Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ ဇွန်လ ၂၁ ရက်၊ ၂၀၂၃ | VOA On Mizzima
====================

ကနေဒါတောမီးဒဏ် လူသန်းနဲ့ချီ ရင်ဆိုင်နေရတဲ့အကြောင်းနဲ့ လက်နက်သေတ္တာပေါ်က ခရစ်ယာန်စံပြုပုဂ္ဂိုလ်ထူးများအကြောင်း၊ ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေနဲ့ နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၁ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/dZXOQaWNCBU

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7😁2🔥1
ကနေဒါတောမီးဒဏ် လူသန်းနဲ့ချီ ရင်ဆိုင်နေရ | VOA On Mizzima
==================

ကမ္ဘာ့အပူချိန်မြင့်တက်ပြီး ရာသီဥတုပိုမို ပူပြင်းခြောက်သွေ့လာရာက အဖြစ်များလာတဲ့ သဘာဝဘေးဒဏ်တွေ နှစ်စဉ်ပိုပြီး ဆိုးရွာပြင်းထန်လာနေချိန်မှာပဲ ကနေဒါနိုင်ငံတော့ ပူပြင်းခြောက်သွေ့လွန်းတဲ့အတွက် စံချိန်တင်ပြင်းထန်တဲ့ တောမီးကြီးတွေနဲ့ ရင်ဆိုင်နေရပါတယ်။ တောမီးဆီက မီးခိုးငွေ့တွေကြောင့်ကနေဒါနဲ့ အမေရိကန်အရှေ့ဖက်ပြည်နယ် တဒါဇင်ကျော်မှာ လေထုညစ်ညမ်းနေပြီး ကျန်းမာရေးသတိပေးချက်တွေထုတ်ပြန်ခဲ့ရပါတယ်။ ဥတုရာသီနဲ့ အနာဂတ်အစီအစဉ်မှာ နန်းလောင်ဝ် တင်ပြထားပါတယ်။

https://youtu.be/63xHV87zc-M

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6🔥3😁1
​​မုန်တိုင်းသင့်ဒေသများသို့ အကူအညီပေးပို့မှုအပေါ် စစ်ကောင်စီ၏ ပိတ်ဆို့မှုက လူသန်းချီကို ခြိမ်းခြောက်နေဟု HRW ပြော
=======================

မိုခါ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီးနောက် မြန်မာတွင် လူသားချင်းစာနာမှု အကူအညီများ ပေးပို့မှုအပေါ် စစ်ကောင်စီက တိုးမြင့်တားဆီးပိတ်ဆို့နေခြင်းက လူ့အသက်ဘဝ အမြောက်အမြားကို ချက်ချင်းလက်ငင်း ဘေးမကင်းဖြစ်စေသလို လူသန်းချီတို့အတွက် အန္တရာယ်ဖြစ်စေကြောင်း လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ HRW က ဇွန်လ ၂၀ ရက်တွင် ပြောသည်။

၂၀၂၃ ၊ မေလ ၁၄ ရက်တွင် ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်ပြီးနောက် စစ်ကောင်စီ အာဏာပိုင်များသည် အကူအညီပေးရေး လုပ်သားများအတွက် ခရီးသွားလာမှုနှင့် ဗီဇာများကို တရားဝင်ခွင့်ပြုပေးရန်၊ အကောက်အခွန်ဌာနနှင့် ကုန်လှောင်ရုံများမှ အရေးပေါ် အထောက်အပံ့များ ထုတ်ပေးရန်၊ သို့မဟုတ် အသက်ကယ် အကူအညီများအပေါ် ကြီးလေးပြီး မလိုအပ်သော ပိတ်ပင်ကန့်သတ်ချက်များကို လျှော့ပေါ့ပေးရန် ငြင်းဆန်ထားသည်။
🤬8👍4🔥1😁1
လက်နက်သေတ္တာပေါ်က ခရစ်ယာန်စံပြုပုဂ္ဂိုလ်ထူးများ | VOA On Mizzima
====================

