Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဖားကန့်တွင် မိုးများ၍ ဥရုချောင်း ရေလျှံ ၊ ချောင်းရေ ၂ ပေအထိ မြင့်တက်
👍7🔥3
ဖားကန့်တွင် မိုးများ၍ ဥရုချောင်း ရေလျှံ ၊ ချောင်းရေ ၂ ပေအထိ မြင့်တက်
====================

အဂမ်
မဇ္ဈိမ ။ ။ ဖားကန့်မြို့နယ် ကံဆီးဒေသတွင် မိုးရက်ဆက်ရွာသွန်းနေ၍ ဥရုချောင်းရေမြင့်တက်လာပြီး ယနေ့ ဇွန်လ ၂၂ ရက် ညနေပိုင်းတွင် လုံးခင်းကျေးရွာ၌ ချောင်းရေ နှစ်ပေအထိ မြင့်တက်လာကြောင်း ဒေသခံများထံက သိရသည်။

ဖားကန့်ကျောက်စိမ်းမှော်ဒေသအား ဖြတ်သန်းစီးဆင်းနေသည့် ဥရုချောင်းရေမြင့်တက်လာမှုကြောင့် လုံးခင်းကျေးရွာအတွင်းရှိ လမ်းမများတွင်လည်း ရေကြီး ရေလျှံမှုများ စတင်ဖြစ်ပေါ်နေသည်။
"အထက်ကံဆီးဘက်မှာ မိုးများလို့ ဥရုချောင်းရေကြီးရင် လုံးခင်းက ရေမြုပ်တော့တာဘဲ။ အခုလည်း ရေကတက်နေတုန်းပဲ " ဟု သတင်းရင်းမြစ်က ယနေ့ ညနေပိုင်းတွင် ပြောသည်။

လက်ရှိတွင် လုံးခင်းကျေးရွာ ရပ်ကွက်(၄) အတွင်းရှိ နေအိမ်တချို့တွင် ရေများ စတင် ဝင်ရောက်နေပြီဖြစ်ကြောင်း မဇ္ဈိမက ကနဦးစုံစမ်းသိရှိရသည်။

သတင်းရေးသားနေသည့် ည ၇ နာရီအချိန်အထိ ကံဆီး၊ ဖားကန့်၊ လုံးခင်း ဒေသတွင် မိုးရွာသွန်းနေဆဲဖြစ်ပြီး ရေဆက်လက်တိုးလာနိုင်ဖွယ်ရှိကြောင်း ဒေသခံများက ဆိုသည်။

ကံစီးဒေသမှ မြစ်ဖျားခံသည့် ဥရုချောင်းသည် ချင်းတွင်းမြစ်၏အဓိက မြစ်လက်တက်တစ်ခုဖြစ်ကာ ဖားကန့်မြို့နယ် လုံးခင်း၊ ဖားကန့်ရတနာမြေတွင် မိုင်ပေါင်း ၅၄ မိုင် ဖြတ်သန်းစီးဆင်းနေခြင်းဖြစ်သည်။

ဖားကန့်တွင် ကျောက်စိမ်းတူးဖော်ခြင်း၊ ရွှေမျောတိုက်ခြင်း၊ စွန့်ပစ်အမှိုက်များအား ဥရုချောင်းအတွင်း စွန့်ပစ်ခြင်း နှင့် ချောင်းရှင်းလင်းမှုများ စနစ်တကျလုပ်ဆောင်မှု အားနည်းခြင်းတို့ကြောင့် နှစ်စဥ်ရေကြီး၊ ရေလျှံမှုဒဏ်ကို ဒေသခံများ ခံစားနေရပြီး မိုးရာသီကာလများတွင် ကယ်ဆယ်ရေးလုပ်ငန်းများ နှစ်စဥ်ပြုလုပ်နေရကြောင်း ဒေသန္တရမှတ်တမ်းများအရ သိရသည်။

