင်းမီးရှို့ခဲ့ကာ သာဇင်ကျေးရွာမှ ဒေသခံ၂၅ ဦး၊ အိုင်းဓမ္မကျေးရွာနှင့်ပေါက်မရွာမှ ဒေသခံ ၁၀ ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်ပြီး ဝက်လက်မြို့ နယ်အတွင်း ပြန်လည်ဝင်ရောက်နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် ဇွန်လဆန်းပိုင်းတွင် ဝက်လက်မြို့နယ်မှတဆင့် စစ်ကိုင်းမြို့ နယ်အတွင်း ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးမှုများပြုလုပ်၍ ယင်းမှတဆင့် ဆားတောင်မြို့နယ်အတွင်း စစ်ကြောင်းထိုး မီးရှို့မှုများပြုလုပ်ကာ ဇွန်လ ၁၇ ရက်နေ့တွင် ဝက်လက်မြို့နယ်အတွင်း ပြည်လည် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုး မီးရှို့မှုများကြောင့် ဆားတောင်မြို့နယ်၊ သာဇင်ရွာ၊ အိုင်းဓမ္မရွာ၊ ပေါက် မရွာနှင့် အနီးအနားကျေးရွာဒေသခံများ၊ ဝက်လက်မြို့နယ် သားပျောက်ကုန်း၊ ဘုရားပြန်၊ မောက်ကဒီး စသည့်ကျေးရွာများမှ ဒေသခံထောင်နှင့်ချီ စစ်ဘေးတိမ်းရှောင်နေရပြီး အကူအညီများ လိုအပ်နေကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#mizzima
#ဝက်လက်မြို့နယ်
#ဆားတောင်မြို့နယ်
Photo - စစ်ကိုင်းမြို့နယ် သတင်းမှန် ပြန်ကြားရေး
( စစ်ကောင်စီတပ် မီးရိူ့ဖျက်စီးခဲ့သည့် ဆားတောင်မြို့နယ်၊ သာဇင်ကျေးရွာ)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😡11👍7🔥4😢2😁1
ဗေဒါပျံအံကိုခဲ ပန်းပန်လျက်ပဲ” ဆိုသည့် ရွာပေါင်းစုံသပိတ်
=================

ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်နှင့် ဆားလင်းကြီးကျေးရွာများ စုပေါင်း၍ ရွာပေါင်းစုံသပိတ်သည် စစ်အာဏာရှင်ဆန့်ကျင်ရေး ယနေ့ ဇွန်လ ၁၈ရက်တွင် သပိတ်ပြုလုပ်ခဲ့ကြသည်။

လူထုသပိတ်စစ်ကြောင်းသည် “ဗေဒါပျံအံကိုခဲ ပန်းပန်လျက်ပဲ” ဆိုသည့် စာတန်းကိုကိုင်စွဲပြီး စစ်အာဏာဆန့်ကျင်ရေး ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြကာ ကျဆုံးခဲ့သော အာဇာနည်များကို ဦးညွှတ်အလေးပြုခဲ့ကြကြောင်း သိရသည်။

ဒေသတွင်းတွင် နယ်မြေမငြိမ်သက်မှုများကြားမှ ရွာပေါင်းစုံသပိတ်မှ စစ်အာဏာရှင် ဆန့်ကျင်ရေးရက်ပေါင်း ၈၂၀ ရက်မြောက်အဖြစ် ချီတက်ခဲ့ခြင်းဖြစ်သည်။

ယင်းမာပင်နှင့် ဆာလင်းကြီးကျေးရွာ ပေါင်းစုံစစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ရွာပေါင်းစုံသပိတ်
#ယင်းမာပင်
#ဆားလင်းကြီး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤21👍12😁1🤮1
​​ဂျာနယ်လစ်အသတ်ခံရမှုအတွက် နိုင်ငံရေးသမား ၁ ဦးကို ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ ဖမ်းဆီး
========================

