Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဆယ်​ကျော်သက်အရွယ် စိတ်ကျန်းမာရေး ​| ကျန်းမာသုတ လူမှုဘဝ Episode - 18
====================

ဆယ်​ကျော်သက်အရွယ် စိတ်ကျန်းမာရေးဆိုတာ ဘ၀မှာ အင်မတန် အရေးကြီးတဲ့ ကိစ္စရပ်ဖြစ်ပါတယ်။ ဒါကြောင့်
''ကျန်းမာသုတ လူမှုဘ၀'' အစီအစဉ်ကနေ ဒီတစ်ခါမှာတော့ ဆယ်​ကျော်သက် စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး တင်ဆက်ပေးချင်ပါတယ်။

အပျို​ဖော် လူပျို​ဖော်ဝင်ချိန် ဖြစ်တတ်တဲ့ စိတ်ပိုင်းဆိုင်ရာ အ​ပြောင်းအလဲ​တွေနဲ့ ဘာ​တွေ လုပ်​ဆောင်သင့်သလဲ၊ သတိထားသင့်သလဲဆိုတာတွေကို ဒေါက်တာ ဖြိုးသီဟက ဆွေးနွေးပေးထားပါတယ်။

https://youtu.be/jY47zYMGC_0

#စိတ်ကျန်းမာရေး
#ကျန်းမာသုတလူမှုဘဝ
#ဒေါက်တာဖြိုးသီဟ
#TeenageMentalHealth
#mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍1🌭1🖕1
​​စစ်ကောင်စီကိုဖိတ်ကြားမည့် Track1.5 အစည်းအဝေးကို ချက်ချင်းဖျက်သိမ်းရန် အရပ်ဘက်အဖွဲ့ ၃၄၀ က ထိုင်းအစိုးရကို တောင်းဆို
====================

မိုးသောက်
မဲဆောက်(မဇ္ဈိမ) ။ ။ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမုဒ်ဝီနိုင်း စီစဉ်ပြီး ယနေ့ ဇွန်လ ၁၈ ရက်တွင် စတင်ကျင်းပပြုလုပ်နေသည့် မြန်မာ့အရေးဆွေးနွေးပွဲ Track1.5 ကို အပြင်းအထန်ရှုတ်ချပြီး ချက်ချင်းဖျက်သိမ်းပေးရန် မြန်မာနိုင်ငံရှိ အရပ်ဘက်အဖွဲ့အစည်း ၃၄၀ က ယနေ့ တောင်းဆိုလိုက်သည်။

တောင်းဆိုစာကို မြန်မာနိုင်ငံရှိ အရပ်ဘက်အဖွဲ့အစည်း ၁၀၂ ဖွဲ့က အမည်ထုတ်ဖော်ပြီး ကျန်၂၃၅ဖွဲ့မှာအမည်မဖော်ဘဲ ရေးသားတောင်းဆိုခဲ့ခြင်းဖြစ်သည်။

တောင်းဆိုစာနှင့်ပတ်သက်ပြီး ပြောရေးဆိုခွင့်ရှိသူ ကိုရဲက ”ပွင့်ပွင့်လင်းလင်းပြောရရင် လက်ရှိထိုင်းရဲ့ ဦးဆောင်နေတဲ့ အိမ်စောင့်အစိုးရက ထိုင်းပြည်သူတွေကို ကိုယ်စားမပြုဘူးဆိုတာသေချာတယ်။ ရွေးကောက်ပွဲရလဒ်အရ သူတို့သည်ထိုင်းပြည်သူကို ကိုယ်စားမပြုဘူး။ သူတို့သည်စစ်တပ်နှင့် ဒါနောက်ဆုံး ဗမာစကားပုံအရဆို မီးစာကုန်ခါနီးမီးထတောက်တဲ့ သဘောပါပဲ။ အဲဒါကြောင့် ဒီဟာမျိုးဆက်မလုပ်ဖို့ကို ကျနော်တို့က ကန့်ကွက်တယ်။

နောက်ဆက်ပြီး သူတို့နဲ့ပ တ်သက်နေတဲ့ ဆက်ပြီး ဖိတ်ကြားမယ့်အခြားနိုင်ငံတွေကိုလည်း မတက်ဖို့ အသိပေးချင်ပါတယ်” ဟုမဇ္ဈိမကိုပြောသည်။

