မြန်မာစစ်ခေါင်းဆောင်များအပေါ် ဖိအားပေးအရေးယူဖို့ အာဆီယံကို ကုလတိုက်တွန်း
=====================
မြန်မာ့အရေး ဖြေရှင်းရာမှာ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အနေနဲ့ မြန်မာ စစ်ခေါင်းဆောင်တွေကို အရေးယူနိုင်မယ့် ခြေလှမ်းသစ်တွေ စဉ်းစားဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က တိုက်တွန်း လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်လာတဲ့ ပဋိပက္ခတွေကို ဖြေရှင်းဖို့ နည်းလမ်းသစ်တွေနဲ့ ပြောင်းလဲ အဖြေရှာသင့်နေပြီလို့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလအထူးကိုယ်စားလှယ် တွမ်အန်ဒရူးက ပြောကြားလိုက်တာပါ။
ရှေ့မဆက်နိုင်ဖြစ်နေတဲ့ အခြေအနေမှာ ဖောက်ထွက်နိုင်မယ့် တခြားနည်းလမ်းကို စဉ်းစားရမယ့် အချိန်ရောက်လာပြီလို့ဆိုပါတယ်။
ဒါ့အပြင် ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်မဖော်ဘဲ ပစ်ပယ်ထားတာတွေအတွက် စစ်ကောင်စီက တာဝန်ခံမှုရှိအောင်လုပ်ဖို့ စဉ်းစားရပါလိမ့်မယ် လို့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Tom Andrews က သတင်းထောက်တွေကို ပြောလိုက်တာဖြစ်ပါတယ်။
https://youtu.be/2gsAp-lH1i0
#Political News
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

YouTube
မြန်မာစစ်ခေါင်းဆောင်များအပေါ် ဖိအားပေးအရေးယူဖို့ အာဆီယံကို ကုလတိုက်တွန်း
မြန်မာ့အရေး ဖြေရှင်းရာမှာ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အနေနဲ့ မြန်မာ စစ်ခေါင်းဆောင်တွေကို အရေးယူနိုင်မယ့် ခြေလှမ်းသစ်တွေ စဉ်းစားဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က တိုက်တွန်း လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်လာတဲ့…

👍17👏4😁3
China says Biden equating Xi with 'dictators' is 'ridiculous'
==================
https://youtu.be/tjuBkgqJtyo

China on Wednesday called comments by US President Joe Biden equating his Chinese counterpart Xi Jinping with "dictators" as "ridiculous".
"The relevant remarks from the US side were extremely ridiculous and irresponsible. They have seriously violated basic…

🔥2😁2
မြောက်ဥက္ကာလာပရွှေဆိုင် ဓါးပြတိုက်ခံရမှုနှင့် ပတ်သက်ခြင်း မရှိကြောင်း တွံတေး PDF တုံ့ပြန်
👍15😁4😢1

