နယူးဒေလီတွင် မြန်မာဒုက္ခသည်များ UNHCR ရုံးရှေ့၌ ဆန္ဒပြတောင်းဆို
=====================
ပါခွီး၊ ရောင်နီ
(မဇ္စျိမ) ။ ။အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် မြန်မာဒုက္ခသည်များက “ကမ္ဘာ့ဒုက္ခသည်နေ့” အဖြစ် ကုလ သမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR)ရှေ့၌ ဇွန်လ ၂၀ ရက်နေ့ နံနက်ပိုင်းကဆန္ဒပြခဲ့ကြ သည်။
မြန်မာနိုင်ငံတွင် စစ်တပ်မှအာဏာသိမ်းပြီးနောက် ခိုလှုံလာသောမြန်မာနိုင်ငံသားများကို ဒုက္ခသည်အဖြစ် အသိအမှတ်ပြုရန် UNHCR မှ ယနေ့အချိန်ထိ လုပ်ဆောင်မပေးသည့်အပေါ် အမြန်ဆုံး အသိအမှတ်ပြုပေး ရန်တောင်းဆိုခဲ့ကြခြင်းဖြစ်ကြောင်း ဆိုသည်။
“ ကျနော်တို့ကို UNHCR က အခုအချိန်အထိ ဒုက္ခသည်အဆင့်အတန်းသတ်မှတ်တဲ့ အင်တာဗျူးကိုတောင် မလုပ်သေးဘူး။ ကျနော်တို့အတွက် သူတို့ဘက်က ဖြည့်ဆည်းလုပ်ဆောင်ပေးရမယ့်ဟာတွေကို ပျက် ကွက်နေတဲ့အတွက် အခုလို လာရောက်တောင်းဆိုရတာပါ” ဟု ဆန္ဒပြပွဲသို့ လာရောက်သူတဦးကပြော သည်။
ဆန္ဒပြသူများက အိန္ဒိယနိုင်ငံတွင် ကြာမြင့်စွာခိုလှုံနေသောဒုက္ခသည်များကို တတိယနိုင်ငံသို့ အခြေချ နေထိုင်နိုင်ရေးနှင့် ယင်းသို့နေထိုင်ရန် ဗီဇာရရှိပြီးသူများကို အမြန်ဆုံးထွက်ခွာခွင့်ပြုရန် တောင်းဆိုခဲ့ကြ သည်။
“ အခု UNHCR လုပ်ဆောင်ချက်တွေက အကြမ်းဖက်စစ်ကောင်စီနဲ့ အိန္ဒိယနိုင်ငံအကြား နားလည်မှုတည် ဆောက်ထားတဲ့အပေါ် အကောင်အထည်ဖော်ပေးသလို ဖြစ်နေတယ်။ ဒါကြောင့် မြန်မာနိုင်ငံကဒုက္ခ သည်တွေအတွက် အကူအညီပေးမှုတွေက လောလောဆယ်မရှိသလောက် ဖြစ်နေတယ်” ဟု India For Myanmar မှ ဆလိုင်းဒိုခါရ်က မဇ္စျိမသို့ပြောသည်။
ဆန္ဒပြသူများထဲမှ ဦးဆောင်သူအချို့သည် ၎င်းတို့၏ တောင်းဆိုချက်များရေးသားထားသော အိတ်ဖွင့် ပေးစာကို UNHCR တာဝန်ရှိသူများထံ ပေးအပ်ခဲ့ကြောင်းသိရသည်။
၎င်းတို့တောင်းဆိုသည့် အချက်များကိုမရမချင်းဆက်လက်၍ နည်းမျိုးစုံဖြင့် တောင်းဆိုသွားမည်ဖြစ် ကြောင်း ဆန္ဒပြပွဲဦးဆောင်သူများက ပြောသည်။
မြန်မာဒုက္ခသည်များဆန္ဒပြတောင်းဆိုမှုအပေါ် UNHCR ရုံးဘက်မှ အခြားနည်းလမ်းများဖြစ်သော အခမဲ့ ပြောဆိုနိုင်သည့် ဖုန်းလိုင်းများ၊ အင်တာနက်မှစာရေးသားပေးပို့ခြင်း၊ ကွန်မြူနတီအဖွဲ့အစည်းများမှ တဆင့်သာ ဆက်သွယ်ရန် ထုတ်ပြန်အသိပေးခဲ့သည်။
အခြားဆန္ဒပြသည့်နေရာများတွင်သာ ဆန္ဒထုတ်ဖော်ရန်ဖြစ်ပြီး အကယ်၍ ရုံးချုပ်သို့လာရောက်စုဝေး တောင်းဆိုမည်ဆိုပါက ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူများသာ ထိခိုက်နစ်နာမည်ဖြစ်ကြောင်း လည်း UNHCR မှဆိုသည်။