တောင်းဆိုစာကို ထိုင်းနိုင်ငံရေးပါတီများနှင့် မီဒီယာများကိုပေးပို့ထားပြီး မနက်ဖြန် ရုံးဖွင့်ရက်တွင် ထိုင်းနိုင်ငံအစိုးရအဖွဲ့၊ နိုင်ငံခြားရေးဝန်ကြီးဌာနတို့နှင့် အာဆီယံနိုင်ငံများကို ဆက်လက်ပေး ပို့သွားမည်ဟုသိရသည်။

ထိုင်းနိုင်ငံ၏ ယခုကဲ့သို့ဆောင်ရွက်ချက်သည် စစ်ကောင်စီကို အသိအမှတ်မပြုသည့် အာဆီယံ၏သဘောထားများနှင့် ဖီလာဆန့်ကျင်နေပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် ၂၆၆၉ ကိုလည်း ထပ်မံဆန့်ကျင်နေကြောင်း တောင်းဆိုစာတွင် ဖော်ပြထားသည်။

“တရားမ၀င် စစ်အာဏာရှင်များနှင့် “အပြည့်အ၀ ပြန်လည်ထိတွေ့ဆက်ဆံရန်” ကြိုးပမ်းခြင်းသည် အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များအား မြန်မာပြည်သူများ၏ ဆန္ဒဖြစ်သော စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတို့နှင့် ဆန့်ကျင်ရာအရပ်၌ ရပ်တည်သွားစေမည် ဖြစ်သည်။ “ဟု အရပ်ဘက်အဖွဲ့အစည်းများကဆိုသည်။

ထိုင်းနိုင်ငံမှ စီစဉ်သည့်အစည်းအဝေးတွင်ပါဝင်ခြင်းနှင့် စစ်ကောင်စီကိုဖြတ်တောက်ရန် ပျက်ကွက်ခြင်းသည် မအောင်မြင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အစဖြစ်စေမမည့်အပြင် အာဆီယံအနေဖြင့်လည်း အစည်းအဝေးကို အသိအမှတ်ပြုရာ ရောက်စေမည့် အချက်ပြမှုဖြစ်နိင်သည်ဟု တောင်းဆိုစာတွင် ထည့်သွင်းရေးသားထားသည်။

အစည်းအဝေးကို ဇွန်လ ၁၈ ရက်နေ့ နှင့် ၁၉ရက်နေ့တို့တွင် ကျင်းပမည်ဟုသိရပြီး မြန်မာနိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်မည့် မဟုတ်သည့်အပြင် ပြည်သူများ၏ ဒီမိုကရေစီ၊ တရားမျှတမှုနှက့် လူ့အခွင့်ရေးကြိုးပမ်း ဆောင်ရွက်မှုမျာအတွက် ပျက်ရယ် ပြုနေရောက်နေကာ ပြဿနာကို ခက်ခဲရှုပ်ထွေးစေနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ မနေ့ကထုတ်ပြန်ထားသည်။

Track1.5 အစည်းအဝေးသည် စစ်ကောင်စီကို စာနာထောက်ထားမှုဆိုင်ရာ အကူအညီများအား လက်နက်အဖြစ် အသုံးချရန်နှင့် ရက်စက်ကြမ်းကြုတ်သည့် အုပ်ချုပ်ရေးကို ပြဌာန်းရန် ကြိုးစားနေမှုများအပေါ်တွင် ဆက်လက်ကျူးလွန်စေရန် ရဲဆေးတင်ပေးရာရောက်မည်ဖြစ်ကြောင်း အရပ်ဘက်အဖွဲ့အစည်းများက မှတ်ချက်ပြုသည်။

Track 1.5 ဆိုသည်မှာ အစိုးရတာဝန်ရှိပုဂ္ဂိုလ်များနှင့် ကျွမ်းကျင်သူများတွေ့ဆုံဆွေးနွေးခြင်းကိုဆိုလိုသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
# Track1.5
#အရပ်ဘက်အဖွဲ့ ၃၄၀
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19🤮2🤣2🔥1
​​ယူကရိန်းစစ်ပွဲအောင်နိုင်ရေးအတွက် ရုရှားက တရုတ်စစ်သား ၃သန်း လိုအပ်နေ 
==================

ယူကရိန်းကို အနိုင်ရရှိရန် ရုရှားက သန်းနဲ့ချီသော တရုတ်စစ်သားများ လိုအပ် နေကြောင်း ရုရှားမီဒီယာများက ဖော်ပြသည်။
ယူကရိန်း၏ တန်ပြန်ထိုးစစ်တွင် အနိုင်ရရှိရန် ရုရှားသည် တရုတ်စစ်သား နှစ်သန်းမှ သုံးသန်းခန့် လိုအပ်မည်ဟု နိုင်ငံပိုင်ရုပ်သံလိုင်း Russia-1 မှ “မိနစ် ၆၀” စာ အစီအစဉ်တင်ဆက်သူ အိုဂါ စကာဗီရေးကား က အကြံပြုသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤣23👍4😁3🔥1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၈ ဇွန် ၂၀၂၃)
==============