=========================
ဂန္ဒမာ
(မဇ္ဈိမ)။ ။ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက် ၊ မေဓာဝီလမ်းရှိ "မြတ်မောင်" စိန်ရွှေရတနာဆိုင် ဓါးပြတိုက်ခံရမှုသည် မိမိတို့နှင့် သက်ဆိုင်ခြင်း မရှိကြောင်း တွံတေး PDF က ယနေ့ ဇွန်လ ၂၂ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
အဆိုပါ စိန်ရွှေရတနာဆိုင်မှ ငွေကျပ်သိန်းပေါင်း ၁၆,၀၀၀ ကျော် တန်ဖိုးရှိ ရတနာပစ္စည်းများကို ဓါးပြတိုက်ယူသွားသူများမှာ တွံ့တေးမြို့ပြပြောက်ကျား တပ်ဖွဲ့ဝင်များဖြစ်ကြောင်း စစ်ကောင်စီ၏ စွပ်စွဲထုတ်ချက်အပေါ် ထိုသို့ တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။
"စစ်ကောင်စီထုတ်ပြန်ထားတဲ့ ဓာတ်ပုံမှာပါတဲ့ သူတွေအားလုံးက PDF တွံ့တေး နဲ့ ပတ်သက်ခြင်း၊ သက်ဆိုင်ခြင်းမရှိပါဘူး" ဟု တွံတေး PDF တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။
"မြတ်မောင်" စိန်ရွှေရတနာဆိုင်သည် ဇွန်လ ၁၈ ရက်နေ့ ည ၄ နာရီကျော်အချိန်က သေနတ်ကိုင်ဆောင်ထားသော အမည်မသိ လူတစ်စု၏ အနုကြမ်းစီး ဓါးပြတိုက်မှုကိုခံခဲ့ရသည်။
ဓါးပြတိုက်မှု ကျူးလွန်ခဲ့သူနှင့် ဆက်စပ်သူ အမျိုးသား ရှစ်ဦးနှင့် အမျိုးသမီး တစ်ဦး စုစုပေါင်း ကိုးဦးကို အခင်းဖြစ်ပြီး ငါးနာရီအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း ဇွန်လ ၂၀ ရက်တွင် အာဏာသိမ်း စစ်ကောင်စီက ကြေညာခဲ့သည်။
ထိုဖြစ်ရပ်အပေါ် တွံတေး PDF ခေါင်းဆောင်များက လက်နက်ထုတ်ပေးပြီး ဓါးပြတိုက်ခိုင်းသည်ဆိုသော စွပ်စွဲချက်သည် အခြေအမြစ် မရှိသော စွပ်စွဲချက်ဖြစ်ပြီး တော်လှန်ရေးကို ပုံဖျက်လိုခြင်းသာဖြစ်ကြောင်း တွံ့တေး PDF က ပြောဆိုသည်။
"(တွံတေးပကဖ) ခေါင်းဆောင်များဖြစ်သော ဗိုလ်ဆံရှည်(ခ)ကိုထက်နှင့် ချမ်းမြေ့အောင်တို့မှ လက်နက်ထုတ်ပေး၍ ဓားပြတိုက်ခိုင်းသည်ဟု စစ်ကောင်စီ လော်ဘီသတင်းမီဒီယာများမှ စွပ်စွဲရေးသား နေခြင်းသည် တွံတေးမြို့နယ် တော်လှန်ရေးအင်အားစုများ ပြိုလဲပျက်စီးစေရန်နှင့် အများပြည်သူ အထင်အမြင် လွဲမှားစေရန် တော်လှန်ရေး ပုံဖျက်နေခြင်းသာဖြစ်သည်" ဟု တွံ့တေး PDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ပါဝင်သူ ကိုးဦးလုံးသည် တွံတေး PDF တပ်ဖွဲ့များ မဟုတ်သကဲ့သို့ တပ်ဖွဲ့နှင့် ပတ်သက်မှုလည်း မရှိကြောင်း တွံ့တေး PDF က မဇ္ဈိမကို ပြောသည်။
PDF Twantay (တွံတေး ပ.က. ဖ) ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့နှင့် သက်ဆိုင်ရာခရိုင် ၊ တိုင်းအဆင့်ဆင့်သော ပြည်သူ့ကာကွယ်ရေးအဖွဲ့ များ၏ ကွပ်ကဲမှုကိုခံယူ၍ စနစ်တကျဖွဲ့စည်းထားခြင်းဖြစ်ကြောင်း တွံတေး PDF က ဆိုသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့တွင် ခိုးဆိုးလုယက်၊ ဓါးပြတိုက်၊ အနုကြမ်းဝင်စီးမှုများ မကြာခဏ ဖြစ်ပေါ်နေပြီး မေလ ၁၃ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်ကလည်း သာကေတမြို့နယ်၊ (၉) ရပ်ကွက်၊ ဧရာဝဏ်လမ်း၊ (၁၀) စျေးအနီးရှိ ကြယ်စင်လင်းရွှေဆိုင် ဓားပြတိုက်ခံခဲ့ရသည်။
ထိုစဉ်ကလည်း ဓါးပြတိုက်သူ ရှစ်ဦးကို ၂၄ နာရီအတွင်း ဖမ်းမိကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့ပြီး အဆိုပါ ဓားပြတိုက်သူများကို NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာ၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က လက်နက်ခဲယမ်းများ ထောက်ပံ့ခဲ့သည်ဟု စွပ်စွဲခဲ့သည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#တွံတေးPDF
#မြောက်ဥက္ကလာပ
#မြတ်မင်းရွှေဆိုင်
#ဓါးပြတိုက်ခံရ
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"

