Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ရေကြီးရေလျှံမှုဘေး သတိပြုရန် NUG ထုတ်ပြန်
================

ဂျူချန်း
(မဇ္ဈိမ)။ ။ဘင်္ဂလားပင်လယ်အော်၌ မုတ်သုံလေ အားကောင်းပြီး ကမ်းရိုးတန်းဒေသနှင့် မြောက်ပိုင်းဒေသများတွင် မိုးကြီးနိုင်၍ ရေကြီးရေလျှံမှုသတိပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM)က သတိပေးထားသည်။

ဇွန်လ ၁၉ရက်မှ ဇွန်လ ၂၅ရက်အထိ ရာသီဥတုအခြေအနေကို MOHADM က ထုတ်ပြန်ထားရာ ရေကြီးရေလျှံမှုသတိပေးချက် ပါဝင်နေသည်။

မြန်မာကမ်းရိုးတန်းဒေသများတွင် ဇွန်လကုန်အထိ မုတ်သုံလေ ဆက်လက်အားကောင်းပြီး ကမ်းရိုးတန်းဒေသများနှင့် မြန်မာနိုင်ငံမြောက်ပိုင်းဒေသများ၌ မိုးဆက်လက်ကောင်းနေနိုင်သည်ဟု MOHADM ကသတိပေးထားသည်။

ယခုရက်ပိုင်းတွင် ရခိုင်ပြည်နယ်၌ မိုးကောင်းနေပြီးစစ်တွေမြို့၌ မိုးရွာနေသည်မှာ ငါးရက်ဆက်တိုက် ရှိပြီဟု ဒေသခံများကပြောသည်။

“ငါးရက်လောက်ရှိနေပြီ။​ ရေကြီးတဲ့အထိတော့ မရှိသေးပါဘူး။ တနေ့ကတော့ သည်းပြီးရွာတယ်။ ဒီနေ့တော့ ဖွဲပြီးရွာနေတယ်” ဟု စစ်တွေမြို့ခံတစ်ဦးက ယနေ့ ဇွန်လ ၂၃ရက် ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်နှင့် ကွတ်ခိုင်မြို့ တွင်လည်း ယခုရက်ပိုင်း မိုးများနေသည်ဟု သိရသည်။ မိုးရွာသွန်းမှုကြောင့် ကွတ်ခိုင်မြို့၊ နမ့်ဖတ်ကာ ဒေသရှိ ​နမ့်ပေါ်ချောင်းနှင့်နမ့်ခိုင်ချောင်းရေလျှံကာ မြေနိမ့်ပိုင်းများ ရေဝင်နေသည်ဟု ဒေသခံများကပြောသည်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကံဆီးဒေသတွင်လည်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့်ယမန်နေ့ ဇွန်လ ၂၂ ရက်မှစတင်ကာ ဥရုချောင်းရေမြင့်တက်လာပြီး ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ယနေ့ ဇွန်လ ၂၃ ရက်နေ့တွင် မြန်မာနိုင်ငံဒေသအများအပြား မိုးရွာနိုင်ပြီး စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။ယနေ့တိုင်းတာချက်အရ ကချင်ပြည်နယ်၊ ချမ်းဘောမြို့တွင်၂၄နာရီအတွင်း မိုးရေချိန် ၄ဒဿမ၆၁လက်မ၊ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် ၃ဒဿမ ၀၃လက်မ ရွာခဲ့သည်ဟု မိုးဇလက ထုတ်ပြန်ထားသည်။ ဒေသတစ်ခုတွင် ၂၄နာရီအတွင်း မိုးရေချိန် ၃လက်မရွာသွန်းပါက ပုံမှန်ထက် မိုးကောင်းသည့် အခြေအနေဖြစ်သည်။

မနက်ဖြန် ဇွန်လ ၂၄ ရက်နေ့တွင်လည်း စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးဇလဌာနက သတိပေးထားသည်။

