Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မုံရွာ-မန္တလေး ကားလမ်းပေါ် ချီတက်သပိတ်မှောက် ကြသည့် အညာသားများ
======================

(မဇ္စျိ) ။ ။ အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီနှင့် ဒေသခံကာကွာ်ရေးတပ်ဖွဲ့များ အတူပူးပေါင်းကာ မုံရွာ-မန္တလေး ကားလမ်းမကြီးတစ်နေရာတွင် အစစ်ဆေးအကြပ်တည်းများကြားမှ "အညာသားတွေရဲ့ဇ တော်လှန်ခြင်းနဲ့ သက်သေပြ" ဘန်နာစာတန်းကိုင်ဆွဲကာ ယနေ့ ဇွန်လ ၂၁ ရက်နေ့တွင် သပိတ်စစ်ကြောင်း ချီတက်ခဲ့ကြသည်။

#အရာတော်သပိတ်
#ဆန္ဒပြ
#Mizzima
🥰19👍11❤3🔥1😁1
Media is too big
VIEW IN TELEGRAM
June - 21 [ 7 Pm ] The Mizzima Primetime

Mizzima Headline News

#7pmnews #themizzimaprimetime #reels #shorts
👍14🍌2
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဇွန်လ ၂၁ ရက်ထုတ်လွှင့်မှုများ
=================

https://youtu.be/fRkDGsw8--Y

#PVTV
#mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍3😁2
​​မြန်မာမှ တစ်ဆင့် ကာလကတ္တားမှ ဘန်ကောက်သို့ ဆက်သွယ်သည့် ၃ နိုင်ငံ အဝေးပြေးလမ်းမကြီး ပြီးစီးရန် ၄ နှစ်ခန့် ကြာဦးမည် 
========================

မြန်မာမှ တစ်ဆင့် ကာလကတ္တားမြို့မှ ဘန်ကောက်မြို့သို့ ဆက်သွယ်မည့် ၃ နိုင်ငံအဝေးပြေးလမ်းမကြီး ပြီးစီးရန် ၄ နှစ် ကြာမြင့်နိုင်ကြောင်း နိုင်ငံအသီးသီးမှ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးများအဖွဲ့က မကြာသေးမီက ထုတ်ပြန်လိုက်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁6👍4❤1
ဇွန်လ (၂၂) ရက်၊ ကြာသပတေးနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
=======================

ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

လုပ်ခလစာတိုးတောင်းလို့ အဖမ်းခံထားရတဲ့ စက်ရုံအလုပ်သမားတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂသံရုံး (EU) က တောင်းဆိုလိုက်တဲ့သတင်းနဲ့အတူ မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ် MFTB နဲ့ မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနဲ့ကူးသန်းရောင်းဝယ်ရေးဘဏ် MICB တို့ကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့လိုက်ရင်လည်း ပူစရာမလိုဘူးလို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက စစ်ကောင်စီ လက်အောက်ခံ မြဝတီမီဒီယာကနေတစ်ဆင့် ထုတ်ပြန်ပြောဆိုလိုက်တဲ့ သတင်းအပါအဝင် တခြား စိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ရှိသလို မဇ္ဈိမနဲ့ The Call ခေါ်သံ အွန်လိုင်းမဂ္ဂဇင်းတို့ ပူးပေါင်းတင်ဆက်တဲ့ “နွေဦးခေါ်သံ” အနုပညာကဏ္ဏ ကို လည်း နားဆင်ရမှာ ဖြစ်ပါတယ်။

https://youtu.be/u5p9jQFW5yc

#Mizzimaradio
#Morningradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9🔥2
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ (ဇွန်လ ၂၂ ရက်၊ ၂၀၂၃ ခုနှစ် | VOA On Mizzima)
=============

ထိုင်ဝမ်အထက်တန်းကျောင်းမှာ ကျောင်းသူကျောင်းသားတွေ သေနတ်ပစ် လေ့ကျင့်နေတဲ့အကြောင်းနဲ့ လုံခြုံရေးနဲ့ တည်ငြိမ်မှုကို ခြိမ်းခြောက်တဲ့ ဥတုရာသီပြောင်းလဲမှုအကြောင်း၊ ဒီလို စိတ်ဝင်စားစရာ ဆောင်းပါးတွေအပြင် နောက်ဆုံးရ ငွေလဲနှုန်း၊ ရွှေဈေးနဲ့ စက်သုံးဆီဈေးတွေကိုလည်း ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၂ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/gYSCQexW1dU

#VOA
#MizzimaTv
 ------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5😁3❤1
သားသတ်သမားတွေက ဝဋ်လည်မှာတော့ကြောက်သား
===================

အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ပြီး လူမဆန်တဲ့လုပ်ရပ်တွေကို အမိန့်ပေးနေတဲ့
စစ်ဗိုလ်ချုပ်တွေဟာ ဝဋ်လည်မှာတော့ ကြောက်ကြပုံရပါတယ်။ အကုသိုလ်တွေကို ကုသိုလ်နဲ့ဖုံးဖို့ ဘုရားတည်၊ ကျောင်းဆောက်နဲ့ ဆက်ကပ်လှူဒါန်းမှုတွေ အမျိုးမျိုးလုပ်နေတဲ့အပြင် ယတြာတွေကိုလည်း တစ်မျိုးပြီးတစ်မျိုး မရိုးအောင် ချေနေခဲ့ တာပါ။ ဗန်းမော်ဆရာတော်ကြီးရဲ့ အန္တိမ အဂ္ဂိဈာပနအခမ်းအနားမှာဆိုရင် စစ်ခေါင်းဆောင်နဲ့ အပေါင်းအပါတွေ ဟာ အခေါင်းတောင်ဝင်ထမ်းလိုက်သေးတာဖြစ်ပါတယ်။ အဲဒီထဲမှာ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင် လှိုင်နဲ့အတူ ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်တို့ပါဝင်ခဲ့တာဖြစ်ပါတယ်။ စစ်ထောက်လှမ်းရေးအကြီးအကဲနဲ့ စစ်ကောင်စီ တွဲဖက်အတွင်းရေးမှူး ရဲဝင်းဦးဟာ စစ်ကောင်စီ
ငရဲခန်း တွေကို တာဝန်ယူထားသူဖြစ်ပြီး အဲဒီငရဲခန်းတွေမှာ အရပ်သားတွေနဲ့ သံဃာတော်တွေကို
ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်နေတာ ဖြစ်ပါတယ်။

https://youtu.be/tmzmynzmnvw

#Newsfeature
#Mizzima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🔥5😁3😱1
“ပထမအဆင့်အနေနဲ့ ငွေကြေး လေးမျိုးနဲ့ ဝန်ဆောင်မှုပေးမယ့်အပြင် ရွှေပါ စုဆောင်းနိုင်မယ့် နွေဦးဘဏ်” ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်
==================

(အင်တာဗျူး)

မဇ္ဈိမ ။ ။ နွေဦးဘဏ်မှာ ပထမအဆင့်အနေနဲ့ ငွေကြေး လေးမျိုးနဲ့ ဝန်ဆောင်မှုပေးမယ့်အပြင် ရွှေပါ စုဆောင်းနိုင်မယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ရဲ့ စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က မဇ္ဈိမနဲ့ သီးသန့် အင်တာဗျူးမှာ ပြောပါတယ်။

သီးသန့် အင်တာဗျူး အပြည့်အစုံကိုတော့ Mizzima ရဲ့ အပတ်စဉ်ထုတ်လွှင့်နေကြဖြစ်တဲ့ Weekly Interview အစီအစဉ်မှာ လာမည့် ဇွန်လ ၂၄ ရက် စနေနေ့ မြန်မာစံတော်ချိန် မွန်းတည့် ၁၂ နာရီ မှာ Mizzima TV နဲ့ Mizzima News In Burmese Facebook Page တို့ကနေ စောင့်မျှော်ကြည့်ရှုနိုင် ပါတယ်။

မေးမြန်း၊ တည်းဖြတ်၊ တင်ဆက် ။ ။ ခက်နွေ
စာတည်း ။ ။ Alden

https://youtu.be/xXMcSYUZKpk

--------------------- 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤16👍4😁3
ထိုင်ဝမ်ကျောင်းသူကျောင်းသားတွေ စစ်ရေးလေ့ကျင့်နေ | VOA on Mizzima
====================

ထိုင်ဝမ်အထက်တန်းကျောင်းတခုရဲ့ကျောင်းဝန်းထဲမှာ သေနတ်ပစ်ကွင်းထည့်ထားပြီး မောင်းပြန် ရိုင်ဖယ်သေနတ်နဲ့ တခြားလက်နက်တွေကို ကျောင်းသူကျောင်းသားတွေ ယူသုံး လေ့ကျင့်နေကြပါတယ်။ ထိုင်ဝမ်ရေလက်ကြားမှာ တင်းမာမှုတွေ ရှိနေတဲ့တချိန်တည်းမှာပဲ တိုင်းပြည်ကာကွယ်ရေးအကြောင်း ကျောင်းသူကျောင်းသားတွေ လေ့လာနေကြတာလည်း ဖြစ်ပါတယ်။ အေပီသတင်းဆောင်းပါးတပုဒ်ကို မအိသန့်စင် တင်ဆက်ထားပါတယ်။

https://youtu.be/qK2KY1jwWqs
  
#VOA
#MizzimaTv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10😁3🔥1
ဇွန်လ ၂၂ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး

--------------------- 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥3
​​MFTBနှင့် MICB ဘဏ်နှစ်ခုကို ပိတ်ဆို့အရေးယူကြောင်း အမေရိကန် တရားဝင်ထုတ်ပြန်
==================

(မဇ္ဈိမ)

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB) နှင့် မြန်မာ့ရင်းနှီး မြှုပ်နှံမှုနှင့် ကူးသန်းရောင်း၀ယ်ရေးဘဏ် (MICB) တို့ကို ပိတ်ဆို့အရေးယူကြောင်း ဇွန် ၂၁ ရက်တွင်အမေရိကန်အစိုးရက တရားဝင်ထုတ်ပြန်သည်။

" အာဏာရှင်အဖွဲ့အစည်းက ကာကွယ်ရေးဝန်ကြီးဌာနအတွက် နိုင်ငံရပ်ခြားမှ စစ်လက်နက်ပစ္စည်းများဝယ်ယူရာတွင် နိုင်ငံခြားငွေကြေးသုံးစွဲမှုအဆင်ပြေချောမွေ့စေရေးအတွက် MFTB နှင့် MICB တို့သည် အခရာကျသည့် အဖွဲ့အစည်းများဖြစ်ပါသည်။ ဤဘဏ်များသည် ၎င်းတို့၏ နိုင်ငံခြားဘဏ်စာရင်းများကို အသုံးပြု၍ မြန်မာနိုင်ငံ၏ အခွန်ဘဏ္ဍာငွေရှာဖွေပေးသည့် နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများကို နိုင်ငံတကာဈေးကွက်နှင့် အလွယ်တကူချိတ်ဆက်နိုင်စေခဲ့ခြင်းဖြင့် စစ်ရေးကိစ္စရပ်များ အတွက် အာဏာရှင်အဖွဲ့အစည်းက ခေါင်းပုံဖြတ်အမြတ်ထုတ် နိုင်မည့် ငွေကြေးအရင်းအမြစ်အမြောက်အမြားကို ပံ့ပိုးပေးခဲ့ကြပါသည်" ဟု အမေရိကန်က ဆိုသည်။

မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် စစ်မှန်သော ဒီမိုကရေစီအနာဂတ်တစ်ခုကို ရှာဖွေလျှက်ရှိသည့် မြန်မာပြည်သူများအတွက် အားပေးထောက်ခံမှုကို အမေရိကန်ပြည်ထောင်စုက ဖြေလျှော့သွားမည် မဟုတ်ကြောင်း၊ အာဏာရှင်အဖွဲ့အစည်းက ရုရှကာကွယ်ရေးကဏ္ဍသို့ ခိုင်မာသည့်ငွေကြေး လွှဲပြောင်းပေး နိုင်မှုကို ထိန်းချုပ်ကန့်သတ်ရင်း အာဏာရှင်အဖွဲ့အစည်းက အကြမ်းဖက်မှုများကို တိုးမြှင့်ရန်နှင့် အကျပ်အတည်းကို ရှည်ကြာစေရန် ဆောင်ရွက်ရာတွင် နိုင်ငံတကာဘဏ္ဍာရေး စနစ်မှတစ်ဆင့် အမြတ်ထုတ်နိုင်မှုကို ကန့်သတ်ရန် မိမိတို့၏ မိတ်ဖက်များ၊ ပိုမိုကျယ်ပြန့်သော နိုင်ငံတကာအသိုက်အဝန်းမှ မဟာမိတ်များနှင့်အတူ ဆက်လက်ထိတွေ့ ဆောင်ရွက်မည်ဖြစ်ကြောင်း အမေရိကန်အစိုးရက ဆိုသည်။

ပိတ်ဆို့အရေးယူခြင်းကို အမေရိကန်သမ္မတ၏ အမိန့်အမှတ် - ၁၄၁၀၁၄ အရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာန၊ MFTB နှင့် MICB တို့ကို အရေးယူသတ်မှတ်မှုများဆောင်ရွက်ခြင်းမှာ ၎င်းတို့သည် စစ်အာဏာရှင်အဖွဲ့အစည်း၏ နိုင်ငံရေးနည်းလမ်းအရ သတ်မှတ်ထားသည့် အုပ်ချုပ်ရေးအပိုင်းအခြားများ၊ အေဂျင်စီများ (သို့မဟုတ်) စစ်အာဏာရှင်အဖွဲ့အစည်း၏ ထိန်းချုပ်မှုအောက်တွင်ရှိသည့် အဖွဲ့အစည်းများဖြစ်ကြောင်း အမေရိကန်က ဆိုသည်။