ဆန္ဒပြပွဲကို နယူးဒေလီမြို့အနောက်ပိုင်းတွင် နေထိုင်လျက်ရှိသောမြန်မာဒုက္ခသည်များက ဘတ်စ်ကား ဖြင့် လာရောက်စုဝေးခဲ့ကြပြီး စုစုပေါင်း မြန်မာနိုင်ငံသား ၁၀၀ ဝန်းကျင်နှင့် အိန္ဒိယနိုင်ငံမှ ပညာရှင်အချို့ အပြင် ဒေသခံသတင်းမီဒီယာများပါ လာရောက်ခဲ့ကြသည်။
ယခုပြုလုပ်ခဲ့သည့် ဆန္ဒပြတောင်းဆိုပွဲကို Myanmar Refugees Demand Committee နှင့် India For Myanmar တို့မှဦးဆောင်ပြီး ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဟုသိရသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#ဆန္ဒပြတောင်းဆို
#ဒုက္ခသည်
#UNHCR
#အိတ်ဖွင့်ပေးစာ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

Facebook
#ဆန္ဒပြတောင်းဆို – Explore
explore #ဆန္ဒပြတောင်းဆို at Facebook
👍15🔥2😁1
မန္တလေးတွင် စကစ၏ရဲစခန်းတခုကို ဗုံးဖြင့်တိုက်ခိုက်ခဲ့ဟု NMD-PDF ဆို
======================
007
(မဇ္စျိမ) ။ ။မန္တလေးမြို့မှ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းတခုကို ဇွန်လ ၁၉ ရက်နေ့ ညပိုင်းက ဗုံးဖြင့် တိုက်ခိုက်ခဲ့သည်ဟု မန္တလေးအခြေစိုက် ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်သော No More Dictatorship People Defense Force-NMD PDF က သတင်းထုတ်ပြန်ထားသည်။
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ လမ်း ၈၀ နှင့် ၉ လမ်းထောင့်ရှိ အမှတ်(၄)နယ်မြေရဲစခန်းကို ဇွန်လ ၁၉ ရက်နေ့ ည ၈ နာရီခန့်က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။
“တင်းကြပ်သည့်အစစ်အဆေးများ၊ ကင်းပုန်းများအထပ်ထပ်ချထားသည့်ကြားမှ လူထုခေါင်းဆောင်အမေ ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အဖြစ် ဖောက်ခွဲတိုက်ခိုက်ခဲ့ပါသည်” ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားပြီး “အထိ အခိုက်အသေအဆုံးရှိနိုင်တယ်၊ အသေးစိတ်ကို အတည်ပြုပြီးမှ ပြန်ပြောနိုင်မယ်” ဟု NMD PDF ပြန်ကြားရေးတာ၀န်ခံက ပြောသည်။
ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်မှုအခြေအနေနှင့်ပတ်သက်၍ ဇွန်လ ၂၀ ရက် ညနေပိုင်းအထိ မသိရသေး သော်လည်း စစ်အုပ်စုက ရဲစခန်းနှင့်အနီး၀န်းကျင်ရပ်ကွက်များအား ယမန်နေ့က တညလုံး ဧည့်စာရင်း စစ်ခဲ့ကြောင်း၊ ယနေ့တွင်လည်း တစ်နေကုန် တင်းကြပ်သည့်စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများ ကပြောသည်။