စာတည်း - မောင်ကြီး

#mizzima
#ဘင်္ဂလားပင်လယ်အော်
#မုတ်သုံလေအားကောင်း
#ရေကြီးရေလျှံမှု
#MOHADM
Photo- ဇွန်လ ၂၂ရက်ညနေက ဖားကန့်ဒေသ မြေနိမ့်ပိုင်းနေရာအချို့၌ ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့စဉ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17😁1🥱1
This media is not supported in your browser
VIEW IN TELEGRAM
ပျောက်ဆုံးသွားတဲ့ရေငုပ်သင်္ဘောကိုရှာဖွေဖို့ ရေငုပ်စက်ရုပ်တွေ တပ်ဆင်ထားတဲ့ ပြင်သစ်ရှာဖွေရေးသင်္ဘော ရောက်ရှိ

https://www.facebook.com/reel/655583662633953

#internationalnews #Mizzima #France #reels #shorts
👍5🔥1😁1
This media is not supported in your browser
VIEW IN TELEGRAM
မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကိုပါ ပိတ်ဆို့အရေးယူဖို့ တောင်းဆို

Watch more detail -
https://youtu.be/nA03bF0THIg

#မြန်မာ့ရေနံ #သဘာဝဓာတ်ငွေ့လုပ်ငန်း #ပိတ်ဆို့အရေးယူ #VideoNews #shorts #Reels
👍16👏6😁3❤1
ဇွန်လ (၂၃)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
====================

01:03 - မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကိုပါ ပိတ်ဆို့အရေးယူဖို့ တောင်းဆိုတဲ့သတင်း

03:29 - မူဆယ်မြို့မှာ စစ်ကောင်စီတပ်ရဲ့ လုံခြုံရေးကင်းလှည့်ကား ပစ်ခတ်ခံရတဲ့သတင်း

04:40 - ရန်ကုန်တိုင်းစစ်ဒေသခွဲ တပ်ရင်း (၅၁၀၁) မှ အမျိုးသမီးရဲမေတွေ စုဖွဲ့လေ့ကျင်မှုပြုလုပ်တဲ့သတင်း

06:38 - အဆိပ်အတောက်နဲ့အမုန်းစကားတွေကို ရှင်းလင်းဖို့ တွစ်တာကို ဩစတြေးလျအစိုးရက ၂၈ ရက် အချိန်ပေးတဲ့သတင်းတွေပါဝင်တဲ့ တခြားစိတ်ဝင်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို တင်ဆက် ပေးပါတော့မယ်။

https://youtu.be/mqoxuWfaRdg

#4pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10😁2❤1
​​မြန်မာ့အခြေအနေကို စိုးရိမ်ပူပန်ကြောင်း ဘိုင်ဒင်နှင့် မိုဒီ ပြော
====================

“မြန်မာနိုင်ငံက ယိုယွင်းဆိုးဝါးလာသော အခြေအနေနှင့် ပတ်သက်ပြီး လွန်စွာ စိုးရိမ်ပူပန်ကြောင်း” ဝါရှင်တန်သို့ နိုင်ငံတော်ခရီးစဉ် ရောက်ရှိသည့် အိန္ဒိယဝန်ကြီးချုပ် နာရန္ဒြာမိုဒီနှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့က ကြာသပတေးနေ့တွင် ပြောသည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11😁5
ရွာပေါင်းစုံသပိတ် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ
==================

ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ် အတွင်းရှိ ကျေးရွာများမှ ဒေသခံများ စုပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြပွဲ ၈၂၅ ရက်မြောက်အဖြစ် ယနေ့ ဇွန်လ ၂၃ရက် တွင် ဆက်လက်ချီတက်ကြသည်။

လူထုသပိတ်စစ်ကြောင်းသည် “ကြောက်ခေတ်ကို မှောက်ပစ်“ စာတန်းကို ကိုင်ဆွဲ၍ ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ကြခြင်း ဖြစ်သည်။

