Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဒေါ်အောင်ဆန်းစုကြည် ၇၈ နှစ်ပြည့်မွေးနေ့ ကလေးမြို့သပိတ်ကော်မတီ ကျင်းပ
❤15🔥2😁2
ဒေါ်အောင်ဆန်းစုကြည် ၇၈ နှစ်ပြည့်မွေးနေ့ ကလေးမြို့သပိတ်ကော်မတီ ကျင်းပ
=========================

ပါခွီး
(မဇ္စျိမ) ။ ။ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်မြောက် မွေးနေ့ပွဲ အထိမ်းအမှတ်အဖြစ် လူထုလှုပ်ရှားမှုကို ကလေးမြို့ ပင်မသပိတ်ကော်မတီမှ ကျင်းပခဲ့ကြောင်း သိရသည်။
ဇွန်လ ၁၉ ရက် ယနေ့တွင်ကျင်းပသော အခမ်းအနားကို ဒေသခံပြည်သူများနှင့်အတူ ကျောင်းသားများ ၊ ယင်းမာပင် - ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ကော်မတီ ၊ လက်ပံတောင်းတောင် လူထုသပိတ်ဦးဆောင်ကော်မတီမှ အဖွဲ့ဝင်ရဲဘော်များနှင့် ပူးပေါင်းကျင်းပခဲ့ခြင်း ဖြစ်သည်။

အခမ်းအနားတွင် ဇွန်လ (၁၉) ရက် လှုပ်ရှားမှုအဖြစ် ပန်းသပိတ်နှင့်အတူ “ခွန်အား ဖြည့်မိငယ်” သီချင်းကို သံပြိုင်သီဆိုက ဦးဆောင်သူများမှ လူထုသပိတ်တရားများ ဟောကြားခဲ့ကြောင်းသိရသည်။
မိဘပြည်သူများအနေဖြင့် စစ်အာဏာရှင်စနစ်ကို “ကျေးလက်ပုန်ကန် မြို့ပြဖီဆန်” ကြလျက် တော်လှန်ရေးမီးစာအမြင့်ဆုံးသို့မြင့်တင်ကာ နိုင်ရာကဏ္ဍအသီးသီးမှ ပါဝင် တိုက်ပွဲဝင်ကြပါရန် ကလေးမြို့ပင်မသပိတ်ကော်မတီမှ တိုက်တွန်းထားသည်။

ကလေးမြို့တွင် ဧပြီလ ၁၆ရက် “တော်လှန်သင်္ကြန်” ဆန္ဒပြပွဲတွင် သပိတ်ကော်မတီမှ အဖွဲ့ဝင်လေးဦး ဖမ်းဆီးခံရပြီးနောက် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများရပ် ဆိုင်းသွားခဲ့ပြီး ဇွန်လ ၁၈ ရက် ယမန်နေ့မှစတင်ကာ လူထုလှုပ်ရှားမှုများ ပြန်လည် ပြုလုပ်လာခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း။ ။ နောင်နောင်

#ဒေါ်အောင်ဆန်းစုကြည်
#ပန်းသပိတ်
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10❤9🔥1😁1
ဇွန်လ (၁၉) ရက်နေ့၊ ည ၇ နာရီ၊ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်
=======================

- ရန်ကုန်မှာ We Miss You ဘန်နာချိတ်ဆွဲကာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုပြုလုပ်တဲ့သတင်း

- စစ်ကောင်စီက မန္တလေးမြို့အနှံ့ ပိတ်ဆို့စစ်ဆေးနေပြီး ပန်းပန်ထားပါက ဆဲဆိုပြီး ဆွဲဖြုတ်ခိုင်းတဲ့သတင်း

- လေအားလျှပ်စစ်စီမံကိန်း ၃ ခုအတွက် ရုရှားနှင့် စစ်ကောင်စီ MOU ထိုးတဲ့သတင်း

- ကန့်ကွက်မှုများကြားမှာပဲ ထိုင်းအစိုးရက မြန်မာ့အရေး ဆွေးနွေးပွဲ ကျင်းပမယ့်သတင်း

- အညာဒေသမှာ စစ်ကောင်စီတပ်ဖွဲ့က ရိက္ခာတွေကို ဘယ်လိုသယ်နေလဲဆိုတဲ့ရုပ်သံသတင်းလွှာနဲ့

- ယူကရိန်းပဋိပက္ခနဲ့ပတ်သက်ပြီး အာဖရိကနိုင်ငံတွေရဲ့ မျှတတဲ့ချဉ်းကပ်မှုအပေါ် ပူတင်ချီးကျူးတဲ့သတင်းအပါအဝင် တခြားအရေးကြီးတဲ့သတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးပါမယ်။

https://www.youtube.com/live/KvaXP6Re2K0?feature=share

#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5😁1🍌1
​​ဒေါ်အောင်ဆန်းစုကြည်၏ စိတ်ဓာတ်သတ္တိများကို စံပြုအတုယူရ မည်ဟု NUG ယာယီသမ္မတပြောကြား
================

