Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ပန်းသပိတ်လှုပ်ရှားမည့်သူများ လုံခြုံရေးသတိရှိကြရန် တော်လှန်ရေးအင်အားစုများ သတိပေး
👍15🥰5😁2
ပန်းသပိတ်လှုပ်ရှားမည့်သူများ လုံခြုံရေးသတိရှိကြရန် တော်လှန်ရေးအင်အားစုများ သတိပေး
===================

007
(မဇ္စျိမ)။ ။နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ်အဖြစ် ပန်းသပိတ်လှုပ်ရှားကြမည့်သူများအနေဖြင့် လုံခြုံရေးသတိရှိကြရန် တော်လှန်ရေးအင်အားစုများက သတိပေးစကား ဆိုသည်။

“အွန်လိုင်းကနေ ပုံတင်တာပဲ ဖြစ်ဖြစ်၊ ပို့စ်တခုခု တင်တာပဲဖြစ်ဖြစ်၊ လုံခြုံရေးသတိနဲ့လုပ်ကြဖို့ အသိပေး လိုပါတယ်၊ စစ်ကောင်စီဘက်ကတော့ ဒီမနက်ကတည်းကစပြီး လိုက်ဖမ်းခိုင်းနေပြီ၊ အဖမ်းခံလိုက်ရတာ တွေလည်းရှိတယ်" ဟု တော်လှန်ရေးအင်အားစုမှအဖွဲ့ဝင်တဦးက ပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည်၏ ၇၈ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ဇွန်လ ၁၉ ရက်နေ့တွင် တနိုင်ငံလုံးအတိုင်းအတာဖြင့် မိမိတို့အဆင်ပြေသလို ပန်းသပိတ်လှုပ်ရှားမှု ပြုလုပ် ကြရန် တိုက်တွန်းနှိုးဆော်ထားကြသည်။
လူထုက ပန်းသပိတ်လှုပ်ရှားကြမည့်အပေါ် ကြောက်ရွံ့စိုးရိမ်နေသည့်စစ်အုပ်စုသည် ပန်းသပိတ် လှုပ်ရှား ကြသူများအား ဖမ်းဆီးရန် ၎င်းတို့ခြေချအသုံးပြုခွင့်ရသည့် တယ်လီဂရမ်ချန်နယ်များမှတဆင့် တန်ပြန်လှုပ်ရှားနေကြသည်ကို တွေ့ရကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။

“ဟန်ငြိမ်းဦး၊ နောင်တော်လေး၊ သဇင်ဦး၊ People စတဲ့တယ်လီဂရမ်ချန်နယ်တွေကနေ စောင့်ကြည့်နေ ကြတယ်၊ ဒါကို လူထုကသတိရှိဖို့လိုတယ်၊ လောလောဆယ်တော့ သူတို့လူနဲ့သူတို့ ရုပ်ဖျက်ထားတဲ့ ဓာတ်ပုံတွေတင်ပြီး ခြိမ်းခြောက်နေကြတယ်၊ သတင်းတွေမှာ Comment ရေးတာတွေကို Screen Shot ယူပြီး ဖမ်းခိုင်းတာတွေရှိတယ်” ဟု နိုင်ငံရေးလေ့လာစောင့်ကြည့်သူတဦးကပြောသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်သည် လက်ရှိအချိန်၌ နေပြည်တော်အကျဉ်းထောင်တွင် ဖမ်းဆီးအကျဉ်းချ ခံထားရသည်။

စစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အား ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ (၆၇)၊ သဘာ၀ဘေးစီမံမှုပုဒ်မ (၂၅)၊ လျှို့ဝှက်အက်ဥပဒေ ပုဒ်မ ၃၁(ဂ) ၊ ပို့ကုန်ဥပဒေပုဒ်မ (၈) အစရှိ သည့် ပုဒ်မပေါင်း ၁၉ ခုဖြင့် စွပ်စွဲတရားစွဲဆိုခဲ့ပြီး ထောင်ဒဏ် ၃၃ နှစ် ချထားခြင်းဖြစ်သည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်
#စစ်ကောင်စီ
#ပန်းသပိတ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍24❤4😁2🥰1🤔1
မြောက်ဥက္ကလာ မြတ်မောင်ရတနာရွှေဆိုင်အနုကြမ်းစီးခံရသိန်း၁၆၀၀၀ ကျော်ဖိုး ပါသွား
====================