Facebook
#တွံတေးpdf – Explore
explore #တွံတေးpdf at Facebook
👍22😁5
Media is too big
VIEW IN TELEGRAM
မြန်မာစစ်ခေါင်းဆောင်များအပေါ် ဖိအားပေးအရေးယူဖို့ အာဆီယံကို ကုလတိုက်တွန်း
Watch more detail -
https://youtu.be/2gsAp-lH1i0
#စစ်ခေါင်းဆောင် #ဖိအားပေးအရေးယူ #အာဆီယံ #ကုလ #VideoNews #shorts #Reels

👍12👏5😁3
လုံခြုံရေးနဲ့ တည်ငြိမ်မှုကို ခြိမ်းခြောက်တဲ့ ဥတုရာသီပြောင်းလဲမှု | VOA on Mizzima
=====================
ကမ္ဘာ့လူမှုအသိုင်းအဝိုင်းရဲ့ လုံခြုံရေး၊ တည်ငြိမ်မှုနဲ့ သာယာဝပြောရေးဟာ ရာသီဥတုပြောင်းလဲရေး ထိန်းချုပ်နိုင်တဲ့အပေါ် အများကြီးမူတည်နေပြီလို့ ကျွမ်းကျင်သူတွေက သတိပေးနေပါတယ်။ ဇွန်လ ၁၃ ရက်နေ့က နယူးယောက်မြို့မှာ ကျင်းပသွားတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဝန်ကြီးများအဆင့်ဆွေးနွေးပွဲမှာလည်း ရာသီဥတုပြောင်းလဲမှုက လူမှုဘဝအပေါ် ဘယ်အတိုင်းအတာထိ ခြိမ်းခြောက်နေပြီလဲဆိုတာ အလေးထားဆွေးနွေးသွားပါတယ်။ နန်းလောင်ဝ်က တင်ပြထားပါတယ်။
https://youtu.be/BBkXG2l03Iw
#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

