Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဇွန်လ (၂၂)ရက်၊ ကြာသပတေးနေ့ ညပိုင်း မဇ္ဈိမ ရေဒီယိုအစီအစဉ်
==================

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ... မြန်မာကာကွယ်ရေးဝန်ကြီးဌာနနဲ့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဘဏ်လုပ်ငန်းနှစ်ခုကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်တယ်လို့ အမေရိကန်ပြည်ထောင်စုက ဇွန်လ ၂၁ ရက်နေ့မှာထုတ်ပြန်ကြေညာတဲ့သတင်းနဲ့အတူ မြန်မာစစ်ခေါင်းဆောင်တွေအပေါ် ဖိအားပေးအရေးယူဖို့ အာဆီယံကို ကုလသမဂ္ဂကတိုက်တွန်းလိုက်တဲ့ သတင်း အပါအဝင် တခြားစိတ်ဝင်စားဖွယ် ပြည်တွင်းနဲ့ နိုင်ငံတကာ သတင်းတွေကိုနားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေနဲ့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ရှိသလို ကျန်းမာရေးအကြောင်း ပြောပြထားတဲ့ ကျန်းမာသုတ လူမှုဘဝ အစီအစဉ်ကို နားဆင်ရမှာဖြစ်ပါတယ်။
....................................................
မဇ္ဈိမရေဒီယို ညနေပိုင်းအစီအစဉ်ကို မတ်လ ၂၆ ရက်နေ့ကစပြီး Frequency ပြောင်းလဲထုတ်လွှင့်နေတာဖြစ်တဲ့အတွက် ယခင်ဖမ်းယူနေကျ လှိုင်းတိုမီတာ ၁၆ မီတာ ၊ ၁၇.၇၃ မီဂါဟဇ်ကနေ လှိုင်းတိုမီတာ ၁၃ မီတာ၊ ၂၁.၇၁ မီဂါဟဇ်ကို ပြောင်းလဲဖမ်းယူနားဆင်ကြဖို့အတွက် မေတ္တာရပ်ခံအပ်ပါတယ်။
ဖမ်းယူနားဆင်နိုင်မယ့်အချိန်ကတော့ ထုတ်လွှင့်နေကျဖြစ်တဲ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲကနေ ၇ နာရီခွဲအတွင်း ဖမ်းယူနားဆင်နိုင်မှာပဲဖြစ်ပါတယ်။

https://youtu.be/IGjmkOIIIh0

#Mizzimaradio
#Eveningradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9😁2
This media is not supported in your browser
VIEW IN TELEGRAM
တိုက်တန်းနစ်အနီး ပျောက်ဆုံးသွားတဲ့ ရေငုပ်သဘော်ကို ရှာဖွေဖို့ လက်တွေ့မှာ မဖြစ်နိုင်ကြောင်း သူတေသီတွေ ပြောကြား

https://www.facebook.com/reel/626164276122020

#Internationalnews #Mizzima #Reels #shorts
👍6🔥1😁1
​​တရုတ်က ကြီးမားသည့် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေကြောင်း အမေရိကန် နိုင်ငံတော်လုံခြုံရေးအကြံပေးဟောင်း ပြောကြား
=====================

အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီသည် ကမ္ဘာ့ခေါင်းဆောင်ကြီးဖြစ်ကြောင်းနှင့် အိန္ဒိယနှင့် အမေရိကန်အတွက် အဓိက စိန်ခေါ်မှုမှာ တရုတ်ကို ကိုင်တွယ်ရမည့်ကိစ္စရပ်ဖြစ်ကြောင်း အမေရိကန်နိုင်ငံတော်လုံခြုံရေး အကြံပေး ဟောင်း ဂျွန်ဘော်လ်တန်က ပြောကြားလိုက်သည်။