ရန်ကုန် မြောက်ဥက္ကလာပမြို့နယ်ရှိ မြတ်မောင်စိန်ရွှေရတနာရွှေဆိုင်ကို ယနေ့ ညနေ ၄နာရီဝန်းကျင်ခန့်က သေနတ်ကိုင်လူသုံးဦးက ဝင်ရောက်လာပြီးအနုကြမ်းစီးမှုဖြစ်ပွါးရာ ငွေကျပ်သိန်း၁၆၀၀၀ ကျော်တန်ဖိုးရှိ ရတနာပစ္စည်းများ ပါသွားကြောင်းသိရသည်။

အနုကြမ်းစီးခံရသည့်ရွှေဆိုင်သည် စျရပ်ကွက်၏ မေဓါဝီလမ်းမကြီးပေါ် ဘုမ္မာလမ်းထိပ်တွင်တည်ရှိပြီးလူစည်းကားသည့်နေရာ လဘက်ရည်ဆိုင်နှစ်ဆိုင်ကြား၊ စျေးထောင့်နေရာလည်းဖြစ်သည်။

''ညနေ ၄နာရီလောက်မှာ ဆိုင်ထဲကို လူသုံးဦးသေနတ်ကိုင်ပြီးတော့ဝင်လာတယ်။ဝင်ဝင်ခြင်းပဲ မှန်ပုံးကိုခွဲပြီး လက်ကောက်၊ဟန်းချိန်းဗန်းတစ်ဗန်းကိုထည့်သွားတာ။ဆိုင်ထဲကဝန်ထမ်းကောင်လေးနဲ့ ကောင်မလေးနှစ်ယောက်ကဝင်လုံးတော့ သေနတ်နဲ့ပစ်သွားတယ်။နှစ်ယောက်စလုံးလက်ကိုထိသွားတယ်။ပြီးတော့ အပြင်ကလူတွေဝိုင်းလာတော့သေနတ်သုံးချက်ဖောက်ပြီးထွက်ပြေးသွားတယ်''ဟု အနီးအနားရှိပြည်သူတစ်ဦးကပြောသည်။

အနုကြမ်းစီးသမားများသည်ဆိုင်ကယ်တစ်စီး၊ကားတစ်စီးဖြင့်ရောက်လာခြင်းဖြစ်ပြီး မိုးရွာနေသည့်အချိန်ဖြစ်သည်။
👍14🤬8🔥4❤1
​​ရန်ကုန်ရှိ မြို့နယ်အများအပြားတွင် ဗုံးပေါက်ကွဲမှုများဖြစ်
===============

ဂန္ဒမာ(မဇ္ဈိမ)။ ။ ရန်ကုန်ရှိ လှိုင်သာယာ၊ မရမ်းကုန်း ၊ မြောက်ဥက္ကလာ ၊ လှိုင် ၊ အင်းစိန် ၊ တောင်ဒဂုံ စသည့်မြို့နယ်များ၌ ယခု ‌ဇွန်လ ၁၈ ရက် ညပိုင်းတွင် ဗုံးပေါက်ကွဲမှုများဖြစ်ပေါ်ကြောင်း သိရသည်။
"ကျွန်တော်တို့ ပေါက်ကွဲတဲ့မြို့နယ်တွေကတော့များတယ်ပေါ့နော်၊ ည ၈ နာရီ ၅၀ ၊ ၉ နာရီ ဝန်းကျင်လောက်က စပြီးပေါက်ကွဲတာပေါ့။ ပေါက်ကွဲတဲ့မြို့နယ်တွေကများတယ်ဆိုပေမယ့် ဘယ်အဖွဲ့တွေက လုပ်တာလဲဆိုတော့ သက်ဆိုင်ရာအဖွဲ့တွေက နောက်ပိုင်းမှ ထုတ်ပြန်ချက်ထုတ်ပါမယ်။" ဟူ၍ UG Supporter Group(USG) က ယနေ့ညပိုင်း ရန်ကုန်မြို့တွင်ကြားရသော ပေါက်ကွဲသံများနှင့်ပတ်သက်၍ မဇ္ဈိမ ကို အတည်ပြုပြောကြားသည်။