ယူကရိန်း ပန်းချီ အနုပညာရှင် ဇနီးမောင်နှံ၂ ဦးဖြစ်ကြတဲ့ Oleksandr Klymenko နဲ့ Sonya Atlantova တို့ ရဲ့ " Icons on Ammo Boxes" လို အမည်ပေးထားတဲ့ စစ်မြေပြင်က စစ်လက်နက်ပစ္စည်းတွေထဲတဲ့ သစ်သား သေတ္တာဟောင်းတွေပေါ်မှာ ရေးဆွဲထားတဲ့ ပန်းချီအနုပညာပြပွဲတရပ်ကို အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့မှာ မေလဆန်းပိုင်း က ပြသခဲ့ကြပါတယ်။ ယူကရိန်းစစ်မြေပြင်က တကယ်အစစ်အမှန် စစ်လက်နက်ထည့်တဲ့ သေတ္တာခွံအဟောင်းတွေပေါ်မှာ ခရစ်ယာန် ဘာသာရဲ့ စံပြု ပုဂ္ဂိုလ်ထူးတွေကို ရေးဆွဲ ပုံဖော်ထားပါတယ်။ Nina Vishveva ရဲ့ ဆောင်းပါးကို ကိုခင်မောင်စိုးမင်း တင်ပြထားပါတယ်။

https://youtu.be/dSqCsb4sRLE

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8🔥2
မြန်မာ့အရေးကို ပြည်တွင်းရေးလို့ ရှုမြင်နေတုန်းလား
==================

ယူကရိန်းနိုင်ငံအတွက် နိုင်ငံတကာက ကူညီထောက်ပံ့နေတဲ့ အကူအညီတွေရဲ့ ၁ ရာခိုင်နှုန်းလောက်ပဲ မြန်မာပြည်သူတွေကို ကူညီရင် မြန်မာ့နွေဦးတော်လှန်ရေးက လပိုင်းအတွင်းမှာတင် ပွဲပြတ်တယ်လို့ တော်လှန်ရေး ထိပ်တန်းခေါင်းဆောင်တွေက ပြောလိုက်ပါတယ်။

အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျုမှာ ဇွန် ၁၃ ရက်နေ့က ဖော်ပြခဲ့တဲ့ ယူကရိန်းနည်းတူ မြန်မာလည်း အကူအညီရထိုက်သည် ဆိုတဲ့ ဆောင်းပါးမှာ KIA ရဲ့ စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်၊ အမျိုးသား ညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ ထင်ရှားတဲ့ ၈၈ မျိုးဆက်ကျောင်းသားဟောင်း ဦးမင်းကိုနိုင်တို့က ရေးသားပြောဆိုထားတာ ဖြစ်ပါတယ်။

ရုရှားရဲ့ ကျူးကျော်မှုကို တွန်းလှန်နေတဲ့ ယူကရိန်းတွေ ရခဲ့တဲ့ အကူအညီတွေရဲ့ သေးငယ်တဲ့ အစိတ်အပိုင်း တစ်ခုလောက်ပဲ ရမယ်ဆိုရင်တောင် မြန်မာစစ်အာဏာရှင်တွေကို ဖြုတ်ချဖယ်ရှားရေး တိုက်ပွဲအပေါ် သိသာ ထင်ရားစွာ အကျိုးသက်ရောက်မှု ရှိစေနိုင်မယ်လို့ သူတို့က ပြောထားပါတယ်။

https://youtu.be/A1tP5KgVDfs

#politics
#newsfeature
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
❤9👍5😁3
ပေါင်းသတ်ဆေးအစားထိုး ဆိတ်သုံး ပေါင်းပင်ရှင်းလင်းမှု | VOA On Mizzima
=====================

သြစတြေးလျနိုင်ငံ Queensland ပြည်နယ်မှာ မျိုးရင်းအပင်တွေနဲ့ အပြိုင်အဆိုင် ပေါင်းပင်တွေ တိုးလာတဲ့ ပြဿနာနဲ့ကြုံနေရပါတယ်။ ပေါင်းပင်တွေ များလာမှုကြောင့် တိရိစ္ဆာန်တွေရဲ့ ရပ်ဝန်းထိခိုက်တဲ့အပြင် မီးလောင်လွယ်တဲ့ ဘေးရန်ကိုလည်း စိုးရိမ်ရပါတယ်။ Queensland ပြည်နယ် အရှေ့တောင်အရပ်က မြေပိုင်ရှင်တချို့ကတော့ ပေါင်းသတ်ဆေးတွေသုံးမယ့်အစား ဆိတ်တွေကို သုံးပြီး ပေါင်းပင်ရှင်းလင်းနေပါတယ်။ အေပီသတင်းဆောင်းပါးတပုဒ်ကို မအိသန့်စင် တင်ဆက်ထားပါတယ်။

https://youtu.be/drADlH1TDVk

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6🔥1😁1
ဇွန်လ ၂၁ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍2🔥2
​​အင်ဒိုနီးရှားတွင် လူကုန်ကူးမှု သံသယရှိသူ ၅၀၀ နီးပါးကို ရဲတပ်ဖွဲ့ ဖမ်းဆီး
=========================

