Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
Media is too big
VIEW IN TELEGRAM
မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲက နှစ်နိုင်ငံလုံးအတွက် အကျိုးရှိခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြော

Watch more detail -
https://youtu.be/5f_JrMvoOp8

#မြန်မာ့အရေး #ဆွေးနွေးပွဲ #ထိုင်းနိုင်ငံခြားရေးဝန်ကြီး #VideoNews #shorts #Reels #Mizzima
🤮9👏3👎1😁1🖕1
မော်လမြိုင်- ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီး ပေါ်တွင် ပုံမှန်စစ်ဆေးရေးပြုလုပ်မည်ဟု NUG ကာကွယ်ရေးကြေညာ
👍9😁2❤1🔥1
မော်လမြိုင်- ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီး ပေါ်တွင် ပုံမှန်စစ်ဆေးရေးပြုလုပ်မည်ဟု NUG ကာကွယ်ရေးကြေညာ
===================

မော်လမြိုင်- ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီး ပေါ်တွင် ပုံမှတ်စစ်ဆေးရေးပြုလုပ်မည်ဟု NUG ကာကွယ်ရေးဝန်ကြီး ဌာန PDF စစ်ရုံးချုပ်က ကြေညာသည်။

မွန်ပြည်နယ်၊ ရေးမြို့နဲ့ သံဖြူဇရပ်မြို့ကြားရှိ မော်လမြိုင်-ရေး-ထားဝယ် (အမှတ်-၈ ပြည်ထောင်စုလမ်းမကြီးပေါ်) မော်တော်ယာဉ်သွားမှုနှင့်ပတ်သက်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ကြောင်းများနှင့်အထူးစစ်ဆင်ရေးတပ်ဖွဲ့(S.O.F) တို့ ပူးပေါင်းကာ နေ့စဉ်မပြတ် လုံခြုံရေးရယူ စောင့်ကြည့်စစ်ဆေးလျက်ရှိသည်ဟု NUG ကာကွယ်ရေးက ဆိုသည်။

အဆိုပါလမ်းပိုင်းတွင် ဇွန် ၁၈ ရက်ကစတင်ပြီး ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်တွင် (၂) နေရာ ခွဲ၍ စစ်ဆေးလျက်ရှိရာ ဇွန်လ(၁၈) ရက်နေ့တွင် စစ် ကောင်စီတပ်နှင့် ဆက်နွယ်သူ (၄) ဦးကို ဖမ်းဆီးရမိခဲ့ပြီး အရေးယူရန် ဆောင်ရွက် နေသည်။

မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ဝင်များအနေဖြင့် အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ပုံမှန်စစ်ဆေးရေးပြုလုပ် မည်ဖြစ်ပြီး ခရီးသွားမိဘပြည်သူများအနေဖြင့် ပူးပေါင်းဆောင်ရွက် ပေးပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံအပ် ကြောင်း ပြည်သူ့ ကာကွယ်ရေးတပ်မတော်(PDF)၊ (စစ်ရုံးချုပ်)က သတင်း ထုတ်ပြန်သည်။
❤18👍6😁2
This media is not supported in your browser
VIEW IN TELEGRAM
ကရင်မလင်ဝေဖန်ရေးဆရာ နာဗာလင်းရဲ့ အစွန်းရောက်ဝါဒရုံးတင်စစ်ဆေးမှုတွေကို အသေးစိတ်ထုတ်ပြန်မှာမဟုတ်ကြောင်း ရုရှားပြော

https://www.facebook.com/reel/818270326379149

#internationalnews #Mizzima #Russia #reels #shorts
❤2
​​ရေဖြူမြို့နယ် ကံပေါက်ဒေသတွင် အရပ်သား ဇနီးမောင်နှံနှစ်ဦး ဖမ်းဆီးခံရ
=====================