အမေရိကန်အစိုးရက ဘဏ်နှစ်ခုကို ပိတ်ဆို့အရေးယူမည်ဟု တရားဝင်ထုတ်ပြန်ခြင်းမပြုမီကပင် သတင်းများပျံ့နှံ့ခဲ့သည်။

ယင်းသို့ သတင်းများထွက်ပေါ်လာခြင်းအပေါ် စိုးရိမ်စရာမရှိကြောင်း စစ်ကောင်စီဘက်က ထုတ်ပြန်ခဲ့သည်။

နိုင်ငံခြားငွေကြေး ကိုင်တွယ်ဆောင်ရွက်နေသည်မှာ ယင်းဘဏ်များသာမက အခြားပုဂ္ဂလိကဘဏ်များ၊ ပြည်တွင်းရှိ နိုင်ငံခြားဘဏ်များလည်း ဆောင်ရွက်နေသဖြင့် ဆုံးရှုံးစရာမရှိကြောင်း စစ်ကောင်စီက ဆိုသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ပိတ်ဆို့အရေးယူ
#MFTB 
#MICB 
#အမေရိကန်
--------------------- 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍22🥰10😁5👏2❤1
ဇွန်လ ၂၂ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=========================

- စစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ဘဏ်ကြီးနှစ်ခုကို အမေရိကန် ပိတ်ဆို့အရေးယူတဲ့သတင်း 

-“လမ်းအားလုံး နေပြည်တော်သို့” စစ်ရေးစီမံချက်ကို အကောင်အထည်ဖော်နေကြောင်း NUG ကာကွယ် ရေးဝန်ကြီး ပြောကြားတဲ့သတင်း

-အမှတ်(၃၄၄)အမြောက်တပ်မှာ အချင်းချင်းပစ်ခတ်ရာ တပ်ကြပ်ကြီးသေဆုံးတဲ့သတင်း 

-ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဆုတောင်းပေးလို့ သရုပ်ဆောင်ပိုးကြာဖြူခင် ဖမ်းဆီးစစ်ကြောခံရတဲ့သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။

https://youtu.be/uILLzArXrSU

#12pmnews
#Mizzimanewshour
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15😁3
စစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ဘဏ်ကြီးနှစ်ခုကို အမေရိကန် ပိတ်ဆို့အရေးယူ
===================

မြန်မာ့ကာကွယ်ရေးဝန်ကြီးဌာန (MoD) ၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို အမေရိကန်ပြည်ထောင်စုက အရေးယူသတ်မှတ်မှုများ ပြုလုပ်သွားမယ်လို့ ဇွန်လ ၂၁ ရက်နေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဂျေဘလင်ကန်က ပြောကြားလိုက်ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာန၊ MFTB နဲ့ MICB တို့ကို အရေးယူ သတ်မှတ်မှုများ ဆောင်ရွက်ခြင်းမှာ အမေရိကန် သမ္မတရဲ့ အမိန့်အရ ဆောင်ရွက်ခြင်း ဖြစ်တယ်လို့ ရန်ကုန်ရှိ အမေရိကန်သံရုံးက သတင်း ထုတ်ပြန်လိုက်တာပါ။
စစ်ကောင်စီထံ နိုင်ငံခြားငွေစီးဆင်းမှုမှာ ဒီနိုင်ငံပိုင်ဘဏ်နှစ်ခုက အဓိကကျဆုံးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

https://youtu.be/3EvYxgkYjoc

#Political News
#MizzimaTV
------------------------ 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍25👏3🔥2😁1
​​စစ်ကောင်စီ ထိန်းချုပ်သည့် ဘဏ် ၂ ခုနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ကို ဒဏ်ခတ်ပိတ်ဆို့ကြောင်း အမေရိကန် ထုတ်ပြန်
=====================

နိုင်ငံခြားငွေများဖြင့် လက်နက်နှင့် အခြား ကုန်များ ဝယ်ယူရာတွင် မြန်မာအာဏာသိမ်းစစ်တပ် အသုံးပြုသော ဘဏ်ကြီး နှစ်ခု နှင့် စစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီးဌာနတို့ကို အမေရိကန်အစိုးရက ဇွန်လ ၂၁ ရက်တွင် အရေးယူပိတ်ဆို့မှုများ ချမှတ်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုဒ်တွင် ဖော်ပြသည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍22👏4😁1