Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ရန်ကုန်တွင် We Miss U ဘန်နာချိတ်ဆွဲကာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုပြုလုပ်
❤24😁3
ရန်ကုန်တွင် We Miss U ဘန်နာချိတ်ဆွဲကာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုပြုလုပ်
===================

ရောင်နီ၊ ဂန္ဒမာ
( မဇ္စျိမ )။ ။ ရန်ကုန်မြို့တွင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၈ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် လှုပ်ရှားမှုတစ်ခုကို Soft Strike Community Yangon Revolution Force - YRF (ရန်ကုန်တော်လှန်ရေးအင်အားစု)က ယနေ့ ဇွန်လ ၁၉ရက် ပြုလုပ်ခဲ့သည်။
ရန်ကုန်မြို့တနေရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံနှင့် “We Miss You” စာသားပါ ဘန်နာကို ချိတ်ဆွဲကာ အဆိုပါလှုပ်ရှားမှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“စစ်ကောင်စီက နံရံတွေခြားထားလည်း မတရားပုဒ်မတွေနဲ့ အကျဉ်းချခံထားရတဲ့ လူထုခေါင်းဆောင်နဲ့အတူ လူထုကအမြဲအတူ ရှိနေတယ်ဆို ပြသချင်တာရယ်၊ အမှတ်တရတခုပြုလုပ်ပေးချင်တာရယ်ကြောင့် ဒီနေ့မှာချိတ်ဆွဲခဲ့တာပါ။သာမန်ထက်လုံခြုံရေးတင်းကြပ်တဲ့နေ့ဆိုတော့ ခက်ခက်ခဲခဲကြိုးစားလုပ်ဆောင်ခဲ့ရပါတယ်” ဟု YRF အဖွဲ့ တာဝန်ရှိသူတစ်ဦးက မဇ္စျိမကို ပြောသည်။

စစ်တပ်က ဖမ်းဆီးချုပ်နှောင်အကျဉ်းချပြီးနောက်ပိုင်း နှစ်နှစ်ကျော်လာသည်အထိ ပြည်သူများအနေဖြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အား မတွေ့ရ၊ အသံကို မကြားရသည့်တိုင် အစဉ်အမြဲအောက်မေ့ သတိရလျက်ရှိ​နေကြောင်း YRF က ဆိုသည်။

မွေးနေ့ရှင်ဒေါ်အောင်ဆန်းစုကြည်၏ လာမည့်နှစ် ၇၉ နှစ်မြောက်မွေးနေ့တွင် ပြည်သူများနှင့်အတူ ​မွေး​နေ့ကျင်းပခွင့်ရပါစေကြောင်းနှင့် မတရားဖမ်းဆီးခံထားရသူများအားလုံး တော်လှန်ရေးအောင်ပွဲနှင့်အတူအမြန်ဆုံး ပြန်လည်လွတ်မြောက်ပါစေဟု YRFဆုတောင်းထားသည်။

ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၈ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံနေရာအနှံ့အပြားနှင့် နိုင်ငံအသီးသီးတွင် ပန်းသပိတ်လှုပ်ရှားမှု၊ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများကို ပြုလုပ်လျက်ရှိသည်။ ထိုကြောင့် စစ်ကောင်စီတပ်က မြို့ကြီးများတွင် လုံခြုံရေးတင်းကြပ်ကာ မွေးနေ့အထိမ်းအမှတ်လှုပ်ရှားမှု ပြုလုပ်သူများကို ဖမ်းဆီးခြင်းများ ပြုလုပ်နေပြီး စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင်လည်း လူမှုကွန်ရက်ပေါ်၌ ပန်းသပိတ်နှင့် ပတ်သက်သည့် အကြောင်းအရာ ရေးသားသူများကို သတင်းပေးကြရန် တိုက်တွန်းမှုများ ရှိနေသည်။