အမျိုးသားညီညွတ်ရေး အစိုးရ

• ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံအရေးနှင့်ပတ်သက်ပြီး အလွတ်သဘောဆွေးနွေးပွဲ တစ်ရပ်ကို ဇွန် ၁၈ ရက် နှင့် ၁၉ ရက်အထိ ကျင်းပပြုလုပ်မည် ဖြစ်ပြီး မြန်မာအကြမ်းဖက် စစ်အုပ်စု နိုင်ငံခြားရေး ဝန်ကြီးကို ဖိတ်ကြားရန် စီစဉ်ထားသည်ကို ကြားသိရသည့်အတွက် အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် များစွာ စိတ်ပျက်မိကြောင်း သတင်းထုတ်ပြန်ထားသည်။

• ဇွန် ၁၉ ရက်တွင် ကျရောက်မည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ်အဖြစ် တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ပန်းသပိတ်ပြုလုပ်နိုင်ရန် NUG ပြည်ထဲရေး နှင့် လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာနက ဦးဆောင်ပြီး မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ နှင့် မြေပြင် သပိတ်အင်အားစုများ တွေ့ဆုံဆွေးနွေးပွဲကို ဇွန် ၁၆ ရက်က ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

• စစ်ကောင်စီပါဝင်မည့် ထိုင်းအစိုးရ၏ မြန်မာ့အရေး Track 1.5 အစည်းအဝေးသို့ ဖိတ်ကြားခံရသည့် နိုင်ငံများ မတက်ရောက်ရန် NUG နိုင်ငံခြားရေး ဝန်ကြီးဌာနက တောင်းဆိုချက် ထုတ်ပြန်ခဲ့သည်။
• အိန္ဒိယနိုင်ငံအတွင်း ခိုလှုံနေကြသည့် မြန်မာနိုင်ငံသားများ လိုက်နာရန် အချက်များကို အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇွန် ၁၅ ရက်တွင် အသိပေး ထုတ်ပြန်သည်။
👍19🔥1🥰1😁1
​​KNU တပ်မဟာ (၅) နယ်မြေတွင် ၂ ပတ်အတွင်း တိုက်ပွဲ ၇၁ ကြိမ်ဖြစ်ပွား၊ စစ်သား ၄၅ ဦးသေဆုံး
======================

YT
(မဇ္ဈိမ)။ ။ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) နယ်မြေ၊ ဖာပွန် (မူတြော်) ခရိုင်တွင် ဇွန်လ ၁ ရက်နေ့မှ ဇွန်လ ၁၅ ရက်အထိ နှစ်ပတ်အတွင်း တိုက်ပွဲပေါင်း ၇၁ ကြိမ် ဖြစ်ပွားခဲ့ကြောင်း KNU- မူတြော်သတင်းစဉ်က ယနေ့ ဇွန်လ ၁၈ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၅) ရဲဘော်များနှင့် စစ်ကောင်စီတပ်၊ ၎င်း​၏ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF ) တို့အကြား ဖြစ်ပွားခဲ့သည့် ထိုတိုက်ပွဲများတွင် စစ်ကောင်စီတပ်နှင့် BGF ဘက်မှ ၄၅ ဦးသေဆုံး၍ ၁၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
" တိုက်ပွဲတွေက နေ့စဉ်ဖြစ်နေတာပါ။ BGF တွေလည်းပါတယ်၊ စစ်ကောင်စီကတော့ အဓိကပေါ့။ BGF ကတော့ တပ်မဟာ (၅) ထဲမှာရှိနေတဲ့ သူတို့တပ်ရင်းတွေထဲကပါပဲ" ဟု တပ်မဟာ (၅) KNLAနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။

အဆိုပါတိုက်ပွဲများအတွင်း KNLA ရဲဘော်လေးဦး ကျဆုံးခဲ့ပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရခဲ့ကာ စစ်ကောင်စီတပ်ပိုင်ဆိုင်သော မြင်း ငါးကောင်နှင့် ကားတစ်စီးအား ဖျက်ဆီးနိုင်ခဲ့ကြောင်း ဆိုသည်။
ထို့အပြင် ဒွယ်လိုးမြို့နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်သော လက်နက်ကြီးကျည်ကြောင့် ပြည်သူပိုင် အဆောက်အအုံတစ်လုံး ပျက်စီးခဲ့ကြောင်း တပ်မဟာ (၅) KNLA သတင်းအရင်းအမြစ်ထံက သိရသည်။