အင်ဒိုနီးရှားရဲတပ်ဖွဲ့သည် လူ ၁,၅၀၀ ကျော် လူကုန်ကူးခံရမှုတွင် ပါဝင်ပတ်သက်မှုဖြင့် သံသယရှိသူ ၅၀၀ နီးပါးကို ယခုလအတွင်း ဖမ်းဆီးခဲ့ကြောင်း တာဝန်ရှိသူများက ဇွန်လ ၂၀ ရက်တွင် ပြောသည်။ အင်ဒိုနီးရှားအာဏာပိုင်တို့သည် လက်ရှိတွင် လူကုန်ကူးမှုအပေါ် ဖြိုခွင်းနှိမ်နင်းမှုများ လုပ်ဆောင်နေသည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6😁2🔥1
This media is not supported in your browser
VIEW IN TELEGRAM
တောင်ဘက်စစ်မျက်နှာမှာ နောက်ထပ်ရွာတစ်ရွာကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း ယူကရိန်းပြော

https://www.facebook.com/reel/642045430852170

#internationalnews #reels #shorts #Ukraine #Mizzima
👍6🔥3❤1😁1
တောင်ဘက်စစ်မျက်နှာမှာ နောက်ထပ်ရွာတစ်ရွာကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း ယူကရိန်း ပြော
====================

https://youtu.be/Darz47UU0oI

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9❤4😁2
ဇွန်လ (၂၁)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
======================

01:04 - PDF အရာရှိ သင်တန်းဆင်းပွဲမှာ NUG ယာယီသမ္မတ သွားရောက်အားပေးတဲ့သတင်း

01:47 - မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲက နှစ်နိုင်ငံလုံးအတွက် အကျိုးရှိခဲ့ကြောင်းထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြောတဲ့သတင်း

05:38 - သံတောင်ကြီးမြို့နယ်ပညာရေးမှူးရုံး မီးရှို့ဖျက်ဆီးခံရတဲ့သတင်း

06:43 - ရန်ကုန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပန်းပန်သူ၊ ပန်းကိုင်‌ဆောင်လာသူ ၃၀ဦးထက်မနည်းစစ်တပ်က ဖမ်းဆီးသွားတဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။

https://youtu.be/tl5ICdXol5U

#12pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8🔥1😁1
မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲကနှစ်နိုင်ငံအတွက်အကျိုးရှိခဲ့ကြောင်းထိုင်းနိုင်ငံခြားရေးဝန်ကြီးပြော
====================

ထိုင်းနိုင်ငံ ပတ္တရားမြို့မှာ ဇွန်လ(၁၉)ရက်က ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံအရေးအလွတ်သဘောဆွေးနွေးပွဲဟာ အကျိုးရှိခဲ့ပြီး ပါဝင်တက်ရောက်ခဲ့တဲ့ ခေါင်းဆောင်တွေဟာ အခုလို ဆွေးနွေးမှုများကို ပိုမိုလိုလားကြ ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဒွန်ပရာမွန်ဝီနိုင်း က ပြောကြားခဲ့ပါတယ်။

အဆိုပါအစည်းအဝေးကို မြန်မာနဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့ တရုတ်နဲ့ အိန္ဒိယတို့ အပါအဝင် နိုင်ငံ(၇)နိုင်ငံမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြောင်း သိရပါတယ်။