ဝန်ကြီးချုပ်မိုဒီ၏ အမေရိကန်သို့ ပထမဆုံးနိုင်ငံတော်ခရီးစဉ်နှင့် ပတ်သက်ပြီး ANI နှင့် သီးသန့်တွေ့ဆုံခန်းတွင် အမေရိကန်နှင့် အခြားနိုင်ငံမှ ကုမ္ပဏီအများအပြားသည် တရုတ်တွင် ကုန်ပစ္စည်းထုတ်လုပ်ဖြန့်ချိရေးလုပ်ငန်း စဉ်များကို လျှော့ချလာသည့်အတွက် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုကို ခေါင်းဆောင်နှစ်ဦးက ဆွေးနွေး မည်ဟု ယုံကြည်ကြောင်း ဘောလ်တန်က ပြောကြားခဲ့သည်။
👍10😁2
စစ်ကောင်စီအမြောက်တပ်က ပစ်ခတ်မှုများကြောင့် ဆယ်ကျော်သက် လူငယ် ၃ ဦး ထိခိုက်ဒဏ်ရာရ
👍3🤬2🔥1👏1
စစ်ကောင်စီအမြောက်တပ်က ပစ်ခတ်မှုများကြောင့် ဆယ်ကျော်သက် လူငယ် ၃ ဦး ထိခိုက်ဒဏ်ရာရ
===================

YT
မဇ္ဈိမ။ ။ မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အဘစ်ကျေးရွာ အခြေစိုက် စစ်ကောင်စီအမြောက်တပ် အမတ (၃၁၈) မှ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၆) နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းမှ ဆယ်ကျော်သက်လူငယ် သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒူးပလာယာခရိုင်က ယမန်နေ့ ဇွန်လ ၂၁ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

" ဒီလိုပဲလေ နေ့တိုင်း၊ ညတိုင်း ကိုပစ်နေတာပါ၊ ဒီနေ့လည်း ပစ်နေတာပဲ ရွာတွေထဲ မကျတာပဲရှိတာ" ဟု ဒေသခံတစ်ဦးက ယမန်နေ့ ဇွန်လ ၂၁ ရက်နေ့က မဇ္ဈိမကိုပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့၊ ညနေပိုင်းမှ စတင်၍ မုဒုံမြို့၊ အဘစ်ကျေးရွာအခြေစိုက် အမတ (၃၁၈) မှ ကြာအင်းဆိပ်ကြီးမြို့နယ်၊ တံခွန်တိုင်ကျေးရွာအုပ်စုအတွင်းသို့ ၁၂၀ မမ အမျိုးအစား လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး လက်နက်ကြီးကျည် ထိမှန်၍ တံခွန်တိုင်ကျေးရွာမှ ဆယ်ကျော်သက် ညီအစ်ကိုနှစ်ဦးနှင့် ပူးလိန်ကျေးရွာမှ ဆယ်ကျော်သက် လူငယ်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရသူများမှာ ကြာအင်းဆိပ်ကြီးမြို့နယ်၊ တံခွန်တိုင်ကျေးရွာ၊ အမှတ် (၅) ရပ်ကွက်၊ ကုလားပိုင်းနေ အသက် ၁၆ နှစ်အရွယ် မောင်မိုးဒီ၊ ၎င်း​၏ အစ်ကိုဖြစ်သူ အသက် ၁၈ နှစ်အရွယ် မောင်လူပုနှင့် ပူးလိန်ကျေးရွာမှ အသက် ၁၆ နှစ်အရွယ် ဝင်းထွန်းပိုင်တို့ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်နေ့၊ ညနေပိုင်းကလည်း အဘစ်အခြေစိုက် အမတ (၃၁၈) မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကြာအင်းဆိပ်ကြီးမြို့နယ်၊ တံခွန်တိုင်ကျေးရွာ၊ အမှတ် (၁) ရပ်ကွက်မှ ဒေသခံနေအိမ်တစ်လုံးနှင့် ကားတစ်စီး ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်၊ တံခွန်တိုင်ကျေးရွာအုပ်စုအတွင်းတွင် ၂၀၂၃ ခုနှစ်၊ နှစ်အစပိုင်းမှစ၍ ၂၀၂၃ ခုနှစ် ဇွန်လ ၁၇ ရက်နေ့အထိ တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်​၏ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုများကြောင့် ဒေသခံသုံးဦး သေဆုံးခဲ့ပြီး ဒေသခံနေအိမ် ငါးလုံး ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။