" စစ်ကောင်စီ ပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် နယ်ခံပြည်သူ့အဆောက်အအုံ ပျက်စီးခဲ့တာပါ" ဟု KNLA အဖွဲ့ဝင်သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

ထို့ရက်များအတွင်း စစ်ကောင်စီတပ်​၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် KNU တပ်မဟာ (၅) နယ်မြေအတွင်း နေထိုင်သော ဒေသခံပြည်သူတစ်ဦးသေဆုံးခဲ့ရကြောင်း သိရသည်။

ပြီးခဲ့သည့် မေလအတွင်း စစ်ကောင်စီ၊ BGFများနှင့် တပ်မဟာ (၅) KNLA ပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲပေါင်း အကြိမ်ရေ ၂၀၀ ဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်နှင့် BGF ဘက်မှ တပ်ခွဲမှူးတစ်ဦး၊ ဒု-ခွဲမှူးနှစ်ဦး၊ တပ်ကြပ်ကြီးသုံးဦး၊ တပ်ကြပ်တစ်ဦး အပါအဝင် ၁၂၂ ဦးသေဆုံး၍ ၄၈ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

အဆိုပါ မေလတစ်လတာတိုက်ပွဲများအတွင်း တပ်မဟာ (၅) KNLA ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ရဲဘော်နှစ်ဦးကျဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရခဲ့သော်လည်း စစ်ကောင်စီတပ်နှင့် BGF ပိုင်ဆိုင်သော ပို့ဆောင်ရေးယာဉ်ခြောက်စီး၊ မြင်းလားခြောက်ကောင်တို့အားလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#KNU တပ်မဟာ (၅)
#တိုက်ပွဲ ၇၁ ကြိမ်ဖြစ်ပွား
# စစ်သား ၄၅ ဦး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17🥰5❤2🔥1😁1
Media is too big
VIEW IN TELEGRAM
“စစ်ကိုင်းဖိုရမ် လက်ရှိနဲ့ ရှေ့ခရီး” | Editors’ Talk Episode-15

Watch more detail - https://www.youtube.com/watch?v=JE4op61xha0

#စကားဝိုင်း #Editors’Talk #reels #shorts #Mizzima
👍7🔥1😁1
သံဖြူဇရပ်-ရေးလမ်းပိုင်းတွင် ခရီးသွားများအား KNLA၊​ PDF ပူးပေါင်းတပ် စစ်ဆေး ၊ လူ ၄ ဦးကို ဖမ်းဆီးထား
❤13👍10🔥1🤬1
သံဖြူဇရပ်-ရေးလမ်းပိုင်းတွင် ခရီးသွားများအား KNLA၊​ PDF ပူးပေါင်းတပ် စစ်ဆေး ၊ လူ ၄ ဦးကို ဖမ်းဆီးထား
=================

ဂျူချန်း
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ နှင့် ရေးမြို့နယ်ကြားရှိ အမှတ်(၈) လမ်းမကြီးတွင် ယနေ့ ဇွန်လ ၁၈ ရက်နေ့၌ KNLA တပ်ရင်း (၂၇) မှ တပ်ဖွဲ့ဝင်များ နှင့် PDF ပူးပေါင်းတပ်သည် ခရီးသွားပြည်သူများအား လုံခြုံရေးအရ စစ်ဆေးခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့တစ်ဦးထံက သိရသည်။

ယင်းစစ်ဆေးမှုအတွင်း စစ်ကောင်စီနှင့် ဆက်စပ်၍ မသင်္ကာဖွယ် လူလေးဦးအား ဖမ်းဆီးထိန်းသိမ်းထားပြီး လိုအပ်သည့် စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်းနှင့် အသေးစိတ်ကို ထပ်မံသတင်းထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း တောင်ပိုင်းတိုင်း ဒုစစ်ဒေသခွဲမှုးရုံး၊ စစ်ဒေသခွဲ အမှတ်(၃)က ထုတ်ပြန်ထားသည်။
စစ်ဆေးမှုကို ယနေ့ နံနက် ၇နာရီမှ ၁၁ နာရီအထိ မော်လမြိုင်-ရေး-ထားဝယ် လမ်းမကြီးတစ်လျှောက် သုံးနေရာခွဲကာ စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ပြည်သူများက ကြည်ဖြူစွာ ပူးပေါင်းအစစ်ဆေးခံခဲ့ကြောင်း သိရသည်။

