စစ်ဘေးရှောင်များအတွက် ပရဟိတ အခမဲ့ဆေးခန်းဖွင့်လှစ် (ရုပ်၊သံ)
====================
မဇ္ဈိမ ။ ။စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ကျေးရွာတစ်ရွာမှာ အနီးအနား ပတ်ဝန်းကျင်က ရွာပေါင်း ၃၀ ကျော်အတွက် ပရဟိတ အခမဲ့ဆေးခန်းကို ဇွန်လ ၁၈ ရက်နေ့ကစပြီး ဖွင့်လှစ်လိုက်ပါတယ်။
ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ဖွင့်လှစ်လိုက်တာဖြစ်တယ်လို့ ပရဟိတ အခမဲ့ဆေးခန်းအတွက် ကူညီခဲ့တဲ့ S&C မီးဘေး၊ စစ်ဘေး၊ ပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ခံက မဇ္ဈိမ ကိုပြောပါတယ်။
ဒီပဲယင်းမြို့နယ်၊အရာတော်မြို့နယ်၊ရွှေဘိုမြို့နယ် တစ်ဝိုက်က ကျေးရွာနေပြည်သူတွေနဲ့ စစ်းဘေးရှောင်တွေပါ လာရောက်ပြသနိုင်ပြီး တပတ်ကို (၆)ရက်ဖွင့်လှစ်သွားဖို့ရှိနေပါတယ်။
မြွေကိုက်ခံ ပိုးထိလူနာတွေ အနေနဲ့ ဆေးခန်းကို အချိန်မရွေးဆက်သွယ်နိုင်ပြီး မြွေဆိပ်ဖြေဆေးသွားရောက်ထိုးပေးဖို့လည်း စီစဉ်ထားတယ်လို့သိရပါတယ်။
https://youtu.be/CO8mIsW-Siw
တင်ဆက်၊ တည်းဖြတ် - KMN
စာတည်း ။ ။ Alden
#Mizzima
#အခမဲ့ဆေးခန်း
#ဒီပဲယင်းမြို့နယ်
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

YouTube
စစ်ဘေးရှောင်များအတွက် ပရဟိတ အခမဲ့ဆေးခန်းဖွင့်လှစ်
မဇ္ဈိမ ။ ။စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ကျေးရွာတစ်ရွာမှာ အနီးအနား
ပတ်ဝန်းကျင်က ရွာပေါင်း ၃၀ ကျော်အတွက် ပရဟိတ အခမဲ့ဆေးခန်းကို ဇွန်လ ၁၈ ရက်နေ့ကစပြီး ဖွင့်လှစ်လိုက်ပါတယ်။
ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့
မွေးနေ့ကို…

❤12😁2👍1
Media is too big
VIEW IN TELEGRAM
သာဇင်ကျွေးရွာက နေအိမ်အလုံး ၆၀၀ ကျော် ကိုPDFတွေက မီးရှို့သွားတယ်ဆိုတဲ့ သတင်းမှား ပျံ့နေပါတယ်။
သတင်းအပြည့်အစုံဖတ်ရန် https://www.facebook.com/MizzimaDaily/posts/pfbid0WdbFiraEQtvqU5YR3GUttHhdJ6qw2S6BD2L7qH5bQtrKyBn9WUQuREK8UoWJupQcl
#Misinformation_Buster #Fake_News #Shorts #Reels #PDF #သာဇင် #ဆားတောင် #စစ်တပ်

