Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဇွန်လ ၂၂ရက်၊ ညနေ ၄နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
====================

01:02-NLD က ထုတ်ပယ်ထားတဲ့ ဒီပဲယင်းလွှတ်တော် ကိုယ်စားလှယ်ဦးဝင်းမြင့်အောင်ကို ပကဖ ဖမ်းဆီးထားတဲ့သတင်း

02:30-မြောက်ဥက္ကာလာပရွှေဆိုင် ဓါးပြတိုက်ခံရမှုနဲ့ ပတ်သက်ခြင်းမရှိကြောင်း တွံတေး PDF တုံ့ပြန်တဲ့သတင်း

03:48-စစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ဘဏ်ကြီးနှစ်ခုကို အမေရိကန် ပိတ်ဆို့အရေးယူတဲ့သတင်း

07:34-ချင်းပြည်နယ်ရှိ လိုင်းလွန်ဆေးရုံမှာ ၁ လကျော်အတွင်း လူနာ ၂၀၀ ကျော်ကိုကုသမှုပေးနိုင်တဲ့သတင်း အပါအဝင်တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။

https://youtu.be/lg0S1NSLJ8M

#4pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍13😁1🍌1
This media is not supported in your browser
VIEW IN TELEGRAM
အနောက်ဘက်ကမ်း အကြမ်းဖက်ခံရမှုအပြီး သေဆုံးခဲ့သူ ဆယ်ကျော်သက်တွေရဲ့ စ◌ျာပနကို အစ္စရေးနဲ့ ပါလက်စတိုင်တွေ ပြုလုပ်

https://www.facebook.com/reel/723939789488061

#Internationalnews #Mizzima #Reels #shorts
👍5🔥1👏1
Business Round Up (22 June 2023)
=============

- စစ်ကောင်စီ၏လက်အောက်ရှိ နိုင်ငံပိုင်ဘဏ်များ ပိတ်ဆို့အရေးယူခံရမှုသတင်းထွက်ပေါ်ခြင်းကြောင့် နိုင်ငံခြား ငွေလဲနှုန်းများလှုပ်ခတ်

- ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းတွေသုံးစွဲနေလို့ မြန်မာနိုင်ငံမှာ နှစ်စဉ်လူဦးရေ ခြောက်သောင်းကျော် ရောဂါရပြီးအသက်ဆုံးရှုံးနေ

- တရုတ်နိုင်ငံမှ အမေရိကန်နှင့် အရှေ့တောင်အာရှသို့ ပို့ကုန်တင်ပို့မှု ဆက်လက်ကျဆင်း

- ကမ္ဘာကျော်သူဋ္ဌေးကြီး အီလွန်မက်စ်က အိန္ဒိယမှာ ရင်းနှီးမြုပ်နှံဖို့် ကြိုးပမ်းနေ

https://youtu.be/Ltst6SwM-gE

#businessroundup
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7😁2
ကျောက်ကြီးတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၈ ဦးထက်မနည်း သေဆုံး
👍8👏4❤3😁2
ကျောက်ကြီးတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၈ ဦးထက်မနည်း သေဆုံး
=========================

YT
(မဇ္ဈိမ)။ ။ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၃)၊ PDF ပူးပေါင်းတပ်ဖွဲ့အကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံက သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နေ့တွင် ကျောက်ကြီးမြို့နယ်၊ ဝါးပင်စုကျေးရွာအနီးသို့ နယ်မြေစိုးမိုးရေး ပြန်လည်ရယူရန် ကင်းလှည့်နေသည့် အင်အား ၈၀ ဝန်းကျင်ပါသည့် စစ်ကောင်စီတပ်သားများနှင့် တပ်မဟာ (၃) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲတစ်ကြိမ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

" ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာ ဝါးပင်စုရွာအနီးမှာပါ။ စစ်ကောင်စီဘက်က အင်အား ၈၀ လောက်တော့ ရှိတယ်။ သူတို့အနေနဲ့ နယ်မြေ စိုးမိုးရေးကို ပြန်ယူချင်တဲ့သဘောပေါ့။ တိုက်ပွဲအတွင်းမှာ ကျွန်တော်တို့ ဘက်ကတော့ နှစ်ယောက် ဒဏ်ရာရတယ်။ စစ်ကောင်စီဘက်က ၁၈ ယောက်ထက်မနည်းသေဆုံးခဲ့ပါတယ်" ဟု တပ်မဟာ (၃) KNLA သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။

