Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မြန်မာ့နိုင်ငံရေးအခြေအနေ တိုးတက်မှုမရှိဘဲ ပိုမိုဆိုးရွားလာနိုင်ကြောင်း စင်္ကာပူနဲ့ အမေရိကန်ပြော
=========================

မြန်မာပြည်ရဲ့ နိုင်ငံရေးအခြေအနေဟာ ၂ဝ၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစပြီး တစ်စုံတစ်ရာ တိုးတက်လာမှုအရိပ်အယောင် မရှိဘဲ ပိုမိုဆိုးရွားလာနိုင်တယ်လို့ ဝါရှင်တန်ဒီစီကိုရောက်နေတဲ့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ ဇွန်လ ၁၆ ရက်နေ့က တွေ့ဆုံဆွေးနွေးမှုအပြီးမှာ ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေကို ဆန့်ကျင်ကြောင်းအပြင် နိုင်ငံတည်ငြိမ်မှုမရှိဘဲ စီးပွားရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးတွေလည်း ယိုယွင်းနေကာ ဘုံသဘောတူညီချက် ၅ချက်နဲ့ပတ်သက်ပြီး တိုးတက်မှုမရှိဘူးလို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက ဆိုထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုနဲ့ အရပ်သားပြည်သူတွေအပေါ် လုံခြုံရေးတပ်ဖွဲ့တွေက အကြမ်းဖက်နှိပ်စက်တာတွေ ဆက်လက်ပြုကျင့်နေတာကို မိမိတို့ ဆန့်ကျင်ကြောင်း၊ နိုင်ငံတည်ငြိမ်မှုမရှိဘဲ စီးပွားရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးတွေလည်း ဆုတ်ယုတ်ယိုယွင်းနေကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။

အခုအချိန်မှာတော့ အာဆီယံအလှည့်ကျ ဥက္ကဌ အင်ဒိုနီးရှားက မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတာကို လက်မခံတဲ့ အတိုက်အခံအဖွဲ့တွေ အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းမျိုးစုံနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနေတယ်လို့လည်း ပြောပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကလည်း စင်္ကပူနိုင်ငံခြားရေးဝန်ကြီးနဲ့ သဘောထားတူကြောင်းနဲ့ မြန်မာ့အရေး အာဆီယံရဲ့ ကြိုးပမ်းမှုကို ထောက်ခံအားပေး နေမှာဖြစ်ကြောင်းပြောပါတယ်။ .

https://youtu.be/7A7FOfc0jFQ

#PoliticalNews
#Mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍15🔥4😢1
ထားဝယ်ခရိုင်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှု ပြုလုပ်
🥰11❤10🔥2😁2
ထားဝယ်ခရိုင်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှု ပြုလုပ်
==============

ကိုရွှေမြိတ်
(မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း ထားဝယ်ခရိုင်တွင် ယနေ့ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သော ၇၈ နှစ်ပြည့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထမ်းအမှတ်အဖြစ် ဒေသခံများနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ချီတက်ဆန္ဒပြမှုနှင့် ပန်းသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။

ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက်ဒေသတွင် ဒေသခံများက ပန်းသပိတ်ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ အဆိုမိန့်တစ်ခု ဖြစ်သော “တကယ့်အကျဉ်းထောင်ဟာ ကြောက်ရွံခြင်းဖြစ်ပြီး၊ စစ်မှန်တဲ့ လွတ်လပ်မှုဆိုတာ ကြောက်ရွံခြင်းမှ ကင်းလွတ်ရေးဖြစ်တယ်” ဆိုသည့် ဘန်နာနှင့် အတူ ပန်းပွင့်များပန်ဆင်လျက် ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

အလားတူ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (LLPDF) ကလည်း ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့် မွေးနေ့ပွဲ အထိမ်းအမှတ် ချီတက်ဆန္ဒပြခဲ့ကြသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အမှုပေါင်း ၁၉ မှုဖြင့် စွပ်စွဲပြီး ထောင်ဒဏ် ၃၃ နှစ်ချမှတ်ကာ ဖမ်းဆီးထိန်းသိမ်းထားသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၎င်း၏ အသက် ၇၆ နှစ်နှင့် ၇၇ နှစ်ပြည့်မွေးနေ့တို့ကိုလည်း စစ်ကောင်စီဖမ်းဆီးချုပ်နှောင်ထားသည့် နေရာတွင်ပင် ဖြတ်သန်းခဲ့ရသည်။

