Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဖရူဆိုအနောက်ခြမ်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲ
=====================

ဂျူချန်း
(မဇ္ဈိမ)။ ။ ကရင်နီပြည်နယ်၊​ ဖရူဆိုမြို့ အနောက်ခြမ်းရှိ ကျေးရွာတစ်ရွာအား ယနေ့ ဇွန်လ ၂၂ ရက်နေ့ နံနက် အစောပိုင်း ၁နာရီဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းမှ သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စစ်ဘေးရှောင် ကူညီဆောင်ရွက်နေသူနှင့် ဒေသခံများထံက သိရသည်။

ထို့ကြောင့် ရွာရှိ နေအိမ် ခြောက်လုံးနှင့် ကျေးရွာစာသင်ကျောင်း တစ်ကျောင်း ပျက်စီးခဲ့ကာ လူထိခိုက်မှု မရှိသော်လည်း အိမ်မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ကြောင်း ဒေသခံထံကသိရသည်။

“တစ်ခါလာကြဲတာနဲ့ ကြောက်လန့်ပြီး ထွက်ပြေးကြတာပေါ့။ ည ၁၂ ခွဲလောက် ငါးမိနစ်တစ်ကြိမ် လာကြဲတယ်။ အိမ်ကညီမ တစ်ယောက်တည်းရှိတော့ ဆင်းပြေးတာ။ လူမထိပေမယ့် ဝက်ထိသွားတယ်။​ ဒီလိုလာကြဲတော့ အနီးက ရွာခံတွေရော စစ်ရှောင်တွေရော လန့်နေကြတယ်။ ဘာတွေဆက်ဖြစ်မလဲမသိတော့ စိတ်ဒဏ်ရာတွေပဲ ရနေကြရဦးမယ်” ဟု ဒေသခံ အမျိုးသမီးတစ်ဦးက မဇ္ဈိမ ကိုပြောသည်။

ကရင်နီဒေသတွင် တိုက်ပွဲပြင်းထန်လျက်ရှိသော်လည်း ယခုနှစ်ပိုင်းတွင် ဖရူဆိုမြို့ အနီးတစ်ဝိုက်၌ စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများကြား ထိတွေ့တိုက်ပွဲမရှိဘဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခြင်း ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်များအား ကူညီဆောင်ရွက််ပေးနေသူတစ်ဦးက ပြောသည်။
“ဒီနေ့မနက်ပဲ ပြောရမှာပေါ့။ ဖရူဆိုမှာ လောလောဆယ် တိုက်ပွဲမရှိဘူးဗျ။ အရင်နှစ်တုန်းကတော့ ဖြစ်တယ်။ ဖရူဆိုမှာ စစ်ဘေးရှောင်တွေပဲ များတယ်။ အဓိက ကျနော်တို့အထင် starlink က ဖရူဆိုအနောက်ခြမ်းမှာရှိတယ်ဆိုပြီး လာကြဲတာထင်တယ်။ ဘာတိုက်ပွဲမှလည်း မရှိဘူး” ဟု Job for Kayah မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

ဖရူဆိုအနောက်ခြမ်းတွင် ပြီးခဲ့သည့် နှစ်ကုန်ပိုင်း၌ နောက်ဆုံးတိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိတွင်တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ဒေသဖြစ်သောကြောင့် စစ်ဘေးရှောင် ဦးရေ ၇,၀၀၀ ခန့် လာရောက် ခိုလှုံလျက်ရှိကြောင်း သိရသည်။