ဒေါ်အောင်ဆန်းစုကြည်၏ စိတ်ဓာတ်သတ္တိများကို စံပြုအတုယူရမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတဒူဝါလရှီးလက တိုက်တွန်းရင်း အကျဉ်းကျခံနေရသော အသက် ၇၈ နှစ်ပြည့်မြောက်သောမွေးနေ့ရှင်ကို ဂုဏ်ပြုလိုက်သည်။

" ဒေါ်အောင်ဆန်း စုကြည်ဟာ စွန့်စားရဲတယ်၊ ဇွဲနပဲ သိပ်အားကြီးတယ်။ လူထုလွတ်လပ်ခွင့်နဲ့ လူထုအကျိုးစီးပွားအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တစိုက်မတ်မတ် အနစ်နာခံမှုဟာ တော်ရုံ ဘယ်သူမှ မမှီနိုင်တဲ့ အဆင့်အတန်းမျိုးမှာ ရှိပါတယ်။ အဲသည့်အတွက် ကျွန်တော်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားဦးညွှတ်မိပါတယ်။ ကျွန်တော်တို့ဟာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ စိတ်ဓာတ်သတ္တိတွေကို အမှတ်တရအနေနဲ့ပဲ ထားရမှာ မဟုတ်ပါဘူး။ စံပြု အတုယူကြရမယ်လို့ အထူးပြောကြားချင်ပါ တယ်" ဟု ယာယီသမ္မတကြီးက ပြောသည်။

မွေးနေ့ရှင်မပါဝင်နိုင်သည့် မွေးနေ့ပွဲကို ဝမ်းနည်းကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်မှာ မိမိနှင့် အသက်အပိုင်းအခြားကွာခြား မှုမရှိကြောင်း၊ ပြည်သူများပေးပို့သည့် မေတ္တာကို ရရှိမည်ဟု ယုံကြည်ကြောင်း သမ္မတကြီးကပြောသည်။

" ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုခေါင်းဆောင်အဖြစ်ကို ရရှိခဲ့သလို၊ တိုင်းပြည်ကို ဦးစီးဦးဆောင် ပြုခဲ့သူ ဖြစ်ပါတယ်။ နိုင်ငံရေးအရ နည်းနာပိုင်း / မဟာဗျူဟာပိုင်း အတိမ်းအစောင်း အချွတ်အချော်ဖြစ်တာ ရှိကောင်းရှိနိုင်ပေမယ့် ဒေါ်အောင်ဆန်း စုကြည်ဟာ တိုင်းပြည်နဲ့ လူထုအပေါ် စေတနာ မယုတ်လျော့ခဲ့ပါ ဘူး။ ဒါကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဘဝ ဖြတ်သန်းမှု တစ်လျှောက်လုံးက သက်သေခံနေပါတယ်။ လူထုအပေါ်မှာ ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိတ်ကောင်း စေတနာဟာ မြန်မာ့နိုင်ငံရေးသမိုင်းမှာ အထင်အရှား ပြယုဂ်တစ်ခုအနေနဲ့ နှစ်ပေါင်းများစွာ ထင်ကျန်ရစ်နေပါလိမ့်မယ်" ဟု ၎င်းကဆက် ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ခေါင်းဆောင်များက နိုင်ငံရေး ဇာတ်ခုံ ပေါ်မှ တွန်းချရန် အားထုတ်ခဲ့သည်ဟု ယာယီသမ္မတကြီးက ပြောသည်။

" ဒေါ်အောင်ဆန်းစုကြည်ကို ဖယ်ရှားဖို့ ကြိုးစားခြင်းဟာ လူထုရဲ့ လွတ်လပ်ခွင့်နဲ့ လူထုတရားမျှတမှုကို ငြင်းဖျက်တာနဲ့ အတူတူပဲလို့ ပြောချင်ပါတယ်။ ကျွန်တော်တို့ဟာ လူထုလွတ်လပ်ခွင့်အတွက် အမြဲတိုက်ပွဲဝင်နေကြရပါလိမ့်မယ်" ဟု သမ္မတကြီးက သတိပေး သည်။