ကမ္ဘာ့လူမှုအသိုင်းအဝိုင်းရဲ့ လုံခြုံရေး၊ တည်ငြိမ်မှုနဲ့ သာယာဝပြောရေးဟာ ရာသီဥတုပြောင်းလဲရေး ထိန်းချုပ်နိုင်တဲ့အပေါ် အများကြီးမူတည်နေပြီလို့ ကျွမ်းကျင်သူတွေက သတိပေးနေပါတယ်။ ဇွန်လ ၁၃ ရက်နေ့က နယူးယောက်မြို့မှာ ကျင်းပသွားတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဝန်ကြီးမ…
👍5🔥3
ဖရူဆိုအနောက်ခြမ်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲ
🤬9🔥3👍1👏1
ဖရူဆိုအနောက်ခြမ်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲ
=====================
ဂျူချန်း
(မဇ္ဈိမ)။ ။ ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ခြမ်းရှိ ကျေးရွာတစ်ရွာအား ယနေ့ ဇွန်လ ၂၂ ရက်နေ့ နံနက် အစောပိုင်း ၁နာရီဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းမှ သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စစ်ဘေးရှောင် ကူညီဆောင်ရွက်နေသူနှင့် ဒေသခံများထံက သိရသည်။
ထို့ကြောင့် ရွာရှိ နေအိမ် ခြောက်လုံးနှင့် ကျေးရွာစာသင်ကျောင်း တစ်ကျောင်း ပျက်စီးခဲ့ကာ လူထိခိုက်မှု မရှိသော်လည်း အိမ်မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ကြောင်း ဒေသခံထံကသိရသည်။
“တစ်ခါလာကြဲတာနဲ့ ကြောက်လန့်ပြီး ထွက်ပြေးကြတာပေါ့။ ည ၁၂ ခွဲလောက် ငါးမိနစ်တစ်ကြိမ် လာကြဲတယ်။ အိမ်ကညီမ တစ်ယောက်တည်းရှိတော့ ဆင်းပြေးတာ။ လူမထိပေမယ့် ဝက်ထိသွားတယ်။ ဒီလိုလာကြဲတော့ အနီးက ရွာခံတွေရော စစ်ရှောင်တွေရော လန့်နေကြတယ်။ ဘာတွေဆက်ဖြစ်မလဲမသိတော့ စိတ်ဒဏ်ရာတွေပဲ ရနေကြရဦးမယ်” ဟု ဒေသခံ အမျိုးသမီးတစ်ဦးက မဇ္ဈိမ ကိုပြောသည်။
ကရင်နီဒေသတွင် တိုက်ပွဲပြင်းထန်လျက်ရှိသော်လည်း ယခုနှစ်ပိုင်းတွင် ဖရူဆိုမြို့ အနီးတစ်ဝိုက်၌ စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများကြား ထိတွေ့တိုက်ပွဲမရှိဘဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခြင်း ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်များအား ကူညီဆောင်ရွက််ပေးနေသူတစ်ဦးက ပြောသည်။
“ဒီနေ့မနက်ပဲ ပြောရမှာပေါ့။ ဖရူဆိုမှာ လောလောဆယ် တိုက်ပွဲမရှိဘူးဗျ။ အရင်နှစ်တုန်းကတော့ ဖြစ်တယ်။ ဖရူဆိုမှာ စစ်ဘေးရှောင်တွေပဲ များတယ်။ အဓိက ကျနော်တို့အထင် starlink က ဖရူဆိုအနောက်ခြမ်းမှာရှိတယ်ဆိုပြီး လာကြဲတာထင်တယ်။ ဘာတိုက်ပွဲမှလည်း မရှိဘူး” ဟု Job for Kayah မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။
ဖရူဆိုအနောက်ခြမ်းတွင် ပြီးခဲ့သည့် နှစ်ကုန်ပိုင်း၌ နောက်ဆုံးတိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိတွင်တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ဒေသဖြစ်သောကြောင့် စစ်ဘေးရှောင် ဦးရေ ၇,၀၀၀ ခန့် လာရောက် ခိုလှုံလျက်ရှိကြောင်း သိရသည်။
မေလအတွင်းတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ (၅၉) ကြိမ် ပြုလုပ်ခဲ့ပြီး ပင်လောင်း-ဖယ်ခုံ နှင့် ကရင်နီပြည်နယ်တွင် လေကြောင်းတိုက်ခိုက်ခံရမှု အကြိမ်ရေ ၂၂ ကြိမ်ထိရှိခဲ့ရာ တစ်နိုင်ငံလုံးတွင် တစ်လအတွင်း လေကြောင်းတိုက်ခိုက်ခံရမှု အကြိမ်ရေအများဆုံးဖြစ်ကြောင်း Burma Affairs and Conflict Study က ဖော်ပြထားသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ဖရူဆိုအနောက်ခြမ်း
#လေကြောင်းမှ ဗုံးကြဲ