မေလအတွင်းတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ (၅၉) ကြိမ် ပြုလုပ်ခဲ့ပြီး ပင်လောင်း-ဖယ်ခုံ နှင့် ကရင်နီပြည်နယ်တွင် လေကြောင်းတိုက်ခိုက်ခံရမှု အကြိမ်ရေ ၂၂ ကြိမ်ထိရှိခဲ့ရာ တစ်နိုင်ငံလုံးတွင် တစ်လအတွင်း လေကြောင်းတိုက်ခိုက်ခံရမှု အကြိမ်ရေအများဆုံးဖြစ်ကြောင်း Burma Affairs and Conflict Study က ဖော်ပြထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ဖရူဆိုအနောက်ခြမ်း
#လေကြောင်းမှ ဗုံးကြဲ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
🤬8👍5🔥2😁1
Media is too big
VIEW IN TELEGRAM
လုံခြုံရေးနဲ့ တည်ငြိမ်မှုကို ခြိမ်းခြောက်တဲ့ ဥတုရာသီပြောင်းလဲမှု | VOA on Mizzima

Watch more detail - https://youtu.be/BBkXG2l03Iw

#VOA #ခြိမ်းခြောက် #ဥတုရာသီပြောင်းလဲမှု #Mizzima #shorts #reels
👍7🔥2
ဇွန်လ ၂၂ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
===================

01:02-မြန်မာစစ်ခေါင်းဆောင်တွေအပေါ် ဖိအားပေးအရေးယူဖို့ အာဆီယံကို ကုလတိုက်တွန်းတဲ့သတင်း

03:10-ဖားကန့်မှာ စစ်ကောင်စီတပ်က KIO အုပ်ချုပ်ရေးရုံးကိုဝင်ရောက်စီးနင်းတဲ့သတင်း

04:32-အကူအညီလိုအပ်နေတဲ့နေရာတွေကို အတားအဆီးမရှိ သွားရောက်ခွင့်ပေးဖို့ စစ်ကောင်စီကို ဗြိတိန်ထပ်မံတောင်းဆိုတဲ့သတင်း

07:10-ယူကရိန်းကို စီးပွားရေးအကူအညီ ဒေါ်လာ ၁.၃ ဘီလီယံပေးအပ်ဖို့ အမေရိကန်ကြေညာတဲ့သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။

https://youtu.be/qDDiJ5jSGPs

#2pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7😁1
This media is not supported in your browser
VIEW IN TELEGRAM
ရုရှားပိုင်နက်ကို အနောက်ကပံ့ပိုးပေးတဲ့လက်နက်တွေနဲ့တိုက်ခိုက်လာရင် လက်တုံ့ပြန်သွားမယ်လို့ ယူကရိန်းကို ရုရှားခြိမ်းခြောက်

https://www.facebook.com/reel/1791412394608583

#internationalnews #reels #shorts
🤣7👏3👍2😁2
တနင်္သာရီမြို့ သမီးလှအရှေ့ကမ်း ၅ ရက်တာတိုက်ပွဲအတွင်း စစ်တပ်အရာရှိအပါဝင် ၆ ဦးသေဆုံး
======================

ကိုရွှေမြိတ် (မဲဆောက်)မဇ္ဈိမ ။ ။ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စု သမီးလှ အရှေ့ကမ်းတွင်ဖြစ်ပွားခဲ့သည့် ငါးရက်တာတိုက်ပွဲအတွင်း စစ်တပ်အရာရှိတစ်ဦးအပါဝင် ခြောက်ဦးသေဆုံးခဲ့ကြောင်း တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ထံမှ သိရသည်။

သမီးလှအရှေ့ကမ်းကျေးရွာသို့ တနင်္သာရီအခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၅၅၈) တပ်မှ အင်အား ၆၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းကို PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါစစ်ကြောင်းသည် တကူကျေးရွာအုပ်စုရှိ သမီးလှအရှေ့ကမ်းကျေးရွာသို့ ဇွန်လ ၁၆ ရက်မှ စတင်ကာ စစ်ကြောင်းထိုးဝင်ရောက်လာ၍ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဟုဆိုသည်။