စာတည်း - မောင်ကြီး

#mizzima
#ရန်ကုန်မြို့
#We Miss U
#ဒေါ်အောင်ဆန်းစုကြည်
#အသက်၇၈နှစ်ပြည့်မွေးနေ့
#YRF
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤19👍3😁3
​​ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး ချွင်းချက်မရှိပြန်လွှတ်ပေးရန် ပြင်သစ်သံအမတ် ထပ်မံတောင်းဆို
====================

002
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး ချွင်းချက်မရှိပြန်လွှတ်ပေးရန် ပြင်သစ်သံအမတ်က ထပ်မံတောင်း ဆိုလိုက်သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၈) နှစ်မြောက် မွေးနေ့တွင် ဂုဏ်ပြုကြိုဆို ကြောင်း၊ ၂၀၂၁-ခုနှစ် ဖေဖော်ဝါရီလ ၁-ရက်နေ့မှစတင်၍ နိုင်ငံရေးအကျဉ်းသားများ အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုထားသည့် ပြင်သစ်နိုင်ငံ၏ တောင်းဆိုချက်ကိုလည်း ထပ်မံတောင်းဆို ကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး Mr. Christian Lechervy ကဆိုသည်။

ဇွန် ၁၉ ရက်တွင်ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်မြောက်မွေးနေ့ကို နိုင်ငံတဝန်းရှိ ပြည်သူများက ပန်းသပိတ် ဆင်နွှဲကာ ဂုဏ်ပြုကြိုဆိုလျက်ရှိသည်။

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်ရှိ အကျဉ်းထောင်တွင် ထောင်သွင်းအကျဉ်းချထားသည်။
👍24❤7😁2🤣2
ဇွန်လ (၁၉)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
====================

01:04 − ကန့်ကွက်မှုများကြားမှပင် ထိုင်းအစိုးရက မြန်မာ့အရေး ဆွေးနွေးပွဲ Track1.5 အစည်းအဝေးကို ကျင်းပမယ်လို့ ဆိုတဲ့သတင်း

03:40 − စစ်ကောင်စီကိုဖိတ်ကြားမည့် Track1.5 အစည်းအဝေးကို ချက်ချင်းဖျက်သိမ်းဖို့အတွက် အရပ်ဘက်အဖွဲ့ ၃၄၀ က ထိုင်းအစိုးရကို တောင်းဆိုလိုက်တဲ့သတင်း

05:34 − ဒီကနေ့ နံနက်ပိုင်းဖျာပုံမြို့အနီး ငလျင်လှုပ်ခတ်သွားတဲ့သတင်း နဲ့

07:56 − မြောက်ဥက္ကလာမြို့က မြတ်မောင်ရတနာရွှေဆိုင်အနုကြမ်းစီးခံရပြီး သိန်း၁၆၀၀၀ ကျော်ဖိုး ပါသွားတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေ နိုင်ငံတကာသတင်းတွေနဲ့ ဒီကနေ့အတွက် ငွေလဲနှုန်းနဲ့ကုန်စျေးနှုန်း တွေကိုလည်း တင်ဆက်ပေးသွားမှာပါ။

https://youtu.be/EDii_WZ8afk

#12pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9🔥1🍌1
ကန့်ကွက်မှုများကြားမှပင် ထိုင်းအစိုးရက မြန်မာ့အရေး ဆွေးနွေးပွဲ ကျင်းပမည်ဟုဆို
======================

ပြည်တွင်းပြည်ပနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းတွေရဲ့ အပြင်းအထန်ဝေဖန်မှုကို ခံနေရတဲ့  ထိုင်းအစိုးရက ဦးဆောင်ကျင်းပမယ့် မြန်မာ့အရေး ဆွေးနွေးပွဲကို ဇွန် ၁၉ရက် အခု တနင်းလာနေ့မှာ ကျင်းပမယ်လို့ ထိုင်းနိုင်ငံခြားရေးဌာနက တနင်္ဂနွေနေ့နှောင်းပိုင်းက ထုတ်ပြန်ကြေညာထားပါတယ်။