နွေဦးတော်လှန်ရေးမှာ လက်နက်ကိုင်လမ်းစဉ်တခုတည်းဖြင့် သွားနေသည့် လူထု တော်လှန် ရေးမဟုတ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်မှာ လတ်တ လောတွင် တိုင်းပြည်နှင့် လူထုကို ရှေ့ဆောင်ရန် အခက်အခဲဖြစ်နေသည့်အချိန်ဖြစ်ကြောင်း၊ သို့သော် သူမပြောကြားခဲ့သည့် လမ်းညွန်ချက်ဟောပြောချက်များ ရှိသည်ဟု ယာယီသမ္မတကြီးက ပြောသည်။

" အတိတ်မှာ ဒေါ်အောင်ဆန်းစုကြည် လမ်းပြသွန်သင်ဟောပြော ခဲ့တဲ့ လမ်းညွှန်ချက်တွေ အမြောက်အမြား ရှိခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်နဲ့ လူထုကိုလည်း လမ်းညွှန်ခဲ့တယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက်လည်း လမ်းညွှန်ချက်တွေ ပေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးလမ်းညွှန်ချက်တွေဟာ အချိန်ကာလ ကြာညောင်း ခဲ့ပေမယ့် မပုတ်မသိုးဘဲ တည်ရှိနေတဲ့ လမ်းညွှန်ချက် အမြောက်အမြားရှိနေပါတယ်။ ဒါတွေကို ကျွန်တော်တို့ သတိရကြဖို့ ဖြစ်ပါတယ်" ဟု ယာယီသမ္မတကြီးက ပြောသည်။
👍17❤4😁3
​​အဓိကကျသော အာဆီယံအဖွဲ့ဝင်များ မတက်ရောက်သည့် မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲ ထိုင်း ကျင်းပ
======================

ဖယ်ကြဉ်ခံထားရသော မြန်မာအာဏာသိမ်းစစ်အုပ်စုနှင့် ပြန်လည်ထိတွေ့ဆက်ဆံရန် ရည်ရွယ်သည့် မြန်မာ့အရေး ဆွေးနွေးပွဲကို ဇွန်လ ၁၉ ရက်တွင် ထိုင်းက အိမ်ရှင်အဖြစ် ကျင်းပပြီး တစ်ဆက်တည်းမှာပင် ထို ဆွေးနွေးပွဲ ပြုလုပ်ရခြင်းက လျော်ကန်သင့်မြတ်ကြောင်း ထိုင်းအိမ်စောင့်အစိုးရက ပြောသည်။ ပဋိပက္ခဒဏ်သင့် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော မိမိတို့နယ်စပ်ကို ကာကွယ်ရန် ယခု ဆွေးနွေးပွဲကို လုပ်ဆောင်ရန် လိုအပ်ကြောင်း ထိုင်းက ပြောသော်လည်း ထိုအစည်းအဝေးတွင် အရေးပါသော အာဆီယံအဖွဲ့ဝင်နိုင်ငံများ တက်ရောက်ခြင်း မရှိပေ။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👎9😁2❤1
အာဏာသိမ်းကာလအတွင်း မိုးဗြဲမြို့မှာ အရပ်သား ၆၀ ကျော် သေဆုံး
========================

001 (မဇ္ဈိမ) ။ ။ အာဏာသိမ်းကာလ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဇွန်လ ၁၇ ရက်နေ့အတွင်း ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့မှာ အရပ်သား ၆၀ ကျော်သေဆုံးခဲ့ကြောင်း တိုးတက်သောကရင်နီ ပြည်သူ့အင်အားစု (PKPF) က ထုတ်ပြန်ပါတယ်။

PKPF ရဲ့ လက်လှမ်းမီသလောက် ပြုစုထားတဲ့ စာရင်းတွေအရ သေဆုံးသူတွေထဲမှာအမျိုးသား ၄၅ ဦး၊ အမျိုး သမီး ၁၅ ဦးနဲ့ ကျား၊ မ မသိရသေးသူ ခြောက်ဦးပါဝင်ပြီးအဲဒီအထဲမှာ အသက် ၁၈ နှစ်အောက် ကလေး သူငယ် ၁၃ ဦးပါဝင်ပါတယ်။

အရပ်သားတွေဟာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှု ခံရတာ၊ လက်နက်ကြီးထိမှန်တာ၊ လေကြောင်းကနေ တိုက်ခိုက်ခံရတာ၊ မိုင်းနင်းမိတာနဲ့ လက်နက်ကြီးသံကြောင့် ထိတ်လန့်ပြီး သေဆုံးရတာတွေ ပါဝင်ပါတယ်။

https://youtu.be/9-O8_FcYdXE

ရုပ်သံတည်းဖြတ် - KMN

#Mizzima
#PKPF
#မိုးဗြဲမြို့

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယ
😢2🔥1😁1
​​နေးရှင်းလိဂ် ချန်ပီယံဖြစ်ပြီးနောက် 'နောက်ထပ် ပျော်ရွှင်ဝမ်းမြောက်မှုတွေ ရှိလာမယ်'လို့ စပိန် နည်းပြ ပြော
===================