“ ဇွန်လ ၂၀ ရက်နေ့က စစ်တပ်က သမီးလှကနေ ပြန်ဆုတ် သွားတယ်။ သေဆုံး ထိခိုက်မှုများတယ်။ အရာရှိပါ သေဆုံးလို့ သိရပြီး ပြန်ဆုတ်တဲ့ အချိန်မှာ ရွာသား မျက်မြင် အလောင်း သုံးလောင်းနဲ့ တနင်္သာရီဆေးရုံရောက်မှ နောက်သုံးယောက်ထပ်သေတယ်။ ညတွင်းချင်း သင်္ဂြိုဟ်လိုက်တယ် ”ဟု တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပြသည်။

စစ်ကြောင်းထိုးဝင်ရောက်သည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်များဖြစ်ကြသော KTLA tcjf၊ ဘက်မလိုက် ပြောက်ကျားတပ်ဖွဲ့၊ SWDF ၊ မြိတ်(ပကဖ)၊ မြိတ်ခရိုင် တပ်ရင်း(၂)၊ တောပုန်းကြီးအဖွဲ့ တို့မှ ပူးပေါင်းကာ မြေပြင်ရော၊ ဒရုန်းဖြင့်ပါ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်း ငါးရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် အရပ်သားနှစ်ဦးလည်း ထိခိုက်ခဲ့ရကြောင်း ဆိုသည်။

အရပ်သားထိခိုက်မှုနှင့်ပတ်သက်၍ “ စိုးရိမ်စရာတော့ မရှိဘူး” ဟု တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

https://youtu.be/PWQGKJxFMkE

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#သမီးလှအရှေ့ကမ်း
#ငါးရက်တာတိုက်ပွဲ
#တနင်္သာရီမြို့နယ်
#တိုက်ပွဲ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍12❤2😁2🥰1👏1
အကူအညီလိုအပ်နေတဲ့နေရာတွေကို အတားအဆီးမရှိ သွားရောက်ခွင့်ပေးဖို့ စစ်ကောင်စီကို ဗြိတိန်ထပ်မံတောင်းဆို
====================

မြန်မာနိုင်ငံတွင်း လူသားချင်းစာနာမှု အကူအညီလိုအပ်နေတဲ့နေရာတွေကို ပိတ်ပင်မထားဘဲ အတားအဆီးမရှိ သွားရောက်ကူညီခွင့်ပေးဖို့ စစ်ကောင်စီကို ဗြိတိန်အစိုးရက ထပ်မံတောင်းဆိုလိုက်ပါတယ်။
ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ရှိ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာကျင်းပတဲ့ မြန်မာ့အရေးဆွေးနွေးပွဲအတွင်း ဗြိတိန်အစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာ သံအမတ် Rita French က ပြောဆိုခဲ့တာပါ။
မိုခါမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ရခိုင်ပြည်နယ်က ဒေသတွေကို နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေ ဝင်ခွင့်မပေးဘဲ စစ်ကောင်စီက ပိတ်ပင်ထားပါတယ်။
မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးမှုများခဲ့တဲ့ ရခိုင်ပြည်နယ်မှာ ကုလသမဂ္ဂ အပါအဝင် လူသားချင်းစာနာမှုဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ သွားလာခွင့်ကို စစ်ကောင်စီကပိတ်ထားဆဲလို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးမှူးရုံး (UNOCHA) က ဇွန်လ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။

https://youtu.be/W6tKcgFKN2s

#Political News
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍15🔥2😁2❤1
အရာတော်တွင် အစည်းအ၀ေး ပြုလုပ်နေသည့် စစ်ကောင်စီတပ်နှင့်ပျူစောထီးများ ဒရုန်းဖြင့် တိုက်ခိုက်ခံရ
==================

ရောင်နီ (မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်၊ ငွေတွင်းပျူ ရွာရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွင် ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း Danger Force LPDF တာ၀န်ရှိသူတစ်ဦးက မဇ္စျိမကို ပြောသည်။

