Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ပန်းနဲ့သေနတ်စီးချင်းထိုးပွဲ
============

မိုးသောက်
(မဇ္ဈိမ) ။ ။ပန်းဆိုသည်မှာ လှ‌ပသောအဆင်းနှင့် ဆွတ်ပျံ့သော ရနံ့ရှိ၏။ လူမှုဘဝပတ်ဝန်းကျင်ကို လှပကြည်လင်စေ၏။ သေနတ်ဆိုသည်မှာ လူသတ်လက်နက်ဖြစ်၏။ သွေးညှီနံ့ စွန်းပေ၏။ လူမှုဘဝပတ်ဝန်းကျင်ကို ထိန့်လန့်တုန်လှုပ်စေ၏။
ဒါတွေက ပန်းနဲ့သေနတ်ရဲ့ ပကတိအရှိတရား ဝိသေသ‌လက္ခဏာတွေဖြစ်ပါတယ်။

နောက်ထပ်ပကတိအရှိတရား ဖြစ်ရပ်လည်း ရှိပါသေးတယ်။ပန်းပန်‌တဲ့သူတွေကို သေနတ်ကိုင်ထားတဲ့ လူအုပ်စုက ကြောက်ပြီးသေနတ်အားကိုးနဲ့ အနိုင်အထက်ပြုကျင့်ဖမ်းဆီးခဲ့တဲ့ဖြစ်ရပ်ပါ။မြန်မာနိုင်ငံမှာ မ‌နေ့တနေ့က ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုလည်း ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၉ရက်။
ချစ်ခင်မြတ်နိုးသူ ပြည်သူများက အမေစုလို့ အမြတ် တနိုးခေါ်ကြတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်‌ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈နှစ်မြောက်မွေးနေ့။ ဘီလူးခေါင်းဆောင်းထားတဲ့ စစ်အာဏာရှင်ရဲ့ သရုပ်မှန်ကို live လွှင့်နေတဲ့ဘောလုံးပွဲတိုက်ရိုက်ကြည့်နေရသလို ပြည်သူလူထုက အဲ့ဒီနေ့မှာ နောက်ထပ် ထင်ထင်ရှားရှား မြင်ခဲ့ကြရပြန်ပါတယ်။ ရန်ကုန်မြို့၊ကမာရွတ်မြို့နယ်၊ Junction Square ရှေ့လမ်းပေါ်မှာ
👍20🔥2😁1
ထီးတစ်လက်၊ ပိုက်ဆံအိတ်အသေးတစ်လုံးနဲ့ နှင်းဆီပန်းတစ်ပွင့်ကိုကိုင်ပြီး လမ်းလျှောက်လာတဲ့အမျိုးသမီးကို လက်နက်ကိုင်စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးပြီး စစ်ကားပေါ် တွန်းတင်လိုက်ပါတယ်။

ဇွန်လ၁၉ရက်နေ့က အဲဒီနားမှာသူမအပါအဝင် ဖြတ်လျှောက်လာသမျှလူတိုင်းကိုပန်းပန်ထားတာဖြစ်စေ ၊ပန်းဝယ်လာတာဖြစ်စေ တွေ့တာနဲ့ စစ်ကောင်စီတပ် သားတွေက စစ်ဆေးဖမ်းဆီးနေတာကို အဆောက် အဦတစ်ခုပေါ်ကနေ တိတ်တဆိတ်ရိုက်ကူးထားတဲ့ ၄မိနစ်ကြာဗီဒီယိုဖိုင်ကသက်သေခံနေပါတယ်။ ရန်ကုန်မြို့အပါအဝင် မြို့ကြီးတွေမှာ စစ်ကောင်စီတပ် သားတွေ ဦးဆောင်တဲ့ ဒီလိုဖမ်းဆီးမှုမှတ်တမ်းဓာတ် ပုံနဲ့ဗီဒီယိုတွေ ထွက်ပေါ်ခဲ့ပါတယ်။
“အမေစုမွေးနေ့မှာ ပန်းဝယ်သမျှလူတွေ၊ ပန်းပန်လာတဲ့သူတွေကို သူတို့ကတွေ့ရင် စစ်တော့တာပဲ” လို့ ရန်ကုန်မြို့နေ အမျိုးသမီးတစ်ဦးကဆိုပါတယ်။