အဆိုပါ ထိတွေ့တိုက်ပွဲကြာချိန် တစ်နာရီကျော်အတွင်း စစ်ကောင်စီတပ်ဘက်တွင် စစ်သား ၁၈ ဦးထက်မနည်းသေဆုံးခဲ့ပြီး တပ်မဟာ (၃) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ဘက်တွင်လည်း နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ စစ်ကောင်စီတပ် ပိုင်ဆိုင်သော လက်နက်ကြီး၊ လက်နက်ငယ်အချို့ သိမ်းပိုက်နိုင်ခဲ့ကြောင်း တပ်မဟာ (၃) KNLA သတင်းရင်းမြစ်က ဆိုသည်။

ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက်တွင် ရန်မျိုးအောင်စစ်ကောင်စီစခန်းမှ ကျေးရွာများအတွင်း လက်နက်ကြီးများဖြင့် အချက်ရေ ၂၀ နီးပါး ပစ်ခတ်ခဲ့မှုကြောင့် လက်နက်ကြီးကျည် ထိမှန်၍ တောကြောင်ပေါက်ကျေးရွာ၊ ရေတွင်းကုန်းကြီးကျေးရွာနှင့် ဝါးပင်စုကျေးရွာမှ ဒေသခံနေအိမ် ရှစ်လုံးထက်မနည်း ပျက်စီးခဲ့ရကြောင်း တပ်မဟာ (၃) KNLA သတင်းရင်းမြစ်ထံက သိရသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် အထိနာခဲ့သော စစ်ကောင်စီတပ်သားများသည် လက်ရှိတွင် နတ်သံကွင်းရှိ ရန်မျိုးအောင်စခန်း၊ နောင်ကုန်းစခန်းနှင့် ခလရ (၆၀) အတွင်း အထိုင်ချနေကြကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၆ ရက်နေ့ နံနက်အစောပိုင်းတွင်လည်း နတ်သံကွင်းမြို့ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်၏ ပစ်မှတ် ငါးခုကို တပ်မဟာ (၃) KNLA ပါဝင်သော ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့များက တစ်ပြိုင်နက် စီးနင်းတိုက်ခိုက်ခဲ့ပြီး အဆိုပါ တိုက်ပွဲများအတွင်း ရဲနှင့် စစ်ကောင်စီ တပ်သား ၃၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့မှလည်း ရဲဘော်လေးဦး ကျဆုံးခဲ့ကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#၁၈ ဦးထက်မနည်း သေဆုံး
# စစ်ကောင်စီ
ဓါတ်ပုံ- ဝါးပင်စုတိုက်ပွဲအတွင်း ရရှိခဲ့သော လက်နက်ခဲယမ်းများ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍22❤5👏3😁2
​​စစ်ကောင်စီဘဏ် ၂ခုကို အမေရိကန်ဒဏ်ခတ်ပိတ်ဆို့မှု တော်လှန်အင်အားစုများကြိုဆို၊ လူထုအပေါ် အကြမ်းဖက်မှုသက်ဆိုးရှည်စေမည့် ငွေကြေးစီးဆင်းမှု ဖြတ်တောက်လိုက်ခြင်းဟုဆို
======================

001
(မဇ္စျိမ)။ ။ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်း ရောင်းဝယ်ရေးဘဏ် (MICB)တို့ကို အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူလိုက်ခြင်းသည် စစ်ကောင်စီက ပြည်သူများအပေါ် ကျူးလွန်နေသည့် အကြမ်းဖက်မှုများကို သက်ဆိုးရှည်စေမည့် ငွေကြေးစီးဆင်းမှုအား ဖြတ်တောက်လိုက်ခြင်းဖြစ်သောကြောင့် ထောက်ခံကြိုဆိုကြောင်းတော်လှန်ရေးအင်အားစုများက ကြေညာချက်ထုတ်ပြန်သည်။