NMD PDF သည် လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ အထိမ်းအမှတ်အဖြစ်ပြုလုပ်သည့် ပန်းသပိတ်လှုပ်ရှားမှုတွင်လည်း ပါ၀င်ဆင်နွှဲခဲ့သည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#မန္တလေးမြို့
#NMD_PDF
#ဗုံးဖြင့်တိုက်ခိုက်
#ပန်းသပိတ်

👍15😁2❤1👏1
ပြည်ထောင်စုဝန်ကြီးများနှင့် အမေရိကန်ရောက် မြန်မာပြည်သူများတွေ့ဆုံပွဲမှရရှိသော အလှူငွေများ NUG သို့ လှူဒါန်းမည်ဟုဆို
👍14❤3😁2

===================
ကိုခင်မောင်
(မဇ္ဈိမ)။ ။အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီဧရိယာတွင် ပြုလုပ်ခဲ့သော အမျိုးသားညီညွတ်ရေး အစိုးရ ပြည်ထောင်စုဝန်ကြီးများနှင့် အမေရိကန်ရောက် မြန်မာပြည်သူများအကြား လူထုတွေ့ဆုံပွဲမှ ရရှိလာသောအလှူငွေများကို NUG ထံသို့ လှူဒါန်းမည်ဟု ပွဲစီစဉ်သူတဦးထံမှ သိရသည်။
“ကျန်းမာရေး၊ ပညာရေး၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီးဌာန လိုအပ်ချက် များအတွက်လှုဒါန်းကြရာ အမေရိကန် ဒေါ်လာ ၁၀,၀၀၀ ကျော်ရရှိပါတယ်။ ရရှိထားတဲ့အလှူငွေ အား လုံးကို NUG မှတဆင့် လှူဒါန်းသွားမှာပါ” ဟု ပွဲစီစဉ်သူက မဇ္ဈိမကို ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးများ၏ လူထုတွေ့ဆုံပွဲနှင့် မတရားဖမ်းဆီးခံ နိုင်ငံ တော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့် မွေးနေ့ဆုတောင်းပွဲအခမ်းအနားကို ဇွန်လ ၁၇ ရက်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဒေါက်တာဇော်ဝေစိုး၊ ဦးထင်လင်းအောင် နှင့် ဒုဝန်ကြီး ဦးမိုးဇော်ဦးတို့ တက်ရောက်ခဲ့ကြသကဲ့သို့ ဝါရှင်တန်ဒီစီ ၊ Pennsylvania ၊ Delaware နှင့် Buffalo တို့မှ မြန်မာပြည်သူများတက်ရောက်ခဲ့ကြသည်ဟု ဆိုသည်။
တွေ့ဆုံပွဲတွင် ပြည်သူများမှ သိလိုသည်များအား ရင်းနှီးပွင့်လင်းစွာမေးမြန်းခဲ့ကြပြီး တော်လှန်ရေး အတွက် လှူဒါန်းငွေများကိုလည်း ထည့်ဝင်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#အမေရိကန်ပြည်ထောင်စု
#အမျိုးသားညီညွတ်ရေးအစိုးရ
#တွေ့ဆုံပွဲ

👍19❤9😁2👏1
မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်း စနိုက်ပါဖြင့် ပစ်ခတ်ခံရ
===================
007၊008 (မဇ္ဈိမ) ။ ။ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ရုံးပင်ရွာမှ ကြပ်ပြင်ရွာသို့ သွားရောက်ပူးပေါင်းသည့် အင်အား ၄၀ ခန့်ပါ စစ်ကောင်စီတပ် စစ်ကြောင်းကို ယနေ့ ဇွန် ၂၀ ရက်နေ့ နံနက်ပိုင်းတွင် စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြနန္ဒာစစ်ဆင်ရေး (မန္တလေး) တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။