ဇွန်လ၁၉ရက်၊ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈နှစ်ပြည့်မွေးနေ့မှာ တော်လှန်ရေးအင်အားစုတွေနဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေ၊ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက ပန်းသပိတ်ပြုလုပ်ကြဖို့ တိုက်တွန်းခဲ့ကြပါတယ်။နေပြည်တော်ကအချုပ်ထောင်ထဲမှာ လူ့သက်တမ်းတစ်ဝက်ခန့်ကာလကြာ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရတဲ့ လူထုခေါင်းဆောင်ကို ချစ်မြတ်နိုးကြတဲ့ ပြည်သူတွေက “ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ” လို့ကြွေးကြော်ပြီး ပန်းသပိတ်မှာ ရဲရဲတောက်ပါဝင်ခဲ့ကြပါတယ်။

ပန်းသပိတ်မှာ ပန်းပန်ပြီးပါဝင်ခဲ့ကြသူတွေရှိကြသလို လူမှုကွန်ရက်စာမျက်နှာတွေမှာလည်း လူထုခေါင်းဆောင်ကျန်းမာစေဖို့၊ အားတင်းထားဖို့စတဲ့ဆုတောင်းစကားတွေနဲ့ ပါဝင်ဆင်နွှဲခဲ့ကြသူအများအပြားလည်းရှိခဲ့ပါတယ်။

“ကြောက်တာကသတ္တိမဟုတ်ဘူး။ ကြောက်ရဲ့သားနဲ့ ကိုယ်လုပ်ချင်တာကို လုပ်ရဲတာကသတ္တိပဲ"လို့ လူထုခေါင်းဆောင်ပြောကြားထားတဲ့ စာသားနဲ့အတူ နှင်း ဆီပန်းပန်ပြီး လူမှုကွန်ရက် စာမျက်နှာပေါ်ဓာတ်ပုံတင်ခဲ့တဲ့ ရန်ကုန်မြို့က လူငယ်တစ်ဦးကိုလည်း စစ်ကောင်စီက ဖမ်းဆီးခဲ့ပါသေးတယ်။ဖမ်းဆီးချိန်မှာ စစ်ကောင်စီတပ်သားတွေက သေနတ်တွေနဲ့ ဝိုင်းချိန်ပြီး ရာဇဝတ်သားတစ်ယောက်ကို ဖမ်းသလို ဖမ်းသွားတာလို့ ပတ်ဝန်းကျင်မှာ ရှိနေသူတွေက ပြောပြပါတယ်။

ဇွန်လ၁၉ရက်နေ့တနေ့လုံး ပန်းသပိတ်မှာပါဝင်လို့ဆိုပြီး ဖမ်းဆီးခံရသူ နိုင်ငံတဝန်း ၁၀၀ကျော် ရှိနိုင်တယ်လို့ ဒေသတွင်းသတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေနဲ့ တော်လှန်ရေးအဖွဲ့တွေထံကနေသိရပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက် ဇွန်လ၁၉ရက်တိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက်ရည်ရွယ်ပြီး တော်လှန်သွေးတွေ မအေးသေးကြောင်း ပြသဖို့ ပန်းသပိတ်ကို နှစ်စဉ်ပြုလုပ်ကြတာပါ။ စစ်ကောင်စီကလည်း လူထုခေါင်းဆောင်ရဲ့ မွေးနေ့ပန်းသပိတ်မှာ ပါဝင်ဆင်နွှဲတဲ့ ပြည်သူတွေကို သေနတ်တပြင်ပြင်နဲ့ နှိပ်ကွပ်ဖမ်းဆီးခဲ့တာပါပဲ။

စစ်ကောင်စီက ပြည်သူတွေကို ဖမ်းဆီးတာတွေ၊ သတ်ဖြတ်တာတွေက ဇွန်လ၁၉ရက်နေ့ တစ်ရက်တည်းမဟုတ်ပါဘူး။ အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့ကစလို့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အရပ်သားအစိုးရ ခေါင်းဆောင်တွေ၊ ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးသတ်ဖြတ်နေတာဖြစ်ပါတယ်။