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဂျာနယ်လစ်တစ်ဦး အသတ်ခံရသည့် လူသတ်မှုကို ကြိုးကိုင်စီစဉ်မှုဖြင့် နိုင်ငံရေးသမားတစ်ဦးကို ရဲတပ်ဖွဲ့က ဇွန်လ ၁၇ ရက်တွင် ဖမ်းဆီးထိန်းသိမ်းလိုက်သည်။ အဆိုပါ ဖမ်းဆီးခံရသည့် နိုင်ငံရေးသမားသည် ၎င်း၏ မိသားစုအကြောင်း သတင်းစတိုရီများ ရေးသားခဲ့သည့် ဂျာနယ်လစ်ကို သတ်ဖြတ်ရန် စီစဉ်ညွှန်ကြားခဲ့သူဖြစ်ကြောင်း စွပ်စွဲခံထားရသည်။
http://www.mizzimaburmese.com/article/129726
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11🔥2👏1
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် အဖြစ် လှူဒါန်းမှုများပြုလုပ်
❤20👍8😁1🤮1
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် အဖြစ် လှူဒါန်းမှုများပြုလုပ်
=====================

KMN
(မဇ္ဈိမ) ။ ။ ဇွန်လ ၁၉ ရက်တွင် ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ်အဖြစ် ဒီပဲယင်းမြို့နယ်၊ ရွှေဘိုမြို့နယ် နှင့် အရာတော်မြို့နယ်များတွင် လှူဒါန်းမှုများပြုလုပ်နေကြောင်း S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က ထုတ်ပြန်သည်။

"၇၈ နှစ်ပြည့် အမေစုမွေးနေ့အထိမ်းအမှတ်အဖြစ် ဇွန်လ ၁၇ ရက်နေ့ကနေ ဇွန်လ ၁၉ ရက်နေ့အထိ စစ်ဘေးသင့် ပြည်သူတွေ အတွက် ကျပ်သိန်း ၂၅၀ တန်ကြေးရှိတဲ့ လှူဒါန်းမှုတွေကို သုံးရက်တိတိပြုလုပ်ပါမယ် " ဟု S&C အဖွဲ့ တာဝန်ခံက ပြောကြားသည်။
ဒီပဲယင်းမြို့နယ်၊ ရွှေဘိုမြို့နယ်နှင့် အရာတော်မြို့နယ်များအပါအဝင် မြို့နယ် ငါး မြို့နယ်မှ ကျေးရွာ ၁၀ ရွာတွင် လှူဒါန်းမှုများပြုလုပ်နေကြောင်း၎င်းက ဆိုသည်။

S&C အဖွဲ့ သည် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ်အဖြစ် ဇွန်လ ၁၇ ရက်နှင့် ဇွန်လ ၁၈ ရက်နေ့များတွင် အရာတော်မြို့နယ်မှ မြွေကိုက်ခံရသည့်လူနာ နှစ်ဦးအား မြွေဆိပ်ဖြေဆေးအလုံး ၂၀ ပေးအပ်ခဲ့ကြောင်း၊ ဆားလင်းကြီးမြို့နယ်၊ညောင်ပင်ကြီးကျေးရွာမှ စစ်ဘေးရှောင် ၁,၀၅၀ ဦးအား ထမင်းဟင်းများကျွေးမွေးခဲ့ကြောင်း၊ ခင်ဦးမြို့နယ်စစ်ဘေးသင့်ကျေးရွာ ကိုသွားရောက်ပြီး ဆီ၊ဆား၊မိုးကာ၊အဝတ်အထည်များ ပေးအပ်ခဲ့ကြောင်းသိရသည်။

၎င်းအပြင် ဒီပဲယင်းမြို့နယ်၊ စစ်ဘေးသင့် ကျေးရွာနေပြည်သူများအတွက် Solar Power Station စုစုပေါင်း ၂၁ စုံလှူဒါန်းပေးခဲ့ကြောင်း၊ စစ်ဘေးသင့်ကျေးရွာတစ်ရွာတွင် နွေဦးတွဲလက်များအမည်ပေးထားသည့်စစ်ဘေးသင့်ပြည်သူတွေအတွက်ရေကန်တည်ဆောက်ပေးခဲ့ပြီးစစ်ဘေးမီးဘေးသင့် ကျောင်းသား၊ ကျောင်းသူ ၁၃ ဦးအတွက်ကျောင်းသုံးသင်ထောက်ကူပစ္စည်းများပေးအပ်ခဲ့ကြောင်း၎င်းအဖွဲ့က ထုတ်ပြန်ထားသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး
Photo - S&C အဖွဲ့

