တနင်္သာရီမြို့ ရေပေါ်ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ အမျိုးသမီး ဒဏ်ရာရ
🤬8👍2🔥2😢1

==================
ကိုရွှေမြိတ်
မဲဆောက်(မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ် ဘန်လောကျေးရွာအုပ်စုရှိ ရေပေါ်ရွာကို ဇွန်လ ၁၉ ရက်နေ့တွင် စစ်ကောင်စီတပ်က ၁၂၀ မမ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် အသက် ၅၀ နှစ်နီးပါးအရွယ်ရှိ အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ တနင်္သာရီမြို့နယ် ရေပေါ်ကျေးရွာကို ညောင်ပင်ကွင်းရွာ အခြေစိုက် စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း ခမရ (၅၆၁) က ပစ်ခတ်ခြင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဆီက သိရသည်။
ထိုပစ်ခတ်မှုကြောင့်ပင် စေတီတော် တစ်ဆူ ထိမှန်ပျက်စီးသွားခဲ့ပြီး ဒေသခံ ၁၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရေကြာင်းလည်း သိရသည်။
ရေပေါ်ရွာခံ စစ်ရှောင်ဒေသခံ တစ်ဦးက “တိုက်ပွဲက ဘန်လော အနောက်ကမ်းမှာ ဖြစ်တာပါ၊ စစ်တပ်က ရမ်းသန်း ပစ်လိုက်တာကြောင့် ရွာထဲ ကျရောက်ပြီး စေတီနဲ့ လူတွေ ထိခိုက်မှု ရှိခဲ့တယ်”ဟု ပြောသည်။
ထိုသို့ စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီး ရေပေါ်ရွာထဲသို့ ကျရောက်၍ ဒေသခံများ ကြောက်လန့်ပြီး လူဦးရေ ၁၀၀ ကျော်နီးပါး ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။
“အခုက တိုက်ပွဲ ဖြစ်တာက တစ်နေရာ ရမ်းသန်းပစ်လို့ လက်နက်ကြီး ကျတာက တစ်နေရာ ဖြစ်နေတော့ ရွာသားတွေ ကြောက်လို့ ထွက်ပြေး နေရတာပါ” ဟု သမီးလှရွာ စစ်ရှောင်အမျိုးသမီး တစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီး သုံးလုံးသည်၊ ရေပေါ်ရွာက ဘုရားတောင်စေတီရဲ့ ကိုယ်ထည်က ပန်းဆွဲနေရာနှင့် ခေါင်းလောင်းပုံ နေရာတို့တွင် နှစ်နေရာ ထိမှန်ခဲ့ပြီး စေတီ၏ဘေး အကာအရံတွေလည်း ထိမှန် ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဇွန်လ ၁၉ ရက်နေ့က စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား နှစ်ဖက်တိုက်ပွဲကြောင့် သမီးလှရွာဘက်က ပြန်ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်သားများကို ပြည်သူ့ ကာကွယ်ရေးတပ်ဘက်က လိုက်လံ ထပ်မံ တိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်မှု များပြားခဲ့ပြီး သေဆုံးမှုများလည်း ရှိကြောင်း သိရသည်။
ထိုသို့ တိုက်ပွဲနှင့် မဆိုင်သည့် နေရာများသို့ စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ညောင်ပင်ကွင်း၊ ခြောက်မိုင်၊ ဆင်ခေါင်း၊ ဘန်လော၊ ဘန်လင်၊ သမီးလှ၊ ကော်တော၊ ရေပေါ်၊ ဘန်ကြုတ်၊ သကျက်နှင့် ကျွဲထိန်းကုန်းရွာများက ဒေသခံများ စစ်ဘေးရှောင် နေရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#စစ်ကောင်စီတပ်
#လက်နက်ကြီး
#တနင်္သာရီမြို့နယ်
#စစ်ရှောင်အမျိုးသမီး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

Facebook
#mizzima – Explore
explore #mizzima at Facebook
🤬6🔥2👍1😢1
This media is not supported in your browser
VIEW IN TELEGRAM
ဆားဘီးယားနဲ့ကိုဆိုဗိုကြားတွေ့ဆုံဆွေးနွေးဖို့ ကိုဆိုဗိုရှိ နေတိုးငြိမ်းချမ်းရေးတပ်ဖွဲ့အကြီးအကဲတိုက်တွန်း
https://www.facebook.com/reel/764696265353334
#internationalnews #reels #shorts