စစ်‌ကောင်စီ၏ ကာကွယ်ရေးဝန်ကြီးဌာနနှင့် စစ်‌ကောင်စီထိန်းချုပ်ထားသော အထက်ပါ ဘဏ် နှစ်ခုကို ပိတ်ဆို့အရေးယူလိုက်ကြောင်း
အမေရိကန်အစိုးရက ဇွန်လ ၂၁ရက်တွင် ကြေညာခဲ့သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဂျေဘလင်ကန်က ဇွန် ၂၁ရက်တွင် ထုတ်ပြန်‌သော အဆိုပါ ကြေညာချက်တွင် စစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီးဌာန၊ MFTB နှင့် MICB ဘဏ်တို့သည် စစ်အာဏာရှင်အဖွဲ့အစည်း၏ နိုင်ငံရေးနည်းလမ်းအရသတ်မှတ်ထားသည့် အုပ်ချုပ်ရေးအပိုင်းအခြားများ၊ အေဂျင်စီများ (သို့မဟုတ်) စစ်အာဏာရှင်အဖွဲ့အစည်း၏ ထိန်းချုပ်မှုအောက်တွင်ရှိသည့်အတွက် သမ္မတ၏အမိန့်အမှတ် ၁၄၀၁၄ အရ ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

ထိုကြေညာချက်ကို ထောက်ခံကြိုဆိုကြောင်း တော်လှန်ရေးအင်အားစုများဖြစ်သည့် အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB)၊ ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေး (GMSR) နှင့် သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှု (BMC) တို့က ဇွန်လ ၂၁ရက်တွင် ချက်ချင်း ထုတ်ပြန်ခဲ့သည်။

" အမေရိကန်အစိုးရမှ အကြမ်းဖက်စစ်အုပ်စု ဦးစီးနေသည့် နိုင်ငံပိုင်ဘဏ်နှစ်ခုကို ပိတ်ဆို့အရေးယူလိုက်ခြင်းသည် အကြမ်းဖက်စစ်အုပ်စု၏ ပြည်သူများအပေါ် ကျူးလွန်နေသည့် အကြမ်းဖက်မှုများကို သက်ဆိုးရှည်စေမည့် ငွေကြေးစီးဆင်းမှုကို ဖြတ်တောက်လိုက်ခြင်းဖြစ်သည်" ဟု တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ဖိနှိပ်အကြမ်းဖက်မှုများကို ရပ်တန့်စေရန်မှာ အကြမ်းဖက်စစ်အုပ်စု၏ သက်ဆိုးရှည်စေမည့် ငွေကြေး စီးဆင်းမှုများ၊ တရားဝင်မှုပြုရေးများကို ဖြတ်တောက်မှသာလျှင် ရပ်တန့်စေနိုင်မည်ဖြစ်သောကြောင့် အမေရိကန်အစိုးရနည်းတူ အရေးယူခြင်းများကို ဉပရောပအဖွဲ့အစည်းများ၊ အာဆီယံနှင့် အိမ်နီးချင်းနိုင်ငံများကပါ လုပ်ဆောင်ကြရန် တော်လှန်ရေးအင်အားစုများက ဆက်လက် တိုက်တွန်းထားသည်။

MFTB ဘဏ်နှင့် MICB ဘဏ်တို့ ဒဏ်ခတ်ပိတ်ဆို့ခံရမှုမှာ ပုဂ္ဂလိကကုန်သွယ်​ရေးကဏ္ဍကို ထူးထူးခြားခြား သက်​ရောက်မှုမရှိနိုင်ဘဲ စစ်ကောင်စီ၏ နိုင်ငံချင်းပူးပေါင်းလုပ်ဆောင်မှုများကို ထိခိုက်နိုင်ကြောင်း ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။
“လက်ရှိလုပ်နေတဲ့ ပို့ကုန်၊သွင်းကုန် ပုံစံက ဒီဘဏ်တွေကို မလိုဘူး။

အဲ့ဒီဘဏ်တွေမရှိလည်း လုပ်လို့ရနေတယ်။ အရင် Trade(ကုန်သွယ်မှု) လုပ်လည်း MFTB ၊ MICB ဘဏ်မှာ အကောင့်မရှိလည်း ပုဂ္ဂလိကဘဏ်တွေမှာ ရှိမယ်ဆိုရင်လည်းလုပ်လို့ရတယ်။ ဒါပေမဲ့ G to G (အစိုးရအချင်းချင်း) လုပ်တဲ့အခါမျိုးကျရင်တော့ ဒီပိတ်ဆို့မှုက အကျိုးသက်ရောက်မှုရှိနိုင်တယ်”ဟု ဆိုသည်။
အမေရိကန်အစိုးရ၏ ပိတ်ဆို့မှုသည် စစ်ကောင်စီကို အထိနာစေကြောင်း နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ လေ့လာသူများက သုံးသပ်ထားသော်လည်း