ကျဆုံးခဲ့သော အာဇာနည်များအား ဦးညွှတ်အလေးပြုခဲ့ကြပြီး ကြွေးကြော်သံများဖြင့် ဆန္ဒပြပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#စစ်ကိုင်းတိုင်း
#ယင်းမာပင်မြို့နယ်
#ဆားလင်းကြီးမြို့နယ်
#ချီတက်ဆန္ဒပြ
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤10👍6🔥1😁1
၀က်လက်မြို့နယ် တကောင်းမင်းကျေးရွာမှ အမျိုးသား ၂ ဦးအား စစ်ကောင်စီတပ်က ပစ်သတ်
🤬8❤3😢2🔥1😁1
၀က်လက်မြို့နယ် တကောင်းမင်းကျေးရွာမှ အမျိုးသား ၂ ဦးအား စစ်ကောင်စီတပ်က ပစ်သတ်
======================

KMN
(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် တကောင်းမင်းကျေးရွာမှ အမျိုးသား နှစ်ဦးအား ဇွန်လ ၂၂ ရက်နေ့တွင် စစ်ကောင်စီတပ်မှ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောသည်။

ဇွန်လ ၂၂ ရက်နေ့၊ မနက် ၈နာရီခွဲခန့် အချိန်တွင် ဝက်လက်မြို့နယ်မှ ထွက်ခွာလာသော အင်အား ၇၀ ခန့်ပါဝင်သည့် စစ်ကောင်စီတပ်စစ်ကြောင်းအား သဖန်းကုန်းရွာနှင့် တကောင်းမင်းရွာကြားအရောက်တွင် ရွှေဘိုခရိုင် အမှတ် (၁၅) တပ်ရင်း Eagle Guerrilla Force မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်သား လေးဦးခန့် သေဆုံးနိုင်ကြောင်း သိရသည်။

၎င်းစစ်ကြောင်းသည် သုံးကြိမ်ခန့် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် တကောင်းမင်းကျေးရွာသို့ စစ်ကြောင်းဆက်ထိုးခဲ့ပြီး ဇွန်လ ၂၂ ရက်နေ့လယ်ပိုင်း၌ တကောင်းမင်းကျေးရွာအနီးတွင် ဆိတ်ကျောင်းနေသော အမျိုးသား တစ်ဦးအား ပစ်ခတ်ဖမ်းဆီးကာ သေနတ်ဒင်ဖြင့် ဦးခေါင်းကို ထုနှက် သတ်ဖြတ်ခဲ့သည်။

၎င်းနောက် သစ်ပင်ပေါ်၌ တက်ရောက်နေသော အသက် ၅၀ အရွယ်ခန့်ရှိ အမျိုးသားတစ်ဦးကိုလည်း ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

"ရွာခံတွေပြောတာတော့ ဆိတ်ကျောင်းတဲ့ကောင်လေးက စစ်ကြောင်းနဲ့ပက်ပင်းတိုးတော့ ပစ်သတ်ခံလိုက်ရတာပေါ့။ ဦးစိန်မြင့်ဆိုတဲ့လူကတော့ သစ်ပင်ပေါ်တက်နေတဲ့ချိန် စစ်ကြောင်းကတွေ့ပြီး ပစ်ချသတ်ခံလိုက်ရပါ" ဟု ရွှေဘိုခရိုင် အမှတ် (၁၅) တပ်ရင်း၊ Eagle Guerrilla Force တပ်ရင်းမှူး ဗိုလ်ကောက်ရိုးကမဇ္ဈိမကို ပြောကြားသည်။

စစ်ကြောင်းက ပစ်သတ်ခဲ့သည့် အမျိုးသားနှစ်ဦးသည် တကောင်းမင်းကျေးရွာမှဖြစ်ပြီး ဇွန်လ ၂၂ ရက်နေ့ညနေပိုင်း စစ်ကြောင်းထွက်ခွာသွားချိန်တွင် သဂြိုဟ်ခဲ့ကြောင်း သိရသည်။

အင်အား ၇၀ ခန့်ပါဝင်သည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ဇွန်လ ၂၂ ရက်နေ့တွင် တကောင်းမင်းရွာ အမျိုးသားနှစ်ဦးအားသတ်ဖြတ်ခဲ့သလို နေအိမ် ၁၅လုံးခန့်အား မီးရှို့ဖျက်ဆီးပြီး လှတောကျေးရွာမှ တစ်ဆင့် ကျီးကန်ကျေးရွာဘက်သို့ ဝင်ရောက်ကာ နေအိမ် သုံးလုံးခန့်ကို မီးရှို့ခဲ့သည်။