👍8😁4🔥1
ပဲခူးရိုးမထဲက PDF တပ်ဖွဲ့ဝင်အချို့၏ ပန်းသပိတ်ပုံရိပ်
==================
ရွှေနွယ်
(မဇ္ဈိမ)။ ။ ပဲခူးတိုင်းအနောက်ခြမ်း ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃၈၀၁)၊ တပ်ခွဲ (၂) Phoenix DF တပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်ပန်းသပိတ်ကို ပဲခူးရိုးမအတွင်း ပြုလုပ်ခဲ့ကြသည်။
တပ်စခန်းအနီးရှိ ပန်းများကိုခူးယူ၍ ပန်းသပိတ်တွင်ပါဝင်ခဲ့ကြခြင်း ဖြစ်သည်။
“လွမ်းအတိတ်ကို ပန်းသပိတ်နှင့်ကြိုမယ်၊ အမေစုကျန်းမာပါစေ၊ အသက်ရာကျော်ရှည်ပါစေ၊ အမေစုနဲ့ မတရားဖမ်းဆီးခံထားရသူများ လွတ်မြောက်ဖို့ ကျွန်တော်တို့ကြိုးစားနေပါတယ်" ဟု Phoenix DF အဖွဲ့က ပြောသည်။
အကျဉ်းကျခံ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ၎င်း၏မွေးနေ့များကို ဖမ်းဆီးချုပ်နှောင်ခံရင်းဖြတ်သန်းနေရပြီး ယခုနှစ်တွင်လည်း နေပြည်တော်အချုပ်ထောင်အတွင်းပင် ၇၈ နှစ်ပြည့်မွေးနေ့ကို ကျော်ဖြတ်နေရခြင်း ဖြစ်သည်။
စာတည်း။ ။ နောင်နောင်
#ဒေါ်အောင်ဆန်းစုကြည်မွေးနေ့
#၇၈နှစ်ပြည့်
#ပန်းသပိတ်

❤15🥰9😁3👍1
ရန်ကုန်ရှိ စစ်ကောင်စီခြေမြန်တပ်ရင်း၊ တရားရုံးနှင့် ရဲစခန်းတို့အား မြို့ပြပြောက်ကျားများမှ ဗုံး ၉ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်
👍16❤3😁3