KNU တပ်မဟာ (၆) နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်​များ​၏ တပ်ရင်းများ၊ ရဲစခန်းများ၊ ကင်းစခန်းများ၊ လုံခြုံရေးဂိတ်များအပြင် အုပ်ချုပ်ရေးရုံးများ၊ အဆောက်အအုံများအား တော်လှန်ရေးအင်အားစုများက ဒရုန်း၊ လက်နက်ကြီးများဖြင့် မကြာခဏ တိုက်ခိုက်နေပြီး ထိုသို့ တိုက်ခိုက်ခံရတိုင်းလည်း စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်လေ့ရှိကြောင်း သိရသည်။

အဘစ်အခြေစိုက် စစ်ကောင်စီအမြောက်တပ် အမတ (၃၁၈) မှ စစ်ကောင်စီတပ်သားများသည် KNU တပ်မဟာ (၆) နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်ကျေးရွာ၊ ပူးလိန်ကျေးရွာ၊ တံခွန်တိုင်ကျေးရွာ၊ နန်းသိုင်းထွန် ကျေးရွာများအတွင်းသို့ မကြာခဏလက်နက်ကြီးများဖြင့် ပစ်ခတ်လေ့ရှိကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#စစ်ကောင်စီ
#အမြောက်တပ်
#မုဒုံမြို့နယ်
#KNU
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🔥3😁2🤬2❤1
ဇွန်လ ၂၂ ရက်၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်
=====================

-သမ္မတကြီး ဦးဝင်းမြင့် ကျန်းမာရေးဆေးစစ်မှု အခြေအနေ " မဆိုး" လို့ ဒေါက်တာဝင်းမြတ်အေးပြောတဲ့သတင်း

-MFTBနှင့် MICB ဘဏ်နှစ်ခုကို ပိတ်ဆို့အရေးယူကြောင်း အမေရိကန် တရားဝင်ထုတ်ပြန်တဲ့အကြောင်း

-မြောက်ဥက္ကာလာပရွှေဆိုင် ဓါးပြတိုက်ခံရမှု ပတ်သက်ခြင်း မရှိကြောင်း တွံတေး PDF တုံ့ပြန်တဲ့သတင်း

-ဖရူဆိုအနောက်ခြမ်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတဲ့အကြောင်း

-တနင်္သာရီမြို့ သမီးလှအရှေ့ကမ်း ၅ ရက်တာတိုက်ပွဲအတွင်း စစ်တပ်အရာရှိအပါဝင် ၆ ဦးသေဆုံးတဲ့ သတင်းနဲ့
ယူကရိန်းကို စီးပွားရေးအကူအညီ ဒေါ်လာ ၁.၃ ဘီလီယံပေးအပ်ဖို့ အမေရိကန်ကြေညာလိုက်တဲ့ သတင်းအပါအဝင် အရေးကြီးတဲ့ သတင်းတွေနဲ့ စိတ်ဝင်စားဖွယ်ရာ သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

https://www.youtube.com/live/POhQ7vYNRE4?feature=share

#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10😁2👎1
​​မယ်ဟောင်ဆောင်ရှိ မြန်မာဒုက္ခသည်များကို အကူအညီများ ပေးထားဟု ထိုင်းအာဏာပိုင်တို့ ပြော
========================

မြန်မာအာဏာသိမ်းစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများကြောင့် ထွက်ပြေးလာသည့် မြန်မာဒုက္ခသည် ၄,၀၀၀ နီးပါးခန့်ကို အကူအညီများ ပေးအပ်ထားကြောင်း ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ပြည်နယ်မှ အာဏာပိုင်များက ပြောသည်။