#mizzima – Explore
explore #mizzima at Facebook
🤬8👍5🔥2😁1
Media is too big
VIEW IN TELEGRAM
လုံခြုံရေးနဲ့ တည်ငြိမ်မှုကို ခြိမ်းခြောက်တဲ့ ဥတုရာသီပြောင်းလဲမှု | VOA on Mizzima
Watch more detail - https://youtu.be/BBkXG2l03Iw
#VOA #ခြိမ်းခြောက် #ဥတုရာသီပြောင်းလဲမှု #Mizzima #shorts #reels

👍7🔥2
ဇွန်လ ၂၂ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
===================
01:02-မြန်မာစစ်ခေါင်းဆောင်တွေအပေါ် ဖိအားပေးအရေးယူဖို့ အာဆီယံကို ကုလတိုက်တွန်းတဲ့သတင်း
03:10-ဖားကန့်မှာ စစ်ကောင်စီတပ်က KIO အုပ်ချုပ်ရေးရုံးကိုဝင်ရောက်စီးနင်းတဲ့သတင်း
04:32-အကူအညီလိုအပ်နေတဲ့နေရာတွေကို အတားအဆီးမရှိ သွားရောက်ခွင့်ပေးဖို့ စစ်ကောင်စီကို ဗြိတိန်ထပ်မံတောင်းဆိုတဲ့သတင်း
07:10-ယူကရိန်းကို စီးပွားရေးအကူအညီ ဒေါ်လာ ၁.၃ ဘီလီယံပေးအပ်ဖို့ အမေရိကန်ကြေညာတဲ့သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။
https://youtu.be/qDDiJ5jSGPs
#2pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
===================
01:02-မြန်မာစစ်ခေါင်းဆောင်တွေအပေါ် ဖိအားပေးအရေးယူဖို့ အာဆီယံကို ကုလတိုက်တွန်းတဲ့သတင်း
03:10-ဖားကန့်မှာ စစ်ကောင်စီတပ်က KIO အုပ်ချုပ်ရေးရုံးကိုဝင်ရောက်စီးနင်းတဲ့သတင်း
04:32-အကူအညီလိုအပ်နေတဲ့နေရာတွေကို အတားအဆီးမရှိ သွားရောက်ခွင့်ပေးဖို့ စစ်ကောင်စီကို ဗြိတိန်ထပ်မံတောင်းဆိုတဲ့သတင်း
07:10-ယူကရိန်းကို စီးပွားရေးအကူအညီ ဒေါ်လာ ၁.၃ ဘီလီယံပေးအပ်ဖို့ အမေရိကန်ကြေညာတဲ့သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။
https://youtu.be/qDDiJ5jSGPs
#2pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ဇွန်လ ၂၂ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:02-မြန်မာစစ်ခေါင်းဆောင်တွေအပေါ် ဖိအားပေးအရေးယူဖို့ အာဆီယံကို ကုလတိုက်တွန်းတဲ့သတင်း
03:10-ဖားကန့်မှာ စစ်ကောင်စီတပ်က KIO အုပ်ချုပ်ရေးရုံးကိုဝင်ရောက်စီးနင်းတဲ့သတင်း
04:32-အကူအညီလိုအပ်နေတဲ့နေရာတွေကို အတားအဆီးမရှိ သွားရောက်ခွင့်ပေးဖို့ စစ်ကောင်စီကို …

👍7😁1
This media is not supported in your browser
VIEW IN TELEGRAM
ရုရှားပိုင်နက်ကို အနောက်ကပံ့ပိုးပေးတဲ့လက်နက်တွေနဲ့တိုက်ခိုက်လာရင် လက်တုံ့ပြန်သွားမယ်လို့ ယူကရိန်းကို ရုရှားခြိမ်းခြောက်
https://www.facebook.com/reel/1791412394608583
#internationalnews #reels #shorts