စာတည်း။ ။ နောင်နောင်

#ဒေါ်အောင်ဆန်းစုကြည်မွေးနေ့
#၇၈နှစ်ပြည့်
#ပန်းသပိတ်
#Mizzima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤9👍6😁2🔥1
Media is too big
VIEW IN TELEGRAM
မြန်မာ့နိုင်ငံရေးအခြေအနေ တိုးတက်မှုမရှိဘဲ ပိုမိုဆိုးရွားလာနိုင်ကြောင်း စင်္ကာပူနဲ့ အမေရိကန်ပြော

Watch more detail -https://youtu.be/7A7FOfc0jFQ

#PoliticalNews #reels #shorts #MizzimaTV
👍12😁2🔥1🥰1🤮1
အာဏာသိမ်းကာလအတွင်း အမျိုးသမီးတွေ လိင်အကြမ်းဖက်ခံရမှု ၅၉ မှုရှိကြောင်း BWU ထုတ်ပြန်
=========================

စစ်တပ်အာဏာသိမ်းထားတဲ့ ကာလအတွင်းပဋိပက္ခဒေသ ငါးခုမှာ စစ်တပ်အပါအဝင်အခြားသော လက်နက်ကိုင်တပ်များမှ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ကာမလိမ်လည်မှုပေါင်း ၅၉ မှုရှိကြောင်း  မြန်မာ့အမျိုးသမီးသမဂ္ဂက ဇွန်လ ၁၇ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

မြန်မာ့အမျိုးသမီးသမဂ္ဂ BWU က ကရင်နီ(ကယား)၊ စစ်ကိုင်း၊ မကွေး၊ ပဲခူးနဲ့ ဧရာဝတီတိုင်း အစရှိတဲ့ တိုင်းနဲ့ပြည်နယ် ငါးခုကို အခြေခံပြီး သတင်းမီဒီယာတွေက ဖော်ပြတဲ့သတင်းအချက်အလက်အပြင် ဒေသခံတွေနဲ့တွေ့ဆုံပြီး မှတ်တမ်းကောက်ယူထားတာပါ။

အဆိုပါ ဒေသ ငါးခုမှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများနဲ့ ပတ်သက်ပြီး စစ်တမ်းကောက်ယူရာမှာ  လိင်ပိုင်ဆိုင်းရာအကြမ်းဖက်မှု ၃၆ မှုနဲ့ အိမ်တွင်းအကြမ်းဖက်မှုအပါဝင် ကာမလိမ် လည်မှု ၂၃ မှုရှိကြောင်း နိုင်ငံရေးမတည်ငြိမ်မှုနဲ့အတူအမျိုးသမီးများ ရင်ဆိုင်နေရတဲ့ လိင်အကြမ်းဖက်မှုများ သုံးသပ်ချက်စာတမ်း( မြန်မာအမျိုးသမီးသမဂ္ဂ) မှာဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်တပ် မကြာခဏထိုးစစ်ဆင်သောဒေသတွေမှာ စစ်ကောင်စီတပ်သားတွေက မီးဖွားပြီးစ မိခင်တစ်ဦးနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးတို့ကို အုပ်စုဖွဲ့မုဒိမ်းကျင့်ခြင်း၊ အမျိုးသမီးများကို မုဒိမ်းကျင့်သတ်ဖြတ်ခြင်း အပါအဝင် ကလေးသူငယ်များမှ သက်ကြီးရွယ်အိုများအထိ လိင်ပိုင်ဆိုင်ရာကျူးလွန်နေကြောင်း အစီရင်ခံစာမှာ ပါရှိပါတယ်။