===================
ဂန္ဒမာ
(မဇ္ဈိမ)။ ။ ရန်ကုန်ရှိ စစ်ကောင်စီ ခြေမြန်တပ်ရင်း၊ တရားရုံးနှင့် ရဲစခန်းတို့အား မြို့ပြပြောက်ကျားအဖွဲ့ များပူးပေါင်း၍ ဇွန်လ ၁၈ ရက်နေ့ညပိုင်းက ဗုံးကိုးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Freeland Attack Force (FLA) အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
တိုက်ခိုက်မှုအား Anonymous Fighters Force (AFF) ၊ Freeland Attack Force (FLA) နှင့် Emerald Girls Army (EGA) အဖွဲ့တို့မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လှိုင်သာယာမြို့နယ် ရန်ကုန်-ပုသိမ်ကားလမ်းမပေါ်၊ တပ်ထိပ်ရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ (၅၃၂)တပ်ရင်းကို ဇွန်လ ၁၈ ရက်နေ့ ည ၈ နာရီ ၅၂ မိနစ်၌ ဗုံးများဖြင့် စတင်ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ည ၉ နာရီနောက်ပိုင်းတွင် ဒေါပုံမြို့နယ်၊ အရှေ့ပိုင်းခရိုင်တရားဥပဒေရုံးနှင့် မြောက်ဒဂုံမြို့နယ် (၄၈) ရပ်ကွက်၊ ဘုရင့်နောင်လမ်းနှင့် အောင်ဆန်းသူရိယလှသောင်းလမ်းထောင့်ရှိ ထားဝယ်ချောင်ရဲစခန်း တို့ကို ဗုံးများဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တိုက်ခိုက်မှုပြုလုပ်သော ရဲဘော်များအနေဖြင့် ပစ်မှတ်နေရာများမှ ဘေးကင်းစွာဆုတ်ခွာလာနိုင်ခဲ့ ကြောင်း သိရသည်။
တိုက်ခိုက်မှုဖြစ်စဉ်၏ နောက်ဆက်တွဲအခြေအနေနှင့်ပတ်သက်၍ မေးမြန်းရန် Freeland Attack Force-FLA အဖွဲ့ တာဝန်ခံအား မဇ္ဈိမကဆက်သွယ်ခဲ့သော်လည်း လုံခြုံရေးအခြေအနေအရ ဖြေကြားပေးနိုင်မည် မဟုတ်ကြောင်း သတင်းရင်းမြစ်ထံမှ ပြန်လည်သိရှိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#ရန်ကုန်မြို့
#ဖောက်ခွဲတိုက်ခိုက်မှု
#မြို့ပြပြောက်ကျားတပ်ဖွဲ့
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
===================
ဂန္ဒမာ
(မဇ္ဈိမ)။ ။ ရန်ကုန်ရှိ စစ်ကောင်စီ ခြေမြန်တပ်ရင်း၊ တရားရုံးနှင့် ရဲစခန်းတို့အား မြို့ပြပြောက်ကျားအဖွဲ့ များပူးပေါင်း၍ ဇွန်လ ၁၈ ရက်နေ့ညပိုင်းက ဗုံးကိုးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Freeland Attack Force (FLA) အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
တိုက်ခိုက်မှုအား Anonymous Fighters Force (AFF) ၊ Freeland Attack Force (FLA) နှင့် Emerald Girls Army (EGA) အဖွဲ့တို့မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လှိုင်သာယာမြို့နယ် ရန်ကုန်-ပုသိမ်ကားလမ်းမပေါ်၊ တပ်ထိပ်ရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ (၅၃၂)တပ်ရင်းကို ဇွန်လ ၁၈ ရက်နေ့ ည ၈ နာရီ ၅၂ မိနစ်၌ ဗုံးများဖြင့် စတင်ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ည ၉ နာရီနောက်ပိုင်းတွင် ဒေါပုံမြို့နယ်၊ အရှေ့ပိုင်းခရိုင်တရားဥပဒေရုံးနှင့် မြောက်ဒဂုံမြို့နယ် (၄၈) ရပ်ကွက်၊ ဘုရင့်နောင်လမ်းနှင့် အောင်ဆန်းသူရိယလှသောင်းလမ်းထောင့်ရှိ ထားဝယ်ချောင်ရဲစခန်း တို့ကို ဗုံးများဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တိုက်ခိုက်မှုပြုလုပ်သော ရဲဘော်များအနေဖြင့် ပစ်မှတ်နေရာများမှ ဘေးကင်းစွာဆုတ်ခွာလာနိုင်ခဲ့ ကြောင်း သိရသည်။
တိုက်ခိုက်မှုဖြစ်စဉ်၏ နောက်ဆက်တွဲအခြေအနေနှင့်ပတ်သက်၍ မေးမြန်းရန် Freeland Attack Force-FLA အဖွဲ့ တာဝန်ခံအား မဇ္ဈိမကဆက်သွယ်ခဲ့သော်လည်း လုံခြုံရေးအခြေအနေအရ ဖြေကြားပေးနိုင်မည် မဟုတ်ကြောင်း သတင်းရင်းမြစ်ထံမှ ပြန်လည်သိရှိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#ရန်ကုန်မြို့
#ဖောက်ခွဲတိုက်ခိုက်မှု
#မြို့ပြပြောက်ကျားတပ်ဖွဲ့
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
Facebook
#ရန်ကုန်မြို့ – Explore
explore #ရန်ကုန်မြို့ at Facebook
👍17👏5❤3😁3
နေတိုးအဖွဲ့ဝင်ဖြစ်ရေး ယူကရိန်းကို လျှော့ပေါ့ပေးမှာ မဟုတ်ကြောင်း ဘိုင်ဒင် ပြော
===================
https://youtu.be/SpMj_1aALr4

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
Subscribe now and join the…

👍3🔥3
This media is not supported in your browser
VIEW IN TELEGRAM
အီတလီမီးရထားစီမံကိန်းကြောင့် ပြင်သစ်ရဲနဲ့ ဆန္ဒပြသူတွေ ထိပ်တိုက်တွေ့
https://www.facebook.com/reel/279637504432812
#InternationalNews #reels #shorts #Mizzima

👏2👍1🔥1
This media is not supported in your browser
VIEW IN TELEGRAM
အီရန်နဲ့ဆော်ဒီအာရေးဗီးယားတို့ ရင်ကြားစေ့ရေးဆီ ဆက်လက်ချီတက်နေ
https://www.facebook.com/reel/593847979558631
#InternationalNews #Mizzima #reels #shorts