❤1👍1🔥1
စာရေးဆရာညီပုလေး နှလုံးရောဂါဖြင့်ကွယ်လွန်
===============
007
(မဇ္စျိမ)။ ။ လူထုမျိုးဆက် အမျိုးသားစာပေဆုရှင် စာရေးဆရာညီပုလေး ယနေ့နံနက်ပိုင်းက ကွယ်လွန်သွားကြောင်း မန္တလေးစာပေအသိုက်အ၀န်းမှ သိရသည်။
"စစ်အာဏာသိမ်းပြီးသိပ်မကြာဘူး နှလုံးရောဂါဖောက်ဖောက်လာလို့ ဆေးကုနေရတယ်၊ ဆေးကုနေရင်း ဒီမနက်အမောဖောက်ပြီးဆုံးတာပါ၊ အခုအိမ်မှာပါ " ဟု မြို့ခံစာရေးဆရာတစ်ဦးက ပြောသည်။
အမျိုးသားစာပေဆုရှင် စာရေးဆရာညီပုလေးကို၊ ၁၉၅၂ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့က၊ လူထုဦးလှနှင့် လူထုဒေါ်အမာတို့က မန္တလေးမြို့တွင်မွေးဖွားခဲ့ပြီး၊ နာမည်ရင်းမောင်ငြိမ်းချမ်း(ခ)ဘိုညိုဖြစ်သည်။
မွေးချင်းငါးယောက်အနက် အငယ်ဆုံးသားဖြစ်ပြီး၊ ငယ်စဉ်က မန္တလေးမြို့ စိန့်ပီတာအထက်တန်းကျောင်းတွင် မူလတန်းမှ တက္ကသိုင်၀င် တန်းအထိ ပညာသင်ကြားခဲ့သည်။
ထို့နောက် မန္တလေးဝိဇ္ဇာသိပ္ပံတက္ကသိုလ်မှ ဘူမိဗေဒ(သိပ္ပံ)ဘွဲ့ရရှိခဲ့သည်။
၁၉၇၈ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့တွင် တောတွင်းဗကပသို့ ရောက်ရှိနေသောအစ်ကိုဖြစ်သူ ဖိုးသံချောင်းနှင့် စာအဆက်အသွယ်လုပ်သည် ဆိုသောစွပ်စွဲချက်ဖြင့် မိခင်ဖခင်တို့နှင့်အတူ ထိန်းသိမ်း(မန္တလေးထောင်တွင် ခုနစ်လအချုပ်)ခံခဲ့ရသည်။ ၁၉၈၈ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ၁၉၈၉ ခုနှစ်တွင်လည်း နိုင်ငံရေးမှုဖြင့် အင်းစိန်ထောင်၊ သရက်ထောင်တို့၌ ရှစ်နှစ်ကျော် အကျဥ်းကျခံရခဲ့သည်။
၁၉၈၅ ခုနှစ်ထုတ် စံပယ်ဖြူမဂ္ဂဇင်းတွင် "လျက်ဆားတတို့" ၀တ္ထုတိုကိုစတင်ဖော်ပြခြင်း ခံခဲ့ရသည်။
ထို့နောက် မဂ္ဂဇင်းများတွင် ၀တ္ထုတိုများဆက်လက်ရေးသားရင်း၊ ၁၉၈၉ ခုနှစ်တွင် သူငယ်ချင်းများနှင့်အတူ ထီးပေါင်းကားစာအုပ်တိုက်ကို ၈၄ လမ်း၊ ၃၂ လမ်းနှင့် ၃၃ လမ်းကြားတွင် တည်ထောင်ခဲ့သည်။
စာရေးဆရာညီပုလေး၏ပထမဦးဆုံးလုံးချင်း၀တ္ထုတိုစာအုပ်သည် သူ့ထက်ကဲ ရွှေပြည်စိုး ညီပုလေးဖြစ်သည်။
စာပေလောကဖြတ်သန်းရင်း ၀တ္ထုတို/ရှည်ပေါင်းများစွာရေးသားခဲ့ပြီးနောက်၊ ၂၀၀၆ ခုနှစ်တွင် ငြိမ်သက်တစ်မိနစ်နှင့်အခြား၀တ္တုတိုများ စာအုပ်ဖြင့် မိုးကုတ်မြို့ သဟာယစာကြည့်တိုက်၏ပထမဦးဆုံးသဟာယစာပေဆုကို ချီးမြှင့်ခြင်းခံခဲ့ရသည်။
ပန်းချီရေးဆွဲခြင်းနှင့် ဓာတ်ပုံရိုက်ကူးခြင်းကိုလည်း ဝါသနာပါသောစာရေးဆရာညီပုလေးသည် ကိုယ်တိုင်လည်း ငြိမ်းချမ်းစိမ်းလန်းအမည်ဖြင့် ဓာတ်ပုံပြပွဲများကျင်းပပြုလုပ်ခဲ့ဖူးသည်။
၂၀၁၂ ခုနှစ်တွင် ဆဋ္ဌမအကြိမ်မြောက် တော်ဘုရား(အောင်ဇေ)စာပေဆုအတွက် "တတိယမြို့တော်သားရဲ့အလွမ်း" ၀တ္ထုတိုဖြင့် ဆုချီးမြှင့်ခံခဲ့ရပြီး၊ ၂၀၁၆ ခုနှစ်တွင်လည်း "ထက်မြက်တဲ့ဓားသွားပေါ်က ချိုမြမြပျားရည်စက်" စာအုပ်ဖြင့် အမျိုးသားစာပေဆု ချီးမြှင့်ခံခဲ့ရသည်။
အမျိုးသားစာပေဆုရှင် လူထုမျိုးဆက် စာရေးဆရာညီပုလေးတွင်၊ ဇနီးဒေါ်တင်တင်၀င်းနှင့် သားသမီးသုံးယောက်ရှိပြီး၊ ကွယ်လွန်ချိန်တွင် အသက် ၇၁ နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။
စာတည်း- သန့်ဇော်(သန်လျင်)
#mizzima
#စာရေးဆရာညီပုလေး
#နှလုံးရောဂါ
#ကွယ်လွန်
#အမျိုးသားစာပေဆုရှင်