အဆိုပါအမှုတွေထဲမှာ စစ်တပ်မှ ကျူးလွန်တဲ့ အမှုတွေအပြင် အခြားလက်နက်ကိုင်အဖွဲ့များမှ ကျုးလွန်တဲ့ အမှုတွေနဲ့ အရပ်သားအချင်းချင်းကျူးလွန်သောအမှုများကိုလည်း ဖော်ပြထားပါတယ်။

https://youtu.be/Nf-hTuc_mxY

#PoliticalNews
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8🍌3🔥1🤬1
​​နတ်သံကွင်းတိုက်ပွဲအပြီး ပစ်ခတ်မှုများကြောင့် ဒေသခံ ၄၀ ထက်မနည်းထိခိုက်ပြီး ၂၀ ဦးသေဆုံး
=====================

ရွှေနွယ်
(မဇ္ဈိမ)။ ။ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းကျေးရွာတိုက်ပွဲအပြီး နှစ်ဖက်ပစ်ခတ်မှုများကြောင့် ဒေသခံ ၄၀ ဦးထက်မနည်းထိခိုက်ဒဏ်ရာရခဲ့ကာ ၂၀ ဦးခန့် သေဆုံးထားသည်ဟုဒေသခံများမှ သတင်း ပေးပို့သည်။

“ တိုက်ပွဲဖြစ်ပြီးတဲ့နောက်မှာပဲကို စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေ၊ မိုင်းတွေကြောင့် ထိတာ လည်းရှိသလို ကာကွယ်ရေးတပ်ဘက်ကဒရုန်းကြောင့် ထိခိုက်တာလည်း အနည်းအပါးရှိပါတယ်။ ကျနော် တို့လည်း စာရင်းပြုစုသူမဟုတ်တဲ့အတွက် အတိအကျမပြောနိုင်ဘူး။ ဒါပေမယ့် ရေတွက်ထားသလောက် အရတော့ အနီးစပ်ဆုံးပြောရရင် ၄၀ လောက် ထိခိုက်ဒဏ်ရာ ရထားပါတယ်။ ၂၀ လောက် သေဆုံးမှု ရှိပါ တယ်” ဟု နတ်သံကွင်းဒေသခံမှ မဇ္ဈိမသို့ပြောသည်။

ထိခိုက်ဒဏ်ရာရရှိသူများသည် တိုက်ပွဲအဓိကဖြစ်ပွားရာ နတ်သံကွင်းကျေးရွာအပါအဝင် အနီးအနား ကျေးရွာများမှဖြစ်ပြီး လက်ရှိတွင်ကျေးရွာအတွင်းမနေထိုင်ရဲကြတော့ဘဲ စစ်ဘေးရှောင်နေကြရသည်ဟု သိရသည်။

နတ်သံကွင်း၊ ဒေါင်းမို့၊ တောကြောင်ပေါက်၊ အုန်းပင်စု၊ ဥသျှစ်ကုန်း၊ ရေတွင်းကုန်းကြီး၊ ရေတွင်းကုန်းရွာ စသည့်ကျေးရွာများအပါအဝင် အနီးအနားကျေးရွာများမှ ဒေသခံများ စစ်ဘေးရှောင်နေကြရခြင်း ဖြစ် သည်။

စစ်ကောင်စီတပ်က နတ်သံကွင်းရွာအနီးတစ်ဝိုက်သို့ ၄၀ မမ၊ ၆၀ မမ၊ ၁၂၀ မမ စသည့် လက်နက်ကြီးများ ဖြင့် နေ့စဉ်ရမ်းသန်းပစ်ခတ်နေပြီး ရွာအဝင်လမ်းတွင်လည်း နင်းမိုင်းများ ထောင်ထားကြောင်း သိရသည်။

ထို့ကြောင့် ကျေးရွာများမှနေအိမ်များအတွင်း အရပ်သားများ မရှိကြတော့ဘဲ စစ်ကောင်စီတပ်မှ ဝင် ရောက်နေရာယူနေကြကြောင်း ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။

အရပ်သားအပါအဝင် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက်မှ ထိခိုက်ဒဏ်ရာရရှိသူများ နှင့် သေဆုံးသူများ၏ အသေးစိတ်အချက်အလက်များကို မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိ သေးပေ။