ထိုင်းအစိုးရကစီစဉ်တဲ့ မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲကို အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အဓိကအဖွဲ့ဝင်နိုင်ငံတွေက တက်ရောက်ဖို့ ငြင်းဆန်နေကြပြီးလက်ရှိ အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ အင်ဒိုနီးရှားနိုင်ငံကလည်း ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Mersudi ကတော့ မြန်မာပြဿနာ ချည်းကပ်ပုံ သစ်ရှာပြီး ထိတွေ့ဆက်ဆံဖို့ဆိုတာမျိုး အားလုံး ဘုံသဘောတူချက် မရထားသေးဘူးလို့ ထိုင်းနိုင်ငံရဲ့ ဖိတ်ကြားမှုကို အကြောင်းပြန်တဲ့ စာထဲမှာ ထောက်ပြထားပါတယ်။
စစ် ကောင် စီ နိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ခေါ်မှုအပေါ် စင်ကာပူက ဝေဖန်ထားပြီး  မြန်မာ့အရေးတိုးတက်လာမှုမရှိသေးသလို အာဆီယံဘုံသဘောထားကိုလည်း အကောင်အထည်မဖော်နိုင်သေးတာမို့ အာဆီယံထိပ်သီးအဆင့် ဒါမှမဟုတ် နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးတွေမှာ မြန်မာစစ်ကောင်စီနဲ့ဆက်ဆံဖို့ဆိုတာ စောလွန်းသေးတယ်လို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က တုန့်ပြန်ထားပါတယ်။

ဗီယက်နမ်နိုင်ငံကလည်း အာဆီယံရဲ့ အရင်သဘောတူညီချက်အတိုင်း ရှိနေတာကြောင့် ဒီဆွေးနွေးပွဲကို တက်ရောက်မှာ မဟုတ်ဘူးလို့ ပြောကြားခဲ့သလို၊ မလေးရှား နဲ့ ဖိလစ်ပိုင်နိုင်ငံတွေကလည်း မတက်ရောက်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် Nantiwat Samart ကတာ့ အခုလို မြန်မာနိုင်ငံကို ဖိတ်ကြားခဲ့တဲ့အပေါ် ကာကွယ်ပြောဆိုလိုက်ပြီး မြန်မာစစ်ကောင်စီကို အာဆီယံအဖွဲ့ထဲကနေ လုံးဝချန်လှပ်ထားတာမျိုး မဖြစ်သင့်ဘူးလို့ ပြောပါတယ်။

https://youtu.be/65E4rPOW1HA

#PoliticalNews
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😁9👍3❤1👏1🤬1
တောင်ကိုရီးယားနိုင်ငံ ဘူဖျောင်းမြို့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်မြောက်မွေးနေ့ကျင်းပ
❤19👍3😁2🔥1
တောင်ကိုရီးယားနိုင်ငံ ဘူဖျောင်းမြို့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်မြောက်မွေးနေ့ကျင်းပ
====================

လွှမ်းမိုး
မဇ္ဈိမ။ ။‌ တောင်ကိုရီးယားနိုင်ငံ ၊ ဘူဖျောင်းမြို့တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈နှစ်မြောက် မွေးနေ့လွတ်မြောက်ရေးနှင့်ငြိမ်းချမ်းရေးဆန္ဒပြပွဲကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ(ကိုရီးယား)က ဦးဆောင်စီစဉ်ပြီး ကိုရီးယားအခြေစိုက် တော်လှန်ရေးအဖွဲ့အစည်းများနှင့် တက်ကြွလှုပ်ရှားသူများပူးပေါင်းကာ ယမန်‌နေ့ ဇွန်လ ၁၈ရက် နေ့လယ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်လွတ်မြောက်ရေးနှင့် ငြိမ်းချမ်းရေးဆန္ဒပြပွဲတွင် တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများက အချက်(၆)ချက်ပါကြေညာချက်ကိုလည်း ထုတ်ပြန်ထားသည်။