“အကုန်လုံးကလည်း ပျော်ပျော်ရွှင်ရွှင်ပဲ။ သို့ပေမယ့်ပေါ့နော် ပြည်သူအများစုက သေနတ်ကို ကြောက်နေကြတာ။ အဲ့ဒါကြောင့် သေနတ်မပါဘဲ စကားပြောရင် ပိုပြီး သူတို့ကြိုဆိုကြတယ်” ဟု လမ်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့သည့် ရဲဘော်တစ်ဦးက မဇ္ဈိမ ကိုပြောသည်။

လမ်းစစ်ဆေးခြင်း ဆောင်ရွက်သည့်နေရာတွင် အမျိုးသမီး စစ်သည်များလည်း တာဝန်ထမ်းဆောင်ခဲ့ကြကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီသည် ခရီးသွားပြည်သူများအား အကာအကွယ်ယူကာ သွားလာခြင်း ပြုလုပ်နေသဖြင့် မော်လမြိုင်-မုဒုံ-သံဖြူဇရပ်-ရေး-ထားဝယ်-ဘိတ် တို့အား ဆက်သွယ်ထားသည့် အမှတ် (၈) လမ်းမကြီးပေါ်တွင် သွားလာမည့် ယာဉ်များအား ဇွန်လ ၁၅ ရက်နေ့မှစတင်ကာ လုံခြုံရေးအရ စစ်ဆေးသွားမည်ဖြစ်ကြောင်း တပ်မဟာ (၆) KNLA၊ တပ်ရင်း-၂၇ တပ်ရင်းမှူး စောနယ်ဒါထူးက လက်မှတ်ဖြင့် ဇွန်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#လူ ၄ ဦးကို ဖမ်းဆီး
#သံဖြူဇရပ်-ရေးလမ်းပိုင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤10👍10🔥1😁1
​​တရုတ်အစိုးရပိုင်ဘဏ်များက အပ်ငွေများအပေါ် အတိုးနှုန်းလျှော့ချ 
=========================

တရုတ်နိုင်ငံ၏ အကြီးဆုံး အစိုးရပိုင်ဘဏ်များသည် စားသုံးသူများ သုံးစွဲမှုတိုးမြင့်စေရန် ယခုသီတင်းပတ်အတွင်း အပ်ငွေများအပေါ် အတိုးနှုန်း လျှော့ချလိုက်သည်။ အတိုးနှုန်းဖြတ်တောက်မှုသည် ယမန်နှစ်နောက်ပိုင်း ဒုတိယအကြိမ် လျှော့ချမှုဖြစ်ပြီး တရုတ်နိုင်ငံ၏ ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်မှု ကန့်သတ်ချက်များကို ရုတ်သိမ်းပြီးနောက် နိုင်ငံ၏ စီးပွားရေး သည် မျှော်လင့်ထားသလောက် ပြန်လည် တိုးတက်လာနိုင်ခြင်းမရှိမည်ကို စိုးရိမ်မှု တိုးလာကြောင်း New York Times သတင်း က ဖော်ပြသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁5👍4❤2🔥2
မီနီအိုးဝေများကို အဝါရောင်ဆေး ပြောင်းသုတ်ရန် စစ်ကောင်စီ၏ ညွှန်ကြားချက် ယာဉ်ပိုင်ရှင်နှင့် ယာဉ်မောင်းများ အခက်ကြုံနေရ
🔥3👍1😁1
မီနီအိုးဝေများကို အဝါရောင်ဆေး ပြောင်းသုတ်ရန် စစ်ကောင်စီ၏ ညွှန်ကြားချက် ယာဉ်ပိုင်ရှင်နှင့် ယာဉ်မောင်းများ အခက်ကြုံနေရ
======================

007
(မဇ္စျိမ)။ ။ မန္တလေးမြို့အတွင်း ပြေးဆွဲနေသည့် သုံးဘီးအငှားယာဉ်(မီနီအိုးဝေ)များကို အဝါရောင်ဆေး ပြောင်းသုတ်ရန် စစ်ကောင်စီက ညွှန်ကြားလိုက်သည့်အ‌ ပေါ် ကုန်ကျစာရိတ်များနေသဖြင့် အခက်ကြုံနေရသည်ဟု မီနီအိုးဝေယာဉ်ပိုင်ရှင်နှင့် အငှားယာဉ်မောင်းများထံက သိရသည်။