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ ထိုဘဏ်နှစ်ခုမှာ အမေရိကန် အခြေစိုက်သည့် ဘဏ်များ၊ ဘဏ်ခွဲများတွင် နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ဆောင်ရွက်နေခြင်းမရှိသည့်အတွက် ငွေကြေးဆုံးရှုံးမှုမရှိကြောင်းနှင့် ပူပန်စရာမလိုကြောင်း ပြောဆိုထားသည်။ သို့သော်အမေရိကန် ပြည်ထောင်စုအနေဖြင့် စီးပွားရေးအရ၊ နိုင်ငံရေးအရ အကျပ်အတည်းဖြစ်အောင် လုပ်ဆောင်နေခြင်းဖြစ်သည်ဟုလည်း စစ်ကောင်စီက ညည်းတွားထားသည်။

အမေရိကန်အစိုးရ၏ ယခုအရေးယူပိတ်ဆို့မှုသည် တော်လှန်ရေးခရီးအတွက် အထောက်အပံ့များဖြစ်သောကြောင့် ပြည်သူများအနေဖြင့် ကြံ့ကြံ့ခံကာ အတူရင်ဆိုင်ကြပြီး အကြမ်းဖက်စစ်အုပ်စု၏ သက်ဆိုးရှည်စေမှုမှန်သမျှ ဖြတ်တောက်၍ လိုချင်‌ သောပန်းတိုင်အထိ အတူတကွလျှောက်လှမ်း တိုက်ပွဲဝင်ကြရန်လည်း တော်လှန်ရေးအင်အားစုများက မေတ္တာရပ်ခံ တိုက်တွန်းထားသည်။
စာတည်း - မောင်ကြီး

#mizzima
#MFTB
#MICB
#အမေရိကန်အစိုးရ
#ပိတ်ဆို့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18❤4😁2
ဇွန်လ ၂၂ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥2👍1
This media is not supported in your browser
VIEW IN TELEGRAM
ဟွန်ဒူးရပ်စ် အမျိုးသမီး အကျဥ◌်းထောင် မီးလောင်မှုအတွင်း လူ ၄၀ ကျော် သေဆုံး

https://www.facebook.com/reel/1033309387656418

#Internationalnews #Mizzima #Reels #shorts
🔥4👍2😢1
ပန်းသာရွာတိုက်ပွဲ ၈ ရက်မြောက်နေ့ ဆက်လက်ဖြစ်ပွား စစ်ကောင်စီတပ်က လေကြောင်းဖြင့်တိုက်ခိုက်
======================

ပါခွီး
မဇ္စျိမ ။ ။ စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ် ၊ ပန်းသာရွာတွင် စစ်ကောင်စီတပ် လက်အောက်ခံများနှင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့အကြား ရှစ်ရက်မြောက်နေ့အဖြစ် တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။

ပန်းသာရွာအတွင်း အခိုင်အမာတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့်၎င်း၏ လက်အောက်ခံတပ်များကို တမူးမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့များမှ ဇွန်လ ၁၅ရက် နေ့မှ စတင်တိုက်ခိုက်နေခြင်း ဖြစ်သည်။

“စကစတွေ အထိနာနေလို့ လေကြောင်းကနေ နေ့စဉ်လိုလို လာပစ်နေတယ် ၊ ထောက်ပို့လေယာဉ်နဲ့လည်း ရိက္ခာ နဲ့ကျည်တွေလာချပေးတယ်လို့သိရတယ်၊ မြေပြင်က အင်အားဖြည့်ဘို့မလွယ်တော့ လေကြောင်းအားကိုး ပစ်နေတာ” ဟု တမူးမြို့နယ် စစ်ရေးလေ့လာစောင့်ကြည့်သူတစ်ဦးက မဇ္စျိမ ကိုပြောသည်။