ထိုင်းနိုင်ငံက မြန်မာနိုင်ငံနဲ့ ကီလိုမီတာ (၂ဝဝဝ)ကျော် နယ်နိမိတ်ချင်းထိစပ်နေပြီး မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ပြဿနာများကိုဖြေရှင်းရန်အတွက် ကြိုးပမ်းအားထုတ်မှုတွေကို မနှောင့်နှေးသင့်ကြောင်း ဒွန်ပရာဝီနိုင်းက ပြောကြားခဲ့ပါတယ်။

https://youtu.be/5f_JrMvoOp8

#Political News
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😁8👍6🤮3👏2❤1
Rohingya refugees hold rallies in Bangladesh on World Refugee Day
=====================

Rohingya hold rallies on World Refugee Day. They demand to return to their home in Myanmar and say they are struggling to make ends meet as the United Nations food agency World Food Programme cut aid from 10 USD to 8 USD earlier this month, for a second time in three months.

https://youtu.be/CTVrU5oPwJo

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍4🔥1🤮1
​​KIA ဌာနချုပ် လိုင်ဇာအနီးရှိ နေရပ်ပြန် နမ့်ဆန်ယန်ကျေးရွာတွင် စစ်ရေးတင်းမာနေ
======================

အဂမ်
(မဇ္ဈိမ) ။ ။ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဌာနချုပ်၊ လိုင်ဇာအနီးရှိ နမ့်ဆန်ယန်ကျေးရွာတွင် စစ်ရေးတင်းမာနေဆဲနေပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွား၍ ပြင်းထန်လာမည်ကို စိုးရိမ်နေကြကြောင်း နေရပ်ပြန် နမ့်ဆန်ယန်ဒေသခံများက မဇ္ဈိမကို ပြောသည်။
ကေအိုင်အေဌာနချုပ်တည်ရှိရာ လိုင်ဇာ၏ ဝင်ပေါက်အနီး မြစ်ကြီးနား- ဗန်းမော် ပြည်ထောင်စုလမ်းမကြီးပေါ်က နမ့်ဆန်ယန်ကျေးရွာအနီးသို့ စစ်ကောင်စီတပ်က ရုတ်တရက် စစ်ရေးလှုပ်ရှားလာသည့်အတွက် KIA တပ်တို့အကြား စစ်ရေးတင်းမာလာခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့ ညနေ ၃ နာရီခန့်က စတင်ပြီး အောင်ဂျာကျေးရွာတွင် တပ်စွဲအထိုင်ချထားသည့် စစ်ကောင်စီ၏ ခလရ (၁၃) တပ်မှ စစ်အင်အား ၁၀၀ ဝန်းကျင်ဖြင့် နမ့်ဆန်ယန်ကျေးရွာအနီးသို့ တစ်ဖက်သတ် စစ်ရေးလှုပ်ရှားလာခြင်း ဖြစ်သည်။
နမ့်ဆန်ယန်ကျေးရွာအနီးရှိ ရွှေတူးဖော်နေသူများကို လိုက်လံဖမ်းဆီးရန် စစ်တပ်က ယခုလို တစ်ဖက်သတ် စစ်ရေးလှုပ်ရှားလာခြင်းဖြစ်ကြောင်း မဇ္ဈိမ၏ မြေပြင်သတင်းအဖွဲ့က ကနဦးစုံစမ်း သိရှိရသည်။

စစ်ကောင်စီတပ်အနေဖြင့် မည်သည့်အကြောင်းပြချက်နှင့်မဆို နမ့်ဆန်ယန်ချောင်း တစ်ဖက်သို့ ဝင်ရောက်ခွင့်မရှိသည့်အတွက် KIA တပ်က ကြားဖြတ်တိုက်ခိုက်ရာ နမ့်ဆန်ယန်ကျေးရွာအနီးတွင် ယခုလို တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း နမ့်ဆန်ယန် ဒေသခံက မဇ္ဈိမကို ပြောသည်။

"ရွှေတူးတဲ့သူတွေကို ဖမ်းဖို့ဆိုပြီး နမ့်ဆန်ယန်ရွာဘက်ကို ခြေလျင်နဲ့ စစ်ကြောင်း ထိုးလာတာ၊ ဒီဘက်ကလည်း အစကတည်းက ဝင်ခွင့်မပြုထားတဲ့ နေရာဖြစ်တဲ့အတွက် သူတို့ဘက်ကနေကျော်ပြီး ဝင်လာတော့ ဒီကလည်း ပစ်တာပေါ့" ဟု နမ့်ဆန်ယန်ဒေသခံက ပြောသည်။
တစ်နာရီခန့်ကြာ ဖြစ်ပွားခဲ့သော ဇွန်လ ၁၆ ရက်နေ့က တိုက်ပွဲတွင် KIA ဘက်မှ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း ကနဦး စုံစမ်းသိရသည်။