ဒါပေမယ့် ပန်းပန်လာသူတွေကို သေနတ်တကား ကားနဲ့ ဖမ်းဆီးတဲ့ မြင်ကွင်းတွေကတော့ မြင်သာထင်သာရှိတဲ့ အကျည်းတန်တဲ့မြင်ကွင်းဖြစ်သလို စစ်ခေါင်း ဆောင်နဲ့ နောက်လိုက်တွေရဲ့ သူရဲဘော ကြောင်တဲ့လုပ်ရပ်လို့ ပြည်သူတွေက မှတ်ချက်ပြုပါတယ်။
“သက်မဲ့ ပန်းလေးတွေကိုတောင် ကြောက်နေတာကတော့ သူတို့ဘက်က စစ်ရေးမှာနိမ့်ကျနေတာကိုပြသနေတာပါပဲ” လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဗဟိုအလုပ်ကော်မတီဝင် ဒေါက်တာမေဝင်းမြင့်က ကောက်ချက်ချပါတယ်။

အာဏာသိမ်းစက “ခေတ်ကိုပြောင်းချင်ရင် ခေါင်းကိုပစ်” လို့ ယတြာလိုလို၊ ဆောင်ပုဒ်လိုလို ကြွေးကြော် သံနဲ့ လူထုအပေါ်ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တဲ့စစ်ကောင်စီတပ်ကို ပြည်သူလူထုက လက်နက်စွဲ ကိုင် တိုက်ခိုက်နေကြတာ နှစ်နှစ်ကျော်ကာလ ရောက်လာပါပြီ။အခုတော့အာဏာသိမ်းစစ်တပ်ဟာ ပြည်သူ့ခုခံစစ်ကိုလေကြောင်းမပါဘဲ မတိုက်ရဲတော့သလို သူအုပ်ချုပ်မှုနယ်မြေ‌တွေ တဖြည်းဖြည်းလက်လွှတ်ဆုံးရှုံးရတဲ့အထိကို စစ်ရေးအခြေအနေနိမ့်ပါးလာနေပါတယ်။

ဒါကြောင့်လည်း စစ်ကောင်စီယန္တရား လှုပ်လီလှုပ်လဲ့လည်ပတ်နေဆဲ လက်ကျန်မြို့တွေမှာအုပ်ချုပ်ရေးအာဏာအသက်ဆက်ဖို့အတွက် ပန်းပန်တဲ့သူတွေကိုတောင် သေနတ်‌ထောက်ဖမ်းဆီးနေတာလို့လည်း အညာဒေသက တော်လှန်ရေးရဲဘော်တွေ ပြောပါတယ်။

စစ်ကောင်စီခြေချခွင့်မရတော့တဲ့ တော်လှန်ရေးအဖွဲ့တွေ စိုးမိုးထားတဲ့နယ်မြေအချို့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲကို အရောင်စုံပန်းတွေ ပန်ပြီးခြိမ့်ခြိမ့်သဲသဲ ကျင်းပနိုင်နေပါပြီ။တတိုင်းပြည်လုံး ဒေသအနှံ့မှာ ပန်းတွေကိုလွတ်လွတ်လပ်လပ် ပန်ဆင်ပြီး လူထုခေါင်းဆောင်ရဲ့မွေးနေ့ကို ပျော်ပျော်ပါးပါး ကျင်းပနိုင်မယ့်နေ့ရက်ကိုရောက်ဖို့အတွက် နည်းပေါင်းစုံနဲ့ကြိုးစားနေကြတယ်လို့ တော်လှန်ရေးအဖွဲ့တွေက သတင်းစကားပါးပါတယ်။

စာတည်း - မောင်ကြီး

#mizzima
#ပန်းနဲ့သေနတ်စီးချင်းထိုးပွဲ
👍26🔥4❤3
​​ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဆုတောင်းပေးသောကြောင့် သရုပ်ဆောင်ပိုးကြာဖြူခင် ဖမ်းဆီးစစ်ကြောခံရ
=====================