ဓာတ်ပုံ - ဥရုချောင်း ရေလျှံနေသည့် လူနေလမ်းမအခြေအနေများ (ပေးပို့)
စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
# ဥရုချောင်း
#ဖားကန့်မြို့နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13🔥3❤1
မုန်တိုင်းဒဏ်သင့်ဒေသခံတွေကို ရက္ခိုင့်တပ်တော်( AA )က ဘယ်လိုကူညီဆောင်ရွက်ပေးနေသလဲ
======================

ရောင်နီ (မဇ္ဈိမ)။ ။ ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်က မြို့နယ်အများစုမှာ ထိခိုက်ပျက်စီးမှုတွေအများအပြား ရှိခဲ့တာပါ။

လက်ရှိအချိန်မှာတော့ ရခိုင်ပြည်နယ်အတွင်းက မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ပြည်သူတွေကို ရက္ခိုင့်တပ်တော် (AA) က ကူညီကယ်ဆယ်မှုတွေ ဆောင်ရွက်ပေးနေပါတယ်။

အဲ့ဒီလို လုပ်ဆောင်ရာမှာ အမိုးအကာမရှိတဲ့ ပြည်သူတွေကို အမိုးအကာအောက် ရောက်ရှိရေး ဦးစားပေး ဆောင်ရွက်နေတယ်လို့ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောပါတယ်။

ဒါပေမယ့် မုန်တိုင်းဒဏ်သင့်ပြည်သူတွေရဲ့ ၃၀ ရာခိုင်နှုန်းသာ ကူညီကယ်ဆယ်မှုတွေ လုပ်ဆောင်ပေးနိုင်သေးကြောင်းလည်း သူက ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ မလိုလားအပ်တဲ့ တားဆီးပိတ်ဆို့ကန့်သတ်မှုတွေဟာ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ပိုပြီး ဒုက္ခပေးသလို ဖြစ်နေကြောင်းလည်း သူက မှတ်ချက်ပြု ပြောကြားခဲ့ပါတယ်။

ULA/ AA အနေနဲ့ ဖြစ်နိုင်တဲ့ နည်းလမ်းအားလုံးကို အသုံးပြုကာ လူသားချင်းစာနာမှုအကူအညီနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းနဲ့မဆို ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ရှိကြောင်းလည်း သူက ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်းက မုန်တိုင်းဒဏ်သင့်ဒေသခံတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ရက္ခိုင့်တပ်တော် (AA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို မဇ္စျိမက ဆက်သွယ်မေးမြန်းထားပါတယ်။

https://youtu.be/ZjAV3BQlkk8

စာတည်း - သန့်ဇော်(သန်လျင်)
မေးမြန်း/ တင်ဆက် - ရောက်နေ

#mizzima
#မိုခါ #ဆိုင်ကလုန်းမုန်တိုင်း
#ရခိုင်ပြည်နယ်
#AA

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍14🔥2
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဇွန်လ ၂၂ ရက်ထုတ်လွှင့်မှုများ
===================

https://youtu.be/-7SZQPUcpVE

#PVTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍13❤3🤮1🍌1
Media is too big
VIEW IN TELEGRAM
Nature Article |ဇီးဖြူသီးက သင့်ကျန်းမာရေးအတွက် ဘာတွေကောင်းကျိုးပြုသလဲ?

Watch more detail - https://youtu.be/XCfa6n0HjmE

#naturearticle #စကားဝိုင်း #naturearticleshorts #Reels
👍12😁1🌭1
​​ပြင်သစ်လီဂူဝမ်းကလပ် စထရာစ်ဘာ့ဂ်ကို ချလ်လ်ဆီးအသင်းပိုင်ရှင်တွေ ဝယ်ယူ
=====================

ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးအသင်းကြီးရဲ့ အမေရိကန် ပိုင်ရှင်တွေဟာ ပြင်သစ်လီဂူဝမ်း ကလပ် စထရာစ်ဘာ့ဂ်မှာ ရှယ်ယာအများစုကို ဝယ်ယူဖို့ ကြာသပတေးနေ့က သဘောတူညီခဲ့ကြကြောင်း အဲဒီလုပ်ငန်းစုက ကြေညာခဲ့ပါတယ်။

"လုပ်ငန်းစုဟာ ကလပ်ရဲ့တိုးတက်ကြီးထွားရေးအတွက် ရေရှည်တည်တံ့တဲ့ ရင်းနှီးမြုပ်နှံမှုတွေကို အရှိန်မြှင့်ဖို့ ကတိပြုထားတာကြောင့် စထရာစ်ဘာ့ဂ်ရဲ့ သမိုင်းမှာ ဒီသဘောတူညီချက်ဟာ စာမျက်နှာသစ်တစ်ခုဖြစ်တယ်"လို့ BlueCo လုပ်ငန်းစုက ထုတ်ပြန်ချက်မှာ ပြောပါတယ်။

အမေရိကန်စီးပွားရေးလုပ်ငန်းရှင် တော့ဘိုလေနဲ့ အမေရိကန်အခြေစိုက် Clearlake Capital တို့ ဦးဆောင်တဲ့ လုပ်ငန်းစုဟာ ချယ်လ်ဆီးကို တာဝန်ယူတဲ့ ပထမနှစ်မှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
👍7🔥1
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ ဇွန် ၂၃ ရက်၊ ၂၀၂၃ | VOA On Mizzima
=====================

ရှည်ကြာမယ့် ရုရှားကျူးကျော်စစ်နဲ့ ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်အကြောင်းနဲ့ သစ်တောပြုန်းတီးမှုနဲ့ ကပ်ရောဂါဖြစ်ပွားမှု ဆက်စပ်ပုံအကြောင်း၊ ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေနဲ့ နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၃ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/AMOdRVDItV8

#VOA
#mizzimatv
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7🔥2
အလုပ်သမားအခွင့်အရေးတွေ ဆိတ်သုဉ်းနေတဲ့နိုင်ငံ
==================

ဇွန်လ ၁၅ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ UN Habitat, UN Women နဲ့ UNDP တို့ပူးပေါင်းပါဝင်တဲ့ မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ လေ့လာတွေ့ရှိချက်က ရန်ကုန်မြို့ရဲ့ လူဦးရေ လေးပုံတစ်ပုံဖြစ်တဲ့ အဆင်းရဲဆုံးမြို့နယ်ရှစ်မြို့နယ်ရှိ ပြည်သူအချို့ဟာ တစ်နှစ်ထဲမှာ ဝင်ငွေမရှိဘဲ ရပ်တည်နေရတဲ့သူတွေရှိတယ်လို့ဆိုထားပါတယ်။

မြို့ပြဆင်းရဲ နွမ်းပါးသူဦးရေ ပိုများလာပြီး ရန်ကုန်မြို့မှာရှိတဲ့ အမျိုးသမီး ၈၀
ရာခိုင်နှုန်းကျော်ဟာ အစားအသောက် ဈေးနှုန်း တွေ မြင့်တက်မှု ၊ အလုပ်အကိုင် ဒါမှမဟုတ်ဝင်ငွေဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ကိစ္စဟာ သူတို့အတွက် အဓိက စိန်ခါ်မှုဖြစ်တယ်လို့ဖော်ပြထားပါတယ်။

https://youtu.be/WeZd0r4Z3vQ

#Newsfeature
#Mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8🔥4❤1😢1
ဇီးဖြူသီးရဲ့အကျိုးကျေးဇူးများ
============

-ဇီးဖြူသီးက သင့်ကျန်းမာရေးအတွက် ဘာတွေအကျိုးပြုမလဲ ?

-ဇီးဖြူသီးမှာ ပါဝင်တဲ့ အစွမ်းသတ္တိတွေက ဘာတွေလဲ ?