😁4
ဇွန်လ (၁၉)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
===========================
01:02 − စစ်ကောင်စီက မန္တလေးမြို့အနှံ့ ပိတ်ဆို့စစ်ဆေးနေပြီး ပန်းပန်ထားလျှင် ဆဲဆိုပြီး ဆွဲဖြုတ်ခိုင်းနေတဲ့ သတင်း
02:45 − မြန်မာ့နိုင်ငံရေးအခြေအနေ တိုးတက်မှုမရှိဘဲ ပိုမိုဆိုးရွားလာနိုင်ကြောင်း စင်္ကာပူနဲ့ အမေရိကန်ပြောတဲ့သတင်း
09:07 − နတ်သံကွင်းတိုက်ပွဲအပြီး ပစ်ခတ်မှုတွေကြောင့် ဒေသခံ ၄၀ ထက်မနည်းထိခိုက်ပြီး အယောက်၂၀ သေဆုံးထားတယ်လို့ ဒေသခံတွေပြောတဲ့သတင်းနဲ့
12:38 − နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၈) နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် ပန်းသပိတ် ပြုလုပ် ချီတက် ဆန္ဒပြတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေနဲ့ နိုင်ငံတကာသတင်း တွေကို တင်ဆက်ပေးသွားမှာပါ။
https://youtu.be/i_Ux0ryJN3c
#4pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
===========================
01:02 − စစ်ကောင်စီက မန္တလေးမြို့အနှံ့ ပိတ်ဆို့စစ်ဆေးနေပြီး ပန်းပန်ထားလျှင် ဆဲဆိုပြီး ဆွဲဖြုတ်ခိုင်းနေတဲ့ သတင်း
02:45 − မြန်မာ့နိုင်ငံရေးအခြေအနေ တိုးတက်မှုမရှိဘဲ ပိုမိုဆိုးရွားလာနိုင်ကြောင်း စင်္ကာပူနဲ့ အမေရိကန်ပြောတဲ့သတင်း
09:07 − နတ်သံကွင်းတိုက်ပွဲအပြီး ပစ်ခတ်မှုတွေကြောင့် ဒေသခံ ၄၀ ထက်မနည်းထိခိုက်ပြီး အယောက်၂၀ သေဆုံးထားတယ်လို့ ဒေသခံတွေပြောတဲ့သတင်းနဲ့
12:38 − နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၈) နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် ပန်းသပိတ် ပြုလုပ် ချီတက် ဆန္ဒပြတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေနဲ့ နိုင်ငံတကာသတင်း တွေကို တင်ဆက်ပေးသွားမှာပါ။
https://youtu.be/i_Ux0ryJN3c
#4pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ဇွန်လ (၁၉)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:02 − စစ်ကောင်စီက မန္တလေးမြို့အနှံ့ ပိတ်ဆို့စစ်ဆေးနေပြီး ပန်းပန်ထားလျှင် ဆဲဆိုပြီး ဆွဲဖြုတ်ခိုင်းနေတဲ့ သတင်း
02:45 − မြန်မာ့နိုင်ငံရေးအခြေအနေ တိုးတက်မှုမရှိဘဲ ပိုမိုဆိုးရွားလာနိုင်ကြောင်း စင်္ကာပူနဲ့ အမေရိကန်ပြောတဲ့သတင်း
09:07 − နတ်သံကွင်းတိုက်ပွဲအပြီး…