ယင်းစစ်ကြောင်းသည် ယနေ့၊ ဇွန်လ ၂၃ ရက်နေ့တွင် ကျီးကန်ကျေးရွာမှတစ်ဆင့် ဝက်လက်မြို့နယ် အနောက်ခြမ်း သားနားရွာအနီးသို့ ဆက်လက်စစ်ကြောင်းထိုးနေကြောင်းသိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

Mizzima
#ဝက်လက်မြို့နယ်
#စစ်ကြောင်း
#EagleGuerrillaForce
#တကောင်းမင်းကျေးရွာ
Photo - Wetlet Informational Network (ပုံဟောင်း)
(ဇွန်လဆန်းတွင် စစ်ကောင်စီတပ်၏ မီရိူ့ခြင်းခံခဲ့ရသည့် ဝက်လက်မြို့နယ်၊အရှေ့ခြမ်း နဘဲပင်လှရွာ)
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🤬5🔥3😁1
This media is not supported in your browser
VIEW IN TELEGRAM
ပင်လယ်ကွေ့ခရီးစဉ်ရဲ့ ဒုတိယမြောက်မှတ်တိုင်အဖြစ် အိုမန်ကို အီရန်ထိပ်တန်းသံတမန်ရောက်ရှိ

https://www.facebook.com/reel/945936293290330

#internationalnews #reels #shorts
🔥2
ဇွန်လ ၂၃ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥2
​​နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သမ္မတတို့၏ အမှုပြင်ဆင်မှုများ တရားလွှတ်တော်ချုပ်တွင် ကြားနာမည်
=================

001
(မဇ္စျိမ)။ ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့အပေါ် စွပ်စွဲအမိန့်ချထားသည့် အမှုနှစ်မှု ပြင်ဆင်မှုကို လာမည့် ဇူလိုင်လ ပထမပတ်အတွင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ကြားနာသွားရန် ရှိကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံက သိရသည်။

အဆိုပါ အမှုနှစ်မှုမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား စစ်ကောင်စီဘက်က စွပ်စွဲခဲ့သည့် နိုင်ငံတော်လျှို့ဝှက်ဥပဒေပုဒ်မ ၃(၁)(ဂ) အမှုနှင့် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူတို့ ပူးတွဲစွဲဆိုခံထားရသည့် ပုဒ်မ ၁၃၀ (က) အမှုတို့ဖြစ်ကြောင်း သိရသည်။

ယင်းအမှုများမှာ တရားလွှတ်တော်ချုပ်က ကြားနာရန် လက်ခံထားသည့် အမှုများဖြစ်ပြီး ယခုတစ်ကြိမ်ကြားနာပြီးပါက အမိန့်ချမှတ်ရန်သာ ကျန်ရှိတော့ကြောင်း တရားရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ရွေးကောက်ပွဲကိစ္စဖြင့် စွပ်စွဲခဲ့သည့် ပုဒ်မ ၁၃၀(က) အမှုအတွက် စစ်ကောင်စီလက်အောက်ခံ အထူးတရားရုံးက စွပ်စွဲခံရသူများကို အလုပ်နှင့် ထောင်ဒဏ် သုံးနှစ်စီ ချမှတ်ထားခြင်း ဖြစ်သည်။

ပုဒ်မ ၃(၁)(ဂ) အမှုမှာမူ ဒေါ်အောင်ဆန်းစုကြည်၊ ဩစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် မစ္စတာ ရှောင်တာနယ်လ်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ ဝန်ကြီးဟောင်း ဦးကျော်ဝင်းနှင့် ဒုတိယဝန်ကြီး ဦးဆက်အောင်တို့ ပူးတွဲစွဲဆိုခံခဲ့ရခြင်း ဖြစ်သည်။