ငွေတွင်းကျေးရွာရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများ စစ်ကြောင်းထိုးရန် အစည်းအ၀ေးပြုလုပ်နေသည့် အဆောက်အဦနှင့် ကတုတ်ကျင်းများပေါ်သို့ ဇွန်လ ၂၀ ရက်နေ့ ညနေပိုင်းက ဒရုန်းဖြင့် ဗုံးသီး ၁၄ လုံးချကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ သူတို့ အစည်းအ၀ေးလုပ်နေတဲ့ အဆောက်အဦနဲ့ ကတုတ်ကျင်းတွေပေါ်ကို ဦးတည်တိုက်ခိုက်တာပါ။ ဒရုန်း ၁၄ ကြိမ် အသုံးပြုပြီး ဗုံးသီး ၁၄ လုံးချ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။”​ဟု Danger Force LPDF မှ ပြန်ကြားရေးတာ၀န်ခံ ကိုမာန်ဟုန်က မဇ္စျိမကို ပြောသည်။

တိုက်ခိုက်မှုတွင် အစည်းအဝေးပြုလုပ်နေကြသည့် အဆောက်အဦအတွင်းက ၁၅ ဦးနှင့် ကင်းစောင့်နေသည့် ကင်းသမား နှစ်ဦး စုစုပေါင်း ၁၇ ဦးသေဆုံးခဲ့ကြောင်း Danger Force LPDF က သတင်းထုတ်ပြန်ထားသည်။

“ စစ်ကောင်စီတပ်နဲ့ ပျူစောထီး သေဆုံးစာရင်းကတော့ ဒေသတွင်း သတင်းပေးတွေဆီက သိရတာပါ။” ဟု ၎င်းက ဆိုသည်။

ဒရုန်းဖြင့် တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအခြေအနေနှင့် ပတ်သက်ပြီး မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုချက်ရယူနိုင်ရန် ဆက်လက်စုံစမ်းလျက်ရှိသည်။

ထို့အပြင် တိုက်ခိုက်မှုအတွင်း ကတုတ်ကျင်းထဲ ၀င်ပြေးသည့် စစ်ကောင်စီတပ်ဘက်မှ လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ လက်ရှိအချိန်တွင် အရာတော်မြို့နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း Danger Force LPDF ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Danger Force LPDF ၊ ကျောက်ဆည်ခရိုင်တပ်ရင်း(၁) နဂါးနီတပ်ရင်း ၊ ကျောက်ဆည်ခရိုင်ဒရုန်းတပ်ဖွဲ့၊ မြင်းခြံခရိုင်တပ်ရင်း (၇ )Zeroပြောက်ကျား၊ ရွှေဘိုခရိုင်တပ်ရင်း (၁၅) နှင့် ဆားတောင်မိုးကြိုး(Local PDF)၊ MRTF Drone Force၊ NDRFနှင့် အောင်သပြေညီနောင်(မြင်းမူ Local PDF) အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီးနောက် ငွေတွင်းကျေးရွာရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ကျေးရွာအနီးတစ်၀ိုက် ရမ်းသန်းပစ်ခတ်မှုများရှိသော်လည်း ကာကွယ်ရေးတပ်ဖွဲ့ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အရာတော်မြို့နယ်ရှိ ငွေတွင်းကျေးရွာတွင် စစ်ကောင်စီတပ်အင်အား ၃၀ ခန့်က အာဏာသိမ်းပြီးသည့် နောက်ပိုင်းအချိန်မှ စတင်ကာ တပ်စွဲထားပြီး ပျူစောထီးများလည်း ရှိကြောင်း ဒေသခံများက ပြောသည်။

ထိုသို့ တပ်စွဲပြီးသည့်နောက် အနီးနားရှိ ကျေးရွာများအား စစ်ကြောင်းထိုးခြင်း၊ ကျေးရွာအတွင်းမှ လက်နက်ကြီးများဖြင့် ရမ်သန်းပစ်ခတ်ခြင်းများ ပြုလုပ်လေ့ရှိကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