#Mizzima
#ဒေါ်အောင်ဆန်းစုကြည်မွေးနေ့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤18👍9🤮1
​​ယူကရိန်းနှင့် အိန္ဒိယအကြီးအကဲနှစ်ဦး၏ သဘောတူညီချက်များကို အကောင်အထည်ဖော်ရေး ဆွေးနွေး
========================

ယူကရိန်းသမ္မတရုံးအကြီးအကဲ အန်ဒရီ ယာမတ်သည် အိန္ဒိယဝန်ကြီးချုပ်၏ နိုင်ငံတော်လုံခြုံရေးအကြံပေး အာဂျစ်ကူးမားဒိုဗယ်အား ဇွန်လ ၁၄ရက်တွင် ဖုန်းခေါ်ဆိုကာ နှစ်နိုင်ငံသဘောတူညီချက်များကို အကောင် အထည်ဖော်ရေး ဆွေးနွေးခဲ့သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13🔥1
ဆားလင်းကြီးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုးလာလို့ ဒေသခံတွေ ထပ်ပြီးစစ်ရှောင်နေရ
=========================

လွမ်းမိုး (မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက ရွာတွေကို စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးလာတဲ့အတွက် ဒေသခံတွေ ထပ်ပြီးစစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။

ဇွန်လ ၈ ရက်နေ့ကစပြီး ဒေသခံတွေက စစ်ရှောင်နေရတာဖြစ်တယ်လို့ ကူညီနေသူတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုးလာတဲ့နောက် ဇွန်လ ၉ရက်နေ့ကစပြီး ကျေးရွာတွေက လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်လာတဲ့အကြောင်း ဒေသခံက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းဟာ လက်ရှိ ညောင်ပင်ကြီးကျေးရွာမှာ အထိုင်ချတပ်စွဲထားတယ်လို့ သိရပါတယ်။ ညောင်ပင်ကြီး စခန်းအနီးမှာရှိတဲ့ ဒေသခံတွေပိုင်တဲ့ မြေပေါ်မှာ အထိုင်တပ်စခန်းတစ်ခု တည်ဆောက်သွားဖို့ လုပ်နေကြတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

https://youtu.be/cjlUTffDzro

ရုပ်သံတည်းဖြတ်။ ။ ရွှေနွယ်

#စစ်ကိုင်းတိုင်း
#ဆားလင်းကြီးမြို့နယ်
#စစ်ကောင်စီတပ်
#စစ်ဘေးရှောင်
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🤬12👍7🔥4😁1
​​ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ စခန်းခွဲစီးနင်းခံရပြီး ရဲဘော် ၁ ဦး ဖမ်းဆီးသတ်ဖြတ်ခံရ
========================

MTO
(မဇ္ဈိမ)။ ။မကွေးတိုင်း ၊ ရေစကြိုမြို့နယ်အတွင်းရှိ ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တပ်စခန်းခွဲတခု ကို စစ်ကောင်စီတပ်ဖွဲ့က ဇွန်လ ၁၃ ရက် နံနက်အစောပိုင်းတွင်ဝင်ရောက်စီးနင်းခဲ့ရာ ရဲဘော်တဦးဖမ်း ဆီးခံလိုက်ရကြောင်း ရေစကြိုပကဖမှ သတင်းထုတ်ပြန်ထားသည်။