တိုက်ပွဲအတွင်းဖျက်ဆီးခံခဲ့ရသော စစ်တောင်းမြစ်ကူးတံတားသည် စစ်ကောင်စီတပ်အတွက် အရေးပါ သော ထောက်ပို့လမ်းကြောင်းပေါ်တွင်တည်ရှိနေ၍ အဆိုပါတံတားကို အလျင်အမြန်ပြုပြင်နိုင်ရန် ကြိုး ပမ်းနေကြောင်းလည်း ဒေသခံများကဆိုသည်။

“တံတားဖျက်တာနဲ့ပတ်သက်လို့ စစ်ရေးအရနားလည်ကြသူတွေကတော့ ဘာဆိုတာသိကြပါတယ်။တချို့ ကျတော့လည်း တံတားပျက်သွားတော့ အခက်အခဲတွေရှိလာတဲ့အတွက် ဝေဖန်ကြတာလည်းရှိတယ်” ဟု နတ်သံကွင်းမှ စစ်ရှောင်နေရသူတဦးကဆိုသည်။
အဆိုပါ နတ်သံကွင်းရွာစစ်တောင်းမြစ်ကူးတံတားအား ပြီးခဲ့သည့် ဇွန်လ ၆ ရက်နေ့တွင် စစ်တောင်းမြစ် အရှေ့ဘက်ကမ်းကို ထိန်းချုပ်ရန်ရည်ရွယ်၍ KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့မှ ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

နတ်သံကွင်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏စခန်းနေရာငါးခုကို တပြိုင်တည်းစီးနင်းတိုက်ခိုက်ခဲ့ပြီး စစ် ကောင်စီတပ်သား ၄၀ သေဆုံး၊ ၁၃ ဦးဒဏ်ရာရရှိကာ လက်နက်ခဲယမ်း အများပြားသိမ်းဆည်းနိုင်ခဲ့ ကြောင်း KNU မှ ထုတ်ပြန်ထားသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#နတ်သံကွင်း
#ဒေသခံ
#စစ်တောင်းမြစ်ကူးတံတား
#သေဆုံး
#ဒဏ်ရာရ
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17❤5🔥1😁1
ပြည်သူ့ဘက်သား ရင်တွင်းစကား
==============

ဒီတပတ် "ပြည်သူ့ဘက်သား ရင်တွင်းစကား" အစီအစဥ်က​နေ နားဆင်ရမှာကတော့ ( CDM - တပ်ကြပ်ကြီး တစ်ဦးဖြစ်တဲ့ ) နဂါးနီစစ်ကြောင်း မှ 'ကိုလင်းနိုင်ဌေး' ပြောပြတဲ့ သူ့ရဲ့ ပြည်သူ့ရင်ခွင်နဲ့ ပတ်သက်တဲ့ အတွေ့အကြုံ​တွေ ခံယူချက်တွေကို နားဆင်ရမှာ ဖြစ်ပါတယ်။ ဒီ Video ကို ရဲဘော်ဗိုလ်ချုပ်၊ ရဲဘော်ဖဒရ ( သတင်းနှင့်ပြန်ကြားရေးဌာန စစ်ဒေသခွဲ အမှတ် ၃ ) က ရိုက်ကူး​ပေးထားတာ ဖြစ်ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ။

https://youtu.be/YcTyV2K0oQw

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍9🥱2😁1
Media is too big
VIEW IN TELEGRAM
အာဏာသိမ်းကာလအတွင်း အမျိုးသမီးတွေ လိင်အကြမ်းဖက်ခံရမှု ၅၉ မှုရှိကြောင်း BWU ထုတ်ပြန်

Watch more detail -https://youtu.be/Nf-hTuc_mxY

#PoliticalNews #reels #shorts #MizzimaTV
🤬5👍3🔥1😁1🍌1
​​မြစ်ငယ်မီးရထားစက်ရုံဆေးရုံအုပ်အသတ်ခံရမှု သရက်ခြံ လုပ်သား ၁၂ ဦးကို စစ်ကောင်စီဖမ်းဆီး
======================