ကိုရွှေမြိတ်
မဲဆောက်(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက်ဒေသတွင် ဇွန်လ ၁၉ ရက် နေ့ ည ၁၁ နာရီခန့်က သာမန်အရပ်သား ဇနီးမောင်နှံနှစ်ဦးကို စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီး သွားကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ဇနီးမောင်နှံနှစ်ဦးကို ကံပေါက်အခြေစိုက် မောရဝတီရေတပ်မှ ကားသုံးစီးဖြင့်လာရောက်ကာ နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“ည ၁၁ နာရီ လောက်မှာ ကားသုံးစီးနဲ့ရောက်လာပြီး ဖမ်းသွားတယ်။ အိမ်ကို အရင်ဝိုင်းလိုက်ပြီးမှ တနာရီ ကျော်ကျော်လောက်အကြာမှာ အိမ်မှာပဲစစ်ဆေးပြီး ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်” ဟု ကံပေါက် ဒေသခံတစ်ဦးကပြောသည်။

ဖမ်းဆီးခံရသူဇနီးမောင်နှံနှစ်ဦးမှာ ကံပေါက်ဒေသ သီရိမင်္ဂလာရပ်ကွက်တွင် နေထိုင်ကြသည့် ကိုအောင် ဇော်ဦးနှင့် မဥမ္မာအောင်တို့ ဖြစ်သည်။

ကိုအောင်ဇော်ဦးမှာ ယာဉ်မောင်းအလုပ် လုပ်ကိုင်သူဖြစ်ပြီး ဇနီးဖြစ်သူ မဥမ္မာအောင်သည် ရင်ခွင်သစ် (ECCD)မူကြိုကျောင်းဖွင့်ကာ ကလေးငယ်များကို ပညာသင်ကြားပေးနေသူဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိအချိန်အထိ ၎င်းတို့နှစ်ဦးကို စစ်ကောင်စီတပ်ကမည်သည့်အတွက် ဖမ်းဆီးခဲ့ကြောင်းကို မသိရ သေးဘဲ ဇွန်လ ၂၁ ရက်နေ့အထိ ဆက်လက်ဖမ်းဆီးထားဆဲဟု ဒေသခံများကပြောသည်။
ထိုအတူ ဇွန်လ ၁၉ ရက်နေ့ တစ်ရက်တည်းတွင် လောင်းလုံးမြို့နယ်မှ ထားဝယ်ခရိုင် သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦး၏ ဖခင်ဖြစ်သူကို စစ်ကောင်စီတပ်က နေအိမ်၌ အကြမ်းဖက် ရိုက်နှက် ဖမ်းဆီးခဲ့ပြီး ဖုန်းနှင့် ငွေကျပ် ၈၀၀,၀၀၀ ကျော်ကိုပါ လုယူသွားခဲ့သည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#ရေဖြူမြို့
#ကံပေါက်
#မောရဝတီရေတပ်
#ဖမ်းဆီး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬6👍5🔥1😁1
မြန်မာနဲ့ ကမ္ဘာတဝန်းရှိ ဒုက္ခသည်အရေး ဖြေရှင်းဖို့ ကုလနဲ့ လှုပ်ရှားသူတွေတိုက်တွန်း
=====================

ကမ္ဘာတဝန်းဒုက္ခသည်ဦးရေ တိုးများလာတာကို ဟန့်တားဖို့ဆိုရင် ကမ္ဘာကြီးအနေနဲ့ ပြဿနာရှိနေတဲ့ နေရာပေါင်းစုံမှာ ငြိမ်းချမ်းရေးဆောင်ကြဉ်းပေးနိုင်ဖို့ လိုအပ်တယ်လို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးက အပြည်ပြည်ဆိုင်ရာဒုက္ခသည်များနေ့ ဇွန် ၂၀ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

ဒုက္ခသည်တွေကိုအများဆုံးလက်ခံထားရတဲ့နိုင်ငံ ၁၀နိုင်ငံစာရင်းမှာတော့၊ မြန်မာပြည်က ရိုဟင်ဂျာဒုက္ခသည် တသန်းနီးပါးလက်ခံထားတဲ့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံလည်းပါဝင်ပါတယ်။

ဒုက္ခသည်တွေကို လက်ခံထားတဲ့ နိုင်ငံတွေရဲ့ ဝန်ထုပ်ဝန်ပိုးကို အခြားနိုင်ငံတွေကလည်း မျှဝေယူကြဖို့ ကုလတာဝန်ရှိသူတွေ တိုက်တွန်း နေပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာကူညီမှုညှိုနှိုင်းရေးရုံးရဲ့ စာရင်းအရတော့ မြန်မာနိုင်ငံအတွင်း အိုးအိမ်စွန့်ခွာရတဲ့ ဒုက္ခသည် ၁.၈ သန်းရှိပါတယ်။