🤣7👏3👍2😁2
တနင်္သာရီမြို့ သမီးလှအရှေ့ကမ်း ၅ ရက်တာတိုက်ပွဲအတွင်း စစ်တပ်အရာရှိအပါဝင် ၆ ဦးသေဆုံး
======================
ကိုရွှေမြိတ် (မဲဆောက်)မဇ္ဈိမ ။ ။ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စု သမီးလှ အရှေ့ကမ်းတွင်ဖြစ်ပွားခဲ့သည့် ငါးရက်တာတိုက်ပွဲအတွင်း စစ်တပ်အရာရှိတစ်ဦးအပါဝင် ခြောက်ဦးသေဆုံးခဲ့ကြောင်း တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ထံမှ သိရသည်။
သမီးလှအရှေ့ကမ်းကျေးရွာသို့ တနင်္သာရီအခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၅၅၈) တပ်မှ အင်အား ၆၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းကို PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါစစ်ကြောင်းသည် တကူကျေးရွာအုပ်စုရှိ သမီးလှအရှေ့ကမ်းကျေးရွာသို့ ဇွန်လ ၁၆ ရက်မှ စတင်ကာ စစ်ကြောင်းထိုးဝင်ရောက်လာ၍ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဟုဆိုသည်။
“ ဇွန်လ ၂၀ ရက်နေ့က စစ်တပ်က သမီးလှကနေ ပြန်ဆုတ် သွားတယ်။ သေဆုံး ထိခိုက်မှုများတယ်။ အရာရှိပါ သေဆုံးလို့ သိရပြီး ပြန်ဆုတ်တဲ့ အချိန်မှာ ရွာသား မျက်မြင် အလောင်း သုံးလောင်းနဲ့ တနင်္သာရီဆေးရုံရောက်မှ နောက်သုံးယောက်ထပ်သေတယ်။ ညတွင်းချင်း သင်္ဂြိုဟ်လိုက်တယ် ”ဟု တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပြသည်။
စစ်ကြောင်းထိုးဝင်ရောက်သည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်များဖြစ်ကြသော KTLA tcjf၊ ဘက်မလိုက် ပြောက်ကျားတပ်ဖွဲ့၊ SWDF ၊ မြိတ်(ပကဖ)၊ မြိတ်ခရိုင် တပ်ရင်း(၂)၊ တောပုန်းကြီးအဖွဲ့ တို့မှ ပူးပေါင်းကာ မြေပြင်ရော၊ ဒရုန်းဖြင့်ပါ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယင်း ငါးရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် အရပ်သားနှစ်ဦးလည်း ထိခိုက်ခဲ့ရကြောင်း ဆိုသည်။
အရပ်သားထိခိုက်မှုနှင့်ပတ်သက်၍ “ စိုးရိမ်စရာတော့ မရှိဘူး” ဟု တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
https://youtu.be/PWQGKJxFMkE
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#သမီးလှအရှေ့ကမ်း
#ငါးရက်တာတိုက်ပွဲ
#တနင်္သာရီမြို့နယ်
#တိုက်ပွဲ

…
…
👍12❤2😁2🥰1👏1
ရုရှားပိုင်နက်ကို အနောက်က ပံ့ပိုးပေးတဲ့လက်နက်တွေနဲ့ တိုက်ခိုက်လာရင် လက်တုံ့ပြန်သွားမယ်
======================
https://youtu.be/4lW_bdwrjWg
======================
https://youtu.be/4lW_bdwrjWg
YouTube
ရုရှားပိုင်နက်ကို အနောက်က ပံ့ပိုးပေးတဲ့လက်နက်တွေနဲ့ တိုက်ခိုက်လာရင် လက်တုံ့ပြန်သွားမယ်
ရုရှားပိုင်နက်ကို အနောက်ကပံ့ပိုးပေးတဲ့လက်နက်တွေနဲ့တိုက်ခိုက်လာရင် လက်တုံ့ပြန်သွားမယ်လို့ ယူကရိန်းကို ရုရှားခြိမ်းခြောက်
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ.…