ဆာရီယန်း ခရိုင် ဆောင်ဟင်း ခရိုင်ခွဲ ဘန်ဆောင်ဟင်အရပ်နှင့် ခွန်ယူအမ် ခရိုင် မယ်ခီ ခရိုင်ခွဲ ဘန်ဖာခယ် အရပ်ရှိ နယ်စပ်တစ်လျှောက် မြန်မာဘက်ခြမ်းတွင် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အဆိုပါ တိုက်ပွဲများကြောင့် မြန်မာနိုင်ငံသား ၃,၉၀၄ ဦးသည် နယ်စပ်ဖြတ်ကာ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ပြည်နယ်၏ နယ်စပ်ခရိုင်နှစ်ခု၌ လာရောက်ခိုလှုံနေကြရခြင်းဖြစ်သည်။

ဆောင်ဟင် ခရိုင်ခွဲရှိ ဘန်ဆောင်ဟင် စခန်းတွင် မြန်မာဒုက္ခသည် ၃,၂၁၁ ဦး ရောက်ရှိနေပြီး ကျန်ဒုက္ခသည်များကို ဘန်ဖာခယ် စခန်းသို့ ခေါ်ဆောင်ထားသည်။
👍11🔥3
ILO က မြန်မာစစ်အုပ်စုအပေါ် ဘာတွေအရေးယူဆောင်ရွက်နိုင်မှာလဲ | Human Rights Barometer - Episode 16
=====================

အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) က မြန်မာစစ်အုပ်စုအပေါ် နောက်ထပ် အရေးယူဆောင်ရွက်နိုင်ရေး၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို အသိအမှတ်ပြုရေးတို့အတွက် ကြိုးပမ်းနေမှုများနှင့်ပတ်သက်၍ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကို မေးမြန်းထားသည်။

https://youtu.be/ArSw6TUIXj0

#humanrightsbarometer Rights Barometer
#ILO
#ဦးအောင်မျိုးမင်း
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8😁2🔥1
​​ဖုန်း ကြားဖြတ်ထောက်လှမ်းခြင်းအတွက် ထိုင်းအစိုးရကို တရားစွဲ
====================

၂၀၂၀ နှောင်းပိုင်းနှင့် ၂၀၂၁ အစောပိုင်းက ဒီမိုကရေစီလိုလားသည့် ဆန္ဒပြပွဲများအတွင်း ၎င်းတို့၏ ဖုန်းများကို Pegasus spyware အသုံးပြုပြီး ကြားဖြတ်ထောက်လှမ်းခြင်းများ လုပ်ဆောင်ခဲ့သည်ဆို၍ ထိုင်းနိုင်ငံရေးတက်ကြွလှုပ်ရှားသူနှစ်ဦးက ထိုင်းအစိုးရကို တရားစွဲသည်။

၎င်းတို့၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ချိုးဖောက်သည်ဆိုလျက် ဝန်ကြီးချုပ်ရုံးအပါအဝင် အစိုးရဌာန ကိုးခုကို ယင်ချစ်ပ် အက်ချန်နွန်နှင့် အာနွန်နမ်းပါတို့နှစ်ဦးက အင်္ဂါနေ့တွင် တရားစွဲဆိုခြင်း ဖြစ်သည်။

Apple ထံမှ သတိပေးချက် ရပြီးနောက် အဆိုပါ spyware အကြောင်းကို သိရှိခဲ့ရခြင်းဖြစ်ကြောင်း ယင်ချစ်ပ်က ဖေ့ဘုတ်ပေါ်တွင် ပြောဆိုသည်။
👍12👏2😁2❤1
​​NUG လှုံ့ဆော်မှုများကို လိုက်ပါဆောင်ရွက်သည်ဟုဆိုကာ လူ ၃၀ ဦး အမှုဖွင့်ခံရ
==================

001
(မဇ္စျိမ)။ ။ အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)၊ ပြည်​ထောင်စုလွှတ်​တော်ကိုယ်စားပြု​ကော်မတီ (CRPH)တို့၏ လှုံ့ဆော်မှုများကို လိုက်ပါဆောင်ရွက်သည်ဟု စစ်ကောင်စီက စွပ်စွဲပြီး နေပြည်တော်မှ အမျိုးသမီးတစ်ဦးအပါအဝင် လူ ၃၀ ဦးမှာ တစ်ရက်တည်း ဖမ်းဆီးအမှုဖွင့်ခံထားရကြောင်း စစ်ကောင်စီ၏ ဇွန်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်သည့် စာရင်းအရ သိရသည်။