ဇွန်လ ၃၀ ရက်နေ့နောက်ဆုံးထားကာ အဝါရောင်တစ်မျိုးတည်းသို့ မဖြစ်မနေ ပြောင်းလဲရမည်ဟုမန္တလေးတိုင်း ယာဉ်လုပ်ငန်း ကြီးကြပ်ရေးလုပ်ငန်းကော်မတီ(မြို့တွင်း)က မတ်လ ၅ ရက်တွင် အသိပေးကြေညာထားသည်။

ထိုကြေညာချက်ကြောင့် ကုန်ကျစရိတ်တတ်နိုင်သူတချို့က ဆေးရောင်ပြောင်းလဲခဲ့ကြသော်လည်း အများစုက လတ်တလောရင်ဆိုင်နေရသည့် စီးပွားရေးကြပ်တည်းမှုကြောင့် လုပ်ဆောင်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“အခုအထိမလုပ်နိုင်သေးဘူး။ ကြေညာချက်ထွက်ခါစက ဆေးမှုတ်ခ ၁၀၀,၀၀၀ ၀န်းကျင်ပဲရှိတယ်၊ အခု ဆေးမှုတ်ခ ၂၅၀,၀၀၀ ၀န်းကျင်ဖြစ်သွားပြီ။ သက်တမ်းတိုးခရော ဆေးအရောင်ပြောင်းလဲခရောဆိုရင် ခုနစ်သိန်း၀န်းကျင် ကုန်ကျစရိတ်ရှိတယ်၊ အများစုက မတတ်နိုင်ကြဘူး၊ ကျွန်တော်ဆို အုံနာကြေးနဲ့မောင်းနေတာ” ဟု အငှားယာဉ်မောင်းဘဝဖြင့် ငါးနှစ်ကျော် လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

သုံးဘီးအငှားယာဉ်(မီနီအိုးဝေ) မောင်းသူအများစုက အုံနာခပေးပြီး မောင်းသူနှင့် အချို့မှာ အရစ်ကျ ၀ယ်ယူထားသူများဖြစ်သည်ဟုလည်း သိရသည်။

“ဆေးရောင်ပြောင်းခိုင်းတဲ့ကိစ္စ ပယ်ဖျက်ပေးဖို့ ဒါမှမဟုတ်လည်း အချိန်အတိုင်းအတာ တစ်ခုအထိ ဆိုင်းငံ့ပေးဖို့ သက်ဆိုင်ရာတွေကို အသနားခံစာတင်ဖို့ လုပ်နေကြတယ်” ဟု ယာဉ်ပိုင်ရှင်တစ် ဦးကပြောသည်။

မန္တလေးတိုင်း ယာဉ်လုပ်ငန်းကြီးကြပ်ရေး လုပ်ငန်းကော်မတီ(မြို့တွင်း)က ဇွန်လ ၃၀ ရက် နောက်ဆုံးထားပြီး မဖြစ်မနေ ဆေးအရောင် ပြောင်းကြရန်နှင့် သတ်မှတ်ရက်အတွင်း အပြီးအစီး ဆောင်ရွက်ထားရှိခြင်းမရှိသည့် ယာဉ်များအား ဥပဒေလုပ်ထုံးလုပ်နည်း များနှင့်အညီ လုပ်ငန်းလိုင်စင် ရပ်စဲ သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

ဆေးအရောင်ပြောင်းလဲခြင်းအတွက် ဆေးဘော်ဒီရုံသို့ ဆေးမှုတ်ခ ၂၅၀,၀၀၀ ကျပ်နှင့် ကညန(ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန) သို့ ဆေးပြောင်းလဲခြင်းအတွက်ပေးဆောင်ကြေး ၆၀,၀၀၀ ကျပ်မှ ၇၀,၀၀၀ ကျပ်၀န်းကျင်ရှိကြောင်း၊ ယာဉ်သက်တမ်းတိုးခ ကျပ် ၂၅၀,၀၀၀ နှင့် ကျပ် ၃၀၀,၀၀၀ ကြားရှိကြောင်း၊ အထွေထွေစရိတ်ဖြင့်ပါဆိုလျှင် ၇၀၀,၀၀၀ ကျပ်၀န်းကျင်ရှိကြောင်းသိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#မန္တလေးမြို့
#မီနီအိုးဝေ
#စစ်ကောင်စီ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🤬5🔥3❤1😁1