တပ်စခန်းခွဲကို စစ်ကောင်စီတပ်ဖွဲ့ ချဉ်းကပ်လာချိန်တွင် ကာကွယ်ရေးတပ်ဖွဲ့၏ ကင်းအဖွဲ့နှင့် ထိတွေ့မှု ဖြစ်ပွားခဲ့ပြီးနောက် ရဲဘော်တဦးဖမ်းဆီးခံရကာ စခန်းကိုစီးနင်းခံလိုက်ရခြင်ဖြစ်ကြောင်း ရေစကြိုပကဖ မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“နားနေတဲ့အချိန် ရုတ်တရက်ဝင်လာတော့ ရှေ့ဆုံးကကင်းသမားက အရှင်ဖမ်းခံလိုက်ရတယ်။ ကျန်တဲ့ ကင်းအဖွဲ့နဲ့ အပြန်အလှန်ထိတွေ့မှု ၁၅ မိနစ်လောက်ဖြစ်ခဲ့တယ်။ သူတို့ ဘက်မှာလည်းထိခိုက်မှုတွေ ရှိနိုင် ပေမယ့် အတည်မပြုနိင်ဘူး။ စခန်းစီးနင်းခံရမှုမှာ ကားတစ်စီးရယ်၊ ယူနီဖောင်းတွေ၊ ကျည်ဘောက်တွေ၊ ဖောက်ခွဲရေးပစ္စည်တွေ ဆုံးရှုံးခဲ့တယ်” ဟု ၎င်းကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံလိုက်ရသည့်ရဲဘော်မှာ လက်ပြန်ကြိုးတုပ်ကာ သေနတ်ဖြင့်ပစ်ခတ် သတ်ဖြတ်ခံခဲ့ရကြောင်း ရေစကြိုပကဖမှ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
“ကျနော်တို့ ရဲဘော်ရဲ့ခေါင်းကိုပစ်ပြီး ချင်းတွင်းမြစ်ထဲကို မျှောလိုက်တာ ၁၆ ရက်နေ့က ဆယ်ပြီး သင်္ဂြိုဟ်‌ပေးခဲ့ရတယ် “ ဟု ၎င်းက ပြောသည်။

စခန်းစီးနင်းခံရမှုတွင် လက်နက်အင်အား ပြည့်စုံလုံလောက်စွာမရှိခြင်းနှင့် သတင်းပေးဒလန်များ၏ နေရာ အတိအကျ သတင်းပေးပို့မှုများကြောင့် ဖြစ်ကြောင်း ရေစကြိုပကဖမှ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

“အဓိကတော့ လက်နက်ခဲယမ်းပဲ။ ကျနော်တို့ အရင်မြင်ခဲ့တယ် ပြန်ပြီးတော့လည်း ခံပစ်တယ်။ အဲဒီနေရာ မှာ အော်တို ၁၀ လက်လောက်ရှိရင် သူတို့ကိုခံပစ်နိုင်တယ်။ အခုလိုအခြေအနေတွေလည်း ဖြစ်မှာ မဟုတ်ဘူး “ ဟု ၎င်းကပြောသည်။

စခန်းစီးနင်းခံရမှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ယူနီဖောင်းများ သိမ်ဆည်းခံလိုက်ရသဖြင့် စစ်ကောင်စီတပ်ဖွဲ့က ၎င်းတို့၏ ယူနီဖောင်များကိုဝတ်ဆင်ကာ ပုံမှားရိုက်နိုင်သည့်အတွက် ပြည်သူများ အနေဖြင့် သတိပြုနေထိုင်သွားလာကြပါရန် ရေစကြိုပကဖမှ အသိပေးထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#မကွေးတိုင်း
#ရေစကြိုမြို့နယ်
#ကာ‌ကွယ်ရေးတပ်ဖွဲ့စခန်း
#စီးနင်းမှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢19👍10❤1👏1😁1
​​မြန်မာနိုင်ငံရှိ စားနပ်ရိက္ခာ မလုံခြုံမှုနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ဟု FAO ထုတ်ပြန်
====================