ယနေ့ ဇွန် ၂၀ ရက် နံနက် ၁၁ နာရီခန့်က မန္တလေးတိုင်း မတ္တရာမြို့နယ် ရုံးပင်ကျေးရွာမှ ကြပ်ပြင်ကျေးရွာဘက်သို့ ကူးလာသော စစ်ကောင်စီတပ် စစ်ကြောင်းသည် ကြပ်ပြင်ကျေးရွာတွင် တပ်စွဲအထိုင်ချနေစဉ် စနိုက်ပါဖြင့် စောင့်ဆိုင်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူက ပြောသည်။
"ပထမတစ်ကောင်က ကင်းသမား၊ ပထမတစ်ချက်က လွဲသွားတယ်၊ နောက်တစ်ချက်ထပ်ပစ်တော့ ထိတယ်၊ အထဲကနေ စခ (စစ်ကောင်စီတပ်သား) ငါးကောင်ထပ်ထွက်လာတော့ နောက်တစ်ချက်ထပ်ပစ်တာ အဲဒီမှာတစ်ကောင် ထပ်ထိတယ်၊ စုစုပေါင်း သုံးချက်ပစ်ခဲ့တာ နှစ်ကောင်ထိတယ်" ဟု မြနန္ဒာစစ်ဆင်ရေး(မန္တလေး)မှတာ၀န်ရှိသူတစ်ဦးက မဇ္စျိမကိုပြောသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးကြောင်း တာဝန်ရှိသူက ဆက်ပြောသည်။
"မြနန္ဒာစစ်ဆင်ရေး(မန္တလေး) မှ ရဲဘော်များက စနိုက်ပါဖြင့် စောင့်ဆိုင်းပြီး သုံးချက် ချက်ပစ်ခတ်ခဲ့တာ၊ စခ (စစ်ကောင်စီတပ်သား) နှစ်ကောင် ငရဲသို့ ပို့ဆောင်ပေးခဲ့ပါတယ်"ဟု မြနန္ဒာစစ်ဆင်ရေး(မန္တလေး) တာဝန်ရှိသူက ပြောသည်။
ထိုသို့ စစ်ကောင်စီတပ်သားနှစ်ဦး သေဆုံးမှုနှင့် ပတ်သက်ပြီး မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုချက် မရသေးပေ။ ဒေသခံတစ်ဦးကလည်း ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်မှာ မှန်ကန်ကြောင်း မဇ္ဈိမကို အတည်ပြု ပြောသည်။
"ဖြစ်တယ်ဗျ၊ သေမသေတော့ မသိရဘူး၊ ကြပ်ပြင်ရွာမှာ တပ်စွဲထားတဲ့တပ် အပစ်ခံရတာပါ"ဟု ဒေသခံတစ်ဦးက ပြောသည်။
မြနန္ဒာ စစ်ဆင်ရေး(မန္တလေး) အနေဖြင့် တိုက်ခိုက်မှု ၃၃ ခု ပြုလုပ်ထားပြီး
ဆက်လက် စစ်ဆင်ရေး အရှိန် မြှင့်တင်ရန်၊ လိုအပ်နေသည့် လက်နက် ခဲယမ်းများ ဖြည့်တင်းရန်အတွက် ကူညီထောက်ပံ့ပေးကြရန် အဆိုပါအဖွဲ့က မေတ္တာရပ်ခံ ထားသည်။
“ကျွန်တော်တို့ လျာထားတဲ့ မစ်ရှင်တွေ အများကြီးရှိပေမယ့် လက်နက်ခဲယမ်း လိုအပ်ချက်ကြောင့် မစ်ရှင်ဖော်ဆောင်ဖို့ ကြန့်ကြာနေတာတွေ ရှိပါတယ်” ဟု မြနန္ဒာစစ်ဆင်ရေး (မန္တလေး) တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။
https://youtu.be/vB3jXOZk1AQ
စာတည်း။ ။ နောင်နောင်
#မြနန္ဒာ
#ရုံးပင်ရွာကြပ်ပြင်ရွာ
#စနိုက်ပါ
#Mizzia
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်း စနိုက်ပါဖြင့် ပစ်ခတ်ခံရ