လှိုင်သာယာမြို့နယ်၌ ခြေမြန်တပ်ရင်း ခမရ (၅၃၂)၊ ဒေါပုံမြို့နယ်၌ အရှေ့ပိုင်းခရိုင် တရားဥပဒေရုံး နှင့် မြောက်ဒဂုံမြို့နယ်၌ ထားဝယ်ချောင်ရဲစခန်းတို့ အနီးတွင် ဗုံးများဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း လှိုင်သာယာမြေပြင်ကင်းထောက်လူငယ်က မဇ္ဈိမကို ပြောသည်။

မရမ်းကုန်းမြို့နယ်၌ ၈ နာရီ ၅၂ မိနစ်တွင်တစ်ကြိမ်၊ မြောက်ဒဂုံမြို့နယ်တွင် ၉ နာရီ ၃၈ မိနစ်တွင်တစ်ကြိမ် ဗုံးပေါက်ကွဲခြင်း(သို့) ပေါက်ကွဲသံထွက်ပေါ်ခဲ့ပြီး မြောက်ဥက္ကလာမြို့နယ်တွင် ၈ နာရီ ၄၅ မိနစ်နှင့် သာကေတ၊ ဒေါပုံမြို့နယ်တွင် ၉ နာရီ ၄၀ မိနစ်၌ နှစ်ကြိမ်ဆက်ပေါက်ကွဲမှုများဖြစ်ခဲ့ကြောင်း သိရသည်။

လှိုင်မြို့နယ်တွင် ၈ နာရီ ၅၁ မိနစ်တွင်တစ်ကြိမ် ၊ ၉ နရီ ၃၇ မိနစ်တွင် ဒုတိယအကြိမ် ၊ ၉ နာရီ ၄၅ မိနစ်၌ တတိယအကြိမ်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး တောင်ဒဂုံမြို့နယ်တွင် ၈ နာရီ ၅၃ မိနစ်တွင်တစ်ကြိမ်၊ ၉ နာရီ ၉ မိနစ်တွင် ဒုတိယအကြိမ်၊ လှိုင်သာယာမြို့နယ်တွင် ၈ နာရီ ၅၂ မိနစ်တွင်တစ်ကြိမ်၊ ၉ နာရီ ၃၇ မိနစ်တွင် ဒုတိယအကြိမ်၊ ဒဂုံဆိပ်ကမ်းတွင် ၉ နာရီ ၁၀ မိနစ်တွင်တစ်ကြိမ်၊ ၉ နာရီ ၃၈ မိနစ်တွင် ဒုတိယအကြိမ် ဗုံးပေါက်ကွဲခြင်း(သို့) ‌ဗုံးပေါက်ကွဲသံများထွက်ပေါ်ခဲ့ကြောင်း သိရသည်။

ယနေ့ည ဖောက်ခွဲမှုများနှင့်ပတ်သက်၍ မနက်ဖြန် ဇွန်လ ၁၉ ရက်နေ့တွင်ကျရောက်မည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အကြိုအဖြစ် လှုပ်ရှားမှုပြုလုပ်ခြင်းလည်းဖြစ်နိုင်ကြောင်း UG Supporter Group က မှတ်ချက်ပြုသည်။
👍35❤7😁4🔥1🥰1
UEFA Nations League ဗိုလ်လုပွဲရလဒ်
=============

ခရိုအေးရှား ဝ-၀ စပိန် (မိနစ် ၉၀ နဲ့ အချိန်ပိုရလဒ်)

ပင်နယ်တီအဆုံးအဖြတ်မှာ စပိန်က ၅-၄ ဂိုးဖြင့် ခရိုအေးရှာကို နိုင်ပြီး ဖလားသိမ်းပိုက်သွားပါတယ်။

Photos: EPA
##NationsLeague
❤10👍4👏1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဇွန်လ ၁၈ ရက်ထုတ်လွှင့်မှုများ
==================

https://youtu.be/gtrbaH0G8Uc

#PVTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍11🤮1🍌1