အဆိုပါ ကြေညာချက်တွင်ဒေါ်အောင်ဆန်းစုကြည်အား မတရားဖမ်းဆီးပြီး မလျော်ကန်သော တရားရုံးစီရင်ချက်များဖြင့် ထောင်ဒဏ် ၃၃နှစ် ချမှတ်ထားခြင်းသည် မည်သို့မျှလက်ခံနိုင်ဖွယ် မရှိဟု ကန့်ကွက်ရှုတ်ချထားသည်။စစ်ကောင်စီနှင့် အပေါင်းအပါများက ဒေါ်အောင်ဆန်းစုကြည်အား အသုံးချ၍ ငြိမ်းချမ်းရေးတည်ဆောက်နေသယောင် ပြည်သူများကို လှည့်စားနေသည်မှာ ကလိမ်ကကျစ် လုပ်ရပ်များသာဖြစ်သည်ဟုဆိုသည်။

မြန်မာနိုင်ငံ၏ လက်ရှိအကျပ်အတည်းကို ဖြေရှင်းကျော်လွှားနိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ အကြမ်းဖက်စစ်တပ်ကို ဖြုတ်ချပြီး ပြည်သူလူထုကို ကိုယ်စားပြုသော အစိုးရတစ်ရပ်အာဏာရရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်နိုင်ရေးသာ ဖြစ်သည်ဟု ရှင်းလင်းစွာ ယုံကြည်ကြောင်း ဖော်ပြထားသည်။

မြန်မာပြည်သူများသည် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုမှသည် ပြည်သူ့ခုခံတွန်းလှန်စစ်ကို ဖော်ဆောင်ခဲ့ပြီး ယခုနှစ်တွင် တွန်းလှန်စစ်မှ တိုက်စစ်သို့ တဆင့်တက်ကာ အာဏာရှင်ကိုတော်လှန်လျက်ရှိရာ ပြည်သူလူထုအနေဖြင့် စစ်အာဏာရှင်တော်လှန်ရေးကို မမှိတ်မသုန်ထောက်ခံလိုက်ပါကြရန်လည်း တိုက်တွန်းထားသည်။

ယနေ့(ဇွန်လ ၁၉ရက်)ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈နှစ်မြောက် မွေးနေ့တွင် ကျန်းမာစွာဖြင့် အနှောင်အဖွဲ့မှအမြန်ဆုံးလွတ်မြောက်ပါစေကြောင်း၊ သေဒဏ်၊ထောင်ဒဏ် ကျခံ‌နေရသူအားလုံး ပြစ်ဒဏ်မှလွတ်မြောက်ပါစေကြောင်း၊ ဖမ်းဆီးခံ၊နှိပ်စက်ခံ ပြည်သူအားလုံး ဘေးအန္တရာယ်အပေါင်းမှ လွတ်မြောက်ပါစေကြောင်း ဆုတောင်းလျက် စစ်မှန်သည့် ပြည်သူ့တော်လှန်ရေး အောင်ပွဲခံပြီးလျှင် စစ်မှန်သည့်ငြိမ်းချမ်းရေးနှင့်ဖက်ဒရယ်ဒီမိုကရေစီစနစ်တည်ဆောက်ရေး၌ တိုင်းရင်းသားပြည်သူလူထုအားလုံးနှင့်အတူ ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများက အတူတကွ ပါဝင်နေမည်ဖြစ်ကြောင်း လေးနက်စွာဆန္ဒပြုအပ်သည်ဟု စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ(ကိုရီးယား)က ထုတ်ပြန်ထားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်လွတ်မြောက်ရေးနှင့် ငြိမ်းချမ်းရေးဆန္ဒပြပွဲသို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဋ္ဌဦးအောင်ကြည်ညွန့်က သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။