😢12👍2❤1🔥1
သမိုင်းဝင် နိုင်ငံတကာပွဲစဉ် ၂၀၀ ပြည့်မြောက်တဲ့ပွဲမှာ ရော်နယ်လ်ဒို အနိုင်ဂိုး သွင်းယူ
======================
ပေါ်တူဂီအသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အိုက်စလန်ကို အနိုင်ရတဲ့ သူတို့ရဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ နိုင်ငံတကာပွဲပေါင်း ၂၀၀ ရယူနိုင်တဲ့ ပထမဆုံးသော အမျိုးသားကစားသမားဖြစ်လာသလို သူဟာ သူ့ရဲ့သမိုင်းဝင်ညမှာ နောက်ဆုံးမိနစ်အနိုင်ဂိုးကိုလည်း သွင်းယူပေးခဲ့ပါတယ်။
အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကစားသမားဟာ ဂွန်ဆယ်လို အီနာဆီယိုရဲ့ ခေါင်းတိုက်ချပေးတာကို အနီးကပ်ပိတ်သွင်းခဲ့တာပါ။
ဒီဂိုးကို ကနဦးမှာ အီနာဆီယို လူကျွံတဲ့အတွက်ဆိုပြီး ပယ်ချခံခဲ့ပေမယ့်လည်း ဗီဒီယိုအကူဒိုင်က ဂိုးအဖြစ်သတ်မှတ်ပေးခဲ့ပါတယ်။

👍15😁1
ကျုံဒိုးမြို့နယ်ရှိ လျှပ်စစ်ရုံးဝင်းအတွင်းသို့ ဒရုန်းဖြင့်ဗုံးသီးချရာ စစ်ကောင်စီတပ်သား ၂ ဦးသေ
👍13❤2🔥1