👍7🍌2
Business Round Up (19 June 2023)
==================
- လေအားလျှပ်စစ်စီမံကိန်း ၃ ခုအတွက် ရုရှားနှင့် စစ်ကောင်စီ MOU ထိုး
- ဒေါ်လာ ပြတ်လပ်မှုကြောင့် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်မှု နှောင့်နှေး
- တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ Microsoft သူဌေးဘေဂိတ်တို့ တွေ့ဆုံ
- ပိတ်ဆို့အရေးယူမှုများက အမေရိကန်ဒေါ်လာ၏လွှမ်းမိုးမှုကို ခြိမ်းခြောက်နေ
https://youtu.be/BMJXrir-9V4
#BusinessRoundUp
#mizzimatv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
==================
- လေအားလျှပ်စစ်စီမံကိန်း ၃ ခုအတွက် ရုရှားနှင့် စစ်ကောင်စီ MOU ထိုး
- ဒေါ်လာ ပြတ်လပ်မှုကြောင့် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်မှု နှောင့်နှေး
- တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ Microsoft သူဌေးဘေဂိတ်တို့ တွေ့ဆုံ
- ပိတ်ဆို့အရေးယူမှုများက အမေရိကန်ဒေါ်လာ၏လွှမ်းမိုးမှုကို ခြိမ်းခြောက်နေ
https://youtu.be/BMJXrir-9V4
#BusinessRoundUp
#mizzimatv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
Business Round Up (19 June 2023)
- လေအားလျှပ်စစ်စီမံကိန်း ၃ ခုအတွက် ရုရှားနှင့် စစ်ကောင်စီ MOU ထိုး
- ဒေါ်လာ ပြတ်လပ်မှုကြောင့် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်မှု နှောင့်နှေး
- တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ Microsoft သူဌေးဘေဂိတ်တို့ တွေ့ဆုံ
- ပိတ်ဆို့အရေးယူမှုများက အမေရိကန်ဒေါ်လာ၏လွှမ်းမိုးမှုကို…

👍6
ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ် ဆုတောင်းပွဲ နယူးဒေလီမြို့တွင် ပြုလုပ်
========================
နယူးဒေလီ
(မဇ္စျိမ)။ ။အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ် ဆုတောင်းပွဲအခမ်းအနားကို ယနေ့ ဇွန်လ ၁၉ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြသည်။
အခမ်းအနားကို CRPH နှင့် NUG Support Group India တို့မှ ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး သက်ဆိုင်ရာ နယ်ပယ်အလိုက်မှ ဖိတ်ကြားထားသူများအပြင် နယူးဒေလီမြို့တွင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေ သည့် မြန်မာနိုင်ငံသားများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် NLD အဖွဲ့ချုပ်ကော်မတီမှ ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့အတွက် ပေးပို့သည့် သ၀ဏ်လွှာကိုဖတ်ကြားခြင်း၊ မွေးနေ့အမှတ်တရစကားများပြောကြားခြင်းတို့ကို ပြုလုပ်ခဲ့သည်။
ထို့အတူ မြန်မာပြည်အမှန်တကယ် ငြိမ်းချမ်းရေးရရှိစေရန် ဖယောင်းတိုင်ထွန်းညှိကာ ဆုတောင်းခြင်း၊ ငှက်လွတ်ခြင်း အစီအစဥ်များကို ထည့်သွင်းပြုလုပ်ခဲ့ကြသည်။
ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၈ နှစ်ပြည့်မွေးနေ့ ဆုတောင်းပွဲအခမ်းအနားများကို ကမ္ဘာ့နိုင်ငံအသီးသီးတွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများက ကျင်းပပြုလုပ်လျက်ရှိသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#ဒေါ်အောင်ဆန်းစုကြည်
#မွေးနေ့
#နယူးဒေလီ
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
========================
နယူးဒေလီ
(မဇ္စျိမ)။ ။အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ် ဆုတောင်းပွဲအခမ်းအနားကို ယနေ့ ဇွန်လ ၁၉ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြသည်။
အခမ်းအနားကို CRPH နှင့် NUG Support Group India တို့မှ ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး သက်ဆိုင်ရာ နယ်ပယ်အလိုက်မှ ဖိတ်ကြားထားသူများအပြင် နယူးဒေလီမြို့တွင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေ သည့် မြန်မာနိုင်ငံသားများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် NLD အဖွဲ့ချုပ်ကော်မတီမှ ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့အတွက် ပေးပို့သည့် သ၀ဏ်လွှာကိုဖတ်ကြားခြင်း၊ မွေးနေ့အမှတ်တရစကားများပြောကြားခြင်းတို့ကို ပြုလုပ်ခဲ့သည်။
ထို့အတူ မြန်မာပြည်အမှန်တကယ် ငြိမ်းချမ်းရေးရရှိစေရန် ဖယောင်းတိုင်ထွန်းညှိကာ ဆုတောင်းခြင်း၊ ငှက်လွတ်ခြင်း အစီအစဥ်များကို ထည့်သွင်းပြုလုပ်ခဲ့ကြသည်။
ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၈ နှစ်ပြည့်မွေးနေ့ ဆုတောင်းပွဲအခမ်းအနားများကို ကမ္ဘာ့နိုင်ငံအသီးသီးတွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများက ကျင်းပပြုလုပ်လျက်ရှိသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#ဒေါ်အောင်ဆန်းစုကြည်
#မွေးနေ့
#နယူးဒေလီ
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤16😁3❤🔥2
This media is not supported in your browser
VIEW IN TELEGRAM
ကန့်ကွက်မှုတွေနဲ့ရင်ဆိုင်နေရတဲ့ တရားစီရင်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ အစ္စရေးဝန်ကြီးချုပ်ပြော
https://www.facebook.com/reel/885390086575728
#InternationalNews #reels #shorts