စာတည်း - မောင်ကြီး

#mizzima
#ဒေါ်အောင်ဆန်းစုကြည်
#၇၈နှစ်မြောက်မွေးနေ့
#တောင်ကိုရီးယားနိုင်ငံ
#ဘူဖျောင်းမြို့
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤12👍5😁2🔥1
Media is too big
VIEW IN TELEGRAM
ကန့်ကွက်မှုများကြားမှပင် ထိုင်းအစိုးရက မြန်မာ့အရေး ဆွေးနွေးပွဲ ကျင်းပမည်ဟုဆို

Watch more detail - https://youtu.be/65E4rPOW1HA

#PoliticalNews #reels #shorts #MizzimaTV
😁4💩3❤2👍2👏1
​​စစ်ကောင်စီက မန္တလေးမြို့အနှံ့ ပိတ်ဆို့စစ်ဆေး၊ ပန်းပန်ထားလျှင် ဆဲဆိုပြီး ဆွဲဖြုတ်ခိုင်းဟုဆို
==================

007
မဇ္စျိမ။ ။နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်မြောက်မွေးနေ့တွင် ပြည်သူ လူထုက ပန်းသပိတ်ပြုလုပ်ကြရန်လှုံ့ဆော်ထားခြင်းကြောင့် ယနေ့ ဇွန်လ ၁၉ ရက် နံနက်အစောပိုင်းမှ စပြီး မန္တလေးမြို့တွင်းမြို့ပြင်လမ်းများအား စစ်ကောင်စီတပ်က တားဆီးပိတ်ဆို့ကာ တင်းကြပ်သည့်စစ် ဆေးခြင်းများပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“မနက် ၇ နာရီလောက်ကစပြီး မြို့တွင်းမြို့ပြင်လမ်းမကြီးတွေကို ပိတ်ဆို့လိုက်တယ်။ ဆိုင်ကယ်တွေကို အဓိကထားပြီးစစ်တယ်။ ၂၆ လမ်း ဘဏ်(၃)ရှေ့ တအားကြမ်းတယ်၊ ပန်းပန်ထားရင် ဓာတ်ပုံရိုက်ယူပြီး ပန်းကိုဆွဲဖြုတ်လွှင့်ပစ်တယ်၊ ဆဲနေဆိုနေလိုက်တာလည်း တအားကိုကြမ်းတယ်”ဟု ဒေသခံတဦးကပြော သည်။

စစ်၀တ်စုံ၀တ်ထားသော လက်နက်ကိုင်ငါးဦးခန့်ပါ၀င်သည့်အဖွဲ့တဖွဲ့စီဖြင့် မြို့တွင်းမြို့ပြင် အဓိကလမ်းမ ကြီးများတွင် တင်းကြပ်သည့်စစ်ဆေးမှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အမျိုးသမီးတယောက်ကို သူတို့ အဲဒီလောက်အထိ ကြောက်နေကြတာ။ မနေ့ကလည်း၊ သူတို့ချည်းပဲ သုံးနေရတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဒီပန်းသပိတ်နဲ့ပတ်သက်ပြီး မခံမရပ်နိုင်အောင်ဖြစ်နေကြတာ တွေလောက်ပဲ ရေးတင်နေကြတယ်၊ ပြည်သူတွေရဲ့ ပန်းသပိတ်ကို သူတို့အတော်လေးကြောက် နေကြ တယ်” ဟု မြို့ခံတဦးကမှတ်ချက်ပြုသည်။

မြို့၏အဓိကလမ်းမကြီးများဖြစ်သော ကန်တော်ကြီးမီးပွိုင့်၊ ကျွဲဆည်ကန် မြ၀တီဘဏ်ရှေ့၊ ၃၅ လမ်း ၈၈ လမ်းနှင့် ၈၉ လမ်းကြား၊ ၈၂ လမ်း ၃၇ လမ်းနှင့် ၃၈ လမ်းကြား၊ သိပ္ပံလမ်း ကညနရုံးရှေ့၊ ရန်ကုန်-မန္တလေးလမ်းဟောင်း မြ၀တီဘဏ်ရှေ့၊ ၁၉ လမ်း ၈၆ လမ်းနှင့် ၈၇ လမ်းကြား၊ ၁၉ လမ်း ၆၁ လမ်းနှင့် ၆၂ လမ်းကြားတို့တွင် စစ်၀တ်စုံ၀တ်ထားသော လက်နက်ကိုင်ငါးဦးခန့်စီဖြင့် တင်းကြပ်စွာစစ်ဆေးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