၀၀၈၊မန္တလေး
မဇ္ဈိမ။ ။မန္တလေးတိုင်း၊ မြစ်ငယ်မြို့ရှိ မြစ်ငယ်မီးရထားစက်ရုံဆေးရုံအုပ်ကြီး အသတ်ခံရမှုနှင့်ပတ်သက်သည်ဆိုကာ စဥ့်ကိုင်မြို့နယ်မှ သရက်ခြံ လုပ်သား ၁၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားကြောင်းသတင်းရရှိသည်။

မြစ်ငယ်မီးရထားစက်ရုံဆေးရုံအုပ်ကြီး ဒေါက်တာတင်ချိုချိုကိုသည် စဥ့်ကိုင်မြို့နယ်၊ပလိပ်မြို့ရှိ ၎င်း၏ ဆေးခန်း၌ ပြီးခဲ့သည့် မေ ၁၅ရက်ညနေတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်။ အဆိုပါအမှုနှင့်ပတ်သက်၍ စဥ့်ကိုင်မြို့နယ်မှ သရက်ခြံ လုပ်သားများဖြစ်သော ကိုဝေဖြိုးအောင်၊ကိုကျော်စွာဝင်း၊ကိုမင်းထွန်းဇော်အပါအဝင် အသက် ၁၈နှစ်မှ အသက်၂၅ နှစ်ဝန်းကျင်အရွယ်အမျိုးသား ၁၂ဦးကို ဇွန်လ ၁၇ရက်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည်ဟု ဒေသခံများကပြောသည်။

" ဘယ်ဖမ်းသွားတယ်ဆိုတာ မသိဘူး။စစ်ကားသုံးစီးနဲ့လာဖမ်းသွားတယ်"ဟု ဒေသခံတစ်ဦးက မဇ္စျိမကိုပြောသည်။

သရက်ခြံ နှစ်ခြံမှ စုစုပေါင်း လုပ်သား ၁၂ဦးဖမ်းဆီးခံရခြင်းဟု သိရသည်။ ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်များက စဥ့်ကိုင်မြို့နယ်ရဲစခန်းကို သွားရောက်မေးမြန်းရာ ရဲတပ်ဖွဲ့က ထိုဖြစ်စဥ်ရှိကြောင်းသာ ပြန်လည်ဖြေကြားခဲ့သည်ဟုဆိုသည်။

" ဖမ်းသွားတယ်ပဲ သူ့အလုပ်ရှင်ကပြောလို့ သိရတာ။ဘာမှ အဆက်အသွယ်မရသေးဘူး။ခြံရှင်အနေနဲ့က အမှန်ကို ပြောဖို့လိုတယ်"ဟု ဖမ်းဆီးခံရသူတစ်ဦး၏ မိခင်ကပြောသည်။
ဒေါက်တာတင်ချိုချိုက်ို အသတ်ခံရမှုသည် ယခုဖမ်းဆီးခံထားရသော လူငယ်၁၂ဦးနှင့် မသက်ဆိုင်ကြောင်း သရက်ခြံပိုင်ရှင်နှင့် နီးစပ်သူတစ်ဦးက မှတ်ချက်ပြုသည်။

၎င်းက "အခုကိစ္စက ကလေးတွေ ဘာမှမလုပ်ဘူးဆိုပေမယ့် ကျွန်တော်တို့ အနေနဲ့ ဘာမှ မပြောရဲဘူး။ဒါကိုတော့ နာလည်ပေးကြပါ။သူတို့အတွက် လုပ်သင့်တာတွေ လုပ်ပေးမှာပါ "ဟု ပြောသည်။
မြစ်ငယ်မီးရထားစက်ရုံဆေးရုံအုပ်ကြီး ဒေါက်တာတင်ချိုချိုက်ိုသည် စစ်ကောင်စီအုပ်စုနှင့် ပုဂ္ဂိုလ်ရေးရင်းနီးပြီး CDM ကျန်းမာရေး ဝန်ထမ်းများကို ဖိနှိပ်သူဖြစ်ကြောင်း မြို့ခံအချို့ကပြောခဲ့ဖူးသည်။
ယခုအခါ စစ်ကောင်စီတပ်သည် စဥ့်ကိုင်၊ပလိပ်၊ကျောက်ဆည်မြို့ အနီးပတ်ဝန်းကျင်ရှိ သရက်ခြံများကို ညစဥ်နီးပါးဝင်ရောက် စစ်ဆေးနေကြောင်းသိရသည်။