👍3😁2👏1
ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသန်းပစ်၍ ဒေသခံ ၁ ဦး သေ၊ ၂ ဦးဒဏ်ရာရ
======================
ပါခွီး
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်သားများ တပ်စွဲထားသည့်နေရာကို ဒေသကာကွယ်ရေးတပ်ဖွဲ့က ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်မှလက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ရာ ဒေသခံတဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။
ကလေးမြို့တောင်ပိုင်း သာယာဝတီ(ထိုမာ)နည်းပညာတက္ကသိုလ်အတွင်း တပ်စွဲထားသော စစ်ကောင်စီ တပ်ကို ဇွန်လ ၁၈ ရက် နံနက် ၁၁ နာရီ ၄၀ မိနစ်တွင် ဒရုန်းဖြင့် ဗုံးချခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။
စစ်ကောင်စီတပ်စွဲထားသည့်နေရာကို Fixed Wings Drone အမျိုးအစားဖြင့်ဗုံးကြဲခဲ့ရာ အထိအခိုက်ရှိ ကြောင်း တိုက်ပွဲတွင်ပါဝင်သူ ရဲဘော်တဦးထံမှသိရသည်။
“စစ်ကောင်စီတပ်တွေက အကြောင်းမဲ့ လက်နက်ကြီးတွေနဲ့ပစ်ခတ်ခြင်း၊ ပြည်သူများကို ဖမ်းဆီးခြင်း မကြာခဏလုပ်နေတဲ့အတွက် အခုလို ဗုံးချတိုက်ခိုက်ခဲ့တာပါ” ဟု ဒရုန်းတပ်ဖွဲ့ဝင်တဦးက ပြောသည်။
ဗုံးချပြီးနောက် စစ်ကောင်စီတပ်သားများ၏ အော်ဟစ်ဆဲဆိုသံများကြားခဲ့ရပြီး အထိခိုက်များနိုင်ကြောင်း နှင့် သေဆုံးသည့်အရေအတွက်ကို မသိရှိရကြောင်းဆိုသည်။
ညနေ ၄ နာရီ ၁၈ မိနစ်အချိန်တွင် အဆိုပါနေရာကို ဒုတိယအကြိမ် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းသို့တိုက်ခိုက်ပြီးနောက် ညနေ ၇ နာရီမှစ၍ စစ်ကောင်စီတပ်များက ကလေးမြို့တောင်ပိုင်းသို့ လက် နက်ကြီးများဖြင့် အချက် ၂၀ ခန့် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း ဆိုသည်။
စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ကြောင့် ထိုမာကျေးရွာမှ အသက် ၃၄ နှစ်အရွယ် အမျိုးသားတဦး သေဆုံးခဲ့ပြီး တဦးဒဏ်ရာရခဲ့ကာ သာယာကုန်းကျေးရွာမှ အသက် ၅၀ အရွယ် အမျိုးသမီးတဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ဇွန်လ ၁၉ ရက် ယနေ့တွင် ကလေးမြို့ ညောင်ပင်သာရပ်ကွက်ရှိ မြို့မဈေး၌ ပန်းပန်ထားသည့် အမျိုးသမီး ၂၀ ကျော်ကို စစ်ကောင်စီတပ်သားများက ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#ကလေးမြို့
#ထိုမာကျေးရွာ
#လက်နက်ကြီး

👍9🤬5😁2🔥1

❤14👍5😁3🤮1