ဂန္ဒမာ
(မဇ္ဈိမ) ။ ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အား လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဆုတောင်းပိုစ့် (Post) တင်ခဲ့သောကြောင့် သရုပ်ဆောင် ပိုးကြာဖြူခင်အား ဇွန်လ ၁၉ ရက်ကစတင်ကာ စစ်ကောင်စီတပ်မှ ဖမ်းဆီးစစ်ကြောနေကြောင်း သိရသည်။

" ဇွန် ၁၉ နေ့က "ငြိမ်းချမ်းသောမွေးနေ့ဖြစ်ပါစေ" လို့ သူ့ဖေ့ဘုတ် (Facebook) မှာတင်လို့ သူ့အိမ်မှာ လာဖမ်းသွားတာပါ။ ငွေလိုချင်လို့၊ ငွေညှစ်ချင်လို့ပါဗျာ " ဟူ၍ တရားရေးနီး အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက မဇ္ဈိမသို့ အတည်ပြုပြောသည်။

စစ်အာဏာသိမ်းမှုအားဆန့်ကျင်တော်လှန်သောပုဂ္ဂိုလ်များနှင့်စပ်လျဉ်း၍ ပတ်သက်ဆက်နွယ်သည့် အရေးအသားများအား လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြမိလျှင် စစ်တပ်လော်ဘီ ဟန်ငြိမ်းဦးအမည်ခံ တယ်လီဂရမ်ချန်နယ်များမှ ထိုသူများအားဖမ်းဆီးရန် နာမည်၊ နေရပ်လိပ်စာနှင့် အကြောင်းအရာ အချက်အလက်အတိအကျကိုဖော်ပြပြီး တိုက်တွန်း‌လေ့ရှိကြောင်း တွေ့မြင်ရသည်။
ထိုထဲတွင် သရုပ်ဆောင် ပိုးကြာဖြူခင်နှင့် ၎င်း၏မိခင်လည်းပါဝင်ခဲ့ပြီး သူမတို့နှစ်ဦးကို ဖမ်းဆီးရန် ဇွန်လ ၁၉ ရက်နေ့က ဖော်ပြထားမှုများရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အား ဖေစ့်ဘွတ်တွင် မွေးနေ့ဆုတောင်းပေးသည့် သရုပ်ဆောင် ပိုးကြာဖြူခင် ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်၍ ပြည်သူတစ်ဦးက ယခုကဲ့သို့မှတ်ချက်ပြုသည်။

" အဲ့တာကြောင့် ဒီနိုင်ငံထဲနေရင် ဘာမှကို မshare ရဲ၊ မရေးရဲ၊ like မလုပ်ရဲ၊ သူတို့ဖမ်းချင်ရင် like လုပ်တာကအစ အပြစ်ရှာတာ detail (အသေးစိတ်) ကျကျ " ဟူ၍ ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့တွင် ပန်းသပိတ်ပြုလုပ်ကြသူများ၊ ပန်းပွင့်ကိုင်ဆောင် သွားလာကြသူများ၊ ပန်းရောင်းချသူ၊ ဝေငှသူများကိုလည်း စစ်ကောင်စီတပ်မှ လိုက်လံရှာဖွေ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သေးသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#သရုပ်ဆောင်
#ပိုးကြာဖြူခင်
#မွေးနေ့ဆုတောင်း
#ဒေါ်အောင်ဆန်းစုကြည်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19👎4😁4💩3😡2
​​အမှတ်(၃၄၄)အမြောက်တပ်တွင် အချင်းချင်းပစ်ခတ်ရာမှ တပ်ကြပ်ကြီးသေဆုံး
======================

မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်အခြေစိုက် အမှတ်(၃၄၄)အမြောက်တပ်မှ စစ်ကောင်စီတပ် သားနှစ်ဦး ခိုက်ရန်ဖြစ်ပွားပြီး အချင်းချင်းပစ်ခတ်ရာမှ တပ်ကြပ်ကြီးတဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှသိရသည်။

အမှတ်(၃၄၄)အမြောက်တပ်ရှိ စစ်ကောင်စီတပ်သားနှစ်ဦးသည် ဇွန်လ ၁၈ ရက်နေ့ ညနေပိုင်းတွင် တပ်အ တွင်း၌ အရက်မူးကာစကားများရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်ကပြော သည်။