စပိန်နည်းပြ လူးဝစ် ဒီလာ ဖူရန်တေးက တနင်္ဂနွေနေ့မှာ သူ့နိုင်ငံရဲ့ နေးရှင်းလိဂ် အောင်ပွဲဟာ လာရိုဂျာတွေအတွက် အောင်မြင်မှုခေတ်သစ်ကို အထောက်အကူဖြစ်စေနိုင်မယ်လို့ မျှော်လင့်နေပါတယ်။

 ရော့တာဒမ်က ဖီယင်နုရဲ့ De Kuip ကွင်းမှာ မိနစ် ၁၂၀ အပြီး နှစ်ဖက်အသင်း ဂိုးမရှိသရေကျပြီးနောက် သူတို့ဟာ ခရိုအေးရှားအသင်းကို ပင်နယ်တီအဆုံးအဖြတ်မှာ ၅-၄ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။

စပိန်အသင်းဟာ ယူရို ၂၀၁၂ မှာ အောင်ပွဲခံခဲ့ပြီးနောက်ပိုင်း ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် ဆုဖလားမဆွတ်ခူးနိုင်ခဲ့ဘဲ ကာတာမှာ ကမ္ဘာ့ဖလားပြိုင်ပွဲ ရှုံးထွက် ၁၆ သင်းအဆင့်ကနေ ထွက်ခွာခဲ့ရပါတယ်။
👍2🔥1
ဆားလင်းကြီးမြို့နယ်မှ စစ်ရှောင် ၁,၅၀၀ အတွက် အစားအစာများ ထောက်ပံ့
🥰8❤3🔥1
ဆားလင်းကြီးမြို့နယ်မှ စစ်ရှောင် ၁,၅၀၀ အတွက် အစားအစာများ ထောက်ပံ့
====================

008
မန္တလေး(မဇ္ဈိမ)။ ။လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် အဖြစ် အညာပစ်တိုင်းထောင်လေးများအဖွဲ့က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှ စစ်ဘေးရှောင် ၁,၅၀၀ အတွက် ယနေ့ ဇွန်လ ၁၉ ရက်နေ့ နံနက်ပိုင်းက ထမင်းနှင့်ဟင်းများ လှူဒါန်းကျွေးမွေးခဲ့ကြောင်း သိရသည်။

“အခုလို အမေ့မွေးနေ့မှာ ပြည်သူတွေကိုတတ်နိုင်သလောက် ကူညီအားဖြည့်ပေးခဲ့ပါတယ်။ ပြည်သူတွေ ရော၊ အမေစုပါ လွတ်မြောက်စေချင်ပါပြီ” ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့ ဦးဆောင်သူကပြော သည်။

လက်ရှိတွင် ဆားလင်းကြီးမြို့နယ်၌ စစ်ဘေးရှောင် ၃,၀၀၀ ကျော်ရှိနေပြီး စားဝတ်နေရေး အခက်အခဲ ဖြစ်နေကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့ ဦးဆောင်သူက ဆိုသည်။
ဆားလင်းကြီးမြို့နယ်တွင် ဇွန်လ ၉ ရက်နေ့က ညောင်ပင်ကြီးရဲစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင် စီတပ်မှ စစ်ကြောင်းထိုး မီးရှို့မှုများပြုလုပ်နေခြင်းကြောင့် စစ်ဘေးရှောင် ၃,၀၀၀ ကျော်ရှိလာခြင်းဖြစ် ကြောင်း သိရသည်။

စစ်ဘေးရှောင်များအနက်မှ အချို့သည် စစ်ဘေးရှောင်စခန်းလေးခုတွင် နေထိုင်နေရသော်လည်း အချို့ မှာ လယ်ကွင်းပြင်၌ တဲထိုးနေထိုင်နေကြရကြောင်း သိရသည်။

“ယာယီစစ်ရှောင်စခန်းလေးနေရာတော့ရှိတယ်၊ တချို့ပြည်သူတွေက လယ်ကွင်းပြင်ထဲ အမိုးမလုံ၊ အကာ မလုံနဲ့ စစ်ရှောင်နေရတယ်ဗျ၊ ရက်ကြာလာတော့ စားဝတ်နေရေးအခက်ခဲဖြစ်တာပေါ့" ဟု အညာပစ် တိုင်းထောင် လေးများအဖွဲ့ ဦးဆောင်သူက ပြောသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ

#ဆားလင်းကြီး
#Mizzima
#စစ်ဘေးရှောင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤9🔥1🥰1