၎င်းတို့မှာ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့မှဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါ လူပုဂ္ဂိုလ်များသည် facebook အကောင့်၊ tiktok အကောင့်တို့မှ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်ပြီး လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ လုပ်ဆောင်ခဲ့သည့်အတွက် ဖမ်းဆီးအမှုဖွင့်ခြင်းဖြစ်ကြောင်း စစ်ကောင်စီက စွပ်စွဲထားပြီး အသေးစိတ်အခြေအနေကို ဖော်ပြထားခြင်းမရှိပေ။

အဆိုပါ လူ ၃၀ ဦးတွင် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်မှ မကေစင်မိုးဝေ၊ ရန်ကုန်တိုင်းမှ မမြကေခိုင်၊ မပန်းအိနွယ်၊ မွန်ပြည်နယ်မှ မသီတာတို့မှာ ဇွန်လ ၁၉ ရက်နေ့က ကျရောက်ခဲ့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့တွင် Facebook နှင့် tikok တွင် ပန်းသပိတ်ဆင်နွှဲခဲ့သည်ဟုဆိုကာ စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်အချို့တွင် ဖမ်းဆီးရန် လှုံ့ဆော်ခံထားရသူများထဲတွင် ပါဝင်ကြောင်း တွေ့ရသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို ဆန့်ကျင်ပြီး လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားသူများ၊ သတင်းဌာနများအောက်တွင် မှတ်ချက်ပေးသူများကိုပင် စစ်ကောင်စီက ပစ်မှတ်ထားပြီး လိုက်လံဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိသည်။

စစ်အာဏာသိမ်းပြီးနောက် ဆိုရှယ်မီဒီယာ(facebook)ပေါ်မှာပင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရေးသားနိုင်ခွင့်မှာ ဆိုးဆိုးရွားရွားချိုးဖောက်ခံနေရပြီး တင်လိုက်သော ပိုစ့်တစ်ခု၊ ပုံတစ်ပုံကြောင့် အိမ်အထိလာရောက်ဖမ်းဆီးခြင်းများကို ပတ်ဝန်းကျင်တွင် တောက်လျှောက်ကြုံတွေ့နေရကြောင်း အသံအဖွဲ့က ဇွန်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်သည့် စာတမ်းတစ်စောင်တွင် ဖော်ပြထားသည်။

“နိုင်ငံတကာတွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်သည် လူသားတိုင်းအတွက် အခြေခံရပိုင်ခွင့်တစ်ခုဖြစ်နေပြီး ဥပဒေများဖြင့်ပါ ထိုအခွင့်အရေးများကို အကာအကွယ်ပေးထားသော်လည်း မြန်မာနိုင်ငံတွင်မူ အွန်လိုင်းပေါ်တွင်ရေးသား၊ ထုတ်ဖော်သည့်အခါတိုင်း ပြည်သူများအနေဖြင့် မိမိတို့၏ လုံခြုံရေး၊ မိသားစုများ၏ လုံခြုံရေးနှင့် အသက်အန္တရာယ်တို့ကိုပါ ရင်း၍ ထုတ်ဖော်ပြောဆိုနေကြရသည်”ဟု အသံအဖွဲ့က ဆိုထားသည်။

လက်ရှိတွင် ဖမ်းဆီးထားသူများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က) ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က)နှင့် တည်ဆဲဥပဒေများအရ အရေးယူမည်ဟု စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#အကြမ်းဖက်မှုတိုက်ဖျက်ရေး
#ဥပဒေ
#NUG
#လှုံ့ဆော်မှုများ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🤬5🔥2😢2👏1
မြောင်ရဲစခန်း၊ထွေအုပ်ရုံးနှင့် ဝန်ထမ်းအိမ်ယာကို ကာကွယ်ရေးမဟာမိတ်အဖွဲ့ တိုက်ခိုက်
👍10❤2🔥1😁1
မြောင်ရဲစခန်း၊ထွေအုပ်ရုံးနှင့် ဝန်ထမ်းအိမ်ယာကို ကာကွယ်ရေးမဟာမိတ်အဖွဲ့ တိုက်ခိုက်
========================