https://youtu.be/L-rW4v7Mngo

#mizzima
#စစ်ကြောင်းထိုး
#အရာတော်မြို့နယ်
#အစည်းအ၀ေး
#အဆောက်အဦ
#ကတုတ်ကျင်း
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍22👏6❤1🔥1😁1
This media is not supported in your browser
VIEW IN TELEGRAM
ယူကရိန်းကို စီးပွားရေးအကူအညီ ဒေါ်လာ ၁.၃ ဘီလီယံပေးအပ်ဖို့ အမေရိကန်ကြေညာ

https://www.facebook.com/reel/242781665132708

#internationalnews #reels #shorts
👍12🔥2👏2
ရေးမြို့နယ်နှင့် လမိုင်းတွင် ရေးဘီလူးအဖွဲ့ ပစ်ခတ်မှုများပြုလုပ်ရာ စစ်သား ၄ ဦး သေဆုံး
👍8❤2🔥2👏2😁1
ရေးမြို့နယ်နှင့် လမိုင်းတွင် ရေးဘီလူးအဖွဲ့ ပစ်ခတ်မှုများပြုလုပ်ရာ စစ်သား ၄ ဦး သေဆုံး
=======================

ဂျူချန်း
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ချောင်းတောင်တံတား စစ်ဆေးရေးဂိတ်အား ရေးဘီလူးအဖွဲ့မှ ယနေ့ နံနက် ၉နာရီခွဲ ဝန်းကျင်တွင် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဂိတ်တွင်းရှိ စစ်သားလေးဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ချောင်းတောင်တံတား စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီ၏ စကခ(၁၉)လက်အောက်ခံတပ်မှ စစ်သား ရှစ်ဦး ကင်းစောင့်နေပြီး ပစ်ခတ်မှုအတွင်း လေးဦးကို ထိမှန်ခဲ့ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

“ကင်းစခန်း ဂိတ်ပေါ့၊ gun(သေနတ်) ဝင်လုတာ၊ သေနတ်တော့မရခဲ့ဘူး၊ ဂိတ်ထဲမှာ ရှစ်ဦးထိုင်နေတာ လေးဦးကို ပိုင်ပိုင်နိုင်နိုင် ပစ်ချနိုင်ခဲ့တယ်။ သေနတ်ကိုကျတော့ ကောက်မခင်ဘူး(မကောက်နိုင်ဘူး)။ ပြောက်ကျားအနေနဲ့ပဲ ဝင်ပစ်ခဲ့တော့လေ” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က မဇ္ဈိမ ကိုပြောသည်။

ရေးမြို့နယ်၊ လမိုင်းမြို့၊ နာရီစင်အနီးတွင်လည်း ယနေ့ နံနက် ၁၀နာရီကျော်တွင် မှတ်ပုံတင်ပွဲစားဖြစ်သူ မစန်းမြင့်ကြွယ် (၅၆နှစ်) အား လူနှစ်ဦးမှ သေနတ်ဖြင့် ရှစ်ချက်ပစ်ခတ်ခဲ့ရာ သုံးချက်ထိမှန်ခဲ့ကြောင်းဒေသခံမှ သိရသည်။

“ရေးမြို့လယ်ခေါင်မှာပစ်သွားတာ၊ သေနတ်သံ ရှစ်ချက်ကြားတယ်၊ သူ့သမီးက ထွေအုပ်ရုံးဝန်ထမ်း၊ သူ(သေဆုံးသူ)က ပွင့်ပွင့်လင်းလင်း ပြောရရင် မှတ်ပုံတင် ပွဲစားပေါ့ဗျာ၊ သူက နာမည်တော့ ထွက်နေတာ ကြာလှပြီ၊ သူ့ကို လိုင်းပေါ်ကနေ သတိပေးနေတာ မနှစ်ကတည်းက တွေ့တယ်၊ သူဆက်လုပ်နေတာပဲ” ဟု လမိုင်းမြို့ခံ တစ်ဦးက မဇ္ဈိမကို ပြောသည်။

သေဆုံးသူ မစန်းကြွယ်သည် ဝမ်းဗိုက်၊​ ဘယ်ဘက်ကျောပြင်နှင့် လက်ဖျံတို့တွင် သေနတ်ကျည်ထိမှန်ဒဏ်ရာရခဲ့ပြီး ဆေးရုံအရောက်တွင် သေဆုံးသွားကြောင်း သိရသည်။