အဲဒီအထဲ ၁.၅ သန်းကတော့ ၂၀၂၁ စစ်တပ်ကအာဏာသိမ်းပြီးနောက် အိုးအိမ်စွန့်ခွာရသူတွေဖြစ်ကြပါတယ်။ မြန်မာနိုင်ငံတွင်း စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ဒေသအလိုက် ခုခံစစ်တွေပေါ်လာခဲ့တဲ့နောက်၊ စစ်ကိုင်း မကွေး၊ ချင်း၊ ကချင် ၊ကရင်နီ၊ ကရင်ပြည်နယ်တွေမှာ စစ်ပြေးဒုက္ခသည်တွေ တိုးများလာပါတယ်။

ကမ္ဘာ့ဒုက္ခသည်နေ့ အထိမ်းအမှတ်အဖြစ် ကုလသမဂ္ဂတာဝန်ရှိသူတွေက ဒုက္ခသည်တွေနဲ့ သူတို့ရဲ့ မိသားစုတွေအတွက် အလားအလာရှိသော အနာဂတ်ကို တည်ဆောက်နိုင်တဲ့ အခွင့်အလမ်းတွေ ပေးကြဖို့ကိုလည်း ကမ္ဘာ့ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Filippo Grandi က ကင်ညာ၊ Kalobeyei မှာ လုပ်တဲ့ ဒုက္ခသည်များနေ့ အခမ်းအနားမှာ တိုက်တွန်းထားပါသေးတယ်။

https://youtu.be/zjMyDnBR4qw

#Political News
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9😁2🔥1👏1
​​နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းနည်းကို ပြန်အကဲဖြတ်ရလိမ့်မည်ဟု ကုလ ကျွမ်းကျင်သူ ပြော
=========================

နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် မြန်မာအကျပ်အတည်းအရေးအပေါ် ယင်း၏ အဓိက ကိုင်တွယ်ဖြေရှင်းနည်းကို ပြန်လည်အကဲဖြတ်ရလိမ့်မည် ဖြစ်ကြောင်း ကုလသမဂ္ဂ ကျွမ်းကျင်သူတစ်ဦးက ဇွန်လ ၂၁ ရက်တွင် ပြောကြားလိုက်သည်။

၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းခဲ့သည့် မြန်မာစစ်ဗိုလ်ချုပ်ကြီးများနှင့် သဘောတူထားခဲ့သော အာဆီယံ ဘုံသဘောတူညီချက် ငါးရပ် ငြိမ်းချမ်းရေးအစီအစဉ် အကောင်အထည်ဖော်ရာတွင် တိုးတက်မှု ကင်းမဲ့နေကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလ အထူးအစီရင်ခံစာတင်သွင်းသူ သောမတ်စ် အန်ဒရူးစ်က ပြောသည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16👏2😁2
ဇွန်လ (၂၁)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=====================

01:00 - MFTB နဲ့ MICB ဘဏ်ကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ပါကလည်း စိုးရိမ်ပူပင်စရာမလိုဘူးလို့ စစ်ကောင်စီပြောတဲ့သတင်း

02:26 - မင်းတပ်မှာ ဒေသခံတွေရဲ့ ဆိုလာပြားတွေကို စစ်တပ်က လိုက်ဖြုတ်ပြီး အတင်းအဓမ္မယူဆောင်တဲ့သတင်း

03:45 - နယူးဒေလီရှိ မြန်မာဒုက္ခသည်တွေ UNHCR ရုံးချုပ်ရှေ့မှာ ဆန္ဒပြတဲ့သတင်း

07:47 - မြန်မာနိုင်ငံပဋိပက္ခ အခြေအနေပိုဆိုးလာနေကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် ပြောတဲ့သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။

https://youtu.be/84ljXXQm_HI

#2pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5😁2
Media is too big
VIEW IN TELEGRAM
မြန်မာနဲ့ ကမ္ဘာတဝန်းရှိ ဒုက္ခသည်အရေး ဖြေရှင်းဖို့ ကုလနဲ့ လှုပ်ရှားသူတွေတိုက်တွန်း