ရှစ်ရက်မြောက်အဖြစ် ဝိုင်းဝန်းပိတ်ဆို့ဖြတ်တောက်ထားသဖြင့် တမူးမြို့နှင့် ကလေးမြို့များဖက်မှလည်း အင်အားဖြည့်တင်းရန် ခက်ခဲနေသဖြင့် စစ်ကောင်စီတပ် လေကြောင်းမှ နေ့စဉ်လာရောက်တိုက်ခိုက်လျက်ရှိကြောင်းဆိုသည်။

၎င်းအပြင် ထောက်ပို့ယာဉ်မှလည်း လေထီးဖြင့် နှစ်ကြိမ် လက်နက်ကြီးကျည်၊ ၊လက်နက်ငယ်ကျည် ၊ ရိက္ခာနှင့် ဆေးဝါးသေတ္တာအချို့ကို ကာကွယ်ရေးတပ်ဖွဲ့မှ သိမ်းပိုက်ရရှိခဲ့ကြောင်း ဆိုသည်။

အဆိုပါရွာအတွင်း ပိတ်မိသူများမှာ စစ်ကောင်စီတပ်သာမက ရဲ ၊ ပျူစောထီး ၊ ကသည်း ၊ ရှမ်းနီတပ်များပါဝင်လျက်ရှိပြီး အထိအခိုက်အကျအဆုံးများပြား လျက်ရှိနေကြောင်း သိရသည်။
တိုက်ပွဲအတွင်း သေဆုံးခဲ့ရသည့် စစ်ကောင်စီတပ်နှင့် လက်အောက်ခံများ၏ အလောင်းများကို ကျေးရွာအတွင်းရှိ နေအိမ်အချို့အတွင်းသို့ထည့်သွင်း၍ နေအိမ်ကိုမီးရှို့ပြီး သင်္ဂြိုဟ်နေကြောင်း ဆိုသည်။

အဆိုပါတိုက်ပွဲနှင့်ပတ်သက်ပြီး မဇ္စျိမက ရုပ်သံအချို့ကို လက်ခံရရှိခဲ့ပြီး ယင်းတို့ အထဲတွင် စစ်ကောင်စီရဟတ်ယာဉ်မှ ဝဲပျံသန်းလျက်ရှိနေပြီး ကာကွယ်ရေးတပ်ဖွဲ့ များ ချီတက်သွားကြပုံနှင့် ဒဏ်ရာရရှိသည့် ရဲဘော်များ သယ်ဆောင်လာသည်များကို မြင်တွေ့ရသည်။
စစ်ကောင်စီတပ်တပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရခဲ့မှုများရှိနေသော်လည်း အရေအတွက်ကိုမူ မသိရှိရသေးကြောင်း စောင့်ကြည့်လေ့လာသူဆက်ပြောသည်။

ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့မှလည်း ရဲဘော် ၂၀ကျော် ကျည်ဆန်အပိုင်းအစများ ထိမှန်ဒဏ်ရာရရှိထားပြီး ကျဆုံးသူမရှိသေးကြောင်း သိရသည်။

အဆိုပါတိုက်ပွဲကို တမူးခရိုင် အတွင်းအခြေစိုက်လှုပ်ရှားနေသည့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်းမဟာမိတ်များမှ တိုက်ခိုက်လျက်ရှိပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်လာဖွယ်ရှိကြောင်း စစ်ရေးလေ့လာစောင့်ကြည့်သူက ပြောဆိုသည်။

https://youtu.be/lmlkrUcoHjs

စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ပန်းသာရွာတိုက်ပွဲ
#စစ်ကောင်စီတပ်
#လေကြောင်း
#ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19👏6❤3🤬1
ဇွန်လ (၂၂)ရက်၊ ကြာသပတေးနေ့ ညပိုင်း မဇ္ဈိမ ရေဒီယိုအစီအစဉ်
==================