“မနက် ၉ နာရီခွဲလောက်မှာ စစ်ဆေးတာတွေ မရှိတော့ဘူး၊ ညနေပိုင်းအလုပ်ဆင်းချိန်မှာ ပြန်စစ်လိမ့်မယ် ထင်တယ်၊ သတိနဲ့ သွားလာလှုပ်ရှားကြတာ အကောင်းဆုံးပါပဲ” ဟုလည်း ၎င်းကပြောသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ကျရောက်သော ၇၈ နှစ် မြောက်မွေးနေ့အထိမ်းအမှတ်အဖြစ် တနိုင်ငံလုံးအတိုင်းအတာဖြင့် မိမိတို့အဆင်ပြေသလို ပန်းသပိတ် လှုပ်ရှားမှုပြုလုပ်ကြရန် ပြည်သူအချင်းချင်း တိုက်တွန်းနှိုးဆော်ထားကြသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ပန်းသပိတ်
#မန္တလေးမြို့
#တင်းကြပ်စွာစစ်ဆေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁19👍6❤1🔥1🤬1
​​လူငယ်များ ပြည်ပသို့မထွက်ခွာဘဲ တိုင်းပြည်ကိုကာကွယ်ကြရန် CDF မင်းတပ် ပန်ကြား
=====================

ပါခွီး
(မဇ္ဈိမ)။ ။ချင်းလူငယ်များအနေဖြင့် ပြည်တွင်း (အခြားဒေသ)ပြည်ပသို့ မထွက်ခွာကြဘဲ ဒေသတွင်း စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ပြီး တိုင်းပြည်ကိုကာကွယ်ကြရန် CDF မင်းတပ်က ထုတ်ပြန်ပန်ကြား လိုက်သည်။

စစ်ကောင်စီတပ်သည် မင်းတပ်မြို့နယ်အတွင်း ကျေးရွာများမှ ဒေသခံများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ် ထားကာတိုက်ခိုက်နေသည့်အချိန်များတွင် မိမိလူမျိုးနှင့်တိုင်းပြည်ကို ကာကွယ်ရမည့်အစား ပြည်တွင်း (အခြားဒေသ)နှင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာသည့် လူငယ်အရေအတွက် များပြားလာနေကြောင်း CDF မင်းတပ်က ဆိုသည်။

ယင်းကြောင့် မင်းတပ်မြို့နယ်အတွင်းရှိ “ အသက် ၁၆ နှစ်မှ ၃၅ နှစ်အတွင်း လူငယ်များကို ပြည်တွင်း၊ ပြည်ပ ထွက်ခွာခွင့်ပြုတော့မည်မဟုတ်” ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) CDF – Mindat က ဇွန်လ ၁၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

CDF မင်းတပ်၏ ထိုသို့တားမြစ်မှုအပေါ် သဘောထားအမြင်မတူ၊ ငြင်းခုံမှုများလည်းရှိနေပြီး မဇ္စျိမက CDF – Mindat တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်ထားဆဲဖြစ်ကာ တစုံတရာ အကြောင်းပြန်ခြင်းမရှိသေး ပေ။