Watch more detail -
https://youtu.be/zjMyDnBR4qw

#မြန်မာ့ #ဒုက္ခသည်အရေး #ကုလ #VideoNews #shorts #Reels #Mizzima
👍3❤1🔥1😁1
This media is not supported in your browser
VIEW IN TELEGRAM
အင်ဒိုနီးရှားသမ္မတဝီဒိုဒိုက ဂျပန်ဧကရာဇ်ကို ကြိုဆိုဧည့်ခံ

https://www.facebook.com/reel/1933290563693669

#internationalnews #reels #shorts
👍4🔥1
မြန်မာနိုင်ငံပဋိပက္ခ အခြေအနေပိုဆိုးလာနေကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် ပြော
=======================

ကမ္ဘောဒီးယားက အဆင့်မြင့်အရာရှိတွေဟာ ဒေသတွင်း အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယ အပါအဝင် တခြား ၇ နိုင်ငံက ကိုယ်စားလှယ်တွေနဲ့ ထိုင်းနိုင်ငံမှာ မြန်မာ့အရေး ဆွေးနွေးနေစဉ်မှာပဲ ကမ္ဘောဒီးယားဝန်ကြီးချုပ်ကလည်း မြန်မာနိုင်ငံက အခြေအနေတွေဟာ ပိုမိုဆိုးရွားလာနေတယ်လို့ ပြောလိုက်ကြောင်း ကမ္ဘောဒီးယားအခြေစိုက် ဖနွမ်းပင်ပို့စ် သတင်းစာမှာ ရေးသားဖော်ပြလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းတဲ့နေ့က သူဟာ ဒီစက်ရုံရဲ့ ပန္နက်တင်အခမ်းအနားကို တက်ရောက်နေတာ လို့ ဇွန်လ ၁၉ ရက်က ဖနွမ်းပင်မြို့တော်ရှိ ရေဆိုးသန့်စင်စက်ရုံတစ်ခု ဖွင့်လှစ်ပွဲမှာ ဟွန်ဆမ်က ပြောကြားခဲ့ပါ တယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ဟာ မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်ပွားခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တုန်းကလည်း သူဟာ အဲဒီရေဆိုးသန့်စင်စက်ရုံ ဆောက်လုပ်ရေး စတင်ခြင်းအတွက် မိန့်ခွန်းပြောနေခဲ့ကြောင်း သူ့ရဲ့မိန့်ခွန်းမှာ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံက အာဏာသိမ်းမှုဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စလို့သာ မှတ်ယူတာကြောင့် အဲဒီအချိန်က ဘာမှတ်ချက်မှ မပေးခဲ့ဘူးလို့ ဟွန်ဆန်က ပြောပါတယ်။

အခုချိန်မှာတော့ မြန်မာနိုင်ငံရဲ့ အခြေအနေတွေဟာ ဖြေရှင်းနိုင်ဖို့နေနေသာသာ ပိုပြီးဆိုးရွားလာနေတယ်လို့ သူကပြောခဲ့ကြောင်း ဖနွမ်းပင်ပို့စ်ရဲ့ သတင်းမှာ ဖော်ပြထားပါတယ်။

https://youtu.be/u_P3WJf2Pjk


#Political News
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍14🍌2😁1
မြင်းခြံမြို့နယ်တွင် ဧရာ၀တီမြစ်အတွင်း မောင်းနှင်နေသည့် စစ်ကောင်စီရေယာဥ် တိုက်ခိုက်ခံရ
=========================

ရောင်နီ(မဇ္စျိမ)။ ။မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ ဧရာ၀တီမြစ်အတွင်း မောင်းနှင်လာသည့် စစ်ကောင်စီ ရေယာဥ်ကို တိုက်ခိုက်ရာ အထိအခိုက်ရှိခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း(၃) က သတင်းထုတ်ပြန်သည်။