🤣9❤2👏2👍1🤔1
အကူအညီလိုအပ်နေတဲ့နေရာတွေကို အတားအဆီးမရှိ သွားရောက်ခွင့်ပေးဖို့ စစ်ကောင်စီကို ဗြိတိန်ထပ်မံတောင်းဆို
====================
မြန်မာနိုင်ငံတွင်း လူသားချင်းစာနာမှု အကူအညီလိုအပ်နေတဲ့နေရာတွေကို ပိတ်ပင်မထားဘဲ အတားအဆီးမရှိ သွားရောက်ကူညီခွင့်ပေးဖို့ စစ်ကောင်စီကို ဗြိတိန်အစိုးရက ထပ်မံတောင်းဆိုလိုက်ပါတယ်။
ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ရှိ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာကျင်းပတဲ့ မြန်မာ့အရေးဆွေးနွေးပွဲအတွင်း ဗြိတိန်အစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာ သံအမတ် Rita French က ပြောဆိုခဲ့တာပါ။
မိုခါမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ရခိုင်ပြည်နယ်က ဒေသတွေကို နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေ ဝင်ခွင့်မပေးဘဲ စစ်ကောင်စီက ပိတ်ပင်ထားပါတယ်။
မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးမှုများခဲ့တဲ့ ရခိုင်ပြည်နယ်မှာ ကုလသမဂ္ဂ အပါအဝင် လူသားချင်းစာနာမှုဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ သွားလာခွင့်ကို စစ်ကောင်စီကပိတ်ထားဆဲလို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးမှူးရုံး (UNOCHA) က ဇွန်လ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။
https://youtu.be/W6tKcgFKN2s
#Political News
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
====================
မြန်မာနိုင်ငံတွင်း လူသားချင်းစာနာမှု အကူအညီလိုအပ်နေတဲ့နေရာတွေကို ပိတ်ပင်မထားဘဲ အတားအဆီးမရှိ သွားရောက်ကူညီခွင့်ပေးဖို့ စစ်ကောင်စီကို ဗြိတိန်အစိုးရက ထပ်မံတောင်းဆိုလိုက်ပါတယ်။
ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ရှိ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာကျင်းပတဲ့ မြန်မာ့အရေးဆွေးနွေးပွဲအတွင်း ဗြိတိန်အစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာ သံအမတ် Rita French က ပြောဆိုခဲ့တာပါ။
မိုခါမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ရခိုင်ပြည်နယ်က ဒေသတွေကို နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေ ဝင်ခွင့်မပေးဘဲ စစ်ကောင်စီက ပိတ်ပင်ထားပါတယ်။
မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးမှုများခဲ့တဲ့ ရခိုင်ပြည်နယ်မှာ ကုလသမဂ္ဂ အပါအဝင် လူသားချင်းစာနာမှုဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ သွားလာခွင့်ကို စစ်ကောင်စီကပိတ်ထားဆဲလို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးမှူးရုံး (UNOCHA) က ဇွန်လ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။
https://youtu.be/W6tKcgFKN2s
#Political News
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
အကူအညီလိုအပ်နေတဲ့နေရာတွေကို အတားအဆီးမရှိ သွားရောက်ခွင့်ပေးဖို့ စစ်ကောင်စီကို ဗြိတိန်ထပ်မံတောင်းဆို
မြန်မာနိုင်ငံတွင်း လူသားချင်းစာနာမှု အကူအညီလိုအပ်နေတဲ့နေရာတွေကို ပိတ်ပင်မထားဘဲ အတားအဆီးမရှိ သွားရောက်ကူညီခွင့်ပေးဖို့ စစ်ကောင်စီကို ဗြိတိန်အစိုးရက ထပ်မံတောင်းဆိုလိုက်ပါတယ်။
ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ရှိ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာကျင်းပတဲ့ မြန်မာ့…

👍15🔥2😁2❤1