စစ်ကောင်စီလက်အောက်ခံ အထူးတရားရုံးက ၎င်းတို့အား တစ်ဦးလျှင် ထောင်ဒဏ်သုံးနှစ် ချမှတ်ခဲ့ပြီး လက်ရှိတွင် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှလွဲ၍ ကျန်သည့်သူများမှာ လွတ်ရက်စေ့၊ လွတ်ငြိမ်းတို့ဖြင့် ပြန်လည်လွတ်မြောက်ခဲ့ပြီးဖြစ်သည်။

လက်ရှိတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အမှု ၁၉ မှုအတွက် စုစုပေါင်းထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံထားရပြီး သမ္မတဦးဝင်းမြင့်မှာ အမှုရှစ်မှုအတွက် ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံထားရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်
#ပြည်ထောင်စုတရားလွှတ်တော်ချုပ်
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9👏2😢2❤1🤮1
​​ညောင်ပင်ကြီးရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က ဒေသခံများကို ပစ်သတ်ကာ အလောင်းဖျောက်ဟုဆို
==================

MTO
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့ များက စခန်းသိမ်းတိုက်ပွဲ ပြုလုပ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က ဒေသခံများကို ပစ်သတ်ကာ ရုပ်အလောင်းဖျောက်ဖျက်ခြင်းများ ပြုလုပ်လာသည်ဟု ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများ သပိတ်ကော်မတီထံမှ သိရသည်။

“သေဆုံးတဲ့ဦးရေက ၁၅ ဦးကျော်လောက်ရှိမယ်၊ အလောင်းပြန်မရတာတွေရှိတယ်၊ အလောင်းပြန်ရတာလည်း ရှိပါတယ်၊ ကျန်တာတွေကို မီးရှို့တဲ့အထဲ ထည့်ပြီး အလောင်းဖျောက်တာတွေ ရှိတယ်” ဟု သပိတ်ကော်မတီဝင် တစ်ဦးက ပြောပသည်။

ဇွန်လ ၁၄ ရက်နေ့တွင် ပြည်သူ ရှစ်ဦးခန့်ရှိသည့် နေရာတစ်ခုကို စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ရာ တစ်ဦးခေါင်းထိမှန်သေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ယင်း‌နေ့တွင်ပင် ထန်းတောရွာ မြောက်ပိုင်းတွင် နေအိမ်သို့ ပစ္စည်းပြန်ယူသူများကို စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်ရာ ဒေသခံ ၁၀ ဦး သေဆုံးခဲ့ကြောင်း ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများ သပိတ်ကော်မတီဝင်က ဆိုသည်။

ဇွန်လ ၁၉ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် စိတ်ဝေဒနာသည် အမျိုးသားတစ်ဦးကို ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများ သပိတ်ကော်မတီက သင်္ဂြိုဟ်ပေးခဲ့ရကြောင်း ဆိုသည်။

“အစုလိုက်အပြုံလိုက် သတ်ဖြတ်တဲ့သဘောမျိုးဖြစ်နိုင်တယ်၊ သိရသလောက်တော့ ထန်းတောရွာ မြောက်ပိုင်းမှာ ၁၀ ယောက်ရှိတယ်၊ နှစ်လောင်းပြန်ကောက်နိုင်တယ်” ဟု ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီဝင်တစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့သည် ညောင်ပင်ကြီးကျေးရွာရဲစခန်း၌ ဒေသခံ ၃၀ ဦးထက်မနည်း ဖမ်းဆီးထားပြီး စခန်းပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် အလုပ်ကြမ်းများ လုပ်ခိုင်းနေကြောင်း သိရသည်။

ညောင်ပင်ကြီး ရဲစခန်းအား ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဇွန်လ ၉ ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးထက်မနည်းသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများကို သိမ်းယူသွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က အင်အားတိုးချဲ့ကာ အနီးအနားရှိ ကျေးရွာများကို စစ်ကြောင်းထိုး၍ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း ၊ ဒေသခံများကို သတ်ဖြတ်ခြင်းများ ပြုလုပ်နေခြင်း ဖြစ်သည်ဟု ဆိုသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#စစ်ကိုင်းတိုင်း
#ဆားလင်းကြီးမြို့နယ်
#စစ်ကောင်စီတပ်
#ပစ်ခတ်မှု
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢9🔥3🤬3👍2😁1