မစန်းကြွယ်သည် လမိုင်းနှင့် ရေးမြို့နယ် လ.ဝ.က ရုံးများ ပိတ်ထားသော်လည်း စစ်ကောင်စီနှင့် ပူးပေါင်းကာ မှတ်ပုံတင်ပြုလုပ်လိုသူများထံမှ အခကြေးငွေယူ ဆောင်ရွက်နေသဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

“စစ်ကောင်စီက ရုံးတွေပိတ်ထားပေမယ့် သူဂရုမစိုက်ဘူးဗျ၊ စစ်ကောင်စီနဲ့ ပူးပေါင်းပြီးတော့ တခြားလမ်းကနေ ဆောင်ရွက်ကြတယ်၊ လုပ်စားတယ်ပေါ့ဗျာ စကစ နဲ့ ပေါင်းပြီး။ ပြီးတော့ စစ်ကောင်စီယန္တရားကို လည်ပတ်ခွင့် မပြုဘူးလို့ ကျနော်တို့ ထုတ်ပြန်ထားတာကြောင့် ခုလိုရှင်းလိုက်တာဖြစ်တယ်” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

ရေးမြို့နှင့် လမိုင်းမြို့ မှတ်ပုံတင်ရုံးများသည် လက်ရှိတွင် ပိတ်ထားသဖြင့် အပြင်လူအနေဖြင့် အရေးတကြီး မှတ်ပုံတင်ပြုလုပ်ရန် လိုအပ်ပါက ထိုအမျိုးသမီးထံမှတစ်ဆင့် လုပ်ဆောင်ရကာ မှတ်ပုံတင်တစ်ခုကို ကြာချိန်ပေါ်မူတည်ကာ ၈၀,၀၀၀ မှ ၁၅၀,၀၀၀ ကျပ်အထိ ပေါက်ဈေးရှိကြောင်းဒေသခံမှ သိရသည်။

ရေးဘီလူးအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် တိုက်ခိုက်မှုနှစ်ခု ဆောင်ရွက်ခဲ့သည့်အပြင် KNLA၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) တို့နှင့်ပူးပေါင်းကာ အမှတ်(၈) လမ်းမကြီးတွင်လည်း လုံခြုံရေး စစ်ဆေးမှုများ ဆောင်ရွက်ခဲ့သေးပြီး ၎င်းတို့တပ်ဖွဲ့အနေဖြင့် ယခုထက်ပိုကာ စစ်ရေးအရှိန် မြှင့်တင်သွားရန်ရှိကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ရေးဘီလူးအဖွဲ့
#ရေးမြို့နယ်
#ချောင်းတောင်တံတား
#SOF #KNLA
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
👍8🔥4👏3❤2🥴1
​​အိန္ဒိယနိုင်ငံပိုင်လက်နက်ကုမ္ပဏီက မြန်မာစစ်အုပ်စုကို ၆ လအတွင်း ဒေါ်လာ ၅ သန်းကျော်ဖိုးရှိ လက်နက်နှင့် ပစ္စည်းကိရိယာများ ရောင်းချခဲ့
======================