007၊008 (မဇ္ဈိမ) ။ ။ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ရုံးပင်ရွာမှ ကြပ်ပြင်ရွာသို့ သွားရောက်ပူးပေါင်းသည့် အင်အား ၄၀ ခန့်ပါ စစ်ကောင်စီတပ် စစ်ကြောင်းကို ယနေ့ ဇွန် ၂၀ ရက်နေ့ နံနက်ပိုင်းတွင် စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြနန္ဒာစစ်ဆင်ရေး (မန္တလေး)…
👍19👏3😁3❤1
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် “ပန်းသပိတ်” ပြည်လုံးကျွတ် အောင်မြင်စွာဆင်နွှဲနိုင်ခဲ့ ကြောင်း အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု ထုတ်ပြန်
=================
ဂျူချန်း
(မဇ္ဈိမ)။ ။ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်မြောက်မွေးနေ့တွင် ကျင်းပခဲ့သည့် ပန်းသပိတ်နှင့် “Singing Strike” လူထုလှုပ်ရှားမှုကြီးအပါအဝင် အသွင်မျိုးစုံသော တော်လှန်ရေးလူထုလှုပ်ရှားမှုပေါင်းစုံကို နိုင်ငံလုံးကျွတ် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီ ဖြစ်ကြောင်း အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု(GSCB)မှ ယနေ့ ဇွန်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်သည်။
ယခုကဲ့သို့ အောင်မြင်စွာ သပိတ်ဖော်ဆောင်နိုင်ခြင်းသည် ပြည်သူများက စစ်အာဏာရှင်စနစ်ကို လုံးဝ လက်ခံခြင်းမရှိကြောင်းနှင့် တော်လှန်ရေး အားကောင်းနေခြင်းကိုဖော်ပြနေခြင်းဖြစ်ကြောင်း ထုတ်ပြန် ချက်တွင် ပါရှိသည်။
ယင်းအပြင် ပန်းသပိတ်၌ပါဝင်ဆင်နွှဲခဲ့သဖြင့် စစ်ကောင်စီလက်အောက်ခံများ၏ အဓမ္မ ဖမ်းဆီးခံရသူများ အတွက် ဝမ်းနည်းခံပြင်းခြင်းနှင့်အတူ တခဲနက်ပါဝင်ခဲ့ကြသည့် ပြည်သူတဦးချင်းစီကို အထူးဂုဏ်ယူမိ ကြောင်း ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတဝှမ်းမှ ဆုတောင်းခြင်းနှင့်အတူ ပန်းသပိတ် ဆင်နွှဲခဲ့ကြပြီး စစ်ကောင်စီမှ ပန်းသပိတ်လှုပ်ရှားမှုနှင့်စပ်လျဉ်း၍ ဖမ်းဆီးမှုများ ဆောင်ရွက်ခဲ့သည်။
ပန်းသပိတ် လှုပ်ရှားမှုတွင် ပါဝင်သည်ဟုဆိုကာ နိုင်ငံတဝှမ်းမှ ပြည်သူ ၁၀၀ ကျော် ဖမ်းဆီးခံထားရကာ စစ်ကောင်စီထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များတွင်လည်း ပန်းသပိတ်ဆင်နွှဲကြသူများနှင့် ဒေါ် အောင်ဆန်းစုကြည်မွေးနေ့ ဆုတောင်းသူများအား ဖမ်းဆီးရန် လှုံ့ဆော်နေကြဆဲဖြစ်သည်။
ဓါတ်ပုံ- မုံရွာသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#ဒေါ်အောင်ဆန်းစုကြည်
#GSCB

👍20❤4😁2