ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ် ဆုတောင်းပွဲ နယူးဒေလီမြို့တွင် ပြုလုပ်
❤14👍5😁3🤮1
ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ် ဆုတောင်းပွဲ နယူးဒေလီမြို့တွင် ပြုလုပ်
=========================
နယူးဒေလီ
(မဇ္စျိမ)။ ။အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ် ဆုတောင်းပွဲအခမ်းအနားကို ယနေ့ ဇွန်လ ၁၉ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြသည်။
အခမ်းအနားကို CRPH နှင့် NUG Support Group India တို့မှ ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး သက်ဆိုင်ရာ နယ်ပယ်အလိုက်မှ ဖိတ်ကြားထားသူများအပြင် နယူးဒေလီမြို့တွင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေ သည့် မြန်မာနိုင်ငံသားများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် NLD အဖွဲ့ချုပ်ကော်မတီမှ ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့အတွက် ပေးပို့သည့် သ၀ဏ်လွှာကိုဖတ်ကြားခြင်း၊ မွေးနေ့အမှတ်တရစကားများပြောကြားခြင်းတို့ကို ပြုလုပ်ခဲ့သည်။
ထို့အတူ မြန်မာပြည်အမှန်တကယ် ငြိမ်းချမ်းရေးရရှိစေရန် ဖယောင်းတိုင်ထွန်းညှိကာ ဆုတောင်းခြင်း၊ ငှက်လွတ်ခြင်း အစီအစဥ်များကို ထည့်သွင်းပြုလုပ်ခဲ့ကြသည်။
ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၈ နှစ်ပြည့်မွေးနေ့ ဆုတောင်းပွဲအခမ်းအနားများကို ကမ္ဘာ့နိုင်ငံအသီးသီးတွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများက ကျင်းပပြုလုပ်လျက်ရှိသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#ဒေါ်အောင်ဆန်းစုကြည်
#မွေးနေ့
#နယူးဒေလီ
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

Facebook
#ဒေါ်အောင်ဆန်းစုကြည် – Explore
explore #ဒေါ်အောင်ဆန်းစုကြည် at Facebook
❤15🥰2😁2🤮1
မိုးဗြဲတိုက်ပွဲမှာ PDF ၃၂ ယောက်ကျဆုံးတယ်ဆိုတဲ့ သတင်းမှား |Misinformation Buster S3| Ep.71
====================
မဇ္ဈိပရိသတ်များအားလုံး မင်္ဂလာပါ။ သတင်းတု/မှား များကို တိုက်ဖျက်ခြင်း (Misinformation Buster) အစီအစဉ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။
ဒီတပတ်မှာတော့
-ရွှေတောင်မြို့မှာ ဆိုင်ကယ်အရောင်းဆိုင်မရှိဘဲ အွန်လိုင်းမှာ ဆိုင်ကယ်ရောင်းချပြီး ငွေကြေးလိမ်လည်နေတဲ့အကြောင်းနဲ့အတူ
-သာဇင်ကျေးရွာက နေအိမ်အလုံး ၆၀၀ ကို ပြည်သူ့ကာကွယ်ရေးတပ်တွေမီးရှို့တယ်ဆိုတဲ့ သတင်းမှားနဲ့
-မိုးဗြဲတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၂ ယောက် ကျဆုံးတယ်ဆိုတဲ့ သတင်းမှား စတဲ့ တစ်ပါတ်အတွင်း မဇ္ဈိမ က စိစစ်တွေ့ရှိထားတဲ့ သတင်းတုသတင်းမှားတွေကို ဂျူချန်းက တင်ဆက်ထားပါတယ်။
မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။
https://youtu.be/vc0wobtK1iw
#Misinformation_Buster
#Weekly_Package
#Fake_News
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

👍9😁5
This media is not supported in your browser
VIEW IN TELEGRAM
ယူကရိန်းပဋိပက္ခနဲ့ပတ်သက်ပြီး အာဖရိကနိုင်ငံတွေရဲ့ မျှတတဲ့ချဉ်းကပ်မှုအပေါ် ပူတင်ချီးကျူး
https://www.facebook.com/reel/252668227396116/?s=single_unit
#InternationalNews #reels #shorts
#Mizzima #Ukraine #Afica

👍5🔥2
အာဏာသိမ်းကာလအတွင်း မိုးဗြဲမြို့တွင် အရပ်သား ၆၀ ကျော်သေဆုံးဟု PKPF ထုတ်ပြန်
=======================
001
(မဇ္စျိမ) ။ ။ အာဏာသိမ်းကာလ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဇွန်လ ၁၇ ရက်နေ့အတွင်း ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့တွင် အရပ်သား ၆၀ ကျော်သေဆုံးခဲ့ကြောင်း တိုးတက်သောကရင်နီ ပြည်သူ့အင်အားစု(PKPF)က ထုတ်ပြန်သည်။
PKPF ၏ လက်လှမ်းမီသ၍ ပြုစုထားသည့်စာရင်းများအရ သေဆုံးသူများတွင် အမျိုးသား ၄၅ ဦး၊ အမျိုး သမီး ၁၅ ဦးနှင့် ကျား၊ မ မသိရသေးသူခြောက်ဦးပါဝင်ပြီး ထိုအထဲတွင် အသက် ၁၈ နှစ်အောက် ကလေး သူငယ် ၁၃ ဦးပါဝင်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
အရပ်သားများမှာ စစ်ကောင်စီတပ်၏ ပစ်ခတ်သတ်ဖြတ်ခံရခြင်း၊ လက်နက်ကြီးထိမှန်ခြင်း၊ လေကြောင်း မှတိုက်ခိုက်ခံရခြင်း၊ မိုင်းနင်းမိခြင်းနှင့် လက်နက်ကြီးသံကြောင့် ထိတ်လန့်ပြီးသေဆုံးရခြင်းတို့ ပါဝင် သည်။
“ ဒီလ ကျွန်တော်တို့စာရင်းအရဆိုရင် ၂၇ ယောက်လောက်ရှိတယ်။ လောလောဆယ် ကျွန်တော်သိထား သလောက်ပေါ့။ အခုကတော့ တမြို့လုံးရှောင်ထားတယ်။ လူသွား၊ လူလာမရှိဘူး၊ ဒီလမ်းမကြီး လောက်ပဲ အသွားအလာရှိကြတယ်။ ဒီလတော့ ဖမ်းဆီးသတ်ဖြတ်တာတို့၊ လက်နက်ကြီးထိမှန်ပြီး သေတာတို့၊ ထိ ခိုက်တာပဲ တွေ့ရပါတယ်”ဟု PKPF တာဝန်ရှိသူတစ်ဦးက ပြောသည်။
မိုးဗြဲမြို့တွင် ၂၀၂၃ ခုနှစ်၊ ဇွန်လအစပိုင်းမှစတင်ကာ တိုက်ပွဲပြန်လည်ပြင်းထန်လာခဲ့ပြီး လက်ရှိတွင် မြို့ခံ အများအပြား နေရပ်စွန့်ခွာတိမ်းရှောင်နေရ၍ စားနပ်ရိက္ခာ၊ နေရေးထိုင်ရေးနှင့် ဆေးဝါးအခက်အခဲများ လည်း ကြုံတွေ့နေရသည်။
“ ကျွန်တော်တို့လည်း လယ်တောကတဲမှာပဲ အတူတူသွားရှောင်ကြတာပေါ့။ ကျပ်တည်းနေကြတာပေါ့ နော်။ တချို့ကတော့ ဖယ်ခုံဘက်ပြေးတယ်၊ တချို့ကလည်း တောင်ပေါ်ဘက် ပြေးကြတယ်။
နေရာပြန့် ကျဲနေတာပေါ့။ တနေရာတည်းတော့ မပြေးသွားဘူး။ အခုလည်း တချို့က စားနပ်ရိက္ခာမရှိကြတော့၊ စားနပ်ရိက္ခာမလုံလောက်တော့ အဲ့ဒီအတိုင်းပဲ ရှိတဲ့လူနဲ့ မျှစားနေရတာပေါ့” ဟု မိုးဗြဲဒေသခံတဦးက ပြောသည်။