-ဇီးဖြူသီးမှာရှိတဲ့ လျှို့ဝှက်ချက် အကျိုးအာနိသင်တွေက ဘာတွေလဲ ?

အစရှိတဲ့ အကြောင်းအရာတွေကို ဒီအစီအစဉ်ကနေ တင်ဆက်ပေးသွားမှာပါ ......

https://youtu.be/XCfa6n0HjmE

#Nature
#NatureArticle
#VideoNews
#MizzmaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6💩1🌭1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဇွန်လ ၂၂ ရက်ထုတ်လွှင့်မှုများ
==========================

https://youtu.be/1NQtcekxBYs

#PVTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍4🍌2
ရှည်ကြာမယ့် ရုရှားကျူးကျော်စစ်နဲ့ ယူကရိန်းရဲ့ တန်ပြန်ထိုးစစ် | VOA On Mizzima
====================

ရုရှား ကျူးကျော်တိုက်ခိုက်မှုနဲ့ ရင်ဆိုင်နေရတဲ့ ယူကရိန်းနိုင်ငံ ကာကွယ်ရေး ဆက်သွယ်ဆောင်ရွက်မှုအဖွဲ့ ဆွေးနွေးပွဲကို ဇွန်လ ၁၅ ရက်နေ့က မြောက်အန္တလန်တိတ် နေတိုး မဟာမိတ်အဖွဲ့ ဌာနချုပ်မှာ နောက်တကြိမ် ကျင်းပခဲ့ကြပါတယ်။ နိုင်ငံပေါင်း ၅၀ ကျော်က ကာကွယ်ရေး ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပြီး ယူကရိန်း ရဲ့ တန်ပြန်ထိုးစစ် စတင်အပြီး လတ်တလော လိုအပ်ချက်တွေ ကူညီ ပံ့ပိုးပေးနိုင်ရေး ဆွေးနွေးခဲ့ကြတာပါ။ နေတိုးအဖွဲ့ဌာနချုပ် ရှိရာ ဘယ်လ်ဂျီယံနိုင်ငံ ဘရက်ဆဲလ်မြို့ကနေ ဗွီအိုအေသတင်းထောက် Carla Babb ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ဆက်ထားပါတယ်။

https://youtu.be/GOiJqBkVtvs

#VOA
#mizzimatv
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍11🔥3
ဇွန်လ (၂၃)ရက်၊ သောကြာနေ့ မနက်ပိုင်း မဇ္ဈိမ ရေဒီယိုအစီအစဉ်
==================

ဒီကနေ့ မနက်နားဆင်ရမယ့် သတင်းတွေကတော့ 

သမ္မတကြီး ဦးဝင်းမြင့် ကျန်းမာရေးဆေးစစ်မှု အခြေအနေ " မဆိုး" ဘူးလို့ NUG ရဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကပြောဆိုလိုက်တဲ့ သတင်းနဲ့အတူ ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်က ခုနစ်တိုင်လျှပ်စစ်ရုံးအတွင်း ဒရုန်းနဲ့ဗုံးသီးချ တိုက်ခိုက်ခဲ့တာမှာ စစ်ကောင်စီတပ်သား နှစ်ဦးသေပြီး သုံးဦးထိခိုက်ခဲ့တယ်လို့ ဂဠုန်စစ်ကြောင်းက ဇွန်လ ၂၀ ရက်နေ့မှာထုတ်ပြန်လိုက်တဲ့သတင်းအပါအဝင် တခြား စိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေနဲ့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ရှိသလို ကျန်းမာရေးအကြောင်း  ပြောပြထားတဲ့ ကျန်းမာသုတ လူမှုဘဝ အစီအစဉ်ကို နားဆင်ရမှာဖြစ်ပါတယ်။

https://youtu.be/1EsQ46X3Snk
 
#Mizzimaradio
#Morningradio

👍5😁2