သေဆုံးသူမှာ အသက် ၅၆ နှစ်အရွယ် တပ်ကြပ်သန့်စင်ဖြစ်သည်ဟုသိရပြီး ဦးခေါင်းတွင် သေနတ်ဒဏ်ရာ သုံးချက်ဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ခေါင်းကို သေနတ်နဲ့သုံးချက် ပစ်ထားတာ၊ ခေါင်းတစ်ခုလုံး မွနေတာပဲ။ အဲ့ဒီကိစ္စကို သေနတ်သန့်ရှင်းရေး လုပ်ရင်း ကျည်မတော်တဆထွက်ပြီး သေတာလိုလို၊ ကိုယ့်ကိုယ်ကိုယ် သတ်သေတာလိုလို စစ်တပ်ဘက် က သတင်းလွှင့်ထားတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

ပစ်ခတ်မှုဖြစ်ပြီးနောက် သေဆုံးသူ၏ရုပ်အလောင်အား ရေကြည်မြို့နယ်ဆေးရုံရှိ ရင်ခွဲရုံသို့ တိတ်တဆိတ် သယ်ဆောင်သွားကြကြောင်း၊ ဆေးရုံရောက်သည့်အချိန်မှသာ သေဆုံးမှုကို သိရှိခဲ့ရခြင်းဖြစ်ကြောင်း ၎င်း ကပြောသည်။

ဇွန်လ ၁၉ ရက်နေ့တွင် တပ်ကြပ်သန့်စင်၏ရုပ်အလောင်းအား စစ်ကောင်စီတပ်က ရေကြည်မြို့နယ် အတွင်းရှိ သုသာန်တခု၌ တိတ်တဆိတ်သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

“သေတဲ့လူက လူပျိုကြီး၊ အသက်ကလည်း ၅၆ နှစ်ဆိုတော့ မိဘတွေလည်း မရှိတော့တဲ့ပုံပဲ။ ဒါကြောင့် စစ်တပ်က သတင်းဖျောက်လို့ ကောင်းတာပေါ့” ဟု သတင်းရင်းမြစ်က ပြောသည်။

အမှတ်(၃၄၄)အမြောက်တပ်သည် အင်အား ၃၀ ကျော်ခန့်ရှိသည့် စစ်ကောင်စီတပ်စခန်းတခုဖြစ်ပြီး ၎င်း တို့လက်အောက်ခံ ရဲတပ်ဖွဲ့များနှင့်ပေါင်းကာ ရေကြည်မြို့နယ်အတွင်းနေထိုင်သည့် ပြည်သူများအား မကြာခဏ ဖမ်းဆီးနေသည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မတ်လ ၁၂ ရက်နေ့ကလည်း မအူပင်မြို့မရဲစခန်းမှူး ညွှန့်လှိုင်(ယခု ဘိုကလေး စခန်းမှူး)က အရက်မူးကာ ရဲတပ်သားသစ်တဦးကို သေနတ်ဖြင့်ပစ်ခတ်ခဲ့၍ သေဆုံးမှုဖြစ်ပွားခဲ့သေး သည်။

ဓာတ်ပုံ- စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ကြီး လေ့ကျင့်ပစ်ခတ်နေပုံ (ပုံဟောင်း)
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ဧရာဝတီတိုင်း
#ရေကြည်မြို့နယ်
#အမှတ်(၃၄၄)အမြောက်တပ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍21👏5🤣3🥱1
​​ဒေးဒရဲမြို့နယ်တွင် အုပ်ချုပ်ရေးမှူး၏ တိုင်ကြားမှုကြောင့် NLD ပါတီထောက်ခံသူ ဖမ်းဆီးသတ်ဖြတ် ခံရ
===================

မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ်၊ တိုးကျေးရွာမှ အမျိုးသားတဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့်ရဲများက အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ရိုက်နှက်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲများ၏ ရိုက်နှက်မှုကြောင့် တိုးကျေးရွာနေ အသက် ၃၀ အရွယ် ကိုကျော် ဝင်းနိုင်သေဆုံးခဲ့ခြင်းဖြစ်သည်။