လက်ရှိ၌ မိုးဗြဲဒေသခံများမှာ အိမ်မပြန်ရဲကြသေးဘဲ တောတောင်ထဲတွင် ဆက်လက်ခိုလှုံနေရကာ ကလေးသူငယ်အချို့ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနေကြောင်း အဆိုပါဒေသခံကပြောသည်။
တိုက်ပွဲများပြင်းထန်ခဲ့သည့်မိုးဗြဲမြို့တွင် ရက်ပိုင်းအတွင်း တိုက်ပွဲများငြိမ်နေသော်လည်း စစ်ကောင်စီ တပ်မှ တပ်စွဲထားစဲဖြစ်ပြီး နှစ်ဖက်စစ်ရေး တင်းမာနေ၍ ဒေသခံများ နေရပ် မပြန်သေးကြရန် PDF များက သတိပေးထားသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မိုးဗြဲမြို့တွင် တိုက်ပွဲ ၆၁ ကြိမ်ဖြစ်ပွားခဲ့ပြီး လေကြောင်း တိုက်ခိုက်မှု ၃၉ ကြိမ်နှင့် နေအိမ်ပျက်စီးမှု ၁၇၄ လုံးရှိကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF မှ ထုတ် ပြန်ထားသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#မိုးဗြဲမြို့
#ကရင်နီ
#PKPF
#အရပ်သားသေဆုံး
------------------------

😢4👍3🔥3😁1
ဇွန်လ ၁၉ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥2
မွေးနေ့ရှင်အတွက် ရဲရင့်ခြင်းအနီရင့်ရောင်များ လွှမ်းခြုံခဲ့သည့် လူထုသပိတ်
❤18👍2😁2🔥1
မွေးနေ့ရှင်အတွက် ရဲရင့်ခြင်းအနီရင့်ရောင်များ လွှမ်းခြုံခဲ့သည့် လူထုသပိတ်
=======================
လောင်းလုံး၊ဇွန်လ ၁၉ ရက်။
(မဇ္ဈိမ)။ ။ ပြာလွင်လွင်ပင်လယ်ပြင်ကြီးဘေး၌ မေးတင်ထားသော တနင်္သာရီတိုင်းထဲမှ လှပသည့် ကမ်းခြေမြို့လေး၏ ကတ္တရာလမ်းမထက်တွင် အနီရင့်ရောင်အစုအဖွဲ့တစ်ခုက ယနေ့ ဇွန်လ ၁၉ ရက်နေရာယူသွားခဲ့သည်။
တနင်္သာရီတိုင်း၊လောင်းလုံးမြို့နယ်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၈) နှစ်မြောက်မွေးနေ့ပွဲအထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလူထုသပိတ်လှုပ်ရှားမှုကို ဒီမိုကရေစီအရေးလှုပ်ရှားသူများနှင့် မြို့ခံလူထုက ယနေ့ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
“တကယ့် အကျဉ်းထောင်ဟာ ကြောက်ရွံ့မှုဖြစ်ပြီး စစ်မှန်တဲ့လွတ်လပ်မှုဆိုတာ ကြောက်ရွံ့မှု ကင်းမဲ့ခြင်း ဖြစ်တယ်”ဆိုသော ဒေါ်အောင်ဆန်းစုကြည်၏ အဆိုအမိန့်ကို ကိုင်ဆွဲကာ လူထုသပိတ်ကို ပုံဖော်ခဲ့ကြသည်။
အနီရင့်ရောင်အင်္ကျီများ ဆင်တူဝတ်ဆင်ထားကြသော အမျိုးသမီးများ၊ လူငယ်များနှင့် ဒေသခံပြည်သူအများအပြားက ခြေလျင်ရော၊ ဆိုင်ကယ်များဖြင့်ပါ ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
တနင်္သာရီတိုင်းအတွင်း တော်လှန်ရေးအင်အားစုများကို စစ်ကောင်စီက ယခင်ကထက်ပို၍ ဖိနှိပ်နေသည့်ကြားမှ ဒေသတွင်း ကတ္တရာလမ်းမထက်တွင် အနီရင့်ရောင်များ လွှမ်းခြုံခဲ့သော အဆိုပါ လူထုသပိတ် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ယနေ့ လူထုသပိတ်ကို ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) မှ ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