နမ့်ဆန်ယန်ကျေးရွာသည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ကချင်ဒေသတွင်း တစ်ကျော့ပြန်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့စဥ် စစ်တပ်နှင့် ကေအိုင်အေတပ်တို့အကြား တိုက်ပွဲအပြင်းထန်ဆုံးသော ရှေ့တန်းစစ်မျက်နှာ ဖြစ်ခဲ့သည်။

ယင်းကြောင့် နမ့်ဆန်ယန်ကျေးရွာပြည်သူများလည်း စစ်ဘေးရှောင်ခဲ့ကြရပြီးနောက် နှစ်ဖက်တပ်၏ သဘောတူညီချက်ဖြင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် ပထမဆုံး ပြန်လည်အခြေချ နေထိုင်ခဲ့ကြသည့် နေရပ်ပြန် စံပြကျေးရွာကြီးဖြစ်သည်။

နမ့်ဆန်ယန်ကျေးရွာ ဒေသခံပြည်သူများ လုံခြုံစွာ နေရပ်ပြန်လည်နေထိုင်ရန် နမ်ဆန်ယန်ကျေးရွာအနီး လက်နက်ကိုင်နှစ်ဖက်စလုံးမှ ဝင်ရောက်တပ်စွဲခြင်းမပြုရန် သဘောတူညီမှုရယူထားသော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က နမ့်ဆန်ယန်ကျေးရွာအတွင်းသို့ ဝင်ရောက်တပ်စွဲနေရာယူရန် အကြောင်းပြချက်အမျိုးမျိုးဖြင့် ကြိုးစားနေခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်အနေဖြင့် ပြန်လည် တပ်ဆုတ်ခွာသွားပြီဖြစ်သော်လည်း နှစ်ဖက်တပ်များအကြား အသင့်အနေအထားဖြင့် စောင့်ကြည့်နေကြဆဲဖြစ်ကြောင်း KIA ရှေ့တန်းစစ်ရေးအဖွဲ့က မဇ္ဈိမကို ပြောသည်။

တိုက်ပွဲဖြစ်ခဲ့သည့် ဇွန်လ ၁၆ရက်နေ့ကစပြီး ဇွန် ၁၉ ရက်နေ့အထိ လိုင်ဇာမြို့မှ မြစ်ကြီးနား- ဗန်းမော်ဘက်သို့ သွားသည့်ယာဉ်လိုင်းများအားလုံးကို ထွက်ခွင့်ပိတ်ထားခဲ့သော်လည်း လက်ရှိမှာ ယာဉ်လိုင်းများ ပြန်လည်ထွက်ခွာနေပြီဟု နမ့်ဆန်ယန် ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်အနေဖြင့် အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် ဩဂုတ်လမှာ တစ်ကြိမ် နမ့်ဆန်ယန်ကျေးရွာတွင်းသို့ ဝင်ရောက်ရန်ကြိုးစားလာခြင်းကြောင့် KIA တပ်က သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် တစ်ပတ်ခန့်ကြာ နှစ်ဖက်စစ်ရေးတင်းမာမှုများ ရှိခဲ့သည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#နမ့်ဆန်ယန်
#နေရပ်ပြန်စစ်ရှောင်
#ကချင်KIA
#စစ်ကောင်စီ
#Mizzima

ဓာတ်ပုံ - ဇွန်လ ၁၆ ရက်နေ့တွင် KIA တပ်က ကြားဖြတ်တိုက်ခိုက်ခဲ့စဥ် စစ်ကောင်စီတပ်ဖွဲ့ထံမှ သိမ်းဆည်းရရှိခဲ့သည့် စစ်လက်နက်ပစ္စည်းများ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11👏4🔥1😁1
​​မော်လမြိုင်တွင် ပန်းပျိုးပင် ဝေသူ ဖမ်းဆီးခံရ
================