MTO
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ မြောင်မြို့မှ ရဲစခန်း၊ထွေအုပ်ရုံးနှင့် ဝန်ထမ်းအိမ်ယာကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့များက ဇွန်လ ၂၁ ရက်နေ့ နံနက်အစောပိုင်းတွင် တစ်ပြိုင်နက်တည်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ လေးဦးထက်မနည်း သေဆုံးကြောင်း စစ်ကိုင်းခရိုင်အမှတ် (၄ )တပ်ရင်းက သတင်းထုတ်ပြန်သည်။

မြောင်မြို့ပေါ်မှ အထက်ပါ နေရာသုံးခုကို ဇွန်လ ၂၁ ရက် နံနက်၅နာရီ ၄၀မိနစ်မှစ၍ တစ်ပြိုင်နက်တည်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်တွင် ရဲနှင့်ပျူစောထီးအချို့အပါအဝင် လေးဦးသေ၊သုံးဦးဒဏ်ရာရပြီး ၁၂ဦး ဒဏ်ရာ အပြင်းအထန်ရသွားသည်ဟု စစ်ကိုင်းခရိုင်အမှတ် (၄ )တပ်ရင်းက ထုတ်ပြန်သည်။ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုကို အသေးစိတ် အတည်မပြုနိုင်သေးပေ။
စစ်ကိုင်းခရိုင်အမှတ် (၄)တပ်ရင်းပြန်ကြားရေး တာဝန်ခံလွင်ဂူးက " သုံးနေရာတစ်ပြိုင်တည်း တိုက်တာကစစ်ကူမလာနိင်အောင်ကြိုတင်စီမံချက်စွဲပြီး လုပ်ရတဲ့ပွဲ ဖြစ်တဲ့အတွက်ကြောင့်ပါ" ဟုပြောသည်။

စခန်းသိမ်းနိုင်သည်အထိ ရည်ရွယ်တိုက်ခိုက်ခဲ့သော်လည်း တိုက်ပွဲအချိန်ကြာမြင့်လာပြီး လေကြောင်းရန်ကိုလည်း ရှောင်လိုသည့်အတွက် ပြန်လည်ဆုတ်ခွာလာခဲ့သည်ဟုဆိုသည်။တိုက်ပွဲသည် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ၁နာရီကျော်ကြာခဲ့ပြီး ဒရုန်းများ၊ ရော့ကက်များဖြင့်တိုက်ခိုက်ခဲ့သလို လက်နက်ငယ်ကျည်မျိုးစုံ ၃,၂၈၁ တောင့်အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ များဘက်တွင် အထိအခိုက်မရှိခဲ့ဘဲ စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာရရှိသူသူများကို မြောင်မြို့ ဆေးရုံတွင်ဆေးကုသမှု ပေးနေကြောင်း သတင်းရရှိသည်။
ထိုတိုက်ပွဲကိုစစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း-MSPDF / Myaung Special Drone Foece-MSDFနှင့် မိတ္ထီလာခရိုင်အမှတ်(၂)တပ်ရင်း MHLG PDF ၊ မြင်းခြံခရိုင်အမှတ်(၁)တပ်ရင်း၊
မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်း ၊ မြင်းခြံခရိုင်အမှတ်(၈)တပ်ရင်း ၊ မြောင်မြို့နယ် TGR ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Chaung U People's Defence Force တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စာတည်း - မောင်ကြီး

#mizzima
#မြောင်မြို့
#ရဲစခန်း
#ထွေအုပ်ရုံး
#ဝန်ထမ်းအိမ်ယာ
#တိုက်ခိုက်
ဓာတ်ပုံ - မြောင်မြို့နယ်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်များ(ပုံဟောင်း)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18❤2🔥1👏1😁1
Media is too big
VIEW IN TELEGRAM
June - 22 [ 7 Pm ] The Mizzima Primetime

Mizzima Headline News

#7pmnews #themizzimaprimetime #reels #shorts
👍2😁1🤮1