" အမေစု သက်ရှည်ကျန်းမာပါစေ" ဟု ဆုတောင်းစာသားရေးထိုးထားသည့် မွေးနေ့ကိတ်ဖြင့် ယနေ့ အသက် (၇၈)နှစ်ပြည့်ခဲ့ပြီဖြစ်သည့်နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အတွက် မွေးနေ့ဆုတောင်းခဲ့ကြသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်က နိုင်ငံတော် အာဏာသိမ်းပြီးချိန်မှစ၍ ဖမ်းဆီးထိန်းသိမ်းခံထားရသည်။ ယနေ့ ကျရောက်သော သူမ၏ မွေးနေ့အထိမ်းအမှတ်အဖြစ် မြန်မာပြည်သူများနှင့် ပြည်တွင်းနှင့် နိုင်ငံတကာမှ စစ်အာဏာရှင်တော်လှန်ရေးအင်အားစုများက မွေးနေ့ပွဲအခမ်းအနားများကို ပုံစံမျိုးစုံဖြင့်ပြုလုပ်နေကြသည်။
စာတည်း - မောင်ကြီး
#mizzima
#လောင်းလုံးမြို့နယ်
#ဒေါ်အောင်ဆန်းစုကြည်
#(၇၈)နှစ်မြောက်မွေးနေ့
#လူထုသပိတ်

#mizzima – Explore
explore #mizzima at Facebook
❤15👍3❤🔥1🔥1😁1
ပြောင်းရွှေ့ကြေး အသုံးကြမ်းတဲ့ ဆော်ဒီကလပ်တွေကနေ ဥရောပဘောလုံးလောကကို ခြိမ်းခြောက်တယ်ဆိုတဲ့ အယူအဆကို ယူအီးအက်ဖ်အေဥက္ကဋ္ဌ အလက်ဆန်ဒါ ဆယ်ဖာရင် ပယ်ချ
===================
ဆော်ဒီအာရေးဗီးယားကလပ်တွေဆီ ကစားသမားများ ပြောင်းရွှေ့ခြင်းကို ဥရောပဘောလုံးဘောကအနေနဲ့ မကြောက်သင့်ကြောင်း ယူအီးအက်ဖ်အေဥက္ကဋ္ဌ အလက်ဆန်ဒါ ဆယ်ဖာရင်က တနင်္ဂနွေနေ့မှာ ပြောကြားပြီး သူတို့ရဲ့ ကစားသမားဘဝကုန်ဆုံးချိန်မှာ ကြယ်ပွင့်တွေထံမှာ ရင်းနှီးမြုပ်နှံမှု နိုင်ငံအနေနဲ့ မှားယွင်းကြောင်း မှတ်ချက်ချလိုက်ပါတယ်။
ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ ကာရင် ဘင်ဇီမာတို့ဟာ ဒီနှစ်အတွင်း ဆော်ဒီအာရေးဘီးယားကလပ်အသင်းနဲ့ ပူးပေါင်းရာမှာ ဒေါ်လာသန်းရာနဲ့ ချီ ရယူခဲ့ပြီး လီယွန်နယ် မက်ဆီနဲ့ လူကာမိုဒရစ်တို့ကို အလားတူကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ သူတို့တွေဟာ ၂၀၀၈ ကတည်းက ဘလွန်းဒီအော်ဆုတိုင်းကို ရယူနိုင်ခဲ့ပြီး သူတို့အားလုံးဟာ အနည်းဆုံး အသက် ၃၅ နှစ်ရှိပြီဖြစ်ပါတယ်။
အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆာလ်မန် ဦးဆောင်တဲ့ ပြည်သူ့ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေဖြင့် အချုပ်အခြာ ဓနဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု အများစုကို ပိုင်ဆိုင်ခွင့် ရယူလိုက်တဲ့အခါ ဆော်ဒီအာရေးဗီးယား ထိပ်သီးကလပ်လေးသင်းကို ဒီလအတွင်း ပြည်သူပိုင်အဖြစ် ထိထိရောက်ရောက် ထိမ်းချုပ်ခဲ့ပြီးနောက် နောက်ထပ်ကစားသမားတွေ ရောက်ရှိလာဖို့ မျှော်လင့်ရပါတယ်။

👍5🔥1