မြန်မာနိုင်ငံတွင် တုန်လှုပ်ဖွယ်ရာ ရှော့ခ် အမျိုးမျိုးကြောင့် ဖြစ်ပေါ်သည့် စားနပ်ရိက္ခာ အကျပ်အတည်း အခြေအနေနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂ၏ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က ဇွန်လ ၁၄ ရက် အစီရင်ခံစာတွင် ထုတ်ဖော်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12🔥4
Media is too big
VIEW IN TELEGRAM
ဆယ်​ကျော်သက်အရွယ် စိတ်ကျန်းမာရေး ​| ကျန်းမာသုတ လူမှုဘဝ Episode - 18

https://youtu.be/G3KvkMD_aXc

#ကျန်းမာသုတလူမှုဘဝ
#selfwareness
#စိတ်ကျန်းမာရေး
#TeenageMentalHealth
#reels
#shorts
👍9🔥2🤮1
ဇွန်လ (၁၈) ရက်၊ တနင်္ဂနွေနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
=================

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့

စစ်ကောင်စီပါဝင်မယ့် ထိုင်းအစိုးရရဲ့ မြန်မာ့အရေး Track 1.5 အစည်းအဝေးကို ဖိတ်ကြားခံရတဲ့နိုင်ငံတွေအနေနဲ့ မတက်ရောက်ကြဖို့အတွက် NUG နိုင်ငံခြားရေးက တောင်းဆိုလိုက်တဲ့သတင်းနဲ့အတူ

မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲအတွက် ထိုင်းရဲ့ ဖိတ်ကြားမှုကို အဓိကအာဆီယံအဖွဲ့ဝင်တွေ ငြင်းပယ်လိုက်တဲ့သတင်းအပါအဝင်

နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ တပတ်အတွင်း နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

အဲဒီနောက်မှာတော့ တပတ်အတွင်း စီးပွားရေးသတင်းတွေကို နားဆင်ကြရမှာပါ။

သတင်းတွေအပြီးမှာတော့ အပတ်စဉ်တင်ဆက်နေကျဖြစ်တဲ့ Vox Pop အစီအစဉ်ကိုတင်ဆက်သွားမှာပါ။

ဒီတစ်ပတ်မှာတော့ "ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက် သူတို့ဘာတွေပြောသလဲ" ဆိုတဲ့ အကြောင်းအရာကိုတင်ဆက်ထားပါတယ်။

အဲ့ဒီနောက်မှာတော့ “နိုင်ငံရေးတွေမပြောချင်ဘူးကိုတုတ်ကြီးရယ်” အစီအစဉ်ကို ထုတ်လွှင့်သွားမှာပါ။

နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

https://youtu.be/fGZkkv6-2Pg

#Mizzimaradio
#Eveningradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍14👏1😁1💩1
ဆယ်​ကျော်သက်အရွယ် စိတ်ကျန်းမာရေး ​| ကျန်းမာသုတ လူမှုဘဝ Episode - 18
====================

ဆယ်​ကျော်သက်အရွယ် စိတ်ကျန်းမာရေးဆိုတာ ဘ၀မှာ အင်မတန် အရေးကြီးတဲ့ ကိစ္စရပ်ဖြစ်ပါတယ်။ ဒါကြောင့်
''ကျန်းမာသုတ လူမှုဘ၀'' အစီအစဉ်ကနေ ဒီတစ်ခါမှာတော့ ဆယ်​ကျော်သက် စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး တင်ဆက်ပေးချင်ပါတယ်။

အပျို​ဖော် လူပျို​ဖော်ဝင်ချိန် ဖြစ်တတ်တဲ့ စိတ်ပိုင်းဆိုင်ရာ အ​ပြောင်းအလဲ​တွေနဲ့ ဘာ​တွေ လုပ်​ဆောင်သင့်သလဲ၊ သတိထားသင့်သလဲဆိုတာတွေကို ဒေါက်တာ ဖြိုးသီဟက ဆွေးနွေးပေးထားပါတယ်။

https://youtu.be/jY47zYMGC_0

#စိတ်ကျန်းမာရေး
#ကျန်းမာသုတလူမှုဘဝ
#ဒေါက်တာဖြိုးသီဟ
#TeenageMentalHealth
#mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍1🌭1🖕1