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ... မြန်မာကာကွယ်ရေးဝန်ကြီးဌာနနဲ့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဘဏ်လုပ်ငန်းနှစ်ခုကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်တယ်လို့ အမေရိကန်ပြည်ထောင်စုက ဇွန်လ ၂၁ ရက်နေ့မှာထုတ်ပြန်ကြေညာတဲ့သတင်းနဲ့အတူ မြန်မာစစ်ခေါင်းဆောင်တွေအပေါ် ဖိအားပေးအရေးယူဖို့ အာဆီယံကို ကုလသမဂ္ဂကတိုက်တွန်းလိုက်တဲ့ သတင်း အပါအဝင် တခြားစိတ်ဝင်စားဖွယ် ပြည်တွင်းနဲ့ နိုင်ငံတကာ သတင်းတွေကိုနားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေနဲ့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ရှိသလို ကျန်းမာရေးအကြောင်း ပြောပြထားတဲ့ ကျန်းမာသုတ လူမှုဘဝ အစီအစဉ်ကို နားဆင်ရမှာဖြစ်ပါတယ်။
....................................................
မဇ္ဈိမရေဒီယို ညနေပိုင်းအစီအစဉ်ကို မတ်လ ၂၆ ရက်နေ့ကစပြီး Frequency ပြောင်းလဲထုတ်လွှင့်နေတာဖြစ်တဲ့အတွက် ယခင်ဖမ်းယူနေကျ လှိုင်းတိုမီတာ ၁၆ မီတာ ၊ ၁၇.၇၃ မီဂါဟဇ်ကနေ လှိုင်းတိုမီတာ ၁၃ မီတာ၊ ၂၁.၇၁ မီဂါဟဇ်ကို ပြောင်းလဲဖမ်းယူနားဆင်ကြဖို့အတွက် မေတ္တာရပ်ခံအပ်ပါတယ်။
ဖမ်းယူနားဆင်နိုင်မယ့်အချိန်ကတော့ ထုတ်လွှင့်နေကျဖြစ်တဲ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲကနေ ၇ နာရီခွဲအတွင်း ဖမ်းယူနားဆင်နိုင်မှာပဲဖြစ်ပါတယ်။

https://youtu.be/IGjmkOIIIh0

#Mizzimaradio
#Eveningradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9😁2
This media is not supported in your browser
VIEW IN TELEGRAM
တိုက်တန်းနစ်အနီး ပျောက်ဆုံးသွားတဲ့ ရေငုပ်သဘော်ကို ရှာဖွေဖို့ လက်တွေ့မှာ မဖြစ်နိုင်ကြောင်း သူတေသီတွေ ပြောကြား

https://www.facebook.com/reel/626164276122020

#Internationalnews #Mizzima #Reels #shorts
👍6🔥1😁1
​​တရုတ်က ကြီးမားသည့် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေကြောင်း အမေရိကန် နိုင်ငံတော်လုံခြုံရေးအကြံပေးဟောင်း ပြောကြား
=====================

အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီသည် ကမ္ဘာ့ခေါင်းဆောင်ကြီးဖြစ်ကြောင်းနှင့် အိန္ဒိယနှင့် အမေရိကန်အတွက် အဓိက စိန်ခေါ်မှုမှာ တရုတ်ကို ကိုင်တွယ်ရမည့်ကိစ္စရပ်ဖြစ်ကြောင်း အမေရိကန်နိုင်ငံတော်လုံခြုံရေး အကြံပေး ဟောင်း ဂျွန်ဘော်လ်တန်က ပြောကြားလိုက်သည်။

ဝန်ကြီးချုပ်မိုဒီ၏ အမေရိကန်သို့ ပထမဆုံးနိုင်ငံတော်ခရီးစဉ်နှင့် ပတ်သက်ပြီး ANI နှင့် သီးသန့်တွေ့ဆုံခန်းတွင် အမေရိကန်နှင့် အခြားနိုင်ငံမှ ကုမ္ပဏီအများအပြားသည် တရုတ်တွင် ကုန်ပစ္စည်းထုတ်လုပ်ဖြန့်ချိရေးလုပ်ငန်း စဉ်များကို လျှော့ချလာသည့်အတွက် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုကို ခေါင်းဆောင်နှစ်ဦးက ဆွေးနွေး မည်ဟု ယုံကြည်ကြောင်း ဘောလ်တန်က ပြောကြားခဲ့သည်။
👍10😁2
စစ်ကောင်စီအမြောက်တပ်က ပစ်ခတ်မှုများကြောင့် ဆယ်ကျော်သက် လူငယ် ၃ ဦး ထိခိုက်ဒဏ်ရာရ
👍3🤬2🔥1👏1