ဂျူချန်း
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရွှေမြိုင်သီရိရပ်ကွက်၊ လမုတန်းလမ်း၊ ရွှေမြိုင်သီရိဈေးအနီးရှိ နေအိမ်တစ်အိမ်တွင် ဇွန်လ ၁၉ ရက်နေ့ နံနက် ၈နာရီကျော်ခန့်တွင် ပန်းပျိုးပင်များဝေသောကြောင့် ရဲများမှ လာရောက်ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံများမှ သိရသည်။

“အဲ့နေ့ ဈေးထဲကို ဖြတ်သွားတော့ အဲ့လမ်းကြားထဲမှာ ရဲတွေကိုတွေ့တယ်။ ဘာလုပ်လို့လုပ်နေမှန်းတော့ ကိုယ်လည်း မသိဘူး။ ပြီးတော့ သုံးယောက်ကို ဖမ်းသွားတယ်လို့ သိရတယ်” ဟု မျက်မြင်တွေ့ရှိသည့် ဒေသခံတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသည့် နေအိမ်သည် သစ်ခွမင်းသမီး ပျိုးပင်ရောင်းသည့် အိမ်ဖြစ်ပြီး ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ပျိုးပင်များကို လမ်းသွားလမ်းလာများနှင့် ဈေးဝယ်သူများအား ဝေငှခဲ့ရာ facebook တွင် live ပါ လွှင့်ခဲ့ကြောင်းနှင့် ဖမ်းဆီးခံရသူများထဲတွင် live လွှင့်ခဲ့သူ ပါဝင်ခြင်းရှိမရှိကိုမူ အတည်မပြုနိုင်ကြောင်း ဒေသခံများက ပြောသည်။

“ပန်းဆိုတာထက် အပင်တွေ ဝေတယ်ပေါ့နော်။ အောင်သပြေတို့၊ စံပယ်တို့ပေါ့နော်။ ပျိုးပင်ပေါက်တွေပဲ။ ဝေပြီးတော့ ရဲတွေဘာတွေရောက်လာပြီး ဖမ်းသွားတယ်။​ ကာယကံရှင်(live လွှင့်သူ) ကို မိလားမမိလားတော့ မပြောတတ်ဘူး။ ဆိုင်မှာလုပ်တဲ့ ကောင်မလေးတွေကိုတော့ ဖမ်းသွားတယ်” ဟု ရပ်ကွက်နေသူတစ်ဦးက မဇ္ဈိမ ကို ပြောသည်။

ဇွန်လ ၁၉ ရက်နေ့တွင် ဖမ်းဆီးသွားသူများအား မော်လမြိင် ဇေယာသီရိ ရဲစခန်း၌ ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပြီး ယနေ့ ၂၁ ရက်နေ့အထိ ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း ဒေသခံများက ပြောသည်။

ဇွန်လ ၁၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ်အဖြစ် ပန်းသပိတ် ဆင်နွှဲကြရန် တော်လှန်ရေးအင်အားစုများ တိုက်တွန်းထားပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပန်းသပိတ်ကို ပုံစံအမျိုးမျိုးဖြင့် ပါဝင် ဆင်နွှဲခဲ့ကြသည်။

စစ်ကောင်စီတပ်မှ ဇွန်လ ၁၉ ရက်နေ့တွင် ပန်းပန်သူများ၊ ဘုရားပန်းကပ်သူများနှင့် လူမှုကွန်ရက်တွင် ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းကြောင်း တင်ကြသူများအား လိုက်လံဖမ်းဆီးနေကြရာ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် လူ ၁၀၀ ကျော်ဖမ်းဆီးစစ်ဆေးခံခဲ့ရပြီး အချို့ကို ပြန်လွှတ်ပေးခဲ့သော်လည်း အချို့ကိုမူ ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ကြောင်း သိရသည်။

စာတည်း- သန့်ဇော်(သန်လျင်)

#mizzima
#ပန်းပျိုးပင်
#မော်လမြိုင်မြို့
#ရွှေမြိုင်သီရိရပ်ကွက်
#ဒေါ်အောင်ဆန်းစုကြည်မွေးနေ့
ဓါတ်ပုံ-လူမှုကွန်ရက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🤬5🔥2😁2
မော်လမြိုင်-ရေး-ထားဝယ်လမ်းတွင် လုံခြုံရေးယူ စစ်ဆေးနေသည့် KNLA ပူးပေါင်းတပ်ဖွဲ့များရှိရာသို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်
🤬10👍4🔥1😁1