အိန္ဒိယအစိုးရပိုင် လက်နက်ကုမ္ပဏီတစ်ခုဖြစ်သည့် Bharat Electronics Limited (BEL) သည် ၂၀၂၂ ၊ နိုဝင်ဘာနှင့် ၂၀၂၃ ဧပြီလအကြား ခြောက်လအတွင်း မြန်မာအာဏာသိမ်းစစ်အုပ်စု အသုံးပြုရန် ဒေါ်လာ ငါးသန်း တန်ဖိုးရှိ စစ်တပ်သုံးပစ္စည်းများ၊ နည်းပညာနှင့် နည်းပညာစာရွက်စာတမ်းများကို တင်ပို့ရောင်းချခဲ့ကြောင်း တက်ကြွလှုပ်ရှားသူများ အဖွဲ့တစ်ဖွဲ့၏ စုံစမ်းဖော်ထုတ်မှုတစ်ရပ်အရ သိရသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
🤬11🤮3❤2👍1🔥1
တိုက်ပွဲကြောင့် ၂ ရက်ခန့် ပိတ်ထားသည့် မြိတ်-ထားဝယ် လမ်းပိုင်းကို စစ်ကောင်စီ ပြန်ဖွင့်
👍6😁4🔥2👏1
တိုက်ပွဲကြောင့် ၂ ရက်ခန့် ပိတ်ထားသည့် မြိတ်-ထားဝယ် လမ်းပိုင်းကို စစ်ကောင်စီ ပြန်ဖွင့်
======================

ကိုရွှေမြိတ်
မဲဆောက် (မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း မြိတ်-ထားဝယ်- ပုလော လမ်းပိုင်းကို စစ်ကောင်စီက ခရီးသွားလာခွင့် နှစ်ရက်နီးပါး ပိတ်ထားရာမှ ယနေ့ ဇွန်လ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် ပြန်လည် ဖွင့်လှစ်ပေးလိုက်ပြီဖြစ်ကြောင်း ဒေသတွင်း ခရီးသည်တင် ယာဉ်လိုင်းများထံက သိရ သည်။

ပုလောမြို့နယ်အတွင်း ထိုလမ်းပိုင်း၌ PDF အဖွဲ့က စစ်ဆေးရေး ပြုလုပ်နေစဉ် ဇွန်လ ၁၆ ရက်တွင် စစ်ကောင်စီက အရပ်သားယောင်ဆောင်ပြီး လာရောက် ပစ်ခတ်ရာမှ နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထို့နောက် စစ်ကောင်စီက ခရီးသွားယာဉ်များ အပါအဝင် အခြားသော ကုန်ကားများကိုပါ ထိုလမ်း၌ ဖြတ်သန်းခွင့် ပိတ်လိုက်ခြင်း ဖြစ်သည်ဟု ပုလောမြို့ခံများထံက သိရသည်။

ပုလောမြို့ခံ တစ်ဦးက“ဒီနေ့ မနက်ပဲ ကားတွေကို အကုန်နီးပါး ပြန်ပြီး ဖြတ်သန်းခွင့် ပေးလိုက်ပြီး ဖြစ်တယ်”ဟု ပြောသည်။
ထိုလမ်းပိုင်းပိတ်ထားစဥ်အတွင်း မြိတ်ဘက်မှ တက်လာသည့် ခရီးသည်ကားများ သည် ပုလောမြို့ပေါ်တွင် ပိတ်မိနေပြီး ရန်ကုန်နှင့် ထားဝယ်ဘက်က ဆင်းလာသည့် ကားများလည်း ပုလောမြို့ အဝင် စစ်ကောင်စီ စစ်ဆေးရေး ဂိတ်တွင် ပိတ်မိနေခဲ့သည်ဟု ဒေသခံများနှင့် ခရီးသွားယာဉ်လိုင်းများထံက သိရ သည်။

“ပုလောမှာ နှစ်ရက်လောက် ပိတ်မိတော့ ခရီးသည်တွေ တော်တော်လေးကို အခက်အခဲ ဖြစ်ခဲ့တယ်။ ဘာတွေ အခက်အခဲ ဖြစ်လည်း ဆိုတော့ တည်းခိုဖို့ အခက်အခဲ ဖြစ်သလို ကျန်းမာရေး အတွက် အပေါ့အပါး သွားဖို့ ဒုက္ခတွေ ရောက်ခဲ့ကြတယ်”လို့ ခရီးသည်ယာဉ်မောင်း တစ်ဦးက ပြောသည်။

ယင်းသို့ ခရီးသည်ယာဉ် အများအပြား ပိတ်မိခဲ့၍ ပုလောမြို့ခံ အချို့က ခရီးသည်များကို ထမင်းထုတ် ကမ်းခဲ့ရသေးကြောင်း မြို့ခံများထံက သိရသည်။