ချင်းပြည်နယ်သည် ခေတ်မီလက်နက်များတပ်ဆင်ထားသော အာဏာသိမ်းစစ်ကောင်စီတပ်ကို လက် လုပ်တူမီးသေနတ်များဖြင့် အစောဆုံးခုခံ တိုက်ခိုက်သည့် ဒေသတစ်ခုဖြစ်ပြီး ယင်းကြောင့် အာဏာသိမ်း စစ်ကောင်စီတပ်ကလည်း အပြင်းထန်ဆုံး ဖိနှိပ်တိုက်ခိုက်မှုများပြုလုပ်နေကာ တိုက်ပွဲများလည်း ဖြစ်ပွား နေသည်။
ဇွန်လ ၁၁ ရက်နှင့် ၁၃ ရက်နေ့က မင်းတပ်မြို့အရှေ့ပြင်ရှိ မြို့အဝင်စစ်ကောင်စီတပ်ဂိတ်ကို CDF – Mindat မှ ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားတဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့ကြောင်း သိရ သည်။

မေလ ၃၁ ရက်နေ့က မင်းတပ်မြို့အခြေစိုက် ခလရ (၂၇၄) စစ်ကောင်စီတပ်မှ ပစ်ခတ်သည့်လက်နက်ကြီး ကျည်ထိမှန်ပြီး မဟာဓာတ်အားလိုင်းတာဝါ ပြိုလဲခဲ့သဖြင့် မင်းတပ်၊ မတူပီမြို့များတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ

#ချင်းလူငယ်
#ပြည်ပမထွက်ခွာရန်ပန်ကြား
#CDFမင်းတပ်
#Mizzima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍28❤6😁2🔥1
မြန်မာ့နိုင်ငံရေးအခြေအနေ တိုးတက်မှုမရှိဘဲ ပိုမိုဆိုးရွားလာနိုင်ကြောင်း စင်္ကာပူနဲ့ အမေရိကန်ပြော
=========================

မြန်မာပြည်ရဲ့ နိုင်ငံရေးအခြေအနေဟာ ၂ဝ၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစပြီး တစ်စုံတစ်ရာ တိုးတက်လာမှုအရိပ်အယောင် မရှိဘဲ ပိုမိုဆိုးရွားလာနိုင်တယ်လို့ ဝါရှင်တန်ဒီစီကိုရောက်နေတဲ့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ ဇွန်လ ၁၆ ရက်နေ့က တွေ့ဆုံဆွေးနွေးမှုအပြီးမှာ ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေကို ဆန့်ကျင်ကြောင်းအပြင် နိုင်ငံတည်ငြိမ်မှုမရှိဘဲ စီးပွားရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးတွေလည်း ယိုယွင်းနေကာ ဘုံသဘောတူညီချက် ၅ချက်နဲ့ပတ်သက်ပြီး တိုးတက်မှုမရှိဘူးလို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက ဆိုထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုနဲ့ အရပ်သားပြည်သူတွေအပေါ် လုံခြုံရေးတပ်ဖွဲ့တွေက အကြမ်းဖက်နှိပ်စက်တာတွေ ဆက်လက်ပြုကျင့်နေတာကို မိမိတို့ ဆန့်ကျင်ကြောင်း၊ နိုင်ငံတည်ငြိမ်မှုမရှိဘဲ စီးပွားရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးတွေလည်း ဆုတ်ယုတ်ယိုယွင်းနေကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။

အခုအချိန်မှာတော့ အာဆီယံအလှည့်ကျ ဥက္ကဌ အင်ဒိုနီးရှားက မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတာကို လက်မခံတဲ့ အတိုက်အခံအဖွဲ့တွေ အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းမျိုးစုံနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနေတယ်လို့လည်း ပြောပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကလည်း စင်္ကပူနိုင်ငံခြားရေးဝန်ကြီးနဲ့ သဘောထားတူကြောင်းနဲ့ မြန်မာ့အရေး အာဆီယံရဲ့ ကြိုးပမ်းမှုကို ထောက်ခံအားပေး နေမှာဖြစ်ကြောင်းပြောပါတယ်။ .

https://youtu.be/7A7FOfc0jFQ

#PoliticalNews
#Mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍15🔥4😢1