ကိုကျော်ဝင်းနိုင်သည် ဇွန်လ ၅ ရက်နေ့ညပိုင်းက တိုးကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှထွဋ်၏ တိုင်တန်းမှု ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲများ၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။

ထို့နောက် ဇွန်လ ၆ ရက်နေ့ နံနက်အစောပိုင်းတွင် ဒေးဒရဲ ရဲစခန်းအချုပ်ခန်း၌ ရိုက်နှက်ခံထားရသည့် ဒဏ်ရာများဖြင့်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတဦးကပြောသည်။

“သေသွားပြီဆိုပြီး ကိုကျော်ဝင်းနိုင်ရဲ့မိသားစုနဲ့ တိုးကျေးရွာအုပ်ချုပ်ရေးမှူးကို လှမ်းခေါ်တယ်။ ပြီးတော့ မိသားစုကို အလောင်းမပြဘဲ သင်္ဂြိုဟ်လိုက်ကြတယ်။ ဒဏ်ရာတွေနဲ့အလောင်းကို တွေ့မှာစိုးလို့ထင် တယ်” ဟု ဆိုသည်။

သေဆုံးသူသည် NLD ပါတီ ဝန်းရံထောက်ခံသူတဦးဖြစ်ပြီး လူသိများကာ လူချစ်လူခင်ပေါများသူဖြစ် ကြောင်း ဒေသခံများကဆိုသည်။ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် နိုင်ငံရေး၊ တော်လှန်ရေးနှင့် မပတ် သက်ဘဲ တိုးကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်းလည်း သိရသည်။

“ကိုကျော်ဝင်းနိုင်က ရွာမှာအေးအေးဆေးဆေး နေတဲ့လူဗျ။ အုပ်ကြီးတိုင်လို့ မဆီမဆိုင်အဖမ်းခံရပြီး အသတ်ခံရတာ။ လှထွဋ်က ရွာကိုဒုက္ခပေးနေတာကြာပြီ။ သူ့ကြောင့်အဖမ်းခံရတဲ့သူတွေလည်း မနည်း ဘူး” ဟု တိုးကျေးရွာနေအမျိုးသားတဦးက ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ရဲများသည် ဒေးဒရဲမြို့နယ် တိုးကျေးရွာနှင့် ရွာချင်းဆက် တမာ တကောကျေးရွာ၌ တပ်စွဲထားပြီး ဦးလှထွဋ်သတင်းပေးတိုင်ကြားသည့် ရွာနီးချင်းကျေးရွာများရှိ ဒေသခံ များကို မတရားဖမ်းဆီးကာ ငွေကြေးတောင်းခံမှုများပြုလုပ်နေသည်ဟု သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ဧရာဝတီတိုင်း
#ဒေးဒရဲမြို့နယ်
#တိုးကျေးရွာ
#ဖမ်းဆီးသတ်ဖြတ်
🤬24👍10❤2👎1😁1
မုံရွာ-မန္တလေး ကားလမ်းပေါ် ချီတက်သပိတ်မှောက် ကြသည့် အညာသားများ
======================

(မဇ္စျိ) ။ ။ အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီနှင့် ဒေသခံကာကွာ်ရေးတပ်ဖွဲ့များ အတူပူးပေါင်းကာ မုံရွာ-မန္တလေး ကားလမ်းမကြီးတစ်နေရာတွင် အစစ်ဆေးအကြပ်တည်းများကြားမှ "အညာသားတွေရဲ့ဇ တော်လှန်ခြင်းနဲ့ သက်သေပြ" ဘန်နာစာတန်းကိုင်ဆွဲကာ ယနေ့ ဇွန်လ ၂၁ ရက်နေ့တွင် သပိတ်စစ်ကြောင်း ချီတက်ခဲ့ကြသည်။

#အရာတော်သပိတ်
#ဆန္ဒပြ
#Mizzima
🥰19👍11❤3🔥1😁1
Media is too big
VIEW IN TELEGRAM
June - 21 [ 7 Pm ] The Mizzima Primetime

Mizzima Headline News

#7pmnews #themizzimaprimetime #reels #shorts
👍14🍌2