လက်ရှိတွင် အဆိုပါ လမ်းပိုင်းကို စစ်ကောင်စီက ပြန်လည် ဖွင့်လှစ်ပေးခဲ့သော်လည်း နှစ်ဖက် စစ်ဆေးရေး ဂိတ်များမှာမူ ဆက်လက် ရှိနေဆဲ ဖြစ်ကြောင်း ခရီးသွား ပြည်သူများထံက သိရ သည်။
စစ်ဆေးရာတွင် PDF အဖွဲ့က လိုအပ်သည့် အချက်အလက်များကိုသာ စစ်ဆေးခဲ့သော်လည်း စစ်ကောင်စီ စစ်ဆေးရေးဂိတ်က ကုန်ပစ္စည်းများကို ဖောက်ဖွင့် စစ်ဆေးပြီး စားသောက်ကုန်နှင့် ပတ်သက်သော ပစ္စည်းအချို့ သိမ်းဆည်းခံနေရကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#မြိတ်-ထားဝယ် လမ်းပိုင်း
#၂ ရက်ခန့် ပိတ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
👍11😁2🔥1
This media is not supported in your browser
VIEW IN TELEGRAM
ရှီကျင့်ဖျင်ကို အာဏာရှင်တွေနဲ့ခိုင်းနှိုင်းပြီး ဘိုင်ဒင်ရဲ့ပြောဆိုမှုဟာ ရယ်စရာကောင်းကြောင်း တရုတ်ပြော

https://www.facebook.com/reel/831559148677335

#internationalnews #reels #shorts
👍4👏2
​​လှောင်အိမ်ထဲ ထိုးသတ်ကြရန် အီလွန်မတ်နှင့် မက်ဇူကာဘတ်တို့ သဘောတူ
======================

ကမ္ဘာ့ အထင်ကရ နည်းပညာ ဘီလျှံနာ ပုဂ္ဂိုလ်ကြီးနှစ်ဦးဖြစ်သော အီလွန်မတ်နှင့် မက်ဇူကာဘတ်တို့က လှောင်အိမ်တွင်း တစ်ဦးနှင့် တစ်ဦး အပြန်အလှန် ထိုးသတ်ပွဲကို ဆင်နွှဲကြရန် သဘောတူလိုက်ကြပြီ ဖြစ်သည်။

မက်ဇူကာဘတ်နှင့် “လှောင်အိမ်တွင်း ထိုးသတ်ပွဲ” အတွက် အဆင်သင့်ရှိနေကြောင်း အီလွန်မတ်က ၎င်း၏ လူမှုမီဒီယာ ပလက်ဖောင်း တွစ်တာတွင် သတင်းစကား ရေးတင်ခဲ့သည်။

ယင်းနောက်၌ ဖေ့ဘုတ်နှင့် အင်စတာဂရမ်တို့၏ မိခင်ကုမ္ပဏီ Meta ကို ပိုင်ဆိုင်သည့် ဇူကာဘတ်က အီလွန်မတ်၏ တွစ်တာပို့စ်ကို စက္ကရင်ရှော့ရိုက်ကာ “နေရာသာ ပြောပါ”ဆိုသော စာသားနှင့် ပို့စ်တင်ခဲ့သည်။
👍11🔥4😁4🤯2👏1
Media is too big
VIEW IN TELEGRAM
အကူအညီလိုအပ်နေတဲ့နေရာတွေကို အတားအဆီးမရှိ သွားရောက်ခွင့်ပေးဖို့ စစ်ကောင်စီကို ဗြိတိန်ထပ်မံတောင်းဆို

Watch more detail -
https://youtu.be/W6tKcgFKN2s

#စစ်ကောင်စီ #သွားရောက်ခွင့် #ဗြိတိန်ထပ်မံတောင်းဆို #VideoNews #shorts #reels
👍11😁3