========================
YT
မဇ္ဈိမ။ ။ ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်ရှိ ခုနစ်တိုင်လျှပ်စစ်ရုံးအတွင်း ဒရုန်းဖြင့်ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေပြီး သုံးဦးထိခိုက်ခဲ့ကြောင်း ဂဠုန်စစ်ကြောင်းက ဇွန်လ ၂၀ ရက်တွင် ထုတ်ပြန်သည်။
ဇွန်လ ၁၉ ရက်၊ ညနေ ၅ နာရီခန့်တွင် ဂဠုန်စစ်ကြောင်း Fixed - Wing Drone တပ်ဖွဲ့ (Spring UAV Force- G3) က အဆိုပါလျှပ်စစ်ရုံးဝင်းအတွင်း အင်အား ၃၀ ခန့်ဖြင့် အထိုင်ချထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
၎င်းတို့ကိုယ်တိုင် နည်းပညာအဆင့်မြှင့်တင်၍ တီထွင်ဆန်းသစ်ထားသော 010 (ဇီးရိုး ဝမ်း ဇီးရိုး) ဟု အမည်ပေးထားသည့် Fixed- Wing ဒရုန်းကို အသုံးပြု၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
" လျှပ်စစ်ရုံးဝန်ထမ်း ရှိကောင်း ရှိနိုင်ပေမယ့် စစ်ကောင်စီအများစု စုဝေးနေတတ်တဲ့ နေရာကိုပစ်မှတ်ထား တိုက်ခိုက်ခဲ့တာပါ။ ဗုံးသီးကို အပြစ်မဲ့ပြည်သူတွေမထိခိုက်ရအောင် တစ်လုံးပဲ ချခဲ့ပါတယ် " ဟု ဂဠုန်စစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမသို့ပြောသည်။
ခုနစ်တိုင် လျှပ်စစ်ရုံးသည် ကျုံဒိုးမြို့နယ်မှ ကော့ကရိတ်မြို့နယ်ဘက်သို့အထွက် လမ်းမပေါ်တွင်တည်ရှိပြီး စစ်ကောင်စီတပ်သားများစုဝေးရာနေရာသို့ ဦးတည်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဂဠုန်စစ်ကြောင်း Fixed- Wing Drone တပ်ဖွဲ့၏ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဘက်မှ ပြန်လည်ပစ်ခတ်ခြင်းမရှိသော်လည်း ဇွန်လ ၂၀ ရက်နေ့တွင် လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း ဂဠုန်စစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
စစ်ကောင်စီတပ်မှပစ်ခတ်သော လက်နက်ကြီးကျည်များအနက် အချို့သည် မိဂလုံကျေးရွာအနီးတစ်ဝိုက်တွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဂဠုန်စစ်ကြောင်း ပြန်ကြားရေး တာဝန်ခံကပြောသည်။
ပြီးခဲ့သည့် မေလ ၃၀ ရက်ကလည်း ကျုံဒိုးမြို့နယ်ရဲစခန်းနှင့် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ (၅၄၅) တပ်ရင်းအား ဂဠုန်စစ်ကြောင်း Fixed- Wing Drone အဖွဲ့က Fixed- Wing ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ပြီး ရဲနှင့် စစ်သားငါးဦးခန့် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#ဒရုန်းတပ်ဖွဲ့
#လျှပ်စစ်ရုံးဝင်း
#ကျုံဒိုးမြို့နယ်
#ဗုံးသီးချတိုက်ခိုက်

#ဒရုန်းတပ်ဖွဲ့ – Explore
explore #ဒရုန်းတပ်ဖွဲ့ at Facebook
👍15❤2🔥1👏1
ဇွန်လ (၂၁)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=========================
01:04 - မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲက နှစ်နိုင်ငံလုံးအတွက် အကျိုးရှိခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြောသတင်း
04:54 - မော်လမြိုင်- ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီး ပေါ်မှာ ပုံမှန်စစ်ဆေးရေးပြုလုပ်မယ်လို့ NUG ကာကွယ်ရေးကြေညာတဲ့သတင်း
06:00 - KIA ဌာနချုပ် လိုင်ဇာအနီးရှိ နေရပ်ပြန် နမ့်ဆန်ယန်ကျေးရွာမှာ စစ်ရေးတင်းမာနေတဲ့သတင်း
09:27 - မြန်မာနဲ့ ကမ္ဘာတဝန်းရှိ ဒုက္ခသည်အရေး ဖြေရှင်းဖို့ ကုလနဲ့ လှုပ်ရှားသူတွေတိုက်တွန်းတဲ့သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာပါ။
https://youtu.be/Gu_zx2mLQPY
#4pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
ဇွန်လ (၂၁)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:04 - မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲက နှစ်နိုင်ငံလုံးအတွက် အကျိုးရှိခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြောသတင်း
04:54 - မော်လမြိုင်- ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီး ပေါ်မှာ ပုံမှန်စစ်ဆေးရေးပြုလုပ်မယ်လို့ NUG ကာကွယ်ရေးကြေညာတဲ့သတင်း
06:00…

👍3😁2🔥1