စာတည်း - မောင်ကြီး

#mizzima
#မန္တလေးတိုင်း
#မြစ်ငယ်မီးရထားစက်ရုံဆေးရုံအုပ်ကြီး
#သရက်ခြံလုပ်သားများ
#ဖမ်းဆီးခံရ

ဓာတ်ပုံ - ဒေါက်တာတင်ချိုချိုကို၏ ဆေးခန်း
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🤬8🔥4❤2😁1
ဇွန်လ (၁၉)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
===================

01:03 - ရန်ကုန်မှာ We Miss U ဘန်နာချိတ်ဆွဲကာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုပြုလုပ်တဲ့သတင်း

02:27 - ပန်းသပိတ်လှုပ်ရှားမယ့်သူတွေ လုံခြုံရေးသတိရှိကြဖို့ တော်လှန်ရေးအင်အားစုတွေ သတိပေးတဲ့ သတင်း

03:43 - ကန့်ကွက်မှုတွေကြားမှာပဲ ထိုင်းအစိုးရက မြန်မာ့အရေး ဆွေးနွေးပွဲ ကျင်းပမယ့်သတင်းနဲ့

11:21 - ယူကရိန်းစစ်ပွဲကို ရပ်တန့်ပစ်ဖို့ ပူတင်ကို တောင်အာဖရိကနိုင်ငံသမ္မတ ရာမာဖိုဆာပြောကြားတဲ့ သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/JjANbQ0z6gU

#2pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍13😁1🍌1
This media is not supported in your browser
VIEW IN TELEGRAM
မိုးဗြဲတိုက်ပွဲမှာ PDF ၃၂ ယောက် ကျတယ်ဆိုတဲ့ သတင်းမှား ပျံ့နေပါတယ်။

သတင်းအပြည့်အစုံဖတ်ရန် https://www.facebook.com/MizzimaDaily/posts/pfbid0Zf6GTJnxTkw1NCacn3UjGgEdszbqbjk4rRUGAyE1nRedkfXG7krkBygSuKnUmVYUl

#Misinformation_Buster #Shorts #Fake_News #Reels #PDF #မိုးဗြဲ #ကျဆုံး
😁9👍5
​​ဖိလစ်ပိုင် သင်္ဘောမီးလောင်မှု လူ ၁၂၀ ဦးစလုံးကို ကယ်တင်နိုင်ခဲ့
=====================

ဖိလစ်ပိုင်နိုင်ငံတွင် လူ ၁၂၀ ဦး ပါရှိသည့် ကူးတို့သင်္ဘောတစ်စင်း ဇွန်လ ၁၈ ရက်က ပင်လယ်ပြင်တွင်း မီးလောင်မှု ဖြစ်ပွားရာ သင်္ဘောပေါ်ပါသူ အားလုံးကို ကယ်တင်ပေးနိုင်ခဲ့ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က ပြောသည်။

သင်္ဘောအရာရှိနှင့် အမှုထမ်း ၅၅ ဦး နှင့် ခရီးသည် ၆၅ ဦးကို တင်ဆောင်လာသော M/V Esperanza Star သင်္ဘောသည် နိုင်ငံတောင်ပိုင်း ဆစ်ကွေဂျာ ကျွန်းမှ အနီးအနား ဘိုဟောလ် ကျွန်းသို့ ဦးတည် ခုတ်မောင်းစဉ် မီးလောင်မှု ဖြစ်ပွားခြင်း ဖြစ်သည်ဟု ကမ်းခြေစောင့်တပ်ဖွဲ့က ပြောသည်။

အခြားသင်္ဘောတစ်စင်းပေါ်မှ ကမ်းခြေစောင့် မီးသတ်သမားများက ရေပိုက် အသုံးပြုပြီး မီးကို ငြှိမ်းသတ်ပေးခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။ မီးလောင်မှု ဖြစ်ပွားရခြင်း၏ အကြောင်းရင်းကို မသိရသေးပေ။
👍14❤2🔥2💩1