မြင်းခြံမြို့နယ်၊ လင်ကြီးဆိပ်ကမ်းအနီးရောက်ရှိလာသည့် စစ်ကောင်စီတပ်၏ အမြန်ရေယာဥ်တစ်စီးကို ဇွန်လ ၁၈ ရက်နေ့၊ ညနေ ၅ နာရီအချိန်တွင် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ၀ိုင်း၀န်းပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထို့သို့ပစ်ခတ်မှုကြောင့် ရေယာဥ်ပေါ်တွင် လိုက်ပါလာသည့် စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံးနိုင်ပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားနိုင်ကြောင်း မြင်းခြံခရိုင် တပ်ရင်း(၃)က ဆိုသည်။
စစ်ကောင်စီရေယာဥ်ကို ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ခဲ့သည့် ရုပ်သံဖိုင်ကိုလည်း ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ကာကွယ်ရေးတပ်ဖွဲ့၏ ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအခြေအနေကို မဇ္စျိမအနေ ဖြင့် သီးခြားအတည်ပြုချက်ရယူနိုင်ရန် ဆက်လက်စုံစမ်းနေသည်။

“ မြင်းခြံတောင်သာတ၀ိုက်မှာတော့ တဖက်နဲ့တဖက် အားစမ်းနေတဲ့သဘောရှိတယ်။ စစ်ကြောင်းရှိရင် တော့ရှောင်တယ်။ မိုင်းဆွဲသွားရင်ဆွဲတယ်၊ မိုင်းဆွဲဖို့ အခွင့်မသာရင် သူတို့ရောက်နေတဲ့ အထိုင်စခန်းတွေ ကို သွားရောက်ပစ်ခတ်တာတွေရှိပါတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်တဦးကပြောသည်။

အဆိုပါတိုက်ခိုက်မှုကို မြင်းခြံခရိုင် တပ်ရင်း(၃)၊ Burmese Guerilla Force-BGF ၊ မိုရှေဒါယန် ပြောက် ကျားတပ်ဖွဲ့၊ အမေ့လက်ရုံးတပ်ဖွဲ့တို့ ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

https://youtu.be/b_NeEsNB-eI

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#မန္တလေးတိုင်း
#မြင်းခြံမြို့နယ်
#ဧရာ၀တီမြစ်
#စစ်ကောင်စီရေယာဉ်
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍14❤5😁1
KIA ဌာနချုပ် လိုင်ဇာအနီးရှိ နေရပ်ပြန် နမ့်ဆန်ယန်ကျေးရွာမှာ စစ်ရေးတင်းမာနေ
======================

အဂမ်(မဇ္ဈိမ) ။ ။ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဌာနချုပ်၊ လိုင်ဇာအနီးရှိ နမ့်ဆန်ယန်ကျေးရွာမှာ စစ်ရေးတင်းမာနေဆဲနေပြီး တိုက်ပွဲမ‌‌တွေဆက်လက်ဖြစ်ပွားကာ ပြင်းထန်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

ကေအိုင်အေဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့ရဲ့ ဝင်ပေါက်အနီး မြစ်ကြီးနား- ဗန်းမော် ပြည်ထောင်စုလမ်းမကြီးပေါ်က နမ့်ဆန်ယန်ကျေးရွာအနီးကို စစ်ကောင်စီတပ်က ရုတ်တရက် စစ်ရေးလှုပ်ရှားလာတာကြောင့် KIA နဲ့ စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာလာတာပါ။

ဇွန်လ ၁၆ ရက်နေ့ ညနေ ၃ နာရီလောက်က စတင်ပြီး အောင်ဂျာကျေးရွာမှာ တပ်စွဲအထိုင်ချထားတဲ့ စစ်ကောင်စီတပ်ရဲ့ ခလရ (၁၃) တပ်က စစ်အင်အား ၁၀၀ ဝန်းကျင်နဲ့ နမ့်ဆန်ယန်ကျေးရွာအနီးကို တစ်ဖက်သတ် စစ်ရေးလှုပ်ရှားလာတာလည်း ဖြစ်ပါတယ်။

https://youtu.be/_RchZAxR65I

သတင်း= အဂမ်
တည်းဖြတ်= နောင်နောင်

#နမ့်ဆန်ယန်
#နေရပ်ပြန်စစ်ရှောင်
#ကချင်KIA
#စစ်ကောင်စီ
#Mizzima
---------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10🔥1
(၁၄၈)ကြိမ်မြောက် ကရင်နီအမျိုးသားနေ့သို့ NUG အပါအဝင် အဖွဲ့အစည်းရှစ်ခုမှ သဝဏ်လွှာများပေးပို့
👍11❤5🔥1